HighLight News

Powered by Drupal

စားသုံးဆီလက်လီဆိုင်များမှ ဆီရောင်းချမှုအားကွင်းဆင်းစစ်ဆေး

         ဖျာပုံခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများနှင့် မြို့နယ်စည်ပင်သာယာရေးတို့ ပူးပေါင်း၍ ၂၀၂၅ခုနှစ်၊ စက်တင်ဘာလ(၂၄)ရက်နေ့ နံနက်(၁၀:၀၀) နာရီအချိန်တွင် ဖျာပုံမြို့နယ် မြို့မဈေးကြီးအတွင်းရှိ ဆီရောင်းချသူ လက်လီဆိုင်များမှသတ်မှတ်ချက်နှင့်အညီဆီရောင်းချမှုရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြပါသည်။

         အဆိုပါကွင်းဆင်းစစ်ဆေးရာတွင် စားအုန်းဆီများကို ပြည်သူလက်ဝယ် အမှန်တကယ် ရောက်ရှိစေရေး၊ ဆီရောင်းချသူလုပ်ငန်းရှင်များ  စီးပွားရေးကျင့်ဝတ်နှင့်အညီ   မျှတစွာရောင်းချစေရန်နှင့် အလေးချိန်မှန်၊ ဈေးနှုန်းမှန်စွာရောင်းချစေရေး၊ ဆီစာအုပ်များကို ပျောက်ဆုံးခြင်း၊ စုတ်ပြဲခြင်းများ ဖြစ်ပေါ်လာပါက မှန်ကန်ကြောင်း ရပ်ကွက်ထောက်ခံစာဖြင့် ထပ်မံထုတ်ယူနိုင်သည်ကို ဆွေးနွေးပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

ဘိုကလေးမြို့နယ်တွင် စားအုန်းဆီအရောင်းဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

        ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းတို့သည် ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ(၂၄)ရက် နံနက်(၁၁:၀၀)နာရီအချိန်တွင် ဘိုကလေးမြို့(၅)ရပ်ကွက်ရှိ စားအုန်းဆီအရောင်းဆိုင်များအား သတ်မှတ်ရည်ညွှန်းဈေးနှုန်းဖြင့် ရောင်းချခြင်းရှိ/ မရှိ စစ်ဆေးခဲ့ကြပါသည်။

          အဆိုပါကွင်းဆင်းစစ်ဆေးရာတွင် ဘိုကလေးမြို့ (၅)ရပ်ကွက်ရှိ စားအုန်းဆီအရောင်းဆိုင်များမှ ညွှန်ကြားချက်ပါအတိုင်း စည်းမျဉ်းစည်းကမ်းများ၊ ရည်ညွှန်းဈေးနှုန်းအတိုင်း ဗီနိုင်းများဖြင့် ဆိုင်းဘုတ်တင်ချိတ်ဆွဲ ရောင်းချနေကြောင်းဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့မှုအရ သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

ကျိုက်လတ်မြို့၊ မြို့မဈေးကြီးအတွင်းရောင်းချနေသောမုန့်များတွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှုရှိ/ မရှိ ကွင်းဆင်းစိစစ်ခြင်း

          ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးမိုးမင်းသန်းနှင့် ဝန်ထမ်းတို့သည် ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ (၂၄) ရက်နေ့၊ နံနက် (၁၁:၀၀) နာရီအချိန်တွင် မြို့မဈေးကြီးအတွင်းရှိ ရောင်းချနေသောမုန့်များတွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှုရှိ/ မရှိ ကွင်းဆင်းစိစစ်ခဲ့ကြောင်း သိရှိရပါသည်။

          အဆိုပါ ကွင်းဆင်းစိစစ်ရာတွင် မြို့နယ်တာဝန်ခံမှ စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် ရောင်းချနေသောမုန့်များတွင် မြန်မာဘာသာဖြင့် ဖော်ပြထားသော ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှုအခြေအနေနှင့် FDA ထောက်ခံချက်များပါဝင်သော မုန့်များကိုသာ ရောင်းချနေကြောင်း ကွင်းဆင်းစိစစ်ခဲ့မှုအရ သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

ကျိုက်လတ်မြို့နယ်မှ မြိတ်မြို့သို့ ဆန်တင်ပို့မှု

          ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်သည် ဆန်/ စပါးကိုအဓိကထားစိုက် ပျိုးထုတ်လုပ်ပြီး၊ အခြားတိုင်းဒေသကြီးများသို့ ဆန်စပါး တင်ပို့ရောင်းချခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ(၂၄) ရက်နေ့၊ ညနေ (၁၆:၃၀) နာရီအချိန်တွင် မြိတ်မြို့သို့ ဆန်စပါးသယ်ယူပို့ဆောင်မည့် လုပ်ငန်းများဆောင်ရွက်ခြင်းကို ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြပါသည်။

          အဆိုပါ ကွင်းဆင်းစစ်ဆေးမှုတွင် ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ၊ မြို့နယ်စီမံ ခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီတို့၏ ဦးဆောင်မှုဖြင့် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနနှင့် သက်ဆိုင်ရာဌာနများက ကျိုက်လတ်မြို့မှ မြိတ်မြို့သို့ တင်ပို့မည့် MV-မြမြမွန် ရေယာဉ်ပေါ်တွင် ပေါ်ဆန်း/ဧည့်မထဆန်အိတ်များ တင်ဆောင်ထားရှိမှုအခြေအနေ၊ ရေယာဉ်ကြံခိုင်မှုနှင့် လိုအပ်သည့် စစ်ဆေးမှုများ၊ ဆောင်ရွက်ခြင်း၊ ဆန်သယ်ယူရာတွင် ကန့်သတ်ပစ္စည်းများ သယ်ဆောင်ခြင်းမရှိစေရေးနှင့် တရားဥပဒေနှင့် အညီ ညီညွတ်မှုမရှိသည့် ကိစ္စရပ်များ ဖြစ်ပွားမှုမရှိစေရေး ကွင်းဆင်းစစ်ဆေးကြည့်ရှုခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

ကျိုက်လတ်မြို့၊ မြို့မဈေးကြီးအတွင်းရှိ ရွှေမြင့်မိုရ် ပုဇွန်ခြောက်ဘူးတွင်ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှုရှိ/ မရှိ ကွင်းဆင်းစိစစ်

          ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးမိုးမင်းသန်းနှင့် ဝန်ထမ်းတို့သည် ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ (၂၄) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် မြို့မဈေးကြီးအတွင်း “ရွှေမြင့်မိုရ်” ဆိုင်တွင် ရောင်းချနေသော “ရွှေမြင့်မိုရ်” ပုဇွန်ခြောက်ဘူးတွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှုရှိ/ မရှိ ကွင်းဆင်းစိစစ်ခဲ့ပါသည်။

          အဆိုပါကွင်းဆင်းစိစစ်မှုတွင် မြို့နယ်တာဝန်ခံက“ရွှေမြင့်မိုရ်”ပုဇွန်ခြောက်ဘူးတွင် သက်ဆိုင်ရာဌာနမှ ထောက်ခံချက်များပြည့်စုံမှုရှိ/ မရှိ၊ စားသုံးသူဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် ဓာတုဆိုးဆေးများ သုံးစွဲမှုမရှိစေရေး၊ ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြထားရှိမှု အခြေအနေတို့အား စိစစ်ခဲ့ရာ ပြည့်စုံစွာဖော်ပြထားသည်ကို ကွင်းဆင်းစိစစ်ခဲ့မှုအရ သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

ဘိုကလေးမြို့နယ် ဒေါ်အေးအေးခိုင် ကုန်စုံဆိုင်ရှိ ပြုပြင်ထုပ်ပိုးထားသော စားသောက်ကုန်များတွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှုရှိ/ မရှိ ကွင်းဆင်းစိစစ်

       ဘိုကလေးမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းတို့သည် စည်ပင်သာယာရေးအဖွဲ့နှင့် ပူးပေါင်း၍ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ(၂၅) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် ပိတောက်လမ်း(၄) ရပ်ကွက်ရှိ ဒေါ်အေးအေးခိုင် ကုန်စုံဆိုင်တွင် ပြုပြင်ထုပ်ပိုး ရောင်းချနေသော နနွင်းမှုန့်၊ ငြုပ်သီးမှုန့်၊ လက်ဖက်ထောင်းထုပ်များတွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှုရှိ/ မရှိ ကွင်းဆင်းစိစစ်ခဲ့ကြပါသည်။

          ပြုပြင်ထုပ်ပိုးရောင်းချနေသော ဆင်ဖြူတော် နနွင်းမှုန့်၊ ငြုပ်သီးမှုန့်ထုပ်များတွင် စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)၊ ပုဒ်မ(၄၁) အရ ထုပ်ပိုးပြီးကုန်စည်ပေါ်တွင် ကုန်အညွှန်းအမှတ် အသားများကို မြန်မာဘာသာဖြင့် ပြည့်စုံစွာ ဖော်ပြထားခြင်းရှိ/ မရှိ စစ်ဆေးခဲ့ရာ ရောင်းချနေသော ပြုပြင်ထုပ်ပိုး အထုပ်များတွင် ပြည့်စုံစွာဖော်ပြထားသည်ကို ကွင်းဆင်းစိစစ်ခဲ့မှုအရ သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

ကျောင်းကုန်းမြို့နယ် အခြေခံပညာမူလတန်းကျောင်းများ ကျောင်းမုန့်ဈေးတန်းတွင် မုန့်များ ကုန်ညွှန်းအမှတ်အသားပြည့်စုံခြင်းရှိ/ မရှိကွင်းဆင်းစစ်ဆေးခြင်း

             ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးတင်ကိုနှင့် ဝန်ထမ်းတို့သည် ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ (၂၄) ရက်နေ့၊ နေ့လယ် (1၃:၀၀) နာရီအချိန်တွင် ကျောင်းကုန်းမြို့နယ် အခြေခံပညာမူလတန်းကျောင်း ချောင်းသုံးခွကျောင်းတွင် ကျောင်းမုန့်ဈေးတန်းအား ကုန်ညွှန်းအမှတ်အသားပြည့်စုံခြင်းရှိ/ မရှိ ကွင်းဆင်း စစ်ဆေးခဲ့ပါသည်။

          သို့ဖြစ်ပါ၍ ကျောင်းကုန်းမြို့နယ် အခြေခံပညာမူလတန်းကျောင်း ကုန်းတန်းကြီးကျောင်းတွင် ရောင်းချနေသော ကျောင်းမုန့်ဈေးတန်းတွင် မုန့်များအား ကွင်းဆင်းဆေးခဲ့ရာ ရောင်းချနေသောမုန့်များတွင် မြန်မာဘာသာဖြင့်ရေးသားဖော်ပြထားသော ကုန်အညွှန်းအမှတ်အသားနှင့် FDA ထောက်ခံချက်များပါရှိကြောင်း ကွင်းဆင်းစစ်ဆေးခဲ့မှုအား  သတင်းရရှိပါသည်။

DOCA (ဧရာဝတီ)

MISTINE White Spa အလှကုန်ပစ္စည်းများတွင် ကုန်ညွှန်းအမှတ်အသားပြည့်စုံခြင်းရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခြင်း

         ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ခံနှင့် ဝန်ထမ်းတို့သည် ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ (၂၄) ရက်နေ့၊ နံနက် (၁:၀၀) နာရီအချိန်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့် ပူးပေါင်း၍ ကျောင်းကုန်းမြို့နယ် မြို့မဈေးအတွင်းရှိ အလှကုန်ဆိုင်များအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရပါသည်။

          အဆိုပါစစ်ဆေးမှုတွင် မြန်မာဘာသာဖြင့် ရေးသားဖော်ပြထားသော ကုန်စည်များကိုသာ ရွေးချယ်ဝယ်ယူစားသုံးရန်နှင့် အခန်း(၁၈) ပါ ကုန်အညွှန်းအမှတ်အသားနှင့် ပက်သက်၍ ထုတ်လုပ်သည့်ရက်စွဲ၊ သက်တမ်းကုန်ဆုံးမည့်ရက်စွဲတို့ဖော်ပြထားသော ကုန်ပစ္စည်းများကိုသာရောင်းချရန်နှင့် ကုန်စည်နှင့် ဝန်ဆောင်မှုများကြောင့် စားသုံးသူများ နစ်နာဆုံးရှုံးမှုဖြစ်ပေါ်လာပါက အရေးဆိုတိုင်ကြားနိုင်သည့် စင်တာများ တိုင်း/ ခရိုင်/ ရုံးချုပ်တို့တွင် ဖွင့်လှစ်ထားရှိကြောင်းနှင့် Call Centre 1535 သို့ ဆက်သွယ် တိုင်ကြားနိုင်ကြောင်း အသိပညာပေးကွင်းဆင်းခဲ့ကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)

ကျောင်းကုန်းမြို့နယ် မြို့မဈေးအတွင်းရှိ ကုန်စုံဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်း

        ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ခံနှင့် ဝန်ထမ်းတို့သည် ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ (၂၄) ရက်နေ့၊ နံနက် (၁0:၀၀) နာရီအချိန်တွင် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့် ပူးပေါင်း၍ ကျောင်းကုန်းမြို့နယ်အတွင်းရှိ ကုန်စုံဆိုင်များအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရပါသည်။

          အဆိုပါစစ်ဆေးမှုတွင် စံချိန်စံညွှန်း အရည်အသွေးမှီ ကုန်ပစ္စည်းများ ထုတ်လုပ်နိူင်ရန်နှင့် အသေးစားကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် အခန်း(၁၈) ပါ ကုန်အညွှန်းအမှတ်အသားနှင့် ပက်သက်၍ မြန်မာဘာသာဖြင့် ရေးသားဖော်ပြထားသော ကုန်စည်များကိုသာ ရွေးချယ်ဝယ်ယူစားသုံးရန်နှင့် ကုန်စည်နှင့် ဝန်ဆောင်မှုများကြောင့် စားသုံးသူများ နစ်နာဆုံးရှုံးမှုဖြစ်ပေါ်လာပါက အရေးဆိုတိုင်ကြားနိုင်သည့် စင်တာများ တိုင်း/ ခရိုင်/ ရုံးချုပ်တို့တွင် ဖွင့်လှစ်ထားရှိကြောင်းနှင့် Call Centre 1535 သို့ ဆက်သွယ် တိုင်ကြားနိုင်ကြောင်း အသိပညာပေးကွင်းဆင်းခဲ့ကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)

မြို့မဈေးကြီး အတွင်းရှိအတွင်းရှိ ကုန်စုံဆိုင်များရှိ စားသောက်ကုန်များတွင် ကုန်ညွှန်းအမှတ်အသားပြည့်စုံခြင်းရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခြင်း

             ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံဦးတင်ကိုနှင့်  ဝန်ထမ်းတို့သည် ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ(၂၅) ရက်နေ့၊ နံနက် (၁0:30) နာရီအချိန်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင် သာယာရေးအဖွဲ့တို့နှင့် ပူးပေါင်း၍ မြို့မဈေးကြီးအတွင်းရှိ အခြေခံစားသောက်ကုန်များအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရပါသည်။

          ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ဈေးနှုန်းကြီးမြှင့်မှု မရှိစေရေးနှင့် ကုန်ဈေးနှုန်းများ တည်ငြိမ်စေရေးအတွက် ကြပ်မတ်ဆောင်ရွက်လျက်ရှိရာ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ သိုလှောင်ခြင်း၊ ဖြန့်ဖြူးရောင်းချမှုများရှိ/ မရှိ စစ်ဆေးခဲ့ပြီး အခန်း(၁၈)ပါကုန်ညွှန်းအမှတ်အသားများပြည့်စုံခြင်းရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခဲ့ရာ ကုန်ညွှန်းအမှတ်အသားများ ပြည့်စုံခြင်းရှိသဖြင့် ကုန်ညွှန်းအမှတ်အသားများ မပြည့်စုံသည့် ကုန်ပစ္စည်းများကို မရောင်းချရန် အသိပညာပေးကွင်းဆင်းခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA (ဧရာဝတီ)

Pages

Subscribe to RSS - HighLight News