သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

“ သုံးခွမြို့နယ် အ.ထ.က(၁) စာသင်ကျောင်းတွင် စားသုံးသူအသိပညာပေး ဟောပြောပွဲ ကျင်းပခြင်း ”

   စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ သုံးခွမြို့နယ်တာဝန်ခံ ဒေါ်စန်းစန်းမော်သည် စက်တင်ဘာလ(၅)ရက်နေ့၊ နေ့လယ်(၁၁:၀၀)နာရီအချိန်တွင် သုံးခွမြို့နယ်၊ အမှတ်(၅) ရပ်ကွက်ရှိ အ.ထ.က(၁) စာသင်ကျောင်းတွင် စားသုံးသူအသိပညာပေး ဟောပြောခဲ့ကြောင်း သိရသည်။

   အဆိုပါဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ် စားသုံးသူရေးရာဦးစီးဌာနနှင့် မြို့နယ်အား/ကာဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကျင်းပခဲ့ရာ ရှေးဦးစွာကျောင်းအုပ်ဆရာမကြီးက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်တင်တင်ထွေးမှ စာဖတ်ရှိန်မြှင့်တင်ရေးအတွက် အသိပညာဗဟုသုတရရှိမည့်စာပေများအား ဖတ်ရှုလေ့လာကြရန် စာဖတ်ခြင်းကြောင့် ရရှိလာမည့်အကျိုးကျေးဇူးများအကြောင်း၊ လူငယ်နှင့်မူးယစ်ဆေးဝါး အန္တရာယ်များအကြောင်း သိကောင်းစရာများပြောကြားခဲ့ကြောင်း သိရသည်။ ထို့နောက် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဒေါ်စန်းစန်းမော်မှ ဝန်ကြီးဌာနနှင့်စားသုံးသူရေးရာဦးစီးဌာနအကြောင်း၊ ဌာန၏လုပ်ငန်းဆောင်ရွက်ချက်များနှင့် စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူ၏အခွင့်အရေးနှင့် တာဝန်များ၊ နစ်နာဆုံးရှုံးမှုများနှင့်စပ်လျဉ်း၍ တိုင်ကြားနိုင်မည့် နည်းလမ်းများ၊ ကုန်အညွှန်း အမှတ်အသားဆိုင်ရာအချက်အလက်များမှ မြန်မာဘာသာဖြင့် မဖြစ်မနေဖော်ပြရမည့် အချက်များအား ရှင်းလင်းပြောကြားခြင်းအပြင် အွန်လိုင်းမှတစ်ဆင့် ဝယ်ယူခြင်းနှင့်စပ်လျဉ်း၍ စားသုံးသူများ စိစစ်သင့်သည့် အချက်အလက်များအကြောင်း၊ မှတ်ပုံတင်ထားသည့်အွန်လိုင်းရောင်းချမှု လုပ်ငန်းများမှ ဈေးဝယ်ယူခြင်းဖြင့် ရရှိလာမည့် အကျိုးရလဒ်များအကြောင်း၊ အားသာချက်နှင့် အားနည်းချက်များအကြောင်း၊ တိုင်ကြားမှု ဖြေရှင်း သည့်နည်းလမ်းများအကြောင်း အသိပညာပေး ဟောပြောခဲ့ကြောင်း သိရသည်။ ဆက်လက်၍မြို့နယ်အားကာမှူးမှ လူငယ်နှင့်အားကစားနည်းအကြောင်း၊ စာပေဗဟုသုတအပြင် ကျန်းမာကြံ့ခိုင်စေရန် ကိုယ်လက်လှုပ်ရှားအားကစားများ ပြုလုပ်ကြစေလိုကြောင်း ဟောပြောဆွေးနွေးခဲ့ပြီး ကျောင်းအုပ်ဆရာမကြီးမှ နိဂုံးချုပ်စကား ပြောကြားခဲ့ရာတွင် ကျောင်းသား/ သူများအား ဌာနဆိုင်ရာများမှ ပူးပေါင်း၍ အသိပညာပေး ဟောပြောဆွေးနွေးမှုများအား  သေချာစွာလေ့လာမှတ်သားထားကြရန် ကျောင်းစည်းကမ်းများကိုလည်း လိုက်နာကျင့်သုံးကြရန် ပြောကြားခဲကြောင်း သိရသည်။

   အဆိုပါအသိပညာပေးဟောပြောပွဲတွင် ဆရာ/မ (၈)ဦး၊ ကျောင်းသား/သူ (၁၃၅)ဦး စုစုပေါင်း (၁၄၃)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

DOCA(ရန်ကုန်)

“ သုံးခွမြို့နယ်တွင် ဆန်ဆိုင်များသို့ ကွင်းဆင်းစစ်ဆေးခြင်း ”

    ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သုံးခွမြို့နယ် စည်ပင်သာယာမြို့မဈေးအတွင်းရှိ ဆန်ဆိုင်များသို့ ရုံးချုပ်၏ညွှန်ကြားချက်နှင့်အညီ ဈေးကွက်အတွင်း ဆန်ရောင်းချနေမှု အခြေအနေများအား ဆက်စပ်ဌာနများနှင့်ပူးပေါင်း၍ စက်တင်ဘာလ(၄)ရက်နေ့၊ နေ့လယ်(၁၅:၀၀) အချိန်တွင် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

    အဆိုပါကွင်းဆင်းစစ်ဆေးရာတွင် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဒေါ်စန်းစန်းမော်နှင့် ဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဝန်ထမ်းများသည် သုံးခွမြို့စည်ပင်သာယာမြို့မဈေးအတွင်းရှိ ကျော်ဆန်ဆိုင်၊ ငြိမ်းချမ်းဆန်ဆိုင်နှင့် ရောမင်း ဆန်ဆိုင် တို့တွင် ရောင်းချနေသည့် ဆန်အမျိုးအစားအလိုက် ဈေးနှုန်းများအား ကွင်းဆင်း စစ်ဆေးခဲ့ရာတွင် ဆန်အများစုမှာ ဘုရင့်နောင်ပွဲရုံမှ ဝယ်ယူရောင်းချကြောင်း အနည်းစုမှာ ဒေသအတွင်းမှ ဝယ်ယူရောင်းချကြောင်း သိရပြီး သတ်မှတ်စျေးနှုန်းထက် မြှင့်တင်‌ရောင်းချခြင်း မပြုရန်နှင့် ပစ္စည်းပြတ်လပ်မှုမရှိစေရေးဆောင်ရွက်ရန် ဆွေးနွေးပြောကြားခဲ့ကြောင်း သိရပါသည်။

DOCA(ရန်ကုန်)

“ သုံးခွမြို့နယ်အတွင်းရှိ ဆေးဆိုင်များတွင် ဆေးဝါးများပြတ်လပ်မှု ရှိ/မရှိနှင့် ဈေးနှုန်းမြှင့်တင်ရောင်းချမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်း ”

     ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သုံးခွမြို့နယ်အတွင်းရှိ ရပ်ကွက်ဈေးဆိုင်များသို့ စားသုံးသူရေးရာဦးစီးဌာန၊ ရုံးချုပ်၏ညွှန်ကြားချက်နှင့်အညီ ဈေးကွက်အတွင်း ဆေးဝါးများ ပြတ်လပ်မှုရှိ/မရှိနှင့် ဈေးနှုန်းမြှင့်တင်ရောင်းချမှု ရှိ/မရှိတို့ကို စက်တင်ဘာလ(၄)ရက်နေ့၊ နေ့လယ်(၁၃:၀၀)နာရီအချိန်တွင် မိတ်ဖက်ဌာနများနှင့်ပူးပေါင်း၍ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

     အဆိုပါကွင်းဆင်းစစ်ဆေးမှုတွင် သုံးခွမြို့နယ်တာဝန်ခံ ဒေါ်စန်းစန်းမော်နှင့်ဝန်ထမ်းများ၊ မြို့နယ် ပြည်သူ့ကျန်းမာရေးဌာနမှဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှဝန်ထမ်းများသည် အမှတ်(၆၈/၅)၊ အောင်ဇေယျလမ်း၊ (၄)ရပ်ကွက်ရှိ နေခြည်ဆေးဆိုင်၊ အောင်ဇေယျလမ်း၊ (၄)ရပ်ကွက်ရှိ ကောင်းမွန်ဆေးဆိုင်နှင့် ဟောင်ကောင်ဆေးဆိုင်များတွင် ဆီးချိုထိန်း ဆေးဝါးများနှင့် သွေးဆေးဝါးများပြတ်လပ်မှုရှိ/မရှိနှင့် ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းရှိ/မရှိတို့အား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

DOCA(ရန်ကုန်)

“Honey Bakery” ကိတ်မုန့်/ ပေါင်မုန့်လုပ်ငန်းအား ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေး ကွင်းဆင်းစစ်ဆေးခြင်း

    ၂၀၂၄ခုနှစ်၊ စက်တင်ဘာလ (၅)ရက်နေ့၊ နေ့လယ် (၁၃:၀၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ဒုတိယပြည်နယ်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူးနှင့် ဝန်ထမ်းများသည် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ဝန်ထမ်းများနှင့်ပူးပေါင်း၍ ကျိုင်းတုံမြို့၊ ရပ်ကွက် (၅)၊ ကန်နားလုံရပ်ကွက်အတွင်းရှိ “Honey Bakery” တံဆိပ် ကိတ်မုန့်/ ပေါင်မုန့်လုပ်ငန်းအား ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရန်အတွက် ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

     ထိုသို့စစ်ဆေးရာတွင် “Honey Bakery” တံဆိပ် ကိတ်မုန့်/ ပေါင်မုန့်သည် စားသုံးသူကာကွယ်ရေး ဥပဒေအခန်း (၁၈)ပါ “ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်း”နှင့် ပတ်သက်၍ ပြည့်စုံစွာဖော်ပြထားပြီး ထုတ်ကုန်များကိုလည်း သန့်ရှင်းသပ်ရပ်စွာထုတ်လုပ်ဖြန့်ချိသည်ကို စစ်ဆေးတွေ့ရှိရပါသည်။ ထို့နောက် စစ်ဆေးရေးမှူးနှင့် ဌာနဆိုင်ရာဝန်ထမ်းများသည် “Honey Bakery” တံဆိပ် ကိတ်မုန့်/ ပေါင်မုန့် ထုတ်လုပ်သည့်လုပ်ငန်းရှင်အား စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းစေရေးကို အလေးထားဆောင်ရွက်ရန်၊ သက်ဆိုင်ရာဌာနများ၏ လုပ်ငန်းလိုင်စင်နှင့် ထောက်ခံချက်များပြုလုပ်ရန်၊ လုပ်ငန်းတွင်အသုံးပြုသော စက်ပစ္စည်းများကို သန့်ရှင်းရေးပုံမှန် ပြုလုပ်ပေးရန်နှင့် စားသုံးသူကာကွယ်ရေးဥပဒေအခန်း(၁၀)ပါ “စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ” ကို လိုက်နာဆောင်ရွက်ရန် ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

 DOCA(ရှမ်း)

City Mart များရှိ ဆန်ဈေးနှုန်းများ ကြီးကြပ်ဆောင်ရွက်ခြင်း

     စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ ဈေးကွက်အတွင်း သတ်မှတ်ရည်ညွှန်းဈေးနှုန်းများအတိုင်း ‌ရောင်းချခြင်းရှိ/ မရှိကို ကွင်းဆင်းစိစစ်ကြပ်မတ်သွားရန်  ညွှန်ကြားချက်အရ အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက  ဈေးကွက်အတွင်း (၅.၉.၂၀၂၄) ရက်နေ့တွင် ကွင်းဆင်းစိစစ်ကြပ်မတ်ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

     ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် မင်္ဂလာတောင်ညွန့်မြို့နယ် Makro အတွင်း ရောင်းချနေသော Myat အမှတ်တံဆိပ်(ရွှေဘိုပေါ်ဆန်း)၊ Win အမှတ်တံဆိပ် (ပေါ်ဆန်းမွှေး/ တောင်ပြန်ပေါ်ဆန်း)၊ Sa Taw Kae Gyi(ပေါ်ဆန်းမွှေး)  တို့၏ (KG) ဆန်ဈေးနှုန်းများ ကိုစိစစ်ခဲ့ကြပြီး ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းမပြုလုပ်ကြရန် အသိပညာပေးပြောကြားခဲ့ကြောင်း  သိရှိရပါသည်။

DOCA(ရန်ကုန်)

South Dagon Oil Mail ဆီစက်အားသွားရောက် ကွင်းဆင်းစစ်ဆေးခြင်း

    စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေး လုပ်ငန်းများဆောင်ရွက်ရာတွင် ပြည်တွင်း၌ စားသုံးဆီဖူလုံမှုရှိစေရေးအတွက် ဆီထွက်သီးနှံများကို အားပေးမြှင့်တင်၍ ပန်းတိုင်ရည်မှန်ချက်အတိုင်း စိုက်ပျိုးထုတ်လုပ်နိုင်ရေး ပြည်တွင်း၌ စားသုံးဆီဖူလုံမှုမှသည် ပြည်ပသို့တင်ပို့နိုင်သည့်အထိ ကြိုးပမ်းနိုင်ရေးကိုလည်း အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ  ပြည်တွင်း၌ ကြိတ်ခွဲလျက်ရှိသည့် ဆီထွက်သီးနှံတို့၏ အခြေအနေကိုသိရှိနိုင်ရန် ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။

   ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် အရှေ့ပိုင်းခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများက South Dagon Oil Mail  ဆီစက်လုပ်ငန်းအား (၄.၉.၂၀၂၄) ရက်နေ့တွင် ဆီကြိတ်ခွဲထုတ်လုပ်မှု အခြေအနေတို့ကို သွားရောက်မေးမြန်း  ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

စက်သုံးဆီ အ‌ရောင်းဆိုင်များ ဆီပြတ်လပ်မှုအခြေအနေများအား သွားရောက် ကွင်းဆင်းစစ်ဆေးခြင်း

    စားသုံးသူရေးရာဦးစီးဌာန၊ အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးရုံးနှင့် ဝန်ထမ်းများ သည် (၅.၉.၂၀၂၄) ရက်နေ့ နေ့လယ် ၁၃:၀၀ နာရီအချိန်တွင် ခရိုင်အတွင်း မြို့နယ်များရှိ စက်သုံးဆီအ ရောင်းဆိုင်များကို စက်သုံးဆီပြတ်လပ်မှုအခြေအနေများကို သိရှိနိုင်ရန် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

    ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် စက်သုံးဆီများကို သတ်မှတ်ရည်ညွှန်းဈေးအတိုင်း ရောင်းချပေးခြင်းရှိ/ မရှိ၊ စက်သုံးဆီပြတ်လပ်ချိန်နှင့် ဆီ Boxer ရောက်ရှိချိန်၊ အရည်အသွေးပြည့်ဝသောစက်သုံးဆီများ၊ အလေးချိန်တွယ်မှန်ကန်စွာ ရောင်းချခြင်းရှိ/ မရှိ တို့ကို မြောက်ဥက္ကလာပမြို့နယ်ရှိ Moon Sun စက်သုံးဆီဆိုင် ၊ Denko စက်သုံးဆီဆိုင်၊ YP စက်သုံးဆီဆိုင် စသည့် ဆီဆိုင် (၃) ဆိုင်တို့မှ တာဝန်ခံများနှင့် တွေ့ဆုံမေး မြန်းခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

ကန့်ဘလူမြို့နယ်တွင် ဆီစက်လုပ်ငန်းရှင်နှင့်တွေ့ဆုံဆွေးနွေး

       စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ကန့်ဘလူခရိုင်အနေဖြင့် တိုင်းဒေသကြီးဦးစီးမှူး၏လမ်းညွှန်မှု၊ ခရိုင်ဦးစီးမှူး၏ကြီးကြပ်မှုတို့ဖြင့် ဒေသတွင်းရှိ MSME လုပ်ငန်းများ၏ လိုအပ်ချက်တို့ကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးနိုင်ရန် လစဉ် စီးပွားရေးလုပ်ငန်းရှင်များနှင့်ကွင်းဆင်းတွေ့ဆုံဆွေးနွေးခြင်းများ ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

       ၂၀၂၄ခုနှစ်၊ စက်တင်ဘာလ ၆ရက်နေ့၊ နံနက် ၀၉:၃၀ နာရီအချိန်တွင် ကန့်ဘလူမြို့နယ်တာဝန်ခံ ဦးမျိုးဝင်းသန်းနှင့် ဒေါ်အိမွန်ကျော် (အငယ်တန်စာရေး) တို့သည် ကန့်ဘလူမြို့ ၊ အမှတ်(၃) ရပ်ကွက်ရှိ “အောင်မြင့်” ဆီစက်လုပ်ငန်းရှင်နှင့်ကွင်းဆင်းတွေ့ဆုံခဲ့ကြောင်း၊ ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် ဆီစက်လုပ်ငန်းရှင်က မိမိတို့အနေဖြင့် နဝလီကြိတ်ခွဲခြင်းဖြစ်ကြောင်း၊  မိုးမြေပဲပေါ်ချိန်ဖြစ်၍ ယခုလမှ စတင်လည်ပတ်ရကြောင်းသိရှိရပြီး တာဝန်ခံက လုပ်ငန်းရှင်များအနေဖြင့် မြေပဲဆီ၊ နှမ်းဆီနှင့် နေကြာဆီများကြိတ်ခွဲ၍ မိမိတို့တံဆိပ်ဖြင့် ထုတ်လုပ်ဖြန့်ဖြူးလိုပါက လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးမည်ဖြစ်ကြောင်းနှင့် စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များကို သိရှိထားရန်လိုအပ်ကြောင်း အသိပညာပေးဆွေးနွေးခဲ့ကြပြီး အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(စစ်ကိုင်း)

 

ကန့်ဘလူမြို့နယ်၌ ဆန်ဆိုင်များအား ကွင်းဆင်းစစ်ဆေး

       စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်တာဝန်ခံရုံးအနေဖြင့် ၂၀၂၄ခုနှစ်၊ စက်တင်ဘာလ ၅ရက်နေ့၊ နံနက် ၀၉:၀၀ နာရီအချိန်တွင် ကန့်ဘလူမြို့နယ်တာဝန်ခံ ဦးမျိုးဝင်းသန်းနှင့် ဒေါ်အိမွန်ကျော် (အငယ်တန်းစာရေး) တို့သည် ကျန်းမာရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့နှင့်ပူးပေါင်း၍ ကန့်ဘလူမြို့၊ မြို့မဈေးရှိ ဆန် လက်လီ/ လက်ကားရောင်းချသည့်ဆိုင်များအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။

      ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်တာဝန်ခံက ဒေသထွက်စားသုံးဆန်များအား သင့်တင့်မျှတသော ဈေးနှုန်းဖြင့်ရောင်းချရန်၊ ပစ္စည်းမှန်၊ ဈေးနှုန်းမှန်၊ အရည်အသွေးမှန်၊ အလေးချိန်မှန်ဖြင့် ဖြန့်ဖြူးရောင်းချရန်၊ ထို့နောက် တာဝန်ရှိသူများသည် ဆန်သိုလှောင်ထားရှိမှု၊ ဆန်လက်ကျန်အခြေအနေတို့အားစစ်ဆေးခဲ့ကြပြီး စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၀)ပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များကို လိုက်နာဆောင်ရွက်ရန် အသိပညာပေးဆွေးနွေးခဲ့ပြီး စားသုံးသူကာကွယ်ရေးအကြောင်း အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(စစ်ကိုင်း)

တိုင်းရင်းဆေးအမျိုးမျိုးအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

       စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးအနေဖြင့် စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲများ၊  စီးပွားရေးလုပ်ငန်းရှင်များနှင့်တွေ့ဆုံပြီး ဥပဒေ၊ အမိန့်နှင့် ညွှန်ကြားချက်များအား ရှင်းလင်းဆွေးနွေးခြင်းများဆောင်ရွက်လျက်ရှိသည့်အပြင် ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေးနှင့် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာထည့်သွင်းဖော်ပြရေးအတွက် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများကို လစဉ်ဆောင်ရွက်လျက်ရှိရာ ရွှေဘိုခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ဒု-ခရိုင်ဦးစီးမှူးဦးဆောင်၍  ရွှေဘိုမြို့နယ်တာဝန်ခံနှင့် စားသုံးသူရေးရာဌာနခွဲတာဝန်ခံတို့သည် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့်ပူးပေါင်း၍ (၆-၉-၂၀၂၄)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ရွှေဘိုမြို့၊ အမှတ်(၄)ရပ်ကွက်နှင့်အမှတ်(၈)ရပ်ကွက်ရှိ ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင်(၂)ဆိုင်ရှိ တိုင်းရင်းဆေးအမျိုးမျိုးအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

         ထိုသို့စစ်ဆေးရာတွင် ဒု-ခရိုင်ဦးစီးမှူးက ဌာနအနေဖြင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများကို ဥပဒေ၊ အမိန့်၊ ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်လျက်ရှိကြောင်း၊ ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေးအတွက် ဈေးကွက်မရောက်မီကုန်စည်နှင့် ဈေးကွက်ရောက်ပြီးကုန်စည်များကို ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများဆောင်ရွက်လျက်ရှိကြောင်း၊  စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူအခွင့်အရေးနှင့် စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းအကြောင်းများ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ်(၂/၂၀၁၉)ပါ  တိုင်းရင်းဆေးအမျိုးမျိုးတွင် ကုန်စည်၏အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့် အသားတင်ပမာဏ၊ သုံးစွဲပုံနည်းလမ်း၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ ဘေးထွက်ဆိုးကျိုးနှင့် ကြိုတင်သတိပေးချက်တို့ကို မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု (သို့) တစ်ခုထက်ပို၍တွဲလျက်ဖြစ်စေ ဖော်ပြပါရှိရမည်ဖြစ်ကြောင်းတို့ကို အသိပညာပေးဆွေးနွေးခဲ့ပြီး စားသုံးသူကာကွယ်ရေးအသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

 

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ