သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ပြည်ပပို့ကုန် လိုင်စင်ဝင်ရောက်ရန် ညောင်တုန်းမြို့နယ် ဆန်/ဆန်ကွဲ သိုလှောင်ရုံအား မြေပြင်ကွင်းဆင်းစစ်ဆေးခြင်း

    ၂၀၂၅ခုနှစ် ဩဂုတ်လ ပြည်ပပို့ကုန်လိုင်စင်ဝင်ရောက်ရန် လျောက်ထားသော ညောင်တုန်းးမြို့နယ် Good Brothers' Co.,Ltd Myanmar Broken Rice 100% A 1:2 (Sortexed)1560 MT သရဖူစံဆန်စက်၊ မိုင်တိုင်(၂၀/၁) နှင့် (၂၀/၂) ကြား၊ ရန်ကုန်-ပုသိမ်ကားလမ်း၊ အ‌မြောင်းကျေးရွာ၊ ညောင်တုန်းမြို့နယ် ဆန်ကွဲသိလှောင်ရုံလုပ်ငန်းအား ၂၀.၈.၂၀၂၅ ရက်နေ့ နံနက် ၁၀နာရီ အချိန်က မြေပြင်စစ်ဆေးရေးအဖွဲ့နှင့်အတူ စစ်ဆေးခဲ့ကြသည်။

     စစ်ဆေးဆောင်ရွက်ရာတွင် ညောင်တုန်းမြို့နယ် ဩဂုတ်လ ပို့ကုန်လိုင်စင်သစ်လျှောက်ထားရန်အတွက် ဆန်/ ဆန်ကွဲသိုလှောင်ထားရှိသော ဆန်စက်သိုလှောင်ရုံမှ မြေပြင် ဆောင်ရွက်ထားရှိမှုအခြေအနေများ၊ ဆန်/ဆန်ကွဲ အရည်အသွေးပြည်မှီမှု ရှိမရှိ၊ သိုလှောင်မှ ဆန်/ဆန်ကွဲအိတ်များ ကမာစီထားရှိမှု အခြေအနေ၊ သိုလှောင်ရုံ သတ်မှတ်အကျယ်အဝန်း လုပ်ငန်းဆောင်ရွက်ထားရာတွင် သတ်မှတ်အချက်အလက်များနှင့် ကိုက်ညီမှုရှိမရှိ များ လိုင်စင်သစ်ထုတ်ပေးရာတွင် စည်မျဉ်း၊ စည်းကမ်းများအတိုင်း လုပ်ဆောင်ပေးနိုင်ရန် မြေပြကွင်း ဆင်း စစ်ဆေးခဲ့ပြီး စစ်ဆေးရာတွင် စားသုံးသူရေးရာဦးစီးဌာနနှင့် ပူးပေါင်းစစ်ဆေးရေးအဖွဲ့များဖြစ်သော MITS, MRF, DOCA & DOTအဖွဲ့ များ ပူးပေါင်း စစ်ဆေးခဲ့ကြောင်း သိရပါသည်။

DOCA(ဧရာဝတီ)

ပြည်မြို့နယ်အတွင်း ဆေးဝါးနှင့် ဆေးပစ္စည်းများ ပြတ်လပ်မှုမရှိစေရေးကွင်းဆင်း

          ပဲခူးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ပြည်ခရိုင်၊ ပြည်မြို့နယ်၌ (၁၉.၈.၂၀၂၅) ရက်နေ့၊ နံနက် (၉:၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ပြည်မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ် စည်ပင်သာယာရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့တို့မှ တာဝန်ရှိသူများ၊ မြို့နယ်အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ တာဝန်ရှိသူများပူးပေါင်း၍ ပြည်မြို့ ခေတ္တရာရပ်ကွက်အတွင်းရှိ ဆေးဝါးနှင့် ဆေးပစ္စည်းအရောင်းဆိုင်များသို့ သွားရောက်၍ ဆေးဝါးနှင့် ဆေးပစ္စည်းများ ပြတ်လပ်မှု မရှိစေရေး ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

DOCA(ပဲခူး)

မအူပင်ခရိုင်မှ ငါးမွေးမြူရေးကန်နှင့်၊ ငါးဦးစီးဌာနပိုင် ငါးကန်များ ငါးမျိုးစိုက် ထည့်ခြင်း အခမ်းအနား တက်ရောက်ခြင်း

  ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ် အလန်းအုပ်ချောင်းကျေးရွာတွင် ငါးလုပ်ငန်း ဦးစီးဌာနမှငါးမျိုးစိုက် ထည့်ခြင်းအခမ်းအနားသို့ မအူပင်ခရီုင်ဦးစီးမှူးမှ ၂၀-၈-၂၀၂၅ရက်နေ့ နံနက် ၁၀နာရီက တက်ရောက်ခဲ့ကြောင်း သိရသည်။

    ငါးသယံဇာတများ တိုးပွားလာစေရေးနှင့် ငါးမျိုးများ ရေရှည်တည်တံ့ခိုင်မြဲစေရေးတို့ အတွက် ၂၀၂၅ ခုနှစ် မိုးရာသီ ငါးမျိုးစိုက်ထည့်ပွဲတွင် မအူပင်ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ခရိုင်ဥက္ကဌက အလန်းချောင်းကျေးရွာ ရှိ ချောင်းအတွင်းသို့ ငါးမျိုးများ ဦးဆောင်စိုက်ထည့်ပေးပြီး ၊ စားသုံးသူရေးရာခရိုင်ဦးစီးမှူးက ငါးလုပ်ငန်းဦးစီးဌာနမှ ပံ့ပိုးပေးသော ငါးမြစ်ချင်း ငါးသားပေါက်ကောင်ရေ ၃၀၀၀ ကို စိုက်ထည့်ပေး ခဲ့သည်။ ဆက်လက်၍ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် အရာထမ်း၊ အမှုထမ်းများက ငါးသားပေါက်ကောင်ရေ ၁၀၀၀၀ ကို ငါးမျိုးစိုက်ထည့်ပေးခဲ့ ကြကြောင်း သိရပါသည်။

DOCA(ဧရာဝတီ)

မြောင်းမြခရိုင်၊မော်ကျွန်းမြို့နယ် (၁၁)ရပ်ကွက်ရှိလက်လီ/လက်ကား ရောင်းချနေသောအိုကေထွန်းဆန်ဆိုင်အား သတ်မှတ်ရည်ညွှန်းဈေးဖြင့် ရောင်းချမှုရှိ/မရှိ ကွင်းဆင်းစစ်ဆေး

     ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန မြောင်းမြခရိုင် မော်ကျွန်းမြို့နယ်တာဝန်ခံ ဦးမင်းဇော်လတ်နှင့် ဝန်ထမ်းများသည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ပူးပေါင်း၍ (၂၀.၈.၂၀၂၅)ရက်နေ့၊ နံနက်(၁၁:၃၀) အချိန်တွင် မော်ကျွန်းမြို့နယ် (၁၁)ရက်ကွက်ရှိ လက်လီ/လက်ကားရောင်းချနေသောအိုကေထွန်း ဆန်ဆိုင်အား သတ်မှတ်ရည်ညွှန်းဈေးဖြင့် ရောင်းချမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

  ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် မော်ကျွန်းမြို့နယ်တာဝန်ခံမှ မော်ကျွန်းမြို့နယ်(၁၁)ရပ်ကွက်ရှိ လက်လီ/လက်ကား ရောင်းချနေသောအိုကေထွန်းဆန်ဆိုင်တွင် MRF မှသတ်မှတ်ထားသော ရည်ညွှန်းဈေးအတိုင်း ရောင်းချပေးနေပြီး ဆန်ဆိုင်ပိုင်ရှင်အား ဆန်ရောင်းချနေမှုနှင့် ပတ်သတ်၍ စားသုံးသူပြည်သူများအား ဈေးနူန်းမြှင့်တင်ရောင်းချခြင်းမပြုရန်၊ သတ််မှတ်ဈေးနူန်းဖြင့်သာရောင်းချကြရန်၊ ဈေးနူန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် ဆန်သိုလှောင်ထားရှိခြင်းများတွေ့ရှိပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှု ဥပဒေအရ အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်းဆန်ဆိုင်ပိုင်ရှင်များအား ရှင်းလင်းဆွေးနွေး ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

မြောင်းမြခရိုင်၊လပွတ္တာမြို့နယ် (၅)ရပ်ကွက်ရှိလက်လီ/လက်ကား ရောင်းချနေသောဦးခွေး ဆန်ဆိုင်အား သတ်မှတ်ရည်ညွှန်းဈေးဖြင့် ရောင်းချမှုရှိ/မရှိ ကွင်းဆင်းစစ်ဆေး

      ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန မြောင်းမြခရိုင် လပွတ္တာမြို့နယ်တာဝန်ခံ ဦးမြင့်ဌေးနှင့် ဝန်ထမ်းများသည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ပူးပေါင်း၍ (၂၀.၈.၂၀၂၅)ရက်နေ့၊ နံနက်(၁၁:၀၀) အချိန်တွင် လပွတ္တာမြို့နယ် ကမ်းနားလမ်းရှိ လက်လီ/လက်ကားရောင်းချနေသောဦးခွေးဆန်ဆိုင်အား သတ်မှတ်ရည်ညွှန်းဈေး ဖြင့် ရောင်းချမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

    ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် လပွတ္တာမြို့နယ်တာဝန်ခံမှ လပွတ္တာမြို့နယ်(၅)ရပ်ကွက်ရှိ လက်လီ/ လက်ကား ရောင်းချနေသော ဦးခွေးဆန်ဆိုင်တွင် MRF မှသတ်မှတ်ထားသော ရည်ညွှန်းဈေးအတိုင်း ရောင်းချပေးနေပြီး ဆန်ဆိုင်ပိုင်ရှင်အား ဆန်ရောင်းချနေမှုနှင့် ပတ်သတ်၍ စားသုံးသူပြည်သူများအား ဈေးနူန်းမြှင့်တင်ရောင်းချခြင်းမပြုရန်၊ သတ််မှတ်ဈေးနူန်းဖြင့်သာရောင်းချကြရန်၊ ဈေးနူန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် ဆန်သိုလှောင်ထားရှိခြင်းများတွေ့ရှိပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှု ဥပဒေအရ အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်းဆန်ဆိုင်ပိုင်ရှင်များအား ရှင်းလင်းဆွေးနွေး ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

မြောင်းမြခရိုင်၊ဝါးခယ်မမြို့နယ် ဈေးရပ်ကွက်ရှိလက်လီ/လက်ကား ရောင်းချနေသောဦးစိုးအေးဆန်ဆိုင်အား သတ်မှတ်ရည်ညွှန်းဈေးဖြင့် ရောင်းချမှုရှိ/မရှိ ကွင်းဆင်းစစ်ဆေး

     ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန မြောင်းမြခရိုင် ဝါးခယ်မမြို့နယ်တာဝန်ခံ ဦးအောင်မိုးနှင့် ဝန်ထမ်းများသည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ပူးပေါင်း၍ (၂၀.၈.၂၀၂၅)ရက်နေ့၊ နံနက်(၁၀:၃၀) အချိန်တွင် ဝါးခယ်မမြို့နယ် ဈေးတွင်းရှိ လက်လီ/လက်ကားရောင်းချနေသောဦးစိုးအေးဆန်ဆိုင်အား သတ်မှတ်ရည်ညွှန်း ဈေးဖြင့် ရောင်းချမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

     ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် ဝါးခယ်မမြို့နယ်တာဝန်ခံမှ ဝါးခယ်မမြို့နယ်ဈေးတွင်းရှိ လက်လီ/လက်ကား ရောင်းချနေသော ဦးစိုးအေးဆန်ဆိုင်တွင် MRF မှသတ်မှတ်ထားသော ရည်ညွှန်းဈေးအတိုင်း ရောင်းချပေးနေပြီး ဆန်ဆိုင်ပိုင်ရှင်အား ဆန်ရောင်းချနေမှုနှင့် ပတ်သတ်၍ စားသုံးသူပြည်သူများအား ဈေးနူန်းမြှင့်တင် ရောင်းချခြင်းမပြုရန်၊ သတ််မှတ်ဈေးနူန်းဖြင့်သာရောင်းချကြရန်၊ ဈေးနူန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် ဆန်သိုလှောင်ထားရှိခြင်းများတွေ့ရှိပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှု ဥပဒေအရ အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်းဆန်ဆိုင်ပိုင်ရှင်များအား ရှင်းလင်းဆွေးနွေး ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

  (DOCA ဧရာဝတီ)

မြောင်းမြခရိုင်၊အိမ်မဲမြို့နယ် မြို့မဈေးရှိလက်လီ/လက်ကား ရောင်းချနေသောဦးတာတူးဆန်ဆိုင်အား သတ်မှတ်ရည်ညွှန်းဈေးဖြင့် ရောင်းချမှုရှိ/မရှိ ကွင်းဆင်းစစ်ဆေး

        ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန မြောင်းမြခရိုင် အိမ်မဲမြို့နယ်တာဝန်ခံ ဒေါ်ဇင်မာသန်းနှင့် ဝန်ထမ်းများသည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ပူးပေါင်း၍ (၂၀.၈.၂၀၂၅)ရက်နေ့၊ နံနက်(၁၁:၀၀) အချိန်တွင် အိမ်မဲမြို့နယ် မြို့မဈေးရှိ လက်လီ/လက်ကားရောင်းချနေသောဦးတာတူးဆန်ဆိုင်အား သတ်မှတ်ရည်ညွှန်း ဈေးဖြင့် ရောင်းချမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

     ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် အိမ်မဲမြို့နယ်တာဝန်ခံမှ အိမ်မဲမြို့နယ်မြို့မဈေးရှိ လက်လီ/လက်ကား ရောင်းချနေသော ဦးတာတူးဆန်ဆိုင်တွင် MRF မှသတ်မှတ်ထားသော ရည်ညွှန်းဈေးအတိုင်း ရောင်းချပေးနေပြီး ဆန်ဆိုင် ပိုင်ရှင်အား ဆန်ရောင်းချနေမှုနှင့် ပတ်သတ်၍ စားသုံးသူပြည်သူများအား ဈေးနူန်းမြှင့်တင်ရောင်းချခြင်း မပြုရန်၊ သတ်မှတ်ဈေးနူန်းဖြင့်သာရောင်းချကြရန်၊ ဈေးနူန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် ဆန်သိုလှောင်ထားရှိခြင်းများတွေ့ရှိပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှု ဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းဆန်ဆိုင်ပိုင်ရှင်များအား ရှင်းလင်းဆွေးနွေး ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

(DOCA ဧရာဝတီ)

မြောင်းမြခရိုင်၊မြောင်းမြမြို့နယ် ညောင်ပင်ကြီးဈေးရှိလက်လီ/လက်ကား ရောင်းချနေသောမေသဇင်ဆန်ဆိုင်အား သတ်မှတ်ရည်ညွှန်းဈေးဖြင့် ရောင်းချမှုရှိ/မရှိ ကွင်းဆင်းစစ်ဆေး

      ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန မြောင်းမြခရိုင် မြောင်းမြမြို့နယ်တာဝန်ခံ ဦးလှထွဠ်ဦးနှင့် ဝန်ထမ်းများသည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ပူးပေါင်း၍ (၂၀.၉.၂၀၂၅)ရက်နေ့၊ နံနက်(၁၁:၃၀) အချိန်တွင် မြောင်းမြမြို့နယ် ညောင်ကြီးဈေးရှိ လက်လီ/လက်ကားရောင်းချနေသောမေသဇင်ဆန်ဆိုင်အား သတ်မှတ်ရည်ညွှန်း ဈေးဖြင့် ရောင်းချမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

            ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် မြောင်းမြမြို့နယ်တာဝန်ခံမှ မြောင်းမြမြို့နယ်ညောင်ပင်ကြီးဈေးရှိ လက်လီ/လက်ကား ရောင်းချနေသော မေသဇင်ဆန်ဆိုင်တွင် MRF မှသတ်မှတ်ထားသော ရည်ညွှန်းဈေးအတိုင်း ရောင်းချပေးနေပြီး ဆန်ဆိုင်ပိုင်ရှင်အား ဆန်ရောင်းချနေမှုနှင့် ပတ်သတ်၍ စားသုံးသူပြည်သူများအား ဈေးနူန်းမြှင့်တင်ရောင်းချခြင်း မပြုရန်၊ သတ််မှတ်ဈေးနူန်းဖြင့်သာရောင်းချကြရန်၊ ဈေးနူန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် ဆန်သိုလှောင်ထားရှိခြင်းများတွေ့ရှိပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှု ဥပဒေအရ အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်းဆန်ဆိုင်ပိုင်ရှင်များအား ရှင်းလင်းဆွေးနွေး ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

(DOCA ဧရာဝတီ)

လပွတ္တာခရိုင်၊ မော်ကွှန်းမြို့နယ် အမှတ်(၁၃)ရပ်ကွက်ရှိ လဝန်းသစ်မုန့်လုပ်ငန်းအား ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်း

      ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန မြောင်းမြခရိုင် မော်ကျွန်းမြို့နယ်တာဝန်ခံ ဦးမင်းဇော်လတ်သည် (၂၀.၈.၂၀၂၅) ရက်နေ့၊ နံနက် (၁၀:၀၀)နာရီအချိန်တွင် မော်ကျွန်းမြို့နယ် အမှတ်(၁၃)ရပ်ကွက်ရှိ လဝန်းသစ်မုန့်လုပ်ငန်းအား ကုန်အညွှန်းအမှတ် အသားပြည့်စုံမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

       ထို့သို့ကွင်းဆင်းစစ်ဆေးရာတွင် မော်ကျွန်းမြို့နယ်တာဝန်ခံမှ အမှတ်(၁၃)ရပ်ကွက်ရှိ လဝန်သစ်မုန့်လုပ်ငန်းတွင် MSMEs လုပ်ငန်းဖွံ့ဖြိုးတိုးတက်စေရေးအတွက် ထုတ်လုပ်လျက်ရှိသော ကုန်ပစ္စည်းများ၏ ထုတ်လုပ်မှုနှင့် ကုန်ကြမ်းရရှိမှု ဈေးနှုန်းဈေးကွက်အခြေအနေများ၊ သန့်ရှင်းမှုရှိစေရေး၊ အစရှိသည်များအား မေးမြန်းဆွေးနွေးခဲ့ပြီး ထုတ်ကုန်များတွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြထားနိုင်ခြင်းအတွက် ၂၀၁၉ စားသုံးသူကာကွယ်ရေး ဥပဒေအခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းဆိုင်ရာ ပုဒ်မ(၄၁)ပါ ပုဒ်မခွဲ(၈)ချက်အားရှင်းလင်းဆွေးနွေးခဲ့ပါသည်။ အသေးစား၊ အလတ်စား၊ အငယ်စား စီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးနှင့်ပတ်သက်သောလုပ်ငန်းရှင် ပြည်သူများ သိသင့်သိထိုက်သည့် အကြောင်းအရာများကိုလည်း ရှင်းလင်းပြောကြားခဲ့ကြောင်း သိရှိရပါသည်။

(DOCA ဧရာဝတီ)

မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်ကုန်ဈေးနှုန်းတည်ငြိမ်ရေးရှိစေရန် သက်သာသောဈေးနှုန်းများဖြင့် ပြည်သူများအား   စားသောက်ကုန်ပစ္စည်းများရောင်းချပေးခြင်း

      ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင် အိမ်မဲမြို့နယ်တာဝန်ခံဒေါ်ဇင်မာသန်းနှင့် ဝန်ထမ်းများသည်(၂၀.၈.၂၀၂၅)ရက်နေ့၊ နံနက်(၈:၀၀) အချိန်တွင် မြို့နယ်ကုန်ဈေးနှုန်း တည်ငြိမ်ကျဆင်းရေး ကော်မတီဥက္ကဌနှင့်အဖွဲ့ဝင်များ၏ ဦးဆောင်ကြီးကြပ်မှုဖြင့် သာသနာဗိမာန်ကျောင်းရှေ့တွင် ဆန်၊ စားအုန်းဆီ၊ ကြက်ဥ တို့ကိုသက်သာသောဈေးနှုန်းများဖြင့် ပြည်သူများအား ရောင်းချပေးခဲ့ပါသည်။

   ထိုသို့ရောင်းချပေးရာတွင် စားသုံးသူပြည်သူများအား ကြက်ဥတစ်လုံး (၃၅၀)၊  ဆန်တစ်ပြည်(၂၀၀၀)၊ စားအုန်းဆီ ၁ပိဿာ(၇၀၀၀)အစရှိသည့်သက်သာသော ဈေးနှုန်းများဖြင့် စားသုံးသူ ပြည်သူ များအား မည်သူမဆိုလွတ်လပ်စွာဝယ်ယူနိုင်ရန် ရောင်းချပေးခဲ့ကြောင်း သိရှိရပါသည်။

(DOCA ဧရာဝတီ)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ