သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

မြိတ်မြို့၊ တက္ကသိုလ်ရပ်ရှိ မုန့်အမျိုးမျိုးတို့တွင် ကုန်အညွှန်းအမှတ်အသားဖော်ပြပါရှိစေရေး ကွင်းဆင်းစစ်ဆေး

၂၀၂၅ခုနှစ်၊ ဧပြီလ(၄)ရက်နေ့၊ နံနက်(၁၀း၀၀)နာရီအချိန်တွင် မြိတ်ခရိုင်စားသုံးသူရေးရာဦးစီး ဌာနသည် မြိတ်မြို့၊ တက္ကသိုလ်ရပ်၊ ငွေလမင်း ကုန်မျိုးစုံအရောင်းဆိုင်သို့သွားရောက်၍ ဘေး အန္တရာယ်ကင်းရှင်းစေရေးနှင့် မုန့်အမျိုးမျိုးတို့တွင် ကုန်အညွှန်းအမှတ်အသားဖော်ပြပါရှိစေရေး အတွက် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရှိရပါသည်။

ကွင်းဆင်းစစ်ဆေးရာတွင် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသား ဖော်ပြပါရှိစေရေးနှင့် စီးပွားရေးလုပ်ငန်းရှင်များလိုက်နာဆောင်ရွက်သင့်သည့် အချက်များရှင်လင်းပြောကြားခြင်းနှင့် လက် ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ပြီး ဘေးအန္တရာယ်ကင်းရှင်းစေရေး ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သတင်း ရရှိခဲ့ပါသည်။

DOCA(တနင်္သာရီ)

 

အိမ်ဆောက်ပစ္စည်းဈေးနှုန်းနှင့် လက်ကျန်အခြေအနေများစစ်ဆေး

   စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးအနေဖြင့် ဌာန၏လုပ်ငန်းတာဝန်များအပြင် လိုအပ်ပါက သက်ဆိုင်ရာမိတ်ဘက်ဌာနများနှင့် ပူးပေါင်း၍ စစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိပါသည်။ (၁၁.၅.၂၀၂၅)ရက်နေ့၊ နံနက်(၀၉:၀၀)နာရီအချိန်တွင် ရွှေဘိုခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူးနှင့် ရွှေဘိုမြို့နယ်တာဝန်ခံတို့သည် အထူးစုံစမ်း စစ်ဆေးရေးဦးစီးဌာနနှင့်ပူးပေါင်း၍ ရွှေဘိုမြို့ပေါ်ရှိ ငွေကြယ်နှင့် ရွှေနဒီအိမ်ဆောက်ပစ္စည်းအရောင်းဆိုင် များအား စစ်ဆေးခဲ့ကြပြီး  အိမ်ဆောက်ပစ္စည်းများဝယ်လိုအားမြင့်တက်နေချိန်တွင်  ဈေးကွက်အတွင်း၌ ဈေးနှုန်းကြီးမြင့်မှုမရှိစေရေး၊ အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်များအနေဖြင့် ကုန်ပစ္စည်းများ ဖြန့်ဖြူးရောင်းချရာတွင် ပြည်သူများ၏ လိုအပ်ချက်များဖြည့်ဆည်းပေးနိုင်ရေးအတွက် အကျိုးအမြတ်ရရှိရေးထက် ဈေးနှုန်းတည်ငြိမ်ရေးကို အလေးထားဆောင်ရွက်ရန်၊ ကုန်ပစ္စည်းလက်ကျန်များရှိပါက ရောင်းချကြရန် ဆွေးနွေးခဲ့ကြပြီး  ကုန်ပစ္စည်းပြတ်လတ်မှုရှိ၊ မရှိနှင့်ဈေးနှုန်းအခြေအနေများ စစ်ဆေးခဲ့ကြကြောင်းသတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

တနင်္သာရီတိုင်းဒေသကြီး ဓါတ်သတ္တု(ရွှေ)ရောင်းဝယ် ခြင်းဝန်ဆောင်မှုလုပ်ငန်းကနဦး စိစစ်ရေးအဖွဲ့ ၏(၆/၂၀၂၅)လုပ်ငန်း ညှိနှိုင်းအစည်းအဝေးသို့ တိုင်းဒေသကြီးဦးစီးမှူးရုံးမှတက်ရောက်

              ၂၀၂၅  ခုနှစ်၊  ဧပြီ  လ၊ ၁၀ ရက်နေ့တွင် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ သယံဇာတ ရေးရာဝန်ကြီးရုံးခန်း၌ ကျင်းပပြုလုပ်သော တနင်္သာရီတိုင်းဒေသကြီး ဓါတ်သတ္တု(ရွှေ)ရောင်းဝယ်ခြင်း ဝန်ဆောင်မှုလုပ်ငန်း ကနဦးစိစစ်ရေးအဖွဲ့၏ (၆/၂၀၂၅) လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တိုင်းဒေသ ကြီးဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဒေါ်အေးအေးလွင်က တက်ရောက်ခဲ့ပါသည်။

              အစည်းအဝေးတွင် ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့သယံဇာတရေးရာဝန်ကြီးမှ အဖွင့်အမှာ စကားပြောကြားကာ အတွင်းရေးမှူး၊ တိုင်းဒေသကြီးသတ္တုတွင်းဦးစီးဌာနညွှန်ကြားရေး မှူးမှ လိုင်စင်လျှောက်ထားမှုအခြေအနေများနှင့် ကွင်းဆင်းစစ်ဆေးမှုများအား ရှင်းလင်းဆွေးနွေး တင်ပြခဲ့ရာ တက်ရောက်လာသောအဖွဲ့ဝင်များမှ အသီးသီးဆွေးနွေးတင်ပြခဲ့ကြပြီး ဥက္ကဋ္ဌမှ နိဂုံးချုပ် အမှာစကားပြောကြားကာ အစည်းအ‌ဝေးအား နေ့လယ်(၁၄း၀၀)နာရီတွင် ပြီးမြောက်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(တနင်္သာရီ)

ကြံခင်းမြို့နယ်ရှိ ဆီစက်များအား ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေးဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

     စားသုံးသူရေးရာဦးစီးဌာန၊ကြံခင်းမြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းများသည် ၉.၅.၂၀၂၅ ရက်နေ့ နံနက် (၁၀:၃၀)နာရီအချိန်တွင် သက်ဆိုင်ရာအဖွဲ့များနှင့်ပူးပေါင်း၍ ကြံခင်းမြို့၊ သိပ္ပံလမ်း၊ ရွာသစ် ရပ်ကွက်ရှိ “စိန်”ဆီစက်နှင့် မင်းရဲကျော်စွာလမ်း၊ မင်းသီရိ(၁)ရပ်ကွက်ရှိ “မြန်မာ့စွမ်းအား” ဆီစက်သို့  ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

   ထိုသို့စစ်ဆေးခဲ့ရာတွင် ပူးပေါင်းအဖွဲ့သည် ပြည်သူများစားသုံးရန် ကြိတ်ခွဲထုတ်လုပ်လျက်ရှိ သောဆီများတွင် ဘေးအန္တရာယ်ကင်းရှင်းမှုရှိ/မရှိ၊ စားသုံးရန် သို့မဟုတ် အသုံးပြုရန် သင့်/မသင့် စစ်ဆေးခဲ့ပြီး၊ သက်ဆိုင်ရာဌာန၏ထောက်ခံချက်များရှိပြီး စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာနက ထုတ်ပြန်ထားသည့် ညွှန်ကြားချက်အမှတ်(၁/၂၀၂၁)နှင့်အညီ လိုက်နာဆောင်ရွက်မှုရှိကြောင်း တွေ့ရှိရပါသည်။ဆက်လက်၍ စားသုံးသူရေးရာဦးစီးဌာန၊ ကြံခင်းမြို့နယ်တာဝန်ခံ ဦးကျော်နိုင်ဝင်းက ဆီစက်ပိုင်ရှင်များနှင့်တွေ့ဆုံ၍ “တစ်နေ့လျှင် ကြိတ်ခွဲထုတ်လုပ်နိုင်သော ဆီတန်ချိန်၊ကြိတ်ခွဲ ထုတ်လုပ် သောကုန်ကြမ်းများ ရယူသော နေရာ၊ဒေသများနှင့် နဝလီ ကြိတ်ခွဲခြင်း သို့မဟုတ် မိမိကိုယ်ပိုင် ရောင်းချရန် ကြိတ်ခွဲခြင်း” များကို ဆွေးနွေးခဲ့ပြီး လုပ်ငန်းရှင်များအနေဖြင့် ပြည်သူများစားသုံးရာတွင် ကျန်းမာရေးနှင့်သင့်တင့်ညီညွတ်မျှတအောင် ကြိတ်ခွဲထုတ်လုပ်ရန်၊စားသုံးသူများအသုံးပြုရန် သင့်တော် သောဆီများကိုသာရောင်းချရန်နှင့် သင့်တင့်မျှတသောဈေးနှုန်းဖြင့်သာ ရောင်းချနိုင်ရေးရှင်းလင်းပြော ကြားကာ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(ဧရာဝတီ)

ဆန်လက်လီလက်ကားအရောင်းဆိုင်များသို့ကွင်းဆင်းခြင်း

              စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူကာကွယ်ရေးလုပ်ငန်းများအပြင် ပြည်တွင်းကုန်သွယ်မှုလုပ်ငန်းများကိုလည်း ဆောင်ရွက်လျက်ရှိရာ ပြည်တွင်းဆန်ဈေးနှုန်းများ တည်ငြိမ်စေရေးအတွက်  မြန်မာနိုင်ငံဆန်စပါး အသင်းချုပ်နှင့်ပူးပေါင်း၍ ပြည်တွင်း၌ဆန်စပါးဖူလုံရေး၊ ပြည်ပသို့စနစ်တကျတင်ပို့ရောင်းချနိုင်ရေး၊ ဆန်စပါးဈေးကွက်နှင့် ဈေးနှုန်းတည်ငြိမ်မှန်ကန်စေရေး၊ သမားရိုးကျရောင်းဝယ်ခြင်းမဟုတ်သော ဈေးကစားလိုသည့် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်း၊ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းများ မဖြစ်စေရေးတို့အတွက်  သင့်တင့်မျှတသော ဆန်ဈေးကွက်ဈေးနှုန်းများ ထုတ်ပြန်၍ ဆောင်ရွက် လျှက်ရှိသည်။

            သို့ဖြစ်ပါ၍ စားသုံးသူရေးရာဦးစီးဌာန၊ မြင်းခြံခရိုင်ရုံးမှဝန်ထမ်းများသည် မြင်းခြံမြို့ စည်ပင်သာယာဈေးအတွင်းရှိ ဆန်လက်လီလက်ကားအရောင်းဆိုင်များသို့ (၈-၄-၂၀၂၅) ရက်၊ နေ့လည် (၁၄:၀၀)နာရီအချိန်တွင် ဆန်ဈေးနှုန်းများကြီးမြှင့်မှုမရှိစေရေးအတွက် ကွင်းဆင်းဆောင် ရွက်ခဲ့သည်။ ဆန်အရောင်းဆိုင်များတွင် ရောင်းချနေသော ဆန်ဈေးနှုန်းများမှာ (၂၄)ပြီတစ်အိတ် လျှင် ရွှေဘိုပေါ်ဆန်းအသစ် (၁၃၅၀၀၀)ကျပ်၊ အဟောင်း(၁၄၅၀၀၀)ကျပ်၊ ဧရာပေါ်ဆန်း(၁၂၀၀၀၀) ကျပ်၊ ဧရာမင်း(၁၃၃၀၀၀)ကျပ်၊ မဂျမ်းတော(၁၃၅၀၀၀)၊ ဖန်သီး (၉၅၀၀၀)ကျပ်၊ မနောသုခ(၉၂၀၀၀) ကျပ်၊ ရက်(၉၀)ဆန် (၉၀၀၀၀)ကျပ်နှင့် သုခဆန်(၈၅၀၀၀) ကျပ်များဖြင့်သင့်တင့်မျှတသော နှုန်းထား များဖြင့်ရောင်းချနေကြောင်း စစ်ဆေးတွေ့ရှိရပါသည်။ဈေးကွက်ဝင်ရောက်မှုအနေဖြင့် ရွှေဘိုမြို့၊ ပုသိမ်၊ မြောင်းမြမြို့နှင့် ပခုက္ကူမြို့နယ်ကုန်းဇောင်းရွာတို့မှ ဝင်ရောက်၍ဒေသတွင်း ဖြန့်ဖြူး ရောင်းချကြောင်း၊ဆန်ဆိုင်ရောင်းပိုင်ရှင်များမှ စားသုံးသူပြည်သူများသို့ သင့်တင့်မျှတသော နှုန်းထားများ အတိုင်းဆက်လက်ရောင်းချစေရေး၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ရောင်း ချခြင်း များမပြုလုပ်ရန်၊ ဆန်လက်လီလက်ကားအရောင်းဆိုင်များသို့ လစဉ်သတ်မှတ်ထုတ်ပြန်ထား သည့် သင့်တင့်မျှတသောဈေးနှုန်းဈေးကွက် (ReasonabIe Market Price) များအတိုင်းရောင်းချ စေရန် ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

DOCA(မန္တလေး)

သောက်ရေသန့်လုပ်ငန်းရှင်အား တွေ့ဆုံဆွေးနွေး

    စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံး အနေဖြင့် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲမျာအပြင်၊  စီးပွားရေးလုပ်ငန်းရှင်များအား တွေ့ဆုံပြီး ဌာနမှထုတ်ပြန်ထားသည့် ဥပဒေ၊ အမိန့်နှင့်ညွှန်ကြားချက်များအား ရှင်းလင်းဆွေးနွေးခြင်း များကို ဆောင်ရွက်လျက်ရှိရာ (၁၂.၅.၂၀၂၅)ရက်နေ့၊ နံနက်(၁၁:၀၀)နာရီအချိန်တွင် ရွှေဘိုခရိုင် စားသုံးသူ ရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူးသည် ရွှေဘိုခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊  ရွှေဘိုမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌတို့နှင့်ပူးပေါင်း၍  ရွှေဘိုမြို့၊ အမှတ်(၁၀)ရပ်ကွက်ရှိ စက်မှုဇုန်ရှိ Golden Feature သောက်ရေသန့်လုပ်ငန်းရှင်အား တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

   ထိုသို့တွေ့ဆုံရာတွင် ခရိုင်ဦးစီးမှူးက စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းအကြောင်းများ၊ ကုန်အညွှန်း အမှတ်အသားဖော်ပြခြင်း နှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက် အမှတ်(၂/၂၀၁၉)ပါ        အကြောင်းများ၊  သောက်ရေသန့်အမျိုးမျိုးတွင် ကုန်စည်၏အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့် အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်းတို့ကို မြန်မာဘာသာဖြင့်ဖြစ်စေ၊  မြန်မာဘာသာနှင့် အခြားဘာသာတစ်ခုသို့မဟုတ် တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေ ဖော်ပြရမည်ဖြစ်ကြောင်း၊ စားသုံးသူများ သာမက စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ဌာနမှဆောင်ရွက်နေသော လုပ်ငန်းများကို သိရှိလိုပါက ရုံးဖွင့်ရက်ရုံးချိန်အတွင်း Consumer Call Center No 1535သို့ ဆက်သွယ်မေးမြန်းနိုင်သည့် အကြောင်းများကို ဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

စတားကိတ်မုန့်၊ပေါင်မုန်လုပ်ငန်းသို့ကွင်းဆောင်ရွက်ခြင်း

             မြင်းခြံခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးဆောင်မှုဖြင့် စစ်ဆေးရေးအရာရှိ များသည် ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရန်နှင့် ဈေးကွက်စောင့်ကြည့် စစ်ဆေးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက်(၉-၄-၂၀၂၅) ရက်နေ့နံနက် (၀၉:၃၀) အချိန်တွင်ကိတ်မုန့်၊ ပေါင်မုန့်လုပ် ငန်းများသို့ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

            ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် အမှတ်(၁၀)ရပ်ကွက်ရှိ စတားကိတ်မုန့် ပေါင်မုန့်လုပ် ငန်းပိုင်ရှင်နှင့်တွေ့ဆုံပြီး  မုန့်ထုတ်လုပ်မှုအခြေအနေများ၊ စားသုံးဆီသုံးစွဲမှု အခြေအနေများနှင့် ဈေးကွက် တင်ပို့မှုများအခြေအနေများ တွေ့ဆုံမေးမြန်းရာတွင် နေ့စဉ်မုန့်လုပ်ငန်း၌အသုံးပြုရာတွင် ကုန်ကြမ်းအဖြစ် ဂျုံတစ်အိတ်လျှင်ပိဿာအချိန်(၃၀)ပါ  နှစ်အိတ်အသုံးရပြုထုတ်လုပ်ရကြောင်း၊ ကြက်ဥအလုံး(၄၅၀)၊ သကြားအချိန်(၂၀)ပိဿာ၊ ထောပတ်(3kg)၊ နို့စိမ်းဗူး(၂၀)နှင့် စားသုံးဆီပိဿာ (၂၀)အပါအဝင်စသည့်တို့ အသုံးပြုရကြောင်း၊ ထုတ်လုပ်မှုအနေဖြင့် မုန့်အမျိုးအစား ပေါင်း(၂၀)မျိုးထုတ်လုပ်ကြောင်း၊ ဈေးကွက်အားဖြင့် ဒေသတွင်းဖြန့်ဖြူးရောင်းချပြီး၊ ပခုက္ကူမြို့၊ ရေစကြိုမြို့နှင့် ကျောက်ပန်းတောင်းမြို့များသို့ လည်းတင်ပို့ရကြောင်း သိရှိရသည်။ လုပ်ငန်းရှင်အား ဈေးကွက်သို့ရောင်းချရာတွင် ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရန်နှင့် စားသုံးသူ ကာကွယ်ရေး ဥပဒေအခန်း(၁၈)၊ ပုဒ်မ(၄၁)တွင်ပါဝင်သော ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာဖော်ပြရန်နှင့် စီးပွားရေးလုပ်ငန်းရှင်များလိုက်နာရန်တာဝန်များကို ဆွေးနွေးပြောကြားပြီး ကွင်းဆင်းစစ်ဆေး ဆောင်ရွက်မှုများပြုလုပ်ခဲ့သည်။

DOCA(မန္တလေး)

မြင်းခြံမြို့ရှိ ပဲကြော်လုပ်ငန်းအားဈေးကွက်စောင့်ကြည့်စစ်ဆေး

           စားသုံးသူရေးရာဦးစီးဌာန၊  မြင်းခြံခရိုင်ဦးစီးမှူးရုံးအနေဖြင့် မြင်းခြံမြို့ရှိ MSME လုပ်ငန်းများ ဖွံ့ဖြို့တိုးတက်ရေး၊ ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေးနှင့် ဥပဒေများနှင့်အညီထုတ်လုပ်နိုင်စေ ရေးအတွက်  ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်ရှိရာ (၈.၄. ၂၀၂၅) ရက်နေ့၊ နံနက်(၀၉:၀၀) နာရီအချိန်တွင် ခရိုင်ဦးစီးမှူး ဦးသန်းစိုးနှင့် ဝန်ထမ်းများသည် မြင်းခြံမြို့၊ စက်မှုဇုန်ရှိ ဇဋိလအမှတ်တံဆိပ် ပဲကြော်လုပ်ငန်းခွင်သို့ကွင်းဆင်းခြင်း လုပ်ငန်းဆောင် ရွက်ခဲ့ကြောင်း သိရသည်။

          ဇဋိလအမှတ်တံဆိပ်လုပ်ငန်းသည် နေ့စဉ်ကုန်ကြမ်း(ကုလားပဲ)အချိန်(၅)တင်း အသုံးပြုရ ကြောင်း၊  ကုန်ကြမ်းအချိန်(၁)တင်းလျှင် ဆီအချိန်(၃) ပိဿာကုန်ပါကြောင်း၊ ကုလားပဲကို အခြမ်း ကြော် နှင့် အလုံးကြော်ဟူ၍ နှစ်မျိုးကြော်ပါကြောင်း၊ ကုန်ချော(ကုလားပဲကြော်)များကို ရန်ကုန်မြို့ ပဒေသာနှင့် ဘုရင့်နောင်သို့သာ အချိန်(၃၀)ပိဿာ အိတ်ကြီးကိုသာ ဖြန့်ဖြူးပါကြောင်း ဒေသတွင်း ရောင်းချမှုမရှိပါကြောင်းသိရသည်။ ခရိုင်ဦးစီးမှူးမှMSME လုပ်ငန်းများဖွံဖြိုးတိုးတက်ရေးကို အားပေး ဆောင်ရွက်လျက်ရှိပါကြောင်း၊ လုပ်ငန်းသုံးစားအုန်းဆီများကိုလည်း လုပ်ငန်းခွင်များတွင် မှန်ကန်စွာ သုံးစွဲရမည်ဖြစ်ပါကြောင်း၊ လုပ်ငန်းရှင်များအနေဖြင့် ကုန်ကြမ်းပစ္စည်းများသည် အရည်အသွေး ကောင်းမွန်မှုရှိရန်၊ မိမိတို့ထုတ်လုပ်သောကုန်ပစ္စည်းများကို သန့်ရှင်းသပ်ရပ်စွာ ဖြင့်ထုတ်လုပ်၍ ကျန်းမာရေးနှင့်ညီညွတ်ရန် အထူးအလေးထားလုပ်ဆောင်ရမည်ဖြစ်ပါကြောင်း၊ ကုန်စည်နှင့် သက်ဆိုင်သည့် ထည့်သွင်းဖော်ပြရမည့် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာပါ ရှိရမည်ဖြစ်ပါကြောင်း၊ စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းစွာ စားသုံးနိုင်စေရေးနှင့် သက်ဆိုင် ရာဌာနများ၏ ပြဌာန်းချက်များကိုလည်း လိုက်နာဆောင်ရွက်ရန်လိုအပ်ပါကြောင်း အသိပညာပေး၍ ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

DOCA(မန္တလေး)

အင်္ဂပူမြို့နယ်အတွင်းရှိ မြို့နယ်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းနှင့် တွေ့ဆုံဆွေးနွေးမှု

     စားသုံးသူရေးရာဦးစီးဌာန ၊ အင်္ဂပူမြို့နယ်တာဝန်ခံသည် (၉-၅-၂၀၂၅ )ရက်နေ့ ၊ နံနက် (၁၀:၃၀)မိနစ်တွင် တာကြီးတန်းလမ်း အမှတ်(၂)ရပ်ကွက်၊ မဲဇလီကုန်းမြို့နယ်ရှိ မြို့နယ်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း ဥက္ကဌ ဦးအောင်မျိုးမင်းနှင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

   တွေ့ဆုံဆွေးနွေးချက်များအရ အသင်းအနေဖြင့်ကုမ္ပဏီ(၂)ခုမှရရှိသော ဆီခွဲတမ်းများအား ဒေသကြီး (၅)ခုရှိ ဆီရောင်းကိုယ်စားလှယ်များသို့ ခွဲဝေဖြန့်ဖြူးခြင်း၊တစ်ပါတ်အတွင်းထုတ်ပြန်သော သတ်မှတ်ရည်ညွှန်း ဈေးများဖြင့် ရောင်းချနိုင်ရေး၊ မသမာမှုမရှိစေရေးအတွက် သက်ဆိုင်ရာအဖွဲ့အစည်းများဖြင့် ပူးပေါင်း စိစစ် ကြပ်မတ်ဆောင်ရွက်ခြင်းများ လုပ်ဆောင်လျက်ရှိကြောင်း၊ မြို့နယ်အတွင်း၊ မြို့နယ်ပြင်ပများတွင် ပရဟိတ လုပ်ငန်းများအား အသင်းအနေဖြင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ရပ်ကွက်/ကျေးရွာအုပ်စုရှိ အိမ်ထောင်စုများအား ဆီစာအုပ်ဖြင့် ရောင်းချရာတွင် ရရှိသည့်ခွဲတမ်းများမှာ နည်းပါးမှုရှိသဖြင့် သက်ဆိုင်ရာ ဌာနများမှ ခွဲတမ်းတို့မြှင့်ပေးပါရန် အကြံပြုဆွေးနွေးခဲ့ပါသည်။

DOCA(ဧရာဝတီ)

ဟင်္သာတမြို့နယ်အတွင်းရှိ စားအုန်းဆီအရောင်းဆိုင်များအားအဖွဲ့ဖြင့်ကွင်းဆင်းစစ်ဆေးခြင်း

      စားသုံးသူရေးရာဦးစီးဌာန၊ ဟင်္သာတမြို့နယ်တာဝန်ခံသည် (၉.၅.၂၀၂၅)ရက်နေ့ ၊ နံနက် (၉:၀၀)အချိန်တွင် သက်ဆိုင်ရာဌာနဆိုင်ရာများနှင့်ပူးပေါင်း၍ ဟင်္သာတမြို့နယ် မြို့ပေါ်ရပ်ကွက်နှင့် ပဒေသာဈေးအတွင်းရှိ   ကုန်စုံဆိုင်များ၊  စားအုန်းဆီ လက်လီ၊ လက္ကားအရောင်းဆိုင်များအား ဈေးနှုန်း မြှင့်တင်ရောင်းချမှု ရှိ/မရှိ ရှောင်တခင်ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

      ထိုသို့ကွင်းဆင်းစစ်ဆေးခဲ့ရာ ပူးပေါင်းအဖွဲ့သည် ဟင်္သာတခရိုင် ဆီထုတ်လက်ကား ကိုယ်စား လှယ်များမှ တစ်ဆင့် ခွဲတမ်းရရှိသော ဆီများအား လက်လီကုန်စုံဆိုင်များသို့လည်းကောင်း၊ လက်လီ ကုန်စုံဆိုင်များ မှတဆင့် စားသုံးသူများထံသို့ ဖြန့်ဖြူးရောင်းချလျက်ရှိပြီး ၊ ထိုသို့ရောင်းချ  ရာတွင်လည်း စားအုန်းဆီ သတ်မှတ်ရည်ညွှန်းဈေးအပေါ်တွင် အဆင့်အလိုက်(၂)% အမြတ်ထက် ကျော်လွန်၍ ရောင်းချမှုမရှိကြောင်း၊ ရောင်းချမှုလက်ခံ ဘောက်ချာများထားရှိခြင်း၊ သတ်မှတ်ရည်ညွှန်းဈေးဖြင့် သာ ရောင်းချခြင်း၊ အခြားမသမာသော နည်းလမ်းများသုံး၍ ရောင်းချမှုမရှိခြင်းနှင့် ဈေးကစားရန် ရည်ရွယ် ပြီး သိုလှောင်ထားခြင်းများမရှိကြောင်း သိရှိရပြီး စားအုန်းဆီအရောင်းဆိုင် (၇)ဆိုင်အား ရှောင်တခင် ကွင်းဆင်းစစ်ဆေးခြင်းများဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(ဧရာဝတီ)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ