သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

“တွံတေးခရိုင်တွင် အသင့်စားမုန့်အမျိုးမျိုးနှင့် စပ်လျဉ်း၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း”

         ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဈေးအတွင်း/ အပြင်ရှိ မုန့်မျိုးစုံရောင်းချသောဆိုင်များသို့ စားသုံးသူပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစေရေးနှင့် ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေးအတွက် အသင့်စားမုန့်အမျိုးမျိုးတို့တွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာဖော်ပြထားခြင်းရှိ/ မရှိ ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းအား  ဒီဇင်ဘာ လ(၉)ရက်နေ့၊ နေ့လယ်(၁၂:၀၀)နာရီအချိန်တွင် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

         ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူများသည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဒုဈေးတာဝန်ခံ ဦးသန်းထွန်းတို့ပူးပေါင်း၍ ကမာကဆစ်ဈေးအတွင်း/ အပြင်ရှိ မုန့်မျိုးစုံရောင်းချသောဆိုင်များတွင် ရောင်းချလျက်ရှိသည့် အသင့်စားမုန့်အမျိုးမျိုးတို့တွင် စားသုံးသူကာကွယ်ရေး ဥပဒေပြဌာန်းချက်များနှင့် အညီ ကုန်အညွှန်းအမှတ်အသားများအား ဖော်ပြရာတွင် မြန်မာဘာသာဖြင့်သော်လည်းကောင်း၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု(သို့မဟုတ်) တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေ ဖော်ပြထားခြင်းရှိ/ မရှိ ဈေးကွက် စောင့်ကြည့်စစ်ဆေးခြင်း၊ မုန့်မျိုးစုံရောင်းချသည့်လုပ်ငန်းရှင်များအား ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြထားခြင်းမရှိသည့် မုန့်မျိုးများအား ရောင်းချခြင်းမပြုလုပ်ကြရန်၊ ထိုသို့ပြုလုပ်ပါက စားသုံးသူကာကွယ်ရေးဥပဒေနှင့် အညီအရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိ ပညာပေးဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

ရေတာရှည်မြို့နယ်အတွင်း စားအုန်းဆီဝယ်ယူခွင့် စာအုပ်များဖြင့် စားအုန်းဆီဝယ်ယူမှုအား ကွင်းဆင်းစစ်ဆေး

    စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ် တာဝန်ခံဦးဇော်ဇော်ထွေး နှင့် ဝန်ထမ်း(၁)ဦးသည် ဒီဇင်ဘာလ ၁၅  ရက်နေ့ နံနက်ပိုင်းတွင် ရေတာရှည်မြို့နယ်၊ မြို့လှ ဈေးအတွင်းရှိ ကုန်စုံဆိုင်များတွင် မြို့လှမြို့ပေါ်ရပ်ကွက်နေ ပြည်သူများကိုလည်းကောင်း၊ ငါးကြီးကွေ့ ကျေးရွာအုပ်စု၊ ထောက်ကြံကွင်းကျေးရွာနေပြည်သူများအား စားအုန်းဆီ ဆီဝယ်ယူခွင့် စာအုပ်ဖြင့် ဖြန့်ဖြူးရောင်းချနေမှုအား မြေပြင်ကွင်းဆင်းစစ်ဆေးခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

       ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်တာဝန်ခံ ဦးဇော်ဇော်ထွေးက အဆိုပါကျေးရွာ/ ရပ်ကွက် နေပြည်သူများ၏ အိမ်ထောင်စုများအား ဆီဝယ်ယူခွင့်စာအုပ်ဖြင့် ရောင်းချနေမှုကို သတ်မှတ်ရည်ညွှန်း ဈေးဖြင့်ရောင်းချရန်၊ ခွဲတမ်းရရှိထားသော စားအုန်းဆီရောင်းချရာတွင် အများပြည်သူများမြင်သာအောင် ဈေးနှုန်းဗွီနိုင်းချိတ်ဆွဲထားရန်၊ အလေးချိန်ပြည့်ဝမှန်ကန်စွာ ရောင်းချရန်၊ ဈေးနှုန်း မြှင့်တင် ရောင်းချခြင်းများမရှိစေရန်၊ ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားခြင်းများ မပြုရန် နှင့် အိမ်ထောင်စုများအား ဖြန့်ဖြူးရောင်းချနေသော စားအုန်းဆီများ အရည်အသွေးတို့အား ကွင်းဆင်းစစ်‌ဆေးခဲ့ပါ သည်။

          အထက်ပါစည်းကမ်းချက်များနှင့် မှန်ကန်မှု မရှိပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှု ဥပဒေ အရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရေတာရှည်မြို့နယ်၊ မြို့လှဈေးအတွင်းရှိ လက်လီ/လက်ကား ဖြန့်ဖြူးရောင်းချသည့် ဆီဆိုင်ပိုင်ရှင်များအား အသိပေးဆွေးနွေး ပြောကြားခဲ့ပါသည်။

DOCA(ပဲခူး)

မအူပင်မြို့နယ်၌ ဦးမျှား မုန့်ဖတ်လုပ်ငန်းအား ရှောင်တခင် စစ်ဆေး

  မအူပင်ခရိုင်၊ မအူပင်မြို့နယ်တွင် တပိုင်တနိုင် မုန့်လုပ်ငန်းများလုပ်ကိုင်နေပြီး ပြည်သူများ ဘေးအန္တရာကင်းရှင်းစွာ စားသုံးနိုင်ရန်အတွက် နေ့စဉ် စားသုံးနေသည့် မုန့်ဟင်းခါးဖတ် လုပ်ကိုင်နေသည့် ဦးမျှား မုန့်ဟင်းခါးဖိုလုပ်ငန်းအား ခရိုင်ကျန်းမာရေးဦးစီးဌာန၊ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ် စည်ပင်သာယာ‌ရေးအဖွဲ့နှင့် ခရိုင်စားသုံးသူရေးရာဦးစီးဌာန တို့ပူးပေါင်း၍ မုန့်ဟင်းခါးဖိုလုပ်ငန်း အား ၅-၁၂-၂၀၂၅ ရက်နေ့ နံနက် (၀၇:၃၀)နာရီအချိန်က ရှောင်တခင်ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။

    စစ်ဆေးဆောင်ရွက်ရာတွင် ဦးမျှားမုန့်ဖတ်လုပ်ငန်း၏ လုပ်ါငန်းဆောင်ရွက်မှု အဆင့်ဆင့်ကို ခရိုင်စီမံအုပ်ချုပ်ရေးကောင်စီမှ တာဝန်ရှိသူက မေးမြန်းပြီး ထုတ်လုပ်မှုအဆင့်ဆင့်ကို ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ဦးအောင်ဇော်ဦးက ကြည်ရှု့ စစ်ဆေးကာ ခရိုင်ကျန်းမာရေး ဦးစီးဌာနမှ မုန့်ဖတ်များတွင် တာရှည်ခံဆေးအသုံးပြု မပြုတို့ကို ကြည်ရှုစစ်ဆေးခဲ့ကြသည်။ ဆက်လက်၍ လုပ်ငန်းရှင်မှ  မုန့်ဖတ်လုပ်ရန် ဆန်နှင့် ဆန်ကွဲကို စိမ်၍ ဆန်/ဆန်ကွဲနူးသောအခါ ကြိတ်ရကြောင်း၊ ကြိတ်ဖတ်ကို စနစ်တကျပေါင်း၍ မုန့်ဖတ် ခေါင်းတဲ့သူက ခေါင်းပြုလုပ်ရပါကြောင်း၊ မုန့်ဖတ်ဝဘ်ယူသူများကို တဆင့်သယ်ယူ နိုင်ရန် ကြာဖတ်၊ ဝါးတောင်များထည့်၍ လိုက်လံပို့ဆောင်ရောင်းချကြောင်း၊ ကုန်ကြမ်းပြုလုပ်သည့်အခါ ရွေသွယ်လေး၊ မီးကောက်နှင့် မနောသုခ ဆန်ကို ပြုလုပ်ကြောင်း မိုးမမိသော စပါးမှ ထွက်သည့်ဆန်ဖြစ်ပါက မုန့်ဖတ်ကောင်းမွန်ကြောင်း ဆန်/ဆန်ကွဲမကောင်းပါက မုန့်ဖတိမှာ မခံကြောင်း၊ တာရှည်ခံဆေးအသုံးမပြုကြောင်း၊ သုံးစွဲသူများ ပိုမိုမှာပါက ထုတ်လုပ်မှုများပြီး ပုံမှန် ထုတ်လုပ်ရောင်းချလျက်ရှိကြောင်း သိရသည်။ ထုတ်လုပ်သူလုပ်ငန်းရှင်ကို ထုတ် ကုန်များ လုံခြုံစိတ်ချရမှုရှိစေရန်၊ ကုန်စည်၏ ထုတ်လုပ်ပုံနည်းစနစ်၊ ဈေးနှုန်း ဈေးကွက်အခြေအနေ၊ ရင်းနှီးမြှပ်နှံမှုနှင့် အကျိုးအမြတ်ရရှိမှု၊ သက်ဆိုင်ရာဌာနများ၏ ထောက်ခံချက်၊ သတ်မှတ်ထားသော စံချိန်စံညွှန်းပြည့်မီ အောင်ထုတ်လုပ်နိုင်ရေး၊ ပတ်ဝန်းကျင်သန့်ရှင်းမှုတို့ကို အလေးထား ဆောင်ရွက်စေလိုကြောင်း ဆွေးနွေးခဲ့ပြီး မုန့်ဖတ် ၁ပိဿာလျှင် လက်ကားဈေး ၂၃၀၀ ကျပ်ဖြင့် ရောင်းချကြောင်း သိရပြီး နေ့စဉ်ထုတ်လုပ်မှုအနေဖြင့် မှာယူသူ အနည်းအများအပေါ်မူတည်၍ ထုတ်လုပ်ပြီး မုန့်ဖိုပတ်ဝန်းကျင် အနံအသက်များကောင်းမွန်ရေး ဂရုစိုက်ဆောင်ရွက်ရန် မှာကြားခဲ့ကြောင်း သိရသည်။

DOCA (ဧရာဝတီ)

တောင်ငူမြို့တွင်ကုန်ဈေးနှုန်းတည်ငြိမ်ရေး ကွင်းဆင်းစစ်ဆေး

       စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူမြို့နယ်တာဝန်ခံသည် မြို့နယ်စည်ပင်သာယာရေး အဖွဲ့နှင့် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနတို့နှင့်အတူ ဈေးကွက်အတွင်း ရောင်းချနေသော ကုန်စည် များဝယ်ယူ သုံးစွဲရာတွင် စားသုံးသူနစ်နာဆုံးရှုံးမှုများ မဖြစ်စေရေးအတွက် ကုန်ဈေးနှုန်းတည်ငြိမ်ရေး ကုန်စည်များ အလေးချိန်မှန်ကန်မှုရှိစေရန် ဒီဇင်ဘာလ ၁၅  ရက်နေ့ နံနက်ပိုင်းတွင် စားသုံးသူ ရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံဦးဆောင်၍ ကွင်းဆင်းဆောင်ရွက်ခဲ့ပါသည်။

          အဆိုပါအဖွဲ့သည် တောင်ငူမြို့ရှိ မြို့မဈေးကြီး နှင့် ဘုရင့်နောင်ဈေးတွင် ရောင်းချလျှက်ရှိ သော အခြေခံစားသောက်ကုန်ဆိုင်များ၊ဝက်သားဆိုင်၊ ဆိတ်သားဆိုင် နှင့် ကြက်သားဆိုင်များသို့ မြို့နယ် စည်ပင်သာယာရေး အဖွဲ့မှ သတ်မှတ်ထားသော ဈေးနှုန်းများအတိုင်း ပြည်သူများသို့ ရောင်းချပေးခြင်း ရှိ/မရှိကို ကွင်းဆင်း စစ်ဆေးခဲ့ပါသည်။

တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးရာတွင် ကုန်စည်များ ဈေးနှုန်းအဆမတန်ကြီးမြင့်မှုများ မဖြစ်ပေါ်စေရေးအတွက် ဈေးနှုန်းမြှင့်တင်ဖြန့်ဖြူးခြင်းများမပြုရန် နှင့် သင့်တင့်မျှတသော ဈေးနှုန်း များဖြင့်ရောင်းဝယ်မှုပြုကြရန်၊ မူလလေလံဆွဲစဉ်က လေလံဈေးနှုန်းအတိုင်းသာရောင်းချရန်၊ ဈေးနှုန်း မြှင့်တင်ရောင်းချပါက စည်ပင်ဥပဒေအတိုင်း အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း နှင့် ကွင်းဆင်း စစ်ဆေးခြင်းများကိုလည်း စဉ်ဆက်မပြတ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းကို ဆိုင်ပိုင်ရှင်များအား အသိပေး ပြောကြားခဲ့ပါသည်။

DOCA(ပဲခူး)

 “သန်လျင်မြို့နယ်အတွင်းရှိ Orange Super Marketသို့စားသုံးဆီ(ဗူးဆီ)အမျိုးမျိုးတို့အား ကုန်အညွှန်းအမှတ်အသားပြည့်စုံခြင်းရှိ/ မရှိကွင်းဆင်းစစ်ဆေးခြင်း”

         ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်အတွင်းရှိ Orange Super Marketသို့ သွားရောက်၍ စားသုံးဆီအမျိုးမျိုးတွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြထားခြင်းရှိ/ မရှိစားသုံးသူ ရေးရာဦးစီးဌာနမှ ဝန်ထမ်းများသည် ဒီဇင်ဘာလ(၉)ရက်နေ့၊ နေ့လယ် (၁၃:၀၀)နာရီအချိန်တွင် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရသည်။

        အဆိုပါ ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ တောင်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်ငြိမ်းငြိမ်းဝင်းနှင့် ဝန်ထမ်းများသည် စားသုံးဆီဗူးများတွင် စားသုံးသူရေးရာဦးစီးဌာနမှ ထုတ်ပြန်ထားသည့် စားသုံးသူကာကွယ်ရေးဥပဒေအရ ကုန်အညွှန်းအမှတ်အသားများအား မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု(သို့မဟုတ်)တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေ မဖြစ်မနေဖော်ပြရမည့်အချက်များ ပြည့်စုံစွာဖော်ပြထားခြင်းရှိ/ မရှိ ဈေးကွက် စောင့်ကြည့်စစ်ဆေးခြင်းနှင့် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြထားခြင်းမရှိသည့် စားသုံးဆီဗူးများအား ဈေးကွက်အတွင်း ရောင်းချခြင်းများ မပြုလုပ်ကြရန်နှင့် ဆိုင်မှတာဝန်ရှိသူ မန်နေဂျာအား ကုန်အညွှန်းအမှတ်အသားညွှန်ကြားချက်အမှတ်(၂/၂၀၁၉)အပြင် (၁/၂၀၂၁)တို့နှင့် ကိုက်ညီမှုမရှိသည့် စားသုံးဆီများအားရောင်းချခြင်း မပြုလုပ်ကြရန်၊ ထိုသို့ ပြုလုပ်ပါက စားသုံးသူကာကွယ်ရေး ဥပဒေနှင့် အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပညာပေး၍ စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

ပခုက္ကူခရိုင်တွင် MyRO မှတ်ပုံတင်ထားသော ဆန်သိုလှောင်ရုံများအား ကုန်ရ၊ ကုန်ထုတ်၊ ကုန်လက်ကျန် စာရင်းများ ဖြည့်သွင်းရန် တွန်းအားပေးဆောင်ရွက်လျက်ရှိ

    မြန်မာဆန်စပါးအွန်လိုင်း (MyRO)ကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန စားသုံးသူရေးရာဦးစီးဌာနနှင့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်တို့ ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး (My RO)တွင် မှတ်ပုံတင်သက်တမ်း တစ်နှစ်ပြည့်မြောက်ပြီးသော သိုလှောင်ရုံများ သက်တမ်းပြန်လည် တိုးနိုင်ရေးနှင့် www.myro.com.mm တွင် လစဉ် လဆန်း(၁)ရက်နေ့မှ (၇)ရက်နေ့အတွင်း လုပ်ငန်း ရှင်များအနေဖြင့် မိမိတို့သိုလှောင်ရုံများ၏ ကုန်ရ၊ ကုန်ထုတ်၊ ကုန်လက်ကျန်များကို ဖြည့်သွင်းနိုင်ရေး ပခုက္ကူခရိုင်ဦးစီးမှူးရုံးအနေဖြင့် တွန်းအားပေး ဆောင်ရွက်လျက်ရှိပါသည်။

          မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်တွင် လက်ရှိအချိန်ထိ (MyRO) တွင် မှတ်ပုံတင်ထားသော ဆန်သိုလှောင်ရုံ (၄၉)လုံးရှိပြီး (၃၂)လုံးသည် တစ်နှစ်ပြည့်မြောက်၍ သက်တမ်းတိုး ဆောင်ရွက်ပြီး ကြောင်း၊ ကျန်ရှိသော သိုလှောင်ရုံများကို တစ်နှစ်ပြည့်မြောက်လျှင် သက်တမ်းတိုး ဆောင်ရွက် နိုင်ရေး အကြောင်းကြားထားပြီးဖြစ်ကြောင်း၊ လစဉ် လဆန်း(၁)ရက်နေ့မှ (၇)ရက်နေ့အတွင်း သိုလှောင်ရုံ များ၏ ကုန်ရ၊ ကုန်ထုတ်၊ ကုန်လက်ကျန်များအား မပျက်မကွက် မှန်ကန်စွာ ဖြည့်သွင်းရန်နှင့် မြေပြင် လက်ကျန်နှင့် ကိုက်ညီမှုရှိရန်လိုအပ်ကြောင်း၊ နည်းပညာအခက်အခဲရှိသော ဆန်လုပ်ငန်းရှင်များအနေဖြင့် ခရိုင်ဦးစီး မှူးရုံးသို့လာရောက်၍ လချုပ် ဆန်လက်ကျန်စာရင်းများ ပေးပို့ရန် လိုအပ်ပြီး ရ၊ ထုတ်၊ ကျန် စာရင်းများ (MyRO) တွင် လစဉ် ဖြည့်သွင်းပေးလျက်ရှိကြောင်း၊ ဆန်ကုန်သည်များ Group တွင် အသိပေး အကြောင်းကြားပြီး ဖြစ်ကြောင်း သတင်းရရှိပါသည်။

DOCA(မကွေး)

တောင်ငူမြို့တွင်ကုန်ဈေးနှုန်းတည်ငြိမ်ရေး ကွင်းဆင်းစစ်ဆေး

    စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူမြို့နယ်တာဝန်ခံသည် မြို့နယ်စည်ပင်သာယာရေး အဖွဲ့နှင့် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနတို့နှင့်အတူ ဈေးကွက်အတွင်း ရောင်းချနေသော ကုန်စည် များဝယ်ယူ သုံးစွဲရာတွင် စားသုံးသူနစ်နာဆုံးရှုံးမှုများ မဖြစ်စေရေးအတွက် ကုန်ဈေးနှုန်းတည်ငြိမ်ရေး ကုန်စည်များ အလေးချိန်မှန်ကန်မှုရှိစေရန် ဒီဇင်ဘာလ ၁၅  ရက်နေ့ နံနက်ပိုင်းတွင် စားသုံးသူ ရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံဦးဆောင်၍ ကွင်းဆင်းဆောင်ရွက်ခဲ့ပါသည်။

          အဆိုပါအဖွဲ့သည် တောင်ငူမြို့ရှိ မြို့မဈေးကြီး နှင့် ဘုရင့်နောင်ဈေးတွင် ရောင်းချလျှက်ရှိ သော အခြေခံစားသောက်ကုန်ဆိုင်များ၊ဝက်သားဆိုင်၊ ဆိတ်သားဆိုင် နှင့် ကြက်သားဆိုင်များသို့ မြို့နယ် စည်ပင်သာယာရေး အဖွဲ့မှ သတ်မှတ်ထားသော ဈေးနှုန်းများအတိုင်း ပြည်သူများသို့ ရောင်းချပေးခြင်း ရှိ/မရှိကို ကွင်းဆင်း စစ်ဆေးခဲ့ပါသည်။

        တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးရာတွင် ကုန်စည်များ ဈေးနှုန်းအဆမတန်ကြီးမြင့်မှုများ မဖြစ်ပေါ်စေရေးအတွက် ဈေးနှုန်းမြှင့်တင်ဖြန့်ဖြူးခြင်းများမပြုရန် နှင့် သင့်တင့်မျှတသော ဈေးနှုန်း များဖြင့်ရောင်းဝယ်မှုပြုကြရန်၊ မူလလေလံဆွဲစဉ်က လေလံဈေးနှုန်းအတိုင်းသာရောင်းချရန်၊ ဈေးနှုန်း မြှင့်တင်ရောင်းချပါက စည်ပင်ဥပဒေအတိုင်း အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း နှင့် ကွင်းဆင်း စစ်ဆေးခြင်းများကိုလည်း စဉ်ဆက်မပြတ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းကို ဆိုင်ပိုင်ရှင်များအား အသိပေး ပြောကြားခဲ့ပါသည်။

DOCA(ပဲခူး)

ပဲခူးတိုင်းဒေသကြီးအတွင်းသို့ Bean Sproutingအတွက် ဥရောပသမဂ္ဂနိုင်ငံများကဲ့သို့ ပဲပင်ပေါက် “ပဲတီစိမ်း”တင်ပို့နိုင်ရေးတောင်သူများသို့ပညာပေး

      ၂၀၂၅-၂၀၂၆ခုနှစ် ပဲရာသီတွင် ဥရောပသမဂ္ဂနိုင်ငံများသို့ ပဲပင်ပေါက်ဖောက်ရန်အတွက် မြန်မာ့ပဲများတင်ပို့နိုင်ရေးတောင်သူနည်းပညာပေး သင်တန်းသို့ ပဲခူးတိုင်းဒေသကြီး၊ စားသုံးသူရေး ရာဦးစီးဌာနနှင့် စိုက်ပျိုးရေးဦးစီးဌာနတို့ ပူးပေါင်းစီစဥ်မှုဖြင့် (၁၆.၁၂.၂၀၂၅)ရက်နေ့၊ နံနက်(၉:၀၀) နာရီအချိန်တွင် ပဲခူးခရိုင်၊ ကဝမြို့နယ် ၊ အုန်းနှဲကျေးရွာရှိ ဇွဲလင်းအထွေထွေရောင်းဝယ်ရေးခန်းမ၌ EUသို့Bean Sprouting အတွက် မြန်မာပဲများတင်ပို့ရာတွင် EUနိုင်ငံများမှ သတ်မှတ်ချက်စံချိန်၊ စံညွှန်းအရည်အသွေးများ ကိုက်ညီစေရေး၊ သီးနှံအရည်အသွေးမြင့်မားစေရေးတို့အတွက် ကောင်းမွန် သောစိုက်ပျိုးနည်းစနစ်ဖြင့် စိုက်ပျိုးနိုင်ပြီး ပိုးသတ်ဆေးဓာတ်ကြွင်းကင်းစင်စေရေးအတွက် တောင်သူနည်းပညာပေးသင်တန်းပြုလုပ်ခဲ့ရာ သင်တန်းဖွင့်ပွဲကို စားသုံးသူရေးရာဦးစီးဌာန၊ စိုက်ပျိုး ရေးဦးစီးဌာန၊ ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာန၊ သမဝါယမဦးစီးဌာန၊ စက်မှုလယ်ယာဦးစီးဌာနနှင့် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်တို့မှ ဌာနဆိုင်ရာအကြီးအကဲများ တက်ရောက်ခဲ့ကြပြီး ကဝမြို့ နယ်ကျေးရွာ(၃၂)ရွာမှ ပဲတီစိမ်းစိုက်တောင်သူ(၁၉၀)ဦးတက်ရောက်ခဲ့ပါသည်။

          အဆိုပါ တောင်သူအသိပညာပေးသင်တန်းသို့  ပဲခူးတိုင်းဒေသကြီး၊ စားသုံးသူ ရေးရာဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူးမှ တက်ရောက်အဖွင့်အမှာစကားပြောကြားရာတွင် တောင်သူအသိပညာပေး သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းဆွေးနွေးခဲ့ပြီး EUနိုင်ငံများသို့ မြန်မာ့ပဲ များတင်ပို့ရာတွင် မြန်မာ့ပဲများ ပြည်ပစျေးကွက်ခိုင်မာမှုရှိစေရေး၊ EUနိုင်ငံများ၏ သတ်မှတ်ချက် စံချိန်စံညွှန်း အရည်အသွေးများ အတိုင်းတင်ပို့နိုင်ရေး၊ ပဲခူးတိုင်းဒေသကြီး ကဝမြို့နယ်မှ ပဲတီစိမ်း များကို EUနိုင်ငံသို့ တင်ပို့ရန် အတွက်ဝယ်ယူမည့်ကုမ္ပဏီအလိုက် ဝယ်ယူမည့်အခြေအနေများအား ရှင်းလင်းပြောကြားပြီး စိုက်ပျိုးရေးဦးစီးဌာနကျွမ်းကျင်ပညာရှင်တစ်ဦးဖြစ်သော Drဒေါ်ခင်မာလာမြင့် မှပဲတီစိမ်း၊ မတ်ပဲများဖျက်ပိုးဘက်စုံ ကာကွယ်နှိမ်နှင်းနည်းများနှင့် ပိုးသတ်ဆေးဓာတ်ကြွင်း ကင်းစင် ရေးနည်းလမ်းများကိုလည်းကောင်း၊ Drဒေါ်ခင်အေးပွင့်ခိုင်မှ ပဲတီစိမ်းသီးနှံများကို ပန်းတိုင်အထွက် နှုန်းရရှိစေရေးအတွက်  ဘက်စုံပေါင်းကာကွယ်နှိမ်နှင်းနည်းများနှင့် ပေါင်းသတ်ဆေး ဓာတ်ကြွင်း ကင်းစင်ရေးကိုလည်းကောင်း၊ ဒေါ်အေးအေးမြင့် (လက်ထောက်ညွှန်ကြားရေးမှူး)မှ ဘက်စုံသီးနှံ ကာကွယ်နှိမ်နှင်းနည်းများ ၊ PMနှင့်ပိုးသတ်ဆေးဓာတ်ကြွင်းလျော့ချမည့် နည်းလမ်းများကို လည်းကောင်း၊ ဒေါ်ကြည်ဆန်း(ဦးစီးအရာရှိ)မှ ပဲတီစိမ်းသီးနှံ GAPစိုက်ပျိုးရေးနည်းစနစ် နည်းလမ်းများကို လည်းကောင်း သင်တန်းပို့ချခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

 “ ရောနှောဆီအပါအဝင် အမှတ်တံဆိပ်ပါ ပြည်တွင်းထုတ်စားသုံးဆီများရောင်းချနေမှု အခြေအနေကွင်းဆင်းစစ်ဆေး ”

       ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်ရပ်ကွက်များနှင့် စည်ပင်သာယာ မြို့မဈေးအတွင်း/ အပြင်ရှိ ကုန်ခြောက်ဆိုင်များသို့ ဒီဇင်ဘာလ(၁၀)ရက်နေ့၊ နံနက်(၁၀:၃၀) နာရီအချိန်တွင် ရောနှောဆီအပါအဝင်အမှတ်တံဆိပ်ပါ ပြည်တွင်းထုတ်စားသုံးဆီများ ဖြန့်ဖြူး ရောင်းချနေမှုအခြေအနေအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

        ထိုသို့ ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ ဒုဦးစီးမှူး ဒေါ်နီလာဝင်းနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ မြို့မဈေးတာဝန်ခံ ဦးအေးသွင်တို့သည် စားသုံးဆီအမျိုးမျိုး(ဗူးဆီ)တို့ ဖြန့်ဖြူးရောင်းချလျက်ရှိသော ရပ်ကွက်များနှင့် မြို့နယ်စည်ပင်သာယာမြို့မဈေးအတွင်း/ အပြင်ရှိ ကုန်ခြောက်ဆိုင်များရှိ ဆိုင်ပိုင်ရှင်စီးပွားရေး လုပ်ငန်းရှင်များနှင့် တွေ့ဆုံပြီး စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တောင်ပိုင်းခရိုင်ဦးစီးမှူးရုံး၏ ညွှန်ကြားချက်နှင့် အညီ စားအုန်းဆီ(ဗူးဆီ)များတွင် ကုန်အညွှန်းအမှတ်အသားဖော်ပြရာ၌ ညွှန်ကြားချက်အမှတ် (၁/၂၀၂၁)အရ စားသုံးဆီအများစုသည် ပင်ရင်းပါဝင်ပစ္စည်းကို အခြေခံဖော်ပြစေရန် ရည်ရွယ်၍ သက်ဆိုင်ရာ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာရမည့် ကုန်အညွှန်းအမှတ်အသား ညွှန်ကြားချက်အမှတ် (၁/၂၀၂၁)အား ၂၀၂၁ခုနှစ်၊ ဒီဇင်ဘာလ(၂၀)ရက်နေ့တွင် ထုတ်ပြန်ထားပြီး ဖြစ်သော်လည်း ယခုအချိန်အထိ ရာနှုန်းပြည့် လိုက်နာဆောင်ရွက်မှု အားနည်းနေသေးသည့်အတွက် ကော့မှူးမြို့နယ်ဈေးကွက်အတွင်း ညွှန်ကြားချက်အမှတ်(၁/၂၀၂၁)နှင့် ကိုက်ညီမှုမရှိသော စားသုံးဆီများ ရောင်းချနေခြင်းရှိ/ မရှိ ကွင်းဆင်းစစ်ဆေးရခြင်းဖြစ်ကြောင်း အသိပညာပေး ဆွေးနွေးပြောကြား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

Online စနစ်ဖြင့် ရောင်းချနေသော အရောင်းဆိုင်သို့ မှတ်ပုံတင်လက်မှတ်လျှောက်ထားမှုနှင့် စပ်လျဉ်း၍ကွင်းဆင်းဆောင်ရွက်ခြင်း

    ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းနှစ်ဦးတို့သည် ဒီဇင်ဘာလ (၁၀)ရက်နေ့ နံနက် (၁၁:၀၀) နာရီအချိန်တွင် ကြို့ပင်ကောက်မြို့နယ် သဲကုန်းရပ်ကွက်၊ အောင်မင်္ဂလာလမ်းရှိ နန်းပျိုဖြူခေါင်းလျော်ရည်၊ရေချိုး ဆပ်ပြာစသဖြင့် လူသုံးကုန်ပစ္စည်း online ရောင်းချသူနှင့် တွေ့ဆုံကာ online ရောင်းချမှုနှင့်ပတ်သက်၍ မြေပြင်ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

    ထိုသို့ကွင်းဆင်းခဲ့ရာတွင် online စနစ်ဖြင့်ရောင်းချနေသော လုပ်ငန်းရှင်အား လျှောက်လွှာ ပုံစံတွင် ဖြည့်သွင်းထားသည့် လိပ်စာတိုင်းလုပ်ငန်းအမှန်တကယ် ရှိ/မရှိ၊မှတ်ပုံတင်လျှောက်ထားစဉ် ကရောင်းချရန် တင်ပြထားသော ကုန်စည်အမျိုးအစား စာရင်းအတိုင်း မြေပြင်တွင် ရောင်းချနေသော စာရင်းကိုက်ညီမှုရှိ/မရှိ ၊လုပ်ငန်းရှင်ဖုန်းနံပါတ်၊ရောင်းချသူ  Facebook Page မှန်ကန်မှုရှိ/မရှိ၊ စားသုံးသူကာကွယ်ရေး ဥပဒေပါ ကုန်စည်ပေါ်တွင် ဖော်ပြပါရှိရမည့် ကုန်အညွှန်းအမှတ်အသား ဖော်ပြမှုတို့ကို စီစစ်ကွင်းဆင်းဆောင်ရွက်ခဲ့ပါသည်။

DOCA( ပဲခူး)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ