သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ငရုတ်ဆီ(၃)မျိုးနှင့် အခြားစားသောက်ကုန်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

အစားအသောက်အန္တရာယ်ကင်းရှင်းစေရေးရည်ရွယ်၍ ၃၀-၁၀-၂၀၂၁ ရက်နေ့တွင် စစ်တွေမြို့ မင်းဂံဈေးနှင့် မြို့မဈေးကြီးအတွင်း ရောင်းချနေသော စားသောက်ကုန်ပစ္စည်းများ လုံခြုံစိတ်ချရမှု ရှိစေရေးအတွက် စားသုံးသူရေးရာဦးစီးဌာန စစ်တွေခရိုင်ဦးစီးမှူး ဦးမောင်လှဝင်းနှင့် ဝန်ထမ်းများသည် ပြည်နယ် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဌာန၊ မြို့နယ်အထွေထွေအုပ်ချုပ်ရုံးနှင့် စည်ပင်သာယာအဖွဲ့တို့မှ တာဝန်ရှိသူများ ပူးပေါင်းပါဝင်သည့်အဖွဲ့ဖြင့် ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။
ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် စစ်တွေမြို့ မင်းဂံဈေး နှင့် မြို့မဈေးကြီးအတွင်း အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA)မှ တားမြစ်ထားသည့် “စိန်”အမှတ်တံဆိပ် ၊ “A-1” အမှတ် တံဆိပ် ၊ “ပျံလွှားနှစ်ကောင်” အမှတ်တံဆိပ် ငရုတ်ဆီ(၃)မျိုးအား ဈေးကွက်အတွင်း ရောင်းချမှု ရှိ/မရှိ စစ်ဆေးမှုပြုလုပ်ခဲ့ပါသည်။ အဆိုပါစစ်ဆေးရာတွင် မင်းဂံရပ်ကွက် ဈေးအတွင်း ၎င်းငရုတ်ဆီ(၃)မျိုး ရောင်းချခြင်းမရှိသော်လည်း နောင်တွင် ၎င်းငရုတ်ဆီ (၃)မျိုးအား ရောင်းချခြင်းမပြုလုပ်ရေး ဈေးအရောင်းဆိုင်သည်များအား အသိပေးခဲ့ပါသည်။၊ ၎င်းနောက် စစ်တွေမြို့ မြို့မဈေးကြီးအတွင်း ဝင်ရောက်စစ်ဆေးရာ ကုန်စုံဆိုင်တစ်ဆိုင်တွင် “စိန်” အမှတ်တံဆိပ် 300 ml ငရုတ်ဆီဘူး(၁၂)ဘူး တွေ့ရှိရ၍ FDAဌာနမှ အဖွဲ့ဖြင့် သိမ်းဆည်းခြင်း ပြုလုပ်ခဲ့ပါသည်။ ထို့အပြင် စစ်တွေမြို့မှ ထုတ်လုပ်သော “ခြင်္သေ့နှစ်ကောင်”အမှတ်တံဆိပ် ငရုတ်ဆီ ထုပ်သေးများအား တွေ့ရှိရ၍ ဓါတ်ခွဲစမ်းသပ်ရန် နမူနာကောက်ယူမှုများ ပြုလုပ်ခဲ့ပါကြောင်းနှင့် ၂၀၁၉ ခုနှစ် ဒီဇင်ဘာ(၃)ရက်နေ့တွင် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက် အမှတ်(၂/၂၀၁၉) ထုတ်ပြန်သည့် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် ကိုက်ညီမှု မရှိသော ကုန်စည်များအား ဈေးကွက် အတွင်းရောင်းချမှု ရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းနှင့် ညွှန်ကြားချက်ပါ ကုန်စည်များတွင် မြန်မာဘာသာဖြင့် ဖြစ်စေ၊ မြန်မာဘာသာနှင့်အခြား ဘာသာတစ်ခု (သို့) တစ်ခုထက်ပို၍ တွဲလျှက်ဖြစ်စေ ဖော်ပြရာ၌ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာ ဆောင်ရွက်ရန် ညွှန်ကြားချက်ပါ အချက်အလက်များအား စီးပွား‌ရေးလုပ်ငန်းရှင် ကုန်စည်ထုတ်လုပ်သူ၊ ဖြန့်ဖြူးရောင်းချသူများသိရှိ နားလည်သဘောပေါက်စေရန် ကွင်းဆင်းစစ်ဆေး ဆွေးနွေးမှုများ ဆောင်ရွက်ခဲ့ပါသည်။

စားသုံးသူရေးရာဦးစီးဌာန
စစ်တွေခရိုင်

၂.၁၁.၂၀၂၁ ရက်နေ့ စားအုန်းဆီ ဈေးနှုန်းသတင်းနှင့် တစ်ပိဿာကုန်ကျစရိတ်တွက်ချက်မှုစာရင်း

(၂.၁၁.၂၀၂၁)ရက်နေ့ တိုင်းဒေသကြီး/ပြည်နယ်များအလိုက် စားအုန်းဆီတစ်ပိဿာကုန်ကျစရိတ်တွက်ချက်မှုစာရင်းနှင့် စားအုန်းဆီ နေ့စဉ်ဈေးနှုန်းသတင်းအား အောက်ပါ PDF ဖိုင်တွင် ကြည့်ရှုလေ့လာနိုင်ပါသည်။

၅.၁၁.၂၀၂၁ ရက်နေ့ စားအုန်းဆီ ဈေးနှုန်းသတင်းနှင့် တစ်ပိဿာကုန်ကျစရိတ်တွက်ချက်မှုစာရင်း

(၅.၁၁.၂၀၂၁)ရက်နေ့ တိုင်းဒေသကြီး/ပြည်နယ်များအလိုက် စားအုန်းဆီတစ်ပိဿာကုန်ကျစရိတ်တွက်ချက်မှုစာရင်းနှင့် စားအုန်းဆီ နေ့စဉ်ဈေးနှုန်းသတင်းအား အောက်ပါ PDF ဖိုင်တွင် ကြည့်ရှုလေ့လာနိုင်ပါသည်။

၃.၁၁.၂၀၂၁ ရက်နေ့ စားအုန်းဆီ ဈေးနှုန်းသတင်းနှင့် တစ်ပိဿာကုန်ကျစရိတ်တွက်ချက်မှုစာရင်

(၃.၁၁.၂၀၂၁)ရက်နေ့ တိုင်းဒေသကြီး/ပြည်နယ်များအလိုက် စားအုန်းဆီတစ်ပိဿာကုန်ကျစရိတ်တွက်ချက်မှုစာရင်းနှင့် စားအုန်းဆီ နေ့စဉ်ဈေးနှုန်းသတင်းအား အောက်ပါ PDF ဖိုင်တွင် ကြည့်ရှုလေ့လာနိုင်ပါသည်။

ပြည်ပမှတင်သွင်းသော စားအုန်းဆီ(Palm Olein Oil) အရည်အသွေး သတ်မှတ်ချက် များထုတ်ပြန်နိုင်ရေး ညှိနှိုင်းအစည်းအဝေးအား Virtual Meeting ကျင်းပ

၅.၁၁.၂၀၂၁ ရက်နေ့၊ နေ့လယ် (၀၂:၀၀) နာရီတွင် ပြည်ပမှတင်သွင်းသော စားအုန်းဆီ (Palm Olein Oil) အရည်အသွေးသတ်မှတ်ချက်များထုတ်ပြန်နိုင်ရေးနှင့်ပတ်သက်၍ ညှိနှိုင်းအစည်းအဝေးကို စားသုံးသူရေးရာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က ဦးဆောင်၍ Virtual Meeting ဖြင့်ကျင်းပပြုလုပ်ခဲ့ရာ သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာန၊ အစား အသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ မြန်မာကုန်ပစ္စည်းစစ်‌ဆေးရေးနှင့်စမ်းသပ်မှု လုပ်ငန်းလီမိတက်(MITS)၊ မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းတို့မှ တာဝန် ရှိသူများနှင့် ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပါသည်။ အစည်းအဝေးတွင် စီးပွားရေးနှင့် ကူးသန်း‌ရောင်းဝယ်‌ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ချိုက အဖွင့်အမှာစကားပြောကြားရာတွင် မြန်မာနိုင်ငံတွင် စားသုံးဆီသုံးစွဲမှုအနေ နှင့် တစ်နှစ်ကို တန်ချိန် ၁၂ သိန်းခန့်ရှိပြီး ပြည်တွင်းထုတ်လုပ်နိုင်မှု တန်ချိန် ၃ သိန်း ခန့်သာ ထုတ်လုပ်နိုင်ကြောင်း၊ စားအုန်းဆီများကိုပြည်ပမှအများဆုံးတင်သွင်းလျက် ရှိရာ ရာခိုင်နှုန်းအားဖြင့် စုစုပေါင်း စားသုံးဆီတင်သွင်းမှု၏ ၉၅.၄၆၈ ရာခိုင်နှုန်းခန့်ရှိ ကြောင်း၊ ကျန်းမာရေးနှင့်ညီညွတ်သော စားသုံးဆီများ ထုတ်လုပ်၊ တင်သွင်း၊ ဖြန့်ဖြူး ရောင်းချနိုင်ရေး၊ စားသုံးသူများ အရည်အသွေးပြည့်ဝသော စားသုံးဆီများဝယ်ယူ စားသုံးနိုင်ရေးနှင့် စားအုန်းဆီအရည်အသွေး သတ်မှတ်ချက်များအား ခေတ်နှင့်အညီ သတ်မှတ်နိုင်ရေးတို့အတွက် ပြည်ပမှတင်သွင်းသော စားအုန်းဆီ (Palm Olein Oil) အရည်အသွေးသတ်မှတ်ချက်အမိန့်ထုတ်ပြန်နိုင်ရေး ညှိနှိုင်းအစည်းအဝေး ကျင်းပ ခြင်းဖြစ်ကြောင်း အဖွင့်အမှာစကားပြောကြားခဲ့ပြီး အစည်းအဝေးသို့ တက်ရောက်လာသော သက်ဆိုင်ရာဌာနများနှင့် အသင်းအဖွဲ့များမှ ကိုယ်စားလှယ်များက စားအုန်းဆီအရည်အသွေး သတ်မှတ်ချက် (မူကြမ်း) အပေါ် ဝိုင်းဝန်းအကြံပြုဆွေးနွေးခဲ့ပြီး အစည်းအဝေးအား နေ့လယ် ၁၅:၄၅ နာရီအချိန်တွင် ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။

၁.၁၁.၂၀၂၁ ရက်နေ့ စားအုန်းဆီ ဈေးနှုန်းသတင်းနှင့် တစ်ပိဿာကုန်ကျစရိတ်တွက်ချက်မှုစာရင်း

(၁.၁၁.၂၀၂၁)ရက်နေ့ တိုင်းဒေသကြီး/ပြည်နယ်များအလိုက် စားအုန်းဆီတစ်ပိဿာကုန်ကျစရိတ်တွက်ချက်မှုစာရင်းနှင့် စားအုန်းဆီ နေ့စဉ်ဈေးနှုန်းသတင်းအား အောက်ပါ PDF ဖိုင်တွင် ကြည့်ရှုလေ့လာနိုင်ပါသည်။

၂၀၂၁-၂၀၂၂ ခုနှစ်၊ ဒိုက်ဦးမြို့နယ်၌ မိုးစပါးစံကွက်ရိတ်သိမ်းခြင်း အခမ်းအနားကျင်းပ

၂၆.၁၀.၂၀၂၁ ရက်နေ့၊ နံနက် ( ၉ : ၀၀) နာရီအချိန်တွင် ကျင်းပပြုလုပ်သော ၂၀၂၁-၂၀၂၂ ခုနှစ်၊ မိုးစပါးစံပြစိုက်ခင်း စံကွက်ရိတ်သိမ်းခြင်း အခမ်းအနားကို ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင် ၊ ဒိုက်ဦးမြို့နယ်၊ ဒိုးတန်းကျေးရွာအုပ်စု၊ ချိုးလှကွင်း ၊ ကွင်းအမှတ် (၃၁၄.ခ) ၊ ဦးပိုင်အမှတ် (၂၃/၁) ဆင်းသုခ - မိုးစပါး စံကွက်၌ စိုက်ပျိုးရေးဦးစီးဌာနမှ ဦးဆောင်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ နှင့် အဖွဲ့ဝင်များ၊ မြို့နယ် စိုက်ပျိုးရေးဦးစီးမှူးဌာန ၊ မြို့နယ် စိုက်ပျိုးမွေးမြူ ရေးနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီအဖွဲ့ဝင် ဌာနဆိုင်ရာ အကြီးအကဲများ ၊ တောင်သူများနှင့်အတူ စားသုံးသူရေးရာဦးစီးဌာန ၊ ဒိုက်ဦး မြို့နယ် တာဝန်ခံမှ ပူးပေါင်းပါဝင် တက်‌ရောက်ခဲ့ပါသည်။
ပဲခူးတိုင်း ဒေသကြီးတွင် ၂၀၂၁ ခုနှစ် ၊ မိုးစပါးစိုက်ဧက ၂၆၉၅၂၂၇ ဧက စိုက်ပျိုးထားရှိပြီး ၊ မိုးစပါး ကောက်စောစပါးများ စတင်ထွက်ပေါ်လျှက်ရှိရာ ပဲခူးခရိုင်၊ ဒိုက်ဦးမြို့နယ်၌ မိုးစပါးစံပြ စိုက်ဧက ၃၅ ဧက စိုက်ကွက် (၉)ကွက် စိုက်ပျိုးထားရှိမှုအပေါ် တောင်သူ ဦးမောင်စိုး၏ ဆင်းသုခ - မိုးစပါး စံကွက်၌ ရိတ်သိမ်းပွဲ ကျင်းပခဲ့ရာ စပါးတစ်ဧကလျှင် ပျှမ်းမျှအထွက်နှုန်းစပါးတင်း (၁၀၀.၂၈)တင်း ထွက်ရှိကြောင်း၊ သတင်းရရှိပါသည်။
စားသုံးသူရေးရာဦးစီးဌာန(ပဲခူးတိုင်းဒေသကြီး)

၂၈.၁၀.၂၀၂၁ ရက်နေ့ စားအုန်းဆီ ဈေးနှုန်းသတင်းနှင့် တစ်ပိဿာကုန်ကျစရိတ်တွက်ချက်မှုစာရင်း

(၂၈.၁၀.၂၀၂၁)ရက်နေ့ တိုင်းဒေသကြီး/ပြည်နယ်များအလိုက် စားအုန်းဆီတစ်ပိဿာကုန်ကျစရိတ်တွက်ချက်မှုစာရင်းနှင့် စားအုန်းဆီ နေ့စဉ်ဈေးနှုန်းသတင်းအား အောက်ပါ PDF ဖိုင်တွင် ကြည့်ရှုလေ့လာနိုင်ပါသည်။

၂၇.၁၀.၂၀၂၁ ရက်နေ့ စားအုန်းဆီ ဈေးနှုန်းသတင်းနှင့် တစ်ပိဿာကုန်ကျစရိတ်တွက်ချက်မှုစာရင်း

(၂၇.၁၀.၂၀၂၁)ရက်နေ့ တိုင်းဒေသကြီး/ပြည်နယ်များအလိုက် စားအုန်းဆီတစ်ပိဿာကုန်ကျစရိတ်တွက်ချက်မှုစာရင်းနှင့် စားအုန်းဆီ နေ့စဉ်ဈေးနှုန်းသတင်းအား အောက်ပါ PDF ဖိုင်တွင် ကြည့်ရှုလေ့လာနိုင်ပါသည်။

လွိုင်ကော်မြို့တွင် စားအုန်းဆီ ဖြန့်ဖြူးရောင်းချလျက်ရှိ

စားသုံးသူပြည်သူများအနေဖြင့် စားအုန်းဆီများ သက်သာသောဈေးနှုန်းဖြင့် ဝယ်ယူရရှိနိုင်ရန်ရည်ရွယ်၍ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်အသင်းတို့ပူးပေါင်းမှုစီစဉ်မှုဖြင့် ပြည်ပမှ စားအုန်းဆီများ တင်သွင်းခဲ့ပြီး ပြည်နယ်အစိုးရအဖွဲ့၏ လမ်းညွှန်မှု အစီအစဉ်ဖြင့် တစ်ပိဿာလျှင် လက်လီဈေး ငွေကျပ် (၄၁၀၀)ကျပ်နှုန်းဖြင့် လွိုင်ကော် မြို့ပြည်နယ်ခန်းမ၌ အောက်တိုဘာ ၂၂ ရက်နေ့မှ ၂၇ ရက်နေ့ထိနေ့စဉ် နံနက် (၉း၃၀) မှညနေ(၁၆း၃၀)နာရီထိ ဌာနဆိုင်ရာဝန်ထမ်းများအား တစ်ဦးလျှင် တစ်ပိဿာ နှုန်းဖြင့် ဦးစွာ ဖြန့်ဖြူးရောင်းချခဲ့ကြောင်း သိရှိရပါသည်။
စားသုံးသူရေးရာဦးစီးဌာန(ကယားပြည်နယ်)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ