သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ပန်းတနော်မြို့နယ်တွင်Gasifireဖြင့် လည်ပတ်နေသောဆန်စက်များအား ကွင်းဆင်းစစ်ဆေးခြင်း မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်

     ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်အတွင်း အသုံးပြုလျက်ရှိသည့် Gasifier ဆန်စက်များအား (၁၂-၅-၂၀၂၅)ရက်နေ့ နံနက် ၉ နာရီအချိန်က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

     ယင်းသို့ ကွင်းဆင်းစစ်ဆေးမှုများဆောင်ရွက်ရာတွင် စာသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံဦးစီးမှူး ဦးအောင်ကျော်သက်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးမှူး တိုမှ မြို့နယ်အတွင်း အသုံးပြုလျက်ရှိသည့် Gasifier ဆန်စက်များ ဖြစ်‌သော နေလဆန်စက်၊ ရှိုင်းလင်းအောင်ဆန်စက်၊ ရွှေရောင်လင်းဆန်စက်၊ မောင်ရီဆန်စက်၊ အောင်မျိုးသိန်းဆန်စက်၊ လရိပ်စံဆန်စက်တို့အား ကွင်းဆင်းကြည့်ရှုစစ်ဆေးရာ Gasifier အသုံးပြု၍လည်ပတ်နေသည့် ဆန်စက်များအနေဖြင့် သဘာဝပတ်ဝန်းကျင်ထိခိုက်မှုမရှိစေရေး အထူးအလေးထား ဆောင်ရွက်ရန်၊ သတ်မှတ်ထားသည့် စည်းမျဉ်း စည်းကမ်းများနှင့်အညီ လည်ပတ်မောင်းနှင်ရန်၊ Gasifier စနစ်မှထွက်ရှိသည့် ရေဆိုးများကို ရေစစ်ကန်စနစ်ဖြင့် ဆောင်ရွက်ထားရှိမှု အခြေအနေများ၊ ပိုမိုကောင်းမွန်သည့် ရေသန့်စင်စနစ်များ အသုံးပြုစေရေးစစ်ဆေး၍ လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

DOCA(ဧရာဝတီ)

နေလဆန်စက် လုပ်ငန်းဖွံ့ဖြိုးတိုးတက်မှုအခြေအနေနှင့် ထုတ်ကုန်လုံခြုံစိတ်ချရမှု ရှိစေရေးကွင်းဆင်းဆောင်ရွက်

     မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ် အင်းမကျေးရွာရှိ နေလဆန်စက် ကြိတ်ခွဲထုတ်လုပ်နေမှုနှင့် ဆန်တင်ပို့မှု အခြေအနေများ၊ ဈေးကွက်ဈေးနှုန်း အခြေအနေများ ကွင်းဆင်း၍ SMEလုပ်ငန်းဖွံ့ဖြိုးရေးနှင့် ထုတ်ကုန်လုံခြုံ စိတ်ချရမှုရှိစေရေးအတွက် စက်မှုကြီးကြပ်ဌာနနှင့်အတူ ၁၂-၅-၂၀၂၅ ရက်နေ့ နေ့လည် (၁၁၀၀)နာရီအချိန်က ကွင်းဆင်းစစ် ဆေးဆောင်ရွက်ခဲ့ကြသည်။

        ကွင်းဆင်းဆောင်ရွက်ရာတွင် ပန်းတနော်မြို့နယ်တာဝန်ခံ ဦးအောင်ကျော်သက်က ဆန်စက်ပိုင်ရှင် ဦးဇော်ဇော်လွင်နှင့် တွေ့ဆုံ၍ ဆန်စက်လည်ပတ်အခြေအနေအား ကြည့်ရှုစစ်ဆေးပြီး ဆန်စက်တွင် ဆန်အိတ် ၈၀၀ရှိပြီး စပါးလက်ကျန် ၃၀၀၀၀တင်းရှိ၍ ကြိတ်ခွဲလျှက်ရှိကြောင်း ဆန်စက်မှ နေစည့် ကြိတ်ခွဲအား ဆန်အိတ် ၅၀၀ကျ ကြိတ်ခွဲနိုင်ကြောင်း သိရှိရပြီး ဆန်စက်ဖွံ့ဖြိုးရေး၊ ဆန်တင်ပို့မှုနှင့် ဒေသတွင်းရောင်းချမှုအခြေအနေများ၊ ဆန်စက်တွင် Myroမှတ်ပုံတင်ထားရှိမှုနှင့် သက်တမ်းတိုးဆောင်ရွက်ရမည့် ကိစ္စရပ်များ စပါးဆန်၊ ရထုတ်ကျန် စာရင်းများကိုဖြည်သွင်းဆောင်ရွက်နိုင်ရေး အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရပါသည်။

DOCA(ဧရာဝတီ)

ဈေးကွက်အတွင်းရေးသန့် အမျိုးမျိုးတွင် ကုန်အညွှန်း အမှတ်အသား ပါဝင်မှု ရှိ/မရှိ ဈေးကွက်စောင့်ကြည့် ကွင်းဆင်းစစ်ဆေး

     အများပြည်သူများ လိုအပ်ချက်အရ အသုံးပြုနေသော ကုန်စည်များကို ဘေးအန္တရာယ်ကင်းရှင်းစွာ အသုံးပြုနိုင်ရန်အတွက် စားသုံးသူရေးရာဦးစီးဌာနမှ ဈေးကွက်အတွင်းကုန်စည်များ ထုတ်ကုန်လုံခြုံစိတ်ချရမှု ရှိစေ သတ်မှတ်ချက်များနှင့်အညီ ဈေးကွက်ဖြန့်ိရောင်းချမှု ရှိ/မရှိကို စစ်ဆေးရေးအရာရှိများက ကုန်စည် ၁၀မျိုး သတ်မှတ်၍ အပတ်စဉ် ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိသည်။

    စစ်ဆေးရာတွင် ပန်းတနော်မြို့နယ် ဦးစီးမှူးရုံးမှ တာဝန်ရှိသူ ဦးအောင်ကျော်သက်မှ မြို့နယ် စည်ပင်သာယာရေး အဖွဲ့နှင့်အတူ ၁၂-၅-၂၀၂၅ ရက်နေ့ နံနက် (၁၀၀၀)နာရီအချိန်က ပန်းတနော် မြို့နယ် မြို့မ ဈေးအတွင်းနှင့် ရပ်ကွက်များအတွင်း ရေသန့်အမျိုးမျိုးရောင်းချနေသော ဆိုင်(၅)ဆိုင်မှ ရောင်းချနေသော ရေသန့်ဗူးများတွင် ကုန်အညွှန်းအမှတ်အသား ပြည်စုံစွာပါဝင်မှု ရှိ/မရှိကို စစ်ဆေးခဲ့ကြပြီး မြို့နယ်အတွင်းတွင် ရေသန့်အမျိုးအစား Asia , Green Hills , Real ရေသန့်ကိုသာရောင်းချနေကြပြီး ၎င်းရေသန့်များသည် သတ်မှတ်ချက်နှင့်အညီ ကိုက်ညီမှုရှိပြီး ကုန်အညွှန်းအမှတ် အသားပြည့်စုံကြောင်း စစ်ဆေးတွေ့ရှိရပြီး လုပ်ငန်းရှင်များကို ကုန်ဈေးနှုန်း တည်ငြိမ်စွာရောင်းချနိုင်ရေး သင့်တင်မျှတသော ဈေးဖြင့်ရောင်းချနိုင်ရန် စီးပွားရေးလုပ်ငန်းရှင်တာဝန်များကိုပါ ရှင်းလင်းပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

ဆီလုပ်ငန်းရှင်အသင်းအဖွဲ့ဝင်များနှင့် တွေ့ဆုံ၍ ကုန်ဈေးနှုန်းတည်ငြိမ်စေရေး တွေ့ဆုံဆွေးနွေး

    စားသုံးသူရေးရာဦးစီးဌာန၊ ပန်းတနော်မြို့နယ်ဦးစီးမှူးရုံးမှ တာရှိဝန်သူနှင့် ဝန်ထမ်းများသည် မြို့နယ်တာဝန်ခံရုံးတွင် ပန်းတနော်ဆီလုပ်ငန်းရှင်များအသင်းအဖွဲ့ဝင်(၅)ဦးကို မြို့နယ်ရုံးတွင်ဖိတ်ကြား၍ ၁၂-၅-၂၀၂၅ ရက်နေ့ နံနက် ၀၉၃၀ နာရီအချိန်က ယခုကာလအတွင်း ကုန်ဈေးနှုန်း တည်ငြိမ်စေရေး တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

     တွေ့ဆုံဆွေးနွေးရာတွင် ပန်းတနော်မြို့နယ်တာဝန်ခံ ဦးအောင်ကျော်သက်က မြို့နယ်အတွင်း ဆီရောင်းချသူ ကိုယ်စားလှယ်များမှ ယခုကာလအတွင်း စားသုံးသူပြည်သူများ သဘာဝဘေးအန္တရာယ်အတွက် အခြေခံ စားသောက်ကုန်နှင် ကုန်ပစ္စည်းများ ဝယ်ယူ၍ လှူတန်းမှုများပြုလုပ်နေခြင်း၊ မြန်မာနှစ်ဦးဖြစ်၍ အလှူဒါနများ ပြုလုပ်နေကြပြီး ဆီနှင့် ကုန်စည်များရောင်းချရာတွင် ကုန်ဈေးနှုန်းမြှင့်တက်၍ ရောင်းချခြင်းမပြုရန်၊ သတ်မှတ်ချက်များနှင့်အညီ ရောင်းချရန် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ကျင့်ဝတ်နှင့်အညီ မှန်ကန်သောဈေးနှုန်း၊ အလေးချိန်ပြည်မီစွာဖြင့် မလှူတက်ဈေးရောင်း ဆိုသကဲ့သို့ ပရဟိတစိတ်တစ်ခုဖြင့် သင့်တင်မျှတစွာ ရောင်းချရန်၊ စားသုံးသူအခွင့်အရေး ထိခိုက်နာစ်နာမှု ရှိပါက တိုင်ကြားလိုရသော စားသုံးသူရေးရာဦးစီးဌာနသည် ပြည်သူအတွက်အသင့်ရှိသဖြင့် စီးပွားရေးလုပ်ငန်းရှင်တာဝန်များကို အချိန်ပြည့် လိုက်နာကျင့်ကျန်ဆောင်ရွက်ရန်ကို ဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

ACME ရေသန့်စက်ရုံ လုပ်ငန်းဆောင်ရွက်မှု အခြေအနေအား ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခြင်း

     ၁၂.၅-၂၀၂၅ ရက်နေ့က စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံး၏ လမ်းညွှန်ချက်အရ ပန်းတနော်မြို့နယ် တာဝန်ခံရုံးမှ မြို့နယ်တာဝန်ခဲနှင့် ဝန်ထမ်းများသည် ACME ရေသန့်စက်ရုံ လုပ်ငန်းဆောင်ရွက်မှု အခြေအနေအား ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။

    ကွင်းဆင်းစစ်ဆေးရာတွင် စစ်ဆေးတွေ့ရှိချက်အရ ACME ရေသန့်စက်ရုံ လုပ်ငန်းပိုင်ရှင်သည် ရန်ကုန်သို့ ပြောင်းရွှေ့နေထိုင်လျက်ရှိကြောင်း မြေပြင်ကွင်းဆင်းစစ်ဆေးရာမှ စက်ရုံပိုင်ရှင်နှင့် ဆွေမျိုတော်စပ်သူထံမှ သိရပြီး၊ စက်ရုံလုပ်ငန်းဆောင်ရွက်မှု အခြေအနေများအား ပန်းတနော်မြို့နယ်တာဝန်ခံရုံးသို့လာရောက်၍ ရှင်းလင်းဆွေနွေးခဲ့ရာ ရေသန့်စက်ရုံမှ ပိတ်သိမ်းထားတာကြာမြှင့်နေပြီဖြစ်၍ အခြားသူသို့ရောင်းချ ထားပြီးဖြစ်ကြောင်း ၊ ၎င်းစက်ရုံမှာ ယခု ပိုင်ရှင်အသစ်မှ အဆောက်အဦအသစ်ပြန်လည်တည် ဆောက်နေခြင်းဖြစ်ကြောင်း ကွင်းဆင်းစစ်ဆေးချက်အရ သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

ညောင်တုန်းဒေသခံပြည်သူများသို့ သက်သာသောနှုန်းထားဖြင့် ကြက်ဥ-ဘဲဥရောင်းချလျက်ရှိ

     စားသုံးသူရေးရာဦးစီးဌာန၊ ညောင်တုန်းမြို့နယ်ဦးစီးမှူးရုံးသည် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ကြီးကြပ်မှုဖြင့် စည်ပင်သာယာရေးအဖွဲ့၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာနဆို့ပူးပေါင်း၍ (၂၂-၄-၂၀၂၅)မှ (၁၃-၅-၂၀၂၅) နေ့စဉ် ညောင်တုန်းဒေသခံပြည်သူများသို့ သက်သာသောနှုန်းထားဖြင့် ကြက်ဥ-ဘဲဥရောင်းချလျှက်ရှိသည်။

       ရောင်းချပေးရာတွင် မြို့နယ်ကုန်ဈေးနှုန်းတည်ငြိမ်ရေးအဖွဲ့နှင့်အတူ  အလှည့်ကျ ဦးဆောင်ကြီးကြပ်မှု ဖြင့် ညောင်တုန်းမြို့နယ် ၉ရပ်ကွက်၊ ၃ရပ်ကွက်၊ ၇ရပ်ကွက်၊ ၄ရပ်ကွက်၊ ဆားမခေါက်၊ ကျုံတမာ၊ ကြိမ်ပင်ဆယ်၊ မဲဇလီ ကျေးရွာ နေရာအသီးသီးတွင် နေ့ရက်အလိုက် အလှည့်ကျ ကြက်ဥ အလုံးရေ ၁၆၄၀၀လုံး၊ ဘဲဥ ၂၂၅၀ လုံး၊ လူတစ်ဦးလျှင် ၁၀လုံးကျနှင့် ကြက်ဥဈေး ၃၅၀ကျပ်၊ ဘဲဥဈေး ၄၅၀-၄၈၀ကျပ် ရောင်းချပေးလျှက်ရှိပြီး ဈေးကွက်အတွင်း ရောင်းချနေသော ကြက်ဥ၊ ဘဲဥဈေးနှုန်းဖြင့် နှိုင်းယှဉ်ပါက ၅၀ကျပ်ကွာခြားပြီး ဧပြီလ ၂၂ရက်နေ့မှ ရောင်းချလာရာ မေလ ၁၃နေ့အထိရောင်းချမှု အလုံးအရေအတွက်မှာ  ကြက်ဥအလုံးရေ ၃၆၀၈၀၀လုံး၊ ဘဲဥ ၄၉၅၀၀ လုံး  ရောင်းချပေးလျှက်ရှိကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

အိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်းအား မြေပြင်ကွင်းဆင်းစစ်ဆေး

     စားသုံးသူရေးရာဦးစီး ဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ အွန်လိုင်းမှတ်ပုံတင်ခြင်းလုပ်ငန်းများနှင့် စပ်လျဉ်း၍ စစ်ဆေးရေးအရာရှိများက မြေပြင်လုပ်ငန်းအမှန်တကယ်ကိုက်ညီမှု ရှိစေရေးအတွက် ကွင်းဆင်းစစ်ဆေး ဆောင်ရွက် လျက်ရှိသည်။  အွန်လိုင်းရောင်းဝယ်မှု လုပ်ငန်း မှတ်ပုံတင်လျှောက်ထားသည့် ကျောင်းလမ်း၊ ရပ်ကွက်(၆)၊ မအူပင်မြို့ရှိ အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်း ကေခိုင်မြတ်မော် လုပ်ငန်းသို့  အွန်လိုင်းလုပ်ငန်း မြေပြင်စစ်ဆေးချက်နှင့် ကိုက်ညီမှု ရှိမရှိ စစ်ဆေးခြင်းဆောင်ရွက်ခဲ့ပါသည်။

  ထိုသို့ဆောင်ရွက်ရာတွင် စစ်ဆေးရေးအရာရှိ ဒေါ်ခိုင်ခိုင်လင်းဒုဦးစီးမှုးသည် အွန်လိုင်းမှတ်ပုံတင်စနစ်တွင် မှတ်ပုံတင်ထားရှိသည့် အချက်အလက်များ မြေပြင်စစ်ဆေးရာတွင် ကိုက်ညီမှုရှိ/မရှိနှင့် အခြားလိုအပ် သည့်အချက်အလက် များ ပြည့်စုံမှန်ကန်မှုရှိ/မရှိနှင့် စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေး လုပ်ငန်းရှင်များ လိုက်နာဆေင်ရွက်ရမည့်တာဝန်များအကြောင်း၊ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းဆိုင်ရာ များနှင့် ပတ်သက်၍လည်း ရှင်းလင်းဆွေးနွေးခဲ့ပြီး စစ်ဆေးခဲ့ကြောင်း သိရပါသည်။

DOCA(ဧရာဝတီ)

သိန်း (ဆေးဆိုင်)သို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

            စားသုံးသူရေးရာဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူး ဦးကျော်မိုးလွင် သည် ၁၄.၅.၂၀၂၅ ရက်နေ့ နေ့လယ် (၁၃:၃၀) နာရီအချိန်တွင် မိုးညှင်းမြို့၊ အောင်သပြေရပ်ကွက်အတွင်းရှိ သိန်း(ဆေးဆိုင်) သို့ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် ပတ်သက်၍ စားသုံးသူကာကွယ်ရေးဥပဒေပါ ပြဌာန်းချက် များနှင့် ကိုက်ညီခြင်း ရှိ/မရှိ ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ပါသည်။

              ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ရာ Oramin-G အမှတ်တံဆိပ်ပါ အားဆေးသည် ဆရာဝန်ညွှန်ကြား ချက်မလိုသော အိမ်သုံးဆေးဝါးသောက်ဆေးအမျိုးမျိုးတို့တွင် ကုန်စည်အမျိုးအစားအလိုက် သတ်မှတ် ချက်များနှင့်အညီ မြန်မာဘာသာဖြင့် ပြည့်စုံစွာ ဖော်ပြရမည့် ကုန်စည်၏ အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက် အသားတင်ပမာဏ၊ သုံးစွဲပုံနည်းလမ်း၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ ဘေးထွက်ဆိုးကျိုးနှင့် ကြိုတင်သတိပေးချက်တို့ကို ကုန်အညွှန်းအမှတ်အသား ဖော်ပြထားရှိခြင်း ရှိ/မရှိ ဈေးကွက်စောင့်ကြည့်  စစ်ဆေးခဲ့ရာ ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာ ဖော်ပြထားရှိကြောင်း စစ်ဆေးတွေ့ရှိရပြီး ဆေးဆိုင် ပိုင်ရှင်အား ဆေးပစ္စည်းအမျိုးမျိုး ဖြန့်ဖြူးရောင်းချရာတွင်လည်း မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ် အသား ပြည့်စုံမှန်ကန်စွာ ဖော်ပြပါရှိသော ဆေးပစ္စည်းများကိုသာ ဝယ်ယူဖြန့်ဖြူးရောင်းချရန် အသိ ပညာပေး ဆွေးနွေးခဲ့ပြီး ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းဆိုင်ရာ လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရှိရပါသည်။

DOCA(ကချင်)

ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေးအသိပညာပေးဆောင်ရွက်

           စားသုံးသူရေးရာဦးစီးဌာန၊ မြစ်ကြီးနားခရိုင်ဦးစီးမှူးရုံးအနေဖြင့် စားသုံးသူအခွင့်အရေးများ အပြည့်အဝရရှိစေရန်၊ကုန်စည်များဘေးအန္တရာယ်ကင်းရှင်းပြီးထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေးအတွက် ဦးဇေယျာအောင်(ခရိုင်ဦးစီးမှူး)သည် ၁၄.၅.၂၀၂၅ ရက်နေ့တွင် မြစ်ကြီးနားမြို့၊ ပမ္မတီးရပ်ကွက်ရှိ အိမ်ဆောက်ပစ္စည်းအမျိုးမျိုးရောင်းဝယ်ရေးလုပ်ငန်းရှင်(၁)ဦးနှင့်တွေ့ဆုံ၍အသိပညာပေးဆောင်ရွက်ခဲ့ ပါသည်။

          ထိုသို့အသိပညာပေးဆောင်ရွက်ခဲ့ရာတွင် ဦးဇေယျာအောင်(ခရိုင်ဦးစီးမှူး)က စားသုံးသူ ကာကွယ်ရေးဥပဒေပါစီးပွားရေးလုပ်ငန်းရှင်၏အဓိပ္ပာယ်ဖွင့်ဆိုချက်၊ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ ဖြစ်သည့် စားသုံးသူကိုခွဲခြားမှုမရှိဘဲ   ဖြောင့်မတ်မှန်ကန်စွာဆက်ဆံခြင်း၊  စီးပွားရေးလုပ်ငန်း လုပ်ကိုင်ရာတွင် စီးပွားရေးကျင့်ဝတ်၊ စည်းကမ်းနှင့်အညီဖြောင့်မတ်မှန်ကန်စွာဆောင်ရွက်ခြင်း၊  စားသုံးသူနစ်နာဆုံးရှုံးမှုဖြစ်ပွားစေမည့် ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုကို တိုက်ရိုက်ရောင်းချခြင်း သို့မဟုတ် သွယ်ဝိုက်ရောင်းချခြင်း စသည့်အချက်များ၊ ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံပေးချက် ပေးရမည့်အချက်များ၊ ကုန်စည်နှင့်စပ်လျဉ်း၍အာမခံပေးထားမှုအပေါ်  စားသုံးသူကတောင်းဆိုနိုင်သည့်  အခွင့်အရေးများ၊ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုကိုအသုံးပြုခြင်းကြောင့် နစ်နာဆုံးရှုံးမှုများဖြစ်ပေါ် လာပါက တာဝန်ရှိမှုအခြေအနေများ၊ ဥပဒေပါတားမြစ်ချက်များအား အသိပညာပေးဆွေးနွေးခဲ့ပြီး ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများအား ဈေးနှုန်းမြှင့်တင်ရောင်းချမှုမရှိစေရေး၊ ဖြစ်သင့် ဖြစ်ထိုက်သည့် ဈေးနှုန်းများဖြင့်သာ ရောင်းချရေး အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။ 

DOCA(ကချင်)

မအူပင်မြို့၌ ဗူးသွပ်ဆီနှင့် ရောနှောဆီများအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

     ၁၃.၅.၂၀၂၅ ရက်နေ့ နံနက်(၀၈၃၀)အချိန်တွင် စားသုံးသူရေးရာဦးစီးဌာနမှ ဒေါ်ခိုင်ခိုင်လင်းဒုဦးစီးမှူးနှင့် ဝန်ထမ်းများသည်  မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့် ပူးပေါင်း၍  မြို့မဈေးနှင့် အခွန်လွတ်ဈေးအတွင်း ရောင်းချနေသော ဗူးသွပ်စားသုံးဆီ၊ ရောနှောဆီအမျိုးမျိုးအား ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

   ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် မအူပင်မြို့နယ်အတွင်း ရောင်းချနေသော ပုဇွန်နှစ်ကောင် အမှတ်တံဆိပ် ဟင်းသီးဟင်းရွက်ဆီ၊ အမေထွား၊ Mazin၊ Goody, ဧရာဝတီမြေပဲဆီ၊ Lotusနှင့် အခြားသော ရောနှောဆီဗူးများတွင် သတ်မှတ်ဖော်ပြချက်များနှင့် ကိုက်ညီမှု ရှိ/မရှိ စသည့် စားသုံးဆီအမျိုးမျိုးတို့တွင် စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ ၊ အခန်း (၁၈)တွင် ပြဌာန်းထားသော ကုန်အညွှန်းအမှတ်အသား ဖော်ပြမှုဆိုင်ရာ အချက်များ ပြည့်စုံစွာဖော်ပြထားခြင်း ရှိ/မရှိ စစ်ဆေးခဲ့ရာ ပြည့်စုံစွာဖော်ပြထားကြောင်း စစ်ဆေးတွေ့ရှိရသည်။

DOCA(ဧရာဝတီ)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ