သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ဈေးကွက်အတွင်း စားအုန်းဆီ လက်လီ/လက်ကား အရောင်းဆိုင်များအား ကွင်းဆင်းအသိပေး

                စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးအတွင်း စားအုန်းဆီ ဖြန့်ဖြူးရောင်းချနေမှုများနှင့်ပတ်သက်၍ တိုင်းဒေသကြီးဦးစီးမှူး၏ ညွှန်ကြားချက်ဖြင့် ဈေးကွက်အတွင်း လက်လီ/ လက်ကား ရောင်းချနေသော စားအုန်းဆီအရောင်းဆိုင်များအား ပြန်လည်ရောင်းချရာ၌ လက်ကား ရောင်းချနေသူများအနေဖြင့် ရောင်းဝယ်ဖောက်ကားရမည့် အခြေခံလက်ကားဈေးနှုန်းများကို အပါတ်စဉ် ထုတ်ပြန်ပေးခဲ့ပြီးဖြစ်ရာ ဒေသအရောက် ဈေးနှုန်းအပေါ် (၂)ရာခိုင်နှုန်း အမြတ်ထက် မပိုသော ဈေးနှုန်းဖြင့် ဈေးကွက်အတွင်းသို့ ပြန်လည်ဖြန့်ဖြူးရောင်းချသွားရန်၊ လက်လီဈေးများ အတွင်း၌လည်း ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများဖြင့် ရောင်းချပေးစေရေးတို့ကို ရန်ကုန်တောင်ပိုင်း ခရိုင်အတွင်းရှိ မြို့နယ်များသို့ ဌာနဝန်ထမ်းများမှ ကွင်းဆင်းအသိပေးဆောင်ရွက်ခဲ့ကြပါသည်။ ၎င်းအပြင် စားအုန်းဆီများအား ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားရှိခြင်း၊ ဈေးနှုန်းအဆမတန် မြှင့်တင်ရောင်းချခြင်းများ မပြုလုပ်ကြရန်နှင့် စားသုံးသူပြည်သူလူထုအနေဖြင့် စားသုံးဆီအား ထိုက်သင့်သည့် ဈေးဖြင့် ဈေးကွက်အတွင်း အလွယ်တကူ ဝယ်ယူစားသောက်နိုင်ရေး စားအုန်းဆီ လက်လီ/လက်ကား ဖြန့်ဖြူးရောင်းချသူများမှ ဝိုင်းဝန်းထိန်းကျောင်း ဆောင်ရွက်ပေးသွားရန်တို့ကို ကွင်းဆင်းရှင်းလင်း အသိပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

Paris ဆပ်ပြာခဲများ ပြန်လည်သိမ်းဆည်းလဲလှယ်ခြင်း

             ရခိုင်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မောင်တောမြို့နယ်နှင့် စစ်တွေမြို့နယ်မှ ဝန်ထမ်းများသည် Pacific  Co.,Ltd မှ ထုတ်လုပ်သည့် PARIS ဆပ်ပြာခဲများတွင် ကုန်အညွှန်းအမှတ်အသားဖော်ပြချက်ပါ အသားတင်အလေးချိန်ဖော်ပြချက်နှင့် ကိုက်ညီမှုမရှိ၍ ဈေးကွက်အတွင်းမှ ပြန်လည်သိမ်းဆည်းပြီး အလေးချိန်ပြည့်မီသော ဆပ်ပြာခဲများဖြင့် အစားထိုးလဲလှယ်ခြင်းကို United Pacific  Co.,Ltd မှ ဝန်ထမ်းများပူးပေါင်း၍   (၂၂-၆-၂၀၂၂) နေ့တွင် မောင်တောမြို့နယ် မြို့မဈေးအတွင်း၌ PARIS ဆပ်ပြာခဲရောင်းချနေသော ဈေးဆိုင် (၁၀)ဆိုင်၌ လည်းကောင်း၊ (၂၄-၆-၂၀၂၂)နေ့တွင် စစ်တွေမြို့ မြို့မဈေးကြီးအတွင်း PARIS ဆပ်ပြာခဲများရောင်းချနေသော ဈေးဆိုင် (၇)ဆိုင်၌လည်းကောင်း သတ်မှတ်အလေးချိန် မပြည့်မီသော PARIS ဆပ်ပြာခဲများအား ပြန်လည်သိမ်းဆည်းပြီး  ကုန်အညွှန်းအမှတ်အသားဖော်ပြချက်ပါ အသားတင်အလေးချိန်နှင့်ကိုက်ညီသည့် PARIS ဆပ်ပြာခဲများဖြင့် အစားထိုးလဲလှယ်ခြင်းကို  ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

DOCA(ရခိုင်)

ပုသိမ်ခရိုင်တွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှုရှိ၊ မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေး

           ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ပုသိမ်ခရိုင်မှ ဝန်ထမ်းများသည် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်အုပ်ချုပ်ရေးအဖွဲ့များနှင့် ပူးပေါင်း၍ ဇွန်လ ၂၄ ရက် နံနက် ၁၀ နာရီတွင် ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ သီရိရွှေသာဈေးအတွင်း ရောင်းချလျှက်ရှိသော မုန့်မျိုးစုံ အရောင်းဆိုင်များအား ကုန်အညွှန်း အမှတ်အသားပြည့်စုံမှုရှိ၊ မရှိ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

             အဆိုပါဆိုင်များသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ရာတွင် စားသုံးသူများ ဘေးအန္တရာယ် ကင်းရှင်းစေရေး၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေးအတွက် စားသုံးသူကာကွယ်ရေး ဥပဒေ(၂၀၁၉)၊ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဆိုင်ရာ ပြဌာန်းချက်များနှင့်ပတ်သက်၍ ကုန်စည်များပေါ်တွင်  မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြထားမှု အခြေအနေတို့ကို သိရှိလိုက်နာ ဆောင်ရွက်နိုင်စေရန်အတွက် အသိပညာပေးဆွေးနွေးခဲ့ပါသည်။

DOCA(ဧရာဝတီ)

မြောင်းမြခရိုင် မြောင်းမြမြို့နယ်၊ စားသုံးသူပြည်သူများအား အသိပညာပေး Talk Show  ပြုလုပ်

           ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊    မြောင်းမြခရိုင် ၊ မြို့နယ်ဦးစီးမှူး ဦးလှထွဋ်ဦးသည်(၂၄.၆.၂၀၂၂)ရက်နေ့ နံနက်(၁၀:၀၀)နာရီတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့်နှင့် ပူးပေါင်းကာ စားသုံးသူပြည်သူများအား မြောင်းမြခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ လူထုအားအခြပြုဗဟိုဌာန Community  Centre ခန်းမတွင် စားသုံးသူအသိပညာပေး Talk Show ပြုလုပ်ခဲ့ပါသည်။

          ထိုသို့ဟောပြောဆွေးနွေးရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူးမှ စားသုံးသူအသိပညာပေး Talk Show ပြုလုပ်ရခြင်း၏ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့ပြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးမှ ဌာန၏မျှော်မှန်းချက်၊ ရည်မှန်းချက်များ ရှင်းလင်းပြောကြားခဲ့ပြီး၊ စားသုံးသူကာကွယ်ရေဥပဒေ ၂၀၁၉ ပါ ပြဌာန်းချက်များအရ စားသုံးသူ၏အခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်များ၏တာဝန်များ၊ တားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒါဏ်များ၊ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ မည်သည့်စီးပွားရေးလုပ်ငန်းရှင်မဆို ပုဒ်မ-၄၁ ၊ ပုဒ်မခွဲ (ခ)နှင့်(ဆ)တို့ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ အခြားဘာသာတစ်ခု(သို့)တစ်ခုထက်ပို၍ တွဲလျှက်ဖြစ်စေဖော်ပြရမည်ဖြစ်ပြီး ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ထားသည့် ဥပဒေများနှင့် အညီလိုက်နာဆောင်ရွက်ကြရန် စက်သုံးဆီ၊ စားသုံးဆီနှင့်ပတ်သက်ပြီး ရည်ညွှန်းဈေးထက်ပိုမို ရောင်းချခြင်းမပြုရန် ၊ လုပ်ငန်းရှင်များအနေဖြင့် ထုတ်ပြန်ထားသော ဥပဒေများအား လိုက်နာဆောင်ရွက်ကြရန် ရှင်းလင်းဆွေးနွေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

 

 

 

အလုပ်သမားညွှန်ကြားမှုဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူးရုံးတွင် CMP လုပ်ငန်းများ မြေပြင်ကွင်းဆင်းစစ်ဆေးရေးအဖွဲ့ အစည်းအဝေးပြုလုပ်

             ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊အလုပ်သမားညွှန်ကြားမှုဦးစီးဌာန တိုင်းဦးစီးမှူးရုံးတွင် တိုင်းဦးစီးမှူးဦးအောင်ငြိမ်းမှဦးဆောင် ကျင်းပသော အဖွဲ့ဝင်ဌာနဆိုင်ရာများဖြစ်သည့် အကောက်ခွန်ဦးစီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာန၊စားသုံးသူရေးရာဦးစီးဌာန၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာန၊ စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေး ဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ စက်မှုဇုန်ကော်မတီများပါဝင်သည့် ဧရာဝတီတိုင်းဒေသကြီး CMP လုပ်ငန်းများ မြေပြင်ကွင်းဆင်း စစ်ဆေးရေးအဖွဲ့၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို (၂၃.၆.၂၀၂၂)ရက်နေ့  မွန်းလွဲ (၁၃:၀၀) နာရီတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

          တက်ရောက်လာသောဌာနဆိုင်ရာအဖွဲ့ဝင်များမှ သက်ဆိုင်ရာဌာနအလိုက် ပူးပေါင်း ဆောင်ရွက်ပေးမည့် လုပ်ငန်းများ၊ စာရင်းအင်းအချက်အလက်များမှန်ကန်ရေးကိစ္စများ၊ သတင်းအချက်အလက်ဖလှယ်ရေးကိစ္စများ၊ စက်ရုံအဖွင့်/အပိတ်ကိစ္စများ၊ အလုပ်သမားဥပဒေပါ အခွင့် အရေးကိစ္စများ၊ အလုပ်အကိုင်အခွင့်အလမ်းများရရှိရေးအတွက်MIC ခွင့်ပြုမိန့်ရရှိထားသည့် စက်ရုံအလုပ်ရုံများဖွင့်လှစ်နိုင်ရေးကူညီဆောင်ရွက်ပေးရန် လိုအပ်သောကိစ္စများ၊OTကိစ္စရပ်များ၊ လုံခြုံရေးကိစ္စများ၊ ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် သက်ဆိုင်ရာဌာနများနှင့်ပူးပေါင်း၍ အသိပညာပေးဆောင်ရွက်ရန်ကိစ္စများ၊ နိုင်ငံခြားသားကျွမ်းကျင်သူများကိစ္စရပ်များ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာကိစ္စရပ်များ ဆက်စပ်ဌာနများအနေဖြင့် အချင်းချင်းပူးပေါင်း ဆောင်ရွက်ကြရန် ဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

 

မော်တော်ယာဉ်လိုင်းပေါင်းစုံအသင်းနှင့် တွေ့ဆုံ

           ဧရာဝတီတိုင်းဒသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ဖျာပုံခရိုင် ၊ကျိုက်လတ်မြို့နယ်တာဝန်ခံ ဦးတင်စိန်နှင့်ဝန်ထမ်းတို့သည် ၂၀၂၂ ခုနှစ် ၊  ဇွန်လ ၊ ၂၁ ရက်‌နေ့၊ နံနက်(၀၉:၀၀)နာရီမှ (၁၀:၀၀) နာရီချိန်ထိ အမှတ်(၂)ရပ်ကွက်၊ (၂)လမ်းကားဂိတ်တွင် မော်တော်ယာဉ်လိုင်းပေါင်းစုံအသင်းဥက္ကဌ ဦးစိုးမြင့်နှင့် အဖွဲ့ဝင်(၄)ဦးတို့နှင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

          ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် ဦးစိုးမြင့်က မော်တော်ယာဉ် လိုင်းပေါင်းစုံအသင်း ကို(၃၁.၃.၂၀၁၉)ရက်နေ့တွင် အသင်းဝင်(၉)ဦးဖြင့်ပြန်လည်ဖွဲ့စည်းခဲ့ပါကြောင်း ၊ဖွဲ့စည်းခဲ့သည့်အချိန်မှစ၍ ယခုအချိန်ထိ မော်တော်ယာဉ်လိုင်းပေါင်းစုံအသင်းအနေဖြင့် ကုန်သွယ်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက် အောင် အားပေးမြှင့်တင်ဆောင်ရွက်ရေး၊ မော်တော်ယာဉ်လိုင်းပေါင်းစုံအသင်းမှ မော်တော်ယာဉ်များအား စနစ်တကျပြေးဆွဲရေး ဦးစားပေး ဆောင်ရွက်လျက်ရှိပါကြောင်း ၊လက်ရှိအသင်းအနေဖြင့် ခရီးသည်နှင့် ကုန်စည်များကို သယ်ဆောင်ရာတွင် ကုန်စည်နှင့်ဝန်ဆောင်မှုအခြေအနေများအား ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုး တိုးတက်ရေး၊ မော်တော်ယာဉ်လိုင်းပေါင်းစုံ မိသားစုများအား စားဝတ်နေရေးနှင့် မော်တော်ယာဉ်များအား ပြန်လည်ပြင်ဆင်မွမ်းမံရန်အတွက် လိုအပ်လျက်ရှိသော ငွေကြေးများအား သက်သာသောအတိုးနှုန်းဖြင့် ထုတ်ချေးမည်ဆိုပါက လိုချင်ပါကြောင်းနှင့် လုပ်ငန်းများ ပုံမှန်လည်ပတ်နိုင်ရေးကိစ္စများ ဆွေးနွေးဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

 

မိတ္ထီလာမြို့နယ် Sein Daung Superstore သို့ ဈေးကွက်စောင့်ကြည့်စစ်‌ဆေးခြင်း

          စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူအခွင့်အရေးများကို သိရှိနားလည်စေရန် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲလုပ်ငန်းများ ဆောင်ရွက်ခြင်းနှင့် စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းရေး၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေးအတွက် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း လုပ်ငန်းများလုပ်ဆောင်လျက်ရှိပါသည်။ မန္တလေးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဦးဇော်မင်းနှင့်ဝန်ထမ်းများသည် ၂၀၂၂ ခုနှစ်၊ ဇွန်လ ၁၆  ရက်နေ့ (၁၃း၀၀)အချိန်တွင် မိတ္ထီလာမြို့နယ်၊ Sein Daung Superstore သို့ သွားရောက်၍ စားသောက်ကုန်၊ မုန့်မျိုးစုံနှင့် လူသုံးကုန်တို့တွင် ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ပြည့်စုံစွာထည့်သွင်းဖော်ပြခြင်းရှိ/မရှိ စျေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

            ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ရာတွင် ဆိုင်လုပ်ငန်းရှင်များအား လက်ရှိရောင်းချနေသော ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားဖော်ပြချက်များကို စားသုံးသူကာကွယ်ရေး(၂၀၁၉)နှင့်အညီ မြန်မာဘာသာဖြင့် ထည့်သွင်းဖော်ပြလာစေရန်ရည်ရွယ်၍ စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်းဖြစ်ကြောင်းနှင့် ၂၀၂၀ ခုနှစ်၊ မတ်လ(၁၆)ရက်နေ့မှစ၍ စတင်အာဏာသက်ရောက်နေပြီဖြစ်ကြောင်း၊ လုပ်ငန်းများအနေဖြင့် မိမိတို့ရောင်းချသည့် ကုန်စည်နှင့်ပတ်သတ်၍ ပါဝင်ရမည့် အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်(သို့) အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းပုံအညွှန်း၊ ဓါတ်မတည့်ကြောင်း‌ဖော်ပြချက်တို့ကို မြန်မာဘာသာဖြင့် မဖြစ်မနေထည့်သွင်း ဖော်ပြရမည်ဖြစ်ကြောင်း၊ အဆိုပါ အချက်အလက်များ ပါဝင်သည့် စားသောက်ကုန်နှင့် မုန့်မျိုးစုံနှင့် လူသုံးကုန်များကိုသာ ရောင်းချသွားရန်နှင့် ကုန်အညွှန်း အမှတ်အသား ပြည့်စုံစွာမပါရှိပါက မည်သည့်စီးပွားရေးလုပ်ငန်းရှင်မဆို စားသုံးသူကာကွယ်ရေးဥပဒေ ပုဒ်မ (၇၃)အရ (၂)နှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ်သိန်း(၂၀၀)ထက် မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်(၂)ရပ်လုံးဖြစ်စေ အရေးယူမှုများပြုလုပ်နိုင် ကြောင်း အသိပညာပေးဆွေးနွေးပြောကြားခဲ့ပြီး  ကုန်အညွှန်းအမှတ်အသားတပ်ဆင်ရန် နားမလည်၍ အခက်အခဲဖြစ်သော လုပ်ငန်းရှင်များရှိပါက စားသုံးသူရေးရာဦးစီးဌာနသို့ လာရောက်တိုင်ပင်ဆွေးနွေးနိုင်ကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့်လည်း စားသုံးသူရေးရာဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များကို သိရှိလိုပါက DOCA Myanmar Mobile Application နှင့် စားသုံးသူရေးရာဦးစီးဌာန၏ Website www. doca. gov. mm တွင် ဝင်ရောက်လေ့လာတိုင်ကြားနိုင်သည်ကို ဆွေးနွေးပြောကြားခဲ့ပြီး စားသုံးသူအသိပညာပေးလက်ကမ်းစာစောင်များအား ဖြန့်ဝေခဲ့ကြောင်းသိရှိရပါသည်။       

          စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူအခွင့်အရေးများကို သိရှိနားလည်စေရန် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲလုပ်ငန်းများ ဆောင်ရွက်ခြင်းနှင့် စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းရေး၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေးအတွက် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း လုပ်ငန်းများလုပ်ဆောင်လျက်ရှိပါသည်။ မန္တလေးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဦးဇော်မင်းနှင့်ဝန်ထမ်းများသည် ၂၀၂၂ ခုနှစ်၊ ဇွန်လ ၁၆  ရက်နေ့ (၁၃း၀၀)အချိန်တွင် မိတ္ထီလာမြို့နယ်၊ Sein Daung Superstore သို့ သွားရောက်၍ စားသောက်ကုန်၊ မုန့်မျိုးစုံနှင့် လူသုံးကုန်တို့တွင် ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ပြည့်စုံစွာထည့်သွင်းဖော်ပြခြင်းရှိ/မရှိ စျေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

            ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ရာတွင် ဆိုင်လုပ်ငန်းရှင်များအား လက်ရှိရောင်းချနေသော ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားဖော်ပြချက်များကို စားသုံးသူကာကွယ်ရေး(၂၀၁၉)နှင့်အညီ မြန်မာဘာသာဖြင့် ထည့်သွင်းဖော်ပြလာစေရန်ရည်ရွယ်၍ စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်းဖြစ်ကြောင်းနှင့် ၂၀၂၀ ခုနှစ်၊ မတ်လ(၁၆)ရက်နေ့မှစ၍ စတင်အာဏာသက်ရောက်နေပြီဖြစ်ကြောင်း၊ လုပ်ငန်းများအနေဖြင့် မိမိတို့ရောင်းချသည့် ကုန်စည်နှင့်ပတ်သတ်၍ ပါဝင်ရမည့် အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်(သို့) အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းပုံအညွှန်း၊ ဓါတ်မတည့်ကြောင်း‌ဖော်ပြချက်တို့ကို မြန်မာဘာသာဖြင့် မဖြစ်မနေထည့်သွင်း ဖော်ပြရမည်ဖြစ်ကြောင်း၊ အဆိုပါ အချက်အလက်များ ပါဝင်သည့် စားသောက်ကုန်နှင့် မုန့်မျိုးစုံနှင့် လူသုံးကုန်များကိုသာ ရောင်းချသွားရန်နှင့် ကုန်အညွှန်း အမှတ်အသား ပြည့်စုံစွာမပါရှိပါက မည်သည့်စီးပွားရေးလုပ်ငန်းရှင်မဆို စားသုံးသူကာကွယ်ရေးဥပဒေ ပုဒ်မ (၇၃)အရ (၂)နှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ်သိန်း(၂၀၀)ထက် မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်(၂)ရပ်လုံးဖြစ်စေ အရေးယူမှုများပြုလုပ်နိုင် ကြောင်း အသိပညာပေးဆွေးနွေးပြောကြားခဲ့ပြီး  ကုန်အညွှန်းအမှတ်အသားတပ်ဆင်ရန် နားမလည်၍ အခက်အခဲဖြစ်သော လုပ်ငန်းရှင်များရှိပါက စားသုံးသူရေးရာဦးစီးဌာနသို့ လာရောက်တိုင်ပင်ဆွေးနွေးနိုင်ကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့်လည်း စားသုံးသူရေးရာဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များကို သိရှိလိုပါက DOCA Myanmar Mobile Application နှင့် စားသုံးသူရေးရာဦးစီးဌာန၏ Website www. doca. gov. mm တွင် ဝင်ရောက်လေ့လာတိုင်ကြားနိုင်သည်ကို ဆွေးနွေးပြောကြားခဲ့ပြီး စားသုံးသူအသိပညာပေးလက်ကမ်းစာစောင်များအား ဖြန့်ဝေခဲ့ကြောင်းသိရှိရပါသည်။       

DOCA(မန္တလေး)

စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခြင်း

            ဧရာဝတီတိုင်းဒေသကြီး ၊စားသုံးသူရေးရာဦးစီးဌာန၊ ဖျာပုံခရိုင်၊ဘိုကလေးမြို့နယ်တာဝန်ခံသည် ၂၀၂၂ ခုနှစ် ဇွန်လ (၂၃)ရက်နေ့နံနက် (၁၀:၃၀)နာရီ အချိန်တွင်အမှတ်(၈) ဗိုလ်တေဇလမ်း(၅)ရပ်ကွက်ရှိ ဆန်စက်အသင်းရုံး၌ ဆန်စက်လုပ် ငန်းရှင်(၁၅) ဦးတို့အား စားသုံးသူကာကွယ်ရေး အသိပညာပေးဆောင်ရွက်ခဲ့ပါသည်။

          အဆိုပါဟောပြောပွဲတွင်  မြို့နယ်တာဝန်ခံမှ စားသုံးသူကာကွယ်ရေး ဥပဒေကို ၂၀၁၉ ခုနှစ်၊ မတ်လ(၁၅)ရက်နေ့တွင် အခန်း(၂၅)ခန်း၊ ပုဒ်မ(၈၄)ခုဖြင့် ပြဌာန်းခဲ့ကြောင်း စားသုံးသူကာကွယ်ရေးနည်းဥပဒေကို စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ အမိန့်ကြော် ငြာစာအမှတ် (၉/၂၀၂၂)ဖြင့် ပြဌာန်းခဲ့ပြီး ဖြစ်ကြောင်း၊ ဥပဒေတွင်ပါရှိသောအခန်း(၉)စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ အခန်း(၁၀)ပါစီးပွားရေးလုပ်ငန်းရှင်တာဝန်များအကြောင်း၊ အခန်း(၂၃)ပါတားမြစ် ချက်များနှင့်ပြစ်မှုပြစ်ဒဏ်များ၊ကုန်စည်နှင့်စပ်လျဉ်း၍ ဖော်ပြရမည့်အချက်များ ဈေးကွက်ရောက်ပြီး ကုန်စည်နှင့် ဈေးကွက်မရောက်မီကုန်စည်များတွင် ဘေးအန္တရာယ်ကင်းရှင်းစေရေးတို့အတွက် အခန်း (၁၈) ပါကုန်အညွှန်းအမှတ်တံဆိပ်များ ပြည့်စုံစွာထည့်သွင်းဖော်ပြချက်တို့ကို သိရှိစေရေးတို့အတွက် ရှင်းလင်းဟောပြောခဲ့ပြီး တက်ရောက်လာသူများမှလည်း သိလိုသည့်များမေးမြန်းဆွေးနွေးပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

ကျိုက်လတ်မြို့နယ်ရှိ (အောင်) စက်မှုလက်မှုလုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေး

        ဧရာဝတီတိုင်းဒေသကြီး ၊စားသုံးသူရေးရာဦးစီးဌာန၊ ဖျာပုံခရိုင်ကျိုက်လတ်မြို့နယ်မှ မြို့နယ်တာဝန်ခံဦးတင်စိန်နှင့် ဝန်ထမ်းတို့သည် (၂၁.၆.၂၀၂၂)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီမှ (၁၁:၀၀)နာရီ အချိန်ထိ ကျိုက်လတ်မြို့နယ်၊ အမှတ်(၁)ရပ်ကွက်၊ (၂၈)လမ်းရှိ အောင် စက်မှုလက်မှုလုပ်ငန်းမှ လုပ်ငန်းရှင် ဦးအောင်ခိုင်နှင့် တွေ့ဆုံဆွေးနွေးဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် အောင် စက်မှုလက်မှုလုပ်ငန်းမှ လက်ရှိဆောင်ရွက်နေသော လုပ်ငန်းများမှာ သံဗန်း၊ သံတံခါး၊ ဒလက်ချာလုပ်ငန်းများလုပ်ကိုင်လျက်ရှိပြီး လက်ရှိတွေ့ကြုံရသည့် အခက်အခဲများမှာ ယခုလက်ရှိသံချောင်းဈေးနှုန်းမြှင့်တက်နေခြင်းကြောင့် အရင်းအနှီးများလာပြီး၊ထုတ် လုပ်မှုပါလျော့နည်းလာပါသည်။လက်ရှိသံချောင်းဈေးမှာ တစ်တန်(၁၈)သိန်းခန့်ဝယ်ရပြီး သံတခါးတစ် ခုကုန်ကျစရိတ်မှာ (၆)သိန်း (၅)သောင်းခန့် ကုန်ကျလျက်ရှိပြီး သံတံခါးတစ်ခုပြုလုပ်ရာတွင် သံတံခါးပြီးဆုံးသည့်အထိ (၃)ရက်ခန့်လုပ်ရပြီး၊ အလုပ်သမားတစ်ဦး၏ တစ်နေ့လုပ်ခမှာ(၁၀၀၀၀)ကျပ် ခန့်ပေးရပြီး သံတံခါးပြုလုပ်ပြီးသည့်အထိ အမြတ်ငွေ(၁၅၀၀၀၀)ကျပ်ခန့်ရရှိကြောင်း မေးမြန်းစုံစမ်း သိရှိခဲ့ရပါသည်။

          စက်မှုလက်မှုလုပ်ငန်းရှင်အ‌နေဖြင့် လက်ရှိဆောင်ရွက်နေသည့် အခြေအနေများ၊ ရှေ့ဆက်လက် ဆောင်ရွက်မည့်အခြေအနေများတွေ့ကြုံရသည့်စိန်ခေါ်မှုများအား တွေ့ဆုံဆွေးနွေးမေးမြန်းခဲ့ပြီး အောင် စက်မှုလက်မှုလုပ်ငန်းမှထုတ်လုပ်လျက်ရှိသော သံဗန်း၊ သံတံခါး၊ ချွေလှေ့စက်၊ရေတင်စက်၊ ဒလတ်ချာ၊ လယ်ယာသုံးစက်ကိရိယာအမျိုးမျိုး ထုတ်လုပ်မှု့ ၊ဖြန့်ဖြူးမှု့ ဈေးနှုန်းဈေးကွက်အခြေအနေများအား ဆွေးနွေးမေးမြန်းကာ ပုဂ္ဂလိက ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးကိစ္စများ ဆွေးနွေးဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)

ဘားအံမြို့၊အမှတ်(၃)ရပ်ကွက်၊အခြေခံမူလတန်းကျောင်းတွင် စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောပွဲကျင်းပ

             စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ ဦးမျိုးဝင်းနိုင် (ဦး/ရှိ)နှင့် ဝန်ထမ်းများသည် ၂၄-၆-၂၀၂၂ရက်(သောကြာနေ့) နေ့လယ် (၁၀:၀၀) နာရီအချိန်  ဘားအံမြို့ရှိ အမှတ်(၃) ရပ်ကွက်၊ အ-မ-က(၅)အခြေခံပညာမူလတန်းကျောင်းတွင် မြို့နယ်ကျောင်းကျန်းမာရေး ကော်မတီ အဖွဲ့ဝင်များနှင့်ပူးပေါင်း၍ အသိပညာပေးဟောပြောပွဲ ကျင်းပခဲ့ကြောင်း သိရှိရပါသည်။

             အဆိုပါဟောပြောပွဲတွင် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ဆိုးဆေးနှင့် ပတ်သက်၍ တားမြစ်ဆိုးဆေးနှင့်သုံးစွဲရန်မသင့်သည့် အစားသောက်များအကြောင်းကိုလည်းကောင်း၊ မြို့နယ်တိုင်းရင်းဆေးကုဌာနမှ တိုင်းရင်းဆေးမှူးက နာနတ်သီးစားသုံးခြင်း၏ အကျိုးကျေးဇူး သိကောင်းစရာကိုလည်းကောင်း၊  မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သွေးလွန်တုပ်ကွေးရောဂါအကြောင်းနှင့် ပတ်သက်၍လည်းကောင်း၊ စားသုံးသူရေးရာဦးစီးဌာနမှ ဦးမျိုးဝင်းနိုင် ဦးစီးအရာရှိက စားသုံးသူအခွင့်ရေးနှင့်တာဝန်များအကြောင်း၊ အစားအသောက်များ ဘေးအန္တရာယ်ကင်းရှင်းစေရေးနှင့် ထုတ်ကုန်လုံခြုံစိတ်ချမူရှိစေရေးအတွက် ကုန်အညွှန်းအမှတ်အသားအကြောင်းကို ရှင်းလင်းပြောကြားခဲ့ပါသည်။ ထို့နောက် ကျောင်းသူ/ကျောင်းသားများနှင့်ကျောင်းသားမိဘများမှ သိရှိလိုသည်များကိုမေးမြန်စေပြီး သက်ဆိုင်ရာဌာန တာဝန်ရှိသူများက ရှင်းလင်းဖြေကြားခဲ့ပါသည်။

            ဟောပြောပွဲတွင် ကျောင်းအုပ်ဆရာမကြီး၊ဆရာ/ဆရာမများ၊မိတ်ဖိက်ဌာနမှ တာဝန်ရှိသူများ၊ ကျောင်းသူကျောင်းသားများနှင့်ကျောင်းသားမိဘများ စုစုပေါင်းဦးရေ (၁၄၈)ဦး တို့တက် ရောက်ခဲ့ပြီး တက်ရောက်လာသူများအား  လက်ကမ်းစာစောင်နှင့်Leafletsများ ဖြန့်ဝေပေးခဲ့ကြောင်း သတင်း ရရှိပါသည်။

DOCA (ကရင်)

 

 

 

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ
a