သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ပန်းတနော်မြို့နယ် အတွင်း ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် ဦးစားပေး ကုန်စည် ၁၀မျိုးထဲမှ အသင့်စားမုန့်အမျိုးမျိုးနှင့် အခြားပြုပြင်ထုတ်ပိုး ကုန်စည်များအား ကုန်အညွှန်း စစ်ဆေးခြင်း

    စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူး ရုံးအနေဖြင့်  စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ထုတ်လုပ်ရောင်းချသော ကုန်စည်များကို  ဥပဒေ၊ အမိန့်နှင့် ညွှန်ကြားချက်များနှင့် အညီ ထုတ်လုပ်ဖြန့်ဖြူရောင်းချနိုင်ရေး၊ ဈေးကွက်အတွင်း ထုတ်ကုန်လုံခြုံစိတ်ချရမှု ရှိစေရေး စစ်ဆေးဆောင်ရွက်လျက် ရှိသည့်အပြင် ထုတ်ကုန်များလုံခြုံ စိတ်ချရမှုရှိစေရေးနှင့် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာ ထည့်သွင်းဖော်ပြရေးအတွက် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများကို လစဉ်ဆောင်ရွက်လျက်ရှိရာ ပန်းတနော်မြို့နယ် တာဝန်ခံရုံးမှ ဝန်ထမ်းများသည် (၁၃.၈.၂၀၂၅)ရက်နေ့၊ နံနက်(၁၀:၃၀)နာရီအချိန်တွင် ပန်းတနော်မြို့၊ အမှတ်(၃)ရပ်ကွက်ရှိ  ယူကေစိန်၊ကုန်မျိုးစုံရောင်းဝယ်ရေးဆိုင်၊ ဦးကျင်ခွေး မုန့်မျိုးစုံဆိုင်၊ လင်းလတ်ကုန်စုံဆိုင်၊ ဒေါ်လှလှဝင်း ကုန်မျိုးစုံဆိုင်များ ရှိ အသင့်စားမုန့်အမျိုးမျိုး၊ အခြားပြုပြင်ထုတ်ပိုး ကုန်စည်အမျိုးမျိုးအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

      ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် ဈေးကွက်မရောက်မီကုန်စည်များ ကိုလည်း ဈေးကွက်စောင့်ကြည့်စစ်ဆေးလျက်ရှိကြောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေး လုပ်ငန်းရှင်၏ တာဝန်များ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းအကြောင်းများ၊ ကုန်အညွှန်း အမှတ်အသား ဖော်ပြခြင်းနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက် အမှတ်(၂/၂၀၁၉)ပါအကြောင်းများ၊ ကုန်ပစ္စည်းအမျိုးမျိုးတွင် ကုန်စည်၏အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့်အသားတင်ပမာဏ၊ သုံးစွဲပုံ နည်းလမ်း၊ ထားသိုသိမ်းဆည်းမှုအညွှန်းနှင့် ဓါတ်မတည့်ကြောင်းဖော်ပြချက်တို့ကို မြန်မာဘာသာဖြင့် ဖြစ်စေ၊  မြန်မာဘာသာနှင့် အခြားဘာသာတစ်ခုသို့မဟုတ် တစ်ခုထက်ပို၍တွဲလျက်ဖြစ်စေ ဖော်ပြရမည် ဖြစ်ကြောင်း၊ စားသုံးသူများသာမက စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ဌာနမှဆောင်ရွက်နေသော လုပ်ငန်းများကိုသိရှိလိုပါက ရုံးဖွင့်ရက်ရုံးချိန်အတွင်း Consumer Call Center No 1535သို့ ဆက်သွယ်မေးမြန်းနိုင်သည့်အကြောင်းများကို ရှင်းလင်းဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

စစ်သူကြီးဆေးဆိုင်သို့ ကွင်းဆင်းစစ်ဆေးခြင်း

          (၁၄.၈.၂၀၂၅)ရက်နေ့ နေ့လယ်(၁၁:၃၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်ခွဲတာဝန်ခံ ဦးရှင်းခန့်ကိုကိုသည် မြို့မဈေးအတွင်းရှိ ဆေးဆိုင်များသို့ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

          ထိုသို့စစ်ဆေးခဲ့ရာတွင် ဆေးအရောင်းဆိုင်များ၌ သုံးစွဲရန်မသင့်သောဆေးဝါးများ၊ ရောင်းချခြင်းရှိ/မရှိနှင့် ဆေးဝါးဖြည့်စွက်စာများနှင့်ပတ်သက်၍ မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးကော်မရှင်မှ ညွှန်ကြားချက်အမှတ်(၂/၂၀၁၉)ဖြင့် ထုတ်ပြန်ခဲ့ကြောင်း ၎င်းညွှန်ကြားချက်တွင် ဆရာဝန်ညွှန်ကြားချက်မရှိသော အိမ်သုံးဆေးဝါး၊ သောက်ဆေးအမျိုးမျိုးနှင့် လိမ်းဆေးအမျိုးမျိုး၊ အဟာရဖြည့်စွက်စာအမျိုးမျိုး၊ တိုင်းရင်းဆေးအမျိုးမျိုးတို့တွင် ကုန်အညွှန်းအမှတ်အသားများကို မြန်မာလိုပြည့်စုံစွာ ဖော်ပြထားသော ဆေးဝါးများသာရောင်းချရန်၊ ကုန်အညွှန်းအမှတ်အသားမပြည့်စုံသော ဆေးဝါးများရောင်းချပါက စားသုံးသူကာကွယ်ရေးဥပဒေအရ အရေးယူဆောင်ရွက် သွားမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

                                                                                                        

ဓနုဖြူမြို့နယ် အတွင်းရောင်းချနေသော သွားတိုက်ဆေးအမျိုးမျိုးအား ကုန်အညွှန်းအမှတ်အသား ဈေးကွက်စောင့်ကြည့် စစ်ဆေး

  ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်အတွင်းရှိ ဈေး၊ ဈေးတန်းနှင့် ကုန်စုံဆိုင်များတွင် သွားတိုက်ဆေးအမျိုးမျိုးတွင် ကုန်အညွှန်းအမှတ်အသားပါရှိမှု ရှိ/မရှိ စစ်ဆေးခြင်းကို (၁၄-၈-၂၀၂၅) နေ့နံနက် ၁၀ နာရီအချိန်က မြို့မ‌ဈေး၊ အကျော်တာဈေး အတွင်းရှိ‌ ဈေးဆိုင်များ၊ ကုန်စုံဆိုင် ၈ဆိုင်အား ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းလုပ်ငန်းအား ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

    စစ်ဆေးဆောင်ရွက်ရာတွင် မြို့နယ်၊ဦးစီးမှူးရုံးမှ ဦးခိုင်လွမ်းမိုးက စစ်ဆေးပြီး ပြည်သူများ အသုံးပြုလျက်ရှိသည့် ကုန်စည်များနှင့် စပ်လျဥ်း၍ သွားတိုက်ဆေးအမျိုးတွင် ကုန်အညွှန်း အမှတ်အသား ဖော်ပြရမည့်အချက်များ ပါရှိမှုရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေး ခြင်း လုပ်ငန်းများ ဆောင်ရွက်ရာတွင် ပိုမိုစနစ်တကျဖြစ်စေရန်နှင့် ထိရောက်မှုရှိစေရန်တို့အတွက် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အတွင်း ဈေးကွက်စောင့်ကြည့်စစ်ဆေးရန် ဦးစားပေးကုန်စည်အမျိုးအစား ၁၀ မျိုးအား သတ်မှတ်ကာလများအတိုင်း ဈေးကွက်စောင့်ကြည့်စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။

   ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်း ဆောင်ရွက်ရာတွင် မြို့နယ်စားသုံးသူရေး ရာဦးစီးဌာန နှင့် စည်ပင်သာယာရေးဦးစီးဌာနတို့ ပူးပေါင်းဆောင် ရွက်ခဲ့ကြောင်း သိရသည်။

DOCA(ဧရာဝတီ)

မအူပင်မြို့နယ်အတွင်း စားသောက်ဆိုင်လုပ်ငန်းရှင်များနှင့် တွေ့ဆုံ၍ ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ အသိပညာပေးရှင်းလင်း

   စားသုံးသူရေးရာဦးစီးဌာနသည် ကုန်စည်နှင့် ဝန်ဆောင်မှုများကို စားသုံးသူအခွင့်အရေးနှင့် အကျိုးစီးပွား ကာကွယ်ပေးနိုင်ရန် ဥပဒေနှင့်အညီ ဆောင်ရွက်ပေးလျှက်ရှိပြီး ကွင်းဆင်းစစ်ဆေးခြင်း၊ အသိပညာပေးခြင်း၊ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း၊ တို့ကို ဆောင်ရွက်လျက်ရှိပြီး ဝန်ဆောင်မှု လုပ်ငန်းဖြင့် စားသုံးသူလိုအပ်ချက် ဖြည့်ဆည့်ပေးနိုင်ရန် ကွင်းဆင်း အသိပညာပေးခြင်း များကိုလည်း ဆောင်ရွက်လျက်ရှိပါသည်။

     ၁၄-၈-၂၀၂၅ ရက်နေ့တွင် မအူပင်ခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးအရာရှိ ဒေါ်ခိုင်ခိုင်လင်းမှ စားသောက်ဆိုင်လုပ်ငန်းရှင် ဖြစ်သော ရွှေကံကော် လက်ဖက်ရည်နှင့် စားသောက်ဆိုင်တာဝန်ခံနှင့် ရေလဲလမ်းဆုံရှိ စားသောက်ဆိုင်ခန်းမတွင် တွေ့ဆုံ၍ စားသောက်ဆိုင် ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ စားသုံးသူပိုမိုသိရှိနားလည်နိုင်ရန် သတင်းအချက်အလက်များ ကြိုတင်ကြေငြာထားရန်နှင့် သတ်မှတ်ချိန် ကာလအတွင်း စားသုံးသူကျေနပ်အောင် ဝန်ဆောင်မှုကို ဆောင်ရွက်ပေးနိုင်ရန်၊ စားသုံးသူက တန်ဖိုးနှင့်အညီပေးချေ၍ စားသုံးသူရုပ်ပိုင်း၊စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှု မရှိစေရန် ဝန်ဆောင်မှုပြုနိုင်ရန် ကိုလည်းကောင်း၊ စီးပွားရေးလုပ်ငန်းရှင်’ တာဝန်များ သိရှိလိုက်နာရန်ရှင်းလင်းခြင်း၊ အခန်း(၁၃) ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ အာမခံချက်ပေးခြင်း အချက်အလက်များအကြော်ငး ဝန်ဆောင်မှု လုပ်ငန်းများ၏ အာမခံချက်နှင့် စက်လျဉ်း၍ စားသုံးသူတောင်ဆိုနိုင်သည့် အခွင့်အရေး ရှိသည်အတွက် ဆိုင်တာဝန်ခံများ သိရှိနိုင်ရန် ဆွေးနွေးခဲ့ကြောင်း၊ ဝန်ဆောင်မှုကဏ္ဍသည်လည်း စီပွားဖြစ်လုပ်ကိုင်သော လုပ်ငန်းတစ်ခု ဖြစ်သဖြင့် အဓိကအရေးပါသောအပိုင်းဖြစ်၍ ဝန်ဆောင်မှု ကောင်းကောင်းပေး၍ ဆောင်ရွက်ရန်ကို မှာကြားဆွေးနွေးခဲ့ကြောင်းသိရသည်။

DOCA(ဧရာဝတီ)

မြို့မဈေးရှိ Ko-1 မထက်ထက်ဆန်ဆိုင်သို့ ကွင်းဆင်းစစ်ဆေးခြင်း

          စားသုံးသူရေးရာဦးစီးဌာန၊ တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်ခွဲတာဝန်ခံ ဦးရှင်းခန့်ကိုကိုသည် (၁၄.၈.၂၀၂၅)ရက်နေ့ နေ့လယ်(၁၂:၃၀) နာရီအချိန်တွင် မြို့မဈေးအတွင်းရှိ Ko-1 မထက်ထက် ဆန်ဆိုင်သို့ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

          ထိုသို့စစ်ဆေးခဲ့ရာတွင် ဈေးစည်ပင်မှ ဦးဝေလင်းအောင်မှ ပူးပေါင်းပါဝင်လျက် ဆန်ဆိုင်များအနေဖြင့် ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် ဆန်များသိုလှောင်ထားခြင်းများ မပြုလုပ်ကြစေရန်၊ ဈေးနှုန်းများကိုလည်း အများပြည်သူများမြင်သာသည့်အရွယ်အစားနှင့် ရေးသားဖော်ပြ၍ ရောင်းချရန်နှင့် ဆန်အမျိုးအစားအလိုက် သင့်တင့်မျှတသော ဆန်ဈေးကွက်၊ ဆန်ရည်ညွှန်းဈေးကိုလည်း သိရှိလိုက်နာဆောင်ရွက်ကြရန် ပြောကြားခဲ့ပြီး သတ်မှတ်ချက်များကို လိုက်နာမှုမရှိသော လုပ်ငန်းရှင်များအား အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

 

                                                                                                        

စားသုံးသူကာကွယ်ရေး နှင့် ဝန်ထမ်းကျင့်ဝတ်ဆိုင်ရာ သိကောင်းစရာအကြောင်း Talk Show ပြုလုပ်

   ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန  လူထုအခြေပြု ဗဟိုဌာနဖြစ်သော Community Centre ခန်းမတွင် ပြည်သူများအသိပညာဗဟုသုတရရှိ စေရန် ရည်ရွယ်ပြီး မြို့နယ် ပြန်/ဆက်ဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်း စားသုံးသူကာကွယ်ရေး သိကောင်းစရာနှင့် ဝန်ထမ်းကျင့်ဝတ်ဆိုင်ရာများအကြောင်း အသိပညာပေး Talk Show ကို (၁၄-၈-၂၀၂၅)ရက်နေ့  ၁၂ နာရီ တွင် ပြုလုပ်ခဲ့သည်။

   ဆွေးနွေးရာတွင် အသိပညာပေး Talk Show ပြုလုပ်ရခြင်းမှာ လူငယ်နှင့် ပြည်သူများ ပြဌာန်းထားသော ဥပဒေ၊ နည်းဥပဒေနှင့် လုပ်ထုံးလုပ်နည်းများကို အသိပညာဗဟုသုတ ရရှိစေရေးအတွက် ရည်ရွယ်၍ သက်ဆိုင်ရာဌာနအသီးသီးကို ဖိတ်ကြား၍ ပြုလုပ်ရခြင်းဖြစ်ကြောင်းကို မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာနမှ တာဝန်ရှိသူက ရှင်းလင်းပြောကြားပြီး၊ စားသုံးသူရေးရာဦးစီးဌာနမှ ဒေါ်ချိုမီဇင် ဒု-ဦးစီးမှုးအား ဝန်ထမ်းကျင့်ဝတ်ဆိုင်ရာ သိကောင်းစရာများအကြောင်း ရှင်းလင်းဆွေးနွေးပြောကြားပေးပါရန် ဖိတ်ကြားကာ ဒေါ်ချိုမီဇင်မှ နိုင်ငံဝန်ထမ်းကျင့်ဝတ်ဆိုင်ရာ အပါး(၃၀)ရှိကြောင်း ဝန်ထမ်းတစ်ဦးချင်းလိုက်နာစောင့်ထိန်းရမည့် ကျင့်ဝတ် (၁၂)ပါး၊ ဝန်ထမ်းအချင်းချင်းလိုက်နာစောင့်ထိန်းရမည့် ကျင့်ဝတ်(၅)ပါး ပြည်သူလူထုအပေါ်လိုက်နာရမည့် ကျင့်ဝတ်(၅)ပါး၊ နိုင်ငံတော်အပေါ်လိုက်နာစောင့်ထိန်းရမည့် ကျင့်ဝတ်(၈)ပါး ရှိကြောင်း၊ ဝန်ထမ်းတစ်ဦးချင်း လိုက်နာစောင့်ထိန်းရမည့် ကျင့်ဝတ် ၁၂ပါသည် အဇွဲ့အစည်းအလိုက် စည်ကမ်း၊ အမိတ်တို့ကိုလိုက်နာတက်စေရန်၊ တာဝန်နှင့် ဝတ္တရာကျေပျွန်စေရန်၊ လုပ်ပိုင်ခွင်အလွဲသုံးစာမပြုစေရန်၊ အဂတိကင်းရှင်စေရန်၊ နိုင်ငံပိုင် ဘဏ္ဍာငွေကြေး အလွဲသုံးစာမပြုစေရန်၊ ရာထူနှင့် လျှော်ညီစွာသတ်မှတ်သင်တန်းများတက်ရောက်နိုင်ရန်၊ ရိုးသားဖြောင့်မတ်ရန်၊ လုပ်ငန်ခွင်တွင် မူးယစ်၊လောင်းကစားမပြုရန်၊ လုပ်ငန်းခွင် ခိုက်ရန်မဖြစ်ရန်၊ စာရိတ္တပျက်ပြားစွာ ပြုမူပြောဆိုခြင်း မပြုရန်၊ဥပဒေအရ အမိန့်၊ တာဝန်များ ကြည်ဖြူစွာထမ်းဆောင်နိုင်ရန်၊ ဝန်ထမ်းပိသစွာ ပါတီနိုင်ငံရေး ကင်းရှင်းစွာနေ ထိုင်ရန်အတွက် စောင့်ထိန်လိုက်နာရမည်ဖြစ်ကြောင်း၊ ဝန်ထမ်းအချင်းချင်းအပေါ် လိုက်နာစောင့်ထိန်းရမည့် ကျင်ဝတ်မှာ ဝန်ထမ်းအချင်းချင်း သစ္စာစောင့်သိရန်၊ စည်းလုံးညီညွှတ်မှုရှိရန်၊ ဝန်ထမ်းအချင်းချင်း တိုင်ကြား သက်သေခံရာတွင် အမှန်အတိုင်ထွက်ဆိုရန်၊ အဖွဲ့အစည်း၊ ဝန်ထမ်းအမျိုးအစားအလိုက် သတ်မှတ်ထားသည့် ကျင့်ဝတ်စည်ကမ်းများကို လိုက်နာတက်ရန်၊ ဝန်ထမ်းသက်သာချောင်ချီရေး လုပ်ငန်းခွင်ပျော်ရွှင်ရေး ပူးပေါင်း ပါဝင်နိုင်ရန်ကျင့်သုံးရမည်ဖြစ်ကြောင်း ကိုရှင်းလင်းခဲ့သည်။

   ဆက်လက်၍ ပြည်သူလူထုအပေါ် လိုက်နာစောင့်ထိန်းရမည့်ကျင့်ဝတ်အနေဖြင့် ပြည်သူအပေါ် သစ္စာ စောင့်သိရိုသေၕန်၊ လေးစားစွာ ဝန်ဆောင်မှုပေးရန်၊ ပြည်သူအကျိုးစီးပွားကို အလေးထားရန်၊ ယဉ်ကျေးစွာ ပြုမူဆက်ဆံရန်၊တာဝန်ထမ်းဆောင်စဉ် ပြည်သူထံမှ ငွေကြေး၊ အကျိုးခံစားခွင့်တောင်းခံခြင်းမပြုရန် လိုက်နာရ မည်ဖြစ်ကြောင်း၊ နိုင်ငံတော်အပေါ်လိုက်နာစောင့်ထိန်းရမည့် ကျင့်ဝတ်အနေဖြင့် နိုင်ငံတော်၏ ကျေးဇူးသစ္စာ စောင့်သိရန်၊ ဒို့တာဝန်အ‌ရေးသုံးပါး ဦးတည်ကြိုးပမ်းရန်၊ ဖွဲ့စည်ပုံ အခြေခံဥပဒေနှင့် တည်ဆဲ ဥပဒေ လိုက်နာရန်၊ နိုင်ငံအကျိုးစီးပွား အလေးထားရန်၊ နိုင်ငံပိုင် ငွေကြေးများ ပျက်စီးဆံဒးရှုံးမှု မရှိစေရေး ထိန်းသိမ်းရန်၊ အစိုးရ လျှို့ဝှက် အက်ဥပဒေများ လိုက်နာရန်၊ အကြည်ညိုပျက်စေမည့် လုပ်ရပ်များ ရှောင်ကြဉ်ရန်၊ နိုင်ငံတော်လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးကို တိုင်းဝန်စောင့်ရှောက်ရန်ဖြစ်ကြောင်း နိုင်ငံသားတိုင်းနှင့် ဝန်ထမ်းများ သိရှိနိုင်ရန် အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရသည်။        

DOCA(ဧရာဝတီ)

ပြည့်စုံဆန်ဆိုင်သို့ ကွင်းဆင်းစစ်ဆေးခြင်း

          (၁၄.၈.၂၀၂၅)ရက်နေ့ နေ့လယ်(၁၄:၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မှော်ဘီခရိုင်၊ မှော်ဘီမြို့နယ်ရုံးမှ ဒေါ်ဖြူဖြူမြင့်၊ ဒုကြီးကြပ်ရေးမှူးသည် အမှတ်(၆၂)၊ (၄)ရပ်ကွက်ရှိ ပြည့်စုံဆန် ဆိုင်သို့ ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ဆောင်ရွက်ခဲ့ရာတွင် ပိုင်ရှင်ဦးနေလင်းစိုးမှ မိမိဆိုင်တွင် ရောင်းချနေသောဆန်များမှာ ဆင်းသွယ်၊ တောင်ပျံ၊ ဧည့်မထ၊ ဇီယာ၊ ပေါ်ဆန်း၊ ရက်(၉၀)၊ ကျားပျံ၊ ပေါ်ဆန်းမွှေးတို့ကို တစ်လ တစ်ကြိမ်ထုတ်ပြန်လျက်ရှိသော သတ်မှတ်ရည်ညွှန်းဈေးအတိုင်း ရောင်းချပါကြောင်း၊ မိမိတို့ဈေးတွင် လက်လုပ်လပ်စားများသောကြောင့် ဆန်ကို အိတ်ဆွဲအဝယ်နည်းပြီး ပြည်လိုက်ကိုသာ ပိုအရောင်းသွက်ပါကြောင်း၊ MyRo လည်း မှတ်ပုံတင်ထားပါကြောင်း၊ သတ်မှတ်ဈေးနှုန်းအတိုင်း ရောင်းချပါကြောင်း၊ မိမိတို့ဌာနမှလည်း ဆိုင်ရှင်များအနေဖြင့် ဆန်များဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းများရှိခဲ့လျှင် အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပညာပေးဆွေးနွေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

 

                                                                                                        

ဩဂုတ်လ ပို့ကုန်လိုင်စင်ဝင်ရောက်ရန် လိုင်စင်လျောက်ထားသော ဆန်/ဆန်ကွဲ သိုလှောင်ရုံများအား စစ်ဆေးရေးအဖွဲ့မှ မြေပြင်အခြေအနေမှန်အား ကွင်းဆင်းစစ်ဆေး

  ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်ရှိ Good Brothers' Co.,Ltd UAPPT ဆားမ‌လောက်(စုပေါင်းလယ်ယာဆန်စက်) ရန်ကုန်-ပုသိမ်ကားလမ်းဘေးတွင် တည်ရှိသော ဆန်/ဆန်ကွဲသိုလှောင်ရုံအား

   Myanmar Long Grain White Rice (GW-11) 10% Broken (WMDPS) (1500 MT)  အခြေအနေများကို စားသုံးသူရေးရာဦးစီးဌာနနှင့် ပူးပေါင်းစစ်ဆေးရေးအဖွဲ့များဖြစ်သော MITS, MRF, DOCA & DOTအဖွဲ့ များ (၁၄-၈-၂၀၂၅) ရက်နေ့က မြေပြင်ဆောင်ရွက်ထားရှိမှုများကို ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။

    စစ်ဆေးရာတွင် ပူးပေါင်းစစ်ဆေးသောအဖွဲ့မှ ညောင်တုန်းမြို့နယ်ရှိ ပို့ကုန်လိုင်စင်သစ်လျှောက်ထားရန် ဩဂုတ် အတွက် ဆန်/ ဆန်ကွဲသိုလှောင်ထားရှိသော ဆန်စက်သိုလှောင်ရုံအခြေအနေများ၊ ဆန်ကွဲသိုလှောင် ထားရှိမှုအခြေအနေများ၊ သတ်မှတ်ထားသော ဆန်/ ဆန်ကွဲအရည်အသွေပြည့်မှီစေရေး ကြည်ရှုစစ်ဆေးခြင်း၊ သိုလှောင်ရုံ၏ မြေပြင်အခြေအနေမှန်များကို စစ်ဆေးများ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

DOCA(ဧရာဝတီ)

စက်မှုလုပ်ငန်းသုံးစားအုန်းဆီလျှောက်ထားသည့် လုပ်ငန်းသို့မြေပြင်ကွင်းဆင်းစစ်ဆေး

စားသုံးသူရေးရာဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ ပြည်နယ်ဦးစီးမှူး၏ လမ်းညွှန်ချက်ဖြင့် ဒေါ်သီသီထွေး (ဦးစီးမှူး)နှင့် ဝန်ထမ်းများသည် (၈-၈-၂၀၂၅)ရက်နေ့၊ နေ့လယ်(၁၃:၀၀)နာရီအချိန်တွင် စက်မှုလုပ်ငန်းသုံးဆီ လာရောက်လျှောက်ထားသော တောင်ကြီးမြို့၊ ညို့မိးကျေးရွာရှိ "ကျော်ဇော" လက်ဖက်နှင့် ပဲကြော်လုပ်ငန်းသို့ မြေပြင်တွင် လုပ်ငန်းအမှန်တကယ်လည်ပတ်ခြင်းရှိ/မရှိ၊ မြေပြင်တွင် ဆီလိုအပ်မှုအခြေအနေများကို ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။ အိမ်တွင်းမှုတစ်ပိုင်တစ်နိုင်လုပ်ငန်းဖြစ်သော လက်ဖက်နှင့် ပဲကြော်လုပ်ငန်သည် ယခင်က စားအုန်းဆီများကို ပြင်ပပေါက်ဈေးဖြင့် ဝယ်ယူ၍ ရောင်းချနေရသဖြင့် လုပ်ငန်းအတွက် အဆင်ပြေမှု မရှိကြောင်း၊ စက်မှုလုပ်ငန်းသုံးစားအုန်းဆီရရှိပါက လုပ်ငန်းကိုပိုမိုတွင်ကျယ်စွာ ထုတ်လုပ်လာနိုင်ပြီး ဈေးကွက်များ ပိုမိုရရှိနိုင်မည်ဖြစ်ကြောင်း သိရှိရပါသည်။ လက်ရှိအချိန်တွင် ၎င်းတို့ထုတ်လုပ်သော ပဲကြော်များကို တောင်ကြီးမြို့ပေါ်တွင်သာမက အနီးဝန်းကျင်မြို့များဖြစ်သော အေးသာယာ၊ ရွှေညောင်၊ ညောင်ရွှေ၊ ကလော၊ အောင်ပန်း၊ လွိုင်လင်၊ ဟိုပုံး စသည့် မြို့များသို့ အများဆုံး တင်ပို့ရောင်းချကြောင်း၊ မြေပြင်တွင် လုပ်ငန်းအမှန်တကယ်လည်ပတ်ပြီး လုပ်ကိုင်နေကြောင်း၊ စက်မှု လုပ်ငန်းသုံးစားအုန်းဆီခွဲတမ်းရရှိလျှင် ပို၍အဆင်ပြေကြောင်း၊ စားအုန်းဆီဈေးနှုန်း သင့်တင့်စွာ ဝယ်ယူရလျှင် စားသုံးသူများအပေါ် ပို၍ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးနိုင် ကြောင်း ပဲကြော်လုပ်ငန်းရှင်မှ ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရှိရသည်။ DOCA(ရှမ်း)

မှော်ဘီမြို့နယ်အတွင်းရှိ ဆေးဆိုင်များသို့ ကွင်းဆင်းစစ်ဆေးခြင်း

          (၁၄.၈.၂၀၂၅)ရက်နေ့ နေ့လယ်(၀၂:၄၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မှော်ဘီခရိုင်၊ မှော်ဘီမြို့နယ်ရုံးမှ ဒေါ်ဖြူဖြူမြင့်၊ ဒုကြီးကြပ်ရေးမှူးသည် မြို့မဈေးရှိဆေးဆိုင်တွင် ဆေးရောင်းချနေခြင်းများအား ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

          ထိုသို့စစ်ဆေးခဲ့ရာတွင် မြို့မဈေးမှ ဈေးတာဝန်ခံ ပူးပေါင်းပါဝင်လျက် ရောင်းချနေသောဆေးဝါးများမှာ အဖျားပျောက်ဆေး၊ ချောင်းဆိုးပျောက်ဆေး၊ နှာစီးပျောက်ဆေး၊ ပိုးသတ်ဆေး၊ အရောင်ချဆေး၊ သွေးကျဲဆေး၊ အစာအိမ်ဆေး၊ အကိုက်အခဲပျောက်ဆေးတို့ကို ရောင်းချပါကြောင်း၊ ဆေးဝါးများလည်းပြတ်လပ်မှုမရှိပါကြောင်း၊ ယခုကာလသည် တုတ်ကွေးရာသီဖြစ်သောကြောင့် နှာစီး၊ ချောင်းဆိုး၊ အဖျားပျောက်ဆေးများ ပိုမိုအရောင်းသွက်ပါကြောင်း ဝယ်ယူရာတွင်လည်း အဆင်ပြေစေရန် ဆောင်ရွက်ထားပါကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

                                                                                                        

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ