သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ရွှေပြည့်စုံနှင့် ရွှေဒိုးနတ်ပေါင်မုန့်စက်ရုံအား ကွင်းဆင်းစစ်ဆေးခြင်း

       ၂၀၂၅ ခုနှစ်၊ သြဂုတ်လ (၁၆) ရက်နေ့တွင် စက်မှုလုပ်ငန်းသုံးများအတွက် လိုအပ်သည့် စားအုန်းဆီထုတ်ယူရရှိရေး ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့သည် ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ မြို့နယ်အတွင်းရှိ စက်မှုကုန်ကြမ်းသုံး စားအုန်းဆီများ လာရောက်လျှောက်ထားသည့် ရွှေပြည့်စုံနှင့် ရွှေဒိုးနတ်ပေါင်မုန့် စက်ရုံအား ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။ ထိုသို့စစ်ဆေးရာတွင် ပေါင်းစပ်ညှိနှိုင်း ရေးအဖွဲ့မှ တာဝန်ရှိ သူများမှ စားသောက်ကုန်လုပ်ငန်းရှင်းများအနေဖြင့် မိမိတို့လျှောက်ထားသည့် စားအုန်းဆီများအား မိမိတို့လုပ်ငန်းတွင် အမှန်တကယ်သုံးစွဲရန် လိုအပ်ကြောင်း၊ ၄င်း စားအုန်းဆီ များအား အပြင်သို့ရောင်းချပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူခံရမည်ဖြစ်ကြောင်း၊ မိမိတို့၏ ထုတ်ကုန်များကိုလည်း ကုန်ညွှန်: အမှတ်အသား ပြည့်စုံစွာဖော်ပြရန် အရေးကြီးကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်များ ဘက်မှလည်း ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ထားသည့် ဥပဒေညွှန်ကြားချက်များအား လိုက်နာ ဆောင်ရွက်သွားကြရန်လိုအပ်ကြောင်း ဆွေးနွေးပြောကြားခဲ့ကြောင်း သတင်းရရှိပါ သည်။

DOCA (ရန်ကုန်)

 

အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်း (Online Sale) လုပ်ငန်းများအား မှတ်ပုံတင်လက်မှတ် လျှောက်ထားခြင်း၊ မြေပြင်စစ်ဆေးခြင်းနှင့်ပတ်သတ်၍ ဆွေးနွေးပွဲကျင်းပ

       အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်း (Online Sale) လုပ်ငန်းများအား မှတ်ပုံတင်လက်မှတ် လျှောက်ထားခြင်း၊ မြေပြင်စစ်ဆေးခြင်းနှင့်ပတ်သတ်၍ ဆွေးနွေးပွဲအခမ်းအနားကို ၂၉.၈.၂၀၂၅ ရက်နေ့ နံနက် ၁၀ နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး ၏ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားကို စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယရန်ကုန်တိုင်းဒေသကြီးဦးစီးမှူး ဦးမြင့်အောင်၊ လက်ထောက်ညွှန်ကြားရေးမှူးဒေါ်ဝါဝါခိုင် နှင့် ဖိတ်ကြားထားသောဧည့်သည်တော်များ စုစုပေါင်း ၂၀ ဦးတက်ရောက်ခဲ့ကြောင်း သိရပါသည်။ အခမ်းအနားစတင်ချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယရန်ကုန်တိုင်းဒေသကြီးဦးစီးမှူး ဦးမြင့်အောင်က အွန်လိုင်းစနစ်ဖြင့်ရောင်းချမည့်လုပ်ငန်းရှင်များအား Online Sale လုပ်ငန်းသည် အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေတွင်ပါဝင်သည့်အတွက် မှတ်ပုံတင်ရန်အရေးကြီး ကြောင်းနှင့်ရောင်းချမည့်ကုန်စည်များတွင်လည်း  ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြရန် လိုအပ်ကြောင်း အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ ထို့နောက် စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဝါဝါခိုင်က မြေပြင် ကွင်းဆင်းစစ်ဆေးမှုဆိုင်ရာကိစ္စရပ်များနှင့် စီးပွားရေးလုပ်ငန်းရှင်များလိုက်နာဆောင်ရွက်ရမည့် အချက်များကို ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရပါသည်။ ဆက်လက်၍ အခမ်းအနားတက်ရောက် လာကြသူများက သိလိုသည်များကို မေးမြန်းခဲ့ကြကာ အခမ်းအနားအောင်မြင်စွာပြီးမြောက်ခဲ့ကြောင်း သိရပါသည်။

DOCA (ရန်ကုန်)

 

“ သန်လျင်မြို့နယ်လူသုံးကုန်လုပ်ငန်းထုတ်လုပ်ဖြန့်ဖြူးရောင်းချသည့်လုပ်ငန်းနှင့်ပတ်သက်၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ”

      ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သန်လျင်မြို့နယ်၊ အမှုထမ်းရပ်ကွက်ရှိ လူသုံးကုန် လုပ်ငန်းဖြစ်သည့် ရေချိုးဆပ်ပြာအရည် ထုတ်လုပ်ဖြန့်ဖြူးရောင်းချသည့် လုပ်ငန်းအား ၎င်းထုတ်လုပ်ဖြန့်ဖြူးသည့် ကုန်စည်များအပေါ်တွင် စားသုံးသူပြည်သူများ ဝယ်ယူသုံးစွဲရာတွင် ဘေးအန္တရာယ်ကင်းရှင်းစွာ ဝယ်ယူသုံးစွဲနိုင်ရန်အလိုဌာ ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ဖော်ပြထားခြင်းရှိ/မရှိ သိရှိရန်အတွက် စားသုံးသူရေးရာဦးစီးဌာန၊ တောင်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဦးဦးသိန်းမောင်နှင့် ဝန်ထမ်းများသည် ဩဂုတ်လ(၂၈)ရက်နေ့၊ နံနက်(၁၁:၀၀)နာရီအချိန်တွင် မြေပြင်ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

     ထိုသို့ မြေပြင်ကွင်းဆင်းစစ်ဆေးရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ တောင်ပိုင်းခရိုင်ဦးစီး မှူးရုံးမှ ဒုခရိုင်မှူး ဦးဦးသိန်းမောင်က Skin Me လူသုံးကုန်ပစ္စည်းထုတ်လုပ်ဖြန့်ဖြူးရောင်းချသည့် လုပ်ငန်းရှင်နှင့်တွေ့ဆုံကာ စားသုံးသူရေးရာဦးစီးဌာန အနေဖြင့် ဈေးကွက်မရောက်မီ ကုန်စည်များအပေါ်တွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ဖော်ပြနိုင်ရေး မြေပြင်ကွင်းဆင်းစစ်ဆေး ခြင်းလုပ်ငန်းအား အဓိကထားဆောင်ရွက်ခြင်းဖြစ်ကြောင်း ၎င်းထုတ်လုပ်ဖြန့်ဖြူးရောင်းချလျက်ရှိ သော လူသုံးကုန်ပစ္စည်းများအပေါ်တွင်လည်း မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေး ကော်မရှင်၏ ကုန်အညွှန်းအမှတ်အသားများအား မြန်မာဘာသာဖြင့် ဖော်ပြရန်ညွန်ကြားချက် အမှတ် (၂/၂၀၁၉)အရ ပြည့်စုံစွာဖော်ပြထားခြင်းရှိ/မရှိ မြေပြင်ကွင်းဆင်းစစ်ဆေးခြင်းဖြစ်ပါကြောင်း၊ ကုန်အညွှန်းအမှတ်အသားများအား မြန်မာဘာသာဖြင့် ပြည့်စုံစွာဖော်ပြထားခြင်းမရှိပါက ဈေးကွက်အတွင်းဖြန့်ဖြူးရောင်းချခြင်းများ မပြုလုပ်ကြရန်နှင့် အကျယ်တဝင့် ရှင်းလင်းဆွေးနွေး ခဲ့ပါကြောင်း၊ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင်လည်း မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာ ဘာသာနှင့် အခြားဘာသာတစ်ခု(သို့မဟုတ်) တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေ ရေးသားဖော်ပြရ မည်ဖြစ်ကြောင်း အသိပေးရှင်းလင်း ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

“ ကော့မှူးမြို့နယ်ဈေးကွက်အတွင်း ဆေးဝါးများ၏ဈေးနှုန်းအခြေအနေကွင်းဆင်းစစ်ဆေး”

     ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်တွင် စားသုံးသူပြည်သူများအား အန္တရာယ်ကင်းရှင်းစေရန်နှင့် ဆေးဝါးများ၏ ဈေးနှုန်းအခြေအနေအား စားသုံးသူရေးရာဦးစီးဌာန တောင်ပိုင်းခရိုင်ဦးစီးမှူးရုံး၏ ညွှန်ကြားချက်နှင့်အညီ ကော့မှူးမြို့နယ်ရှိ ရပ်ကွက်များနှင့် စည်ပင်သာယာမြို့မဈေးအတွင်း/အပြင်ရှိ ဆေးအရောင်းဆိုင်များသို့ ဩဂုတ်လ(၂၈)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ကော့မှူးမြို့နယ်ရှိ ဆေးဆိုင်များသို့ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

    ထိုသို့ ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် ကော့မှူးမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ် တာဝန်ခံ ဦးတင်မင်းနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ မြို့မဈေး တာဝန်ခံ ဦးအေးသွင်တို့ သည် မြို့နယ်စည်ပင်သာယာမြို့မဈေး အတွင်း/အပြင်ရှိ ဆေးဆိုင်များ၊ ဗိုလ်ချုပ်လမ်း၊ မကျီးတန်းရပ်ကွက်ရှိ ဆေးဆိုင်များ၊ ဗိုလ်ချုပ်လမ်းမြို့မရပ်ကွက်ရှိဆေးဆိုင်များတွင် စားသုံး သူပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစေရေးနှင့် ဆေးဝါးများ၏ ဈေးနှုန်းများ အဆမတန် မြှင့်တင်ဖြန့်ဖြူးရောင်းချခြင်းများရှိ/မရှိ၊ သက်တမ်းလွန်ဆေးဝါးများ  ဖြန့်ဖြူးရောင်းချ ခြင်းများ ရှိ/မရှိ စသည်တို့ကို စစ်ဆေးခဲ့ပြီး စပ်ဆေးအသုံးပြုမှု လျော့ပေါ့စေရေး၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၏ ထောက်ခံချက်မပါရှိသော အရည်အသွေးနှင့် စံချိန်စံညွှန်း စစ်ဆေးမှုခံယူထားခြင်းမရှိသည့် စားသုံးသူပြည်သူများအပေါ် အာမခံချက်မရှိသော တရားမဝင် ဆေးဝါးများ ဝယ်ယူဖြန့်ဖြူးရောင်းချခြင်းများ မပြုလုပ်ကြရန် စားသုံးသူကာကွယ်ရေး အသိပညာ ပေး ဆွေးနွေးပြောကြား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

“ ကွမ်းခြံကုန်းမြို့နယ်အတွင်း စားအုန်းဆီလက်လီလက်ကားအရောင်းဆိုင်များသို့ ကွင်းဆင်းစိစစ်ခြင်း ”

      ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်ရှိ စားအုန်းဆီလက်လီ လက်ကား အရောင်းဆိုင်များသို့ စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တောင်ပိုင်းခရိုင်ဦးစီးမှူးရုံး၏ ညွှန်ကြားချက်နှင့်အညီ ကွမ်းခြံကုန်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာန အနေဖြင့် အပတ်စဉ် ကွင်းဆင်းစိစစ်ခြင်းများ ဆောင်ရွက်လျက်ရှိရာ ဩဂုတ်လ(၂၇)ရက်နေ့၊ နေ့လည်(၁၃:၀၀)နာရီ အချိန်တွင် ပူးပေါင်းအဖွဲ့ဖြင့် ဈေးကွက်အတွင်း ကွင်းဆင်းစိစစ်ခဲ့ကြောင်း သိရှိရပါသည်။

     ထိုသို့ ဈေးကွက်အတွင်း ကွင်းဆင်းစိစစ်မှုများ ဆောင်ရွက်ရာတွင် ကွမ်းခြံကုန်းမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ဈေးတာဝန်ခံ ကျန်းမာရေးမှူး-၃ ဦးထွန်းထွန်း၊ အခွန်ကောက်တာဝန်ခံ ဦးသန့်ဇော်ဦး၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဒေါ်နွယ်နွယ်အေးနှင့် ဌာနခွဲ စာရေး ဦးတင်ထွန်းဦး ပူးပေါင်း၍ ရပ်ကွက်များတွင် ရောင်းချသော ဈေးပိုင်းရပ်ကွက်မှ ဦးဟိန်းသော်ဇင်ဦး (လက်လီလက်ကား)အရောင်းဆိုင်၊ ဦးခင်မောင်အေး (လက်လီ)အရောင်းဆိုင်၊ ကံကြီးမကျီးရပ်ကွက်မှ ဦးကျော်လွင် (လက်လီ)အရောင်းဆိုင်၊ ဦးရဲဝင်းဟိဏ်း (လက်လီ) အရောင်းဆိုင်၊ မြို့မရပ်ကွက်မှ ဦးဟိန်းမင်းထက် (လက်လီ)အရောင်းဆိုင်၊ ဦးကျော်သူရအောင် (လက်လီ)အရောင်းဆိုင်များနှင့် စည်ပင်သာယာမြို့မဈေးအတွင်း ရောင်းချသော ဒေါ်လဲ့လဲ့သင်း (လက်လီ)အရောင်းဆိုင်၊ ဒေါ်မြသီတာကျော် (လက်လီ)အရောင်းဆိုင်၊ ဦးစန်းဌေး (လက်လီ) အရောင်းဆိုင်၊ ဦးမြင့်မင်းသူ (လက်လီ)အရောင်းဆိုင်၊ ဒေါ်မျိုးသူဇာထွန်း (လက်လီ)အရောင်းဆိုင် များသို့ စားအုန်းဆီဖြန့်ဖြူးရောင်းချသည့် ကုမ္ပဏီခွဲတမ်း ရရှိသည့် ပိဿာ၊ ပေပါ၊ တာဝန်ယူ ဖြန့်ဖြူးရောင်းချသည့် အရေအတွက်၊ ပိဿာ၊ ပေပါ ရောင်းချသည့် လက်လီလက်ကားဈေးနှုန်း များနှင့် နေ့စဉ်ရောင်းချလျှက်ရှိသည့် ပုံစံများကိုပါ စိစစ်ကြပ်မတ်ခဲ့ကြောင်း သိရှိရပါသည်။

      ထို့နောက် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဒေါ်နွယ်နွယ်အေးက စားသုံးသူရေး ရာဦးစီးဌာနမှ အပတ်စဉ် စားအုန်းဆီရည်ညွှန်းဈေးနှုန်းများကို သတ်မှတ်ထုတ်ပြန်လျှက်ရှိရာ ရည်ညွှန်းဈေးအပေါ် (၂%)အမြတ်နှင့် သင့်တင့်သော သယ်ယူခ၊ လုပ်အားခများ ထည့်သွင်းတွက် ချက်၍ ရောင်းချကြရန်၊ ဈေးနှုန်းမြှင့်တင် ရောင်းချခြင်း၊ ဈေးကစားရန်ရည်ရွယ်၍ သိုလှောင်ခြင်း၊ ဖြန့်ဖြူးခြင်းများမပြုလုပ်ကြရန် ရောင်းချသော လက်လီလက်ကား ကိုယ်စားလှယ် လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေး စိစစ်ကြပ်မတ်ခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

( ဃ )ရပ်ကွက်အတွင်း စားအုန်းဆီ ဖြန့်ဖြူးခဲ့သည့် အိမ်ထောင်စု များသို့ မြေပြင်ကွင်းဆင်းစစ်ဆေးခြင်း

     ၂၆.၈.၂၀၂၅ ရက်နေ့၊ နေ့လယ်(၁၆း၃၀)နာရီအချိန်ခန့်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ရန် ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ ဒုတိယတိုင်းဒေသကြီးဦးစီးမှူး ဦးတင်မိုးအောင်နှင့် အရှေ့ပိုင်း ခရိုင်ဦးစီးမှူး ဦးဇော်မင်းလတ်နှင့်ဝန်ထမ်းများက ဦးဆောင်လျက် ဆီလုပ်ငန်းရှင်များအသင်းမှ ဦးအောင်သိန်း (အလုပ်အမှုဆောင်)နှင့် တာဝန်ရှိသူများ၊သက်ဆိုင်ရာမြို့နယ်အုပ်ချုပ်ရေးမှုးများ ၊ စားအုန်းဆီ ဝယ်ယူဖြန့်ဖြူးရောင်းချသည့်ကုမ္မဏီမှ တာဝန်ရှိသူများ လက်ကားကိုယ်စာလှယ်များ ၊ လက်လီကိုယ်စားလှယ်များနှင့် ရက်ကွက်အုပ်ချုပ်ရေးမှူးများပူးပေါင်း၍ စားအုန်းဆီဖြန့်ဖြူးသည့် အိမ်ထောင်စုများသို့ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

          ထိုသို့ စစ်ဆေးရာတွင် ဒုတိယတိုင်းဒေသကြီးဦးစီးမှူး ဦးတင်မိုးအောင်က ဖြန့်ဖြူးသည့် ကုမ္မဏီအမည်၊ လက်ကားကိုယ်စားလှယ်၊ လက်လီကိုယ်စားလှယ်၊ ဖြန့်ဖြူးသည့်ရပ်ကွက်၊ ပိဿာ အရေအတွက်၊ အိမ်ထောင်စုဦးရေနှင့် တစ်လလျှင်(၁)အိမ်ထောင်စု စားအုန်းဆီ ရရှိမှု ပိဿာတို့ကို ကွင်းဆင်းစစ်ဆေးခြင်းနှင့် သိုလှောင်ခြင်း/ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းမပြုရန် အသိပေး ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

 

(၂၉) ရပ်ကွက်အတွင်း စားအုန်းဆီ ဖြန့်ဖြူးခဲ့သည့် အိမ်ထောင်စုများသို့ မြေပြင်ကွင်းဆင်းစစ်ဆေးခြင်း

      ၂၆.၈.၂၀၂၅ ရက်နေ့၊ နေ့လယ်(၁၄း၃၀)နာရီအချိန်ခန့်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ရန် ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ ဒုတိယတိုင်းဒေသကြီးဦးစီးမှူး ဦးတင်မိုးအောင်နှင့် အရှေ့ပိုင်း ခရိုင်ဦးစီးမှူးဦးဇော်မင်းလတ်နှင့် ဝန်ထမ်းများကဦးဆောင်လျက် ဆီလုပ်ငန်းရှင်များအသင်းမှ ဦးအောင်သိန်း (အလုပ်အမှုဆောင်)နှင့် တာဝန်ရှိသူများ၊သက်ဆိုင်ရာမြို့နယ်အုပ်ချုပ်ရေးမှုးများ ၊ စားအုန်းဆီဝယ်ယူဖြန့်ဖြူးရောင်းချသည့်ကုမ္မဏီမှ တာဝန်ရှိသူများ လက်ကားကိုယ်စားလှယ်များ ၊ လက်လီ ကိုယ်စားလှယ်များနှင့် ရက်ကွက်အုပ်ချုပ်ရေးမှူးများ ပူးပေါင်း၍ စားအုန်းဆီဖြန့်ဖြူး သည့်အိမ်ထောင်စုများသို့ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

          ထိုသို့ စစ်ဆေးရာတွင် ဒုတိယတိုင်းဒေသကြီးဦးစီးမှူး ဦးတင်မိုးအောင်က ဖြန့်ဖြူးသည့် ကုမ္မဏီများမှတဆင့် လက်ကားကိုယ်စားလှယ်၊ လက်လီကိုယ်စားလှယ်များအနေဖြင့် သတ်မှတ် ရည်ညွှန်းဈေးအပေါ် ၂ ရာခိုင်နှုန်းဖြင့်ရောင်းချမှုအခြေအနေတို့ကို ဖြန့်ဖြူးသည့်ရပ်ကွက်၊ ပိဿာ အရေအတွက်၊ အိမ်ထောင်စုဦးရေနှင့် တစ်လလျှင်(၁)အိမ်ထောင်စု စားအုန်းဆီရရှိမှုပိဿာတို့ကို ကွင်းဆင်းစစ်ဆေးခဲ့ရာ သင်္ဃန်းကျွန်းမြို့နယ်၊ (၂၉)ရပ်ကွက်အတွင်းရှိ အိမ်ထောင်စု(၃)စုအား မြေပြင်းကွင်းဆင်းစစ်ဆေးခဲ့ပြီး  Premium Capital Group Co.ltd မှ ဖြန့်ဖြူးရောင်းချခြင်းဖြစ် ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

 

သင်္ဃန်းကျွန်းမြို့နယ်၊ ကြီးပွားရေးရပ်ကွက်အတွင်း စားအုန်းဆီ ဖြန့်ဖြူးခဲ့သည့် အိမ်ထောင်စု များသို့ မြေပြင်ကွင်းဆင်းစစ်ဆေးခြင်း

      ၂၆.၈.၂၀၂၅ ရက်နေ့၊ နေ့လယ်(၁၃း၃၀)နာရီအချိန်ခန့်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ရန် ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ ဒုတိယတိုင်းဒေသကြီးဦးစီးမှူး ဦးတင်မိုးအောင်နှင့် အရှေ့ပိုင်း ခရိုင်ဦးစီးမှူး ဦးဇော်မင်းလတ်နှင့်ဝန်ထမ်းများက ဦးဆောင်လျက် ဆီလုပ်ငန်းရှင်များအသင်းမှ ဦးအောင်သိန်း (အလုပ်အမှုဆောင်)နှင့် တာဝန်ရှိသူများ၊သက်ဆိုင်ရာမြို့နယ်အုပ်ချုပ်ရေးမှုးများ ၊ စားအုန်းဆီဝယ်ယူဖြန့်ဖြူးရောင်းချသည့်ကုမ္မဏီမှ တာဝန်ရှိသူများ လက်ကားကိုယ်စာလှယ်များ ၊ လက်လီကိုယ်စားလှယ်များနှင့် ရက်ကွက်အုပ်ချုပ်ရေးမှူးများပူးပေါင်း၍ စားအုန်းဆီ ဖြန့်ဖြူးသည့်အိမ်ထောင်စုများသို့ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

          ထိုသို့ စစ်ဆေးရာတွင် ဒုတိယတိုင်းဒေသကြီးဦးစီးမှူး ဦးတင်မိုးအောင်က  သင်္ဃန်းကျွန်း မြို့နယ်၊ ကြီးပွားရေးရပ်ကွက်အတွင်းရှိ အိမ်ထောင်စု(၃)စုအား အိမ်ထောင်စုအလိုက် စားအုန်းဆီ ထုတ်ယူရရှိမှုအခြေအနေတို့ကို ကွင်းဆင်းစစ်ဆေးခဲ့ရာ မြေပြင်းကွင်းဆင်းစစ်ဆေးခဲ့  ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

 

ဝါဆိုရပ်ကွက်အတွင်း စားအုန်းဆီရောင်းချမှု မြေပြင်ကွင်းဆင်းစစ်ဆေးခြင်း

      ၂၆.၈.၂၀၂၅ ရက်နေ့၊ နံနက် (၁၁း၃၀)နာရီအချိန်ခန့်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ရန် ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ ဒုတိယတိုင်းဒေသကြီးဦးစီးမှူး ဦးတင်မိုးအောင်နှင့် အရှေ့ပိုင်းခ ရိုင်ဦးစီးမှူး ဦးဇော်မင်းလတ်နှင့် ဝန်ထမ်းများက ဦးဆောင်လျက် ဆီလုပ်ငန်းရှင်များအသင်းမှ ဦး အောင်သိန်း (အလုပ်အမှုဆောင်)နှင့် တာဝန်ရှိသူများ၊သက်ဆိုင်ရာမြို့နယ်အုပ်ချုပ်ရေးမှုးများ ၊ စားအုန်းဆီ ဝယ်ယူဖြန့်ဖြူးရောင်းချသည့်ကုမ္မဏီမှ တာဝန်ရှိသူများ လက်ကားကိုယ်စားလှယ် များ ၊ လက်လီကိုယ်စားလှယ်များနှင့် ရက်ကွက်အုပ်ချုပ်ရေးမှူးများပူးပေါင်း၍ စားအုန်းဆီ ဖြန့်ဖြူးသည့်အိမ်ထောင်စုများသို့ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

          ထိုသို့ စစ်ဆေးရာတွင် ဒုတိယတိုင်းဒေသကြီးဦးစီးမှူး ဦးတင်မိုးအောင်က ဒေါပုံမြို့နယ်၊ ဝါဆိုရပ်ကွက်အတွင်းရှိ အိမ်ထောင်စုများအား စားအုန်းဆီရရှိမှုအခြေအနေတို့ကို ကွင်းဆင်းစစ် ဆေးခဲ့ကြောင်းသိရှိရပါသည်။

DOCA (ရန်ကုန်)

ဒေါပုံမြို့နယ်ယမုံနာ(၁)ရပ်ကွက် အတွင်း စားအုန်းဆီ ရောင်းချမှုမြေပြင်ကွင်းဆင်းစစ်ဆေးခြင်း

       ၂၆.၈.၂၀၂၅ ရက်နေ့၊ နံနက် (၁၁း၀၀)နာရီအချိန်ခန့်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ရန် ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ ဒုတိယတိုင်းဒေသကြီးဦးစီးမှူး ဦးတင်မိုးအောင်နှင့် အရှေ့ပိုင်း ခရိုင်ဦးစီးမှူးဦးဇော်မင်းလတ်နှင့်ဝန်ထမ်းများက ဦးဆောင်လျက် ဆီလုပ်ငန်းရှင်များအသင်းမှ ဦးအောင်သိန်း (အလုပ်အမှုဆောင်)နှင့် တာဝန်ရှိသူများ၊သက်ဆိုင်ရာမြို့နယ်အုပ်ချုပ်ရေးမှုးများ ၊ စားအုန်းဆီ ဝယ်ယူဖြန့်ဖြူးရောင်းချသည့်ကုမ္မဏီမှ တာဝန်ရှိသူများ လက်ကားကိုယ်စားလှယ် များ ၊ လက်လီကိုယ်စားလှယ်များနှင့် ရက်ကွက်အုပ်ချုပ်ရေးမှူးများပူးပေါင်း၍ စားအုန်းဆီ ဖြန့်ဖြူးသည့်အိမ် ထောင်စုများသို့ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။

          ထိုသို့ စစ်ဆေးရာတွင် ဒုတိယတိုင်းဒေသကြီးဦးစီးမှူး ဦးတင်မိုးအောင်က ဖြန့်ဖြူးသည့် ကုမ္မဏီ၊ လက်ကားကိုယ်စားလှယ်၊ လက်လီကိုယ်စားလှယ်များက သတ်မှတ်ရည်ညွန်းဈေးဖြင့် ရောင်းချခြင်းရှိ/မရှိကို   ဒေါပုံမြို့နယ်၊ ယမုံနာ(၁)ရပ်ကွက်အတွင်းရှိ အိမ်ထောင်စုများအားမြေ ပြင်ကွင်းဆင်းစစ်ဆေးခဲ့ပြီး  Myanmar United Asia Service Co.ltd မှ ဖြန့်ဖြူးရောင်းချခြင်း ဖြစ်ကြောင်းသိရှိရပါသည်။

DOCA (ရန်ကုန်)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ