HighLight News

Powered by Drupal

အွန်လိုင်းမှတ်ပုံတင်ခြင်းနှင့် စပ်လျဉ်း၍ Talk Show ဟောပြောပွဲကျင်းပ

             စားသုံးသူရေးရာဦးစီးဌာန၊ တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်ခွဲတာဝန်ခံ ဦးရှင်းခန့်ကိုကိုသည် (၂၄.၁၂.၂၀၂၅)ရက်နေ့ နံနက်(၁၀:၀၀)နာရီအချိန်တွင် တိုက်ကြီးမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အွန်လိုင်းစနစ်ဖြင့် ရောင်းချနေသော လုပ်ငန်းရှင်များအား အွန်လိုင်းမှတ်ပုံတင်ခြင်းနှင့် စပ်လျဉ်း၍ သိရှိစေရန်အတွက် Talk Show ဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။

          အဆိုပါဟောပြောပွဲတွင် အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းကို အမိန့်ကြော်ငြာ စာအမှတ် (၅၀/၂၀၂၃)ဖြင့် အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုလုပ်ငန်းအဖြစ် သတ်မှတ်ထားကြောင်း အွန်လိုင်းမှ ရောင်းချခြင်းလုပ်ငန်းမှတ်ပုံတင်ဆိုင်ရာအမိန့်ကို အမိန်ကြော်ငြာစာအမှတ် (၅၁/၂၀၂၃) ဖြင့်လည်းကောင်း ထုတ်ပြန်ထားရှိကြောင်း၊ မှတ်ပုံတင်ရာတွင် www.ecomreg.gov.mm ၌ ဝင်ရောက်မှတ်ပုံတင်၍ရရှိကြောင်း၊ မှတ်ပုံတင်သက်တမ်းမှာ (၂)နှစ်ဖြစ်ကြောင်း၊ အွန်လိုင်းမှတ်ပုံတင် ရရှိတော့မည့်သူများအား မှတ်ပုံတင်လက်မှတ်ထုတ်မပေးခင် ဦးစွာမြေပြင်ကွင်းဆင်းစစ်ဆေးရကြောင်း၊ လုပ်ငန်းရှင်မှ မှတ်ပုံတင်ထားစဉ်က ကုန်စည်(သို့)ဝန်ဆောင်မှုများ မှန်ကန်မှုရှိ/ မရှိအစရှိသည့် အချက်(၁၈)ချက်အား ကွင်းဆင်းစစ်ဆေးပြီး ပြည့်စုံမှန်ကန်မှုရှိလျှင် မှတ်ပုံတင်လက်မှတ်ရရှိမည်ဖြစ်ကြောင်း ရှင်းလင်း၍ အွန်လိုင်းမှတစ်ဆင့် အသိပညာပေးလုပ်ငန်းများ စီစဉ်တင်ဆက်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

အင်းစိန်မြို့နယ်နှင့် မင်္ဂလာဒုံမြို့နယ်အတွင်းရှိ ဈေးများတွင် ဈေးကွက်စောင့်ကြည့် ကွင်းဆင်းစစ်ဆေးခြင်း

          (၂၄.၁၂.၂၀၂၅)ရက်နေ့ နံနက်(၁၀:၀၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်း ခရိုင်ဦးစီးမှူးရုံးမှ ဒေါ်နီလာဝင်း၊ ဦးစီးမှူးပါ(၃)ဦးတို့သည် အင်းစိန်မြို့နယ်နှင့် မင်္ဂလာဒုံမြို့နယ်အတွင်းရှိ ဈေးများတွင် ထိုင်းနိုင်ငံထုတ်စားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်းများအား ဈေးကွက်စောင့်ကြည် စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ဈေးကွက်စောင့်ကြည့်ကွင်းဆင်းစစ်ဆေးရာတွင် ဒေါ်နီလာဝင်း၊ ဦးစီးမှူးက ဈေးများအတွင်းရှိ ထိုင်းနိုင်ငံထုတ်စားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်းများ ရောင်းချနေသည့်ကုန်စုံဆိုင် လုပ်ငန်းရှင်များအား မိမိတို့ရောင်းချသည့်ကုန်ပစ္စည်းများတွင် ကုန်အညွှန်းအမှတ်အသား ဖော်ပြချက်များနှင့် ကိုက်ညီသည့်ကုန်စည်များကိုသာ ရောင်းချရန်နှင့် စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ၊ တားမြစ်ချက်နှင့်ပြစ်မှု၊ ပြစ်ဒဏ်များကို အသေးစိတ်ဆွေးနွေးခဲ့ကာ ဈေးကွက်အတွင်းရောင်းချနေသော ကုန်ပစ္စည်းများတွင် ကုန်စည်အမျိုးအစားအလိုက် ကုန်အညွှန်းအမှတ်အသားများ ဖော်ပြထားခြင်းရှိ/ မရှိ စစ်ဆေးခဲ့ပြီး ယခင်အပတ်ဈေးနှုန်းနှင့် ယခုအပတ်ဈေးနှုန်းများ ကောက်ယူခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

မင်္ဂလာဒုံမြို့နယ်နှင့်လှိုင်သာယာမြို့နယ်ရှိ Modern Mart များတွင် ထိုင်းနိုင်ငံထုတ် စားသောက်ကုန်နှင့်လူသုံးကုန်ပစ္စည်းများအား ဈေးကွက်စောင့်ကြည့်ကွင်းဆင်းစစ်ဆေးခြင်း

          စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်နီလာဝင်း၊ ဦးစီးမှူးပါ(၃)ဦးတို့သည် (၂၄.၁၂.၂၀၂၅)ရက်နေ့ နံနက်(၀၉:၃၀)နာရီအချိန်တွင် မင်္ဂလာဒုံမြို့နယ်နှင့် လှိုင်သာယာမြို့နယ်ရှိ Modern Mart များတွင် ထိုင်းနိုင်ငံထုတ်စားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်းများ၏ ဈေးနှုန်းဈေးကွက်အခြေအနေများနှင့် ပစ္စည်းပြတ်လပ်မှုရှိ/ မရှိအား ဈေးကွက်စောင့်ကြည့် ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ထိုင်းနိုင်ငံမှတင်သွင်းသည့်စားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်းများ ပတ်သက်၍ ဈေးနှုန်းမြှင့်တက်မှုရှိ/မရှိ ကုန်ပစ္စည်းများပြတ်လပ်မှုရှိ/ မရှိ စစ်ဆေးခဲ့ပြီး  ဒေါ်နီလာဝင်း၊ ဦးစီးမှူးမှ Modern Mart များမှ တာဝန်ရှိသူများအား စားသုံးသူမိဘပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစေရန်အတွက် ဈေးကွက်အတွင်းရောင်းချနေသော City Mart များတွင် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်မှ ထုတ်ပြန်ကြော်ငြာထားသော ညွှန်ကြားချက် အမှတ် (၂/၂၀၁၉)နှင့်အညီ မြန်မာဘာသာဖြင့် ပြည့်စုံစွာဖော်ပြထားသော ညွှန်ကြားချက်များအတိုင်း လိုက်နာဆောင်ရွက်ရန်နှင့် သတ်မှတ်အရည်အသွေးပြည့်မီသော ကုန်စည်များကိုသာရောင်းချရန် အသိပညာပေးပြောကြားခဲ့ပြီး ယခင်အပတ်ဈေးနှုန်းနှင့် ယခုအပတ်ဈေးနှုန်းများကောက်ယူပြီး ဈေးကွက်စောင့်ကြည့်ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

 POINT Online  Shop အား   မှတ်ပုံတင်မြေပြင်စစ်ဆေးခြင်း

          (၂၄.၁၂.၂၀၂၅)ရက်နေ့၊ နေ့လယ်(၁၃:၀၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးအရာရှိ ဒေါ်မိုးမိုးကြည်နှင့် ဝန်ထမ်းများသည် အိမ်အမှတ် (၃၅၇)၊  အထက်ပုဇွန်တောင်လမ်း၊ စက်ဆန်းရပ်ကွက်၊ မင်္ဂလာတောင်ညွန့်မြို့နယ် သွားရောက်၍ POINT Online  Shop မှ စားသောက်ကုန်များအား Online Sale မှတ်ပုံတင်မြေပြင် စစ်ဆေးခြင်းဆိုင်ရာ အချက်အလက်များကိုက်ညီမှု  ရှိ/ မရှိကို စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

          ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် စစ်ဆေးရေးအရာရှိက အွန်လိုင်းစနစ်နဲ့ ရောင်းချခြင်းလုပ်ငန်းနှင့် ပတ်သက်၍ မြေပြင်စစ်ဆေးရမည့် အချက်(၁၈) ချက်နှင့် ကိုက်ညီမှု ရှိ/ မရှိ စစ်ဆေးခြင်းနှင့် အွန်လိုင်းစနစ်နဲ့ရောင်းချခြင်းလုပ်ငန်းလုပ်ကိုင်ခြင်းကို အရေးကြီးကုန်စည်ဝန်ဆောင်မှုဥပဒေ အဖြစ်သတ်မှတ်ထားခြင်းဖြစ်ကြောင်းနှင့် စီးပွားရေးလုပ်ငန်းရှင်အား စားသုံးသူကာကွယ်ရေးဥပ‌ဒေပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များအတိုင်း လိုက်နာဆောင်ရွက်စေလိုကြောင်း အသိပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

Just For You Online Shopအား  မြေပြင်ကွင်းဆင်းစစ်ဆေးခြင်း

          (၂၄.၁၂.၂၀၂၅)ရက်နေ့၊ နံနက် (၁၁:၃၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးအရာရှိ ဦးသိန်းထွန်းနှင့် ဝန်ထမ်းများသည် Just For You Online Shop  မှ “အလှကုန်ပစ္စည်းများ”အား  အမှတ် (၂၅)၊  ၁၄၈လမ်း၊  ပျားရည်ကုန်းရပ်ကွက်၊ တာမွေမြို့နယ်သို့သွားရောက်၍ အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်းလုပ်ငန်းများမှတ်ပုံတင်လက်မှတ် စိစစ်ထုတ်ပေးခြင်း၊ မြေပြင်လုပ်ငန်းနှင့် မှတ်ပုံတင်ထားရှိမှုကိုက်ညီမှု ရှိ/ မရှိ၊ လုပ်ငန်းလိပ်စာမှန်ကန်မှု ရှိ/ မရှိ၊ Online Sale မှတ်ပုံတင်မြေပြင်စစ်ဆေးခြင်းဆိုင်ရာ အချက်အလက်များကိုက်ညီမှု ရှိ/ မရှိကိုစစ်ဆေးခဲ့ပြီး အလှကုန်ပစ္စည်းများဖြစ်သည့်အတွက် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာဖော်ပြထားရမည်ဖြစ်ကြောင်း အသိပညာပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

မာလာပိုးထည်တိုက်အား အွန်လိုင်းမှတ်ပုံတင် ထုတ်ပေးနိုင်ရေးမြေပြင်စစ်ဆေးခြင်း

      စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ရုံးမှ စစ်ဆေးရေးအရာရှိ ဦးသိန်းထွန်းနှင့် ဝန်ထမ်းများသည်(၂၄.၁၂.၂၀၂၅)ရက်နေ့၊ နံနက်(၁၀:၃၀) နာရီအချိန်တွင် မာလာပိုးထည်တိုက် ”အား  အမှတ်(၃)မြခွါညိုအိမ်ရာ၊ အောင်ကောင်းကျော်(၃)လမ်း၊ (၈)ရပ်ကွက်၊ သာကေတမြို့နယ်သို့သွားရောက်၍ Online Sale မှတ်ပုံတင်မြေပြင်စစ်ဆေးခြင်းဆိုင်ရာ အချက်အလက်များကိုက်ညီမှု ရှိ/ မရှိကို စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

         ထိုသို့ကွင်းဆင်းခဲ့ရာတွင် စစ်ဆေးရေးအရာရှိက Online စနစ်ဖြင့်ရောင်းချနေသော အ‌ရောင်းဆိုင်များသို့ မှတ်ပုံတင်လက်မှတ်လျှောက်ထားမှုနှင့် စပ်လျဉ်း၍ မြေပြင်ကွင်းဆင်း ဆောင်ရွက်ရာတွင် လုပ်ငန်းရှင်များလျှောက်လွှာပုံစံတွင် ဖြည့်သွင်းထားသည့် လိပ်စာအတိုင်း လုပ်ငန်းအမှန်တစ်ကယ်တည်ရှိခြင်း ရှိ/ မရှိ၊ မှတ်ပုံတင်လက်မှတ်လျှောက်ထားစဉ်က ရောင်းချရန်တင်ပြထားသော ကုန်စည်(သို့)ဝန်ဆောင်မှု အမျိုးအစားစာရင်းအတိုင်း မြေပြင်တွင်အမှန် တစ်ကယ်ရောင်းချနေသော စာရင်းကိုက်ညီမှုရှိ/ မရှိတို့ကို မြေပြင်ကွင်းဆင်းစစ်ဆေးရာတွင် မြေပြင်စစ်ဆေးရမည့်အချက်(၁၈)ချက်နှင့် ကိုက်ညီမှုမှန်ကန်မှုရှိ/ မရှိကို စစ်ဆေးပြီးမှသာ Online Sale လုပ်ငန်းမှတ်ပုံတင်လက်မှတ်များ ထုတ်ပေးသွားမှာဖြစ်ကြောင်း အသိပေးပြောကြားခဲ့ကြောင်း  သိရှိရပါသည်။

DOCA(ရန်ကုန်)

ပုဇွန်တောင်မြို့နယ်၊ ရေကျော် (City Mart ) တွင် ဆန်ရောင်းချနေမှုအား ကွင်းဆင်းစစ်ဆေးခြင်း

       စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဦးရန်နိုင်ထွန်း (အကြီးတန်းစာရေး)နှင့် ဝန်ထမ်းများသည် ပုဇွန်တောင်မြို့နယ်၊ ရေကျော် (City Mart )ရှိ  ဆန်ရောင်းချမှုအခြေ အနေများကို (၂၄.၁၂.၂၀၂၅) ရက်နေ့ ၊နံနက်(၁၁:၀၀)နာရီအချိန်တွင် ကွင်းဆင်းအသိပညာပေးမှုများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

           ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ဆန်များ သတ်မှတ်ဈေးနှုန်းဖြင့် ရောင်းချနေခြင်း ရှိ/ မရှိကို စစ်ဆေးခြင်းဖြစ်ပြီး စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဦးရန်နိုင်ထွန်း   (အကြီးတန်းစာရေး)က ဆန်ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းမပြုရန်နှင့် ဈေးကစားရန်အလို့ငှာဆန်များကိုသိုလှောင်ထားခြင်းမပြုရန်ပြောကြားခဲ့ပြီး ဈေးနှုန်းမြှင့်တင်ရောင်းချသည်ကို စစ်ဆေးတွေ့ရှိပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူခံရမှာဖြစ်ကြောင်း အသိပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

ပုဇွန်တောင်မြို့နယ်၊ ရေကျော်ဈေးသို့ ဈေးနှုန်းဈေးကွက်အခြေအနေအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

        (၂၄.၁၂.၂၀၂၅) ရက်နေ့၊ နံနက်(၀၉:၄၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ‌ ဦးရန်နိုင်ထွန်း (အကြီးတန်းစာရေး)နှင့်ဝန်ထမ်းများသည် ဈေးစည်ပင်သာယာရေးကော်မတီတို့နှင့်အတူပူးပေါင်း၍ ပုဇွန်တောင်မြို့နယ်၊ ရေကျော်ဈေးသို့ သွားရောက်၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ရာတွင် ဦးရန်နိုင်ထွန်း (အကြီးတန်းစာရေး)က ကုန်ပစ္စည်းများနှင့် ပတ်သက်၍ ထိုင်းနိုင်ငံထုတ်ကုန်ပစ္စည်းများ၏ ယခင်အပတ်၊ ယခုအပတ်တွင် ရောင်းချနေသောဈေးနှုန်းများကောက်ခံခြင်း၊ ဈေးနှုန်းမြှင့်တက်မှုရှိ/ မရှိ၊ ကုန်ပစ္စည်းကန့်သတ် ရောင်းချခြင်းရှိ/ မရှိ၊ ပစ္စည်းပြတ်လပ်မှုရှိ/ မရှိနှင့် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာနမှထုတ်ပြန်ထားသော စားသုံးသူကာကွယ်ရေးဥပဒေ၂၀၁၉ပါ ပြဌာန်းချက်များမှ အခန်း (၁၈ )ရှိကုန်ညွှန်း အမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်၍ မည်သည့်စီးပွားရေးလုပ်ငန်းရှင်မဆို ပုဒ်မခွဲ (ခ)နှင့် (ဆ)တို့ပါ ကုန်အညွှန်းအမှတ်သားဖော်ပြရာတွင် မြန်မာဘာသာဖြင့်ဖြစ်စေ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု(သို့)တစ်ခုထက်ပို၍တွဲလျက်ဖြစ်စေ ရေးသားဖော်ပြထားသည့် ကုန်ပစ္စည်းများကိုသာ ဝယ်ယူရောင်းချရမည်ဖြစ်ကြောင်း အသိပညာပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

( Max) စက်သုံးဆီအရောင်းဆိုင်များသို့ကွင်းဆင်းစစ်ဆေးခြင်း

         စားသုံးသူရေးရာဦးစီးဌာန၊  ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်မိုးမိုးကြည်(ဌာနခွဲစာရေး)နှင့်ဝန်ထမ်းများသည် (၂၄.၁၂.၂၀၂၅)ရက်နေ့၊ နေ့လယ်(၁၂:၀၀) နာရီအချိန်တွင် သာကေတမြို့နယ်၊ (Max) စက်သုံးဆီအရောင်းဆိုင်များသို့သွားရောက်၍  ကွင်းဆင်းစစ်ဆေးခြင်းဆောင်ရွက်ခဲ့ကြောင်း  သိရပါသည်။

    ထိုသို့စစ်ဆေးခြင်း ဆောင်ရွက်ရာတွင် ယနေ့ရောင်းဈေးတစ်လီတာလျှင် (92-၂၅၂၀ကျပ်)၊ (95-၂၅၇၀ကျပ်)၊ (PHSD-၂၆၉၀ကျပ်)တို့ဖြင့် စက်သုံးဆီအရောင်းဆိုင်များ၏ စက်သုံးဆီရောင်းချမှုအခြေအနေများ၊ စက်သုံးဆီဈေးနှုန်း၊ စက်သုံးဆီအရည်အသွေး၊ အခြင်အတွယ်မှန်ကန်မှုရှိ/ မရှိ၊ ဆီကားရောက်ရှိမှုအခြေအနေများနှင့် ဆီလက်ကျန်အခြေအနေများအား စစ်ဆေးမေးမြန်းခြင်းဆောင်ရွက်ခဲ့ပြီး၊ မြို့နယ်အတွင်း စက်သုံးဆီပြတ်လပ်မှုမရှိစေရေးနှင့် စက်သုံးဆီဈေးနှုန်း အဆမတန်မြှင့်တင်ရောင်းချမှုများမရှိစေရေး အသိပေးဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

YP စက်သုံးဆီအရောင်းဆိုင်အား ကွင်းဆင်းစစ်ဆေးခြင်း

       စားသုံးသူရေးရာဦးစီးဌာန၊  ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်သိင်္ဂီဇံ (အကြီးတန်းစာရေး)နှင့်ဝန်ထမ်းများသည်(၂၄.၁၂.၂၀၂၅)ရက်နေ့၊နံနက်(၁၁:၀၀) နာရီအချိန်တွင် မြောက်ဥက္ကလာပမြို့နယ်၊  YP စက်သုံးဆီအရောင်းဆိုင်သို့သွားရောက်၍ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

       အဆိုပါ အရောင်းဆိုင်တွင် ယနေ့ရောင်းဈေးတစ်လီတာလျှင် (92-၂၅၂၀ကျပ်)၊ (95-၂၅၇၀ကျပ်)၊ (HSD-၂၂၃၀ကျပ်)၊ (PHSD-၂၆၉၀ကျပ်)တို့ဖြင့် စက်သုံးဆီများသက်မှတ်ရည်ညွှန်းဈေးဖြင့် ရောင်းချခြင်း၊ ဆီဝင်ရောက်မှုနှင့် ဆီလက်ကျန်အခြေအနေများ၊ အလေးချိန်မှန်ကန်မှု ရှိ/ မရှိတို့အားစစ်ဆေးခဲ့ပြီး၊ သဘာဝဘေးအန္တရာယ်ကာကွယ်ရေးအတွက် မီးသတ်ဆေးဘူးများ၊ ရေစုပ်စက်၊ ရေပိုက်များကောင်းမွန်စွာထားရှိခြင်းရှိ/ မရှိစစ်ဆေးခဲ့ကြကြောင်း သတင်းရရှိပါသည်။

DOCA(ရန်ကုန်)

Pages

Subscribe to RSS - HighLight News