သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ညောင်တုန်း တူးချောင်း အ.ထ.က-ခွဲ ကျောင်း တွင် လူငယ်စကားဝိုင်းနှင့် စားသုံးသူကာကွယ်ရေးသိကောင်းစရာ အသိပညာပေးဟောပြောခြင်း

       ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ် တူးချောင်းကျေးရွာ အ.ထ.က-ခွဲကျောင်းရှိ ဆရာ/ဆရာမနှင့် ကျောင်းသား/ ကျောင်းသူများကို(၇.၂.၂၀၂၃) ရက်နေ့ နံနက် (၀၉၀၀)အချိန် မှ (၁၂၀၀)အချိန်အထိ လူငယ်စကားဝိုင်းနှင့်၊ စားသုံးကာကွယ်ရေးသိကောင်းစရာများအကြောင်း အသိပညာပေးဟောပြော ပွဲပြုလုပ်ကျင်းပ ခဲ့ကြပါသည်။

       အခမ်းအနားတွင် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိက လူငယ်များစာပေ ဖတ်ရှုခြင်းအကျိုး၊ အမှိုက်များကိုစနစ်တကျစွန့်ပြစ်ခြင်း၏ အကျိုးကျေးဇူးများအကြောင်းကို ဟောပြောပြီး၊ မြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာနက  လူငယ်အားကစား၊ အားကစားနှင့် ခန္ဓာကိုယ်အတွက် ကျန်းမာခြင်း အကျိုးကျေးဇူး ကိုလည်းကောင်း၊ မြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ ဒေါ်ချိုမီဇင်(ဒု-ဦးစီးမှူး)က စားသုံးသူ ကာကွယ်ရေးဥပဒေ (၂၀၁၉)ပါစားသုံးသူကာကွယ်ရေးဥပဒေအကြောင်း၊  စားသုံးသူအခွင့်အရေး၊ လိုက်နာရမည့် တာဝန်များ၊ စားသုံးသူကာကွယ်ရေးဥပဒေပါ အခန်း(၁၈) ကုန်အညွှန်အမှတ်မသားဖော်ပြခြင်းနှင့် ပတ်သက်၍ ကုန်စည်များတွင် ဖော်ပြရမည့်အချက်အလက်များအကြောင်း ကိုလည်းကောင်း၊ စားသုံးသူ၏ အခွင့်အရေး (၈)ချက်၊ ကုန်စည်နှင့် ဝန်ဆောင်မှုများကို ရယူသုံးစွဲရာတွင်   စားသုံးသူအခွင့်အရေး အမှန်တကယ်နစ်နာဆုံးရှုံးမှု ဖြစ်ပေါ်လာပါက စားသုံးသူရေးရာဦးစီးဌာနသို့ တိုင်ကြားနိုင်သော နည်းလမ်းများ၊ Consumer Call Center 1535 သို့ဆက်သွယ် မေးမြန်းစုံစမ်းနိုင်ကြောင်း၊ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ပြီး ကျောင်းသား/ ကျောင်းသူများမှ စိတ်ဝင်တစား မေးမြန်းခဲ့ကြပြီး အခမ်းအနားသို့ (၁၈၃)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

DOCA(ဧရာဝတီ)

လပွတ္တာခရိုင်၊ မော်ကျွန်းမြို့နယ် အောင်သုခ အလက(ခွဲ) ကျောင်းတွင် လူငယ်စကားဝိုင်းနှင့် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲပြုလုပ်

      ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ လပွတ္တာခရိုင်၊ မော်ကျွန်းမြို့နယ် တာဝန်ခံ ဦးမင်းဇော်လတ်သည် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့် ကာယပညာဦးစီးဌာနတို့နှင့် ပူးပေါင်း၍ (၆.၂.၂၀၂၃)ရက်နေ့ နံနက်(၁၀:၃၀) နာရီက မော်ကျွန်းမြို့နယ် အောင်သုခ အလက(ခွဲ) ကျောင်း၌ ဆရာ/ဆရာမ၊ ကျောင်းသား၊ ကျောင်းသူများအား စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောဆောင်ရွက်ခဲ့ပါသည်။

       ထိုသို့ဟောပြောဆွေးနွေးရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ မော်ကျွန်းမြို့နယ် တာဝန်ခံက မိတ်ဆက်စကားပြောကြားခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာန၏ မျှော်မှန်းချက်၊ ရည်မှန်းချက်များ၊ ဌာနမှ လက်ရှိဆောင်ရွက်နေသောလုပ်ငန်းတာဝန်များ ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန် များ အား ဦးစွာရှင်းလင်းပြောကြားခဲ့ပါသည်။ ဆက်လက်၍ စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ ပါ ပြဌာန်းချက်များမှ စားသုံးသူ၏ အခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ တားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒဏ်များ၊ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)ပါ ပုဒ်မ ၄၁ ပုဒ်မခွဲ(ခ)နှင့်(ဂ)တို့ပါ ကုန်စည်၏ အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့် အသားတင်အလေးချိန်၊ သုံးစွဲပုံ နည်းလမ်းနှင့် ထုတ်လုပ်သည့်ရက်စွဲ၊  သက်တမ်းကုန်ဆုံးသည့်ရက်စွဲ၊ ထုတ်လုပ်မှုအမှတ်စဉ်တို့အား အသေးစိတ်ရှင်းလင်း ဟောပြောခဲ့ပြီး၊ မိမိတို့စားသောက်နေသော အစားအသောက်များတွင် သက်တမ်းလွန် အစားအသောက်များအား ဝယ်ယူစားသောက်မှု သတိပြုကြရန် ဟောပြောခဲ့ပါသည်၊ ထို့နောက် ကျောင်းမုန့်ဈေးတန်း စားသုံးသူရေးရာအဖွဲ့ဖြင့် မုန့်ဆိုင်များအား သွားရောက် စစ်ဆေးခဲ့ပါသည်၊ စားသုံးသူအသိပညာပေးဟောပြောပွဲသို့ ဆရာ/ ဆရာမ၊ ကျောင်းသားကျောင်းသူ စုစုပေါင်း(၂၀၀)ဦး တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

 

ပုသိမ်ခရိုင်အတွင်း ဈေးကွက်စောင့်ကြည့် အသိပညာပေးခြင်း

         ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့်စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းစေရေး၊ ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေး၊ စားသုံးသူများအတွက် ဘေးအန္တရာယ် ဖြစ်စေနိုင်သော ကုန်စည် များဈေးကွက်အတွင်းမှပပျောက်သွားစေရန်ရည်ရွယ်၍ ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းလုပ်ငန်းများအား တိုင်းဒေသကြီးအတွင်းရှိ ခရိုင်၊ မြို့နယ်များတွင် လစဉ် ကြိုးစား၍ ဆောင်ရွက်လျက်ရှိပါသည်။

         ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများပြုလုပ်ခဲ့ရာ ဖေဖော်ဝါရီလ ၇ရက်နေ့၊ နံနက် ၁၀ နာရီတွင် ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်အတွင်းရှိ MBMသောက်ရေသန့်စက်ရုံသို့ ထုတ်ကုန်လုံခြုံ စိတ်ချရမှုရှိစေရေးအတွက် ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ ပါသည်။ ထို့အပြင်လုပ်ငန်းရှင်နှင့် တွေ့ဆုံ၍  စားသုံးသူကာကွယ် ရေးဥပဒေ (၂၀၁၉)၊ အခန်း(၁၈)ပါ ကုန်အညွှန်း အမှတ်အသားဆိုင်ရာ ပြဌာန်းချက် များနှင့်ပတ်သက်၍ ကုန်စည်များ ပေါ်တွင်  မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာ ဖော်ပြထားမှု အခြေအနေတို့ကို စီးပွားရေး လုပ်ငန်းရှင်များသိရှိလိုက်နာဆောင်ရွက်နိုင်စေရန်အတွက် အသိပညာပေး ဆွေးနွေးခဲ့ပါသည်။

DOCA(ဧရာဝတီ)

အခြေခံပညာအလယ်တန်းကျောင်းတွင် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြော၍ ကျောင်းမုန့်ဈေးတန်းအား စစ်ဆေး

       စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းခရိုင် ခရိုင်ဦးစီးမှူး ဒေါ်သန်းသန်းတင် ဦးဆောင်၍ ဖေဖော်ဝါရီလ ၇ ရက်နေ့က စစ်ကိုင်းမြို့၊ ပါရမီရပ်ကွက်ရှိ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)၌ ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများ စုစုပေါင်း (၁၃၀)ဦးအား စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောခြင်းနှင့် ကျောင်းမုန့်ဈေးတန်းကို  စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါ သည်။

   ဟောပြောပွဲတွင် ကျောင်းအုပ်ဆရာမကြီး ‌ဒေါ်မာလာဝင်းက အဖွင့်အမှာစကား ပြောကြားပြီး စားသုံးသူရေးရာဦးစီးဌာန၊ ဒု-ခရိုင်ဦးစီးမှူး ဒေါ်ခင်မြတ်မူက စားသုံးသူရေးရာဦးစီးဌာန ပေါ်ပေါက်လာပုံ အဆင့်ဆင့်ကိုလည်းကောင်း ၊  ခရိုင်ဦးစီးမှူး ဒေါ်သန်းသန်းတင်က စားသုံးသူကာကွယ်ရေး ဥပဒေကို ၂၀၁၉ခုနှစ်၊ မတ်လ(၁၅)ရက်နေ့က ပြဌာန်းခဲ့ပြီး၊ အခန်း(၂၅)ခန်းနှင့် ပုဒ်မ ၈၄ ခု ပါဝင်ပါကြောင်း၊ စားသုံးသူကာကွယ်ရေးနည်းဥပဒေကို         ၂၀၂၂ခုနှစ်၊ ဇန်နဝါရီလ(၁၈)ရက်နေ့ကပြဌာန်းခဲ့ပြီး ဖြစ်ပါကြောင်း၊ စားသုံးသူကာကွယ်ရေး ဥပဒေအခန်း(၉) ပုဒ်မ(၁၉) နှင့် ပုဒ်မ(၂၀)တွင် ပြဌာန်း ထားသည့် စားသုံးသူအခွင့်အရေး(၈)ချက်နှင့် စားသုံးသူ၏ တာဝန်များကို ရှင်းလင်းပြောကြားခြင်း၊ စားသုံးသူကာကွယ်ရေး ဥပဒေ အခန်း(၁၈) ပုဒ်မ(၄၁)တွင် စီးပွားရေးလုပ်ငန်းရှင်သည် ကုန်အညွှန်း အမှတ်အသား ဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်များနှင့်အညီ သိသာထင်ရှားစွာဖော်ပြမည့် အချက်(၈)ကို အသေးစိတ်ရှင်းလင်း ပြောကြားခြင်း၊ ပုဒ်မ ၄၁၊ ပုဒ်မခွဲ(ခ)နှင့် ပုဒ်မခွဲ(ဆ)တို့ပါ ကုန်အညွှန်း အမှတ်အသား ဖော်ပြရာတွင် မြန်မာဘာသာဖြင့် ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု သို့မဟုတ်တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေရေးသားဖော်ပြရမည်ဖြစ်ကြောင်း၊ပုဒ်မ(၄၃)ပါပြဌာန်းချက်နှင့် ကိုက်ညီမှုမရှိသည့် ကုန်စည်ကို ထုတ်လုပ်ခြင်း၊ ကုန်သွယ်ခြင်း သို့မဟုတ် ရောင်းချခြင်းမပြုရန် ပုဒ်မ(၆၈)၌ ပြဌာန်း ထားပြီး၊ ပုဒ်မ(၆၈)ပါ တားမြစ်ချက် တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန် ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်း ခံရလျှင် ထိုသူကို နှစ်နှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ်သိန်း ၂၀၀ထက် မပိုသော ငွေဒဏ် ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်ပါကြောင်း၊ စားသုံးသူကာကွယ်ရေး ဥပဒေသည် စားသုံးသူများကို ကာကွယ်ပေးခြင်းနှင့် လုပ်ငန်းရှင်များကို ထိန်းကြောင်းပေးသည့် ဥပဒေတစ်ခုဖြစ်ပါကြောင်း၊ ပြည်သူတိုင်းသည် စားသုံးသူများဖြစ်ပြီး စားသုံးသူတိုင်းမှာ စားသုံးသူအခွင့်အရေးများရှိကြောင်း၊ စားသုံးသူအခွင့်ရေး နစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်ပါက  မိမိတို့ဌာနသို့ လူကိုယ်တိုင်ဖြစ်စေ၊ ဖုန်းဖြင့် ဖြစ်စေ၊ Website ၊ Gmail တို့ဖြင့်ဖြစ်စေ တိုင်ကြားနိုင်ပါကြောင်း ရှင်းလင်းပြောကြားခဲ့ပါကြောင်း၊ ကျောင်းမုန့်ဈေးတန်းအား ကွင်းဆင်းစစ်ဆေးရာတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံမှန်ကန်သည့် မုန့်မျိုးစုံများအား ရောင်းချရန်နှင့် သန့်ရှင်းသပ်ရပ်စွာ ခြင်၊ ယင်မလာအောင် ဖုံးအုပ်ရောင်းချရန် အသိပညာပေးပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ဟုမ္မလင်းမြို့တွင် လူသုံးကုန်ပစ္စည်းများအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

        စားသုံးသူရေးရာဦးစီးဌာန ၊ စစ်ကိုင်းတိုင်းဒေသကြီး၊တမူးခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည်   ( ၉.၂.၂၀၂၃ ) ရက်နေ့၊ နံနက် ( ၀၉:၀၀ ) နာရီအချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးခရိုင်အတွင်းရှိ ဟုမ္မလင်းမြို့၊ ခိုပဲဝရပ်ကွက်အတွင်းရှိ ရောင်းချနေသည့် ကုန်မျိုးစုံဆိုင်သို့ သွားရောက်၍ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်မှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက် အမှတ် ( ၂/၂၀၁၉ ) တွင် ကုန်စည်အုပ်စု ( ၈ ) ခု တွင်ပါဝင်သည့် လူသုံးကုန်ပစ္စည်းများအနက် ဆပ်ပြာခဲ အမျိုးမျိုးကို ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

          ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်ရာတွင် ဟုမ္မလင်းမြို့၊ ခိုပဲဝရပ်ကွက် အတွင်းရောင်းချနေသည့် ကုန်မျိုးစုံများတွင် ရောင်းချနေသည့် ဆပ်ပြာခဲများတွင် ကုန်အညွှန်း အမှတ်အသားများ ပြည့်စုံစွာပါရှိကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

တမူးမြို့၊ စော်ဘွား ( ၁ ) ရပ်ကွက်တွင် ဈေးကွက်စောင့်ကြည့်စစ်ဆေး

        စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးခရိုင်အတွင်းရှိ တမူးမြို့၊ စော်ဘွား - ၁ ရပ်ကွက်အတွင်းရှိ ကုန်မျိုးစုံဆိုင်သို့ စားသုံးသူရေးရာ ဦးစီးဌာနမှ ဦးဆောင်၍ မြို့နယ်စည်ပင်သာယာရေးကော်မတီနှင့် ပူးပေါင်း၍ ( ၇.၂.၂၀၂၃ ) ရက်နေ့၊ နံနက် ( ၁၀:၀၀ ) နာရီအချိန်တွင် ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါသည်။

      ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်မှုအနေနေင့် တမူးမြို့ပေါ်ရှိ ရပ်ကွက်များ၊ ဈေးများနှင့် ကျောင်းမုန့်ဈေးတမ်းများအား လစဉ် ကွင်းဆင်းဆောင်ရွက်လျက်ရှိပါသည်။ ယခုလတွင် စော်ဘွား - ၁ ရပ်ကွက်အတွင်း ရောင်းချနေသည့် ကုန်စုံဆိုင်များတွင် ရောင်းချနေသည့် ကုန်စည်များ အနက် အသင့်စားခေါက်ဆွဲများတွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံခြင်း ရှိ/မရှိနှင့် သက်တမ်းလွန်ခြင်း ရှိ/မရှိ စစ်ဆေးခဲ့ရာအသင့်စား ခေါက်ဆွဲခြောက်ထုပ်များတွင် ကုန်အညွှန်း အမှတ်အသား များပြည့်စုံစွာ ပါရှိပါကြောင်း စစ်ဆေးတွေ့ရှိရပါသည်။

DOCA(စစ်ကိုင်း)

 

ဌာနဆိုင်ရာဝန်ထမ်းများအား စားသုံးသူကာကွယ်ရေးအသိပညာပေးဆွေးနွေး

      စစ်ကိုင်းဒေသကြီး၊စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်ချက်ဖြင့် ဒု-တိုင်းဒေသကြီးဦးစီးမှူး ဦးဆောင်၍ ဝန်ထမ်းများသည် (၇.၂.၂၀၂၃) ရက်နေ့နံနက် (၁၀) နာရီမှ (၁၂)နာရီအထိ တိုင်းဒေသကြီး တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနအောက်ရှိ၊ တိုင်ရင်းသား စာပေနှင့် ယဉ်ကျေးမှုဦးစီးဌာန၊ တိုင်ရင်းသားအခွင့်အရေးများ ကာကွယ် စောင့်ရှောက်ရေးဦးစီးဌာန၊ ညွှန်ကြား ရေးမှူးရုံး ဝန်ထမ်းများအားလည်းကောင်း၊ မွန်းလွဲ(၂)နာရီမှ(၄)နာရီထိ တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန ဝန်ထမ်းများအားလည်းကောင်း သွားရောက်၍ စားသုံးသူ အသိပညာပေး ဟောပြောပွဲများကို ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

          ယင်းသို့ဆောင်ရွက်ရာတွင် စားသုံးသူရေးရာဦးစီးဌာန ဒုတိယတိုင်းဒေသကြီးဦးစီးမှူးက ဝန်ကြီးဌာန၏ ဖွဲ့စည်းတာဝန်ယူဆောင်ရွက်မှုများ၊ ဆောင်ပုဒ် “ဖွံ့ဖြိုးကုန်သွယ်နိုင်ငံကြွယ်” နှင့် မျှော်မှန်းချက်များအကြောင်း၊ စားသုံးသူကာကွယ်ရေးဉပဒေများအကြောင်း၊ စားသုံးသူရေးရာ ဦးစီးဌာန၏ လုပ်ငန်းတာဝန်များအကြောင်း အသေးစိတ်ရှင်းဆွေးနွေးဟောပြောခြင်း၊ စားသုံးသူရေးရာဌာနခွဲတာဝန်ခံ ဒေါ်ခိုင်မို့မို့က စားသူံးသူကာကွယ်ရေးဉပဒေပါ အခွင့်အရေး၊ တာဝန်၊ ကုန်အညွှန်အမှတ်အသားများအကြောင်း၊ Coffee Shop၊ Happy water ၏ ဆိုးကျိုး  နီကိုဒင်း၊ ကဖီးဓါတ်များပါဝင်၍  စိတ်ကိုတက်ကြွစေခြင်း၊ ခံနိုင်ရည်အားများ ကောင်းသည်ဟု ယူဆ၍Happy water တွင် မူယစ်ဆေးတစ်မျိုးမကပါဝင်ကြောင်းနှင့် အရောင်၊ အနံ့မရှိ အချိုရည်၊ ဖျော်ရည်များတွင် ရောနှောသောက်သုံးကြခြင်းများ ဖြစ်တတ်ကြ၍ စားသုံးသူများအနေဖြင့် ဝယ်ယူသုံးစွဲရာတွင် ကုန်အညွှန်းအမှတ်အသားများ သေချာကြည့်ဝယ်ယူသုံးစွဲသင့်ကြောင်း၊ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏(၁/၂၀၂၃)ကြိမ်မြောက်အစည်းအဝေး ဆုံဖြတ်ချက်အရ၊ စားသုံးသူများ၏ဘေးအန္တရာယ်များကာကွယ်နိုင်စေရန်အတွက် စားသုံးသူရှု့ဒေါင့်၊ ကျန်းမာရေးရှုဒေါင့်အရ အသိပညာပေးဟောပြောခြင်း၊ ဌာန၏ ပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေးခြင်းများဆောင်ရွက်ခဲ့ကြောင်းသတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

                                                         

“စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောဆွေးနွေးပွဲကျင်းပပြုလုပ်”

     ကျောက်ဆည်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းစေရေးနှင့် ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေးတို့အတွက် စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောဆွေးနွေးပွဲကျင်းပခြင်းနှင့်စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိပါသည်။ (၈-၂-၂၀၂၃) ရက်နေ့တွင် ကျောက်ဆည်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူးဦးဆောင်သောအဖွဲ့သည် ကျောက်ဆည်မြို့နယ်၊ လက်ပံပင်ကျေးရွာ၌ ကျေးရွာသူ/ကျေးရွာသားများအား စားသုံးသူကာကွယ်ရေးဥပဒေနှင့်ပတ်သက်သည့်အကြောင်းအရာများဟောပြောဆွေးနွေးခဲ့ပါသည်။ ရှေးဦးစွာ စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးကျင်ဌေးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး စားသုံးသူရေးရာဌာနခွဲတာဝန်ခံ ဦးဇော်မင်းလတ် (ဦးစီးမှူး) က စားသုံးသူကာကွယ်ရေးဥပဒေပါအချက်များဖြစ်သည့် စားသုံးသူများ၏အခွင့်အရေးများ၊ စီးပွားရေးလုပ်ငန်းရှင်များ၏တာဝန်များနှင့် ကုန်စည်နှင့်ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ အာမခံပေးထားမှုအပေါ် စားသုံးသူကတောင်းဆိုနိုင်သည့်အခွင့်အရေးများနှင့် စားသုံးသူများနစ်နာဆုံးရှုံးမှုများဖြစ်ပေါ်လာပါက တိုင်းဒေသကြီး၊ ပြည်နယ်များရှိ Consumer Information & Complaint Center (CICC) များနှင့် Consumer Call Center  ဖြစ်သည့် 1535 သို့ ခေါ်ဆို၍ တိုင်ကြားနိုင်သည့်အပြင် စားသုံးသူရေးရာဦးစီးဌာန၏  Website ဖြစ်သော www.doca. gov.mm ထဲသို့ဝင်ရောက်ပြီး တိုင်ကြားနိုင်ပါကြောင်း ဆွေးနွေးပြောကြားခဲ့ပြီး အသိပညာပေးဟောပြောဆွေးနွေးပွဲများသို့ ကျေးရွာသူ/ကျေးရွာသား (၁၃၀)ဦးတက်ရောက်ခဲ့ပြီး တက်ရောက်လာသောကျေးရွာသူ/ကျေးရွာသားများအား စားသုံးသူကာကွယ်ရေးနှင့်ပတ်သက်သည့် လက်ကမ်းစာစောင်များဖြန့်ဝေခဲ့ပါသည်။

DOCA(မန္တလေး)

 

 

 

“ကန့်ဘလူမြို့၊ အခြေခံပညာအထက်တန်းကျောင်း(ခွဲ) ညောင်အိုင်ကျောင်း”တွင် စားသုံးသူအသိပညာပေးဟောပြောပွဲကျင်းပ

    စားသုံးသူရေးရာဦးစီးဌာန ၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်တာဝန်ခံ ဦးမျိုးဝင်းသန်းသည် ဖေဖော်ဝါရီ ၇ ရက်နံနက် (၁၀:၀၀)နာရီက အခြေခံပညာအထက်တန်းကျောင်း(ခွဲ) ညောင်အိုင်ကျောင်း၌  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန တို့နှင့်ပူးပေါင်း၍ စားသုံးသူအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

   အဆိုပါဟောပြောပွဲတွင် ကျောင်းအုပ်ဆရာမကြီးက အဖွင့်အမှာစကားပြောကြားပြီး မိတ်ဖက်ဌာနများမှ မိမိတို့နှင့်သက်ဆိုင်သည့် အကြောင်းအရာများကို အသိပညာပေးဟောပြောခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာနမှ ဦးမျိုးဝင်းသန်းက စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူအခွင့် အရေးနှင့်တာဝန်များ၊ စားသုံးသူနစ်နာဆုံးရှုံးမှုရှိပါက တိုင်ကြားနိုင်သည့်နည်းလမ်းများ၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိသော ကုန်စည်များကို စနစ်တကျရွေးချယ်ဝယ်ယူ သုံးစွဲတတ်စေရန်အတွက် စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ဆွေးနွေးဟောပြောခဲ့ပါသည်။ ဟောပြောပွဲသို့ ကျောင်းအုပ်ဆရာမကြီး၊ ဆရာ/ဆရာမ (၁၂)ဦးနှင့် ကျောင်းသား ကျောင်းသူ (၅၅၀)ဦး ၊ စုစုပေါင်း (၅၆၂) ဦးတက်ရောက်ခဲ့ကြပြီး စားသုံးသူအသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေခဲ့ကြောင်း သိရသည်။

DOCA(စစ်ကိုင်း)

 

ဖောင်းပြင်မြို့နယ် (အ.ထ.က)အထက်တန်းကျောင်းတွင် စားသုံးသူအသိပညာပေး ဆွေးနွေး

     စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဉီးစီးဌာန၊ ဖောင်းပြင်မြို့နယ်၊ အင်ကြင်းမြိုင်ရပ်ကွက်တွင် ဖေဖော်ဝါရီလ ( ၈ ) ရက်နေ့ နံနက်(၁၀:၃၀)နာရီအချိန်၌  ဖောင်းပြင်မြို့နယ်တာဝန်ခံဦးကျော်သန်းစိန်မှ (အ.ထ.က)အထက်တန်းကျောင်းသို့ သွားရောက်၍ ဆရာ/ဆရာမ ( ၂၀ ) ဦးနှင့် ကျောင်းသား/ ကျောင်းသူ ( ၅၀ ) ဦး၊ စုစုပေါင်း ( ၇၀ ) ဦးအား အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ပါသည်။

     အဆိုပါဟောပြောပွဲ၌ ဖောင်းပြင်မြို့နယ် အင်ကြင်းမြိုင်ရပ်ကွက်ရှိ (အ.ထ.က) အထက်တန်းကျောင်းမှ ကျောင်းဆရာမ ဒေါ်ဌေးဌေးရီက အဖွင့်အမှာစကားပြောကြားပြီး ဖောင်းပြင်မြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊  ဦးကျော်သန်းစိန် (မြို့နယ်တာဝန်ခံ) မှ  စားသောက်ကုန်များတွင် ဖော်ပြရမည့်ကုန်အညွှန်း အမှတ်အသားများအကြောင်းနှင့် အစားအသောက်များ ဝယ်ယူစားသုံးရာတွင် သတိပြုရမည့်အချက်အလက်များအား ဆွေးနွေးဟောပြောခဲ့ကြောင်း သတင်းရရှိရပါသည်။

DOCA(စစ်ကိုင်း)

                                     

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ