သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ဟင်္သာတမြို့  ဈေးကွက်စောင့်ကြည့်ကွင်းဆင်းစစ်ဆေးခြင်း

      ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်တာဝန်ခံသည် (၂၀.၉.၂၀၂၂)ရက်နေ့ နံနက် (၁၀:၀၀)နာရီအချိန်တွင် မြို့နယ်စည်ပင် သာယာရေးအဖွဲ့၊ စိုက်ပျိုးရေးဦးစီးဌာနများနှင့်ပူးပေါင်း၍ ဟင်္သာတမြို့‌ပေါ်ရှိ မျိုးစေ့အရောင်းဆိုင် များ၊ ပိုးသတ်ဆေးနှင့် ဓါတ်မြေဩဇာ အရောင်းဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

      ထိုသို့ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် ဈေးကွက်အတွင်းရောင်းချနေသော ကုန်စည်များသည် ဝယ်ယူ စားသုံးသူမိဘပြည်သူများအား ဘေးအန္တရာယ်မဖြစ်စေရန်နှင့် ကုန်စည်များပေါ်တွင် ကုန်အညွှန်းအမှတ်အသားများကို မြန်မာဘာသာဖြင့် (သို့) မြန်မာဘာသာနှင့် အခြားဘာသာတွဲလျက် ဖော်ပြထားသောကုန်စည်များကို ရောင်းချခြင်းရှိ/မရှိ စစ်ဆေးခဲ့ပြီး၊ ဆိုင်ပိုင်ရှင်များ လိုက်နာရမည့်အချက်များ၊ စားသုံးသူကာ ကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များအကြောင်း အသိပညာပေးဆွေးနွေးခဲ့ပြီး၊ ကုန်မျိုး စုံဆိုင်(၄)ဆိုင်အားစစ်ဆေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(ဧရာဝတီ)

တောင်တွင်းကြီးမြို့နယ်၊ ချောက်ကြားကျေးရွာ အခြေခံပညာအထက်တန်းကျောင်းခွဲ၌ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းဆောင်ရွက်

      စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်‌ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသ ကြီး၊ တိုင်းဒေသကြီးဦးစီးမှူးနှင့် မကွေးခရိုင်ခရိုင်ဦးစီးမှူး၏ လမ်းညွှန်ချက်ဖြင့် တောင်တွင်းကြီးမြို့နယ် ဦးစီးမှူး ဒေါ်ဌေးဌေးသည် စားသုံးသူများ ဘေးကင်းလုံခြုံစိတ်ချမှုရှိစေရေးအတွက် (၁၄.၉.၂၀၂၂)ရက်နေ့ နံနက် (၁၁း၃၀)နာရီအချိန်တွင် တောင်တွင်းကြီးမြို့နယ် ချောက်ကြားကျေးရွာ အခြေခံပညာ အထက်တန်းကျောင်းခွဲအတွင်းရှိ စျေးဆိုင်များသို့ သွားရောက်၍  ထုတ်ကုန်များ ဘေးကင်းလုံခြုံ စိတ်ချမှုဆိုင်ရာ (ကုန်အညွှန်းအမှတ်အသားဖော်ပြမှုတွင် မြန်မာဘာသာဖြင့် ပြည့်စုံစွာ ဖော်ပြထားမှု ရှိ/မရှိ ) စျေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

     ထုတ်လုပ်ဖြန့်ဖြူးရောင်းဝယ်ဖောက်ကားသူ စျေးဆိုင်ပိုင်ရှင်များကို စားသုံးသူကာကွယ်ရေး ဥပဒေတွင်ပါရှိသော စီးပွားရေလုပ်ငန်းရှင်၏ တာဝန်များနှင့် အခန်း(၁၈)ပါ ပုဒ်မ (၄၁) (၄၃) အရ ကုန်အညွှန်းအမှတ်အသားများဖော်ပြရာတွင် မြန်မာဘာသာဖြင့် ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြား ဘာသာတစ်ခု(သို့မဟုတ်)တစ်ခုထက်ပို၍ တွဲလျှက်ဖြစ်စေ ရေးသားဖော်ပြထားသော ကုန်ပစ္စည်း များကိုသာ စားသုံးသူများဘေးကင်းလုံခြုံစိတ်ချရမှုရှိစေရေးအတွက် ရောင်းချဖြန့်ဖြူးရမည် ဖြစ်ကြောင်း၊ ကုန်စည်ကြောင့်စားသုံးသူများအနေဖြင့် ထိခိုက်နစ်နာမှုရှိပါက တာဝန်ယူဖြေရှင်းပေးရမည် ဖြစ်ပြီး အာမခံမှုနှင့်အညီ ဆောင်ရွက်ပေးမှုမရှိပါက စားသုံးသူမှတိုင်ကြားနိုင်သည့် အခွင့်အရေးရှိပြီး တိုင်ကြားနိုင်သည့်နည်းလမ်းများ၊ ဌာနနှင့် စားသုံးသူကာကွယ်ရေးကော်မတီတို့၏ စီမံခန့်ခွဲရေး နည်းလမ်းအရ အရေးယူနိုင်သည့်အချက်အလက်များအား အသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

DOCA(မကွေး)

မကွေးမြို့၊ စစ်မှုထမ်းဟောင်းအိမ်ရာနှင့် အေးမြသာယာကျေးရွာတို့၌ ကုမ္ပဏီများမှ ဖြန့်ဖြူးရောင်းချသော စားသုံးဆီများအား စျေးကားဖြင့် ရောင်းချမှု ကွင်းဆင်းကြီးကြပ်ခြင်း

 စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် စားသုံးဆီတင်သွင်း၊ သိုလှောင်၊ ဖြန့်ဖြူး ခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီကို ဖွဲ့စည်းပြီး ပြည်ပမှ တင်သွင်းလာသည့် စားသုံးဆီများ သတ်မှတ် အရည်အသွေး၊ စံချိန်စံညွှန်းများနှင့် ပြည့်မီစေရေး၊ စားသုံးသူပြည်သူများ ကျန်းမာရေး နှင့်ညီ ညွတ်သော စားသုံးဆီများကို သုံးစွဲနိုင်ရေး၊ စျေးနှုန်းတည်ငြိမ်စွာဖြင့် ဝယ်ယူစားသုံးနိုင် ရေး၊ စားအုန်းဆီ ကမ္ဘာ့စျေးနှုန်းဖြစ်ပေါ်ပြောင်းလဲမှုနှင့်အညီ ပြည်တွင်း၌ ဖြစ်သင့်ဖြစ်ထိုက်သည့် စျေးနှုန်းများ ဖြစ်ပေါ်စေ ရေး ထိန်းကျောင်းဆောင်ရွက်လျက်ရှိရာ မကွေးတိုင်းဒေသကြီး၊ စားသုံးသူရေးရာ ဦးစီး ဌာန ၊ တိုင်းဒေသ ကြီးဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် (၁၅.၉.၂၀၂၂)ရက်နေ့ (၁၅း၀၀)နာရီအချိန်တွင် မကွေးမြို့စစ်မှုထမ်းဟောင်း အိမ်ရာ၌လည်းကောင်း၊ (၁၆း၃၀)နာရီအချိန်တွင် မကွေးမြို့၊ အေးမြသာယာကျေးရွာ၌ လည်းကောင်း၊ ကုမ္ပဏီများမှ ဖြန့်ဖြူးရောင်းချပေးသော စားသုံးဆီများကို မကွေးတိုင်းဒေသကြီး ဆီကုန်သည်များနှင့် ဆီလုပ်ငန်းရှင်များ အသင်းမှ စျေးကား(၂)စီးဖြင့် စားအုန်းဆီ (၁)ပိဿာ (၅၆၀၀ိ/-)ကျပ်နှုန်းဖြင့် လူတစ်ဦး လျှင် (၁)ပိဿာနှုန်း ‌ရောင်းချပေးမှုအား မကွေးခရိုင်ဦးစီးမှူးရုံးမှ ဒု-ခရိုင်ဦးစီးမှူး ဦးမျိုးဝင်း (ဦးစီးမှူး)နှင့် ဦးဟာခေါဂေ (ဒု-ဦးစီးမှူး)တို့မှ သွား ရောက်ကြီးကြပ်ပူးပေါင်းဆောင်ရွက်ခဲ့ပါသည်။

 ထိုသို့ ကွင်းဆင်းကြီးကြပ်‌ဆောင်ရွက်ရာ၌ စားသုံးသူပြည်သူများ အဆင်ပြေချောမွေ့စွာ ဝယ်ယူ နိုင်ရေး၊ စားအုန်းဆီစျေးနှုန်းများမှန်ကန်ရေး၊ အလေးချိန်ပြည့်ဝမှန်ကန်မှုရှိစေရေး၊ စားအုန်းဆီ ဝယ်ယူ ရာတွင် တန်းစီစနစ်ဖြင့် စနစ်တကျရှိစေရေး ကြီးကြပ်ပူးပေါင်းဆောင်ရွက်ခဲ့ပြီး ပြည်သူများမှ လည်း ကုန်ဈေးနှုန်းကြီးမြင့်နေချိန် ယခုကဲ့သို့ ဈေးနှုန်းသက်သာစွာဝယ်ယူရရှိအောင် ဆောင်ရွက်ပေးသည့် စားသုံးသူရေးရာဦးစီးဌာနနှင့် မကွေးတိုင်းဒေသကြီး ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းအား ကျေးဇူးတင်ပါကြောင်း  ပြောကြားခဲ့ပါသည်။

DOCA(မကွေး)

မကွေးမြို့၊ ကန်သာစျေး၌ စားသုံးရန်မသင့်သော စားသောက်ကုန်များနှင့် ကုန်အညွှန်းအမှတ်အသားပြည်စုံမှုမရှိသော ကုန်စည်များ ရောင်းချမှု ရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

     မကွေးတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာန၊ မကွေးခရိုင်ဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် မကွေးခရိုင်ဦးစီးမှူးရုံးမှ ဒု-ခရိုင်ဦးစီးမှူး ဦးမျိုးဝင်း (မကွေးမြို့နယ် တာဝန်ခံ)နှင့် ခရိုင်ရုံးမှ ဝန်ထမ်း(၃)ဦးတို့သည် (၁၄.၉.၂၀၂၂)ရက်နေ့ နံနက်(၁၀း၀၀)မှ (၁၁း၃၀)နာရီအချိန်ထိ မကွေးမြို့၊ ကန်သာစျေး၌  အစားအသောက် နှင့်ဆေးဝါး ကွပ်ကဲရေး ဦးစီးဌာန(FDA)မှ စျေးကွက်အတွင်း နမူနာကောက်ယူ၍ ဓါတ်ခွဲစမ်းသပ်ပြီး Sodium Cyclamate ၊ Benzoic Acid သတ်မှတ် ပမာဏထက်ကျော်လွန်နေသော ခွင့်မပြုဆိုးဆေး ပါဝင်နေသော စားသောက်ကုန်များအား စျေးကွက်အတွင်း ရောင်းချမှုရှိ/မရှိ ၊ စျေးကွက်လက်ကျန်မရှိစေရေး၊ စျေးကွက်အတွင်းရှိ ကုန်စည်များ၌ စားသုံးသူရေးရာဦးစီးဌာနမှ ပြဌာန်းထားသော စားသုံးသူ ကာကွယ်ရေး  ဥပဒေ -၂၀၁၉ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှန်ကန်စွာ မပါဝင်သော ကုန်စည်များ ရောင်းချမှု ရှိ/မရှိ အား စစ်ဆေး ခဲ့ပါသည်။

  ထိုသို့ စျေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် မိတ်ဖက်ဌာနများဖြစ်သော အထွေထွေအုပ်ချုပ် ရေးဦးစီးဌာန၊ စည်ပင်သာရေးအဖွဲ့တို့နှင့် ပူးပေါင်းဆောင်ရွက်ခဲ့ပြီး မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေး ကော်မတီ ညွှန်ကြားချက် အမှတ် (၂/၂၀၁၉)ပါ လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

 

ဖျာပုံမြို့ အမှတ်(၅) (အမက)ကျောင်းတွင် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြော ခြင်းနှင့် ကျောင်းမုန့်ဈေးတန်းစစ်ဆေး

      ဧရာဝတီတိုင်းဒေသကြီး၊   စားသုံးသူရေးရာဦးစီးဌာန၊ ဖျာပုံမြို့နယ်တာဝန်ခံရုံးမှ ဝန်ထမ်းများသည်   မြို့နယ်ပညာရေးဦးစီးဌာနတို့    ပူးပေါင်း၍ စက်တင်ဘာလ( ၁၉ )ရက်နေ့၊   နံနက်(၁၀:၀၀)နာရီတွင်    အခြေခံပညာမူလတန်းကျောင်း  အမှတ် (၅) ဇီဝကာရာမ (၁၁) ရပ်ကွက်၌ ဆရာ/ဆရာမ (၆) ဦး ကျောင်းသား / ကျောင်းသူ (၁၀၁)ဦးတို့အား စားသုံးသူ ကာကွယ်ရေး အသိပညာပေးဟောပြောခဲ့ပါသည်။

      အဆိုပါဟောပြောပွဲတွင်  ဒုတိယခရိုင်ဦးစီးမှူး   ဦးစိုးမင်းထိုက်က   စားသုံးသူကာကွယ်ရေး ဥပဒေပါ ကုန်အညွှန်းအမှတ်အသား  ဖော်ပြခြင်းဆိုင်ရာများကိုလည်းကောင်း၊   မြို့နယ်တာဝန်ခံ ဦးမင်းဇော်က စားသုံးသူအခွင့်အရေးနှင့် တာဝန်များ၊ တားမြစ်ထားသောကုန်စည်များ ၊ စားသုံးသူ ဆုံးရှုံးနစ်နာမှုရှိပါက တိုင်ကြားနိုင်မှုတို့ကို အသိပညာပေး ဟောပြောခဲ့ပြီး  လက်ကမ်းစာစောင်များ ဝေငှခဲ့ကြောင်း သိရသည်။

       ထို့နောက် ကျောင်းမုန့်ဈေးတွင် ရောင်းချနေသော မုန့်ပဲသရေစာများအား စစ်ဆေးခဲ့ပြီး လိုအပ်သည်များအား အသိပညာပေးဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

 

 

ပုဂ္ဂလိကစက်မှုလုပ်ငန်းကြီးကြပ်ရေးအဖွဲ့မှ စက်မှုမှတ်ပုံတင်ခွင့်ပြုရန် လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်

    ဧရာဝတီတိုင်းဒေသကြီး ပုဂ္ဂလိကစက်မှုလုပ်ငန်းကြီးကြပ်ရေးအဖွဲ့မှ ကွင်းဆင်စစ်ဆေးပြီးသော လုပ်ငန်း(၃၂)ခုအား ပုဂ္ဂလိက စက်မှုမှတ်ပုံတင်ခွင့်ပြုရန် သက်ဆိုင်ရာ ဌာနဆိုင်ရာများ ပါဝင် သော လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ၁၆.၉.၂၀၂၂ ရက်နေ့ မွန်းလွဲ ၁၄:၀၀နာရီ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနတိုင်းဒေသကြီး ဦးစီးမှူးရုံး အစည်း အဝေးခန်းမတွင် ကျင်းပပြု လုပ် ခဲ့ပါသည်။

     ပုဂ္ဂလိကစက်မှုမှတ်ပုံတင်ခွင့်ပေးရန်အတွက် အစားအစာထုတ်လုပ်ခြင်း အကြီးစား လုပ်ငန်း (၁၀)ခု၊ အစားအစာထုတ်လုပ်ခြင်းအလတ်စားလုပ်ငန်း(၁၆)ခု၊ ရော်ဘာနှင့် ပလပ်စတစ် ပစ္စည်းထုတ် လုပ်မှုအကြီးစား(၁)ခု၊ ဓာတုဗေဒပစ္စည်းများနှင့် ဓါတုဗေဒထုတ်ကုန်များ ထုတ်လုပ်ခြင်းအကြီးစား (၁)ခု၊ အဖျော်ယကာများထုတ်လုပ်ခြင်းအကြီးစား(၁)ခု၊ အခြား ကုန်ပစ္စည်းများထုတ်လုပ်ခြင်း၊ အကြီးစား (၁)ခု၊ စက်နှင့်စက်ပစ္စည်းများထုတ်လုပ်မှု အငယ် စား(၂)ခု စုစုပေါင်းလုပ်ငန်း(၃၂)ခုအတွက် ပုဂ္ဂလိကစက်မှုလုပ်ငန်း ဥပဒေပုဒ်မ (၂)ပုဒ်မခွဲ(က)နှင့် ပုဒ်မ(၄)၊ပုဒ်မခွဲ(က)နှင့်အညီ စက်မှုလုပ်ငန်းမှတ်ပုံတင်ရန် လျှောက်ထားလာသော လုပ်ငန်းများ အား ပုဂ္ဂလိကစက်မှုလုပ်ငန်းကြီးကြပ်ရေးအဖွဲ့မှ ကွင်းဆင်းစစ်ဆေး ခဲ့ကြောင်းသိရသည်။

   တက်ရောက်လာသောအဖွဲ့ဝင်တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများဖြစ်သည့်တိုင်းဒေသကြီးစားသုံးသူရေးရာဦးစီးဌာန၊ သစ်တောဦးစီးဌာန၊ စီမံကိန်းရေးဆွဲရေးဦးစီးဌာန၊ အလုပ်ရုံနှင့် အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာန၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ ပြည်တွင်းအခွန် များဦးစီးဌာန၊ မီးသတ်ဦးစီးဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနနှင့် တိုင်းဒေသကြီးစည်ပင်သာယာရေး အဖွဲ့ တို့မှလည်း ကွင်းဆင်းစစ်ဆေးပြီး၊ ပုဂ္ဂလိကစက်မှုမှတ်ပုံတင်ခွင့်ပြုရန် တင်ပြလာသော လုပ်ငန်း (၃၂)ခုအား သက်ဆိုင်ရာဌာနများ၏ ရုံးလုပ်ထုံးလုပ်နည်းများနှင့်အညီစီစစ်၍ မှတ်ပုံတင်ခွင့်ပြုရန် ထောက်ခံတင်ပြ ဆွေးနွေးခဲ့ ကြောင်းသိရသည်။

DOCA(ဧရာဝတီ)

 

ဧရာဝတီတိုင်းဒေသကြီး ပြည်ပပို့ကုန် ငါးရှဉ့်ဈေးကွက်  ပုံမှန်အရောင်းအဝယ်ဖြစ်

    ဧရာဝတီတိုင်းဒေသကြီး၏ထွက်ကုန်များတွင် ပြည်ပဈေးကွက်ဝင် ငါးရှဉ့်များကို နှစ်ပတ်လည် တင်ပို့ရောင်းချလျက်ရှိသော်လည်း ပွင့်လင်းရာသီထက် ယခုလိုမိုးတွင်းတွင် ငါးရှဉ့်များ ပိုမိုဝင် ရောက်လျှက်ရှိပြီး ဇွန်လမှနိုဝင်ဘာလအထိ ဈေးကွက်မှာတင်ပို့မှုများ၍ ဒီဇင်ဘာလ နောက်ပိုင်း ငါးရှဉ့်အဝင်နည်းသွားကြောင်း ပုသိမ်ဈေးကွက်မှတင်ပို့သော ငါးရှဉ့်များမှာ ပါးနီပါးမွဲ (၂)မျိုးသာ Export ဈေးကွက်တင်ပို့လျက် ကျန်းမာရေးအတွက် သွေးအားကောင်းပြီး ဆေးဖက်ဝင်အစားအစာ အဖြစ်ပြည်ပနိုင်ငံများတွင် လူကြိုက်များမှုရှိကြောင်း ပြည်တွင်းမှာ ပြည်တွင်းစားသုံးမှုနှင့် ဟိုတယ်စာအဖြစ် စားသုံးလျှက်ရှိကြောင်း ဈေးကွက်မှသိရသည်။

 ပုသိမ်ဈေးကွက်သို့ ပုသိမ်မြို့နယ် သာပေါင်းနယ်၊ ငပုတောမြို့နယ်များရှိကျေးရွာများမှ အဝယ်ဒိုင်သို့ အဓိကလာရောက်ရောင်းချလျှက်ရှိပြီး အကောင်အကြီး/အသေးပေါ်မူတည်၍ တစ်ပိဿာလျှင် (၇၀၀ဝိ/-)၊(၉၀၀ဝိ/-)၊(၁၀၀၀ဝိ/-)ကျပ်ဈေးနှုန်းဖြင့် ဝယ်ယူလျှက် ဝယ်ယူထားသော ငါးရှဉ့်များကို ရေနှစ်ထပ်သုံးထပ်လဲလှယ်၍ ငါးရှဉ့်အသေများကိုဖယ်ပြီး ဖော့ပုံးများတွင်(၂၅)ပိဿာခန့်   ထည့်သွင်း၍ ဧရာဝတီတိုင်းဆားမလောက်ငါးရှဉ့်အဝယ်ဒိုင်နှင့် ရန်ကုန်မြို့ ရှိ စံပြဈေး၊ လှိုင်သာယာ၊ အင်းစိန်မြို့နယ် ကြို့ကုန်းငါးရှဉ့်အဝယ်ဒိုင်ကြီးများသို့ တင်ပို့ရောင်းချ လျှက် ရန်ကုန်-မူဆယ်မှတဆင့် တရုတ်နိုင်ငံသို့ တင်ပို့ရောင်းချလျှက်ရှိကြောင်း ပုသိမ်မြို့ရှိ ငါးရှဉ့်လုပ်ငန်းရှင် ဦးစိုးနိုင်ထံမှ သိရသည်။

    ငါးရှဉ့်မျိုးများထိန်းသိမ်းရန် ငါးလုပ်ငန်းဦးစီးဌာနမှ  အရွယ်အစား သတ်မှတ်ထားပြီး (5cm) လုံးပတ်အထက်သာ ဖမ်းဆီးတင်ပို့ရောင်းချခွင့်ရှိပြီး၊ ပြည်ပဈေးကွက်တွင် 8cm အထက်သာ Export တန်းဝင်၍ ပုသိမ်ဈေးကွက်မှ တစ်လလျှင်ငါးရှဉ့်ပိဿာချိန် ၅၀၀ ဝန်းကျင် ဈေးကွက်သို့တင်ပို့ရောင်း ချလျှက်ရှိကြောင်းလုပ်ငန်းရှင်ထံမှသိရသည်။

DOCA(ဧရာဝတီ)

 

ဟင်္သာတမြို့ ဌေးဝင်းဈေးအတွင်း ဈေးကွက်စောင့်ကြည့် ကွင်းဆင်းစစ်ဆေးခြင်း

    ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးရေးရာဦးစီးဌာန၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်တာဝန်ခံသည် (၂၀.၉.၂၀၂၂)ရက်နေ့၊နံနက်(၀၈:၃၀)နာရီအချိန်တွင် ဌေးဝင်းဈေးအတွင်းရှိ ကုန်မျိုးစုံဆိုင်များအား FDA၊ စည်ပင်သာယာရေးအဖွဲ့နှင့် ပူးပေါင်း၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများဆောင်ရွက်ခဲ့ပါသည်။

   ထိုသို့ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် ဈေးကွက်အတွင်းရောင်းချနေသော ကုန်စည်များသည် ဝယ်ယူစားသုံးသူ မိဘပြည်သူများအား ဘေးအန္တရာယ်မဖြစ်စေရန်နှင့် ကုန်စည်များပေါ်တွင် ကုန်စည်၏ အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်၊ အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ သုံးစွဲပုံနည်းလမ်း၊ ကျန်းမာရေးဆိုင်ရာအချက်များနှင့် သက်ဆိုင်ရာဌာနများ၏ သတ်မှတ်ထောက်ခံချက်များနှင့် ကုန်အညွှန်းအမှတ်အသားများကို မြန်မာဘာသာဖြင့် (သို့) မြန်မာဘာသာနှင့် အခြားဘာသာတွဲလျက် ဖော်ပြထားသောကုန်စည်များ ရောင်းချခြင်းရှိ/မရှိ စစ်ဆေးခဲ့ပြီး၊ ဆိုင်ပိုင်ရှင်များ လိုက်နာရမည့်အချက်များ၊ စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များအကြောင်း အသိပညာပေး ဆွေးနွေးခဲ့ပြီး၊ ကုန်မျိုး စုံဆိုင်(၅)ဆိုင်အား စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

တရားမဝင်ကုန်စည်များအား ကွင်းဆင်းစစ်ဆေးခြင်း

   ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်၊ အိုင်သပြုလမ်းဆုံတွင် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့သည်(၂၀.၉.၂၀၂၂)ရက်နေ့ နံနက်(၀၉:၃၀) နာရီအချိန်၌ တရားမဝင်ကုန်စည်များ သယ်ယူပို့ ဆောင်ခြင်း ရှိ/မရှိကို ရှောင်တခင်ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

    ဒေသတွင်းရှိ အသေးစား၊ အလတ်စား၊ အငယ်စား စီးပွားရေးလုပ်ငန်းများ ဈေးကွက်တွင် မျှတစွာ ယှဉ်ပြိုင်ရပ်တည်နိုင်ပြီး၊ စားသုံးသူများအား ကာကွယ်ပေးနိုင်ရေး၊ တရားမဝင်ကုန်သွယ်မှုများ၏ အန္တရာယ်နှင့် တရားမဝင်ကုန်သွယ်မှုကြောင့် ဒေသတွင်း ထိခိုက်မှုမရှိစေရေး ရည်ရွယ်၍ စစ်ဆေးခြင်းဖြစ် ပြီး မော်တော်ဆိုင်ကယ်များ၊ ကုန်တင်ယာဉ်များ၊ ခရီးသည်ယာဉ်များနှင့် ဆီတင်ယာဉ်များတွင် သယ်ဆောင်လာသော ကုန်စည်နှင့် ကုန်ပို့လွှာများ ကိုက်ညီမှု ရှိ/မရှိစစ်ဆေးပြီး စုစုပေါင်းမော်တော်ယာဉ် (၅၀)စီးအား စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

ကြံခင်းမြို့ ဈေးကွက်စောင့်ကြည့် ကွင်းဆင်းစစ်ဆေးခြင်း

    ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်တာဝန်ခံသည် (၂၀.၉.၂၀၂၂)ရက်နေ့ နေ့လယ် (၁၃:၀၀)နာရီအချိန်တွင် မြို့နယ်စည်ပင် သာယာရေးအဖွဲ့၊ စိုက်ပျိုးရေးဦးစီးဌာနများနှင့်ပူးပေါင်း၍ ကြံခင်းမြို့မဈေးအတွင်းရှိ မျိုးစေ့အရောင်းဆိုင်များ၊ ပိုးသတ်ဆေးနှင့် ဓါတ်မြေဩဇာ အရောင်းဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

   ထိုသို့ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် ဈေးကွက်အတွင်းရောင်းချနေသော ကုန်စည်များသည် ဝယ်ယူ စားသုံးသူမိဘပြည်သူများအား ဘေးအန္တရာယ်မဖြစ်စေရန်နှင့် ကုန်စည်များပေါ်တွင် ကုန်အညွှန်းအမှတ် အသားများကို မြန်မာဘာသာဖြင့် (သို့) မြန်မာဘာသာနှင့် အခြားဘာသာတွဲလျက် ဖော်ပြထားသောကုန် စည်များကို ရောင်းချခြင်းရှိ/မရှိ စစ်ဆေးခဲ့ပြီး၊ ဆိုင်ပိုင်ရှင်များ လိုက်နာရမည့်အချက်များ၊ စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များအကြောင်း အသိပညာပေးဆွေးနွေးခဲ့ပြီး၊ ကုန်မျိုး စုံဆိုင်(၄)ဆိုင်အားစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ