သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ဗန်းမော်မြို့၊ ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေး

     စားသုံးသူရေးရာဦးစီးဌာန၊ ဗန်းမော်ခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဦးအောင်ကျော်ဦးသည် ၁၃.၂.၂၀၂၃ ရက်နေ့ (၀၉:၀၀)နာရီအချိန်တွင် ဗန်းမော်မြို့နယ်အကောက်ခွန်ဦးစီးဌာနရုံးတွင် ဗန်းမော်မြို့ရှိ  ပို့ကုန်သွင်းကုန် စီးပွားရေးလုပ်ငန်းရှင်များအား တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

    ထိုသို့ ဆွေးနွေးရာတွင် ခရိုင်ဦးစီးမှူး ဦးအောင်ကျော်ဦးက စီးပွားရေးလုပ်ငန်းရှင်များသည် စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှု၏ အာမခံချက်သတ်မှတ်ချက်များနှင့် စပ်လျဉ်း၍ ရိုးရှင်းမှန်ကန်သော သတင်းအချက်အလက်များပေးခြင်း၊ စီးပွားရေးလုပ်ငန်းလုပ်ကိုင်ရာ တွင် စီးပွား‌ရေးကျင့်ဝတ်၊ စည်းကမ်းနှင့်အညီဖြောင့်မတ်မှန်ကန်စွာဆက်ဆံခြင်း၊ ကုန်သွယ်မှုပြုရန်နှင့် ထုတ်လုပ်မှုပြုရန်အလို့ငှာ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာအစိုးရဌာန၊ အစိုးရအဖွဲ့အစည်းများက သတ်မှတ်ထာသည့် အရည်အသွေးစံ သတ်မှတ်ချက်များအပေါ်အခြေခံ၍ အာမခံချက်ပေးခြင်း၊  ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ ကတိပြုထားသော အာမခံချက် နှင့်ကိုက်ညီမှုမရှိပါက ကတိပြုထားသည့်အတိုင်း တာဝန်ယူဆောင်ရွက်ပေးခြင်းတို့သည် စီးပွားရေးလုပ်ငန်းရှင်များ၏ တာဝန်များဖြစ်ကြောင်း၊ ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက်ပေးခြင်း၊ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုအပေါ် တာဝန်ရှိမှုတို့ကို ရှင်းလင်း‌ဆွေးနွေးခဲ့ပါသည်။

     အဆိုပါဆွေးနွေးပွဲသို့ ဗန်းမော်မြို့ရှိ ပို့ကုန်သွင်းကုန်စီးပွားရေးလုပ်ငန်းရှင်(၁၀)ဦး တက်ရောက်ခဲ့ပြီး စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ကချင်)

 

လက်လီ/လက်ကား ကုန်စုံဆိုင်များအား ‌ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

            စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းပြီး ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး၊ ဘေးအန္တရာယ် ရှိသော ကုန်စည်များ ဈေးကွက်အတွင်းမှ ပပျောက်စေရေးအတွက် စားသုံးသူရေးရာဦးစီးဌာန၊ မိုးညှင်း ခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူး ဦးကျော်မိုးလွင် သည် ၁၀.၂.၂၀၂၃ရက်နေ့ ၁၀း၀၀ နာရီအချိန်တွင် မိုးညှင်းမြို့၊နောင်စွန်းရပ်ကွက်ရှိ လက်လီ/လက်ကားဖြန့်ဖြူးရောင်းချသောကုန်စုံဆိုင်များသို့သွားရောက် ၍ FIRE DRAGONအမှတ်တံဆိပ်(အားဖြည့်အချိုရည်)တွင်  စားသုံးသူကာကွယ်ရေးဥပဒေပါကုန်အညွှန်း အမှတ်အသားဖော်ပြခြင်းကိုက်ညီမှု ရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် အစားအသောက်များကုန်စည်အုပ်စု၊အသင့်သောက် အချိုရည်တွင်ပါဝင်သည့် FIRE DRAGONအမှတ်တံဆိပ်(အားဖြည့်အချိုရည်)၌ ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်နှင့်အညီ မြန်မာဘာသာဖြင့် သိသာထင်ရှားစွာဖော်ပြရမည့် ကုန်စည်၏ အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်၊ အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ ဓါတ်မတည့်ကြောင်းဖော်ပြချက်များ ပြည့်စုံစွာဖော်ပြပါရှိကြောင်း စစ်ဆေးတွေ့ရှိရပြီး ကုန်စုံဆိုင်ပိုင်ရှင်အား ကုန်အညွှန်းအမှတ်အသားပြည့်စုံမှုမရှိသည့် ကုန်စည်များဈေးကွက်အတွင်း ရောင်းချမှုမပြုရန် ရှင်းလင်းဆွေးနွေးခဲ့ပြီး ကုန်အညွှန်းအမှတ်အသားဆိုင်ရာ လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ပါသည်။

DOCA(ကချင်)

ဘားအံမြို့ပေါ်ရှိ အခြေခံပညာအထက်တန်းကျောင်းတွင် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲ ကျင်းပ

     စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ ဘားအံခရိုင်ဦးစီးမှူး ဦးမျိုးဝင်းနိုင်နှင့် ဝန်ထမ်းများသည် ၁၀-၂-၂၀၂၃ ရက်နေ့၊ နံနက် ၁၀:၀၀ နာရီအချိန်တွင် ကရင်ပြည်နယ်၊ ဘားအံမြို့ပေါ်ရှိ အ.ထ.က(၅) ကျောင်းသို့ သွားရောက်၍ စားသုံးသူကာကွယ်ရေးဆိုင်ရာကိစ္စရပ် များကို ဆရာ၊ ဆရာမ (၅) ဦး နှင့် ကျောင်းသား၊ ကျောင်းသူ (၂၀၀) ဦး၊ စုစုပေါင်း (၂၀၅) ဦးအား အသိပညာပေးဟောပြောပွဲ ကျင်းပခဲ့ကြောင်း သိရသည်။

    အဆိုပါဟောပြောပွဲတွင် ဘားအံခရိုင်ဦးစီးမှူး ဦးမျိုးဝင်းနိုင်က  စားသုံးသူရေးရာဦးစီးဌာန၏ မျှော်မှန်းချက်၊ ရည်မှန်းချက်နှင့် စားသုံးသူကာကွယ်ရေးအကြောင်း  သိကောင်းစရာများ ရှင်းလင်းဆွေးနွေးခဲ့ပြီး အငယ်တန်းစာရေး ဒေါ်မိခင်သူဇာက ထုတ်ကုန်လုံခြုံစိတ်ချမှုရှိသော အစား အသောက်နှင့် ကုန်စည်များကို စနစ်တကျ ရွေးချယ်ဝယ်ယူ စားသောက်သုံးစွဲတတ်စေရန် ကုန်အညွှန်းအမှတ်အသားအကြောင်းကို ကျောင်းသား၊ ကျောင်းသူများကို လွယ်ကူစွာသိရှိနိုင်ရေးအတွက် နမူနာ မုန့်မျိုးစုံဖြင့် လက်တွေ့ ရှင်းလင်း ပြောကြားခဲ့သည်။ ထို့နောက် ခရိုင်ဦးစီးမှူးနှင့် ကျောင်းကျန်းမာရေးကော်မတီဆရာမများသည် ကျောင်းဝန်းအတွင်းရှိ ကျောင်းမုန့်ဈေးတန်းတွင် အစားအသောက်များ ဘေးအန္တရာယ်ကင်းရှင်းစေရေးနှင့် ထုတ်ကုန်များ လုံခြုံစိတ်ချရမှုရှိစေရေးအတွက်   ကျောင်းမုန့်ဈေးတန်းအား စစ်ဆေးခြင်းများ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ကရင်)

 

“ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်ပတ်သက်၍စျေးကွက်စောင့်ကြည့်စစ်ဆေး”

     ကျောက်ဆည်ခရိုင်၊စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူးဦးဆောင်သော စစ်ဆေးရေးအရာရှိများသည် ကုန်အညွှန်းအမှတ်သားဆိုင်ရာပြဋ္ဌာန်းချက်များနှင့်စပ်လျဉ်း၍ စီးပွားရေးလုပ်ငန်းရှင်များလိုက်နာဆောင်ရွက်နိုင်ရန်အတွက် (၈-၂-၂၀၂၃)ရက်နေ့တွင် စဉ့်ကိုင်မြို့နယ်၊ ရွာဟောင်းကုန်းကျေးရွာရှိ “Pucci” အမှတ်တံဆိပ်မုန့်စက်ရုံအား ကွင်းဆင်း၍စျေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ပါသည်။  ရှေးဦးစွာ ခရိုင်ဦးစီးမှူး ဦးကျင်းဌေးဦးဆောင်သော စစ်ဆေးရေးအရာရှိများသည် စက်ရုံဧည့်ခန်းမ၌ စက်ရုံမှတာဝန်ရှိသူများအားတွေ့ဆုံ၍ စားသုံးသူကာကွယ်ရေးဥပဒေအား ၂၀၁၉ ခုနှစ်၊ မတ်လ ၁၅ ရက်နေ့တွင် အသစ်ပြန်လည်ပြဋ္ဌာန်းခဲ့ပြီးဖြစ်ကြောင်း၊ ၄င်းဥပဒေတွင် စားသုံးသူအခွင့်အရေး၊ စီးပွားရေးလုပ်ငန်းရှင်များ၏တာဝန်များနှင့် အခန်း(၁၈)တွင် ပြဋ္ဌာန်းထားသော ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာ၌ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ကုန်စည်တစ်ခုကိုထုတ်လုပ်ရာတွင် ကုန်စည်၏တံဆိပ်အမှတ်အသား၊ အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့် အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ သုံးစွဲပုံနည်းလမ်း၊ ထုတ်လုပ်သည့်ရက်စွဲနှင့် သက်တမ်းကုန်ဆုံးသည့်ရက်စွဲ၊ ထုတ်လုပ်မှုအမှတ်စဉ်၊ ထုတ်လုပ်သည့်လုပ်ငန်းအမည်နှင့်လိပ်စာ၊ ထုတ်လုပ်သည့်နေရာ၊ ပါဝင်သောကုန်ကြမ်းပစ္စည်းများ၏အမျိုးအမည်နှင့် ပမာဏ၊ ပါဝင်မှုအချိုးအစား၊ ကျန်းမာရေးဆိုင်ရာဘေးထွက်ဆိုးကျိုး (သို့မဟုတ်) ဓါတ်မတည့်ကြောင်းဖော်ပြချက်နှင့်ကြိုတင်သတိပေးချက်၊ သက်ဆိုင်ရာအစိုးရဌာနများက ဖော်ပြရန်သတ်မှတ်ထားသောအချက်အလက်များအား ထည့်သွင်းဖော်ပြရန်ပြဋ္ဌာန်းခဲ့ကြောင်း၊ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်ကလည်း ကုန်စည်များအား အုပ်စုခွဲပြီး ကုန်အညွှန်းအမှတ်အသားဖော်ပြမှုနှင့်ပတ်သက်၍ ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ()ရက်နေ့တွင် ထုတ်ပြန်ခဲ့သည့် ညွှန်ကြားချက်အမှတ်(/၂၀၁၉)ဖြင့် ထုတ်ပြန်ခဲ့မှုအခြေအနေများအား အသေးစိတ်ရှင်းလင်းပြောကြားခဲ့ကြောင်းသတင်းရရှိပါသည်။

DOCA(မန္တလေး)

 

ကံမမြို့နယ်၊ မင်းကုန်းအခြေခံပညာအလယ်တန်းကျောင်း(ခွဲ)၌ စားသုံးသူကာကွယ်ရေး အသိပညာပေး

      စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူးနှင့် ခရိုင်ဦးစီးမှူးတို့၏လမ်းညွှန်မှုဖြင့် သရက်ခရိုင်ဦးစီးမှူးရုံးမှ ကံမ မြို့နယ်တာဝန်ခံ ဒု-ဦးစီးမှူး ဒေါ်နွဲ့ယဉ်ဝင်းသည် ကံမမြို့နယ် အားကစားနှင့်လူငယ်ရေးရာဦးစီးဌာန၏ဖိတ်ကြားချက်အရ (၇-၂-၂၀၂၃)ရက်နေ့ နေ့လယ်(၁၃:၀၀)နာရီအချိန်တွင် အမှတ်(၁)ရပ်ကွက်၊ မင်းကုန်း အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)၌ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်ပူးပေါင်း၍ ကျောင်းသား/ကျောင်းသူများအား စားသုံးသူအခွင့်အရေးများသိရှိစေရန်ရည်ရွယ်၍ အသိပညာပေးဟောပြောခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

      ထိုသို့ဟောပြောရာတွင် ကံမမြို့နယ်တာဝန်ခံ ဒု-ဦးစီးမှူးဒေါ်နွဲ့ယဉ်ဝင်းက ကျောင်းသား/ကျောင်းသူများအား စားသုံးသူရေးရာဦးစီးဌာနဖြစ်ပေါ်လာပုံ၊ စားသုံးသူအခွင့်အရေးနှင့်တာဝန်များ အကြောင်း၊ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှန်ကန်စွာပါရှိသောကုန်ပစ္စည်းများအား ရွေးချယ်အသုံးပြုနိုင်စေရေး အသေးစိတ်ရှင်းလင်းခြင်းနှင့် ကံမမြို့နယ် အားကစားနှင့်လူငယ်ရေးရာဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်စိုးမိုးခိုင်က အားကစားစိတ်ဓာတ်မြင့်မားရေးအကြောင်း၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်သန်းသန်းဆွေက လူငယ်နှင့်စာပေအကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်မှထုတ်ပြန်ထားသည့် ညွှန်ကြားချက်အမှတ်(၂/၂၀၁၉)၊ ဥပဒေလက်ကမ်းစာစောင်များ၊ အခန်း(၁၈)ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာစာစောင်များအား ကျောင်းအုပ်ဆရာမကြီးထံသို့ ပေးအပ်ခဲ့ပြီး ကျောင်းသား/ကျောင်းသူ (၂၀၈)ဦးနှင့် ဆရာ/ဆရာမ(၁၁)ဦး စုစုပေါင်း (၂၁၉)ဦး  တက်ရောက်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(မကွေး)

စားသုံးသူအခွင့်အရေးရရှိရေး စာသင်ကျောင်းများသို့ အသိပညာပေး

     စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူးနှင့် ခရိုင်ဦးစီးမှူးတို့၏လမ်းညွှန်မှုဖြင့် ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ဒု-ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် (၈-၂-၂၀၂၃) ရက်နေ့  နံနက်(၉:၀၀)အချိန်တွင် ပခုက္ကူမြို့နယ်၊ သင်္ဘောကုန်းနှင့် ကုက္ကိုလှကျေးရွာများရှိ အခြေခံပညာမူလတန်းကျောင်းများသို့သွားရောက်၍ စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရှိရပါသည်။

          ကုက္ကိုလှကျေးရွာ၌ ဒု-ခရိုင်ဦးစီးမှူး ဦးဇော်ထွန်းဦးက ဆွေးနွေးရာ ဌာန၏သမိုင်းကြောင်းနှင့် လုပ်ငန်းဆောင်ရွက်ချက်များ၊ ဌာန၏ဆောင်ပုဒ်၊ မျှော်မှန်းချက်၊ ရည်မှန်းချက်များ  စားသုံးသူကာကွယ်ရေးဥပဒေပါအကြောင်းအရာများ၊ စားသုံးသူပြည်သူများအတွက် ကုန်စည်(သို့မဟုတ်) ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ ဘေးအန္တရာယ်ကင်းရှင်းစေရေးနှင့်ထုတ်ကုန်များလုံခြုံစိတ်ချမှုရှိစေရေးတို့ကို ဆောင်ရွက်နေရုံသာမက စားသုံးသူနစ်နာဆုံးရှုံးမှုများအတွက် စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာ (CICC) ဖွင့်လှစ်ထားရှိမှုအား အသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့ပြီး မြို့နယ်တာဝန်ခံ ဦးဇော်မင်းဦးက စားသုံးသူထိခိုက်နစ်နာမှုနှင့်စပ်လျဉ်း၍ တိုင်ကြားခြင်းနှင့် ကုစားပေးခဲ့မှုများအကြောင်း၊ တိုင်ကြားနိုင်သည့်နေရာများနှင့် နည်းလမ်းများအကြောင်း၊ စားသုံးသူရေးရာကိစ္စများစုံစမ်းမေးမြန်းရန်အတွက် Consumer Call Center (၁၅၃၅)အား ဖွင့်လှစ်ထားကြောင်း၊ တားမြစ်ချက်များ၊ ပြစ်မှုနှင့် ပြစ်ဒဏ်များအကြောင်းကိုလည်း အကျယ်တဝင့်ဆွေးနွေးခဲ့ပြီး စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲသို့ ဆရာ/ဆရာမ(၄)ဦး၊ ကျောင်းသား/ကျောင်းသူ(၁၂)ဦး၊ မိဘပြည်သူ(၅၆)ဦး၊စုစုပေါင်း (၇၂)ဦးတက်ရောက်ခဲ့ပါသည်။

          သင်္ဘောကုန်းကျေးရွာ၌ စားသုံးသူရေးရာဌာနခွဲတာဝန်ခံ ဒေါ်နွယ်နွယ်အေးက ဆွေးနွေးရာ ဌာန၏သမိုင်းကြောင်းနှင့် လုပ်ငန်းဆောင်ရွက်ချက်များ၊ ဌာန၏ဆောင်ပုဒ်၊ မျှော်မှန်းချက်၊ ရည်မှန်းချက်များ  စားသုံးသူကာကွယ်ရေးဥပဒေပါအကြောင်းအရာများ၊ ဌာန၏ဆောင်ပုဒ်ဖြစ်သော “စားသုံးသူအခွင့်အရေးဦးစားပေးရန်”မှာ အလွန်အရေးကြီးသောကြောင့် ယခုကဲ့သို့ လာရောက်အသိပညာပေးရခြင်းဖြစ်ကြောင်း၊ ကုန်စည်နှင့်ဝန်ဆောင်မှုများရယူသုံးစွဲရာတွင် စိတ်ကျေနပ်မှုရရှိရန်လိုအပ်ကြောင်း၊ အသုံးပြုရာတွင်လည်း ဘေးအန္တရာယ်ကင်းရှင်းစေရန်အတွက် ကုန်အညွှန်းအမှတ်အသားဖော်ပြချက်ပါ (၈)ချက်အား သတိပြုဝယ်ယူစေလိုကြောင်း၊ ကုသခြင်းထက်ကာကွယ်ခြင်းက ပို၍ကောင်းမွန်သောကြောင့် ဌာနမှဝန်ထမ်းများကလည်း လုပ်ငန်းရှင်များဆီသို့ သွားရောက်အသိပညာပေးလျက်ရှိကြောင်းနှင့် စစ်ဆေးရေးအရာရှိများကလည်း ဈေးကွက်စောင့်ကြည့်စစ်ဆေးပေးလျက်ရှိကြောင်း၊ သတင်းအချက်အလက်များ ပြည့်စုံမှန်ကန်စွာသိရှိခွင့်နှင့် ပြေစာအထောက်အထားများလည်း ရယူထားစေလိုကြောင်း၊ စိတ်ကြိုက်ရွေးချယ်ခွင့်နှင့် နစ်နာမှုများရှိပါက မှန်ကန်သောအထောက်အထားများနှင့်အတူ ဌာနသို့ လာရောက်တိုင်ကြားခွင့်ရှိပြီး ကုစားခွင့်ရရှိစေလိုကြောင်း၊ "အသိတစ်လုံးအမြတ်ဆုံး" ဖြစ်၍ ယခုသိရှိပြီးသောအကြောင်းအရာများအား လိုက်နာစေလိုကြောင်း၊ သို့မှသာ အနာဂတ်တွင် ကောင်းမွန်သာယာသောဘဝတွင် နေထိုင်နိုင်မည်ဖြစ်ကြောင်း၊ စားသုံးသူ၏တာဝန်များလည်းရှိ၍ တိကျစွာလိုက်နာရန် လိုအပ်ကြောင်း ကျယ်ကျယ်ပြန့်ပြန့်ဆွေးနွေးခဲ့ပါသည်။

     ဒု-ဦးစီးမှူး ဒေါ်တင်တင်မော်က ဆွေးနွေးရာတွင် စားသုံးသူများအနေဖြင့် ကုန်စည်များဝယ်ယူသုံးစွဲရာတွင် စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြချက်အကြောင်းများနှင့်ပတ်သက်၍ အသေးစိတ်ရှင်းလင်းဆွေးနွေးခြင်း၊ စားသုံးသူများအနေဖြင့် ကုန်စည်နှင့်ဝန်ဆောင်မှုများအားဝယ်ယူသုံးစွဲရာတွင် မှန်ကန်စွာရွေးချယ်တတ်ခြင်းဖြင့် လုံခြုံစိတ်ချရမှုရှိပြီး ဘေးအန္တရာယ်ကင်းရှင်းမည်ဖြစ်ကြောင်း၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိသော ကုန်စည်များအား အသိတရား၊ သတိထား၍ ဝယ်ယူသုံးစွဲစေလိုကြောင်း၊ တချို့ကုန်စည်များတွင် ထုပ်ပိုးမှုသာလှပပြီး စားသုံးရန်မသင့်သောအစားအစာများကို သတိလက်လွတ်ဝယ်ယူသုံးစွဲမှုမပြုစေရန်နှင့် သေချာစွာစိစစ်ရွေးချယ်ပြီးမှသာ သုံးစွဲစေလိုကြောင်း အသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့ပြီး စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲသို့ ဆရာ/ဆရာမ(၅)ဦး၊ ကျောင်းသား/ကျောင်းသူ(၈၂)ဦး၊ မိဘပြည်သူ(၇)ဦး၊ စုစုပေါင်း (၉၄)ဦးတက်ရောက်ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(မကွေး)

 

စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲပြုလုပ်

    ကချင်ပြည်နယ်စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းရေး၊ ကုန်စည်နှင့်ဝန်ဆောင်မှုများ လုံခြုံစိတ်ချရမှုရှိစေရေး၊ စားသုံးသူအခွင့်အရေးနှင့် အကျိုးစီးပွားကာကွယ်ရေးတို့အတွက်ရည်ရွယ်၍ စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲများကိုပြည်နယ် အတွင်းရှိ ခရိုင်များနှင့်မြို့နယ်များတွင်နည်းလမ်းမျိုးစုံဖြင့် နေရာအနှံ့ဆောင်ရွက်လျက်ရှိရာ စားသုံးသူရေးရာဦးစီးဌာန၊ ဗန်းမော်ခရိုင်ဦးစီးမှူးရုံးမှ ဒေါ်ဆန္ဒမွန်(ဒု-ဦးစီးမှူး)သည် ၉.၂.၂၀၂၃ ရက်နေ့ ၁၀း၀၀နာရီ အချိန်တွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန( Community Centre)ခန်းမ၌ ကျင်းပပြုလုပ်သည့် (၇၅)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲတွင် အမှတ်(၃)အခြေခံပညာမူလတန်း (လွန်)ကျောင်းမှ ကျောင်းသား/ကျောင်းသူများနှင့် ဆရာ/ဆရာမများအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ပါသည်။

   အဆိုပါဟောပြောပွဲတွင် ‌ဒေါ်ဆန္ဒမွန်(ဒု-ဦးစီးမှူး)ကစားသုံးသူရေးရာဦးစီးဌာန၏ သမိုင်းကြောင်း၊ မျှော်မှန်းချက်၊ ရည်မှန်းချက်နှင့် လက်ရှိဆောင်ရွက်လျက်ရှိသော လုပ်ငန်းများအကြောင်းရှင်းလင်းခြင်း၊ စားသုံးသူကာကွယ်ရေးဥပဒေပါအခန်း(၉)ပါ စားသုံးသူများရရှိနိုင်မည့် အခွင့်အရေး(၈)ချက်နှင့် တာဝန် (၄)ချက်ကို အကျယ်တဝင့်ရှင်းလင်းခြင်း၊ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ သိကောင်းစရာများအားရှင်းလင်းခြင်း၊ ကျောင်းသား/ကျောင်းသူများအနေဖြင့် အစားအသောက်များ ဝယ်ယူစားသောက်ရာတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံမှန်ကန်မှုရှိသော အစားအသောက်များကိုသာ ရွေးချယ်ဝယ်ယူစားသောက်သင့်ကြောင်း ဟောပြောဆွေးနွေးခဲ့ပြီး စားသုံးသူကာကွယ်ရေးဆိုင်ရာလက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ပါသည်။ဟောပြောပွဲသို့ ကျောင်းသား/ကျောင်းသူ (၅၁)ဦး၊ ဆရာ/ဆရာမ(၃)ဦး၊ စုစုပေါင်း(၅၄)ဦး တက်ရောက်ခဲ့ပါသည်။

DOCA(ကချင်)

“စားသုံးသူအခွင့်အရေး ဦးစားပေးသိရှိဖို့” အ.ထ.က ခွဲ ကျောင်းများတွင် အသိပညာပေးဟောပြောစို့

      ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့အနီးရှိ ထန်းပင်ဂွေ့အရှေ့ကျေးရွာ အ.ထ.ကခွဲ ကျောင်းတွင်  စားသုံးသူအခွင့်အရေး ဦးစားပေးသိရှိနိုင်ဖို့အတွက် မိတ်ဖက်ဌာန များနှင့်အတူ (၄.၂.၂၀၂၃) ရက်နေ့ နံနက် (၁၀:၀၀)အချိန်တွင် ထန်းပင်ဂွေ့ ထ-ခွဲမှ ကျောင်းသား/ ကျောင်းသူများကို အသိပညာပေး ဟောပြောပွဲပြုလုပ် ကျင်းပခဲ့ ကြပါသည်။

          အဆိုပါဟောပြောပွဲတွင် ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ကျန်းမာရေးဦးစီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာန၊ အားကစားနှင့် ကာယပညာဦးစီးဌာန တို့ပါဝင် ကြပြီး လူငယ်များစာပေဖတ်ရှုရေးပညာပေး၊ ကျန်းမာရေး ဗဟုသုတတိုးပွားရေး၊ ကျန်းမာကြံခိုင် သော လူငယ်ဖွံ့ဖြိုးမှုအသိပညာများ၊ စားသုံးသူကာကွယ်ရေး သိကောင်းစရာများအကြောင်းကို ဌာနအသီးသီးမှ ပညာပေး ဟောပြောခဲ့ကြပါသည်။

        စားသုံးသူရေးရာဦးစီးဌာန မှ မြို့နယ်ဦးစီးမှူး ဦးအောင်ဇော်ဦးက စားသုံးသူကာကွယ်ရေး ဥပဒေပါ အခန်း(၁)၏ အမည်၊ စတင်အာဏာတည်ခြင်းနှင့် အဓိပ္ပာယ်ဖော်ပြချက်များကို ရှင်းလင်းပြီး  စားသုံးသူကာကွယ်ရေးလုပ်ငန်းစဉ်၏ အဓိပ္ပါယ်ဖြစ်သည့် ကုန်စည် (သို့မဟုတ်) ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ စားသုံးသူ၏ အခွင့်အရေးနှင့်   အကျိုးစီးပွားကိုကာကွယ်ပေးခြင်း နှင့် စားသုံးသူနှင့်စီးပွားရေးလုပ်ငန်းရှင်တို့အကြား ကော်မရှင်နှင့် ကော်မတီအဆင့်ဆင့်တို့မှ သတ်မှတ် ဆောင်ရွက်ပေးသည့် မျှတမှုရှိသော လုပ်ငန်းစဉ်တစ်ခုဖြစ်ကြောင်း၊ စားသုံးသူ၏ အဓိပ္ပာယ်၊ စီးပွားရေးလုပ်ငန်းရှင်အဓိပ္ပာယ်၊ ကုန်စည် (သို့မဟုတ်) ဝန်ဆောင်မှု၏ အဓိပ္ပာယ်အကြောင်း၊ ကုန်သွယ်မှု၊ လိမ်လည်လှည့်ဖြားခြင်း၊ ထင်ယောင် ထင်မှားခြင်း၊ ကြော်ငြာခြင်း၊ အရောင်း မြှင့်တင်ခြင်း၊ နစ်နာဆုံးရှုံးမှု၊ ကုန်အညွှန်းအမှတ်အသား၊ ဘေးအန္တရာယ်ရှိသော ကုန်စည် သို့မဟုတ် ဝန်ဆောင်မှု၊ အစိုးရအဖွဲ့၊ ကော်မရှင်၊ ဝန်ကြီးဌာန၊ ဦးစီးဌာန၊ ဦးစီးမှူးရုံး၊ ကော်မတီ၊ စစ်ဆေးရေး အရာရှိ၊ စားသုံးသူကာကွယ်ရေးဆိုင်ရာ အသင်းအဖွဲ့ အကြောင်းများကို အသေးစိတ် ရှင်းလင်းပြီး  စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)ပါ  ကုန်အညွှန်းအမှတ် အသား ဖော်ပြ ခြင်းနှင့် စပ်လျဉ်း၍ ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်များအကြောင်းကို လည်းကောင်း၊ စားသုံးသူတို့သည် မိမိတို့အခွင့်အရေးကိုသိရှိ၍ ကုန်စည်ကို ဝယ်ယူအသုံးပြုရာတွင် နစ်နာဆုံးရှုံးမှု ရှိလာပါကလည်း စားသုံးသူရေးရာဦးစီးဌာနသို့ အရေးဆိုတိုင်ကြားနိုင်သည့် နည်းလမ်းများအကြောင်း နှင့် တိုင်ကြား ခြင်းနှင့် စိစစ်ညှိနှိုင်း ဖြေရှင်းဆောင်ရွက်ခြင်းအကြောင်းတို့ကို အကျယ်တဝင့် ရှင်းလင်း ဟောပြော ပြီး ကျောင်းသူ၊ ကျောင်းသား ၊ ဆရာ/ဆရာမ (၁၈၉) ဦး တက်ရောက်ခဲ့ကြောင်း သတင်း ရရှိပါသည်။

DOCA(ဧရာဝတီ)

 

 ထနီးကျေးရွာ မူလွန်ကျောင်းတွင် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြော

         ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့ ထနီးကျေးရွာ အခြေခံပညာမူလွန် ကျောင်းတွင်  စားသုံးသူအခွင့်အရေးဦးစားပေးသိရှိနိုင်ဖို့ စားသုံးသူကာကွယ်ရေး လူငယ်အသိ ပညာပေးဟောပြောခြင်းကို မိတ်ဖက်ဌာနများနှင့်အတူ (၅.၂.၂၀၂၃) ရက်နေ့ နံနက် (၁၀:၀၀)အချိန် တွင် အသိပညာပေးဟောပြောပွဲပြုလုပ်ကျင်းပခဲ့ ကြပါသည်။

          အဆိုပါအခမ်းအနားတွင် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးအောင်ဇော်ဦးက စားသုံးရန်မသင့်သော ကုန်စည်များအကြောင်း၊ ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာပါဝင်ခြင်းမရှိ သောကုန်စည်နှင့် ဝန်ဆောင်မှုများကိုဝယ်ယူသုံးစွဲခြင်း မပြုလုပ်ရန်ပညာပေးခြင်း၊ ဈေးကွက်အတွင်း ကုန်အညွှန်းမပါဝင်သော ကုန််စည်များကိုလည်း ဈေးကွက်စောင့်ကြည်စစ်ဆေးခြင်းများကို သက်ဆိုင်ရာမိတ်ဖက်ဌာနများနှင့်အတူ စစ်ဆေးဆောင်ရွက်လျှက်ရှိကြောင်း၊ စားသုံးသူကာကွယ်ရေး လုပ်ငန်းစဉ်သည် စားသုံးသူနှင့်လုပ်ငန်းရှင်တို့အကြား နစ်နာမှုအမှန်ရှိလာပါက မှန်ကန်မျှတစွာ ကာကွယ်ထားသော ဥပဒေတစ်ရပ်ဖြစ်ကြောင်း၊ စားသုံးသူကာကွယ်ရေး(၂၀၁၉) ဥပဒေပါ  စားသုံးသူ၏အဓိပ္ပာယ်၊ စီးပွားရေးလုပ်ငန်းရှင်အဓိပ္ပာယ်၊ ကုန်စည် (သို့မဟုတ်) ဝန်ဆောင်မှု၏ အဓိပ္ပာယ်အကြောင်းများကို အသေးစိတ်ရှင်းလင်းပြီး  စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)ပါ  ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက် များအကြောင်းကိုလည်းကောင်း၊ စားသုံးသူတို့သည် မိမိတို့အခွင့်အရေးကိုသိရှိ၍ ကုန်စည်ကို ဝယ်ယူ အသုံးပြုရာတွင် နစ်နာဆုံးရှုံးမှုရှိလာပါကလည်း စားသုံးသူရေးရာဦးစီးဌာနသို့ အရေးဆို တိုင်ကြားနိုင်သည့် နည်းလမ်းများအကြောင်းနှင့် တိုင်ကြားခြင်းနှင့် စိစစ်ညှိနှိုင်း ဖြေရှင်းဆောင်ရွက် ခြင်းအကြောင်းတို့ကို အကျယ်တဝင့်ရှင်းလင်း ဟောပြောပြီး ကျောင်းသူ၊ ကျောင်းသား ၊ ဆရာ/ ဆရာမ (၁၃၂) ဦး တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

ပန်းတနော် ရွှေမြင်တင်ကျေးရွာ အခြေခံပညာမူလတန်း ကျောင်း တွင် စားသုံးသူကာကွယ်ရေးသိကောင်းစရာ အသိပညာပေးဟောပြောခြင်း

      ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ် ရွှေမြင်တင်ကျေးရွာ မူလတန်းကျောင်းတွင် စားသုံးသူကာကွယ်ရေးသိကောင်းစရာများအကြောင်းကို (၆.၂.၂၀၂၃) ရက်နေ့ နံနက် (၁၀:၀၀)အချိန် မှ (၁၂:၀၀)အချိန် ကျောင်းသား/ ကျောင်းသူများနှင့်ဆရာ/ ဆရာမများကို အသိပညာ ပေး ဟောပြော ပွဲပြုလုပ် ကျင်းပခဲ့ကြပါသည်။

      အခမ်းအနားတွင် မြို့နယ်စားသုံးသူရေးရာဦးစီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ ဦးခိုင်လွှမ်းမိုးက စားသုံးသူရေးရာဦးစီးဌာန ပေါ်ပေါက်လာပုံသမိုင်းကြောင်းနှင့် စားသုံးသူကာကွယ် ရေးလုပ်ငန်းစဉ် အကြောင်းကိုလည်းကောင်း၊ စားသုံးသူ၏ အဓိပ္ပာယ်ဖွင့်ဆိုချက်၊ စားသုံးသူ၏အခွင့်အရေး(၈)ချက်ကို အကျယ်တဝင့်ပညာပေးခဲ့ပြီး ၊ မိမိတို့ စားသောက်နေသောမုန့်များတွင် အသင့်စားအစားအသောက် မုန့်များကို ဝယ်ယူအသုံးပြုရာတွင် မြန်မာဘာသာဖြင့် ဖော်ပြထားသော ကုန်အညွှန်အမှတ်အသား ပါရှိသည့် အစားအသောက်များကိုသာ ရွေးချယ်စားသုံးကြရန် နမူနာပြကုန်စည်များအား ပြသပေးပြီး အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေပေးကာ ကျောင်းသား/ ကျောင်းသူများမှ စိတ်ဝင် တစား မေးမြန်းခဲ့ကြပြီး အခမ်းအနားသို့ (၇၅)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

DOCA(ဧရာဝတီ)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ