သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ဇလွန်မြို့နယ် ဒေါင့်ကြီးကျေးရွာအုပ်စုတွင် ပြည်သူများအား စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောခြင်း

     စားသုံးသူရေးရာဦးစီးဌာန၊ ဇလွန်မြို့နယ်တာဝန်ခံသည်(၉.၅.၂၀၂၅)ရက်နေ့ နေ့လည် (၁၃:၀၀) နာရီအချိန်တွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၊ အမျိုးသမီး ရေးရာအဖွဲ့ဝင်များနှင့်ပူးပေါင်း၍ ဇလွန်မြို့၊ ဒေါင့်ကြီးကျေးရွာအုပ်စုရှိ မူကြိုကျောင်း၌ ပြည်သူ(၅၅)ဦး အား စားသုံးသူကာကွယ်ရေးဆိုင်ရာအသိပညာပေးဟောပြောခြင်း ဆောင်ရွက်ခဲ့ပါသည်။

     ဟောပြောပွဲတွင် မြို့နယ်တာဝန်ခံ ဦးသန့်ဇင်ဦးက စားသုံးသူကာကွယ်ရေးဥပဒေကို ၂၀၁၉ ခုနှစ် မတ်လ(၁၅) ရက်နေ့တွင် အခန်း(၂၅)ခန်း၊ ပုဒ်မ(၈၄)ခုဖြင့် ပြဌာန်းခဲ့ကြောင်း၊ စားသုံးသူ ကာကွယ်ရေး ဥပဒေပါ စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ စားသုံးသူများသည် ကုန်စည်ကို ရွေးချယ် ဝယ်ယူတတ် စေရန်၊ကုန်အညွှန်းအမှတ်အသားနှင့်စပ်လျဉ်း၍ ဖော်ပြပါရှိသည့် အချက်အလက်များကို သေချာစွာစိစစ် ဝယ်ယူနိုင်ရန်၊ အစားအသောက်နှင့် ကုန်စည်တွေပေါ်မှာ ဖော်ပြရမည့် ကုန်အညွှန်းအမှတ်အသားများ အကြောင်း၊ ဝယ်ယူအသုံးပြုခဲ့သော ကုန်စည်နှင့် ဝန်ဆောင်မှုများကြောင့် နစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ် လာပါက ပြောဆိုတင်ပြတိုင်ကြားခွင့်နှင့် ပြန်လည်ကုစားနိုင်ခွင့်များအကြောင်း၊  ပြစ်မှုနှင့် ပြစ်ဒဏ်များ အကြောင်းနှင့် စားသုံးသူသတင်းပြန်ကြားရေးနှင့်တိုင်ကြားမှု လက်ခံဆောင်ရွက်ရေးစင်တာ(Consumer Information and Complaint Center) CICC ဖွင့်လှစ်ထားရှိမှု အခြေအနေကိုလည်းကောင်း၊ စားသုံးသူ ရေးရာဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များ အကြောင်း သိရှိလို ပါက www.doca.gov.mm Website တွင် ဝင်ရောက် လေ့လာနိုင်ကြောင်းနှင့် Consumer Call Center 1535 သို့ ဆက်သွယ် မေးမြန်းနိုင်ကြောင်းကိုလည်းကောင်း စသည်တို့ကို အသိပညာပေးဟောပြောဆွေးနွေးခဲ့ကြောင်း သိရှိရ ပါသည်။

DOCA(ဧရာဝတီ)

အင်္ဂပူမြို့ပေါ်ရပ်ကွက်ရှိ အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်လုပ်ငန်းရှင်များအား တွေ့ဆုံဆွေးနွေးခြင်း

     ၂၀၂၅ခုနှစ်၊ မေလ(၉)ရက်နေ့ နေ့လည်(၁၄:၀၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ အင်္ဂပူမြို့နယ်တာဝန်ခံသည် မြို့နယ်ဦးစီးမှူးရုံး၌ အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်လုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာဗဟုသုတများရရှိစေရန်နှင့် စီးပွားရေးလုပ်ငန်းရှင်များအနေ ဖြင့် လိုက်နာကျင့်သုံးရမည့် တာဝန်ဝတ္တရာများကိုလည်း နားလည်သိရှိနိုင်စေရန် တွေ့ဆုံဆွေးနွေးခြင်း ကို ဆောင်ရွက်ခဲ့ပါသည်။

     ထိုသို့ဆွေးနွေးရာတွင်  အင်္ဂပူမြို့နယ်တာဝန်ခံ ဦးဘိုဘို က စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများကိုအောင်မြင်စွာအကောင်အထည်ဖော်ဆောင်ရွက်ရာတွင် မျှော်မှန်း ချက်၊ ရည်မှန်းချက်များချမှတ်၍ ဆောင်ရွက်လျက်ရှိပါကြောင်း၊  ယခုလိုအိမ်ဆောက်ပစ္စည်း ရောင်းဝယ် ရေးလုပ်ငန်းရှင်များနှင့်တွေ့ဆုံရခြင်းမှာ ဈေးကွက်အတွင်းရောင်းးချလျက်ရှိသော ဘိလပ်မြေဈေးနှုန်း များ မြှင့်တင်ရောင်းချမှုမရှိစေရေး၊ ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားမှုမရှိစေရေး၊ ထုတ် လုပ်သူနှင့် ဖြန့်ဖြူးသူတို့၏ မမှန်မကန်လုပ်ဆောင်မှုများမှကာကွယ်ရန်၊  ကုန်စည် သို့မဟုတ် ဝန်ဆောင် မှုများနှင့် စပ်လျဉ်း၍ အရည်အသွေး၊ အဆင့်အတန်း မပြည့်မီခြင်းမှ ကာကွယ်နိုင်ရန်အတွက် စားသုံးသူ ကာကွယ်ရေးလုပ်ငန်းများကို ဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်များမှ စောင့်ထိန်း ရမည့် စီးပွားရေးဆိုင်ရာ ကျင့်ဝတ်များကို လိုက်နာကျင့်သုံးသွားရန် အသိပညာပေးဆွေးနွေးခဲ့ပါသည်။

DOCA(ဧရာဝတီ)

အင်္ဂပူမြို့မစည်ပင်သာယာဈေးအတွင်းရှိ စားအုန်းဆီအရောင်းဆိုင်များအား သက်ဆိုင်ရာဌာနအဖွဲ့နှင့်အတူ ကွင်းဆင်းစစ်ဆေးခြင်း

    စားသုံးသူရေးရာဦးစီးဌာန၊အင်္ဂပူမြို့နယ်တာဝန်ခံသည်(၉.၅.၂၀၂၅)ရက်နေ့၊နံနက်(၁၁:၀၀)အချိန်တွင် မိတ်ဘက်ဌာနဆိုင်ရာများနှင့်ပူးပေါင်း၍ အင်္ဂပူမြို့၊ အမှတ်(၁)ရပ်ကွက်၊ မြို့မစည်ပင်သာယာဈေး အတွင်းရှိ စားအုန်းဆီ အရောင်းဆိုင်များအား ဈေးနှုန်းမြှင့်တင်ရောင်းချမှုရှိ/မရှိကွင်းဆင်းစစ်ဆေးခြင်းကို ဆောင်ရွက် ခဲ့ပါသည်။

    ထိုသို့ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် ဈေးကွက်အတွင်းရောင်းချနေသော စားအုန်းဆီများကို သတ် မှတ် ရည်ညွှန်းဈေးဖြင့်ရောင်းချလျက်ရှိပြီး၊ခွဲတမ်းရကုန်စုံဆိုင်များအနေဖြင့်အဆင့်အလိုက်(၂)%အမြတ် ထက် ကျော်လွန်၍ရောင်းချမှုမရှိစေရေး စစ်ဆေးခဲ့ပြီး၊ ရောင်းချမှုလက်ခံ ဘောက်ချာ များထားရှိခြင်း၊ သတ်မှတ် ရည်ညွှန်းဈေးဖြင့်သာရောင်းချခြင်း၊ အခြားမသမာသော နည်းလမ်းများသုံး၍ ရောင်းချမှု မရှိ ခြင်းနှင့် ဈေးကစားရန်ရည်ရွယ်ပြီး သိုလှောင်ထားခြင်းများ မရှိကြောင်း စစ်ဆေးတွေ့ရှိရပြီး  စားအုန်းဆီ အရောင်းဆိုင် (၅) ဆိုင်အား ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

ဟင်္သာတမြို့နယ် ဘိလပ်မြေအရောင်းဆိုင်လုပ်ငန်းရှင်များနှင့်တွေ့ဆုံဆွေးနွေးခြင်း

   စားသုံးသူရေးရာဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးသည် ၂၀၂၅ ခုနှစ်၊ မေလ (၉)ရက်နေ့ နေ့လည် (၁၄:၀၀)အချိန်တွင် ဟင်္သာတမြို့နယ်၊ဈေးကလေးလမ်း၊တာငါးဆယ်မြောက်ရပ်ကွက်ရှိ စားသုံးသူရေး ရာဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးတွင် အထူးစုံးစမ်းစစ်ဆေးရေးဦးစီးဌာနနှင့်ပူးပေါင်း၍ ဘိလပ်မြေ အရောင်းဆိုင်လုပ်ငန်းရှင်(၁၆)ဦးနှင့် တွေ့ဆုံ၍  အသိပညာပေးဟောပြောခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

   ဟောပြောပွဲတွင် ခရိုင်ဦးစီးမှူး ဦးဇော်မင်းက မိတ်ဆက်စကားပြောကြားခဲ့ပြီး၊  ဈေးကွက်အတွင်း ရောင်းချလျက်ရှိသော ဘိလပ်မြေအိတ်များ သင့်တင့်မျှတသောဈေးနှုန်းဖြင့် ‌ရောင်းချနိုင်ရေး၊ ဈေးကစား ရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားမှုမရှိစေရေး စသည်တို့ကို အကျယ်တဝင့် ရှင်းလင်းဆွေးနွေးခဲ့ပါ သည်။ ဆက်လက်၍ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန မြို့နယ်တာဝန်ခံမှ လက်ရှိ စစ်ဆေးဆောင်ရွက် ခဲ့သည့်အခြေအနေများအား ရှင်းလင်းခြင်း၊ စားသုံးသူရေးရာဦးစီးဌာန ဒု-ခရိုင်ဦးစီးမှူး  ဦးမောင်မောင် မြတ်ခိုင်မှ လုပ်ငန်းရှင်များ ဝန်ခံကတိလက်မှတ်ရေးထိုးရခြင်းအကြောင်း ရှင်းလင်းဆွေးနွေးခဲ့ပြီး၊ ဟင်္သာတမြို့နယ်တာဝန်ခံ ဦးမိုးကျော်မှ ဈေးကွက်အတွင်းကွင်းဆင်းစစ်ဆေးရခြင်းအကြောင်း၊ လုပ်ငန်း ရှင်များမှလည်း ပူးပေါင်းဆောင်ရွက်ပေးစေလိုကြောင်း ဆွေးနွေးခဲ့ပြီး၊ လုပ်ငန်းရှင်များမှ ဝန်ခံကတိ လက်မှတ် ရေးထိုးကာ နေ့လည် (၁၅:၃၀)အချိန်တွင် ဆွေးနွေးပွဲကို ရုပ်သိမ်းခဲ့ပါသည်။

DOCA(ဧရာဝတီ)

ပွင့်ဖြူမြို့မဈေး၌ ပလတ်စတစ်သုံးစွဲမှုလျော့ချရေးနှင့် ဈေးကွက်စောင့်ကြည့်စစ်ဆေး

     စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်တာဝန်ခံသည် (၁၂.၅.၂၀၂၅)ရက်နေ့၊ နံနက်(၀၈:၀၀)နာရီအချိန်တွင် ပွင့်ဖြူမြို့မဈေး၌ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် ပြည်သူများ ပလတ်စတစ်အိတ်လျော့နည်းသုံးစွဲစေရေးအတွက် ရည်ရွယ်၍ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ ဈေးကော်မတီဝင်များနှင့် အတူ ပူးပေါင်း၍ ပလတ်စတစ်အိတ်ဖြင့် ထုတ်ပိုးရောင်းချခြင်းမှုမရှိစေရေး စစ်ဆေးခြင်းနှင့် ပလတ်စတစ် အိတ်အစား အင်ဖက်၊ ငှက်ပျော်ဖက်၊ ကြာဖက်နှင့် သတင်းစာစက္ကူများ အစားထိုးသုံးစွဲခြင်းဖြင့်  တနင်္လာနေ့အား ကြွပ်ကြွပ်အိတ်သုံးစွဲမှု လျော့ချပေးရေးနေ့အဖြစ် ဆောင်ရွက်ရာတွင် ပူးပေါင်း ပါဝင်ပေးကြရန် အသိပညာပေးခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

     ဆက်လက်၍ ပွင့်ဖြူမြို့နယ်တာဝန်ခံမှ ပူးပေါင်းအဖွဲ့ဖြင့် ကုန်စုံဆိုင်များတွင် စားသုံး ရန်မသင့်ဟု ထုတ်ပြန်ထားသောကုန်စည်များ၊ သက်တမ်းလွန်နှင့်မှိုတက်နေသော ကုန်စည်များ၊ ကုန်အညွှန်းအမှတ်အသားဆိုင်ရာသတ်မှတ်ချက်များ ပြည့်စုံမှန်ကန်စွာဖော်ပြမထားသော ကုန်စည် များ ရောင်းချမှုမရှိစေရေး  ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း  သိရသည်။

DOCA(မကွေး)

မုံရွာမြို့ပေါ်ရှိ ဆန်ဆိုင်များသို့ ကွင်းဆင်းစစ်ဆေးခြင်း

     စားသုံးသူရေးရာဦးစီးဌာန၊ မုံရွာခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများ ဦးဆောင်၍ “ခရိုင်ဆန်သိုလှောင်ဈေးနှုန်း မြှင့်တင်ရောင်းချမှုများ စိစစ်ရေးလုပ်ငန်း အဖွဲ့များ”နှင့် ပူးပေါင်းပြီး ဆန်ရောင်းချမှုအခြေအနေများကို စစ်ဆေးပြီး ကွင်းဆင်း အသိပညာပေးမှုများ ဆောင်ရွက်လျက်ရာ (၈. ၅.၂၀၂၅) ရက်နေ့တွင်  မုံရွာမြို့နယ်၊ ဘုန်းစိုးရှိ “ပုလဲပွင့်” ဆန်ရောင်းဝယ်ရေးသို့ သွားရောက်၍ ကွင်းဆင်းအသိပညာပေးမှုများ ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရပါသည်။

 ထိုသို့ကွင်းဆင်းစစ်ဆေးအသိပညာရေးရာ ဆန်ဆိုင်များတွင် မနောသုခ၊ ရွှေဘိုပေါ်ဆန်း၊ ဧရာမင်း ဆန်များကို အများဆုံးရောင်းချလျက်ရှိကြောင်း၊ ဆန်ဈေးနှုန်း ကြီးမြင့်မှု မဖြစ်ပေါ်စေရေး အတွက် ဈေးကစားရန်အလို့ငှာ ဆန်များသို လှောင်ထားခြင်းမပြုရန် မြန်မာနိုင်ငံဆန် စပါးအသင်းချုပ်မှ သတ်မှတ်ထားသောဈေးနှုန်းများအတိုင်းရောင်းချသွားရန်၊ လိုက်နာမှု မရှိပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူခံရမည်ဖြစ်ကြောင်း အသိပညာပေး ပြောကြားခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

အွန်လိုင်းမှတ်ပုံတင်လျှောက်ထားသည့်လုပ်ငန်းအား မြေပြင်စစ်ဆေးဆောင်ရွက်

     တိုင်းဒေကြီးဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် (၈.၅.၂၀၂၅)ရက်နေ့ နံနက်(၁၀:၀၀)အချိန်တွင် မုံရွာခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး၊  မုံရွာမြို့နယ်တာဝန်ခံနှင့် ချောင်းဦးမြို့နယ်တာဝန်ခံတို့သည် Online Sales မှတ်ပုံတင်ထားသော မုံရွာမြို့၊ ချမ်းမြသာစည်ရပ်ကွက်ရှိ စပရိုက်ဂစ်အင်မုံရွာ လုပ်ငန်းသို့ မှတ်ပုံတင်လျှောက်ထားရာတွင် ဖော်ပြထားသော အချက်များနှင့် မြေပြင်အချက် အလက်များ ကိုက်ညီမှု ရှိ/မရှိ ကွင်းဆင်း စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ ပါသည်။

     ထိုသို့ ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် မုံရွာမြို့၊ ချမ်းမြသာစည်ရပ်ကွက် ဒေါ်တင်သန္တာလွင် ၊ စပရိုက်ဂစ်အင်မုံရွာ အခြားဝန်ဆောင်မှုများ Online Sales မှတ်ပုံတင်ရာတွင် ထည့်သွင်း လျှောက်ထားသည့်အချက်များ (၁၈)ချက်နှင့် မြေပြင်တွင်သွားရောက် စစ်ဆေးသည့်အချက်အလက်များ ကိုက်ညီမှုရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ပြီး စီးပွားရေးလုပ်ငန်းရှင်၏ လိုက်နာရမည့် တာဝန်များ အကြောင်း အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ငလျင်ဘေးဒဏ်သင့် စစ်ကိုင်းမြို့အတွင်း ပြည်သူများသို့ ဈေးကားများဖြင့် ဆန်၊ ဆီ၊ ကြက်သွန်နီ၊ အသားတု၊ ဟင်းသီးဟင်ရွက်နှင့် ကုန်မျိုးစုံအား သက်သာသော ဈေးနှုန်းဖြင့် (၃၈)ရက်မြောက်နေ့အဖြစ် လှည့်လည်ရောင်းချပေးလျက်ရှိ

  စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး၏ ကြီးကြပ်မှုဖြင့် မုံရွာမြို့ရှိ ဆန်/ဆီကုန်သည်များက ငလျင်ဘေးဒဏ်သင့် စစ်ကိုင်းမြို့ရှိ ပြည်သူများသို့ ဆန်၊ ဆီ၊ ကြက်သွန်နီ၊ အသားတု၊ ဟင်းသီးဟင်းရွက်နှင့် ကုန်မျိုးစုံအားသက်သာသောဈေးနှုန်းဖြင့်( ၃၈ )ရက်မြောက်နေ့ အဖြစ် ရောင်းချပေးလျက်ရှိပါသည်။

  ၂၀၂၅ ခုနှစ်၊ မတ်လ ၃၁ ရက်နေ့မှ မေလ ၁၃ ရက်နေ့အထိ 6S / 3038၊ 8A/ 8484၊ 4S/ 2246၊ 7N/ 9803 ဈေးကား(၄) စီးဖြင့် နံနက်ပိုင်း တွင်( ၁) ကြိမ်၊ မွန်းလွဲပိုင်းတွင် (၁)ကြိမ် ရောင်းချပေးခဲ့ရာ ယနေ့ ၁၃.၅.၂၀၂၅ ရက်နေ့တွင် ဆန် (၁၆၈) ပြည်၊ ဆီ (၇၅)ပိဿာ၊ ဆား(၃)ပိဿာ၊ ကုလားပဲ(၉)ဘူး၊ ငါးပိ(၁)ပိဿာ၊ ငါးခြောက် (၁)ပိဿာ၊ ပုဇွန်ခြောက်(၃၀) ကျပ်သား၊ ကြက်ဥ (၇၀)လုံး၊ ဘဲဥ(၁၉)လုံး၊ ကြက်သွန်နီ (၅) ပိဿာနှင့် အသားတု(၁)ပိဿာတို့ကို ရောင်းချပေးခဲ့ပြီး  ယနေ့အထိ ရောင်းချမှုများမှာ ဆန်(၉၁၂၈) ပြည်၊ ဆီ (၅၃၉၃) ပိဿာ ၊ ဆား(၁၀၂) ပိဿာ၊ ကုလားပဲ(၄၆၈)ဘူး၊ ငါးပိ(၃၃)ပိဿာ၊ ငါးခြောက် (၃၁)ပိဿာ၊ ပုဇွန်ခြောက်(၁၀)ပိဿာ (၂၀) ကျပ်သား၊ ကြက်သွန်နီ (၆၁၁) ပိဿာ၊ အသားတု( ၃၆ ) ပိဿာ၊ ကြက်ဥ (၆၇၅၈) လုံး၊ ဘဲဥ(၅၀၉)လုံး တို့နှင့် ရေသန့် ၁ လီတာဘူး (၂၀၀) ကဒ်တို့ကို ဖြစ်ကြောင်း သိရသည်။

   ယနေ့ ရောင်းချရာတွင် ငလျင်ဘေးဒဏ်သင့် ပြည်သူများရှိသည့်  စစ်ကိုင်းခရိုင်၊ စစ်ကိုင်းမြို့ ထုံးဘိုရပ်ကွက်တွင် သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (စစ်ကိုင်း)

ဆိပ်ဖြူမြို့ပေါ်ရှိ အစားအသောက်ရောင်းချသည့်ဆိုင်များသို့ ဝန်ဆောင်မှုကဏ္ဍနှင့်စပ်လျဉ်း၍ ကွင်းဆင်းစစ်ဆေး

 

    စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်း ဒေသကြီး၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ဆိပ်ဖြူမြို့နယ်တာဝန်ခံသည် တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်မှုနှင့် ပခုက္ကူခရိုင်ဦးစီးမှူးကြီးကြပ်မှုဖြင့် (၉.၅.၂၀၂၅)ရက်နေ့၊ နံနက်(၀၉:၀၀)နာရီအချိန် တွင် ဆိပ်ဖြူမြို့ပေါ်ရှိ စားသောက်ဆိုင်များသို့ သွားရောက်၍ မိတ်ဖက်ဌာနဆိုင်ရာများနှင့်ပူးပေါင်း၍ အစားအသောက်ရောင်းချသည့်ဆိုင်များသို့ ဝန်ဆောင်မှုကဏ္ဍနှင့်စပ်လျဉ်း၍ ကွင်းဆင်းစစ်ဆေးခဲ့ ကြောင်း သိရသည်။

   ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ဆိပ်ဖြူမြို့နယ်တာဝန်ခံနှင့် ပူးပေါင်းအဖွဲ့များသည် အစား အသောက်ရောင်းချသည့် လုပ်ငန်းရှင်များအား မိမိတို့ရောင်းချသော စားသောက်ဆိုင်များတွင် အစားအသောက်ပြုပြင် ရောင်းချသည့်နေရာများ သန့်ရှင်းမှုရှိစေရန်၊ အစားအသောက်ကိုင်တွယ် ချက်ပြုတ် သူများ၊ ဝန်ဆောင်မှုပေးသူများ၏ တစ်ကိုယ်ရေသန့်ရှင်းမှုများရှိစေရန်၊ အစားအသောက်များ လတ်ဆတ်မှုရှိစေရန်၊ မိမိတို့ဆိုင်များမှ ပေးအပ်သည့်ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ စားသုံးသူများအား လုံလောက်သည့် သတင်းအချက်အလက်များကို အသိပေးဖော်ပြစေရန်၊  စားသောက်ဖွယ်ရာများ၏ အမျိုးအစား၊ အရွယ် အစားပမာဏအလိုက် ဈေးနှုန်းများအား ပွင့်လင်းမြင်သာစွာ ကြိုတင်အသိပေးဖော်ပြထားရန် လိုအပ်ကြောင်း၊ စားသုံးသူများမှ မှာယူသုံးစွဲသော ပစ္စည်းများမှာ သန့်ရှင်းသပ်ရပ်စေရန်နှင့် မိမိတို့ ချက်ပြုတ်ရာတွင် အသုံးပြုသော အစားအသောက်များ၊ ဟင်းသီးအရွက်များအား အဝတ်စများဖြင့် လုံခြုံစွာဖုံးအုပ်၍ ထားရှိရန်နှင့် ဖုံးအုပ်ထားသော အစများသည်  သန့်ရှင်းသပ်ရပ်မှုရှိစေရန် လိုအပ်ကြောင်း၊ သို့မှသာ စားသုံးသူ၏ အခွင့်အရေးများ ရရှိလာမည်ဖြစ်ပြီး စားသောက် ဆိုင်၏ ဂုဏ်သတင်းများမှာလည်း ကျော်ကြားလာမည်ဖြစ်ကြောင်း၊ အစားအသောက် ဝန်ဆောင်မှု ကဏ္ဍ ကောင်းမွန်လာမည်ဖြစ်ကြောင်း အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရသည်။

DOCA(မကွေး)

ပခုက္ကူမြို့၊ သူနာပြုနှင့် သားဖွားသင်တန်းကျောင်း၌ စားသုံးသူကာကွယ်ရေး အသိပညာပေး

    စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူးနှင့် ခရိုင်ဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ဒုတိယခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် (၇.၅.၂၀၂၅) ရက်နေ့၊ နံနက်(၀၉:၃၀)အချိန်တွင် ပခုက္ကူမြို့ သူနာပြုနှင့်သားဖွားသင်တန်းကျောင်း၌ စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ရာ ဆရာ၊ ဆရာမ(၁၀)ဦး၊ သင်တန်းသား၊ သင်တန်းသူ (၁၂၀)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

   ဒုတိယခရိုင်ဦးစီးမှူးမှ ဆွေးနွေးရာတွင် ဌာန၏သမိုင်းကြောင်းနှင့်  လုပ်ငန်းဆောင်ရွက်ချက်များ၊ ဌာန၏မျှော်မှန်းချက်၊ ရည်မှန်းချက်များ  စားသုံးသူကာကွယ်ရေးဥပဒေပါ အကြောင်းအရာ များ၊ စားသုံးသူပြည်သူများအတွက် ကုန်စည်(သို့မဟုတ်)ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ ဘေးအန္တရာယ် ကင်းရှင်းစေရေး၊ ထုတ်ကုန်များလုံခြုံစိတ်ချမှုရှိစေရေးတို့ကို ဆောင်ရွက်နေရုံသာမက စားသုံးသူ နစ်နာဆုံးရှုံးမှုများအတွက် စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံ ဆောင်ရွက်ရေး စင်တာ(CICC) အားဖွင့်လှစ်ထားရှိကြောင်း၊ စားသုံးသူရေးရာဌာနခွဲတာဝန်ခံမှ ဆွေးနွေးရာတွင် စားသုံးသူများတွင် အခွင့်အရေးများရှိ၍ သိရှိရန်လိုအပ်ကြောင်း၊ ကုန်စည်နှင့်ဝန်ဆောင်မှုများတွင် ရွေးချယ်ဝယ်ယူအသုံးပြုရာတွင် လိုအပ်သောသတင်းအချက်အလက်များ ပြည့်စုံမှန်ကန်စွာ သိရှိခွင့် နှင့်ပြေစာ(သို့မဟုတ်)အထောက်အထား ရယူထားရှိခြင်းမှာအရေးကြီးပါကြောင်း၊ နစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်ပါက ဌာနသို့တိုင်ကြားစေခြင်းဖြင့် ကုစားခွင့်များရရှိမှာဖြစ်ကြောင်း၊ ငွေစာရင်းဌာနခွဲမှ ဝန်ထမ်းတစ်ဦးကဆွေးနွေးရာတွင် စားသုံးသူကာကွယ်ရေးဥပဒေပါ အခန်း(၁၈)မှ ကုန်အညွှန်း အမှတ်အသား(၈)ချက်၊ တိုင်ကြားနိုင်သည့်ပုဂ္ဂိုလ်များနှင့် တိုင်ကြားနိုင်သည့်နေရာများအား အသေးစိတ်ဆွေးနွေး၍ ဝန်ထမ်းများမှသိရှိလိုသည်များအား ဒုတိယခရိုင်ဦးစီးမှူးမှ ပြန်လည်ဖြေကြားပေးခဲ့ ပြီး စားသုံးသူကာကွယ်ရေးလက်ကမ်းစာစောင်များ ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

 

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ