သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

မအူပင်မြို့ရှိ လင်းတာရာစတိုးဆိုင်တွင် ရောင်းချနေသောကုန်စည်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

    ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်မြို့နယ်ဦးစီးမှူး ဦးအောင်ဇော်ဦးနှင့် ဝန်ထမ်းများသည် ၁၂.၉.၂၀၂၂ ရက်နေ့ နံနက်(၁၀:၀၀) အချိန်တွင် မအူပင်မြို့ (၇)လမ်း အမှတ်(၄) ရပ်ကွက်ရှိ လင်းတာရာစတိုးဆိုင်တွင် ရောင်းချနေသော ကုန်စည်များအား ဈေးကွက်စောင့်ကြည့်စစ် ဆေးခဲ့ကြပါသည်။

   ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းသော ကျန်းမာရေးနှင့် ညီညွှတ်စေမည့် ကုန်စည်များသုးစွဲနိုင်ရေးအတွက် ရည်ရွယ်၍ ထုတ်ကုန်လုံခြုံ စိတ်ချရမှုရှိသော ကုန်စည်များကို အသုံးပြုနိုင်ရေး၊ စားသုံးသူအခွင့်အရေးများ နစ်နာမှုမရှိစေရန်အတွက် ရည်ရွယ်၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းဖြစ်ပြီး လင်းတာရာစတိုးတွင် ရောင်းချသော ကုန်စည်များ၌ ကုန်အညွှန်းအမှတ်အသားပြည်စုံစွာပါရှိသော ကုန်စည်များအား စစ်ဆေးတွေ့ရှိခဲ့ ပါသည်။

   ကွင်းဆင်းစစ်ဆေးရာတွင် မအူပင်မြို့နယ်ဦးစီးမှူး ဦးအောင်ဇော်ဦးမှ လင်းတာရာစတိုး ဆိုင်ရှင် အား စားသုံးသူကာကွယ် ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ၊ အခန်း(၁၁)ပါကုန်စည်နှင့် စပ်လျဉ်း၍ အာမခံချက်ပေးနိုင်သည့် အချက်အလက်များ၊ အခန်း(၁၅)ပါ ကုန်စည်(သို့မဟုတ်) ဝန်ဆောင်မှု လုံခြုံစိတ်ချရမှုအချက်အလက်များ၊ အခန်း(၁၇)ပါ  ကုန်စည်(သို့မဟုတ်) ဝန်ဆောင်မှု အပေါ်တာဝန်ရှိမှုအချက်များ၊ အခန်း(၁၈) ဥပဒေပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်း ကိစ္စရပ်များအကြောင်း၊ ရောင်းချနေသော ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ မည်သည့်စီးပွားရေး လုပ်ငန်းရှင်မဆို ပုဒ်မ(၄၁) ပုဒ်မခွဲ (ခ)နှင့် (ဆ)တို့ပါ ကုန်အညွှန်းဖော်ပြရာတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု (သို့) တစ်ခုထက်ပို၍ တွဲလျှက်ဖြစ်စေ ရေးသားဖော်ပြရမည့် ကုန်ပစ္စည်းကိုသာ စားသုံးသူများလက်ဝယ်အရောက် ဘေးကင်းလုံခြုံမှုရှိ စေရေးအတွက် ဖြန့်ဖြူးရောင်းချရမည်ဖြစ်ကြောင်း၊ စားသုံးသူအခွင့်အရေး နစ်နာဆုံးရှုံမှုရှိလာပါက တိုင်ကြားနိုင်သည့် နည်းလမ်းများ၊ စားသုံးသူထိခိုက်မှုရှိလာပါက တာဝန်ယူဖြေရှင်းဆောင်ရွက် ပေးရမည်ဖြစ်ပြီး အာမခံမှုနှင့် အညီဆောင်ရွက်ပေးမှုမရှိပါက စားသုံးသူမှ နစ်နာဆုံးရှုံမှုအတွက် အရေးဆိုတိုင်ကြားနိုင်ပြီး စားသုံးသူကာကွယ်ရေးကော်မတီတို့၏ စီမံခန့်ခွဲမှု နည်းလမ်းအရအရေးယူ ဆောင်ရွက်နိုင်ကြောင်း  အသေးစိတ်ရှင်းလင်းဆွေးနွေး  ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သတင်းရရှိ ပါသည်။

DOCA(ဧရာဝတီ)

မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်၊ အခြေခံစားသောက်ကုန်များ  ဈေးနှုန်းသက်သာစွာဖြင့်ရောင်းချ

       ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင် အထွေထွေအုပ်ချုပ်ရေးမှူးဦးဆောင်၍ မြို့နယ် ဆန်စက်ပိုင်ရှင်များအသင်းနှင့် ဌာနဆိုင်ရာများပူးပေါင်း၍ မြောင်းမြခရိုင်အထွေထွေအုပ်ချုပ်ရေးမှူး ရုံးရှေ့တွင် (၁၂.၉.၂၀၂၂)ရက်နေ့ နံနက်(၁၀:၀၀)နာရီက မြောင်းမြမြို့ပေါ်နှင့် မြို့ဝန်းကျင်ရပ်ကွက် များမှ ဆင်းရဲနွမ်းပါးသူများအား အခြေခံစားသောက်ကုန်များ ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချ ပေးခဲ့ပါသည်။

       ထိုသို့ရောင်းချပေးခဲ့ရာတွင် ခရိုင်အထွေထွေအုပ်ချုပ်ရေးမှူးမှဦးဆောင်၍ မြို့ပေါ်နှင့် မြို့ဝန်း ကျင်ရှိ ဆင်းရဲနွမ်းပါးသူ တစ်အိမ်ထောင်လျှင် ဆန်(၂)ပြည်၊ တစ်ပြည်လျှင်(၁၀၀၀)ကျပ်၊ ဆီ(၅၀) သားတစ်ဘူးလျှင်(၂၅၀၀)ကျပ်၊ ကြက်ဥ(၅)လုံးနှင့် အိုင်အိုဒင်းဆား(၁)ထုတ်လျှင်(၁၀၀၀)ကျပ်နှုန်း ဖြင့်ရောင်းချပေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(ဧရာဝတီ)

 

ဖျာပုံမြို့ပေါ်ရှိ ဆေးဝါးအရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေး

    ဧရာဝတီတိုင်းဒေသကြီး၊စားသုံးသူရေးရာဦးစီးဌာန၊ ဖျာပုံမြို့နယ်စစ်ဆေးရေးမှူးသည် အစားအသောက်နှင့်ဆေးဝါးကြီးကြပ်ရေးကော်မတီနှင့်အတူ စက်တင်ဘာလ(၁၂)ရက်နေ့ နံနက်(၁၀:၀၀)နာရီအချိန်တွင် မြို့ပေါ်ရှိဆေးဝါးအရောင်းဆိုင်များသို့ သွားရောက်၍  စံမမီဆေးဝါးများနှင့် တားမြစ်ထားသော တရားမဝင်ဆေးဝါးများ ရောင်းချခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

     အဆိုပါဆေးဝါးဆိုင်များအား စစ်ဆေးရာတွင် စံမမီဆေးဝါးများနှင့်တားမြစ်ထားသောတရားမဝင်ဆေးဝါးများရောင်းချခြင်းမရှိကြောင်းစိစစ်တွေ့ရှိရသည်။ Mask ၊  Hand  Gel ( လက်သန့်ဆေး ရည်) ၊ လက်အိတ်၊ အရက်ပြန်စသည့်ဆေးဝါး ဆက်စပ်ပစ္စည်းဈေးနှုန်းများ၊ ကိုဗစ်-၁၉ဆေးဝါး(၃၈) မျိုးအရောင်းဈေးနှုန်းများစစ်ဆေးခဲ့ပြီး ဈေးနှုန်းမမြင့်မာရေး၊ ဆေးဝါးသိုလှောင်ထားရှိမှုမရှိစေရေး  ၂၀၁၉ ခုနှစ်၊ စားသုံးသူကာကွယ်ရေးဥပဒေပါ ပြဌာန်းချက်များနှင့် လုပ်ငန်းရှင်များ လိုက်နာရမည့် အချက်များကိုရှင်းလင်းခြင်း၊ ၂/၂၀၁၉ အရ ကုန်စည်အမျိုးအစားအလိုက် ကုန်အညွှန်းအမှတ်အသား များပြည့်စုံမှုရှိ/မရှိ စစ်ဆေးခြင်းများဆောင််ရွက်ခဲ့ကြောင်းသိရသည်။

DOCA(ဧရာဝတီ)

ဖျာပုံမြို့နယ် ပြည်သူများအား အခြေခံစားသောက်ကုန် ပစ္စည်း(၅)မျိုးကို သက်သာသော ဈေးနှုန်းဖြင့်ရောင်းချပေး

     ဖျာပုံခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ခရိုင်/မြို့နယ် စားသုံးသူရေးရာဦးစီးဌာနတို့၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် ဖျာပုံမြို့နယ်ဆန်စက်၊ ဆန်ကုန်သည်များအသင်း၊ မြို့နယ်ဆီလုပ်ငန်းရှင်များ အသင်းတို့ကူညီမှုဖြင့် မြို့နယ်အတွင်းရှိ  အခြေခံပြည်သူများအား စက်တင်ဘာလ( ၁၂ ) ရက်နေ့၊ နံနက်(၀၈:၀၀)အချိန်က အမှတ်(၁၅)ရပ်ကွက်၊ အုပ်ချုပ်ရေးမှူးရုံးဝင်းတွင် သက်သာချောင်ချိရေး အခြေခံစားသောက်ကုန်ပစ္စည်း(၅)မျိုးအား ရောင်းချပေးလျက်ရှိသည်။

      အဆိုပါပြည်သူများအား သက်သာချောင်ချိရေးဆန်၊ ဆီ၊ ကြက်ဉ ၊ ကြက်သွန်နီ၊ ချဉ်ပေါင် ရွက်နှင့် ရုံးပဒေသီးများအား ရောင်းချပေးရာတွင် ဖျာပုံခရိုင် အုပ်ချုပ်ရေးမှူး ဦးတင်လင်း၊ ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင် ဒုတိယဗိုလ်မှူးကြီးနိုင်လင်း၊ ခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ခရိုင်ဦးစီးမှူး 

ဦးထွေးသိမ်းနှင့် ဝန်ထမ်းများ၊ မြို့နယ်ဆန်စက်/ ဆန်ကုန်သည်များအသင်းမှ တာဝန်ရှိသူများက ပြည်သူများအား သက်သာချောင်ချိရေး ဆန်(၁)ပြည်၊ ဆီ(၅၀)ကျပ်သား၊ ကြက်ဉ(၅)လုံး၊ကြက်သွန်နီ (၂၀)ကျပ်သား၊ ချဉ်ပေါင်(၁)စည်း၊ ရုံးပဒေသီး(၁၀)တောင့် စုစုပေါင်း ပစ္စည်း(၅)မျိုးအား(၅၅၀၀)ကျပ် သက်သာသောဈေးနှုန်းဖြင့်ရောင်းချပေးလျက်ရှိသည်။ ဖျာပုံမြို့နယ်ဆန်စက်/ ဆန်ကုန်သည်အသင်း အနေဖြင့် နေ့စဉ် အချွန်ဆန်အိတ်(၃၀)၊ ဆန်တစ်ပြည်(၁၅၀၀)ကျပ်နှုန်းဖြင့် ရောင်းချပေးလျက်ရှိပြီး မြို့နယ်ဆီလုပ်ငန်းရှင်အသင်းတို့မှ အခါအားလျော်စွာနေ့ရက်အလိုက် စားအုန်းဆီများကို သက်သာ သောဈေးနှုန်းဖြင့်ရောင်းချပေးလျက်ရှိကြောင်းသိရသည်။

DOCA(ဧရာဝတီ)

စားသုံးသူကာကွယ်ရေးဆိုင်ရာ ကျပန်းစကားပြောပြိုင်ပွဲ ကျင်းပပြုလုပ်

          စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၂၀ ရက်နေ့တွင် ရုံးအမှတ် (၅၂) ၌ ကျင်းပပြုလုပ်သော “စားသုံးသူ ကာကွယ်ရေးဆိုင်ရာ ကျပန်းစကားပြောပြိုင်ပွဲ” ဖွင့်ပွဲအခမ်းအနားသို့ စီးပွားရေးနှင့်ကူးသန်း‌ ရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊  အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယ ညွှန်ကြားရေးမှူးများ၊ ပြိုင်ပွဲဝင်များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။

 ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူကာကွယ်ရေးလုပ်ငန်းများနှင့်စပ်လျဉ်း၍ ဈေးကွက်အတွင်း စုံစမ်းစစ်ဆေးခြင်း၊ စားသုံးသူတိုင်ကြားမှုများနှင့်စပ်လျဉ်း၍ စေ့စပ်ညှိနှိုင်းဖြေရှင်းပေးခြင်း၊ ပြည်သူများသို့ စားသုံးသူအခွင့်အရေးများဆိုင်ရာ အသိပညာမျှဝေခြင်းတို့ ဆောင်ရွက်ရာတွင် စကားပြောစွမ်းရည် ကောင်းမွန်ရန် အရေးကြီးသည့်အတွက် ကျပန်းစကားပြောပြိုင်ပွဲ ကျင်းပခြင်းသည် ဝန်ထမ်းများအား စွမ်းရည်မြှင့်တင်ပေးရန် အထောက်အကူပြုသည့် အစီအစဉ်တစ်ရပ်ဖြစ်ကြောင်း၊ စားသုံးသူ ကာကွယ်ရေးအတွက်သာမက အနာဂတ်တွင် ပြည်တွင်းကုန်သွယ်မှု ဖွံ့ဖြိုးရေးအတွက်ပါ တိုးချဲ့ ဆောင်ရွက်ရမည်ဖြစ်ရာ တစ်ဦးချင်းစွမ်းရည်ကို မြှင့်တင်တိုးတက်အောင် ဆောင်ရွက်၍ အဆင် သင့်ဖြစ်အောင် ဆောင်ရွက်ထားရမည်ဖြစ်ကြောင်း၊ ဌာန၏ ရည်မှန်းချက်၊ မျှော်မှန်းချက်များ၊ လုပ်ငန်းတာဝန်များကို သုံးသပ်တင်ပြ၍ ဝန်ကြီးဌာန ၆ လပတ်ညှိနှိုင်းအစည်းအဝေးတွင် ပြန်လည် သုံးသပ်လမ်းညွှန်ထားပြီးဖြစ်ကြောင်း၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် ဦးဆောင်ရမည့် ဝန်ကြီးဌာနဖြစ်ရာ ဝန်ထမ်းများ တစ်ဦးချင်း သည် မိမိတို့ လုပ်ငန်းတာဝန်များဆောင်ရွက်ရာတွင် လတ်တလောအတွက်သာမက အနာဂတ် အတွက်ပါ အဆင်သင့်ဖြစ်အောင် ပြင်ဆင်ထားရန် လိုအပ်ကြောင်း၊ ကိုဗစ် ၁၉ ကာလနောက်ပိုင်း တွင် Digital Platform များဖြင့် ဆောင်ရွက်လျက်ရှိသဖြင့် ဝန်ထမ်းများအနေဖြင့် ဘာသာရပ်ဆိုင် ရာ Technical Skills များသာမက Digital Skills များ တိုးတက်စေရန်အတွက် လေ့လာဖြည့်ဆည်း ထားရန် လိုအပ်ကြောင်း၊ ယခုပြိုင်ပွဲ အစီအစဉ်သည် Technical Skills မြှင့်တင်ခြင်းဖြစ်သည့် အတွက် ပြိုင်ပွဲဝင်များအနေဖြင့် အကောင်းဆုံးပါဝင်ယှဉ်ပြိုင်ကြရန်နှင့် ဝန်ထမ်းများအနေဖြင့် ဆက်လက်ဆောင်ရွက်မည့် စွမ်းဆောင်ရည်မြှင့်တင်ခြင်းအစီအစဉ်များတွင် တက်တက်ကြွကြွ ပါဝင်ဆောင်ရွက်သွားရန် တိုက်တွန်းပါကြောင်း ပြောကြားခဲ့ပါသည်။

          ဆက်လက်၍ စားသုံးသူရေးရာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က ကျပန်းစကားပြောပြိုင်ပွဲ ကျင်းပမှုနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးရာတွင် မိမိတို့ဌာနသည် အနာဂတ်ကာလတွင် အရေးပါ သည့်အတွက် ကဏ္ဍအလိုက်လုပ်ငန်းများကို ကြိုးပမ်းလျက်ရှိကြောင်း၊ Technical Skills နှင့် Digital Skills များကို မြှင့်တင်နိုင်ရေးအတွက် ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေး အစီအမံများဖြင့် ဆောင် ရွက်လျက်ရှိကြောင်း၊ အသစ်ခန့်အပ်ထားသည့် ဝန်ထမ်းများသာမက ဝန်ထမ်းများအားလုံး ကွန်ပျူတာကျွမ်းကျင်မှုရှိစေရန် သင်တန်းဖွင့်လှစ်ခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း၊ စားသုံးသူ ရေးရာဦးစီးဌာနသည် ၂၀၁၆ ခုနှစ်၊ ဧပြီလမှ စတင်၍ စားသုံးသူကာကွယ်ရေးလုပ်ငန်းစဉ်များကို ဆောင်ရွက်လျက်ရှိကြောင်း၊ စားသုံးသူကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် တစ်ပြေးညီ ဖြစ်စေရေးအတွက် စားသုံးသူကာကွယ်ရေးဆိုင်ရာ ဥပဒေများ၊ မူဝါဒများ၊ လုပ်ထုံးလုပ်နည်းများ ပြင်ဆင်ရေးဆွဲ၍ ဆောင်ရွက်နေကြောင်း၊ ထို့အပြင် အမျိုးသားစားသုံးသူကာကွယ်ရေးအစီအစဉ် (National Consumer Protection Program-NCPP) ကို အဓိကကဏ္ဍ (၅) ရပ်ဖြင့် ရေးဆွဲထားပြီး Action Plans များကို ကဏ္ဍအလိုက် ခွဲခြားသတ်မှတ်၍ ဆက်စပ်ဌာနများနှင့် ပူးပေါင်း ဆောင်ရွက် လျက်ရှိကြောင်း၊ အဆိုပါ NCPP အဓိကကဏ္ဍ (၅) ရပ်တွင် စားသုံးသူအသိပညာပေးအစီအစဉ်သည် လည်း ကဏ္ဍတစ်ရပ်အဖြစ် ပါဝင်ကြောင်း‌၊ ကုန်စည်များ အသုံးပြုရာတွင် ဘေးအန္တရာယ်ကင်းရှင်းစေ ရေးအတွက် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းအစီအစဉ်ကိုလည်း ထည့်သွင်းရေးဆွဲထားကြောင်း၊ စားသုံးသူ အခွင့်အ‌ရေးများ အပြည့်အဝရရှိစေရေးအတွက် လုပ်ငန်းများဆောင်ရွက်ရာတွင် စားသုံးသူ ကာကွယ်ရေးဥပဒေဖြင့်သာမက သက်ဆိုင်ရာဌာနအဖွဲ့အစည်းများတွင် ပြဋ္ဌာန်းထားသည့် ဥပဒေများ၊ အမိန့်ညွှန်ကြားချက်များဖြင့် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များပေါ်ပေါက်လာပါက ပူးပေါင်းဆောင် ရွက်နိုင်ရေးအတွက် ဆက်သွယ်ပြန်ကြားရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး အစီအစဉ်ကို ထည့်သွင်း ရေးဆွဲထားကြောင်း၊ လက်ရှိဆောင်ရွက်နေသည့် မူဝါဒများ၊ ဥပဒေများကို ရေးဆွဲပြင်ဆင်နိုင်ရေး အတွက် စားသုံးသူကာကွယ်ရေးမူဝါဒများဖွံ့ဖြိုးရေးနှင့် အထောက်အကူပြုရေးအစီအစဉ်ကိုလည်း ထည့်သွင်းရေးဆွဲထားကြောင်း၊ မိမိတို့အနေဖြင့် စားသုံးသူများ အိမ်သုံးလျှပ်စစ်ပစ္စည်းများ ဝယ်ယူ သုံးစွဲရာတွင် ဘေးအန္တရာယ်‌ ကင်းရှင်း‌စေရေးအတွက် Regulations (မူကြမ်း) ရေးဆွဲခဲ့ပြီး လျှပ်စစ် ဥပဒေဆိုင်ရာ ပြဋ္ဌာန်းချက်များအရ အဆိုပါမူကြမ်းကို သက်ဆိုင်ရာဌာနသို့ လွှဲပြောင်း၍  ပူးပေါင်း ဆောင်ရွက်လျက်ရှိကြောင်း၊ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ရာတွင်လည်း ကျောင်း၊ တက္ကသိုလ်၊ ရုံး စသည်ဖြင့် အသိပညာဆင့်ပွားမျှဝေနိုင်မည့်အုပ်စုများသို့ ဟောပြောခြင်းများ ဆောင်ရွက်ကြောင်း၊ အသိပညာပေးဟောပြောခြင်းများအတွက် စကားပြောစွမ်းရည်ကျွမ်းကျင်မှုရှိရန် လိုအပ်သည့်အတွက် ယခုကဲ့သို့ ပြိုင်ပွဲများ ကျင်းပခြင်းဖြစ်ကြောင်း၊ ဆက်လက်၍ ပိုမိုကောင်းမွန်သည့် အစီအစဉ်များကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ယနေ့ကျင်းပသည့် ကျပန်းစကားပြော ပြိုင်ပွဲကို စားသုံးသူကာကွယ်ရေးနှင့်ပတ်သက်သည့် အသိပညာဗဟုသုများ ပိုမိုတိုးပွားစေရန်နှင့် အသိပညာပေးလုပ်ငန်းများအတွက် ပိုမိုထိရောက်သော နည်းလမ်းသစ်များ ရှာဖွေဖော်ထုတ်နိုင်စေရန် ရည်ရွယ်ကျင်းပခြင်းဖြစ်ကြောင်း၊ ယခုပြိုင်ပွဲတွင် ပြိုင်ပွဲဝင်များအနေဖြင့် “ပြည်သူအများ စားသုံးသူ အခွင့်အရေးသိရှိဖို့ ဌာနပုံရိပ်မြှင့်တင်စို့၊ ပြည်သူ့အတွက် စားသုံးသူရေးရာကဏ္ဍ၊ စားသုံးသူများ ဘေးကင်းဖို့ ဈေးကွက်စောင့်ကြည့် စစ်ဆေးစို့” စသည့် ‌ခေါင်းစဉ် ၃ ခုဖြင့် ယှဉ်ပြိုင်သွားကြမည်ဖြစ် ကြောင်း၊ မိမိတို့ဝန်ထမ်းများအနေဖြင့် ဌာနပုံရိပ် မြှင့်တင်နိုင်စေရန် အကောင်းဆုံးဆက်လက်ကြိုးပမ်း ဆောင်ရွက်သွားနိုင်ကြစေကြောင်း‌ ပြောကြားခဲ့ပါသည်။

          ဆက်လက်၍ စားသုံးသူကာကွယ်ရေးဆိုင်ရာ ကျပန်းစကားပြောပြိုင်ပွဲကို ကျင်းပရာ ပြိုင်ပွဲဝင် ၂၃ ဦးက သတ်မှတ် ပြိုင်ပွဲခေါင်းစဉ်များကို မဲနှိုက်၍ ကျရာခေါင်းစဉ်ဖြင့် ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး ပထမဆု ကျပ်နှစ်သိန်း၊ ဒုတိယဆု ကျပ် တစ်သိန်းခွဲ၊ တတိယဆု ကျပ်တစ်သိန်း၊ နှစ်သိမ်ဆု ၂ ဆုအတွက် ကျပ် ၅ သောင်းစီ၊ အထူးဆု ၁၈ ခု၊ ဂုဏ်ပြုမှတ်တမ်းလွှာများနှင့် လက်ဆောင်ပစ္စည်းများ ချီးမြှင့်ခဲ့ကြောင်း သတင်းရရှိပါသည်။

Consumer

ကျိုက်လတ်မြို့နယ်၊အမှတ်(၆)ရပ်ကွက်ရှိ လုပ်သားများအား စားသုံးသူကာကွယ်ရေး အသိပညာပေး

      ဧရာဝတီတိုင်း‌ဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ကျိုက်လတ်မြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းသည် ကျိုက်လတ် မြို့၊ အမှတ်(၆)ရပ်ကွက်ရှိ ငွေစင်္ကြာဆန်စက်မှ လုပ်သားများကို (၁၂. ၉. ၂၀၂၂)ရက်နေ့ (၁၃:၀၀)  တွင်စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲပြုလုပ်ခဲ့ပါသည်။

     အဆိုပါဟောပြောပွဲတွင် ကျိုက်လတ်မြို့နယ်တာဝန်ခံက စားသုံးသူကာကွယ်ရေးဥပဒေ များထဲမှ စားသုံးသူအခွင့်အရေးများအကြောင်း၊ FDA မှထုတ်ပြန်ထားသည့် စားသုံးရန်မသင့်သောအသားလုံး၊ အသားချောင်း(၂၁)မျိုးအကြောင်း၊ လေဖောင်းမုန့်များတွင် မြန်မာစာပါသောမုန့်များသာ ဝယ်ယူစားသုံး ကြရန်နှင့် ကုန်စည်(သို့) ဝန်ဆောင်မှုအပေါ်တာဝန်ရှိမှု၊ ပြစ်မှု၊ ပြစ်ဒဏ်များအကြောင်းရှင်းလင်းဆွေးနွေး ပြောကြားခဲ့ပါသည်။

     ဆက်လက်၍ ကုန်စည်ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ စားသုံးသူများနစ်နာမှုရှိလာပါကအရေး ဆိုတိုင်ကြားနိုင်သည့် Call Center 1535 သို့ဆက်သွယ်တိုင်ကြားနိုင်ကြောင်း၊ စားသုံးသူများသာမက၊ ကုန်စည်ဝန်ဆောင်မှုထုတ်လုပ်ဖြန့်ဖြူးရောင်းချနေသောလုပ်ငန်းရှင်များပါ စားသုံးသူကာကွယ်ရေးကိစ္စရပ်များနှင့် ပတ်သတ်၍သိရှိလိုသည်များကို မည်သူမဆို မေးမြန်းနိုင်ပါကြောင်း၊ စားသုံးသူ၏ နစ်နာဆုံးရှုံးမှုတစ်ရပ်ရပ်ကိုတိုင်ကြားလိုပါက လူကိုယ်တိုင်သော်လည်းကောင်း၊ လူထုဆက်သွယ်ရေးနည်းလမ်း တစ်ခုခုဖြင့်သော်လည်းကောင်း၊ သက်ဆိုင်ရာဦးစီးမှူးရုံးသို့ သက်‌သေခံအထောက်အထားနှင့် အတူတိုင်ကြားနိုင်ကြောင်းအသိပညာပေးဟောပြောခဲ့ပါသည်။

DOCA(ဧရာဝတီ)

 

ဒေးဒရဲမြို့နေ ပြည်သူများအား သက်သာသောဈေးနှုန်းဖြင့် ဆန်များရောင်းချပေး

 ဒေးဒရဲမြို့နယ်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ဆန်စက် ပိုင်ရှင်များအသင်းနှင့်ပူးပေါင်း၍ မြို့နယ်အတွင်းရှိပြည်သူများသက်သာသောဈေးနှုန်းဖြင့် ဆန်များဝယ် ယူနိုင်ရန် ဒေးဒရဲမြို့နယ်အမှတ်(၂)ရပ်ကွက်ရှိ မြို့နယ်ဆန်စပါးအသင်းအဆောက်အဦး၌ (၁၁.၉.၂၀၂၂) ရက်နေ့ နံနက်(၀၇:၀၀)နာရီမှစတင်၍ ဆန်များရောင်းချပေးလျှက်ရှိပါသည်။

  ထိုသို့ရောင်းချရာတွင် ဧည့်မထဆန်(အချွန်) တစ်ပြည်လျှင် ကျပ်(၁၅၀၀)နှုန်းဖြင့် တစ်ဦးလျှင် တစ်ပြည်နှုန်းဖြင့် ရောင်းချပေးလျှက်ရှိကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

လေးမျက်နှာမြို့ စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခြင်း

     ဧရာဝတီတိုင်းဒေသကြီး၊စားသုံးသူရေးရာဦးစီးဌာန၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်တာဝန်ခံသည် (၁၁.၉.၂၀၂၂)ရက်နေ့ နံနက် (၁၁:၀၀) အချိန်တွင်ကြီးပေါက်ကုန်းအုပ်စု၊ နင်းကြမ်းကျေးရွာရှိ အ-ထ-က ကျောင်းတွင် ကျောင်းသား၊ ကျောင်းသူ များနှင့် ဆရာ၊ ဆရာမ (၁၅၅)ဦးအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြော ဆောင်ရွက်ခဲ့ပါသည်။

   ဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံ ဦးအောင်သန်းဌေးမှ စားသုံးသူကာကွယ်ရေး ဥပဒေကို ၂၀၁၉ခုနှစ် မတ်လ(၁၅)ရက်နေ့တွင် အခန်း(၂၅)ခန်း၊ ပုဒ်မ(၈၄)ခုဖြင့် ပြဌာန်းခဲ့ကြောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၉)ပါ စားသုံးသူအခွင့်အရေးနှင့်တာဝန်များအကြောင်း၊ အခန်း(၁၃)ပါ ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ အာမခံချက်ပေးခြင်းများအကြောင်း၊ အခန်း(၁၈)ပါကုန် အညွှန်းအမှတ်အသားဖော်ပြခြင်းအကြောင်းစသည်တို့ကို အသိပညာပေးဟောပြောခဲ့ပြီး စားသုံးသူကာကွယ်ရေး ဥပဒေစာအုပ်နှင့် လက်ကမ်းစာစောင်များ ပေးဝေခဲ့ကြ ကြောင်းသိရှိရပါ သည်။

DOCA(ဧရာဝတီ)

 

 

ဇလွန်မြို့ ဆေးဆိုင်များအား ဈေးကွက်စောင့်ကြည့်ကွင်းဆင်းစစ်ဆေးခြင်း

   ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်တာဝန်ခံသည် ညောင်ပင်ဈေးရပ်ကွက်နှင့် မြို့သစ်ဈေးအတွင်းရှိ ဆေးဆိုင်များအား (၁၂.၉.၂၀၂၂)ရက်နေ့ နံနက် (၁၀:၀၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံက ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ကွင်းဆင်းဆောင်ရွက်ခဲ့ပါသည်။

     ထိုသို့ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် ဈေးကွက်အတွင်းရောင်းချနေသော ကုန်စည်များအား ဝယ်ယူ စားသုံးသူမိဘပြည်သူများ အန္တရာယ်မဖြစ်စေရန်နှင့် တရားဝင်ဆေးဝါးမှတ်ပုံတင်ထားသော ဆေးများ တင်သွင်းရောင်းချခြင်း၊ ကုန်စည်ပေါ်တွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှုရှိ/မရှိခြင်း တို့ကို စစ်ဆေးခဲ့ပြီး၊ ဆိုင်ပိုင်ရှင်များ လိုက်နာရမည့်အချက်များ၊ စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေး လုပ်ငန်းရှင်၏ တာဝန်များအကြောင်းနှင့် တရားဝင်တင်သွင်းလာသည့် ကုန်ပစ္စည်းများကိုသာရောင်းချရန် အသိပညာပေးဆွေးနွေးခဲ့ပြီး၊ ကုန်မျိုးစုံဆိုင်(၅)ဆိုင် အားစစ်ဆေးခဲ့ ကြောင်းသိရှိရပါသည်။

DOCA(ဧရာဝတီ)

ဇလွန်မြို့ စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခြင်း

     ဧရာဝတီတိုင်းဒေသကြီး၊စားသုံးသူရေးရာဦးစီးဌာန၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်တာဝန်ခံသည်  (၁၂.၉.၂၀၂၂)ရက်နေ့ နံနက် (၁၀:၀၀) အချိန်တွင် ကော့ကပ်လေးကျေးရွာအုပ်စုရှိ အ-ထ-က ကျောင်းတွင် ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ၊ ဆရာမ (၃၅၆)ဦးအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြော ဆောင်ရွက်ခဲ့ ပါသည်။

      ဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံ ဦးမြင့်အောင်မှ စားသုံးသူကာကွယ်ရေး ဥပဒေကို ၂၀၁၉ခုနှစ် မတ်လ(၁၅)ရက်နေ့တွင် အခန်း(၂၅)ခန်း၊ ပုဒ်မ(၈၄)ခုဖြင့် ပြဌာန်းခဲ့ကြောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၉)ပါ စားသုံးသူအခွင့်အရေးနှင့်တာဝန်များအကြောင်း၊ အခန်း(၁၃) ပါ ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ အာမခံချက်ပေးခြင်း များအကြောင်း၊ အခန်း(၁၈)ပါကုန်အညွှန်းအမှတ် အသားဖော်ပြခြင်းအကြောင်း၊ စားသုံးသူဆိုသည်မှာ ကုန်စည်သို့မဟုတ် ဝန်ဆောင်မှုကို ကုန်သွယ်ရောင်း ချခြင်းပြုရန် သို့မဟုတ် အသက်မွေးဝမ်းကျောင်းပြုရန် မဟုတ်ဘဲ ကိုယ်တိုင်သုံးစွဲမှုအတွက်သော်လည်းကောင်း၊ အခြားသူအတွက်သော်လည်းကောင်း ရည်ရွယ်၍ ဝယ်ယူခြင်း၊ အသုံးပြုခြင်း၊ ရယူခြင်း၊ ကုန်စည်ချေးငှားခြင်းပြုလုပ်သူများ သို့မဟုတ် ပေးကမ်းထောက်ပံ့ခြင်းခံရသူများကို ဆိုလိုကြောင်းနှင့် ကျောင်းသား၊ ကျောင်းသူများအားအသင့်စားမုန့်အမျိုးမျိုးတို့ကို ဝယ်ယူစားသုံးရာတွင် ထုတ်လုပ်သည့် ရက်စွဲနှင့် သက်တမ်းကုန်ဆုံးသည့်ရက်စွဲများ အဓိကဖက်ရှု့ရမည်ဖြစ်ကြောင်း စသည်တို့ကို အသိပညာ ပေးဟောပြောခဲ့ပြီး စားသုံးသူကာကွယ်ရေး ဥပဒေစာအုပ်နှင့် လက်ကမ်းစာစောင်များ ပေးဝေခဲ့ကြကြောင်းသိရှိရပါ သည်။

DOCA(ဧရာဝတီ)

 

 

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ