သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

အွန်လိုင်းရောင်းချခြင်းမှတ်ပုံတင်ဆိုင်ရာကိစ္စနှင့်စပ်လျဉ်း၍ လုပ်ငန်းရှင်နှင့်တွေ့ဆုံဆွေးနွေး

      ၂၁.၈.၂၀၂၅ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံး၊ သတင်း အချက်အလက်နည်းပညာနှင့်အရည်အသွေးစီမံခန့်ခွဲရေးဌာနခွဲတာဝန်ခံသည် အဝတ်အထည် ရောင်းချသည့် လုပ်ငန်းရှင်နှင့်တွေ့ဆုံ၍ အွန်လိုင်းရောင်းချခြင်း မှတ်ပုံတင်ဆိုင်ရာကိစ္စနှင့် စပ်လျဉ်း၍ လုပ်ငန်းရှင်နှင့်တွေ့ဆုံဆွေးနွေးခဲ့သည်။

          ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် လုပ်ငန်းရှင်က အွန်လိုင်းရောင်းချခြင်းမှတ်ပုံတင် လျှောက်ထားခြင်းကိစ္စနှင့်စပ်လျဉ်း၍ ဆွေးနွေးမေးမြန်းရာ သတင်းအချက်အလက်နည်းပညာ နှင့်အရည်အသွေးစီမံခန့်ခွဲရေးဌာနခွဲတာဝန်ခံက အွန်လိုင်းရောင်းချခြင်းမှတ်ပုံတင် လျှောက်ထား ရာတွင် တင်ပြရမည့်အထောက်အထားများဖြစ်သည့် လုပ်ငန်းတည်ရှိသည့်လိပ်စာ မှန်ကန် ကြောင်း ရပ်ကွက်ထောက်ခံစာ (လုပ်ငန်း အမည်ပါရှိရန်)၊ ပိုင်ရှင်အတွက် ရပ်ကွက်ထောက်ခံစာ (နေထိုင်ကြောင်း ဖြစ်ရန်)၊ ရဲစခန်းထောက်ခံစာ (ပိုင်ရှင်ပြစ်မှုကင်းရှင်းကြောင်း) Business Logo၊ ပိုင်ရှင်မှတ်ပုံတင်၊ ပတ်စ်ပို့ဓါတ်ပုံတို့၏ မူရင်းများကိုသာ ဓာတ်ပုံ ရိုက်၍ တွဲပေးရမည် ဖြစ်ကြောင်း၊ မိမိလျှောက်ထားသည့် ပစ္စည်းအမျိုးအစားနှင့် စပ်လျဉ်း၍ သက်ဆိုင်ရာဌာန၏ ထောက်ခံချက်များကိုပါ ပူးတွဲတင်ပြရမည်ဖြစ်ကြောင်း ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (မွန်)

မော်လမြိုင်မြို့နယ်တာဝန်ခံသည် ‌ကော့လှာကျေးရွာတွင် စားအုန်းဆီရောင်းချနေမှုအား ကွင်းဆင်းစစ်ဆေး

     ၂၀.၈.၂၀၂၅ ရက်နေ့ နံနက် (၁၀:၀၀) နာရီအချိန်တွင် မော်လမြိုင်မြို့နယ်၊ ကော့လှာ ကျေးရွာတွင် စားအုန်းဆီ လက်လီကိုယ်စားလှယ် ဦးသန်းစိုးနိုင် စားအုန်းဆီရောင်းချမှုအား မော်လမြိုင်မြို့နယ်တာဝန်ခံ ဦးအောင်ညီညီခန့်မှ သွားရောက်စစ်ဆေးခဲ့ကြောင်း သိရသည်။

     ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် စားသုံးသူပြည်သူများအား စားအုန်းဆီရောင်းချရာတွင် ဈေးနှုန်းမြှင့်တင်ရောင်းချမှုမရှိစေရေး၊ အချင်အတွယ်ပြည့်မီစေရေး၊ အရည်အသွေးပြည့်ဝမှန် ကန်စေရေးနှင့် သတ်မှတ်ဗီနိုင်းချိတ်ဆွဲရောင်းချရန် စစ်ဆေးပြောကြားခဲ့ပြီး စားအုန်းဆီ တစ်ပိဿာလျှင် (၇၀၀၀) ကျပ်ဖြင့် (၄၄၀) ပိဿာရောင်းချခဲ့ကြောင်း သိရသည်။

DOCA (မွန်)

“ ကွမ်းခြံကုန်းမြို့နယ်အခြေခံပညာကျောင်းများတွင်စားသုံးသူကာကွယ်ရေးအသိပညာပေးခြင်း ဆောင်ရွက် ”

        ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းများသည် ဆက်စပ်ဌာနများနှင့် ပူးပေါင်း၍ ဩဂုတ်လ(၁၉)ရက်နေ့၊ နေ့လယ်(၁၃:၄၀)နာရီအချိန်တွင် ကွမ်းခြံကုန်းမြို့နယ်၊ သုံးခွကျေးရွာ အ.မ.က မူလွန်ကျောင်းတွင် စားသုံးသူကာကွယ်ရေး အသိပညာပေးခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

          ထိုသို့ စားသုံးသူကာကွယ်ရေး အသိပညာပေးခြင်း ဆောင်ရွက်ရာတွင် ကွမ်းခြံကုန်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်တိုင်းရင်းဆေးပညာဦးစီးဌာန မြို့နယ်စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်း၍ ပြန်/ဆက်ဦးစီးဌာနမှ ဦးဆောင်ပြုလုပ်သော လူငယ်ရေးရာအသိပညာပေးဟောပြောပွဲတွင် ကွမ်းခြံကုန်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦး စီးဌာနဦးစီးအရာရှိ ဒေါ်နန့်ဆွေနွယ်ဦးက လူငယ်များ ဗလငါးတန်နှင့် ပြည့်ဝစေရန် စာဖတ်ကြစေလိုကြောင်း၊ အသိအလိမ္မာများ ပြည့်ဝစေရန် သုတစာပေ၊ ရသစာပေများကို လေ့လာကြစေလိုကြောင်း ဟောပြောခြင်း၊ ကွမ်းခြံကုန်းမြို့နယ် တိုင်းရင်းဆေးပညာဦးစီးဌာန လက်ထောက်ဆေးမှူး ဒေါ်အေးမြတ်စိုး လူငယ်များတစ်ကိုယ်ရည် သန့်ရှင်းမှုလိုအပ်ကြောင်း၊ မိုးရာသီတွင် ဖြစ်ပွားတတ်သော သွေးလွန်တုပ်ကွေးရောဂါ၊ ဝမ်းရောဂါများ ဖြစ်ပွားရခြင်းမှာ တစ်ကိုယ်ရည် သန့်ရှင်းမှုအားနည်းသောကြောင့် ဖြစ်ပွားရခြင်းဖြစ်ကြောင်း တိုင်းရင်းဆေးဖြင့် ကုသနိုင်နိုင်သည့် နည်းလမ်းများအား ဟောပြောဆွေးနွေးခြင်း၊ စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဒေါ်နွယ်နွယ်အေးက လူငယ်များ ဗဟုသုတရရှိစေရန် ဘေးကင်းလုံခြုံမှုရှိစေရန် စားသုံးသူ၏ အဓိပ္ပါယ်၊ စားသုံးသူ အခွင့်အရေးနှင့်တာဝန်များ၊ ကုန်စည်နှင့် ဝန်ဆောင်မှုများ အွန်လိုင်းမှတစ်ဆင့် ဝယ်ယူခြင်းနှင့်စပ်လျဉ်း၍ သိသင့်သိထိုက်သည့် အားသာချက်အားနည်းချက်၊ မှတ်ပုံတင်ထားသည့် အွန်လိုင်းရောင်း ချမှုလုပ်ငန်းများမှ ဝယ်ယူခြင်းဖြင့် ရရှိမည့်အကျိုးရလဒ်များနှင့် တိုင်းကြားနိုင်သည့်နည်းလမ်းများအကြောင်းတို့ကို ဟောပြောဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။

         အဆိုပါ အသိပညာပေး ဟောပြောပွဲသို့ ဆရာ/ ဆရာမများ၊ ကျောင်းသား/ ကျောင်းသူ စုစုပေါင်း(၁၅၈)ဦးတက်ရောက်ခဲ့ကြပြီး ကျောင်းအုပ်ဆရာမကြီးမှ ကျေးဇူးတင်စကား ပြောကြားခဲ့ပြီး Consumer Call Center Hotline 1535 လိုင်းခွဲ(၂)သို့ လက်တွေ့စမ်းသပ်ခေါ်ယူခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

မော်လမြိုင်မြို့နယ်တာဝန်ခံသည် မြိုင်ရတနာဈေး၌ စားအုန်းဆီရောင်းချနေမှုအား ကွင်းဆင်းစစ်ဆေး

    ၂၁.၈.၂၀၂၅ ရက်နေ့ နံနက် (၁၀:၀၀) နာရီအချိန်တွင် မော်လမြိုင်မြို့နယ်၊ မြိုင်ရတနာ ဈေး၌ စားအုန်းဆီ လက်လီကိုယ်စားလှယ် ဒေါ်သူဇာလှိုင် စားအုန်းဆီရောင်းချမှုအား မော်လမြိုင်မြို့နယ်တာဝန်ခံ ဦးအောင်ညီညီခန့်မှ သွားရောက်စစ်ဆေးခဲ့ကြောင်း သိရသည်။

    ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် စားသုံးသူပြည်သူများအား စားအုန်းဆီရောင်းချရာတွင် ဈေးနှုန်းမြှင့်တင်ရောင်းချမှုမရှိစေရေး၊ အချင်အတွယ်ပြည့်မီစေရေး၊ အရည်အသွေးပြည့်ဝမှန် ကန်စေရေးနှင့် သတ်မှတ်ဗီနိုင်းချိတ်ဆွဲရောင်းချရန် စစ်ဆေးပြောကြားခဲ့ပြီး စားအုန်းဆီ တစ်ပိဿာလျှင် (၇၀၀၀) ကျပ်ဖြင့် (၃၈၅) ပိဿာရောင်းချခဲ့ကြောင်း သိရသည်။

DOCA (မွန်)

မော်လမြိုင်မြို့နယ်၊ အ.ထ.က (၁၃)ကျောင်းရှိ ကျောင်းမုန့်ဈေးတန်းအား ဈေးကွက်ကွင်းဆင်းစစ်ဆေး

    မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မော်လမြိုင်ခရိုင်၊ မော်လမြိုင်မြို့နယ်တာဝန်ခံ ဦးအောင်ညီညီခန့်နှင့် ဝန်ထမ်းများသည် ကျန်းမာရေးဦးစီးဌာနနှင့်ပူးပေါင်း၍ (၂၀..၂၀၂) ရက်နေ့တွင် မော်လမြိုင်မြို့၊ အ..က (၁၃) ကျောင်းရှိ ကျောင်းမုန့်ဈေးတန်းအား ကွင်းဆင်း စစ်ဆေးခဲ့ပါသည်။

    ထိုသို့ စစ်ဆေးရာတွင် ကျောင်းမုန့်ဈေးတန်းအတွင်း ရောင်းချနေသော မုန့်အမျိုးမျိုးတွင် မြန်မာစာကုန်အညွှန်းအမှတ်အသားပါရှိမှု ရှိ/မရှိ၊ စားသုံးရန်သင့်/မသင့်တို့ကို သက်ဆိုင်ရာ ကျောင်းအကျိုးတော်ဆောင်များ၊ ဆရာ၊ ဆရာမနှင့်အတူ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA (မွန်)

မော်လမြိုင်မြို့နယ်၊ အ.ထ.က (၂)ကျောင်းရှိ ကျောင်းမုန့်ဈေးတန်းအား ဈေးကွက်ကွင်းဆင်းစစ်ဆေး

    မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မော်လမြိုင်ခရိုင်၊ မော်လမြိုင်မြို့နယ်တာဝန်ခံ ဦးအောင်ညီညီခန့်နှင့် ဝန်ထမ်းများသည် ကျန်းမာရေးဦးစီးဌာနနှင့်ပူးပေါင်း၍ (၂၀..၂၀၂) ရက်နေ့တွင် မော်လမြိုင်မြို့၊ အ..က () ကျောင်းရှိ ကျောင်းမုန့်ဈေးတန်းအား ကွင်းဆင်း စစ်ဆေးခဲ့ပါသည်။

    ထိုသို့ စစ်ဆေးရာတွင် ကျောင်းမုန့်ဈေးတန်းအတွင်းရောင်းချနေသော လေဖောင်းမုန့်များ၊ ဖျော်ရည်ဗူးများစသည့် အသင့်စားမုန့်များ၌ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှု ရှိ/မရှိ စစ်ဆေးခဲ့ပြီး၊ ကျောင်းသား/သူများ ဘေးအန္တရာယ်ကင်းရှင်းသော အစားအသောက်များ၊ မုန့်များ ရောင်းချရန်၊ သက်တမ်းလွန်နေသော မုန့်များမရောင်းချရန်နှင့် တားမြစ်ထားသော ဆိုးဆေးများ ပါဝင်သည့် အစားအသောက်များ မရောင်းချရန်တို့ကို မုန့်ဆိုင်ပိုင်ရှင်များအား အသိပညာပေး ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA (မွန်)

ကျိုက်မရောမြို့နယ်၊ သင်္ဃန်းချောင်ကျေးရွာ မူလတန်းလွန်ကျောင်း၌ စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောပွဲကျင်းပပြုလုပ်

     ၁၉.၈.၂၀၂၅ ရက်နေ့တွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မော်လမြိုင်ခရိုင်၊ ကျိုက်မရောမြို့နယ်တာဝန်ခံ ဦးစိုးညီညီသည် ကျိုက်မရောမြို့နယ်၊ သင်္ဃန်းချောင်ကျေးရွာ မူလတန်းလွန်ကျောင်း၌ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများအား စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ပါသည်။

     အဆိုပါ ဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာန ကျိုက်မရောမြို့နယ်တာဝန်ခံက စားသုံးသူကာကွယ်ရေး ပေါ်ပေါက်လာပုံ သမိုင်းကြောင်းနှင့် စားသုံးသူ၏ အဓိပ္ပါယ်ဖွင့်ဆိုချက်၊ စားသုံးသူအခွင့်အရေး(၈)ချက်တို့ကို ရှင်းလင်းဟောပြောခြင်း၊ ကျောင်းသား၊ ကျောင်းသူများ သည် အသင့်စားအစားအစာများကို ဝယ်ယူအသုံးပြုရာတွင် မြန်မာဘာသာဖြင့် ကုန်အညွှန်း အမှတ်အသား ဖော်ပြထားသည့် အစားအစာများကို ရွေးချယ်ဝယ်ယူအသုံးပြုရန် နမူနာ ပစ္စည်းများဖြင့် ရှင်းလင်းခြင်း၊ သက်တမ်းကုန်ဆုံးရက်စွဲများ သေချာသိရှိနားလည်စေရန် ပုံစံနမူနာပြသ၍ အပြန်အလှန် မေးမြန်းခြင်းတို့ကို အသိပညာ‌ပေးဟောပြောခဲ့ပြီး စားသုံးသူ ကာကွယ်ရေးဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များကို ဖြန့်ဝေခဲ့ပါသည်။ အဆိုပါ အသိပညာပေးဟောပြောပွဲသို့ ဆရာ၊ ဆရာမ (၄) ဦးနှင့်အတူ ကျောင်းသား၊ ကျောင်းသူ (၅၄) ဦး စုစုပေါင်း (၅၈) ဦး တက်ရောက်ခဲ့ပါကြောင်း သိရှိရပါသည်။

DOCA (မွန်)

ကျိုက်မရောမြို့နယ်တွင် ဆန်ဂိုဒေါင်နှင့်ဆန်ဆိုင်ကြီးများ ကွင်းဆင်းစစ်ဆေး

    ၂၀.၈.၂၀၂၅ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ကျိုက်မရောမြို့နယ်တာဝန်ခံ ဦးစိုးညီညီသည် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့် ပူးပေါင်း၍ ကျိုက်မရော မြို့ပေါ်ရှိ ဆန်ဆိုင်ကြီးများ၊ ဆန်ဂိုဒေါင်များတွင် ဈေးကစားရန်ရည်ရွယ်၍ သိုလှောင်ခြင်း၊ ဖြန့်ဖြူးရောင်းချခြင်း၊ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း ရှိ/မရှိအား ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

    ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ကျိုက်မရောမြို့ပေါ်ရှိ ဆန်ဆိုင်ကြီးများ၊ ဆန်ဂိုဒေါင်များတွင် ဈေးကစားရန်ရည်ရွယ်၍ သိုလှောင်ခြင်း၊ ဖြန့်ဖြူးရောင်းချခြင်း၊ ဈေးနှုန်းမြှင့်တင် ရောင်းချခြင်း မရှိပါကြောင်း သိရှိရပါသည်။

DOCA (မွန်)

“ ကွမ်းခြံကုန်းမြို့နယ်အတွင်း ရောင်းချသောဆေးဆိုင်များအား ကွင်းဆင်းစိစစ်ခြင်း ”

        ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းများသည် လူသုံးများသေား ဆေးဝါးများ ဆေးဆိုင်များတွင် ပြတ်လပ် မှုရှိ/မရှိ စစ်ဆေးရန် တောင်ပိုင်းခရိုင်ဦးစီးမှူးရုံး၏ ညွှန်ကြားချက်နှင့်အညီ  ဩဂုတ်လ(၂၁)ရက် နေ့၊ နေ့လည်(၁၄:၀၀)နာရီအချိန်တွင် ပူးပေါင်းအဖွဲ့များဖြင့် ကွင်ဆင်းစိစစ်ခဲ့ကြောင်း သိရှိရ သည်။

          ထိုသို့ ကွင်းဆင်းစိစစ်ခြင်းများ ဆောင်ရွက်ရာတွင် ကွမ်းခြံကုန်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဘက်စုံသားဖွား ဆရာမဒေါ်နှင်းမို့သန်းနှင့် ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ စာရင်းကိုင်-၃အဆင့် ဒေါ်ခိုင်သဇင်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဈေးပိုင်းရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးဇော်မိုး၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဒေါ်နွယ်နွယ်အေးနှင့် ဌာနခွဲစာရေး ဦးတင်ထွန်းဦးတို့ပါဝင်သော ပူးပေါင်းအဖွဲ့သည် ကွမ်းခြံကုန်းမြို့နယ် ဈေးပိုင်းရပ်ကွက် ကန္ဒာလမ်းမှ ထွန်းဝေဆေးဆိုင်၊ ဈေးပိုင်းရပ်ကွက် သုံးပန်လှလမ်းမှ ရာပြည့်ဆေးဆိုင်၊ ရတနာပုံလမ်းမှ ကောင်းမြတ်ချမ်းသာဆေးဆိုင်၊ ဈေးပိုင်းရပ်ကွက် ဗိုလ်ချုပ်လမ်းမှ အေးမေတ္တာဆေးဆိုင်၊ ကံကြီးမကျီးရပ်ကွက် ဗိုလ်ချုပ်လမ်းမှ သစ်ဆန်းဆေးဆိုင်၊ ထွန်းဝေဆေးဆိုင်၊ ဦးစံရွှေ+ ဒေါ်တင်အိ ဆေးဆိုင်တို့တွင် လူသုံးများသောဆေးဝါးများဖြစ်သည့် ဆီချိုဆေး၊ သွေးတိုးကျဆေး၊ သွေးကျဲဆေး၊ နှလုံးဆေး၊ အသဲဆေး၊ အာရုံကြောဆေးများ၊ စပ်ဆေးများနှင့် ဆရာဝန်ညွှန်ကြားချက်မလိုသော အိမ်သုံးဆေးများ၊ အားဆေးများဖြည့်စွက်စာများ ပြတ်လပ်မှုရှိ/ မရှိ ကွင်းဆင်းစိစစ်ခဲ့ကြကြောင်း သိရှိရပါသည်။

          ထို့နောက် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဒေါ်နွယ်နွယ်အေးက အထက်ဖော်ပြပါ ဆေးဝါးများ ပြတ်လပ်မှုမရှိစေရေးနှင့် ယခုကာလသည် မိုးရာသီကာလဖြစ်သောကြောင့် စားသုံးသူများ အများအားဖြင့် ဖြစ်တတ်သည့် ဝမ်းရောဂါကာကွယ်ဆေးများ၊ ဖျားနာရောဂါ ဆေးဝါးများ ပြတ်လပ်မှုမရှိစေရန်၊ ဈေးနှုန်းမြှင့်တင်ရောင်းချမှု မရှိစေရန် ဈေးနှုန်းမြှင့်ရန် ဈေးကစားရန်ရည်ရွယ်ချက်၍ သိုလှောင်ထားခြင်းများ မပြုလုပ်ကြရန် ဆေးဆိုင်ပိုင်ရှင် တာဝန်ခံ လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေး ကွင်းဆင်းစိစစ်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

ကျိုက်မရောမြို့နယ်၊ မြို့မဈေးအတွင်းရှိ ကုန်စုံဆိုင်များတွင် ရောင်းချနေသော စားသုံးဆီအမျိုးမျိုးအား ကွင်းဆင်းစစ်ဆေး

     ၂၀.၈.၂၀၂၅ ရက်နေ့တွင် မော်လမြိုင်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန၊ ကျိုက်မရော မြို့နယ်တာဝန်ခံ ဦးစိုးညီညီသည် မြို့နယ်‌အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ကျန်းမာရေး ဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ဖြင့်ပူးပေါင်း၍ ကျိုက်မရောမြို့နယ်၊ မြို့မဈေး အတွင်းရှိ ကုန်စုံဆိုင်များတွင် ဖြန့်ဖြူးရောင်းချနေသော စားသုံးဆီအမျိုးမျိုးအား ကွင်းဆင်း စစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

     ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ကျိုက်မရောမြို့နယ်တာဝန်ခံမှ စားသုံးဆီများ ရောင်းချနေသော ကုန်စုံဆိုင်အရောင်းဆိုင်များအား စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉၊ အခန်း (၁၈) တွင်ပြဌာန်းချက်နှင့်အညီ  ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ဖော်ပြထားခြင်း ရှိ/မရှိကို ဈေးကွက် စောင့်ကြည့်စစ်ဆေးပြီးနောက် ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှုမရှိသော စားသုံးဆီများအား ဝယ်ယူရောင်းချခြင်းမပြုရန်နှင့် ကုန်စည်များအား ဈေးကွက်ကစားလိုသော ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်း၊ ရောင်းချခြင်းများ မပြုလုပ်ကြရန် အသိပညာပေး ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA (မွန်)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ