သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

မြောင်းမြခရိုင်၊ မော်ကျွန်းမြို့နယ်၊ မြို့ပေါ်ရှိဆေးဆိုင်များတွင် ဈေးနှုန်းမြှင့်တင်ရောင်းချခြင််းရှိ/ မရှိ ကွင်းဆင်းစစ်ဆေး

      ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်တာဝန်ခံ ဦးမင်းဇော်လတ်နှင့် ဝန်ထမ်းများသည်  မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့်ပူးပေါင်း၍ (၂၆-၈-၂၀၂၄)ရက်နေ့  ညနေ(၁၅;၀၀)နာရီအချိန်၌ မြို့ပေါ်ရှိ ဆေးဆိုင်များတွင် ရောင်းချလျှက်ရှိသော အိမ်သုံးဆေးများအား ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းရှိ/ မရှိ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

      ထို့သို့ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်တာဝန်ခံမှ အိမ်သုံးဆေးအရောင်းဆိုင် ဆိုင်ရှင်များအား စားသုံးသူ ပြည်သူများသက်သာသောဈေးနှုန်းဖြင့် ဝယ်ယူသုံးစွဲနိုင်ရေးအတွက် ဆေးဈေးနှုန်းများမြှင့်တင်ရောင်းချခြင်းမပြုရန် ဆေးဆိုင်များပုံမှန်ဖွင့်လှစ်ရောင်းချနိုင်ရေး ဆေးပြတ်လပ်မှုမဖြစ်ပေါ်စေရေး အဓိကထားဆောင်ရွက်ရန် ဈေးကွက်အတွင်း တရားမဝင်တင်သွင်းလာသော  ဆေးဝါးများရောင်းချခြင်းမပြုကြရန်၊ သက်တမ်းလွန်ဆေးဝါးများနှင့် လိုင်စင်မဲ့ဆေးဝါးများ ရောင်းချခြင်းမပြုရန် ဈေးကွက်အတွင်းရောင်းဝယ်ခြင်းများအား စစ်ဆေး‌တွေ့ရှိပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှု ဥပဒေများအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သက်ဆိုင်ရာဌာနများ၏ အမိန့်ညွှန်ကြားချက်ဥပဒေများအား လိုက်နာဆောင်ရွက်ကြရန် အသိပေးစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

ဟင်္သာတခရိုင်အတွင်း အွန်လိုင်းရောင်းချသူများအား အွန်လိုင်းမှတ်ပုံတင်ခြင်းဆိုင်ရာ အသိပညာပေးဟောပြောပွဲဆောင်ရွက်ခြင်း

      စားသုံးသူရေးရာဦးစီးဌာန၊ဟင်္သာတခရိုင်ဦးစီးမှူး၊ ဒု-ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် (၂၇.၈.၂၀၂၄)ရက်နေ့ နေ့လယ်(၁၄:၀၀) နာရီအချိန်တွင် ဟင်္သာတမြို့နယ်၊ တာငါးဆယ်(မ)ရပ်ကွက်၊ ဈေးကလေးလမ်းရှိ ခရိုင်ဦးစီးမှူးရုံး၌ အွန်လိုင်းမှတ်ပုံတင်ခြင်းဆိုင်ရာ အသိပညာပေးဟောပြောခြင်း ဆောင်ရွက်ခဲ့ပါသည်။

   အဆိုပါဟောပြောပွဲတွင် ခရိုင်ဦးစီးမှူး ဦးဇော်မင်းက လုပ်ငန်းရှင်များအား မိတ်ဆက်စကားပြောကြားခဲ့ပြီး အွန်လိုင်းမှတ်ပုံတင်ခြင်းနှင့်ပတ်သက်သည့် ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များအား ရှင်းလင်းဆွေးနွေးခဲ့ပြီး၊ ဒု-ခရိုင်ဦးစီးမှူး ဦးမောင်မောင်မြတ်ခိုင်မှ အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်း လုပ်ငန်းကိုမှတ်ပုံတင်လျှောက်ထားပြီးမှ လုပ်ကိုင်ရန်၊ အမိန့်ကြော်ငြာစာထုတ်ပြန်ပြီး(၆)လပြည့်သည့်နေ့ရက်မှစ၍ မှတ်ပုံတင်မရှိပဲရောင်းချပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှု ဥပဒေပုဒ်မ(၅)အရ အရေးယူခံရမည်ဖြစ်ကြောင်း၊ အွန်လိုင်းစနစ်တွင်အခြေခံဆောင်ရွက်ထားသည့်အချက်များ၊ စနစ်တွင်ပါဝင်သည့်လုပ်ငန်းစဉ်များ၊ ကုန်စည်နှင့်ဝန်ဆောင်မှုအုပ်စုသတ်မှတ်ချက်များ၊ လျှောက်ထားရန် အခြေခံလိုအပ်ချက်များ၊ e-ComReg System ဖြင့် Online Sales  မှတ်ပုံတင်လက်မှတ်လျှောက်ထား၊ ထုတ်ယူမှု အဆင့်ဆင့်တို့ကို အကျယ်တဝင့်ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

လေးမျက်နှာမြို့နယ် စားအုန်းဆီအရောင်းဆိုင်လုပ်ငန်းရှင်များအား အသိပညာပေးဟောပြော

      စားသုံးသူရေးရာဦးစီးဌာန၊ လေးမျက်နှာမြို့နယ်တာဝန်ခံသည် (၂၀.၈.၂၀၂၄)ရက်နေ့၊နေ့လယ် (၁၄:၃၀) နာရီအချိန်တွင် လေးမျက်နှာမြို့နယ်၊ အမှတ်(၃)ရပ်ကွက်ရှိ၊ မြို့နယ်အုပ်ချုပ်ရေးမှူးရုံး၌ စားအုန်းဆီအရောင်းဆိုင်လုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောခြင်း ဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။

    အဆိုပါဟောပြောပွဲတွင် မြို့နယ်တာဝန်ခံ ဦးအောင်သန်းဌေးက စားသုံးသူမိဘပြည်သူများ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်မှ ထုတ်ပြန်ကြော်ငြာထားသောညွှန်းကြားချက်အမှတ် (၂/၂၀၁၉)နှင့်အညီ မြန်မာဘာသာဖြင့် ပြည်စုံစွာဖော်ပြထားသော ကုန်စည်များကိုသာရောင်းချရန်၊ ကုန်စည်နှင့် စပ်လျဉ်း၍အာမခံချက်ပေးရာတွင် စားသုံးသူများစိတ်ကျေနပ်မှုရှိစေရေးနှင့် သတ်မှတ်အရည်အသွေးပြည့်မီသောကုန်စည်များကိုသာရောင်းချရန်၊ စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များအကြောင်း၊တားမြစ်ချက်များနှင့်ပြစ်မှုပြစ်ဒဏ်များ၊ စားအုန်းဆီရောင်းချသော လုပ်ငန်းရှင်များအနေဖြင့် ဈေးနှုန်းမြှင့်တင်ရောင်းချမှုမရှိစေရေး၊ ဈေးကွက်အတွင်း ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းများတွေ့ရှိပါက စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ  ထုတ်ပြန်ထားသော အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေပါ ပြစ်မှုပြစ်ဒဏ်များအရ အရေးယူဆောင်ရွက်နိုင်သည့်အကြောင်း၊ စားသုံးသူမိဘပြည်သူများအနေဖြင့်လည်း စားသုံးသူရေးရာဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များအကြောင်း သိရှိလိုပါက www.doca.gov.mm Websiteတွင် ဝင်ရောက်လေ့လာနိုင်ကြောင်း၊ စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာ (CICC) ရုံးခန်းများ ဖွင့်လှစ်ထားရှိမှု အခြေအနေတို့ကိုလည်းကောင်း အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

မြန်အောင်မြို့နယ် အ.ထ.က(တာခွ)ကျောင်းရှိ ကျောင်းမုန့်ဈေးတန်းတွင် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

     စားသုံးသူရေးရာဦးစီးဌာန၊မြန်အောင်မြို့နယ်ဦးစီးမှူးသည်(၂၂.၈.၂၀၂၄)ရက်နေ့ နံနက်(၁၁:၃၀) နာရီအချိန်တွင် မြန်အောင်မြို့နယ်၊ တာခွကျေးရွာအုပ်စု၊ အခြေခံပညာအထက်တန်းကျောင်းရှိ  မုန့်ဈေးတန်းအား ကျောင်းမုန့်ဈေးတန်းကော်မတီဝင်များနှင့်အတူ ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။

       ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင်  ကျောင်းမုန့်ဈေးတန်းများရှိ ရောင်းချနေသောမုန့်များတွင် ကုန်အညွှန်းအမှတ်အသား ပြည်စုံမှုရှိ/ မရှိ ကွင်းဆင်းစိစစ်ခဲ့ပြီး၊ ကုန်အညွှန်းအမှတ်အသားပြည့်စုံသော မုန့်များကိုသာရောင်းချရန်၊ သက်ဆိုင်ရာဌာနများမှထုတ်ပြန်ထားသော တားမြစ်မုန့်များ၊ အစားအသောက်များ၊သက်တမ်းလွန်အစားအစာများရောင်းချမှုမရှိစေရေး၊ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်မှ ထုတ်ပြန်ကြော်ငြာထားသော ညွှန်းကြားချက်အမှတ် (၂/၂၀၁၉) နှင့်အညီ မြန်မာဘာသာဖြင့် ပြည်စုံစွာဖော်ပြထားသော ကုန်စည်များကိုသာရောင်းချရန် စသည်တို့ကို မုန့်ဈေးတန်းရောင်းချသူများအား အသိပညာပေးမှာကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

မြန်အောင်မြို့နယ်တွင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲပြုလုပ်

   ဧရာဝတီတိုင်းဒေသကြီး၊စားသုံးသူရေးရာဦးစီးဌာန၊ မြန်အောင်မြို့နယ်ဦးစီးမှူးသည်(၂၂.၈.၂၀၂၄) ရက်နေ့ နံနက်(၀၉:၀၀)နာရီအချိန်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့် ကာယပညာဦးစီးဌာနတို့နှင့်ပူးပေါင်း၍ မြန်အောင်မြို့နယ် မြို့မတဲကြီးကုန်းကျေးရွာအုပ်စု၊ အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းသား/ ကျောင်းသူများနှင့် ဆရာ/ ဆရာမများအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခြင်းဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

    ဟောပြောပွဲတွင် မြို့နယ်ဦးစီးမှူး ဦးမြင့်အောင်က စားသုံးသူကာကွယ်ရေးဥပဒေကို ၂၀၁၉ခုနှစ် မတ်လ(၁၅)ရက်နေ့တွင် အခန်း(၂၅)ခန်း၊ ပုဒ်မ(၈၄)ခုဖြင့် ပြဌာန်းခဲ့ကြောင်း၊ စားသုံးသူစကားရပ်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်၊ စားသုံးသူအခွင့်အရေးနှင့် တာဝန်များအကြောင်း၊ ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ အာမခံချက်ပေးခြင်းများအကြောင်း၊ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းများအကြောင်း၊ တားမြစ်ချက်များအကြောင်း၊ ပြစ်မှုပြစ်ဒဏ်များအကြောင်း၊ စားသုံးသူတို့အနေဖြင့် အသင့်စားမုန့်များဝယ်ယူစားသုံးရာတွင် ထုတ်လုပ်သည့်ရက်စွဲနှင့်သက်တမ်းကုန်ဆုံးရက်များအဓိကဖက်ရှု့ရမည်ဖြစ်ကြောင်း၊ စားသုံးသူတို့အနေဖြင့် ကုန်စည်သို့မဟုတ်ဝန်ဆောင်မှုများနှင့် စပ်လျဉ်း၍ နစ်နာဆုံးရှုံးမှုများရှိပါက စားသုံးသူရေးရာဦးစီးဌာနသို့ တိုင်ကြားနိုင်မည်ဖြစ်ကြောင်း၊ ကျောင်းသား/ ကျောင်းသူများအနေဖြင့် ကျောင်းဈေးတန်းနှင့် ပြင်ပဈေးဆိုင်များတွင် စားသုံးရန်မသင့်သောအစားအစာများနှင့် ရရှိလာမည့်ဆိုးကျိုးများ အကြောင်းစသည့်တို့ကိုအသိပညာပေးဟောပြောခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

ထားဝယ်မြို့ပေါ်ရှိ စန္ဒာမင်းဘက်ထရီအရောင်းဆိုင်အား စစ်ဆေးခြင်း

    ၂၀၂၄ ခုနှစ် ၊ သြဂုတ်လ(၃၁)ရက်နေ့ ၊ နံနက်(၁၁:၀၀)နာရီအချိန်တွင် စားသုံးသူရေးရာ ဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် ထိန်းချုပ်ဓာတုစစ်ဆေးရေး အဖွဲ့များဖြစ်သော မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မူးယစ်ရဲတပ်ဖွဲ့စု၊ မှုခင်းရဲတပ်ဖွဲ့စု၊ အကောက်ခွန်ဦးစီးဌာန၊ သစ်တောဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန ပူးပေါင်းအဖွဲ့ဖြင့်  ထားဝယ်မြို့၊ ဝဲကျွန်းရပ်ရှိ စန္ဒာမင်း ဘက်ထရီရောင်းဝယ်ရေးဆိုင်သို့ သွားရောက်၍ ဘက်ထရီများတွင် ပြန်လည်ထည့်သွင်း အသုံးပြုသည့် အက်စစ်များအား သွားရောက်စစ်ဆေးခဲ့ပါသည်။

    ထိုသို့စစ်ဆေးရာတွင် ထိန်းချုပ်ဓာတုစစ်ဆေးရေးအဖွဲ့များမှ သတ်မှတ်ထုတ်ပြန်ထားသော ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ တင်သွင်းသိုလှောင်မှုများ ရှိ/မရှိ စစ်ဆေးခြင်းနှင့် သတ်မှတ်ထုတ်ပြန်ချက်များနှင့် ကိုက်ညီမှုမရှိဘဲ တရားမဝင်တင်သွင်း သိုလှောင်ထားရှိမှုများ တွေ့ရှိရပါက ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ရာ သိရှိလိုက်နာဆောင်ရွက်သွားနိုင်ရန် ရှင်းလင်းဆွေးနွေးခဲ့ပါကြောင်း သိရှိရပါ သည်။

DOCA(တနင်္သာရီ)                                                                                                                                                                     

ဇလွန်မြို့နယ်အခြေခံပညာမူလတန်းကျောင်း(ဥယျာဉ်)တွင် ကျောင်းသား/ သူများအား အသိပညာပေးဟောပြောပွဲပြုလုပ်

     ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ဇလွန်မြို့နယ်ဦးစီးမှူးသည်(၂၁.၈.၂၀၂၄) ရက်နေ့ နေ့လယ်(၁၃:၀၀)နာရီအချိန်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့် ကာယပညာဦးစီးဌာနတို့နှင့်ပူးပေါင်း၍ ဇလွန်မြို့၊ ဉယျာဉ်ကျေးရွာအုပ်စု၊ အခြေခံပညာမူလတန်းကျောင်း၌ ကျောင်းသား/ ကျောင်းသူများအား စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောခြင်း ဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။

      ဟောပြောပွဲတွင် မြို့နယ်ဦးစီးမှူး ဦးသန့်ဇင်ဦးက စားသုံးသူကာကွယ်ရေးဥပဒေကို ၂၀၁၉ခုနှစ် မတ်လ(၁၅)ရက်နေ့တွင် အခန်း(၂၅)ခန်း၊ ပုဒ်မ(၈၄)ခုဖြင့် ပြဌာန်းခဲ့ကြောင်း၊ စားသုံးသူစကားရပ်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်၊ စားသုံးသူအခွင့်အရေးနှင့် တာဝန်များအကြောင်း၊ ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ အာမခံချက်ပေးခြင်းများအကြောင်း၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းများအကြောင်း၊ တားမြစ်ချက်များအကြောင်း၊ ပြစ်မှုပြစ်ဒဏ်များအကြောင်း၊ စားသုံးသူတို့အနေဖြင့် အသင့်စားမုန့်များဝယ်ယူစားသုံးရာတွင် ထုတ်လုပ်သည့်ရက်စွဲနှင့်သက်တမ်းကုန်ဆုံးရက်များအဓိကဖက်ရှု့ရမည်ဖြစ်ကြောင်း၊ စားသုံးသူတို့အနေဖြင့် ကုန်စည်သို့မဟုတ်ဝန်ဆောင်မှုများနှင့် စပ်လျဉ်း၍ နစ်နာဆုံးရှုံးမှုများရှိပါက စားသုံးသူရေးရာဦးစီးဌာနသို့ တိုင်ကြားနိုင်မည်ဖြစ်ကြောင်း၊ ကျောင်းသား/ ကျောင်းသူများအနေဖြင့် ကျောင်းဈေးတန်းနှင့် ပြင်ပဈေးဆိုင်များတွင် စားသုံးရန်မသင့်သောအစားအစာများနှင့် ရရှိလာမည့်ဆိုးကျိုးများ အကြောင်းစသည့်တို့ကိုအသိပညာပေးဟောပြောခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

ဇလွန်မြို့နယ် စတိုးဆိုင်လုပ်ငန်းရှင်များအား အသိပညာပေးဟောပြော

    စားသုံးသူရေးရာဦးစီးဌာန၊ ဇလွန်မြို့နယ်ဦးစီးမှူးသည် (၂၃.၈.၂၀၂၄)ရက်နေ့၊ နံနက်(၁၀:၀၀) နာရီအချိန်တွင် ဇလွန်မြို့နယ်၊ လမ်းမတော်(မ)ရပ်ကွက်ရှိ၊ အုပ်ချုပ်ရေးမှူးရုံး၌ စားသောက်ကုန်နှင့် အလှကုန်ရောင်းချသော စတိုးဆိုင်လုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေးဆိုင်ရာအသိပညာပေး ဟောပြောခြင်းဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။

       အဆိုပါဟောပြောပွဲတွင် မြို့နယ်ဦးစီးမှူး ဦးသန့်ဇင်ဦးက  စားသုံးကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များအကြောင်း၊ ကုန်အညွှန်းအမှတ်အသား အဓိပ္ပာယ်ဖွင့်ဆိုချက်၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ မည်သည့်စီးပွားရေးလုပ်ငန်းရှင်မဆို ပုဒ်မ(၄၁) ပုဒ်မခွဲ (ခ)နှင့်(ဆ)တို့ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု (သို့မဟုတ်) တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေ ရေးသားဖော်ပြရမည့်အကြောင်း၊ ကုန်စည်(သို့မဟုတ်) ဝန်ဆောင်မှုကို ဝယ်ယူအသုံးပြုခြင်းကြောင့် ဖြစ်ပေါ်လာသည့် နစ်နာဆုံးရှုံးမှုများနှင့် စပ်လျဉ်း၍ ကုစားခွင့်ရရှိခြင်းများအကြောင်း၊ ပြစ်မှုနှင့်ပြစ်ဒဏ်များအကြောင်း၊ စားသုံးသူမိဘပြည်သူများအနေဖြင့်လည်း စားသုံးသူရေးရာဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များအကြောင်း သိရှိလိုပါက www.doca.gov.mm Websiteတွင် ဝင်ရောက်လေ့လာနိုင်ကြောင်း၊ စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံ ဆောင်ရွက်ရေးစင်တာ (CICC) ရုံးခန်းများဖွင့်လှစ်ထားရှိမှု အခြေအနေတို့ကိုလည်းကောင်း အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

အခြေခံသတင်းရေးသားနည်းသင်တန်းဖွင့်လှစ်

    စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံး သင်တန်းခန်းမတွင် စားသုံးသူရေးရာဦးစီးဌာနနှင့် ချမ်းအေးသာစံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ အခြေခံသတင်းရေးသားနည်းသင်တန်းကို ဩဂုတ်လစတုတ္ထပတ်တွင် တိုင်းဦးစီးမှူးရုံးမှ ဝန်ထမ်းများ၊ ခရိုင်များမှ ဝန်ထမ်းများမှလည်း Online မှ တက်ရောက်ခဲ့ပါသည်။

    အဆိုပါသင်တန်းဖွင့်ပွဲအခမ်းအနားတွင် ခေတ္တတိုင်းဒေသကြီးဦးစီးမှူးမှ အဖွင့်အမှာစကားပြော ကြားရာတွင် စားသုံးသူရေးရာဦးစီးဌာနရှိ ဝန်ထမ်းများအနေနှင့် ဝန်ကြီးဌာနမှ ၁လလျှင် ၁ကြိမ်ထုတ် ဝေသည့် Commerce Journal နှင့် ဌာန website များတွင် သတင်းများရေးသားပေးပို့နိုင်ရေးအတွက် သတင်းများရေးသားရာတွင် သိသင့်သိထိုက်သည့် ဆောင်ရန်ရှောင်ရန်အချက်များနှင့် သတင်းရေးသား ရာတွင် လိုက်နာဆောင်ရွက်ရမည့် အချက်များကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သင်ကြားသည့် အချက်အလက်များကို စိတ်ပါဝင်စားစွာဖြင့် လေ့လာသင်ယူကြပါရန် ပြောကြားခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနမှ မိတ်ဆက်ဆွေးနွေးပြီး သတင်းရေးသားနည်းသင်တန်း ကိုဖွင့်လှစ်သင်ကြားခဲ့ပါသည်။

      အဆိုပါသတင်းရေးသားနည်းသင်တန်းမှ သတင်းတွင် အဓိကပါဝင်ရမည့်အချက်များ/သတင်း အခြေခံဖွဲ့စည်းတည်ဆောက်ပုံ၊ သတင်းအမျိုးအစား၊သတင်းဆောင်းပါး၊ သတင်းတန်ဖိုးရှိ/မရှိ ဆုံးဖြတ် ရမည့်အချက်များ၊ သတင်းရေးသားရာတွင် သတိပြုရမည့်အချက်များ၊ သတင်းတည်းဖြတ်ခြင်း၊ သတင်းစာ ဆရာကောင်းအရည်အချင်း၊  သတင်းမီဒီယာလောကတွင် ရင်ဆိုင်နေရသည့် ထူးခြားသည့်အခြေအနေများကို သင်ကြားပို့ချခဲ့ပြီး သင်တန်းသား/သူများနှင့် အပြန်အလှန်ဆွေးနွေးကာ လက်တွေ့ သတင်းရေးသားမှုကို ဆောင်ရွက်ခဲ့ပါသည်။

DOCA(မန္တလေး)

 

 

အင်္ဂပူမြို့နယ် အွန်လိုင်းမှတ်ပုံတင်ခြင်းဆိုင်ရာအသိပညာပေးဟောပြောပွဲဆောင်ရွက်ခြင်း

      စားသုံးသူရေးရာဦးစီးဌာန၊ အင်္ဂပူမြို့နယ်တာဝန်ခံသည် (၂၇.၈.၂၀၂၄)ရက်နေ့ နံနက်(၁၀:၀၀) နာရီအချိန်တွင် အင်္ဂပူမြို့နယ်၊ မဲဇလီကုန်းမြို့ရှိ မြို့အုပ်ချုပ်ရေးမှူးရုံး၊ အစည်းအဝေးခန်းမ၌ အွန်လိုင်းမှတ်ပုံတင်ခြင်းဆိုင်ရာ အသိပညာပေးဟောပြောခြင်း ဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။

    ဟောပြောပွဲတွင် မြို့နယ်တာဝန်ခံ ဦးဘိုဘိုက အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းဆိုသည်မှာ ကုန်စည်ကိုဖြစ်စေ၊ ဝန်ဆောင်မှုကိုဖြစ်စေ အွန်လိုင်းမှတစ်ဆင့်ဝန်ဆောင်မှုပေး၍ ရောင်းချသည့် လုပ်ငန်းကိုဆိုလိုကြောင်း၊ အွန်လိုင်းမှဈေးဝယ်ယူခြင်း၏ အားသာချက်၊ အားနည်းချက်များကို ရှင်းလင်းဆွေးနွေးခြင်း၊ အွန်လိုင်းရောင်းချသူများမှ စားသုံးသူပြည်သူများအား လိမ်လည်မှု ပုံစံ(၂)မျိုး၊ စားသုံးသူများက အွန်လိုင်းဝယ်ယူသည့်အခါ စိစစ်သ့သည့်အချက်များ၊ မှတ်ပုံတင်ထားသည့် အွန်လိုင်းရောင်းချမှုလုပ်ငန်းများမှ ဈေးဝယ်ယူခြင်းဖြင့် ရရှိလာမည့်အကျိုးရလာဒ်များ၊ အွန်လိုင်းဈေးဝယ်ယူခြင်းဖြင့် နစ်နာဆုံးရှုံးမှုများဖြစ်ပေါ်လာပါက တိုင်ကြားနိုင်သည့်နည်းလမ်းများ၊ ဖြေရှင်းဆောင်ရွက်မှု အခြေအနေများအား အသိပညာပေးဟောပြောခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ