သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

“ဆီထွက်သီးနှံ မြေပဲစိုက်တောင်သူနှင့်တွေ့ဆုံ’’

         စားသုံးသူရေးရာဦးစီးဌာန၊ မိတ္ထီလာခရိုင်၊ မလှိုင်မြို့နယ်တာဝန်ခံ ဦးရဲမြင့်ဆန်းသည် (၂၀-၉-၂၀၂၂) ရက်နေ့ နံနက် (၁၀၀၀) နာရီအချိန်၌ ကျောက်တန်းကျေးရွာ မြေပဲစိုက်တောင်သူများနှင့်တွေ့ဆုံခဲ့ပါသည်။

     မြေပဲစိုက်ပျိုးမှုနှင့် ပတ်သက်၍ ဆွေးနွေးရာတွင် မြေပဲကို မိုးနှမ်းရိတ်သိမ်းပြီး ဇူလိုင်လ တတိယပတ်မှစတင် စိုက်ပျိုးပြီး မျိုးအနေဖြင့် ပင်ထောင်(၃)လ မျိုး စိုက်ပျိုးကြောင်း၊ မြေပြင်ခြင်းနှင့်စိုက်ပျိုးခြင်း တစ်ဧက ကုန်ကျစရိတ်မှာ (၉၅၀၀၀)ကျပ်ခန့်ကုန်ကျပြီး သွင်းအားစုအနေဖြင့် တစ်ဧကမျိုး (၁)တင်းဖြင့် စိုက်ပျိုးချိန်မှာ တစ်တင်း (၉၀၀၀၀)ရှိပြီး ပိုးသတ်ဆေး(၃)ကြိမ်ဖျန်းရကြောင်း တစ်ကြိမ်လျှင် (၅၀၀ CC)(၂၀၀၀၀)ကျပ်ခန့်ကုန်ကျပြီး စုစုပေါင်းကုန်ကျစရိတ် (၂၀၅၀၀၀)ကျပ်ခန့်ရှိပြီး ယခုအပတ် မိုးရွာသွန်းမှုကြောင့် အပင်အခြေနေကောင်းပြီး အထွက်နှုန်းကောင်းနိုင်ပြီး အောက်တိုဘာလဆန်းပိုင်းမှ စတင်ဆွတ်ဆူးရမည်ဟု သိရှိရပြီး၊ လက်ရှိပေါက်စျေး(၅၅၀၀၀)ကျပ်ရှိ၍ အကျိုးအမြတ်ရရှိနိုင်ကြောင်း လေ့လာသိရှိရပါသည်။

DOCA(မန္တလေး)

 

 

ပန်းတနော်မြို့နယ် မြို့မဈေးအတွင်း ရောင်းချကုန်စည်များအား ကုန်အညွှန်းအမှတ်အသားပြည့်စုံမှု ရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

    ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ပန်းတနော်မြို့နယ် တာဝန်ခံနှင့် ဝန်ထမ်းများသည် (၂၃.၉.၂၀၂၂) ရက်နေ့ နံနက် (၀၉:၀၀)နာရီအချိန် ပန်းတနော် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့်အတူ မြို့မဈေးအတွင်းရှိ ‌ရောင်းချနေသော ကုန်စည်များအား ဈေးကွက် စောင့်ကြည့် ကွင်းဆင်း စစ်ဆေးခဲ့ကြပါသည်။

     ထိုသို့ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် ပန်းတနော်မြို့မဈေးအတွင်း ကုန်မျိုးစုံဆိုင်တွင် ရောင်းချနေသောကုန်စည်များ၌ ကုန်အညွှန်းအမှတ်အသားပြည်စုံစွာ ပါဝင်ခြင်း ရှိ/ မရှိကို စစ်ဆေး ဆောင်ရွက်ခဲ့ကြပါသည်။

      ဆက်လက်၍ ကုန်မျိုးစုံရောင်းချသူပိုင်ရှင်များအား စားသုံးသူကာကွယ်ရေးဥပဒေ အရ ကုန်အညွှန်းအမှတ်အသားနှင့်ပတ်သက်၍ ဥပဒေနှင့်အညီလိုက်နာဆောင်ရွက်စေရေး၊ အလေး ချိန်နှင့် အရည်အသွေးမှန်ကန်စေရေး၊ ဥပဒေ၊ ညွှန်ကြားချက်များနှင့် မညီညွှတ်သော ကုန်စည်များ ရောင်းချနေခြင်း တွေ့ရှိပါက အရေးယူနိုင်ရန်အတွက် ဈေးကွက်စောင့်ကြည့် စစ်ဆေးဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ လုပ်ငန်းရှင်၏လိုက်နာရမည့် တာဝန်များ၊ တားမြစ်ချက်များအကြောင်း ပညာပေးဆွေးနွေးခဲ့ပါသည်။ ပန်းတနော်မြို့မဈေးအတွင်းရှိ အခြေခံစားသောက်ကုန်မျိုးစုံ၊ မုန့်မျိုးစုံ၊ လူသုံးကုန်နှင့် စားသုံးဆီ နှင့်စပ်လျဉ်း၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးဆောင်ရွက် တွေ့ရှိချက်အရ ကုန်အညွှန်းအမှတ်အသား ပြည်စုံစွာပါဝင် ဖော်ပြချက်များပါရှိသည်ကို စစ်ဆေး တွေ့ရှိခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

မြို့မဈေးအတွင်း ဈေးကွက်ရောက်ကုန်စည်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

     ဧရာဝတီတိုင်း‌ဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ မအူပင်မြို့နယ်တာဝန်ခံ ဦးအောင်ဇော်ဦး နှင့် ဝန်ထမ်းများသည် ၂၆.၉.၂၀၂၂ ရက်နေ့ နံနက်(၀၉:၀၀) အချိန်တွင် မအူပင်မြို့နယ် ကမ်းနားလမ်းရှိ မြို့မဈေးအတွင်း ကုန်မျိုးစုံ၊ မုန့်မျိုးစုံ ရောင်းချနေသောဆိုင်(၁၂)ဆိုင်မှ ဈေးကွက်ရောက် ကုန်စည်များအား မအူပင်စည်ပင်သာယာရေးအဖွဲ့နှင့်အတူ ဈေးကွက်စောင့်ကြ့စစ်ဆေးခဲ့ကြပါသည်။

    ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် မအူပင်မြို့မဈေးကြီးအတွင်းရှိ ဈေးကွက်အတွင်း ရောင်းချနေသော ကုန်စည်များသည် စားသုံးသူများအတွက် ဘေးအန္တရာယ်ကင်းရှင်းစေပြီး ထုတ်ကုန် လုံခြုံစိတ်ချရမှုရှိစေရန်နှင့်၊ ကုန်စည်များတွင် ကုန်စည်၏ တံဆိပ်အမှတ်အသား၊ အမျိုးအမည်၊ အရွယ် အစား၊ အရေအတွက်နှင့် အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ သုံးစွဲပုံနည်းလမ်း၊ ထုတ်လုပ်ရက်စွဲ၊ သက်တမ်းကုန်ဆုံးရက်စွဲ၊ ကုန်ကြမ်းပစ္စည်း၊ အမျိုးအမည်နှင့် ပစ္စည်းပမာဏ၊ ပါဝင်မှု အချိုးအစား၊ ကျန်းမာရေးဆိုင်ရာ ဘေးထွက်ဆိုးကျိုး၊ ဓါတ်မတည့်ကြောင်းဖော်ပြချက်၊ ကြိုတင်သတိပေးချက်၊ သက်ဆိုင်ရာ အစိုးရဌာနများက ဖော်ပြရန်သတ်မှတ်ချက်နှင့် ကုန်အညွှန်းအမှတ်အသားများကို မြန်မာဘာသာဖြင့် (သို့) မြန်မာဘာသာနှင့် အခြားဘာသာတွဲလျှက် ဖော်ပြထားသော ကုန်စည်များ ရောင်းချ ခြင်း ရှိ/ မရှိကို စစ်ဆေးဆောင်ရွက်ခဲပြီး ကုန်မျိုးစုံ ရောင်းချသော ဆိုင်ရှင်များအား လုပ်ငန်းရှင်တို၏ တာဝန်များ၊ ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက်ပေးခြင်း အချက်အလက်များ၊ စားသုံးသူကာကွယ်ပေးရေးဥပဒေ အခန်း(၁၆) ဘေးအန္တရာယ်ရှိသော ကုန်စည်ကို  ဈေးကွက်အတွင်းမှ ပြန်လည် သိမ်းဆည်းစေခြင်း (သို့) ရောင်းချဖြန့်ဖြူးခြင်းကို တားမြစ်ခြင်းနှင့် ဘေးအန္တရာယ်ရှိသော ဝန်ဆောင်မှုကို တားမြစ်ခြင်းစသောအကြောင်းအရာများကို အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

 

ကယားပြည်နယ်ဆန်စပါးလုပ်ငန်းရှင်များအသင်းနှင့် တွေ့ဆုံဆွေးနွေး

       ကယားပြည်နယ် စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးသည် ၂၀၂၂ ခုနှစ်၊ စက်တင် ဘာလ( ၁၉ ) ရက်နေ့ နံနက်(၁၀ :၀၀)နာရီအချိန်တွင် ပြည်နယ်အတွင်းမှ ဆန်တင်ပို့မှု၊ တင်သွင်းမှု အခြေအနေများနှင့် စပ်လျဉ်း၍ ပြည်နယ်ဆန်စပါးလုပ်ငန်းရှင်များအသင်းနှင့် တွေ့ဆုံဆွေးနွေး ပွဲတွင် အသင်းဥက္ကဌ၊ ဒု-ဥက္ကဌ ၊ အဖွဲ့ဝင်များ စုစုပေါင်း (၇)ဦးတက်ရောက်ခဲ့ပါတယ်။ 

 အဆိုပါ တွေ့ဆုံဆွေးနွေးရာတွင် ပြည်နယ်ဦးစီးမှူးက ယခုနှစ် စပါးစိုက်ပျိုးမှု၊ ထွက်ရှိမှု အခြေ အနေများ၊ ဒေသထွက်ဆန်အား  ဆန် တင်ပို့နိုင်မှုအခြေအနေများအားလည်းကောင်း၊ အခြားမြို့များမှ ပြည်နယ်အတွင်းသို့ ဆန်တင်သွင်းမှုအခြေအနေများအားလည်းကောင်း၊ ဈေးကွက်အတွင်း၌ ဖြစ်ပေါ် နေသောဈေးနှုန်း/ ဈေးကွက်အခြေအနေများအားလည်းကောင်း၊ ဆန်များ တင်သွင်းရာတွင် ပြည်နယ် အစိုးရအဖွဲ့မှ ညွှန်ကြားထားသည့်အတိုင်း လိုက်နာဆောင်ရွက်ကြရန်နှင့်  သယ်ဆောင်ခွင့် ခွင့်ပြုချက် ရရှိမှသာလျှင် ဆန်များသယ်ဆောင်သင့်ကြောင်းကို ဆွေးနွေးခဲ့ပါသည်။

     ဆန်စပါးလုပ်ငန်းရှင်များ အသင်းအနေဖြင့်လည်း မိမိတို့အနေဖြင့် ဒေသထွက်ဆန်တင်ပို့ရာတွင် မန္တလေးမြို့သို့ အဓိကထား တင်ပို့ရပါကြောင်း၊ ဒေသအခြေအနေအရ အချို့ဆန်စက်များအနေဖြင့် လည်ပတ်မှုမရှိဘဲ ရပ်တန့်ထားရှိရပါကြောင်း၊ အသီးသီးဆွေးနွေးတင်ပြခဲ့ကြပြီး သိရှိလိုသည့် အချက် များအား အသင်းသားများမှ မေးမြန်းခဲ့ရာ ပြည်နယ်ဦးစီးမှူးအနေဖြင့် ပြန်လည် ဆွေးနွေးခဲ့ပါကြောင်း သိရှိရပါတယ်။

DOCA(ကယား)

ဖျာပုံခရိုင်၊ ဘိုကလေးပညာရေးဒီဂရီကောလိပ်ကျောင်းတွင် စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောအခမ်းအနားကျင်းပ

     ဧရာဝတီတိုင်းဒေသကြီး၊စားသုံးသူရေးရာဦးစီးဌာန၊ ဖျာပုံခရိုင်၊ ဒုတိယခရိုင်ဦးစီးမှူးနှင့် ဖျာပုံမြို့ နယ်တာဝန်ခံ၊ ဘိုကလေးမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများလိုက်ပါ၍ ဘိုကလေးမြို့နယ်ရှိ ပညာရေးဒီဂရီကောလိပ်ကျောင်း၌ စက်တင်ဘာလ(၂၁)ရက်နေ့တွင် စားသုံးသူကာကွယ်ရေးအသိ ပညာ ပေးဟောပြောပွဲအခမ်းအနားကိုကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

   အခမ်းအနားတွင် ဖျာပုံခရိုင် ၊စားသုံးသူရေးရာဦးစီးဌာနမှ ဒုတိယခရိုင်ဦးစီးမှူးဦးစိုးမင်းထိုက်က စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူ၏အခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ၊အခန်း(၁၈)ပါကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာများနှင့်ညွှန်ကြားချက်အမှတ် ၂/၂၀၁၉    ကုန်စည်အမျိုးအစားအလိုက်   ဇယားများအား  ရှင်းလင်း   ဟောပြောဆွေးနွေးပါသည်။ ထို့နောက် ဖျာပုံမြို့နယ်တာဝန်ခံ ဦးမင်းဇော်က စစ်ဆေးရေးအရာရှိ၏လုပ်ငန်းတာဝန်များ၊ဈေးကွက် စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများ၊ ကုန်စည်ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ တိုင်ကြားလာမှုအပေါ် စုံစမ်းစစ်ဆေးခြင်းနှင့်ဆောင်ရွက်မှုအခြေအနေများ မိတ်ဖက်ဌာနများနှင့် ပူးပေါင်းဆောင်ရွက်နေမှု များအားဟောပြောဆွေးနွေးပါသည်။

      ဆက်လက်၍ ဖျာပုံခရိုင် စားသုံးသူရေးရာဦးစီးဌာန၊ စားသုံးသူရေးရာဌာနခွဲမှူးဒေါ်လဲ့လဲ့ဆန်းကဘိုကလေး   ပညာရေးဒီဂရီကောလိပ်ကျောင်းအုပ်ကြီးကို   စားသုံးသူကာကွယ်ရေးဥပဒေစာအုပ်များနှင့် လက်ကမ်းစာစောင်များပေးအပ်ကာ ကျောင်းအုပ်ကြီးဒေါ်ခင်ချိုမြင့်က ကျေးဇူးတင်စကား ပြောကြားပါသည်။ အဆိုပါအခမ်းအနားသို့ကျောင်းအုပ်ကြီးနှင့် ပါမောက္ခများ၊ဆရာ/ဆရာ(၂၆)ဦးနှင့် ပညာရေးဒီဂရီကောလိပ်ကျောင်းတက်ရောက်နေသူ ဆရာ/ဆရာမ(၅၆၇)ဦး၊စုစုပေါင်း(၅၉၃)ဦး တက်ရောက်ကြောင်း သိရသည်။

DOCA(ဧရာဝတီ)

 

 

မော်လမြိုင်မြို့တွင် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်

      မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မော်လမြိုင်မြို့နယ် တာဝန်ခံနှင့် ဝန်ထမ်းများသည် ၂၂.၉.၂၀၂၂ ရက်နေ့တွင် မွန်ပြည်နယ်အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန မြို့နယ် အကောက်ခွန်ဦးစီးဌာန၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ် စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ် အထွေ ထွေအုပ်ချုပ်ရေးဦးစီးဌာနတို့  ပါဝင်သောပူးပေါင်း အဖွဲ့ဖြင့် မော်လမြိုင်မြို့ပေါ်ရှိ ဈေးဆိုင်/စတိုးဆိုင်များတွင် Pepsi (No Sugar)-(245 ml/Can)၊ Pepsi (No Sugar lime Flavour) – (325 ml/Can) Pepsi (ကြက်ကြော်တုံးပုံ)- (325 ml/Can) နှင့် Pepsi (ဂဏန်းနှစ်ကောင်ပုံ) (325 ml/Can) တို့အား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက် ခဲ့ပါသည်။

     ထိုသို့ စောင့်ကြည့်စစ်ဆေးရာ ဈေးကွက်အတွင်း Pepsi (No Sugar)-(245 ml/Can) (၄)လုံး၊ Pepsi (No Sugar lime Flavour) (၃)လုံး၊ Pepsi (ကြက်ကြော်တုံးပုံ) (325 ml/Can) (၂)လုံးအား စစ်ဆေးတွေ့ရှိရသဖြင့် ဆိုင်ပိုင်ရှင်အား အဆိုပါပစ္စည်းများမှာ အစားအသောက်နှင့်ဆေးဝါး ကွပ်ကဲရေးဦးစီးဌာန၏ ထောက်ခံချက်မပါရှိခြင်းကြောင့် ဆက်လက်ရောင်းချခြင်းမပြုရန် ခံဝန်ကတိ လက်မှတ်ရေးထိုးစေခဲ့ပြီး သက်ဆိုင်ရာဌာနများမှ မိမိတို့၏ လုပ်ထုံးလုပ်နည်းများကို ရှင်းလင်း ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။

DOCA(မွန်)

မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ် မြို့မဈေးတာဝန်ခံရုံး၌ မုန့်မျိုးစုံလုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲပြုလုပ်

    ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်၊  ဝါးခယ်မမြို့နယ် တာဝန်ခံဦးအောင်မိုးသည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့်ပူးပေါင်း၍(၂၂.၉.၂၀၂၂)ရက်နေ့ နေ့လည်(၁၃;၃၀)နာရီက မြို့မဈေးတာဝန်ခံရုံးတွင် မုန့်မျိုးစုံလုပ်ငန်းရှင်များအား  စားသုံးသူ အသိပညာပေး ဟောပြောပွဲဆောင်ရွက်ခဲ့ပါသည်။

   ထိုသို့ဟောပြောဆွေးနွေးရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ ဝါးခယ်မမြို့နယ် တာဝန်ခံမှ  စားသုံးသူရေးရာဦးစီးဌာန၏ လက်ရှိဆောင်ရွက်နေသောလုပ်ငန်းတာဝန်များ၊ ရှေ့ဆက်ဆောင်ရွက် ရမည့်လုပ်ငန်းတာဝန်များအား ဦးစွာရှင်းလင်းပြောကြားပြီး စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ  ထုတ်ပြန်ထားသော   စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ပါ ပြဌာန်းချက်များအရ

      စားသုံးသူ၏အခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ တားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒဏ်များ၊ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြ ခြင်းနှင့်ပတ်သက်၍ မည်သည့်စီးပွားရေးလုပ်ငန်းရှင်မဆို ပုဒ်မ-၄၁ ပုဒ်မခွဲ(ခ)နှင့် (ဆ)တို့ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် မြန်မာဘာသာဖြစ်စေ၊ အခြားဘာသာတစ်ခု (သို့) တစ်ခု ထက်ပို၍ တွဲလျှက်ဖြစ်စေ၊ ရေးသားဖော်ပြရမည်ဖြစ်ပြီး၊ မိမိတို့ရောင်းချနေသော ကုန်စည် အမျိုးအစားအလိုက် သတ်မှတ်ထားသည့် ဥပဒေများနှင့်အညီ လိုက်နာဆောင်ရွက်ကြရန် ကုန်စည် ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ စားသုံးသူများတစ်စုံတစ်ရာနစ်နာမှုရှိလာပါက စားသုံးသူသတင်းပြန် ကြားရေးနှင့်တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာ (CICC) သို့ လူကိုယ်တိုင်ဖြစ်စေ၊ တယ်လီ ဖုန်းဖြင့်ဖြစ်စေ တိုင်ကြားနိုင်ကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ဌာနမှထုတ်ပြန်ထားသော ဥပဒေစည်းကမ်းချက်များအတိုင်း လိုက်နာဆောင်ရွက်ကြရန်၊ လိုက်နာဆောင်ရွက်ခြင်းမရှိပါ က ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဟောပြောဆွေးနွေးခဲ့ပါသည်၊ ဟောပြောဆွေးနွေးပွဲသို့ မုန့်မျိုးစုံဆိုင်လုပ်ငန်းရှင် (၁၀)ဦးတက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

 

ဓနုဖြူမြို့ ပြင်ကသာ အ.ထ.ကကျောင်းတွင် စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောပွဲ အောင်မြင်စွာကျင်းပပြီးစီး

    ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူးရုံး၊ ဓနုဖြူမြို့နယ်ဦးစီးမှူး ဦးဝင်းမင်းစိုးနှင့် ဝန်ထမ်းများသည်  မိတ်ဖက်အဖွဲ့အစည်းများဖြစ်သော ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့် ကာယပညာဦးစီးဌာန၊ တိုင်းရင်းဆေးဦးစီးဌာနတို့ ပူးပေါင်း၍ (၂၀.၉.၂၀၂၂)နေ့လယ် (၁၃:၀၀) နာရီမှ (၁၄:၃၀) နာရီတွင် ဓနုဖြူမြို့ ပြင်ကသာ အ.ထ.ကကျောင်းသို့သွားရောက်၍ သက်ဆိုင်ရာဌာနများ၏ နှင့်အတူ အသိပညာပေးဟောပြောပွဲကို ပူးပေါင်းဆောင်ရွက်ခဲ့ပါသည်။

    အဆိုပါ အခမ်းအနားတွင် ဓနုဖြူမြို့ ပြင်ကသာ အ.ထ.က ကျောင်းအုပ်ဆရာကြီးမှ အဖွင့်အမှာ စကားပြောကြားပြီး စားသုံးသူရေးရာဦးစီးဌာန၊ ဓနုဖြူမြို့နယ်ဦးစီးမှူး ဦးဝင်းမင်းစိုးက စားသုံးသူကာ ကွယ်ရေးဥပဒေပါ စားသုံးသူအခွင့်အရေးများ၊ လေးစားလိုက်နာရမည့် တာဝန်များ၊ စီးပွားရေး လုပ်ငန်း ရှင်၏တာဝန်များ၊ ကုန်စည်နှင့် စပ်လျဉ်း၍ အာမခံပေးထားမှုအပေါ် စားသုံးသူက တောင်းဆိုနိုင်သည့် အခွင့်အရေးအကြောင်း၊ ဈေးကွက်အတွင်းရှိ ကုန်စည်နှင့်ဝန်ဆောင်မှုများကို ဘေးအန္တရာယ်ကင်း ရှင်းစွာရွေးချယ်ဝယ်ယူတက်စေရန်နှင့် ကုန်အညွှန်းအမှတ်အသား ဖော်ပြချက်အကြောင်း၊ စားသုံးသူများ အမှန်တကယ် နစ်နာဆုံးရှုံမှ ဖြစ်ပေါ်လာပါက စားသုံးသူရေးရာဦးစီးဌာနသို့ တိုင်ကြားနိုင်သည့် နည်းလမ်းများ အကြောင်း၊ လုပ်ငန်းရှင်နှင့် စားသုံးသူအကြား စားသုံးသူနစ်နာဆုံးရှုံးမှု ဖြစ်ပွားခဲ့ဖူးသော အငြင်းပွားမှုကိစ္စရပ်များကို ဥပမာပေးရှင်းလင်းပြီး တိုင်းကြားခြင်းနှင့် စိစပ်ညှိနှိုင်းဖြေရှင်းဆောင် ရွက်ခြင်းအကြောင်း၊  ပြစ်မှု၊ ပြစ်ဒဏ်များအကြောင်းကိုရှင်းလင်းဟောပြောခဲ့ပါသည်။

    ဆက်လက်၍ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန က လူကုန်ကူးမှုတိုက်ဖျက်ရေး အသိပညာပေးခြင်းအကြောင်း နှင့် အားကစားနှင့်ကာယပညာဦးစီးဌာနက လူငယ်နှင့် အားကစား ဗဟုသုတအကြောင်း၊ တိုင်းရင်းဆေးဦးစီးဌာနမှ ကျန်းမာရေးသိကောင်းစရာများကို ဟောပြော ဆွေးနွေး၍ တက်ရောက်သူ ဆရာ/ဆရာမနှင့် ကျောင်းသား/ ကျောင်းသူ (၁၇၈) ဦးတို့သည် ကျန်းမာရေး လေ့ကျင့်ခန်းများ ပြုလုပ်ဆောင်ရွက်ခဲ့ကြပြီး ကျောင်းမုန့်ဈေးတန်းရှိ ရောင်းချနေသော မုန့်များအား ဘေးအန္တရာယ်ကင်းရှင်းပြီး ထုတ်ကုန်လုံခြုံစိတ်ချရသော မုန့်များကုန်အညွှန်း အမှတ်အသားပြည့်စုံစွာ ပါဝင်မှု ရှိ/မရှိ စစ်ဆေးခဲ့ပြီး၊ မုန့်ဆိုင် (6)ဆိုင်တွင် ရောင်းချနေသောမုန့်များတွင် ဘေးအန္တရာယ်ရှိသော ဆိုးဆေးပါဝင်သော မုန့်များကိုမရောင်းချရန်၊ ကုန်အညွှန်းအမှတ်အသား မပါဝင်သော မုန့်များကို မရောင်းချရန်၊လက်လုပ်မုန့်များကို သန့်ရှင်းစွာ လက်အိတ်များဖြင့် ရောင်းချရန်၊ မြန်မာမုန့်များကို ခြင်၊ ယင် မနားအောင် ဇကာ၊ အုပ်ဆောင်းများဖြင့် ဖုံးအုပ်ထားပြီး ရောင်းချရန် မုန့်ရောင်းချသူများ တစ်ကိုယ်ရည်သန့်ရှင်းရေးကို အထူးဂရုပြုရန် စားသုံးသူ၊ လုပ်ငန်းရှင်၊ အစိုးရဌာနများ ပူးပေါင်းမှ ဘေးအန္တရာယ်ကင်းသော လူမှုပတ်ဝန်းကျင်တွင် အနာဂါတ်လူငယ်များ ကျန်းမာပျော်ရွှင်စွာနေ ထိုင်ကြရမည်ဖြစ်ကြောင်း အသိပညာပေးစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

စားသုံးသူကာကွယ်ရေးအသိပညာပေးခြင်း၊ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲပြုလုပ်ကျင်းပ

     ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ညောင်တုန်းမြို့နယ် ဦးစီးမှူး ဦးအောင်လွင်နှင့်ဝန်ထမ်းများသည် (၂၀.၉.၂၀၂၂) နေ့ နံနက် (၁၀:၃၀) အချိန်တွင် ညောင်တုန်း မြို့နယ် ဗောဓိအခြေခံပညာ အလယ်တန်းကျောင်းခွဲတွင် မိတ်ဖက်ဌာနဆိုင်ရာများနှင့်အတူ စားသုံးသူကာကွယ်ပေးရေး အသိပညာပေးခြင်း၊ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲပြု လုပ်ခဲ့ကြပါသည်။

    အဆိုပါဆွေးနွေးဟောပြောရာတွင် မအူပင်ခရိုင် ညောင်တုန်းမြို့နယ်တွင် နိုင်ငံတော်မှ လူငယ်များ၏ပညာရေး၊ ကျန်းမာရေးနှင့် လူငယ်ရေးရာကဏ္ဍကို အထူးအလေးပေး ဖော်ဆောင် လျှက်ရှိရာ ကျောင်းသူ/ ကျောင်းသူ လူရွယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ဘက်စုံ ထူးချွန်စေရန်ရည်ရွယ်၍ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်း၍ ညောင်တုန်းမြို့နယ် ဗောဓိအခြေခံပညာ အလယ်တန်းကျောင်းခွဲတွင် ကျောင်းသား/ကျောင်းသူ (၂၈၅)ဦးကို ဌာနဆိုင်ရာ တို့၏ သိသင့်သော ဗဟုသုတများကို အသိပညာပေးဟောပြောခဲ့ကြပါသည်။

    စားသုံးသူရေးရာဦးစီးဌာန မြို့နယ်ဦးစီးမှူးဦးအောင်လွင်က စားသုံးသူများအနေဖြင့် စားသုံးသူအခွင့်အရေး အသိပြုလိုက်နာရမည့် အချက်များအကြောင်း၊ ကုန်စည်နှင့်ဝန်ဆောင်မှုကို ဝယ်ယူသုံးစွဲရာတွင် နစ်နာဆုံးရှုံးမှုရှိလာပါက ဆက်သွယ်တိုင်ကြားနိုင်သည့် နည်းလမ်းများ၊ ဆက်သွယ်ဆောင်ရွက်နိုင်သည့် လိပ်စာနှင့်ဖုန်းနံပါတ်များ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်း ကိစ္စရပ်များ၊ ကုန်စည်ကို ရွေးချယ်ဝယ်ယူတက်စေရန် အချက်အလက်များ၊ ဈေးကွက်အတွင်းရှိ ကုန်စည်များကို စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းစွာ သုံးစွဲနိုင်ရေး စစ်ဆေးရေးအရာရှိ၏ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ကိစ္စရပ်များ၊ စစ်ဆေးရေးအရာရှိ၏ လုပ်ငန်းတာဝန်များ အကြောင်းကို အကျယ်တဝင့် ရှင်းလင်း ဟောပြောခဲ့ပြီး ကျောင်းသား/ ကျောင်းသူများက သိရှိလို၍ တိုင်ကြားမှု နည်းလမ်းများကိုမေးမြန်းရာ ပြန်လည်ရှင်းလင်းဖြေကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

 

ဓနုဖြူမြို့ ပြင်ကသာ အ.ထ.ကကျောင်းတွင် ကျောင်းမုန့်ဈေးတန်းစစ်ဆေးဆောင်ရွက်ခြင်း

      ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူးရုံး၊ ဓနုဖြူမြို့နယ်တာဝန်ခံသည် မိတ်ဖက်အဖွဲ့အစည်းများဖြစ်သော ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့် ကာယပညာဦးစီးဌာန၊ တိုင်းရင်းဆေးဦးစီးဌာနတို့ ပူးပေါင်း၍ (၂၀.၉.၂၀၂၂)နေ့လယ် (၁၁:၄၀) နာရီမှ (၁၂:၁၅) နာရီအထိ ဓနုဖြူမြို့နယ်ရှိ စာသင်ကျောင်းမုန့်ဈေးတန်းများအား ကွင်းဆင်းစစ်ဆေးခဲ့ကြပါသည်။

     ကျောင်းမုန့်ဈေးတန်းတွင် ကျောင်းချနေသော မုန့်များတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ပါဝင်မှု ရှိမရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြပြီး၊ မုန့်ဈေးတန်းရှိ မုန့်ဆိုင်(၆)ဆိုင်မှ ရောင်းချသူများ အား မိမိတို့ရောင်းချနေသောမုန့်များတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာပါဝင်သော မုန့်များ ထုတ်လုပ်ရက်စွဲ၊ ကုန်ဆုံးရက်စွဲပါဝင်စေရေး၊ စားသုံးရန်မသင့်သော ဆိုးဆေးပါဝင်သော မုန့်များကို ရောင်းချခြင်းမပြုရန်နှင့် မုန့်ရောင်းချသူများ ကျန်းမာရေးစစ်ဆေးမှုပြုလုပ်ရန်၊ တစ်ကိုယ်ရည် သန့်ရှင်းမှုရှိစေရေး အထူးဂရုပြရန်၊ လက်သုပ်မုန့်များကို လက်အိပ်စွပ်ရောင်းချရန်၊ ခြင်၊ ယင် မနားအောင် အုတ်ဆောင်း၊ ဇကာ၊ အဖုံးများဖြင့် စနစ်တကျရောင်းချရန် ၊ FDAဌာနမှ ထုတ်ပြန်ထားသော စားသုံးရန်မသင့်သည့် ကုန်စည်များကိုလည်း လေ့လာမှတ်သားပြီး ရောင်းချခွင့် မပြုကြရန် စားသုံးသူ၊ လုပ်ငန်းရှင်၊ အစိုးရဌာနများ ပူးပေါင်းမှ ဘေးအန္တရာယ်ကင်းသော လူမှုပတ်ဝန်းကျင်တွင် အနာဂတ် လူငယ်များကျန်းမာပျော်ရွှင်စွာ နေထိုင်ကြရမည်ဖြစ်ကြောင်းကို အသိပညာပေး စစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ