HighLight News

Powered by Drupal

ရေကြည်မြို့နယ်၌ လက်မှု့ပစ္စည်းထုတ်ကုန် သင်တန်းဖွင့်လှစ်ခြင်း

           ဧရာဝတီတိုင်းဒေသကြီး၊ ရေကြည်မြို့နယ်၊ သစ်တောဦးစီးဌာနမှ ကြီးမှူး၍ အသက်မွေးဝမ်းကျောင်းဆိုင်ရာ (ကြိမ်၊ ဝါး၊ သင်) လက်မှု့ပစ္စည်းထုတ်ကုန် သင်တန်းဖွင့်ပွဲကို (၁၆.၂.၂၀၂၆) ရက်နေ့ နံနက်၊ (၀၉:၀၀) နာရီအချိန်တွင် မင်္ဂလာအောင်သိဒ္ဓိကျောင်းတိုက်ဓမ္မရုံတွင် ပြုလုပ်ကျင်းပခဲ့ပါသည်။

          သစ်တောဦးစီးဌာန၊ မြို့နယ်ဦးစီးအရာရှိ ဦးတင်ထူးနိုင်မှ အမှာစကားပြောကြားပြီး၊ မြို့နယ် (ကြိမ်၊ ဝါး) လုပ်ငန်းရှင်များအသင်း ဥက္ကဌ ဦးကျော်စိုးမှ ကြိမ်၊ ဝါး လက်မှု့ပစ္စည်း ပြုလုပ်ပုံအဆင့်ဆင့်နှင့် ဈေးကွက်အခြေအနေများအား ရှင်းလင်းပြောကြားခဲ့ပါသည်။ အဆိုပါသင်တန်းသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ မြို့နယ် ကြိမ်၊ ဝါး လုပ်ငန်းရှင်အသင်းဥက္ကဌနှင့်အဖွဲ့ဝင်များ၊ သင်တန်းဆရာများနှင့် သင်တန်းသား (၂၈) ဦးတက်ရောက်ပြီး သင်တန်းကာလ (၄) ရက်ကြာသင်ကြားပေးသွားမည် ဖြစ်ကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)

ပုသိမ်ခရိုင်၊ ပုသိမ်မြို့နယ်၊ “ဂျိုးဖြူ”ဆန်စက်မှ ထုတ်လုပ်သော မီးသွေးအစားထိုး စပါးခွံလောင်စာတောင့်များ ပုသိမ်မြို့နယ်ရှိကုန်စုံဆိုင်အချို့နှင့် ရန်ကုန်တိုင်းဒေသကြီးသို့ တင်ပို့ရောင်းချလျက်ရှိကြောင်းသတင်းရရှိ

          ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ပုသိမ်မြို့နယ် “ဂျိုးဖြူ” ဆန်စက်တွင် စပါးကြိတ်ခွဲခြင်းမှ ထွက်လာသော စပါးခွံများကို အုတ်ဖိုများ၊ မွေးမြူရေးခြံများမှ ဝယ်ယူလျက်ရှိသော်လည်း ဆန်စက်တွင် အလေအလွင့်စပါးခွံများစွာရှိကြောင်း ဆန်စက်ပိုင်ရှင်ထံမှသိရပါသည်။ ထိုစပါးခွံများကိုစွန့်ပစ်ရာတွင်လည်း သဘာဝပတ်ဝန်းကျင်ကို ထိခိုက်စေနိုင်သည့်အတွက် သတိထားစွန့်ပစ်ရကြောင်း၊ ယခုအခါ မီးသွေးအစားထိုး စပါးခွံလောင်းစာတောင့်များ ထုတ်လုပ်လျက်ရှိပြီး ပုသိမ်မြို့နယ်အတွင်းရှိ ကုန်စုံဆိုင်အချို့နှင့် ရန်ကုန်တိုင်းဒေသကြီးသို့ တင်ပို့ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

          ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ၊ တတိယပတ်တွင် ရောင်းချလျက်ရှိသော စပါးခွံလောင်စာတောင့် ဈေးနှုန်းများမှာ (၂၀) ပိဿာ တစ်အိတ်လျှင် (၈၀၀၀) ကျပ်ဖြင့်ရောင်းချလျက်ရှိပြီး၊ စပါးခွံလောင်စာတောင့်အိတ် (၂၀)  အထက်ယူပါက ငွေကျပ် (၂၀၀) ခန့်မျှလျော့၍ ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)

မြောင်းမြခရိုင် ဝါးခယ်မမြို့နယ်၊ စားသုံးသူပြည်သူများအား စားသုံးသူကာကွယ်ရေးအသိပညာပေး Talk  Show   ပြုလုပ်

          ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ဝါးခယ်မမြို့နယ်တာဝန်ခံ ဦးအောင်မိုးနှင့် ဝန်ထမ်းများသည် (၁၈.၂.၂၀၂၆)ရက်နေ့ နေ့လယ်(၁၃:၀၀)နာရီအချိန်တွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့နှင့် ပူးပေါင်း၍   စားသုံးသူပြည်သူများအား ဝါးခယ်မမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၊ Community Centre  ခန်းမတွင် စားသုံးသူအသိပညာပေး  Talk  Show  ပြုလုပ်ခဲ့ပါသည်။

        ထိုသို့ဟောပြောဆွေးနွေးရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးမှစားသုံးသူ အသိပညာပေး TalkShow ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး၊ စားသုံးသူရေးရာဦးစီးဌာန မြို့နယ်ဦးစီးမှူးမှဌာန၏ မျှော်မှန်းချက်၊ ရည်မှန်းချက်များ၊ ရှေ့ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များအား ဦးစွာရှင်းလင်းပြောကြားခဲ့ပြီး၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှထုတ်ပြန်ထားသော စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ ပါပြဌာန်းချက်များမှ အခန်း(၆)ပါစစ်ဆေးရေးအရာရှိ၏ လုပ်ငန်းတာဝန်(၁၁)ချက်အား စားသုံးသူပြည်သူများသိရှိနိုင်ရန်အတွက် အသေးစိတ်ရှင်းလင်း ဆွေးနွေးခဲ့ပါသည်။ ဥပဒေပါအချက်အလက်များ သိရှိလိုပါက စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူးရုံးတွင်လည်းကောင်း၊ စားသုံးသူရေးရာဦးစီးဌာန၊ ရုံးချုပ်၏www.doca.gov.mmwebsiteတွင်လည်းဝင်ရောက်လေ့လာကြည့်ရှုနိုင်ပါကြောင်း စားသုံးသူများနစ်နာမှုရှိလာပါက စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာCICC သို့ လူကိုယ်တိုင်ဖြစ်စေ၊ တယ်လီဖုန်းဖြင့်ဖြစ်စေ တိုင်ကြားနိုင်ပါကြောင်း အသိပညာပေးဟောပြောဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

မြောင်းမြခရိုင်၊  လပွတ္တာမြို့နယ် အမှတ်(၁)ရပ်ကွက်ရှိ အမှတ်(၁)အလကကျောင်းတွင် စားသုံးသူအသိပညာပေးဟောပြောပွဲပြုလုပ်

       ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်တာဝန်ခံဦးမြင့်ဌေးနှင့် ဝန်ထမ်းများသည် (၁၈.၂.၂၀၂၆)ရက်နေ့ နံနက်(၁၁;၀၀)နာရီက လပွတ္တာမြို့၊ အမှတ်()ရပ်ကွက်ရှိ အမှတ်(၁) အလက ကျောင်းတွင် ဆရာ/ဆရာမ၊ကျောင်းသား/ကျောင်းသူ၊ကျောင်းမုန့်ဈေးတန်းဆိုင်ရှင်များအားစားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြော ပွဲဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ဟောပြောဆွေးနွေးရာတွင် မြို့နယ်တာဝန်ခံဦးမြင့်ဌေးမှစားသုံးသူရေးရာဦးစီးဌာန၏ မျှော်မှန်းချက်၊ ရည်မှန်းချက်များ မိမိတို့ဌာနအနေဖြင့် လက်ရှိဆောင်ရွက်လျက်ရှိသော လုပ်ငန်းတာဝန်များ၊ ရှေ့ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များအား ဦးစွာရှင်းလင်းပြောကြားခဲ့ပြီး၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စားသုံးသူကာကွယ်ရေး ဥပဒေ၂၀၁၉ ပါပြဌာန်းချက်များမှ စားသုံးသူ၏ အခွင့်အရေးနှင့် တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ၊ တားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒဏ်များ၊ ဥပဒေအခန်း(၁၈)ပါ ပုဒ်မ(၄၁)ပုဒ်မခွဲ(ခ)နှင့်(ဂ)တို့ပါ ကုန်စည်၏အမျိုးအမည် အရွယ်အစား၊ အရေအတွက်နှင့် အသားတင်ပမာဏ ထားသိုသိမ်းဆည်းမှုအညွှန်းသုံးစွဲပုံနည်းလမ်း၊ ထုတ်လုပ်သည့်ရက်စွဲနှင့် သက်တမ်းကုန်ဆုံးသည့်ရက်စွဲ၊ ထုတ်လုပ်မှုအမှတ်စဉ်၊ ကျန်းမာရေးဆိုင်ရာဘေးထွက်ဆိုးကျိုး(သို့) ဓါတ်မတည့်ကြောင်းဖော်ပြချက်နှင့် ကြိုတင်သတိပေးချက်များအား အသေးစိတ်ရှင်း လင်းဟောပြောခဲ့ပြီး ကျောင်းတွင်ရောင်းချနေသော မုန့်ဆိုင်များသို့ ကျောင်းမုန့်ဈေးတန်းအဖွဲ့ဖြင့် သွားရောက်စစ်ဆေးပြီး မုန့်ဆိုင်ပိုင်ရှင်များအား ဌာနမှထုတ်ပြန်ထားသော ဥပဒေညွှန်ကြားချက်များ အား သိရှိလိုက်နာဆောင်ရွက်ကြရန် သက်တမ်းလွန်မုန့်များ၊ ဆိုးဆေးများ အလွန်အကျုးပါဝင်သော အစားအသောက်များအား ရောင်းချခြင်းမှရှောင်ကျဉ်ကြရန် မုန့်ဆိုင်ပိုင်ရှင်များအား ရှင်းလင်းဆွေးနွေးခဲ့ပါသည်၊  ဟောပြောပွဲသို့ ဆရာ/ ဆရာမ (၉)ဦး ကျောင်းသား/ကျောင်းသူ(၈၀)ဦး၊ ကျောင်းမုန့်ဈေးသည်(၂)ဦးပေါင်း(၉၁)ဦး တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

မြောင်းမြခရိုင်၊ လပွတ္တာမြို့နယ်၊ အမှတ်(၆)ရပ်ကွက် ကမ်းနားလမ်းရှိ ကုန်မျိုးစုံဆိုင်များအား နယ်မြေဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်း

          ဧရာဝတီတိုင်းဒေသကြီး၊  စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်၊ လပွတ္တာမြို့နယ် တာဝန်ခံ ဦးမြင့်ဌေးနှင့် ဝန်ထမ်းများသည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ပူးပေါင်း၍ (၁၈.၂.၂၀၂၆)ရက်နေ့ နံနက် (၁၀:၃၀)နာရီအချိန်တွင်  လပွတ္တာမြို့နယ် အမှတ် (၆)ရပ်ကွက်ကမ်းနားလမ်းရှိ ကုန်မျိုးစုံဆိုင်များတွင် ရောင်းချလျက်ရှိသော စားသုံးဆီများအားကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်တာဝန်ခံမှ အမှတ်(၆)ရပ်ကွက် ကမ်းနားလမ်းရှိ ကုန်မျိုးစုံဆိုင် (၃)ဆိုင်တွင် ရောင်းချနေသော စားသုံးဆီများတွင် Lotus အမှတ်တံဆိပ်ဦ သူဌေးမင်း အမှတ်တံဆိပ် ရန်ကုန်ပဲဆီသန့် ဆီဘူးများတွင် သတ်မှတ်ကုန်အညွှန်းအမှတ်အသားနှင့်  FDA  ထောက်ခံချက်များပါ/မပါ စစ်ဆေးဆောင်ရွက်ခဲ့ပါသည်။စားသုံးသူပြည်သူများသို့ စားသုံးဆီများ အား သက်သာသောဈေးနှုန်းဖြင့် ဝယ်ယူသုံးစွဲနိုင်ရေးအတွက် ဆောင်ရွက်ပေးနိုင်ပါရန် ဈေးကွက်အတွင်း ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန်ရည်ရွယ် ချက်ဖြင့်သိုလှောင်ထားပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှု ဥပဒေများ အရအရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ဆိုင်ရှင်များသို့ အသိပေးဆွေးနွေးဆောင်ရွက်ခဲ့ပါသည်။ သက်ဆိုင်ရာဌာနများ၏ ညွှန်ကြားချက်များ၊   ဥပဒေများအား လိုက်နာဆောင်ရွက်ကြရန် အသိပေးစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

လပွတ္တာခရိုင် မော်ကျွန်းမြို့နယ်၊ ဗိုလ်ချုပ်ဈေးရှိ အလှကုန်ဆိုင်များအား ကုန်အညွှန်းအမှတ်အသားပြည့်စုံမှုရှိမရှိ ကွင်းဆင်းစိစစ်

          ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ လပွတ္တာခရိုင်၊  မော်ကျွန်းမြို့နယ် တာဝန်ခံ ဦးမင်းဇော်လတ်သည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့်ပူးပေါင်း၍ (၁၈-၂-၂၀၂၆)ရက်နေ့ နံနက်(၁၀:၀၀)နာရီအချိန်တွင်  ဗိုလ်ချုပ်ဈေးရှိ အလှကုန်ဆိုင်များတွင်ရောင်းချနေသော ရွှေပြည်နန်းသနပ်ခါးဘူး၊ Fair&Lovely makeupcreamဘူး များအားကုန်အညွှန်းအမှတ်အသား ဖော်ပြချက်ပြည့်စုံခြင်းရှိ/ မရှိကွင်းဆင်းစစ်ဆေးခဲပါသည်။ ထိုသို့ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် မော်ကျွန်းမြို့နယ်တာဝန်ခံမှ ဗိုလ်ချုပ်ဈေးတွင် ရောင်းချနေသောအလှကုန်ဆိုင် များအား ရွှေပြည်နန်းသနပ်ခါးဘူး၊ Fair&Lovely makeupcream ဘူးများတွင် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းပြည့်စုံမှုရှိ မရှိစစ်ဆေးခဲ့ပြီး ၊ကုန်မျိုးစုံ ဆိုင်ပိုင်ရှင်များအား စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စားသုံးသူကာကွယ်ရေးဥပဒေ၂၀၁၉ပါပြဌာန်းချက်များမှစားသုံးသူကာကွယ်ရေး ဥပဒေ အခန်း (၁၈)ပါ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့်စပ်လျဉ်း၍ မည်သည့်စီးပွားရေး လုပ်ငန်းရှင်မဆိုပုဒ်မ-၄၁ပုဒ်မခွဲ(ခ)နှင့်(ဆ)တို့ပါ ကုန်အညွှန်းအမှတ်အသား ဖော်ပြရာတွင် မြန်မာဘာသာဖြစ်စေ၊ မြန်မာဘာသာနှင့်အခြား ဘာသာတစ်ခု (သို့)တစ်ခုထက်ပို၍ တွဲလျှက်ဖြစ်စေ၊ ရေးသားဖော်ပြရမည်ဖြစ်ပြီး၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ထားသည့် ဥပဒေ ညွှန်ကြားချက်များအား လိုက်နာဆောင်ရွက်ကြရန် ဈေးကွက်အတွင်းရောင်းချနေသော ကုန်စည်များတွင်ကုန်အညွှန်းအမှတ်အသားဖော်ပြချက်၊ ပြည့်စုံမှုရှိ/မရှိအား ဌာနအနေဖြင့် ဈေးကွက်စောင့်ကြည့်စစ်ဆေးမှုများ စဉ်ဆက်မပြတ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်သို့ ရန်ကုန်မြို့ရှိ စားအုန်းဆီကုမ္ဗဏီများမှ ဆီကားများရောက်ရှိလာမှု အခြေအနေအား ကွင်းဆင်းစစ်ဆေး

      ဧရာဝတီတိုင်းဒေသကြီး၊   စားသုံးသူရေးရာဦးစီးဌာန၊   လပွတ္တာခရိုင်၊  လပွတ္တာမြို့နယ်တာဝန်ခံ   ဦးမြင့်ဌေးနှင့်  ဝန်ထမ်းများ သည်(၁၇-၂-၂၀၂၆)ရက်နေ့ နေ့လယ်(၁၃း၃၀)နာရီအချိန်တွင် လပွတ္တာမြိုု့နယ်ရှိ ဆီကိုယ်စားလှယ်များထံသို့ ရန်ကုန်မြို့ရှိ တော်ဝင်ဧကရာဇ် ကုမ္ဗဏီမှ (ယာဉ်အမှတ် 7K-7947) မော်တော်ယာဉ်ဖြင့် စားအုန်းဆီ (၃၈)ပေပါ ရောက်ရှိလာခဲ့ကြောင်း သိရှိရပါသည်။

          အဆိုပါစားအုန်းဆီများကို လပွတ္တာခရိုင် လပွတ္တာမြို့နယ် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံမှ သွားရောက်စစ်ဆေးခဲ့ပြီး ခွဲတမ်းရရှိသောစားအုန်းဆီများကို ရည်ညွန်းဈေး၊ သယ်ယူပို့ဆောင်ကုန်ကျစရိတ်နှင့် ၂% အမြတ်တို့ဖြင့် လက်လီ/လက်ကား ဆိုင်ခွဲများသို့ ခွဲဝေရောင်းချပေးသွားမည်ဖြစ်ကြောင်း၊ လက်လီလက်ကားဆိုင်များအနေဖြင့်လည်း စားသုံးသူပြည်သူများထံသို့ ၂% အမြတ်ဖြင့် ပြန်လည်ရောင်းချပေးသွားမည်ဖြစ်ကြောင်း စားအုန်းဆီရောင်းချရန် ခွဲတမ်းရရှိသော ကိုယ်စားလှယ်များထံမှ သိရှိရပါသည်။

DOCA(ဧရာဝတီ)

ညောင်တုန်းမြို့နယ် စပါး ဆန် မြေပြင်လက်ကျန် ကျန်ရှိမှုအခြေအနေ

      မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်ရှိ ဆန်စပါးသိုလှောင်ရုံများတွင် မြေပြင်အမှန်တကယ် သိုလှောင်နေမှုနှင့် စပါးဆန် လက်ကျန်အခြေအနေများ  doca.gov.mm ကို စစ်ဆေးလျက်ရှိပြီး၊ MyRo တွင် စပါး ဆန် လက်ကျန် Update စာရင်းများ  ကို မှန်ကန်စွာ ဖြည့်သွင်းဆောင်ရွက်နိုင်စေရန် မြို့နယ်အတွင်းရှိ ဆန်စက်၊ ကုန်သည်၊ တောင်သူ၊ ဆန်ဆိုင်များအား မြေပြင်ကွင်းဆင်းခြင်းများ စီးပွားရေးအလိုငှာ သိုလှောင်လုပ်ကိုင်သူ လုပ်ငန်းရှင်ထံ စာရင်းများကောက်ခံ စစ်ဆေးဆောင်ရွက်လျက်ရှိပါသည်။

         ညောင်တုန်းမြို့နယ်အတွင်းရှိ လုပ်ငန်းရှင်များအနေဖြင့် သိုလှောင်ရုံများတွင် စပါးနှင့်ဆန် လက်ကျန်များရှိနေပြီး၊ သိုလှောင်မှု မှတ်ပုံတင် သက်တမ်းတိုးခြင်းများကိုလည်း စနစ်တကျလုပ်ဆောင်လျက်ရှိပါသည်။ မြို့နယ် စားသုံးသူရေးရာဦးစီးဌာနက ဆန်စပါးသိုလှောင်မှုများ မှန်ကန်စေရန်နှင့် ဈေးကွက်အတွင်း စပါး၊ ဆန် လက်ကျန်အခြေအနေများကို ပုံမှန်စစ်ဆေးလျက်ရှိသည် MyRo တွင် စပါး ဆန် လက်ကျန် Update စာရင်းများ ကို မှန်ကန်စွာ ဖြည့်သွင်းဆောင်ရွက်နိုင်စေရန် လုပ်ငန်းရှင်များအား တိုက်တွန်းနိုးဆော်ဆောင်ရွက်လျက်ရှိကာ ၁၅-၂-၂၀၂၆ ရက်နေ့ ညောင်တုန်းမြို့နယ် စပါးဆန် လက်ကျန်စာရင်းအခြေအနေများမှာ တောင်သူ စပါး ၁၃၈၆၅၂၆တင်း၊ ဆန် ၃၈၇၂အိတ်၊ စက်ပိုင်စပါး ၆၄၉၉၇၇တင်း၊ ဆန် ၅၁၉၅၅၈ အိတ်၊ ကုန်သည် စပါး ၁၃၁၅၀၀တင်း၊ ဆန် ၇၄၆၀အိတ်၊ ဆန်ဆိုင် ၆၇၆၀အိတ်၊ စုစုပေါင်း  စပါး ၂၁၆၈၀၀၃ တင်း၊ ဆန် ၅၃၇၆၅၀ အိတ်ရှိကြောင်း မြို့နယ် နယ်မြေစာရင်းများအရ သိရှိရပါသည်။

DOCA(ဧရာဝတီ)

ဓနုဖြူမြို့နယ်၌ စားသောက်ကုန်များ၊ ဆေးဆိုင်များနှင့် အလှကုန်ဆိုင်များအား ဈေးကွက်စောင့်ကြည့် ကွင်းဆင်းစစ်ဆေး

           ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့၌ ၃လမ်းဈေးအတွင်းနှင့် မြို့ပေါ်ရပ်ကွက်များရှိ စားသောက်ကုန်များ၊ ဆေးဆိုင်များ၊ အလှကုန်ဆိုင်များအား ဈေးကွက်စောင့်ကြည့်ကွင်းဆင်းစစ်ဆေးခြင်းကို မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊  မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်ပြည်သူ့ ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန၊ မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဝန်ထမ်းများပူးပေါင်း၍  ဖေဖော်ဝါရီလ ၁၈ ရက်နေ့ နံနက် (၀၉း၀၀) နာရီအချိန်တွင် ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြသည်။

          ထိုသို့စစ်ဆေးရာ၌ မြန်မာနိုင်ငံဆေးဝါးမှတ်ပုံတင်အမှတ်မပါရှိသော ဆေးဝါးများ၊ သက်တမ်းလွန်ဆေးဝါးများနှင့် တရားမဝင်ဆေးဝါးများရောင်းချခြင်းရှိ၊ မရှိနှင့် စားသောက်ကုန်ဆိုင်များ၊ အလှကုန်ဆိုင်များတွင် သက်တမ်းလွန်စားသောက်ကုန်နှင့် အလှကုန်များ သုံးစွဲရန်မသင့်ဟု တားမြစ်ထားသော ပစ္စည်းများရှိ၊ မရှိကို ဈေးကွက်စောင့်ကြည့်ခြင်း၊ အသိပညာပေးဆွေးနွေးခြင်းနှင့် ဆေးဝါး၊ ဆေးပစ္စည်း၊ စားသောက်ကုန်၊ အလှကုန်များ ဈေးကွက်နမူနာကောက်ယူခြင်းလုပ်ငန်းများကို ကွင်းဆင်းဆောင်ရွက်ခဲ့ပြီး ဈေးကွက်အတွင်းရောင်းချနေသော ကုန်စည်များတွင် စားသုံးသူရေးရာဦးစီးဌာန၏ ထုတ်ပြန်ထားသည့် (၂/၂၀၂၉) ညွှန်ကြားချက် ကုန်စည်အုပ်စု (စ) အလှကုန်ပစ္စည်းများ (၁၀ဂရမ်) အထက်နှင့် အောက် ကုန်စည်အမျိုးမျိုးအား  ဖော်ရမည့်အချက်များပါဝင်မှု ပြည်စုံစေရေး စစ်ဆေးဆောင်ရွက်ခဲ့ပြီး၊ အလှကုန်အရောင်းဆိုင်များတွင် တားမြစ်အလှကုန်ပစ္စည်းများ၊ သက်တမ်းလွန် ကုန်ပစ္စည်းများ ရောင်းချမှုမရှိစေရေးအတွက် စစ်ဆေးခဲ့သည်။ ထို့နောက် တာဝန်ရှိသူများက သုံးစွဲရန်မသင့်သည့် အလှကုန်ပစ္စည်းများ၊ တားမြစ်ပစ္စည်းများကို ရောင်းချမှုမရှိစေရေးအတွက် ဆိုင်ရှင်များအား အသိပညာပေးပြောကြားခဲ့ပြီး လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

ဓနုဖြုမြို့နယ် ဆန်စက်များအား ကွင်းဆင်းစစ်ဆေးဆောင်ရွက်

     မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်အတွင်းရှိ “ရွှေမြင့်မိုရ်”ဆန်စက်သို့ စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများသည် ၂၀၂၆ခုနှစ်၊ ဖေဖော်ဝါရီလ(၁၈)ရက်နေ့၊ နံနက် (၁၀:၀၀)နာရီအချိန်တွင် MSMEလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းစစ်ဆေးခဲ့ကြပါသည်။

          အဆိုပါကွင်းဆင်းစစ်ဆေးရာတွင် “ရွှေမြင့်မိုရ်” ဆန်စက်အား ဓနုဖြူမြို့နယ်တာဝန်ခံ ဦးဝင်းမင်းစိုးမှ လုပ်ငန်းရှင်နှင့် တွေ့ဆုံ၍  စပါး/ ဆန်သိုလှောင်မှု စာရင်းများကို ကောက်ခံစာရင်းယူခဲ့ပြီး ဒေသတွင်းနှင့် ပြည်တွင်း ဈေးကွက်၌ ဆန်ဈေးနှုန်း တည်ငြိမ်မှုရှိစေရေး၊ ပြည်ပသို့ဆန်တင်ပို့မှုကို စနစ်တစ်ကျ ဆောင်ရွက်နိုင်ရေး၊  ဆန်စက်တွင် ဆန်လက်ကျန်၊ ဆန်သိုလှောင်ထားရှိမှုအခြေအနေ၊ ဆန်တင်ပိုမှုအခြေအနေများ၊ ရန်ကုန် ဆန်တင်ပို့မှုအခြေအနေများကို စစ်ဆေးခဲ့ပြီး ဆန်စက်လုပ်ငန်း ဖွံ့ဖြိုးတိုးတက်စေရေအတွက် ဆန်စက်လုပ်ငန်းရှင်များနှင့် ဆွေးနွေးခြင်း ဆန်စပါးသိုလှောင်မှုများ စနစ်ကျနမှုရှိစေရေးတို့အတွက် MIRO စာရင်းများ မှန်ကန်စွာပေးပို့ရန်နှင့် လိုအပ်သည်များကို ဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

Pages

Subscribe to RSS - HighLight News