သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ပွင့်ဖြူမြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးမှူးရုံး၊ ဗိုလ်ဥတ္တမခန်းမ၌ စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောဆွေးနွေး

       မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြိုနယ်တာဝန်ခံသည် စားသုံးသူအခွင့်အရေးများ သိရှိပြီး ရယူတောင်းဆိုတတ်စေရေး၊ လိုက်နာရမည့်တာဝန်များကို သိရှိစေရေး၊ စားသုံးသူကာကွယ်ရေး ဥပဒေပါရည်ရွယ်ချက်များကို သိရှိလိုက်နာနိုင်စေရန် ရည်ရွယ်၍ (၂၅..၂၀၂၅)ရက်နေ့၊ နံနက်(၀၉:၀၀) နာရီအချိန်တွင် ပွင့်ဖြူမြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးမှူးရုံး၊ ဗိုလ်ဥတ္တမခန်းမ၌ စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောဆွေးနွေးခဲ့ကြောင်း သိရသည်။

          အဆိုပါဟောပြောပွဲတွင် မြို့နယ်တာဝန်ခံက ကုန်စည်များကို ရွေးချယ်ဝယ်ယူစားသုံးရာတွင် ကုန်အညွှန်းအမှတ်အသားကို သေချာစိစစ်၍ ဖတ်ရှု့ဝယ်ယူသုံးစွဲကြရန်နှင့် ဦးစီးဌာန၏ ရည်မှန်းချက်၊ မျှော်မှန်းချက်များ၊ လက်ရှိဆောင်ရွက်နေသည့် လုပ်ငန်းတာဝန်များအကြောင်း၊ စားသုံးသူ ကာကွယ် ရေးဥပဒေပါ စားသုံးသူ၏ အခွင့်အရေးနှင့် လိုက်နာရမည့်တာဝန်များအကြောင်း၊ စီးပွားရေးလုပ်ငန်းရှင် ၏တာဝန်များ၊ တားမြစ်ချက်များအကြောင်းနှင့် ကုန်စည်နှင့် ဝန်ဆောင်မှုများ အသုံးပြုရာတွင် နစ်နာ ဆုံးရှုံးမှုများ ဖြစ်ပေါ်လာပါက တိုင်ကြားခွင့်၊ ကုစားခွင့်များနှင့် Call Center 1535 သို့ဆက်သွယ်တိုင်ကြားနိုင်သည့်အကြောင်းများကို အသိပညာပေးဟောပြောဆွေးနွေးခဲ့ကြောင်း သိရှိရသည်။

DOCA(မကွေး)

ချောက်မြို့ပေါ်ရှိ အင်တာနက်ဝန်ဆောင်မှုဆောင်ရွက်နေသည့် လုပ်ငန်းများအား ကွင်းဆင်းစစ်ဆေး

      စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ်တာဝန်ခံ ဒေါ်မြတ်မြတ်မိုးသည် အရည်အသွေးပြည့်မီသော အင်တာနက်ဝန်ဆောင်မှုများ ရရှိစေခြင်းဖြင့် စားသုံးသူများ၏နေ့စဉ်လူမှုဘဝကိစ္စရပ်များ အဆင်ပြေချောမွေ့စေရန်အတွက် ရည်ရွယ်၍(၂၇.၈.၂၀၂၅) ရက်နေ့၊ နံနက် (၀၉:၀၀)အချိန်တွင် ချောက်မြို့ပေါ်တွင် ဖွင့်လှစ်ထားသည့် ဆက်သွယ်ရေးဝန်ဆောင်မှု (အင်တာနက်ဝန်ဆောင်မှု) ဆောင်ရွက်နေသည့် MPT Fiber Internet Service နှင့် SPACE Link Fiber Internet Service လုပ်ငန်း လုပ်ကိုင်နေသည့် ဆိုင်များအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

        ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ဆက်သွယ်ရေးဝန်ဆောင်မှု (Package/ Plan) များနှင့် ဝန်ဆောင်ခနှုန်းထားများအား အများပြည်သူ လွယ်ကူစွာ သိရှိနိုင်စေရေး ဖော်ပြထားမှုရှိ/မရှိ စစ်ဆေးခဲ့ပြီး ဝန်ဆောင်ခနှုန်းထားများ ပြောင်းလဲမှုရှိပါက သုံးစွဲသူများကို ကြိုတင်အသိပေးရန်၊ ဝန်ဆောင်ခ နှုန်းထားများ မှားယွင်းစွာ ငွေကြေးဖြတ်တောက်မှုဖြစ်ပေါ်ခဲ့ပါက သုံးစွဲသူများအား သက်ဆိုင်ရာ အော်ပရေတာများက ငွေပြန်အမ်းသည့် Refund Policy များ ချမှတ်ဆောင်ရွက်ရေး၊ အင်တာနက်လိုင်းများ ပြတ်တောက်ပါက သက်ဆိုင်ရာကုမ္ပဏီများအနေဖြင့် ပြည်သူများ စိတ်ကျေနပ်မှုရရှိအောင် ဆောင်ရွက်ပေးရေးများကို ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။

DOCA(မကွေး)

မကွေးမြို့၊ ကုန်စည်ဒိုင်ခန်းမ၌ နေကြာဆီပိုမိုထုတ်လုပ်ရန်နှင့် စားအုန်းဆီအစား နေကြာဆီစားသုံးရေး အသိပညာပေး

      မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးမြို့ကုန်စည်ဒိုင်ခန်းမ၌ (၂၆.၈.၂၀၂၅)ရက်နေ့၊ နံနက် (၁၀:၀၀)အချိန်တွင် စိုက်ပျိုးတောင်သူများ၊ ကုန်သည်များနှင့် ဆီစက်လုပ်ငန်းရှင်များအား မကွေးတိုင်းဒေသကြီးအတွင်း နေကြာဆီပိုမိုထုတ်လုပ်ရန်နှင့် စားအုန်းဆီအစား နေကြာဆီစားသုံးရေး အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

       ထိုသို့အသိပညာပေးရာတွင် မကွေးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူးဒေါ်စုစုထွန်းက မကွေးတိုင်းဒေသကြီးအတွင်း နေကြာဆီပိုမိုထုတ်လုပ်ရန်နှင့် စားအုန်းဆီအစား နေကြာဆီစားသုံးရေးနှင့် စပ်လျဉ်း၍ စားအုန်းဆီစားသုံးခြင်းကြောင့် ရရှိလာမည့်ဆိုးကျိုးများ၊ နေကြာဆီ စားသုံးခြင်းကြောင့် ကျန်းမာရေးအတွက်ရရှိလာနိုင်မည့် ကောင်းကျိုးများနှင့် အသက်အရွယ် အလိုက်တစ်နေ့တာလိုအပ်သော စားသုံးဆီပမာဏများ၊ ဆီအမျိုးအစားအလိုက် အရည်အသွေး သတ်မှတ်ချက်များအား အသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့ပြီး တက်ရောက်လာကြသော စိုက်ပျိုးတောင်သူများ၊ ကုန်သည်များနှင့် ဆီစက်လုပ်ငန်းရှင်များက သိလိုသည်များ မေးမြန်းလာမှုအပေါ် ပြန်လည် ဆွေးနွေးခြင်းများလည်း ဆောင်ရွက်ခဲ့ပြီး ဆွေးနွေးပွဲသို့ စိုက်ပျိုးတောင်သူများ၊ ကုန်သည်များနှင့် ဆီစက်လုပ်ငန်းရှင်များ စုစုပေါင်း(၃၅)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။  

DOCA(မကွေး)

ဘားအံမြို့ရှိ အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာနတွင် အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်း လုပ်ငန်းများနှင့်စပ်လျဉ်း၍ သိကောင်းစရာ များအကြောင်း အသိပညာပေးဟောပြောပွဲကျင်းပ

      စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ ပြည်နယ်ဉီးစီးမှူး ဦးသန်းဦးနှင့် ဝန်ထမ်းများသည် ၂၇-၈-၂၀၂၅ ရက်၊ ဗုဒ္ဓဟူးနေ့ နေ့လယ်  ၁၃:၀၀ နာရီအချိန်တွင် ကရင်ပြည်နယ်၊ ဘားအံမြို့ရှိ အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာနတွင် စီးပွားရေးလုပ်ငန်းရှင်များအား စားသုံး သူကာကွယ်ရေးဆိုင်ရာ သိကောင်းစရာအကြောင်းများကို အသိပညာပေးဟောပွဲကျင်းပခဲ့ကြောင်း သိရှိရသည်။

          အဆိုပါဟောပြောပွဲတွင်  စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ ပြည်နယ်ဦး စီးမှူး ဦးသန်းဦးက စားသုံးသူရေးရာဦးစီးဌာန၏ မျှော်မှန်းချက်၊ ရည်မှန်းချက် များအကြောင်း၊ စားသုံး သူကာကွယ်ရေးအကြောင်း သိကောင်းစရာများ၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိသော အစားအသောက်နှင့် ကုန်စည်များကို စနစ်တကျရွှေးချယ် ဝယ်ယူစားသောက်သုံးစွဲတတ်စေရန်အတွက် ကုန်အညွှန်း အမှတ်အသားအကြောင်း၊ အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်း လုပ်ငန်းများနှင့်စပ်လျဉ်း၍ သိကောင်းစရာ များအကြောင်းနှင့်  စားသုံးသူနစ်နစ်ဆုံးရှုံးမှုများနှင့် ပတ်သက်၍ တိုင်ကြားနိုင်သည့် နည်းလမ်းများ အကြောင်းကို  Power Point ဖြင့် ရှင်းပြပြီး Call Center (1535) အား စီးပွားရေးလုပ်ငန်းရှင်များ လက်တွေ့ခေါ်ဆို၍ ရှင်းလင်းပြောကြားခဲ့ကာ စားသုံးသူကာကွယ်ရေးဆိုင်ရာ Video Clip များအား Short Video ဖြင့်ပြခဲ့ပါသည်။

          အခမ်းအနားတွင် စီးပွားရေးလုပ်ငန်းရှင် (၂၀)ဦး စုစုပေါင်း (၂၀)ဦး တက်ရောက်ပြီး လက်ကမ်းစာစောင်များလည်း ဖြန့်ဝေခဲ့ကြောင်း သိရှိရပါသည်။

DOCA(ကရင်)

ဘားအံမြို့ရှိ မုန့်လုပ်ငန်းများအား ကွင်းဆင်းစစ်ဆေးခြင်း

     (၂၈-၈-၂၀၂၅) ရက် ၊ နံနက် (၁၁:၀၀) နာရီအချိန် တွင် ဘားအံမြို့ရှိ  အမှတ်(၉) ရပ်ကွက်အတွင်း  ရောင်းချနေသော ဖိုးလပြည့် (ကိတ်နှင့်မုန့်မျိုးစုံလုပ်ငန်း)သို့ စစ်ဆေးရေးအရာရှိ ဦးရန်ပိုင်ဖြိုးနှင့် စားသုံး/ထုတ်လုံ ဝန်ထမ်း(၄)ဦးတို့သည် ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

    ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေး ကော်မရှင် ညွှန်ကြားချက် အမှတ်၊ ၂/၂၀၁၉ နှင့်အညီ ကိုက်ညီမှု ရှိ / မရှိ ‌ဈေးကွက် စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။ ဆက်လက်၍ စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ် ဦးစီးမှူးရုံးမှ ဒု-ဦးစီးမှူး ဒေါ်စုနွေးသီရိမောင်က စီးပွားရေးလုပ်ငန်းရှင်များအား ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြထားသော မုန့်များကိုသာထုတ်လုပ် ရောင်းချကြရန်၊ သက်ဆိုင်ရာဌာနများ၏ ဥပဒေနှင့်အညီ ဆောင်ရွက်ကြရန်  အသိပညာပေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

DOCA(ကရင်)

 

ဘားအံမြို့ ဆက်သွယ်ရေးဝန်ဆောင်မှုကဏ္ဍများသို့ ကွင်းဆင်းစစ်ဆေးခြင်း

     (၂၈-၈-၂၀၂၅) ရက် ၊ နံနက် (၀၉:၀၀) နာရီအချိန်တွင် ဘားအံမြို့ရှိ  ATOM ရုံးနှင့် MYTEL  ရုံးများသို့ ပြည်နယ်စည်ပင်သာယာရေးအဖွဲ့၊ ပြည်နယ်ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန၊ ပြည်နယ်စားသုံးသူရေးရာဦးစီးဌာနတို့နှင့်အတူ ပူးပေါင်း၍ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

     ထိုသို့ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် ဘားအံမြို့ရှိ ဆက်သွယ်ရေးရုံးများဖြစ်သည့် ATOM ရုံးနှင့် MYTEL  ရုံးများတွင် အောက်ပါအချက်များဖြင့် ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ပါသည်။ နည်းပညာခေတ်တွင် အင်တာနက်သည် ပညာရေး၊ စီးပွားရေးနှင့် ဆက်သွယ်ရေး ကဏ္ဍအားလုံးအတွက် အရေးကြီးဆုံးအစိတ်အပိုင်းတစ်ရပ်အနေဖြင့် ပါဝင်သည့်အတွက် အရည်အသွေးပြည့်မီသော အင်တာနက် ဝန်ဆောင်မှုများရရှိစေခြင်းဖြင့် စားသုံးသူများ၏ နေ့စဉ် လူမှုဘဝကိစ္စရပ်များ အဆင်ပြေချောမွေ့စေရန်၊ အင်တာနက်လိုင်းများ မကြာခဏပြတ်တောက်ခြင်း၊ သက်ဆိုင်ရာ ကုမ္ပဏီများသို့ အကြိမ်ကြိမ် ဆက်သွယ်ပြောဆိုသော်လည်း စားသုံးသူစိတ်ကျေနပ်မှုရရှိအောင် ဆောင်ရွက်ပေးနိုင်မှုမရှိခြင်းနှင့် စပ်လျဉ်း၍ တိုင်ကြားမှုများအား အများဆုံးလက်ခံရရှိသည့်အတွက်  အဆိုပါ ဝန်ဆောင်မှုလုပ်ငန်းများအား စစ်ဆေးရန်၊ ဆက်သွယ်ရေးကုမ္ပဏီများက ပေးအပ်သည့် အင်တာနက် ဝန်ဆောင်မှုများနှင့် ပတ်သက်၍ လိုအပ်သော သတင်းအချက်အလက်ပြည့်စုံမှန်ကန်စွာနှင့် ရှင်းလင်းစွာ ကြိုတင် အသိပေးဆောင်ရွက်ခြင်းဖြင့် စားသုံးသူအခွင့်အရေးပြည့်ဝစွာ ရရှိစေရန် ဆွေးနွေးပြောကြားခဲ့ရာ အထက်ပါဖော်ပြချက် အတိုင်း ဆောင်ရွက်ထားရှိမှုရှိကြောင်း သတင်းရရှိပါသည်။

DOCA(ကရင်)

ဘားအံမြို့ရှိ အ.မ.က (၁၅) ကျောင်းတွင် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပ

      စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ ဒု-ဦးစီးမှူး ဦးအောင်ထွန်းမြ နှင့် ဝန်ထမ်း များသည် ၂၇-၈-၂၀၂၅ ရက်၊ ဗုဒ္ဓဟူးနေ့ နံနက် ၁၀:၀၀ နာရီအချိန်တွင် ကရင်ပြည်နယ်၊ ဘားအံမြို့ရှိ အ.မ.က  (၁၅)၊ အခြေခံပညာမူလတန်းကျောင်းရှိ (ကျောင်းသား၊ ကျောင်းသူ) များအား စားသုံးသူကာကွယ်‌ရေးဆိုင်ရာ သိကောင်းစရာအကြောင်းကို အသိပညာပေးဟောပြောခဲ့ကြောင်း သိရှိရသည်။

     အဆိုပါဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ ဒု-ဦးစီးမှူး ဦးအောင်ထွန်းမြက  စားသုံးသူကာကွယ်ရေးဆိုင်ရာ သိကောင်းစရာများအကြောင်းနှင့် ထုတ်ကုန် လုံခြုံစိတ်ချရမှုရှိသော အစားအသောက်နှင့်ကုန်စည်များကို စနစ်တကျရွှေးချယ်ဝယ်ယူ စားသောက် သုံးစွဲတတ်စေရန်အတွက် ကုန်ညွှန်းအမှတ်အသားအကြောင်းကို ကျောင်းသား၊ ကျောင်းသူများကို ရှင်းလင်းပြောကြားခဲ့ကာ ဆရာ၊ ဆရာမ (၁၄) ဦး၊  ကျောင်းသား၊ ကျောင်းသူများ (၅၀)ဦး စုစုပေါင်း ဦးရေ(၆၄) တက်ရောက်ပြီး  လက်ကမ်းစာစောင်များလည်း ဖြန့်ဝေခဲ့ကြောင်း သိရှိရပါသည်။

DOCA(ကရင်)

ပေါင်မြို့နယ်ရှိ စာသင်ကျောင်းများတွင် စားသုံးသူအသိပညာပေး ဆောင်ရွက်လျက်ရှိ

         မွန်ပြည်နယ်၊ ပေါင်မြို့နယ်ရှိ စာသင်ကျောင်းများတွင် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲများ ဆောင်ရွက်လျက်ရှိသည်။ ထိုသို့ဆောင်ရွက်ရာတွင် စားသုံးသူ ရေးရာဦးစီးဌာန၊ ပေါင်မြို့နယ်တာဝန်ခံမှ ပေါင်ရပ်ကွက်၊ အောက်လမ်းမကြီး၊ အ..က ကျောင်းတွင် (၂၆.၈.၂၀၂၅) ရက်နေ့ မွန်းလွှဲပိုင်းတွင် ပြုလုပ်ရာ ဆရာမကြီးနှင့်တကွ ဆရာ/ ဆရာမများ၊ ကျောင်းသား/ကျောင်းသူ (၆၀)ကျော်တို့မှ တက်ရောက်ကြသည်။

          အဆိုပါ ဟောပြောပွဲတွင် စားသုံးသူများနစ်နာဆုံးရှုံးမှုမရှိစေရေးအတွက် စားသုံးသူ၏ အခွင့်အရေးနှင့်တာဝန်များ၊ လုပ်ငန်းရှင်များ၏ အခွင့်အရေးနှင့်တာဝန်များ၊ တိုင်ကြားနိုင်သည့် နေရာများ ဘေးအန္တရာယ်ရှိစေသော ကုန်စည်နှင့်ဝန်ဆောင်မှုများအား ရှောင်ရန်၊ ဆောင်ရန် များအကြောင်း ဟောပြောပြီး ကျောင်းသား/ကျောင်းသူများမှ သိလိုသည်များကို မြို့နယ် တာဝန်ခံမှ ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

DOCA (မွန်)

ပေါင်မြို့နယ်၌ ကုန်စျေးနှုန်းများတည်ငြိမ်ကျဆင်းစေရေး အခြေခံစားသောက်ကုန်စည်များ ရောင်းချပေးလျက်ရှိ

      မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ ကုန်စျေးနှုန်းများတည်ငြိမ်ကျဆင်းစေရေး အခြေခံ စားသောက်ကုန်စည်များရောင်းချပေးခြင်းကို ၂၇.၈.၂၀၂၅ ရက်နေ့ နံနက်(၀၉း၀၀)နာရီက ကဒါရပ်ကွက် မင်္ဂလာဈေးတွင် ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

    ထိုသို့ရောင်းချရာတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် အခြေခံစားသောက်ကုန်စည်များဖြစ်သည့် စားအုန်းဆီ တစ်ပိဿာ ရည်ညွှန်းစျေး (၇၀၀၀)ကျပ်၊ ကြက်ဥ(၄)လုံး (၁၅၀၀)ကျပ် စသည်တို့ကို စျေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးခဲ့ရာ အများပြည်သူများ ဝယ်ယူအားပေးခဲ့ကြောင်း သိရသည်။

    အဆိုပါ စျေးရောင်းချခြင်းအား မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဌ ဦးထင်လင်းအောင် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမြင့်ဇော်ဦး၊ အဖွဲ့ဝင် ဦးကျော်လင်းဦး၊ မြို့နယ် စည်ပင်သာယာရေးအဖွဲ့ လက်ထောက်ညွှန်ကြားရေးမှူး ဦးထွန်းထွန်းဦးနှင့် စျေးကော်မတီဝင်များ၊ ရပ်ကွက်/အုပ်ချုပ်ရေးမှူးများက သက်သာချောင်ချိရေးဆိုင်တွင် ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

DOCA (မွန်)

ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲတာဝန်ခံသည် ရှားစောင်းလက်ပတ်အမှတ်တံဆိပ် (အဆင့်မြင့်ခေါင်းလိမ်းဆီမွှေး) ထုတ်လုပ်သည့်လုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေး

        စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်၊ ပြည်နယ်ဦးစီးမှူးရုံးမှ၊ ထုတ်ကုန်လုံခြုံ စိတ်ချရမှုဌာနခွဲတာဝန်ခံ ဦးစီးအရာရှိ ဦးမင်းခိုင်စိုးသည် ၂၇..၂၀၂ ရက်နေ့တွင် ရှားစောင်း လက်ပတ်အမှတ်တံဆိပ် (အဆင့်မြင့်ခေါင်းလိမ်းဆီမွှေး) ထုတ်လုပ်သည့်လုပ်ငန်းရှင်နှင့် တွေ့ဆုံ၍ ကုန်အညွှန်းအမှတ်အသားဆိုင်ရာများနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ပါသည်။

          အဆိုပါ ကုန်အညွှန်းအမှတ်အသားပြုလုပ်ရာတွင် လိုအပ်သည်များကို ထုတ်ကုန်လုံခြုံ စိတ်ချရမှုဌာနခွဲတာဝန်ခံက လုပ်ငန်းရှင်အား ၎င်းတို့၏ ထုတ်ကုန်ပစ္စည်းများပေါ်တွင် စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ အခန်း (၁၈)တွင် ဖော်ပြထားသောပြဌာန်းချက်အတိုင်း ကုန်အညွှန်းအမှတ်အသားကို ပြည့်စုံစွာဖော်ပြရန်၊ ကုန်စည်အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်၊ အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်းတို့ကို မြန်မာဘာသာဖြင့် ဖြစ်စေ၊ မြန်မာဘာသာ (သို့မဟုတ်) အခြားဘာသာတစ်ခုဖြင့်ဖြစ်စေ ဖော်ပြရန် အသိပညာပေး ဆွေးနွေးခဲ့ပြီး ကုန်အညွှန်းအမှတ်အသား ဖော်ပြချက်၊ မူပိုင်ခွင့်လျှောက်ထားခြင်းနှင့် ပတ်သက်၍ အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (မွန်)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ