ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊အလုပ်သမားညွှန်ကြားမှုဦးစီးဌာန တိုင်းဦးစီးမှူးရုံးတွင် တိုင်းဦးစီးမှူးဦးအောင်ငြိမ်းမှဦးဆောင် ကျင်းပသော အဖွဲ့ဝင်ဌာနဆိုင်ရာများဖြစ်သည့် အကောက်ခွန်ဦးစီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာန၊စားသုံးသူရေးရာဦးစီးဌာန၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာန၊ စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေး ဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ စက်မှုဇုန်ကော်မတီများပါဝင်သည့် ဧရာဝတီတိုင်းဒေသကြီး CMP လုပ်ငန်းများ မြေပြင်ကွင်းဆင်း စစ်ဆေးရေးအဖွဲ့၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို (၂၃.၆.၂၀၂၂)ရက်နေ့ မွန်းလွဲ (၁၃:၀၀) နာရီတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
တက်ရောက်လာသောဌာနဆိုင်ရာအဖွဲ့ဝင်များမှ သက်ဆိုင်ရာဌာနအလိုက် ပူးပေါင်း ဆောင်ရွက်ပေးမည့် လုပ်ငန်းများ၊ စာရင်းအင်းအချက်အလက်များမှန်ကန်ရေးကိစ္စများ၊ သတင်းအချက်အလက်ဖလှယ်ရေးကိစ္စများ၊ စက်ရုံအဖွင့်/အပိတ်ကိစ္စများ၊ အလုပ်သမားဥပဒေပါ အခွင့် အရေးကိစ္စများ၊ အလုပ်အကိုင်အခွင့်အလမ်းများရရှိရေးအတွက်MIC ခွင့်ပြုမိန့်ရရှိထားသည့် စက်ရုံအလုပ်ရုံများဖွင့်လှစ်နိုင်ရေးကူညီဆောင်ရွက်ပေးရန် လိုအပ်သောကိစ္စများ၊OTကိစ္စရပ်များ၊ လုံခြုံရေးကိစ္စများ၊ ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် သက်ဆိုင်ရာဌာနများနှင့်ပူးပေါင်း၍ အသိပညာပေးဆောင်ရွက်ရန်ကိစ္စများ၊ နိုင်ငံခြားသားကျွမ်းကျင်သူများကိစ္စရပ်များ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာကိစ္စရပ်များ ဆက်စပ်ဌာနများအနေဖြင့် အချင်းချင်းပူးပေါင်း ဆောင်ရွက်ကြရန် ဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(ဧရာဝတီ)