အလုပ်သမားညွှန်ကြားမှုဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူးရုံးတွင် CMP လုပ်ငန်းများ မြေပြင်ကွင်းဆင်းစစ်ဆေးရေးအဖွဲ့ အစည်းအဝေးပြုလုပ်

Powered by Drupal

             ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊အလုပ်သမားညွှန်ကြားမှုဦးစီးဌာန တိုင်းဦးစီးမှူးရုံးတွင် တိုင်းဦးစီးမှူးဦးအောင်ငြိမ်းမှဦးဆောင် ကျင်းပသော အဖွဲ့ဝင်ဌာနဆိုင်ရာများဖြစ်သည့် အကောက်ခွန်ဦးစီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာန၊စားသုံးသူရေးရာဦးစီးဌာန၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာန၊ စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေး ဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ စက်မှုဇုန်ကော်မတီများပါဝင်သည့် ဧရာဝတီတိုင်းဒေသကြီး CMP လုပ်ငန်းများ မြေပြင်ကွင်းဆင်း စစ်ဆေးရေးအဖွဲ့၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို (၂၃.၆.၂၀၂၂)ရက်နေ့  မွန်းလွဲ (၁၃:၀၀) နာရီတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

          တက်ရောက်လာသောဌာနဆိုင်ရာအဖွဲ့ဝင်များမှ သက်ဆိုင်ရာဌာနအလိုက် ပူးပေါင်း ဆောင်ရွက်ပေးမည့် လုပ်ငန်းများ၊ စာရင်းအင်းအချက်အလက်များမှန်ကန်ရေးကိစ္စများ၊ သတင်းအချက်အလက်ဖလှယ်ရေးကိစ္စများ၊ စက်ရုံအဖွင့်/အပိတ်ကိစ္စများ၊ အလုပ်သမားဥပဒေပါ အခွင့် အရေးကိစ္စများ၊ အလုပ်အကိုင်အခွင့်အလမ်းများရရှိရေးအတွက်MIC ခွင့်ပြုမိန့်ရရှိထားသည့် စက်ရုံအလုပ်ရုံများဖွင့်လှစ်နိုင်ရေးကူညီဆောင်ရွက်ပေးရန် လိုအပ်သောကိစ္စများ၊OTကိစ္စရပ်များ၊ လုံခြုံရေးကိစ္စများ၊ ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် သက်ဆိုင်ရာဌာနများနှင့်ပူးပေါင်း၍ အသိပညာပေးဆောင်ရွက်ရန်ကိစ္စများ၊ နိုင်ငံခြားသားကျွမ်းကျင်သူများကိစ္စရပ်များ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာကိစ္စရပ်များ ဆက်စပ်ဌာနများအနေဖြင့် အချင်းချင်းပူးပေါင်း ဆောင်ရွက်ကြရန် ဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)