သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

Thursday Talk ကျင်းပပြုလုပ်ခြင်း

     ပြည်ထောင်စုနယ်မြေ၊ စားသုံးသူရေးရာဦးစီးဌာန၊ နေပြည်တော်ဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် (၁၄.၈.၂၀၂၅)ရက်နေ့၊ နေ့လယ်(၁၄:၀၀)နာရီအချိန်၌ ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေး အထောက်အကူပြု Thursday talk အခမ်းအနားကို  ကျင်းပခဲ့ရာ အရာထမ်း၊ အမှုထမ်း စုစုပေါင်း( ၁၈)ဦး တက်ရောက်ခဲ့ကြောင်း သိရှိခဲ့ရပါသည်။

     သတင်းအချက်အလက်နည်းပညာနှင့်အရည်အသွေးစီမံခန့်ခွဲရေးဌာနခွဲမှ ဦးတင်စိုးနိုင်(ဦးစီးမှူး)က (၂၈.၇.၂၀၂၅)ရက်နေ့မှ(၁.၈.၂၀၂၅)ရက်နေ့ထိ စားသုံးသူရေးရာဦးစီးဌာန၊ ရုံးအမှတ်(၅၂)၌ ကျင်းပပြုလုပ်ခဲ့သည့် (၁/၂၀၂၅)စစ်ဆေးရေးအရာရှိများ လုပ်ငန်းကျွမ်းကျင်မှုဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲမှ ဆွေးနွေးပြောကြားခဲ့သော အကြောင်းအရာများကို ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့၍ တက်ရောက်လာသူများမှ သိရှိလိုသည်များကိုမေးမြန်းကာ ပြန်လည်ဖြေကြားပေးခဲ့ပြီး အခမ်းအနားအောင်မြင်စွာ ပြီးမြောက်ခဲ့ကြောင်း သတင်းရရှိခဲ့ပါသည်။

DOCA(ပြည်ထောင်စုနယ်မြေ)         

 

ကျောင်းမုန့်ဈေးတန်းများ သွားရောက်စစ်ဆေးခြင်း

       ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဦးစီးမှူးရုံးမှ ဦးမြင့်နိုင်(ဦးစီးအရာရှိ)ဦးဆောင်၍ ဝန်ထမ်း(၂)ဦး၊ ကျောင်းကျန်းမာရေးအဖွဲ့တို့ပူးပေါင်း၍ (၇.၈.၂၀၂၅)ရက်နေ့ ၊နံနက်(၁၀:၀၀)နာရီ အချိန်တွင် ပုဗ္ဗသီရိမြို့နယ်၊ ကျည်တောင်ကန်ကျေးရွာ၊ အခြေခံပညာအထက်ကျောင်းတွင်လည်းကောင်း၊ (၈.၈.၂၀၂၅)ရက်နေ့၊ နေ့လယ်(၁၃:၀၀)နာရီအချိန်တွင် ပုဗ္ဗသီရိမြို့နယ်၊ ရတနာဒီပရပ်ကွက်၊ အခြေခံပညာအလယ်တန်းကျောင်းတို့ရှိ ကျောင်းမုန့်ဈေးတန်းများသို့ သွားရောက်စစ်ဆေးခဲ့ရာ ကျောင်းမုန့်ဈေးတန်းရောင်းချသူများအား ကုန်ညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ပြည့်စုံ မှန်ကန်စွာဖော်ပြထားရှိသောကုန်စည်များ ရောင်းချမှုရှိ/ မရှိ စစ်ဆေးခဲ့ကြပြီး စတင်ထုတ်လုပ်သည့် ရက်စွဲ၊ သက်တမ်းကုန်ဆုံးသည့်ရက်စွဲမပါသောမုန့်များ ရောင်းချခြင်းမပြုရန်၊ အစားအသောက်များကို သန့်ရှင်းသပ်ရပ်စွာရောင်းရန်နှင့် စားသုံးသူကာကွယ်ရေးဥပဒေအခန်း(၁၈)ပါ ကုန်ညွှန်းအမှတ်အသား နှင့်စပ်လျဉ်း၍ ကုန်ညွှန်းအမှတ်အသားပြည့်စုံစွာပါရှိသော ကုန်စည်များကိုသာ ရောင်းချမှုပြုရန် စသည့် အကြောင်းအရာများကို ရှင်းလင်းမှာကြား၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရှိ ရပါသည်။

DOCA(ပြည်ထောင်စုနယ်မြေ)         

ဈေးကွက်စောင့်ကြည့်စစ်ဆေးမှု ဆောင်ရွက်ခြင်း

     (၁၂-၈-၂၀၂၅) ရက်နေ့၊ နံနက်(၁၀: ၀၀)နာရီအချိန်၌ စားသုံးသူရေးရာဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဦးစီးမှူးရုံးမှ ဦးနေဝေယံဦး(လက်ထောက်ညွှန်ကြားရေးမှူး)ဦးဆောင်၍ ဝန်ထမ်း(၄)ဦး၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနနှင့် စည်ပင်(ဈေးများဌာန) ၊ ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်း၍  ဇမ္ဗူသီရိမြို့နယ်၊ သပြေကုန်းဈေးအတွင်းရှိ  ဆေးဆိုင်ကြီးများနှင့် ကုန်မျိုးစုံအရောင်းဆိုင်များသို့သွားရောက်ပြီး မြန်မာဘာသာဖြင့်ဖော်ပြခြင်းဆိုင်ရာ ညွှန်ကြားချက်(၂/၂၀၁၉)ပါ မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ် အသားပြည့်စုံမှန်ကန်စွာ ဖော်ပြထားသောကုန်စည်များ ရောင်းချခြင်းရှိ/ မရှိအား စစ်ဆေးခဲ့ပြီး ကုန် အညွှန်းအမှတ်အသား ပြည့်စုံမှန်ကန်မှုမရှိသည့် ကုန်ပစ္စည်းများ၊ တရားမဝင်ကုန်ပစ္စည်းများ ရောင်းချ ခြင်းမပြုရန် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပြည်ထောင်စုနယ်မြေ)

မြောင်းမြခရိုင်၊ ဝါးခယ်မမြို့ကုန်ဈေးနှုန်းတည်ငြိမ်ရေးရှိစေရန် သက်သာသောဈေးနှုန်းများဖြင့် ပြည်သူများအား         စားသောက်  ကုန်ပစ္စည်းများရောင်းချပေးခြင်း

        ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ် တာဝန်ခံ ဦးအောင်မိုးနှင့် ဝန်ထမ်းများသည်(၁၂.၈.၂၀၂၅)ရက်နေ့၊ နံနက်(၇;၃၀)အချိန်တွင် မြို့နယ်ကုန်ဈေးနှုန်း တည်ငြိမ်ကျဆင်းရေး ကော်မတီဥက္ကဌနှင့်အဖွဲ့ဝင်များ၏ ဦးဆောင်ကြီးကြပ်မှုဖြင့် မြို့နယ်ဆန်စက်လုပ်ငန်းရှင်များ အသင်းရုံးရှေ့တွင် ဆန်၊ စားအုန်းဆီ၊ ကြက်ဥ တို့ကိုသက်သာသောဈေးနှုန်းများဖြင့် ပြည်သူများအား ရောင်းချပေးခဲ့ပါသည်။

      ထိုသို့ရောင်းချပေးရာတွင် စားသုံးသူပြည်သူများအား ကြက်ဥတစ်လုံး (၃၅၀)၊  ဆန်တစ်ပြည်(၂၀၀၀)၊ စားအုန်းဆီ ၁ပိဿာ(၇၀၀၀) အစရှိသည့်သက်သာသော ဈေးနှုန်းများဖြင့် စားသုံးသူ ပြည်သူ များအား မည်သူမဆိုလွတ်လပ်စွာဝယ် ယူနိုင်ရန် ရောင်းချပေးခဲ့ကြောင်း သိရှိရပါသည်

  ( DOCA ဧရာဝတီ)

မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်ကုန်ဈေးနှုန်းတည်ငြိမ်ရေးရှိစေရန် သက်သာသောဈေးနှုန်းများဖြင့် ပြည်သူများအား   စားသောက်ကုန်ပစ္စည်းများရောင်းချပေးခြင်း

  ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင် အိမ်မဲမြို့နယ်တာဝန်ခံဒေါ်ဇင်မာသန်းနှင့်      ဝန်ထမ်းများသည်(၁၂.၈.၂၀၂၅)ရက်နေ့၊ နံနက်(၈;၀၀)အချိန်တွင် မြို့နယ်ကုန်ဈေးနှုန်း တည်ငြိမ်ကျဆင်းရေး ကော်မတီဥက္ကဌနှင့်အဖွဲ့ဝင်များ၏ ဦးဆောင်ကြီးကြပ်မှုဖြင့် သာသနာဗိမာန်ကျောင်းရှေ့တွင် ဆန်၊ စားအုန်းဆီ၊ ကြက်ဥ တို့ကိုသက်သာသောဈေးနှုန်းများဖြင့် ပြည်သူများအား ရောင်းချပေးခဲ့ပါသည်။

            ထိုသို့ရောင်းချပေးရာတွင် စားသုံးသူပြည်သူများအား ကြက်ဥတစ်လုံး (၃၅၀)၊  ဆန်တစ်ပြည်(၂၀၀၀)၊ စားအုန်းဆီ ၁ပိဿာ(၇၀၀၀) အစရှိသည့်သက်သာသော ဈေးနှုန်းများဖြင့် စားသုံးသူ ပြည်သူ များအား မည်သူမဆိုလွတ်လပ်စွာဝယ် ယူနိုင်ရန် ရောင်းချပေးခဲ့ကြောင်း သိရှိရပါသည်။

   (DOCA ဧရာဝတီ)

                                                                                                                                                  

                                                                                                                                       

မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်၊ မြို့ပေါ်ရှိ ဆေးဆိုင်များအား နယ်မြေဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်း

       ဧရာဝတီတိုင်းဒေသကြီး၊စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင် အိမ်မဲမြို့နယ်၊ တာဝန်ခံ ဒေါ်ဇင်မာသန်း သည် မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့်ပူးပေါင်း၍ (၁၁.၈.၂၀၂၅)ရက်နေ့ နေ့လည် (၁၃:၀၀)နာရီက  အိမ်မဲမြို့နယ်၊ မြို့ပေါ်ရှိ ဆေးဆိုင်များတွင်  ခွင့်ပြုချက်မရှိသောဆေးများ ရောင်းချခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါသည်။

            ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်တာဝန်ခံမှ ဆေးဆိုင်များတွင် ရောင်းချနေသော အိမ်သုံးဆေး အရောင်းဆိုင်ပိုင်ရှင်များအား စားသုံးသူပြည်သူများ သက်သာသောဈေးနှုန်းဖြင့် ဝယ်ယူသုံးစွဲနိုင်ရေးအတွက် ဆိုင်ရှင် များအနေဖြင့် ဆေးနှင့်ဆေးပစ္စည်းများ ဈေးကွက်အတွင်း ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းမပြုရန်၊ ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှု ဥပဒေများအရ အရေးယူဆောင်ရွက်သွား မည်ဖြစ်ကြောင်း၊ ဆိုင်ရှင်များသို့ အသိပေးဆွေးနွေးဆောင်ရွက်ခဲ့ပါသည်။ သက်တမ်းလွန်ဆေးဝါးများနှင့် လိုင်စင်မဲ့ ဆေးဝါးများ ဈေးကွက်အတွင်း  ရောင်းချခြင်းမပြုရန်   သက်ဆိုင်ရာဌာနများ၏ အမိန့်ညွှန်ကြားချက်များ၊   ဥပဒေများ အား လိုက်နာဆောင်ရွက်ကြရန် အသိပေးစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

   ( DOCA ဧရာဝတီ)

မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်တာဝန်ခံရုံးတွင်အဝတ်အထည်လုပ်ငန်းရှင်များနှင့်ကုန်မျိုးစုံလုပ်ငန်းရှင်များအား  online Saleနှင့် ပတ်သက် သည့် စားသုံးသူအသိပညာပေးဟောပြောပွဲပြုလုပ်ခြင်း

         ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်တာဝန်ခံ ဦးအောင်မိုး သည်(၁၂.၈.၂၀၂၅)ရက်နေ့၊ညနေ(၄;၃၀)အချိန်တွင် ဝါးခယ်မမြို့နယ်တာဝန်ခံရုံးတွင် အဝတ်အထည်လုပ်ငန်းရှင်များနှင့် ကုန်မျိုးစုံလုပ်ငန်းရှင်များအား online Saleနှင့် ပတ်သက်သည့်စားသုံးသူအသိပညာပေးဟောပြောခဲ့ပါသည်။

         ထိုသို့ဟောပြောဆွေးနွေးရာတွင် မြို့နယ်တာဝန်ခံမှ တက်ရောက်လာသော အဝတ်အထည်လုပ်ငန်းရှင်များနှင့် ကုန်မျိုးစုံလုပ်ငန်းရှင်များ အား မိတ်ဆက်စကားပြောကြားပြီး   online Shopping မှတ်ပုံတင်လျှောက်ထားရန်အတွက် ကုမ္မဏီဖြစ်ပါက ကုမ္မဏီမှတ်ပုံတင် လက်မှတ်၊ SMEမှတ်ပုံတင်လက်မှတ်များတင်ပြရန်လိုအပ်ပြီး တစ်ဦးချင်းဖြစ်ပါက တင်ပြရန်မလိုကြောင်း ရောင်းချမည့် ဆိုင်လိပ်စာမှန်ကန်ကြောင်းရပ်ကွက်ထောက်ခံစာနှင့် ရဲစခန်းထောက်ခံစာ၊ လိုင်စင်ဓာတ်ပုံ၊ online sale owner၏ မှတ်ပုံတင်၊ နေထိုင်ကြောင်းလိပ်စာမှန်ကန်ကြောင်း၊ရပ်ကွက်ထောက်ခံစာ လျှောက်ထားရာတွင် email (သို့မဟုတ်)Mobile phone Number ဖြင့်Sing Up(Register)ပြုလုပ်၍ ဆောင်ရွက်ရမည်ဖြစ်ကြောင်း အွန်လိုင်းစနစ်ဖြင့် မှတ်ပုံတင်နိုင်ကြောင်းနှင့်  www.ecomreg.gov.mmမှတစ်ဆင့် မှတ်ပုံတင်လျှောက်ထားနိုင်ကြောင်း၊ online shopping မှတ်ပုံတင်လျှောက်ထားမှုမရှိပဲ online မှရောင်းဝယ်ခြင်း များစစ်ဆေးတွေ့ရှိပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှု ဥပဒေပုဒ်မ(၅)အရ အရေးယူခံရမည်ဖြစ်ကြောင်း အသိပညာပေးဟောပြော ဆွေးနွေးခဲ့ပါသည်။ ထိုဟောပြောပွဲသို့အဝတ်အထည်လုပ်ငန်းရှင်များနှင့် ကုန်မျိုးစုံလုပ်ငန်းရှင် (၈)ဦး တက်ရောက် ခဲ့ပါသည်။

( DOCA ဧရာဝတီ)

ဈေးကွက်စောင့်ကြည့်စစ်ဆေးမှု ဆောင်ရွက်ခြင်း

    (၁၂-၈-၂၀၂၅) ရက်နေ့၊ နံနက်(၁၀: ၀၀)နာရီအချိန်၌ စားသုံးသူရေးရာဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဦးစီးမှူးရုံးမှ ဦးနေဝေယံဦး(လက်ထောက်ညွှန်ကြားရေးမှူး)ဦးဆောင်၍ ဝန်ထမ်း(၄)ဦး၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနနှင့် စည်ပင်(ဈေးများဌာန) ၊ ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်း၍  ဇမ္ဗူသီရိမြို့နယ်၊ သပြေကုန်းဈေးအတွင်းရှိ  ဆေးဆိုင်ကြီးများနှင့် ကုန်မျိုးစုံအရောင်းဆိုင်များသို့သွားရောက်ပြီး မြန်မာဘာသာဖြင့်ဖော်ပြခြင်းဆိုင်ရာ ညွှန်ကြားချက်(၂/၂၀၁၉)ပါ မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ် အသားပြည့်စုံမှန်ကန်စွာ ဖော်ပြထားသောကုန်စည်များ ရောင်းချခြင်းရှိ/ မရှိအား စစ်ဆေးခဲ့ပြီး ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှန်ကန်မှုမရှိသည့် ကုန်ပစ္စည်းများ၊ တရားမဝင်ကုန်ပစ္စည်းများ ရောင်းချ ခြင်းမပြုရန် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပြည်ထောင်စုနယ်မြေ)

လက်ပံတန်းမြို့နယ်ရှိလုပ်ငန်းရှင်နှင့်တွေ့ဆုံဆွေးနွေးဟောပြောခြင်း

    စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင် ၊ လက်ပံတန်းမြို့နယ် ကုန်စုံဆိုင်ရောင်းဝယ်ရေး လုပ်ငန်းရှင်ဦးမြင့်အေးနှင့်( ၁၃.၈.၂၀၂၅ ) ရက်နေ့ ၊ နေ့လယ် ( ၁၅:၃၀ ) နာရီအချိန်တွင်၊ ခရိုင်ဦးစီးမှူးဦးနိုင်လင်းထွန်း၊  ဦးစီးမှူးဒေါ်ခိုင်ခိုင်ရီ မှတွေ့ဆုံ၍ စားသုံးသူ ကာကွယ်ရေး ဥပဒေအခန်း (၁၈)ပါ ကုန်စည်များပေါ်တွင် ကုန်အညွှန်းအမှတ်အသား ‌ဖော်ပြခြင်းနှင့် စပ်လျဉ်း၍ ကုန်စည်အမျိုးအစားအလိုက်  သတ်မှတ်ချက်များနှင့် အညီဖြန့်ဖြူးရောင်းချရန်၊ ကုန်စည်၏ အရည်အသွေး၊ ထုတ်လုပ်ရက်စွဲ၊ သက်တမ်းကုန်ဆုံးရက်စွဲများ၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ သုံးစွဲပုံနည်းလမ်းများအားလည်းကောင်း ဥပဒေအခန်း(၁၀) ပါစီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊  ဥပဒေအခန်း(၁၁)ပါကုန်စည်နှင့်စပ်လျဉ်း၍ စားသုံးသူလက်ခံနိုင်သည့်အရည်အသွေးရှိခြင်းကိုအထူးအလေးထားဆောင်ရွက်ရန်  အသိပညာပေး ဆွေးနွေးဆောင်ရွက်ခဲ့ပြီး လက်ကမ်းစာစောင်ဖြန့်ဝေခဲ့ပါသည်။

DOCA(ပဲခူး)

ဆေးဆိုင်များအားကွင်းဆင်းစစ်ဆေး

   စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းပြီး ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး၊ ဘေးအန္တရာယ် ရှိသောကုန်စည်များ ဈေးကွက်အတွင်းမှပပျောက်စေရေး၊ အရည်အသွေးမီဆေးဝါးများသုံးစွဲနိုင်ရေး အတွက် မြစ်ကြီးနားမြို့ရှိ ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင်(၆)ဆိုင်အား ၁၇.၈.၂၀၂၅ ရက်နေ့ ၁၀:၀၀ နာရီအချိန်တွင် သက်ဆိုင်ရာဌာနများပူးပေါင်း၍ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

   ထို့သို့ကွင်းဆင်းစစ်ဆေးရာတွင်ကချင်ပြည်နယ်အစားအသောက်နှင့်ဆေးဝါးကြီးကြပ်ကွပ်ကဲရေးကော်မတီအဖွဲ့ဝင်များဖြစ်ကြသည့်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ တာဝန်ရှိသူများပူးပေါင်း၍အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၏ဆေးဝါးများအရည်အသွေး စိစစ်ချက်အရ စံမညီဆေးဝါးများဖြစ်သည့် Medico Remedies Ltd.,India မှ ထုတ်လုပ်သည့် Fluximed Hard Gelation Capsule(Flucloxacillin Sodium BP eq. to Flucioxacillin 250mg, Amoxicillin Trihydrate BP eq. to  Amoxicillin 250mg) အားဈေးကွက်အတွင်း ရောင်းချခြင်းရှိမရှိ ကွင်းဆင်းစစ်ဆေးခဲ့ရာဆေးဆိုင်များတွင်ရောင်းချမှုမရှိကြောင်းစစ်ဆေးတွေ့ရှိရပါသည်။

DOCA(ကချင်)

 

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ