HighLight News

Powered by Drupal

ကျောင်းကုန်းမြို့နယ် အခြေခံပညာမူလတန်းကျောင်းများ ကျောင်းမုန့်ဈေးတန်းတွင် မုန့်များ ကုန်ညွှန်းအမှတ်အသားပြည့်စုံခြင်းရှိ/ မရှိကွင်းဆင်းစစ်ဆေးခြင်း

             ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးတင်ကိုနှင့် ဝန်ထမ်းတို့သည် ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ (၂၄) ရက်နေ့၊ နေ့လယ် (1၃:၀၀) နာရီအချိန်တွင် ကျောင်းကုန်းမြို့နယ် အခြေခံပညာမူလတန်းကျောင်း ချောင်းသုံးခွကျောင်းတွင် ကျောင်းမုန့်ဈေးတန်းအား ကုန်ညွှန်းအမှတ်အသားပြည့်စုံခြင်းရှိ/ မရှိ ကွင်းဆင်း စစ်ဆေးခဲ့ပါသည်။

          သို့ဖြစ်ပါ၍ ကျောင်းကုန်းမြို့နယ် အခြေခံပညာမူလတန်းကျောင်း ကုန်းတန်းကြီးကျောင်းတွင် ရောင်းချနေသော ကျောင်းမုန့်ဈေးတန်းတွင် မုန့်များအား ကွင်းဆင်းဆေးခဲ့ရာ ရောင်းချနေသောမုန့်များတွင် မြန်မာဘာသာဖြင့်ရေးသားဖော်ပြထားသော ကုန်အညွှန်းအမှတ်အသားနှင့် FDA ထောက်ခံချက်များပါရှိကြောင်း ကွင်းဆင်းစစ်ဆေးခဲ့မှုအား  သတင်းရရှိပါသည်။

DOCA (ဧရာဝတီ)

MISTINE White Spa အလှကုန်ပစ္စည်းများတွင် ကုန်ညွှန်းအမှတ်အသားပြည့်စုံခြင်းရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခြင်း

         ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ခံနှင့် ဝန်ထမ်းတို့သည် ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ (၂၄) ရက်နေ့၊ နံနက် (၁:၀၀) နာရီအချိန်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့် ပူးပေါင်း၍ ကျောင်းကုန်းမြို့နယ် မြို့မဈေးအတွင်းရှိ အလှကုန်ဆိုင်များအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရပါသည်။

          အဆိုပါစစ်ဆေးမှုတွင် မြန်မာဘာသာဖြင့် ရေးသားဖော်ပြထားသော ကုန်စည်များကိုသာ ရွေးချယ်ဝယ်ယူစားသုံးရန်နှင့် အခန်း(၁၈) ပါ ကုန်အညွှန်းအမှတ်အသားနှင့် ပက်သက်၍ ထုတ်လုပ်သည့်ရက်စွဲ၊ သက်တမ်းကုန်ဆုံးမည့်ရက်စွဲတို့ဖော်ပြထားသော ကုန်ပစ္စည်းများကိုသာရောင်းချရန်နှင့် ကုန်စည်နှင့် ဝန်ဆောင်မှုများကြောင့် စားသုံးသူများ နစ်နာဆုံးရှုံးမှုဖြစ်ပေါ်လာပါက အရေးဆိုတိုင်ကြားနိုင်သည့် စင်တာများ တိုင်း/ ခရိုင်/ ရုံးချုပ်တို့တွင် ဖွင့်လှစ်ထားရှိကြောင်းနှင့် Call Centre 1535 သို့ ဆက်သွယ် တိုင်ကြားနိုင်ကြောင်း အသိပညာပေးကွင်းဆင်းခဲ့ကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)

ကျောင်းကုန်းမြို့နယ် မြို့မဈေးအတွင်းရှိ ကုန်စုံဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်း

        ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ခံနှင့် ဝန်ထမ်းတို့သည် ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ (၂၄) ရက်နေ့၊ နံနက် (၁0:၀၀) နာရီအချိန်တွင် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့် ပူးပေါင်း၍ ကျောင်းကုန်းမြို့နယ်အတွင်းရှိ ကုန်စုံဆိုင်များအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရပါသည်။

          အဆိုပါစစ်ဆေးမှုတွင် စံချိန်စံညွှန်း အရည်အသွေးမှီ ကုန်ပစ္စည်းများ ထုတ်လုပ်နိူင်ရန်နှင့် အသေးစားကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် အခန်း(၁၈) ပါ ကုန်အညွှန်းအမှတ်အသားနှင့် ပက်သက်၍ မြန်မာဘာသာဖြင့် ရေးသားဖော်ပြထားသော ကုန်စည်များကိုသာ ရွေးချယ်ဝယ်ယူစားသုံးရန်နှင့် ကုန်စည်နှင့် ဝန်ဆောင်မှုများကြောင့် စားသုံးသူများ နစ်နာဆုံးရှုံးမှုဖြစ်ပေါ်လာပါက အရေးဆိုတိုင်ကြားနိုင်သည့် စင်တာများ တိုင်း/ ခရိုင်/ ရုံးချုပ်တို့တွင် ဖွင့်လှစ်ထားရှိကြောင်းနှင့် Call Centre 1535 သို့ ဆက်သွယ် တိုင်ကြားနိုင်ကြောင်း အသိပညာပေးကွင်းဆင်းခဲ့ကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)

မြို့မဈေးကြီး အတွင်းရှိအတွင်းရှိ ကုန်စုံဆိုင်များရှိ စားသောက်ကုန်များတွင် ကုန်ညွှန်းအမှတ်အသားပြည့်စုံခြင်းရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခြင်း

             ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံဦးတင်ကိုနှင့်  ဝန်ထမ်းတို့သည် ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ(၂၅) ရက်နေ့၊ နံနက် (၁0:30) နာရီအချိန်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင် သာယာရေးအဖွဲ့တို့နှင့် ပူးပေါင်း၍ မြို့မဈေးကြီးအတွင်းရှိ အခြေခံစားသောက်ကုန်များအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရပါသည်။

          ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ဈေးနှုန်းကြီးမြှင့်မှု မရှိစေရေးနှင့် ကုန်ဈေးနှုန်းများ တည်ငြိမ်စေရေးအတွက် ကြပ်မတ်ဆောင်ရွက်လျက်ရှိရာ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ သိုလှောင်ခြင်း၊ ဖြန့်ဖြူးရောင်းချမှုများရှိ/ မရှိ စစ်ဆေးခဲ့ပြီး အခန်း(၁၈)ပါကုန်ညွှန်းအမှတ်အသားများပြည့်စုံခြင်းရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခဲ့ရာ ကုန်ညွှန်းအမှတ်အသားများ ပြည့်စုံခြင်းရှိသဖြင့် ကုန်ညွှန်းအမှတ်အသားများ မပြည့်စုံသည့် ကုန်ပစ္စည်းများကို မရောင်းချရန် အသိပညာပေးကွင်းဆင်းခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA (ဧရာဝတီ)

ကျောင်းကုန်းမြို့နယ် အခြေခံပညာအထက်တန်းကျောင်းများတွင် အသိပညာရေးဟောပြောခြင်း

          ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်ကျောင်းကုန်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံဦးတင်ကိုဝန်ထမ်းတို့သည် မြို့နယ်ပြန်/ဆက်၊ မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနတို့နှင့် ပူးပေါင်း၍ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ (၂၄) ရက်နေ့၊ နံနက် (၀9:0၀) နာရီအချိန်တွင် ကျောင်းကုန်းမြို့နယ် ကွင်းကြီးကျေးရွာရှိ အခြေခံပညာအထက်တန်းကျောင်းတွင် အလယ်တန်းကျောင်းသို့ အသိပညာပေးဟောပြောခဲ့ပါသည်။

          အဆိုပါဟောပြောမှုတွင် မြို့နယ်တာဝန်ခံဦးတင်ကိုသည် ကျောင်းတွင်းနှင့် ကျောင်းပြင်ပတွင် ရောင်းချနေသော ဈေးဆိုင်များတွင် ကုန်ပစ္စည်းများ ကုန်ညွှန်းအမှတ်အသားပြည့်စုံခြင်းရှိမရှိ၊ ထုတ်လုပ်သည့်ရက်စွဲ၊ သက်တမ်းကုန်ဆုံးသည့်ရက်စွဲ၊ မြန်မာဘာသာစကားဖြင့် ဖော်ပြထားသော ကုန်ပစ္စည်းများကို ဝယ်ယူကြရန်နှင့် ကုန်ညွှန်းအမှတ်အသား ပြည့်စုံခြင်းမရှိသော ကုန်ပစ္စည်းများကို အသုံးမပြုကြရန်၊ ရွေးချယ်ဝယ်ယူသုံးစွဲသည့် အခါတွင်လည်း အခန်း(၁၈)ပါ ကုန်ညွှန်းအမှတ်အသားများပြည့်စုံသော ကုန်ပစ္စည်းများကိုသာ အရွေးချယ်ဝယ်ယူသင့်ကြောင်းနှင့် ကုန်ညွှန်းအမှတ်အသားများ ပြည့်စုံခြင်းမရှိသော မုန့်များသာမက အခြားစားသောက်ကုန်များတွင်လည်း ကုန်ညွှန်းအမှတ်အသားပြည့်စုံသော ကုန်ပစ္စည်းများကိုသာ ရွေးချယ်ဝယ်ယူသုံးစွဲသင့် ကြောင်း အသိပညာပေးဟောပြောခဲ့ကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)

ဧရာဝတီမြေပဲဆီဘူးများတွင် ကုန်ညွှန်းအမှတ်အသားပြည့်စုံခြင်းရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခြင်း

          ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံဦးတင်ကိုနှင့်  ဝန်ထမ်းတို့သည် ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ(၂၅) ရက်နေ့၊ နံနက် (၁0:30) နာရီအချိန်တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့် ပူးပေါင်း၍ မြို့မဈေးကြီးနှင့် မြို့ပေါ်ရပ်ကွက်ရှိ ဧရာဝတီမြေပဲဆီရောင်းချသောဆိုင်များသို့ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

          ထိုသို့  ကွင်းဆင်းစစ်ဆေးရာတွင် ဈေးနှုန်းကြီးမြှင့်မှု မရှိစေရေးနှင့် ကုန်ဈေးနှုန်းများ တည်ငြိမ်စေရေးအတွက် ကြပ်မတ်ဆောင်ရွက်လျက်ရှိရာ ဈေးနှုန်းမြှင့်တင် ရောင်းချခြင်းများရှိ/ မရှိ စစ်ဆေးခဲ့ပြီး အခန်း(၁၈)ပါကုန်ညွှန်းအမှတ်အသားများပြည့်စုံခြင်းရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခဲ့ရာ ကုန်ညွှန်းအမှတ်အသားများ ပြည့်စုံခြင်းရှိသဖြင့် ကုန်ညွှန်းအမှတ်အသားများမပြည့်စုံသည့် ကုန်ပစ္စည်းများကို မရောင်းချရန် အသိပညာပေးကွင်းဆင်းခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA (ဧရာဝတီ)

မအူပင်မြို့ နယ်စပ်ဒေသ တိုင်းရင်းသား လူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်းတွင် ကျောင်းသူး/သူများအား “စားသုံးသူအခွင့်အရေး ဦးစားပေး” သိရှိနိုင်ရန် အသိပညာပေး

        (၂၄..၂၀၂၅) ရက်နေ့ (၀၉၀၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်၊ ခရိုင်ဦးစီးမှူး ဦးဇော်မင်းနှင့် ဒု-ခရိုင်ဦးစီးမှူး ဦးအောင်ဇော်ဦးနှင့် ဝန်ထမ်း များ၊ မိတ်ဖက်ဌာနများနှင့် အတူစားသုံးသူအခွင့်အရေး ဦးစားပေးသိရှိနိုင်ရန် နယ်စပ်ဒေသ တိုင်းရင်းသား လူငယ်များဖွံ့ဖြိုးရေး သင်တန်းကျောင်းတွင်  ကျောင်းသားလူငယ် (၁၃၆)ဦးအား အသိပညာပေး ဟောပြောဆွေးနွေးခဲ့ကြောင်းသိရပါသည်။

       အဆိုပါ အသိပညာပေးဟောပြောပွဲတွင်  ခရိုင်ဦးစီးမှူးဦးဇော်မင်းမှ စားသုံးသူကာကွယ်ရေးဥပဒေ (၂၀၁၉)ပါ စားသုံးသူရေးရာဦးစီးဌာန၏ လုပ်ပိုင်ခွင့်နှင့် တာဝန်များအကြောင်းကိုလည်းကောင်း၊ စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူပြည်သူများအတွက် အသိပညာပေးခြင်း၊ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း၊ လုပ်ငန်းရှင်အသိပညာပေးတွေ့ဆုံဆွေးနွေးခြင်း၊ ထုတ်ကုန်လုံ ခြုံစိတ်ချရမှုရှိစေရန် စက်ရုံအလုပ်ရုံများအား ကွင်းဆင်းစစ်ဆေးခြင်း၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် ပက်သက်၍ လုပ်ငန်းရှင်များအား စိစစ်ဆောင်ရွက်ပေးခြင်း လုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိကြောင်းကို အကျယ်တဝင့် ရှင်းလင်းဟောပြောခဲ့ကြောင်း သိရှိရပါသည်။

         ဆက်လက်၍ စားသုံးသူရေးရာဦးစီးဌာနမှ ဒု-ခရိုင်ဦးစီးမှူးမှ စားသုံးသူကာကွယ်ရေး လုပ်ငန်း စဉ်အကြောင်း၊ စားသုံးသူတို့၏ အခွင့်အရေးများ၊ စီးပွားရေးလုပ် ငန်းရှင်တို့၏ လိုက်နာရမည့်တာဝန်များ၊ စားသုံးသူတို့၏အခွင့်အရေး နစ်နာဆုံးရှုံမှုများရှိလာပါက အရေးဆို တိုင်ကြားနိုင်သည့်နည်းလမ်းများအကြောင်း၊ စားသုံးသူတို့၏ အခွင့်အရေးကို ဆုံးရှုံးမခံဘဲ တိုင်ကြားစေလိုကြောင်း၊ ပြည်သူများ မိမိအခွင့်အရေးအတွက် တိုင်ကြားသည့် အလေ့အကျင့်များ ရှိစေလိုကြောင်း၊ တိုင်ကြားရုံသာမက မိမိတို့ လိုက်နာရမည့် တာဝန်များကိုလည်း သိရှိလိုက်နာ တက်ရန်လိုကြောင်း၊ ကုန်စည်/ ဝန်ဆောင်မှုများကြောင့် နစ်နာဆုံးရှုံး၍ တိုင်ကြားလာပါက ဌာနမှ ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည့် ဖြစ်စည်များ အဆင်ပြေသွားသည့် အမှုကိစ္စများအောင်မြင်စွာ ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း၊ တိုင်းဒေသကြီး/ ပြည်နယ်များတွင်လည်း ဆက်သွယ်တိုင်ကြားနိုင်ရန် ဖွင့်လှစ်ထားရှိသောကြောင့် ဆက်သွယ်နိုင်သည့် လိပ်စား၊ ဖုန်းနံပါတ်များ၊ Mobile app website, Facebook page နှင့် CICC စင်တာများတွင် လူကိုယ်တိုင်သော်လည်းကောင်း၊ ဖုန်းဖြင့်လည်းကောင်း တိုင်ကြား၍ ရနိုင်ပါကြောင်းကို အကျယ်တဝင့် ရှင်းလင်းဟောပြောခဲ့ပြီး ကျောင်းသူ/လူငယ်များက သိရှိလိုသည့် မေးခွန်းများကိုလည်း ပြန်လည်ဖြေကြားဆွေးနွေးခဲ့ပြီး ဟောပြောပွဲကို (၁၁၃၀)နာရီ အချိန်တွင် ပိတ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

ညောင်တုန်းမြို့နယ် ကုန်စည်ဒိုင်ခန်းမတွင် ဆန်ကုန်သည်လုပ်ငန်းရှင်များအား စားသုံးသူအသိပညာပေးဟောပြောခြင်း

             စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံး ညောင်တုန်းမြို့နယ်၊ မြို့နယ်ဦးစီးမှူး ဦးအောင်လွင်နှင့် ဝန်ထမ်းများသည် (..၂၀၂၅) ရက်နေ့ နံနက် (၁၁း၃၀) နာရီအချိန်တွင် ဆန်ကုန်သည်(၁၅)ဦးအား စားသုံးသူကာကွယ်ရေးအသိပညာပေး ဆွေးနွေးမှု ပြုလုပ်ခဲ့ကြပါသည်။

    အဆိုပါဆွေးနွေးအသိပညာပေးပွဲတွင် မြန်မာနိုင်ငံဆန်စက်လုပ်ငန်းရှင်များအသင်း အထွေထွေအတွင်းရေးမှူး၊ မြို့နယ်မီးသပ်ဦးစီးဌာနနှင့် ကုန်စည်ဒိုင်အသင်သားများပါဝင်ပြီး ဆွေးနွေးခဲ့ကြပါသည်။

       ဆက်လက်၍ ညောင်တုန်းမြို့နယ်ဦးစီးမှူးမှ စားသုံးသူရေးရာဦးစီးဌာန၏ လုပ်ငန်းတာဝန် သက်မှတ်ချက်များအကြောင်း၊ ဦးစီးဌာန၏ မူဝါဒများအကြောင်း၊ ဌာန၏ ရည်မှန်းချက်များ အကြောင်းနှင့် မျှော်မှန်းချက်ဖြစ်သော ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးနှင့် စားသုံးသူကာကွယ်ရေး လုပ်ငန်းများဖြင့် နိုင်ငံစီးပွားဖွံ့ဖြိုးတိုးတက်စေရန် မျှော်မှန်းဆောင်ရွက်ချက်များအကြောင်း၊ ကုန်စည်၊ ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ စားသုံးသူများနစ်နာမှု ရှိလာပါကအရေးဆို တိုင်ကြား နိုင်သည့် Call Center 1535 သို့ ဆက်သွယ် မေးမြန်း တိုင်ကြား နိုင်ပြီဖြစ်ကြောင်း၊ စီးပွားရေး လုပ်ငန်းရှင်များအနေဖြင့် ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ သိရှိလို သည်များကို မည်သူမဆို Call Center 1535  မေးမြန်းနိုင်ပါကြောင်း ဆန်စက်လုပ်ငန်းရှင်များအာ အသိပညာပေးဟောပြောခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ မြန်မာ့ဆန်တင်ပို့နိုင်ရေးလုပ်ငန်းကြီးကြပ်ရေးအဖွဲ့ အစည်းအဝေး ကျင်းပပြုလုပ်

၂၀၂ ခုနှစ်၊ အောက်တိုဘာလ ၂၃ ရက်နေ့ (ကြာသပတေးနေ့)

            တရုတ်နိုင်ငံသို့ဆန်တင်ပို့ရေးအတွက် တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ မြန်မာ့ဆန်တင်ပို့နိုင်ရေးလုပ်ငန်းကြီးကြပ်ရေးအဖွဲ့ ညှိနှိုင်းအစည်းအဝေးကို စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ရုံးအမှတ် အစည်းအဝေးခန်းမ၌ ၂၀၂ ခုနှစ်၊ အောက်တိုဘာလ ၂၃ ရက်နေ့ ၊ နေ့လယ် ၁ နာရီ တွင် လုပ်ငန်းကြီးကြပ်ရေးအဖွဲ့၊ ဥက္ကဋ္ဌ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန် ဦးဆောင်၍ ကျင်းပပြုလုပ်ခဲ့ပါသည်။

           ရှေးဦးစွာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ မြန်မာ့ဆန်တင်ပို့နိုင်ရေးလုပ်ငန်းကြီးကြပ်ရေးအဖွဲ့၊ ဥက္ကဋ္ဌ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန်က အဖွင့်အမှာစကား ပြောကြားရာတွင် ဆန်တင်ပို့မှုနှင့်ပတ်သက်၍ တရုတ်နိုင်ငံ၊ အကောက်ခွန် အထွေထွေအုပ်ချုပ်ရေးအာဏာပိုင်အဖွဲ့ (GACC) နှင့် မြန်မာနိုင်ငံ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနတို့အကြား လက်မှတ်ရေးထိုးထားသည့် SPS Protocol ကို ၂၀၁၄ ခုနှစ်က စတင်လက်မှတ်ရေးထိုးခဲ့ပြီး ဆန်အပါအဝင် ဆန်ကွဲပါတရားဝင်တင်ပို့နိုင်ရေးအတွက် ၂၀၂၀ ပြည့်နှစ်တွင် ပြန်လည်လက်မှတ်ရေးထိုးနိုင်ခဲ့သည်ဟု သိရှိရပါကြောင်း၊ SPS Protocol အရ တရုတ်နိုင်ငံသို့ မှတ်ပုံတင်ခွင့် ရရှိထားသည့် ကုမ္ပဏီ အရေ အတွက် မှာ ၂၀၁၄ ခုနှစ်တွင် ကုမ္ပဏီ ၁၁ ခုသာရှိခဲ့ရာမှ ၂၀၂၄ ခုနှစ်တွင် ကုမ္ပဏီ ၂၃ ခုရှိပြီး ၂၀၁၄ ခုနှစ် မှ ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၂၁ ရက်နေ့ထိ စုစုပေါင်း ကုမ္ပဏီ ၁၄၀ ခု အထိ ရှိလာပြီဖြစ်ပါကြောင်းယခု ၂၀၂၅ ခုနှစ်အတွက် တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ဆန် နှင့် ဆန်ကွဲ တင်ပို့နိုင်ရေး အဆိုပြုလျှောက် ထားလာသော ကုမ္ပဏီ အသစ် ၄၇ ခု ရှိပါကြောင်း၊ ၂၀၂၅ ခုနှစ်အတွက် အဆိုပြုကုမ္ပဏီ ၄၇ ခုအနက် ကုမ္ပဏီ ၄၁ ခုမှ ဆန်စက် စုစုပေါင်း ၄၁ စက်နှင့် Transit သိုလှောင်ရုံ လုံး စစ်ဆေးခဲ့ပြီး ကျန်ကုမ္ပဏီ ၆ ခုသည် စစ်ဆေးမှု ခံယူနိုင်ခြင်း မရှိဟု သိရှိရပါကြောင်း၊ တရုတ်နိုင်ငံ GACC တွင် မှတ်ပုံတင်ခွင့်ရရှိသည့် ဆန်စက်များအနေနဲ့ SPS Protocol ပါ သတ်မှတ်ချက်များကို စစ်ဆေးရေးအဖွဲ့လာရောက်မှသာ ပြင်ဆင် ဆောင်ရွက်ခြင်းမျိုး မဟုတ်ဘဲ အစဉ်အမြဲလိုက်ပါဆောင်ရွက်နိုင်မှသာ ပြည်ပဈေး ကွက်တည်မြဲနိုင်မည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။ ဆက်လက်၍ ဆန်စက်များ နှင့် သိုလှောင်ရုံများအား စစ်ဆေးပြီးစီးမှုအပေါ် နည်းပညာရပ်ဆိုင်ရာလုပ်ငန်းအဖွဲ့က စိစစ်ရွေးချယ်ထားရှိမှုအခြေအနေများနှင့်စပ်လျဉ်း၍ အမှာစာများကို အဖွဲ့ဝင်များက အတည်ပြုဆွေးနွေးခဲ့ကြပါသည်။

            အစည်းအဝေးသို့ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ မြန်မာ့ဆန်တင်ပို့နိုင်ရေး လုပ်ငန်းကြီးကြပ်ရေးအဖွဲ့၊ ဥက္ကဋ္ဌ ဒုတိယ ဥက္ကဋ္ဌနှင့် လုပ်ငန်းကြီးကြပ်ရေးအဖွဲ့ဝင်များ စုစုပေါင်း (၁၈) ဦး တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

ITQM

ပန်းတနော်မြို့ ရွာသစ် အ.မ.က ကျောင်းတွင် စားသုံးသူကာကွယ်ရေးသိကောင်းစရာ အသိပညာပေးဟောပြောပွဲ အောင်မြင်စွာကျင်းပပြီးစီး

            စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံး ပန်းတနောမြို့နယ်ရှိ ဦးခိုင်လွမ်းမိုးနှင့် ဝန်ထမ်းများသည် ..၂၀၂၅ နေ့  (၁၂း၀၀) နာရီချိန်အထိ မိတ်ဖက်ဌာန တိုင်းရင်းဆေးပညာဦးစီးဌာနနှင့် ပူးပေါင်း၍ ပန်းတနော်ရွာမ (အ.မ.က) ကျောင်းရှိ ကျောင်းသား/ကျောင်းသူ (၁၆၉)အား စားသုံးသူကာကွယ်ရေးသိကောင်းစရာ အသိပညာပေးဟော ပြောပွဲကျင်းပပြုလုပ်ခဲ့ကြောင်း သိရပါသည်။

        အဆိုပါဟောပြောပွဲတွင် ကျောင်းအုပ်ဆရာကြီးက အဖွင့်အမှာ စကားပြောကြားပြီး ပူးပေါင်းပါဝင်သော တိုင်းရင်းဆေးပညာဦးစီးဌာနကလည်း ၎င်းဌာန၏ လုပ်ငန်းဆောင် ရွက်ချက်များနှင့် အသိပညာပေးလုပ်ငန်းများအကြောင်းကို ဟောပြောဆွေးနွေးခဲ့ကြပါသည်။

        စားသုံးသူရေးရာဦးစီးဌာနမှ ဦးအောင်ကျော်သက်က ဟောပြောဆွေးနွေးရာတွင် စားသုံးသူအခွင့်အရေး၊ စီးပွားရေးလုပ်ငန်းရှင်၏ လိုက်နာရမည့်တာဝန်များ၊ ကုန်အညွှန်း အမှတ်အသား၏ အရေးကြီးပုံ၊ ကုန်စည်ဝန်ဆောင်မှုကို စားသုံးသူမှ စိတ်ကြိုက်ရွေးချယ်ဝယ်ယူတက်စေရန်နှင့် နစ်နာမှုရှိလာပါက စားသုံးသူရေးရာဦးစီးဌာနသို့ တိုင်ကြားနိုင်သည့် နည်းလမ်းများ၊ ပြစ်မှု၊ ပြစ်ဒဏ်များနှင့်စားသုံးသူကာကွယ်ရေး ဥပဒေကို လေးစားလိုက်နာပါက ဘေးကင်းသော အစားအစာများကို ရွေးချယ်ဝယ်ယူစားသုံးနိုင်မည်ဖြစ်ကြောင်း ဟောပြောဆွေးနွေးပြီး ဟောပြောပွဲတွင် ကျောင်းသား/ ကျောင်းသူများက သိရှိလိုသည်များမေးမြန်းကြရာ ပြန်လည်ရှင်းလင်းဖြေကြားခဲ့ပြီး စားသုံးသူကာကွယ်ရေးအသိပညာပေး လက်ကမ်းစာ စောင်ဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

Pages

Subscribe to RSS - HighLight News