သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ဇေယျာသိရိရပ်ကွက် အတွင်း စားအုန်းဆီ ဖြန့်ဖြူးခဲ့သည့် အိမ်ထောင်စုများသို့ မြေပြင်ကွင်းဆင်းစစ်ဆေးခြင်း

      ၂၆.၈.၂၀၂၅ ရက်နေ့၊ နံနက် (၁၀း၀၀)နာရီအချိန်ခန့်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ရန် ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ ဒုတိယတိုင်းဒေသကြီးဦးစီးမှူး ဦးတင်မိုးအောင်နှင့် အရှေ့ပိုင်း ခရိုင်ဦးစီးမှူးဦးဇော်မင်းလတ်နှင့်ဝန်ထမ်းများကဦးဆောင်လျက် ဆီလုပ်ငန်းရှင်များအသင်းမှ ဦးအောင်သိန်း (အလုပ်အမှုဆောင်)နှင့် တာဝန်ရှိသူများ၊သက်ဆိုင်ရာမြို့နယ်အုပ်ချုပ်ရေးမှုးများ ၊ စားအုန်းဆီ ဝယ်ယူဖြန့်ဖြူးရောင်းချသည့်ကုမ္မဏီမှ တာဝန်ရှိသူများ လက်ကားကိုယ်စားလှယ် များ ၊ လက်လီကိုယ်စားလှယ်များနှင့် ရက်ကွက်အုပ်ချုပ်ရေးမှူးများပူးပေါင်း၍ စားအုန်းဆီဖြန့် ဖြူးသည့်အိမ်ထောင်စုများသို့ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။

          ထိုသို့ စစ်ဆေးရာတွင် ဒုတိယတိုင်းဒေသကြီးဦးစီးမှူး ဦးတင်မိုးအောင်က ဖြန့်ဖြူးသည့် ကုမ္မဏီအမည်၊ လက်ကားကိုယ်စားလှယ်၊ လက်လီကိုယ်စားလှယ်၊ ဖြန့်ဖြူးသည့်ရပ်ကွက်၊ ပိဿာ အရေအတွက်၊ အိမ်ထောင်စုဦးရေနှင့် တစ်လလျှင်(၁)အိမ်ထောင်စု စားအုန်းဆီရရှိမှုပိဿာတို့ကို ကွင်းဆင်းစစ်ဆေးခဲ့ရာ ဒေါပုံမြို့နယ်၊ ဇေယျာသိရိရပ်ကွက်အတွင်းရှိ အိမ်ထောင်စု(၂)စု အား မြေပြင်းကွင်းဆင်းစစ်ဆေးခဲ့ပြီး Yandanar Bom Global Network Co.ltd မှ ဖြန့်ဖြူးရောင်းချ ခြင်းဖြစ်ကြောင်းသိရှိရပါသည်။

DOCA (ရန်ကုန်)

 

စားအုန်းဆီရောင်းချနေခြင်းအား ကွင်းဆင်းစစ်ဆေးခြင်း

     (၂၇.၈.၂၀၂၅)ရက်နေ့ နေ့လယ်(၁၃:၃၀)နာရီအချိန်တွင် စားသုံးသူရေးရာဉီးစီးဌာန၊ တိုက်ကြီး မြို့နယ်ခွဲတာဝန်ခံ ဉီးရှင်းခန့်ကိုကိုသည် တိုက်ကြီးမြို့မဈေးရှိ ဉီးဝင်းအောင် စားအုန်းဆီလက်လီ အရောင်းဆိုင်သို့ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

    ထိုသို့စစ်ဆေးခဲ့ရာတွင် ရုံ(၂) အခန်း(၈)ရှိ ဦးဝင်းအောင်က မိမိသည်စားအုန်းဆီခွဲတမ်းအား စားသုံးသူပြည်သူများလက်ဝယ်သို့ နေ့စဉ် နံနက်(၉)နာရီမှ ညနေ(၄)နာရီထိ စာအုပ်စနစ်ဖြင့် အလှည့် ကျပုံမှန်အတိုင်း ရောင်းချပေးပါကြောင်း၊ ဈေးနှုန်းမှာလည်း လက်ကားကိုယ်စား လှယ်များက သတ်မှတ်ပေးသောဈေးနှုန်းဖြင့် ရောင်းချပေးပါကြောင်း၊ အလေးချိန်ကိုလည်း မှန်ကန်စွာချိန်တွယ် ပေးပါကြောင်း၊ ရောင်းချရာတွင်လည်း နေ့စဉ်အရောင်းစာရင်းရေးသွင်း ထားပါကြောင်း စစ်ဆေး တွေ့ရှိရပြီး ဌာနမှလည်း တစ်နေ့စာတစ်နေ့ကုန်အောင်ရောင်းပေးရန်နှင့် သိုလှောင်ထားခြင်းများရှိ ပါက အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးဆွေးနွေး ပြောကြားခဲ့ကြောင်း သိရှိရ ပါသည်။

DOCA (ရန်ကုန်)

 

         

တိုက်ကြီးမြို့နယ်ရှိ ဒေါ်ညိုစားအုန်းဆီလက်လီအရောင်းဆိုင်သို့ ကွင်းဆင်းစစ်ဆေး

     စားသုံးသူရေးရာဉီးစီးဌာန၊ တိုက်ကြီးမြို့နယ်ခွဲတာဝန်ခံ ဉီးရှင်းခန့်ကိုကိုသည် (၂၇.၈.၂၀၂၅) ရက်နေ့ နေ့လယ် (၁၃:၀၀)နာရီအချိန်တွင် တိုက်ကြီးမြို့နယ် မြို့မဈေးရှိ ဒေါ်ညို စားအုန်းဆီလက်လီ အရောင်းဆိုင်သို့ ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။

    ထိုသို့ဆောင်ရွက်ခဲ့ရာတွင် ရုံ(၁၉)၊ အခန်း(၇)ရှိ ဒေါ်ညိုအား သတ်မှတ်ရည်ညွှန်းဈေး အတိုင်း ရောင်းချခြင်းရှိ/မရှိ စားသုံးသူပြည်သူလက်ဝယ်သို့ စာအုပ်စနစ်ဖြင့် အမှန်တကယ် ရောင်းချခြင်းရှိ/မရှိ စစ်ဆေးခဲ့ပြီး ရောင်းချရာတွင်လည်း သတ်မှတ်ဈေးနှုန်းအတိုင်း အဆင့်လိုက် (၂%)အမြတ်တင်၍ ရောင်းချပြီး ရောင်းချမှုလက်ခံဘောင်ချာများကိုလည်းထားရှိပြီး မိမိတို့ဌာန မှလည်း ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားခြင်းများရှိခဲ့လျှင် ဥပဒေအရ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

ဉီးဝဏ္ဏအောင် စားအုန်းဆီလက်လီအရောင်းဆိုင်သို့ ကွင်းဆင်းစစ်ဆေး

      (၂၇.၈.၂၀၂၅)ရက်နေ့ နံနက်(၁၀:၃၀)နာရီအချိန်တွင် မြောက်ပိုင်းခရိုင်ဉီးစီးမှူးရုံး ကွပ်ကဲမှု အောက်ရှိ မှော်ဘီမြို့နယ်ခွဲရုံးမှ ဒေါ်ဖြူဖြူမြင့် ဒုကြီးကြပ်ရေးမှူးသည် အမှတ်(၂)ရပ်ကွက်၊ ပြည်လမ်း ရှိ ဉီးဝဏ္ဏအောင်စားအုန်းဆီလက်လီအရောင်းဆိုင်သို့ ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်း များ ဆောင် ရွက်ခဲ့ပါသည်။

     ထိုသို့ဆောင်ရွက်ခဲ့ရာတွင် ဉီးဝဏ္ဏအောင်သည် ရရှိသောစားအုန်းဆီခွဲတမ်းအား အမှတ်(၂) ရပ်ကွက်နေ ပြည်သူများသို့ အလှည့်ကျ တစ်ပတ်လျှင် (၅၀)သားနှုန်းဖြင့် အိမ်ထောင်စုတစ်စုလျှင် (၂.၅၀)သားရရှိပြီး အလေးချိန်လည်း မှန်ကန်စွာချိန်တွယ်ပေးပါကြောင်း ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းလည်းမရှိပါကြောင်း နေ့စဉ်အရောင်းစာရင်းများကိုလည်း လယ်ဂျာစာအုပ်ဖြင့် ထားရှိပါကြောင်း ကွင်းဆင်းစစ်ဆေးချက်အရ သိရှိရပါသည်။

DOCA (ရန်ကုန်)

မှော်ဘီမြို့နယ်ရှိ စားအုန်းဆီလက်လီဆိုင်သို့ ကွင်းဆင်းစစ်ဆေး

     (၂၇.၈.၂၀၂၅)ရက်နေ့ နံနက်(၁၀:၀၀)နာရီအချိန်မှစ၍ မြောက်ပိုင်းခရိုင်ဉီးစီးမှူးရုံး ကွပ်ကဲမှု အောက်ရှိ မှော်ဘီမြို့နယ်ခွဲရုံးမှ ဒေါ်ဖြူဖြူမြင့် ဒုကြီးကြပ်ရေးမှူးသည် မှော်ဘီမြို့နယ်ရှိ အမှတ်၊ ဘီ(၂) အခန်း(၄၃/၄၄)ရှိ ဒေါ်အေးအေးမာစားအုန်းဆီအရောင်းဆိုင်သို့ ကွင်းဆင်းစစ်ဆေး ခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။

    ထိုသို့ဆောင်ရွက်ခဲ့ရာတွင် စားအုန်းဆီအရောင်းကိုယ်စားလှယ် ဒေါ်အေးအေးမာမှ မိမိရရှိ သောခွဲတမ်းသည် အောင်ဇမ္ဗူမဟာမှရရှိပြီး သက်ဆိုင်ရာဌာနမှ ထုတ်ပြန်ထားသော အမိန့်၊ ညွှန်ကြားချက်များနှင့်အညီ ရောင်းချပေးပြီး ရရှိသောစားအုန်းဆီခွဲတမ်းများကိုလည်း သတ်မှတ် စည်းမျဉ်းစည်းကမ်းများနှင့်အညီ စနစ်တကျစာအုပ်ဖြင့် အလေးချိန်မှန်ကန်စွာစားသုံးသူပြည် သူများ ထံသို့ စနစ်တကျဖြန့်ဖြူးရောင်းချပေးလျက်ရှိကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

လှိုင်သာယာမြို့နယ်ရှိ ဂျယ်ရီဖက်ရှင်ဝေါလုပ်ငန်းအား မြေပြင်ကွင်းဆင်းစစ်ဆေး

     စားသုံးသူရေးရာဉီးစီးဌာန၊ မြောက်ပိုင်းခရိုင်ဉီးစီးမှူးရုံးမှ ဒေါ်နီလာဝင်း၊ ဉီးစီးမှူးပါ (၄)ဉီးတို့ သည် (၂၈.၈.၂၀၂၅)ရက်နေ့ (၁၂:၃၀)နာရီအချိန်တွင် အမှတ်(၆၆၉)၊ ဗညားဒလလမ်း၊ အမှတ်(၇) ရပ်ကွက်၊ လှိုင်သာယာမြို့နယ်ရှိ ဂျယ်ရီဖက်ရှင်ဝေါအွန်လိုင်းလုပ်ငန်းအား မြေပြင်ကွင်းဆင်း စစ်ဆေး ခြင်းဆောင်ရွက်ခဲ့ပါသည်။

    ထိုသို့စစ်ဆေးရာတွင် ဒေါ်နီလာဝင်း၊ ဉီးစီးမှူးက လုပ်ငန်းရှင် ဒေါ်သက်မြတ်နိုးအား စားသုံး သူများကို ကာကွယ်ပေးရန်နှင့် e-Commerce လုပ်ငန်းများဖွံ့ဖြိုးတိုးတက်စေရန် အွန်လိုင်းစနစ်နဲ့ ရောင်းချခြင်းလုပ်ငန်းများကို အရေးကြီးကုန်စည်ဝန်ဆောင်မှုအဖြစ် သတ်မှတ်ပြီး လုပ်ငန်းမှတ်ပုံတင် လက်မှတ်များကို ခွင့်ပြုထုတ်ပေးလျက်ရှိကြောင်း၊ စားသုံးသူကာကွယ်ရေး ဥပဒေပါ စီးပွားရေး လုပ်ငန်းရှင်၏တာဝန်များအတိုင်း လိုက်နာဆောင်ရွက်စေလိုကြောင်း အသိပညာပေးပြောကြားခဲ့ပြီး မြေပြင်စစ်ဆေးရအမည့်အချက်(၁၈)ချက်နှင့် ကိုက်ညီမှုရှိ/မရှိ စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

 

Jasmin Fashion SYT အွန်လိုင်းလုပ်ငန်းအား မြေပြင်ကွင်းဆင်းစစ်ဆေးခြင်း

     (၂၈.၈.၂၀၂၅)ရက်နေ့ (၁၂:၀၀)နာရီအချိန်တွင် အမှတ်(၂၃၈/က+ခ)၊ ပိတောက်လမ်း၊ မြို့သစ် (ဂ)ရပ်ကွက်၊ အင်းစိန်မြို့နယ်ရှိ Jasmin Fashion SYT အွန်လိုင်းဖြင့်ရောင်းချနေသော အွန်လိုင်း လုပ်ငန်းအား စားသုံးသူရေးရာဉီးစီးဌာန၊ မြောက်ပိုင်းခရိုင်ဉီးစီးမှူးရုံးမှ စစ်ဆေးရေး ရာရှိများသည် မှတ်ပုံတင်လျှောက်ထားရာတွင် ဖော်ပြထားသော အချက်များနှင့်မြေပြင်အချက် အလက်များ ကိုက်ညီ မှုရှိ/မရှိ ကွင်းဆင်းစစ်ဆေး ခြင်းဆောင်ရွက်ခဲ့ပါသည်။

     ထိုသို့စစ်ဆေးရာတွင် မှတ်ပုံတင်ထားရှိသည့်အချက်အလက်များအား မြေပြင်စစ်ဆေးရာ တွင် ကိုက်ညီမှုရှိ/မရှိနှင့် အခြားလိုအပ်သည့်အချက်အလက်များ ပြည့်စုံမှန်ကန်မှုရှိ/မရှိအား DOCA Application အသုံးပြု၍ စစ်ဆေးခြင်းနှင့် စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာရမည့်တာဝန်များအကြောင်း အသိပညာပေးဆွေးနွေး ခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

 

အွန်လိုင်းမှတ်ပုံတင်လျှောက်ထားသည့်လုပ်ငန်းအား မြေပြင်ကွင်းဆင်းစစ်ဆေးခြင်း

     (၂၈.၈.၂၀၂၅)ရက်နေ့ နံနက်(၁၁:၃၀)အချိန်တွင် စားသုံးသူရေးရာဉီးစီးဌာန၊ မြောက်ပိုင်း ခရိုင် ဉီးစီးမှူးရုံးမှ ဒေါ်နီလာဝင်း၊ ဉီးစီးမှူးပါ (၄)ဉီးတို့သည် အယ်ဖာအမည်ဖြင့် အွန်လိုင်းမှတ်ပုံ တင်ထားသော အမှတ်(၅/၁၃၁) (၅)ခန်းတွဲလမ်း၊ စဉ့်ငူရပ်ကွက်၊ အင်းစိန်မြို့နယ်ရှိ အီလက် ထရောနစ် ပစ္စည်းရောင်းချနေသော အွန်လိုင်းလုပ်ငန်းအား မြေပြင်စစ်ဆေးဆောင်ရွက်ခဲ့ပါသည်။

     မြေပြင်စစ်ဆေးရာတွင် အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းနှင့်ပတ်သက်၍ မြေပြင် စစ်ဆေးရမည့်အချက်(၁၈)ချက်နှင့်ကိုက်ညီမှုရှိ/မရှိ စစ်ဆေးခြင်း၊ အွန်လိုင်းစနစ်ဖြင့် ရောင်းချ ခြင်းလုပ်ငန်းကို အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေအဖြစ် သတ်မှတ်ထားသည့်အတွက် ယခုလုပ်ငန်းသည် အဝတ်အထည်လုပ်ငန်းဖြစ်သည့်အတွက် စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေး လုပ်ငန်းရှင်၏ တာဝန်များအတိုင်း လိုက်နာဆောင်ရွက်စေလိုကြောင်း အသိပညာပေး ပြောကြားခဲ့ ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

 

အွန်လိုင်းစနစ်တွင် မှတ်ပုံတင်လျှောက်ထားသည့်လုပ်ငန်းများ မြေပြင်စစ်ဆေးခြင်း

    စားသုံးသူရေးရာဉီးစီးဌာန၊ မြောက်ပိုင်းခရိုင်ဉီးစီးမှူးရုံးမှ ဝန်ထမ်းများသည် (၂၈.၈.၂၀၂၅) ရက် နေ့ နံနက်(၁၀:၄၅)အချိန်တွင် လိုလားအမည်ဖြင့် အွန်လိုင်းရောင်းချမှုနှင့်စပ်လျဉ်း၍ မှတ်ပုံတင် လျှောက်ထားသည့် ရွှေပြည်သာမြို့နယ်၊ အမှတ်(၂၉၆/ခ)၊ ဆရာစံ(၄)လမ်း၊ (၈)ရပ်ကွက်ရှိ မော်တော် ဆိုင်ကယ်အပိုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းရောင်းချလျက်ရှိသည့် အွန်လိုင်းလုပ်ငန်းအား မြေပြင် စစ်ဆေးဆောင်ရွက်ခဲ့ပါသည်။

      ထိုသို့ဆောင်ရွက်ရာတွင် အွန်လိုင်းမှတ်ပုံတင်စနစ်တွင် မှတ်ပုံတင်ထားရှိသည့် အချက် အလက်များအား မြေပြင်စစ်ဆေးရာတွင် ကိုက်ညီမှုများရှိ/မရှိနှင့် အခြားလိုအပ်သည့်အချက် အလက်များအား ပြည့်စုံမှန်ကန်မှုရှိ/မရှိအား DOCA Application အသုံးပြု၍ စစ်ဆေးခြင်း နှင့်စားသုံးသူကာကွယ်ရေး ဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာရမည့်တာဝန်များ အကြောင်း အခန်း(၁၁)ပါ ကုန်စည်နှင့် စပ်လျဉ်း၍ အာမခံချက်ပေးခြင်းဆိုင်ရာ အချက်အလက်များအကြောင်း ဆွေးနွေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

 

အွန်လိုင်းရောင်းဝယ်မှုလုပ်ငန်းအား မြေပြင်ကွင်းဆင်းစစ်ဆေးခြင်း

     (၂၈.၈.၂၀၂၅)ရက်နေ့ နံနက် (၁၀:၀၀)အချိန်တွင် စားသုံးသူရေးရာဉီးစီးဌာန၊ မြောက်ပိုင်း ခရိုင် ဉီးစီးမှူးရုံးမှ ဒေါ်နီလာဝင်း၊ ဉီးစီးမှူးပါ(၄)ဉီးတို့သည် အွန်လိုင်းမှတ်ပုံတင်လျှောက်ထားသည့် အမှတ်(၁၀)၊ မင်္ဂလာ(၂)လမ်း၊ ရွှေနှင်းဆီရပ်ကွက်၊ မင်္ဂလာဒုံမြို့နယ်တွင် ရောင်းချလျက်ရှိသည့် အဝတ်အထည်နှင့်ဆက်စပ်ပစ္စည်းလုပ်ငန်းသို့ မြေပြင်စစ်ဆေးခြင်းဆောင်ရွက်ခဲ့ပါသည်။

    ထိုသို့ဆောင်ရွက်ရာတွင် ဒေါ်နီလာဝင်း၊ ဉီးစီးမှူးမှ အွန်လိုင်းမှတ်ပုံတင်စနစ်တွင် မှတ်ပုံတင် ထားရှိသည့်အချက်အလက်များ မြေပြင်စစ်ဆေးရာတွင် ကိုက်ညီမှုရှိ/မရှိနှင့်အခြား လိုအပ်သည့် အချက်အလက်များ ပြည့်စုံမှန်ကန်မှုရှိ/မရှိနှင့် စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင် များ လိုက်နာဆောင်ရွက်ရမည့်တာဝန်များအကြောင်း၊ ကုန်အညွှန်းအမှတ် အသားဖော်ပြခြင်းဆိုင်ရာ များနှင့်ပတ်သက်၍လည်း ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

DOCA (ရန်ကုန်)

 

 

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ