သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ဇလွန်မြို့မဈေးအတွင်းရှိ ဆန်ဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်း

     စားသုံးသူရေးရာဦးစီးဌာန၊ ဇလွန်မြို့နယ်တာဝန်ခံသည် (၉.၅.၂၀၂၅)ရက်နေ့ နံနက် (၁၁:၀၀) နာရီအချိန်တွင် မိတ်ဘက်ဌာနဆိုင်ရာများနှင့်ပူးပေါင်း၍ ဇလွန်မြို့၊ ဗိုလ်ချုပ်လမ်း၊ ညောင်ပင်ဈေး ရပ်ကွက်၊ မြို့မဈေးအတွင်းရှိ ဆန်ဆိုင်များအား မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် MRF မှ သတ်မှတ် ထုတ်ပြန်ထားသည့် ဈေးနှုန်းအပေါ် မြှင့်တင်ရောင်းချမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်းကိုဆောင်ရွက် ခဲ့ပါသည်။

     ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် MRFမှလအလိုက်ထုတ်ပြန် ပေးသော သင့်တင့်မျှတသည့် ဈေးကွက်ဈေးနှုန်းဖြင့် ဆန်များဖြန့်ဖြူးရောင်းချနိုင်ရေးကို ကြော်ငြာ ချက်ပါ ဆန်ဈေးနှုန်းထက်ကျော်လွန်ရောင်းချမှု မရှိကြောင်း၊  ဈေးကွက်အတွင်းရောင်းချနေသော ဆန်အမျိုးအစားအလိုက် ဆန်ဈေးနှုန်းများမှာ သတ်မှတ်ရည်ညွှန်းဈေးများအတိုင်း ရောင်းချလျက် ရှိ ပြီး ဈေးနှုန်းတည်ငြိမ်လျက်ရှိကြောင်း၊ မသမာသောနည်းလမ်းဖြင့်ဆန်ကြမ်းများ၊ဆန်ကွဲများရောနှော ရောင်းချခြင်းမရှိကြောင်း စိစစ်တွေ့ရှိရပြီး၊ မြို့မဈေးအတွင်းရှိ ဆန်ဆိုင်(၅)ဆိုင်အား ကွင်းဆင်းစစ် ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

ပြည်နယ်ဦးစီးမှူးမှ ဌာနခွဲတာဝန်ခံများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်

    ၁၂.၅.၂၀၂၅ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးသည် ပြည်နယ် ဦးစီးမှူးရုံးခန်း၌ ဌာနခွဲတာဝန်ခံများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပပြုလုပ်ခဲ့သည်။

     အစည်းအဝေးတွင် ပြည်နယ်ဦးစီးမှူးက အရာထမ်းများ စာမေးပွဲဖြေဆိုမည့်ကိစ္စရပ်များ ၊ Thursday Talk ကို အပတ်စဉ် မပျက်မကွက်ပြုလုပ်မည့်ကိစ္စရပ်များ၊ ညွှန်ကြားရေးမှူးချုပ် နှင့် စားသုံးသူရေးရာဌာနခွဲ၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုဆိုင်ရာဌာနခွဲများမှ ဝန်ထမ်းများ တွေ့ဆုံ ဆွေးနွေးသည့် ရုံးလုပ်ငန်းအစည်းအဝေးတွင် ညွှန်ကြားရေးမှူးချုပ်၏ လမ်းညွှန်ချက်များနှင့် စပ်လျဉ်း၍ လိုက်နာဆောင်ရွက်ရန် ကိစ္စရပ်များအား ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မွန်)

ကြံခင်းမြို့နယ်ဒေသထွက်ကုန်လုပ်ငန်းရှင်များစားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောခြင်း

     စားသုံးသူရေးရာဦးစီးဌာန၊ ကြံခင်းမြို့နယ်တာဝန်ခံသည်(၉.၅.၂၀၂၅)ရက်နေ့ နံနက်(၀၉:၀၀) နာရီအချိန်တွင် ကြံခင်းမြို့နယ်၊ အောင်ချမ်းသာရပ်ကွက်ရှိ အုန်းကယေကယာလုပ်ငန်းရှင်အိမ်တွင် အသေးစား ဒေသထွက်ကုန်လုပ်ငန်းရှင်(၈)ဦးအား ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး အသိပညာပေး ဆွေးနွေးခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

     ထိုဆွေးနွေးပွဲတွင် မြို့နယ်တာဝန်ခံ ဦးကျော်နိုင်ဝင်းက စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူအခွင့်အရေးနှင့်တာဝန်များအကြောင်း၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ မည်သည့် စီးပွားရေးလုပ်ငန်းရှင်မဆို ပုဒ်မ(၄၁) ပုဒ်မခွဲ(ခ)နှင့်(ဆ)တို့ပါ ကုန်အညွှန်းအမှတ်အသား ဖော်ပြရာတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု(သို့မဟုတ်) တစ်ခု ထက်ပို၍ တွဲလျက်ဖြစ်စေ ရေးသားဖော်ပြရမည့်အကြောင်း၊ ကုန်စည်နှင့် စပ်လျဉ်း၍ အာမခံချက် ပေးရာတွင် စားသုံးသူများ စိတ်ကျေနပ်မှုရှိစေရေးနှင့် စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေး လုပ်ငန်းရှင်၏ တာဝန်များအကြောင်း၊ တားမြစ်ချက်များအကြောင်းနှင့် ပြစ်မှုပြစ်ဒဏ်များအကြောင်း အသိပညာပေးဟောပြောခဲ့ပြီး လုပ်ငန်းရှင်များမှလည်း သိလိုသည်များကို မေးမြန်း၍ ဆွေးနွေးခဲ့ ကြကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

ရွာသစ်ရပ်ကွက်၊ စက်မှုဇုန်ရှိ Mother သောက်ရေသန့်စက်ရုံအား ဈေးကွက်မရောက်မီထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေးကွင်းဆင်းခြင်း

     စားသုံးသူရေးရာဦးစီးဌာန၊ ကြံခင်းမြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းများသည် (၉.၅.၂၀၂၅)ရက် နေ့ နေ့လည်(၁၃:၃၀)အချိန်တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့်ပူးပေါင်း၍ ဇလွန်မြို့၊ ရွာသစ်ရပ် ကွက်၊ စက်မှုဇုန်ရှိ  Mother သောက်ရေသန့် စက်ရုံသို့ ဈေးကွက်မရောက်မီ ထုတ်ကုန် လုံခြုံစိတ်ချ ရမှုရှိစေရေး ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

 ထိုသို့ကွင်းဆင်းခဲ့ရာတွင် ပုဂ္ဂလိကရေသန့်စက်ရုံများအနေဖြင့် သက်ဆိုင်ရာဝန်ကြီးဌာနများ၏ ထောက်ခံချက်များရှိ/မရှိစစ်ဆေးခြင်း၊ စက်ရုံပတ်ဝန်းကျင်အခြေအနေ၊ ကုန်ကြမ်း၊ ကုန်ချောထားရှိမှု အခြေအနေ၊ ရေသန့်များထုတ်လုပ်ရာတွင် အရည်အသွေးပြည့်ဝအောင်ထုတ်လုပ်သွားရန်၊ စားသုံးသူ မိဘပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစွာ အသုံးပြုနိုင်စေရန်၊  ထုတ်ကုန်များ လုံခြုံစိတ်ချရမှု ရှိစေရန်၊  သောက်ရေသန့်ဘူးပေါ်တွင် ကုန်စည်၏ အမျိုးအမည်၊ အသားတင်ပမာဏ၊ ထားသိုသိမ်း ဆည်းမှုအညွှန်းများအား မြန်မာဘာသာဖြင့်ဖော်ပြရန်နှင့်ကုန်စည်များပေါ်တွင် ကုန်စည်အမျိုးအစား ကို လိုက်၍ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှန်ကန်စွာ ဖော်ပြခြင်းရှိ/မရှိ တို့ကိုစစ်ဆေးခဲ့ပြီး၊ စက်ရုံအတွင်း/အပြင်၌ သန့်ရှင်းရေးနှင့် ရေစီးရေလာကောင်းမွန်စေရန်၊ သတ်မှတ်အရည်အသွေး ပြည့်မီသော ကုန်စည်များကိုသာရောင်းချရန်၊ စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင် ၏ တာဝန်များအကြောင်း၊ တားမြစ်ချက်များ အကြောင်းနှင့် ပြစ်မှုပြစ်ဒဏ်များအကြောင်း စသည် တို့ကို အသိပညာပေးဆွေးနွေးခဲ့ပြီး စစ်ဆေးခြင်းများဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

အင်္ဂပူမြို့နယ် ဖြိုးသန်းကျော်ဆန်စက်လုပ်ငန်းသို့ ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြို့ရေးနှင့် SME လုပ်ငန်းများဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းဆွေးနွေးခြင်း

     စားသုံးသူရေးရာဦးစီးဌာန၊ အင်္ဂပူမြို့နယ်တာဝန်ခံသည်(၉.၅.၂၀၂၅)ရက်နေ့ နံနက် (၁၀:၀၀) နာရီအချိန်တွင် အင်္ဂပူမြို့နယ်၊ အမှတ်(၁)ရပ်ကွက်၊ ကန်သာယာလမ်းရှိ ဖြိုးသန်းကျော်ဆန်စက် လုပ်ငန်းရှင် ဦးရှုမောင်နှင့်တွေ့ဆုံ၍ ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြို့ရေးနှင့် SME လုပ်ငန်းများဖွံ့ဖြိုးတိုး တက်စေရေး ဆွေးနွေးခြင်း ဆောင်ရွက်ခဲ့ပါသည်။

     ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် MRF မှ လအလိုက် ထုတ်ပြန် ပေးသော သင့်တင့်မျှတသော ဈေးကွက်ဈေးနှုန်းဖြင့်  ဆန်များဖြန့်ဖြူး ရောင်းချနိုင်ရေးကိုကြော်ငြာ ချက်ပါ ဆန်ဈေးနှုန်းများနှင့်အညီ ရောင်းချရန်နှင့် ဈေးနှုန်းမြှင့်တင်‌ရောင်းချခြင်း၊ အရည်အသွေးမမှန် မကန်ရောင်းချခြင်းများ မပြုလုပ်ရန် ဆွေးနွေးပါသည်။ ထို့အပြင် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ဆန်ဈးကွက်ရှိရာ မြို့နယ်အတွင်း / မြို့နယ်ပြင်ပများသို့ ချိတ်ဆက်တင်ပို့ရောင်းချခြင်း၊ တိုင်းပြင်ပ များသို့ ဆန်များ တင်ပို့ရောင်းချရာတွင် ကုန်တင်လွှာစနစ်ဖြင့် တင်ပို့ရောင်းချခြင်းများအား ပူးပေါင်း ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ သက်ဆိုင်ရာဌာနများ၏ထုတ်ပြန်ထားသော ညွှန်ကြားချက်များ အတိုင်း လိုက်နာဆောင်ရွက်ရန်၊ ဆန်စပါးကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေး ပူးပေါင်းဆောင်ရွက်သွားရန်၊  ကုန်စည် နှင့်စပ်လျဉ်း၍ အာမခံချက်ပေးရာတွင်လည်း စားသုံးသူများ စိတ်ကျေနပ်မှုရှိစေရေးနှင့် သတ်မှတ်အရည်အသွေးပြည့်မီသော ကုန်စည်များကိုသာရောင်းချရန်၊စားသုံးသူကာကွယ်ရေးဥပဒေ ပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များအကြောင်း၊တားမြစ်ချက်များအကြောင်းနှင့် ပြစ်မှုပြစ်ဒဏ်များ အကြောင်း စသည့်တို့ကို အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

ဟင်္သာတမြို့နယ်ဦးစီးမှူးမှ ဟင်္သာတမြို့ပေါ်ရှိ ဆီကြိတ်ခွဲမှုရှိသောဆီစက်များမှ ဆီများအား စားသုံးသူများ အသုံးပြုရန်သင့်/မသင့် ကွင်းဆင်းစစ်ဆေးခြင်း

     စားသုံးသူရေးရာဦးစီးဌာန၊ဟင်္သာတမြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းများသည် ၁၀.၅.၂၀၂၅ ရက်နေ့ နံနက် (၁၁:၀၀)နာရီအချိန်တွင် သက်ဆိုင်ရာအဖွဲ့များနှင့်ပူးပေါင်း၍ ဟင်္သာတမြို့အတွင်းရှိ ဆီကြိတ်ခွဲ ထုတ်လုပ်လျက်ရှိသောဆီစက်များအား ကွင်းဆင်းစစ်ဆေးခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

   ထိုသို့ကွင်းဆင်းခဲ့ရာတွင် မြို့နယ်ဦးစီးမှူး ဦးမိုးကျော်က ဆီစက်ပိုင်ရှင်များနှင့်တွေ့ဆုံ၍ “တစ်နေ့လျှင် ကြိတ်ခွဲထုတ်လုပ်နိုင်သော ဆီတန်ချိန်၊ ကြိတ်ခွဲထုတ်လုပ်သောကုန်ကြမ်းများ ရယူသော နေရာ၊ဒေသများနှင့် နဝလီ ကြိတ်ခွဲခြင်း သို့မဟုတ် မိမိကိုယ်ပိုင်ရောင်းချရန် ကြိတ်ခွဲခြင်း” များကို အသေးစိတ်မေးမြန်းခဲ့ပါသည်။ ဆက်လက်၍ ဆီစက်ပိုင်ရှင်များအား “မိမိတို့ကြိတ်ခွဲထုတ်လုပ်ရောင်းချ သော ဆီများသည် ပြည်သူများစားသုံးရာတွင် ကျန်းမာရေးနှင့်သင့်တင့်ညီညွတ်မျှတအောင် ကြိတ်ခွဲ ထုတ်လုပ်ရန်၊ စားသုံးသူများအသုံးပြုရန်သင့်တော်သောဆီများကိုသာရောင်းချရန်၊ သက်ဆိုင်ရာဌာန ထောက်ခံချက်များပြည့်စုံပါရှိအောင် ဆောင်ရွက်ထားရန်နှင့် သင့်တင့်မျှတသောဈေးနှုန်းဖြင့်သာ ရောင်း ချရန် ဆွေးနွေးပြောကြားခဲ့ပါသည်။

DOCA(ဧရာဝတီ)

လေးမျက်နှာမြို့နယ် လုပ်ငန်းရှင်များအား အသိပညာပေးဟောပြောဆွေးနွေးခြင်း

     စားသုံးသူရေးရာဦးစီးဌာန၊ လေးမျက်နှာမြို့နယ်တာဝန်ခံသည် (၁၀.၅.၂၀၂၅)ရက်နေ့ နံနက် (၁၀:၀၀)အချိန်တွင် မိတ်ဘက်ဌာနဆိုင်ရာများနှင့်ပူးပေါင်း၍ လေးမျက်နှာမြို့နယ်၊ အမှတ်(၅)ရပ်ကွက်ရှိ ရွှေမိုးဆန်ဆိုင်တွင်ဆန်စက်လုပ်ငန်းရှင်များနှင့်တွေ့ဆုံ၍စားသုံးသူကာကွယ်ရေးအသိပညာပေးဆွေးနွေး ခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

     ထိုဆွေးနွေးပွဲတွင် မြို့နယ်တာဝန်ခံ ဦးအောင်သန်းဌေးက ဦးစွာ မိတ်ဆက်စကားပြောကြားခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာန၏ လက်ရှိဆောင်ရွက်နေသောစားသုံးသူကာကွယ်ရေးဆိုင်ရာလုပ်ငန်း တာ ဝန်များအကြောင်း၊ ဈေးကွက်စီးပွားရေးစနစ်တွင် ကုန်စည်၏အရည်အသွေးအပြင် ရောင်းသူဝယ်သူ ယုံကြည်မှု တည်ဆောင်နိုင်ရေးသည် အရေးကြီးကြောင်း၊အရည်အသွေး၊ အရေအတွက်အပြင် ငွေပေး ချေမှု ကတိကဝတ်များမှန်ကန်စေရေးမှာလည်း အရေးကြီးကြောင်း၊ ကုန်စည်အရောင်းအဝယ် ပြုလုပ် ရာတွင် ဖြောင့်မတ်စွာ အရောင်းအဝယ်ပြုလုပ်နိုင်ကြစေရန် ဆွေးနွေးခဲ့ပြီး၊ လုပ်ငန်းရှင်များမှ လည်း သိလိုသည်များ မေးမြန်းကာ  အပြန်အလှန် ဆွေးနွေးခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

ကြံခင်းမြို့မဈေးအတွင်းရှိ စားအုန်းဆီအရောင်းဆိုင်များတွင် သတ်မှတ်ရည်ညွှန်းဈေးဖြင့် ရောင်းချမှု ရှိ/မရှိ အဖွဲ့နှင့်ကွင်းဆင်းစစ်ဆေးခြင်း

     စားသုံးသူရေးရာဦးစီးဌာန၊ ကြံခင်းမြို့နယ်တာဝန်ခံသည်(၁၀.၅.၂၀၂၅)ရက် နေ့ ၊ နံနက် (၁၀:၃၀) နာရီအချိန်တွင် သက်ဆိုင်ရာဌာနဆိုင်ရာများနှင့်ပူးပေါင်း၍ ကြံခင်းမြို့၊ ရွာသစ်ရပ်ကွက်၊ မြို့မဈေး အတွင်းရှိ စားအုန်းဆီလက်လီ/လက္ကားအရောင်းဆိုင်များအား သတ်မှတ်ရည်ညွှန်းဈေးဖြင့် ရောင်းချမှုရှိ / မရှိ ကွင်းဆင်းစစ်ဆေးခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

    ထိုသို့စစ်ဆေးခဲ့ရာတွင် မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်အတွင်းရှိ ဆီထုတ်လက်ကား ကိုယ်စား လှယ်များမှ ခွဲတမ်းရရှိသောဆီများအား လက်လီကုန်စုံဆိုင်များသို့လည်းကောင်း၊ လက်လီကုန်စုံဆိုင် များမှတဆင့် စားသုံးသူများထံသို့ ဖြန့်ဖြူးရောင်းချလျက်ရှိပြီး ၊ ထိုသို့ရောင်းချရာတွင်လည်း  အဆင့် အလိုက် (၂)% အမြတ်ထက်ကျော်လွန်၍ ရောင်းချမှုမရှိကြောင်း၊ ရောင်းချမှုလက်ခံ ဘောက်ချာများ ထားရှိခြင်း၊ သတ်မှတ်ရည်ညွှန်းဈေးဖြင့်သာ ရောင်းချခြင်း၊ အခြားမသမာသော နည်းလမ်းများသုံး၍ ရောင်းချမှု မရှိခြင်းနှင့် ဈေးကစားရန် ရည်ရွယ်ပြီး သိုလှောင်ထားခြင်းများ မရှိကြောင်း စစ်ဆေးတွေ့ ရှိရပြီး၊ စားအုန်းဆီအရောင်းဆိုင်(၅)ဆိုင်အား ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရ ပါသည်။

DOCA(ဧရာဝတီ)

ကြံခင်းမြို့နယ် ဘိလပ်မြေအရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်း

     စားသုံးသူရေးရာဦးစီးဌာန၊ ကြံခင်းမြို့နယ်တာဝန်ခံသည်  ၂၀၂၅ ခုနှစ်၊ မေလ(၁၀) ရက်၊ နံနက် (၀၉:၀၀)နာရီအချိန်တွင် ကြံခင်းမြို့၊ လမ်းမတော်လမ်း၊ ရွာသစ်ရပ်ကွက်နှင့် တလိုင်းစုကျေးရွာရှိ ဘိလပ်မြေအရောင်းဆိုင်သို့ မြေပြင်ကွင်းဆင်းစစ်ဆေးခြင်းကို ဆောင်ရွက်ခဲ့ပါသည်။ 

     ထိုသို့စစ်ဆေးရာတွင် ကြံခင်းမြို့နယ်အတွင်းရှိ ဘိလပ်မြေအရောင်းဆိုင်များသည် စက်ရုံမှ တိုက် ရိုက်ဝယ်ယူ‌ရောင်းချလျက်ရှိပြီး၊ ယခုအခါ  စက်ရုံများမှ စက်ပစ္စည်းများချို့ယွင်းပျက်စီးမှုကြောင့် ဝယ်ယူ ၍မရကြောင်း၊ လက်ကျန်အနည်းငယ်မျှသာ ကျန်ရှိပြီး မြန်အောင်မြို့နယ်မှ  တစ်ဆင့်ဝယ်ယူ၍ ပြန် လည်ရောင်းချလျက်ရှိကြောင်း၊အချို့သောဆိုင်များတွင်  ဘိလပ်မြေပစ္စည်းများပြတ်လပ်လျက်ရှိကြောင်း တွေ့ရှိရသည်ဟု သိရှိရပါသည်။

DOCA(ဧရာဝတီ)

ကြံခင်းမြို့နယ် ဘိလပ်မြေအရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်း

     စားသုံးသူရေးရာဦးစီးဌာန၊ ကြံခင်းမြို့နယ်တာဝန်ခံသည်  ၂၀၂၅ ခုနှစ်၊ မေလ(၁၀) ရက်၊ နံနက် (၀၉:၀၀)နာရီအချိန်တွင် ကြံခင်းမြို့၊ လမ်းမတော်လမ်း၊ ရွာသစ်ရပ်ကွက်နှင့် တလိုင်းစုကျေးရွာရှိ ဘိလပ်မြေအရောင်းဆိုင်သို့ မြေပြင်ကွင်းဆင်းစစ်ဆေးခြင်းကို ဆောင်ရွက်ခဲ့ပါသည်။ 

     ထိုသို့စစ်ဆေးရာတွင် ကြံခင်းမြို့နယ်အတွင်းရှိ ဘိလပ်မြေအရောင်းဆိုင်များသည် စက်ရုံမှ တိုက် ရိုက်ဝယ်ယူ‌ရောင်းချလျက်ရှိပြီး၊ ယခုအခါ  စက်ရုံများမှ စက်ပစ္စည်းများချို့ယွင်းပျက်စီးမှုကြောင့် ဝယ်ယူ ၍မရကြောင်း၊ လက်ကျန်အနည်းငယ်မျှသာ ကျန်ရှိပြီး မြန်အောင်မြို့နယ်မှ  တစ်ဆင့်ဝယ်ယူ၍ ပြန် လည်ရောင်းချလျက်ရှိကြောင်း၊အချို့သောဆိုင်များတွင်  ဘိလပ်မြေပစ္စည်းများပြတ်လပ်လျက်ရှိကြောင်း တွေ့ရှိရသည်ဟု သိရှိရပါသည်။

DOCA(ဧရာဝတီ)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ