သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

အွန်လိုင်းမှတ်ပုံတင် လျှောက်ထားသည့်လုပ်ငန်းအား မြေပြင်စစ်ဆေး

     တိုင်းဒေကြီးဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် (၁၁.၇.၂၀၂၅) ရက်နေ့ နေ့လယ်(၁၃:၀၀)နာရီအချိန်တွင် မုံရွာခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး၊  မုံရွာမြို့နယ်တာဝန်ခံနှင့် ချောင်းဦးမြို့နယ်တာဝန်ခံတို့သည် Online Sales မှတ်ပုံတင်ထားသော မုံရွာမြို့၊ မြဝတီရပ်ကွက်ရှိ ဖောင်းပြင်စတိုးမုံရွာ လုပ်ငန်းသို့ မှတ်ပုံတင်လျှောက်ထားရာတွင် ဖော်ပြထားသော အချက်များနှင့် မြေပြင်အချက်အလက်များ ကိုက်ညီမှု ရှိ/မရှိ ကွင်းဆင်း စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ ပါသည်။

    ထိုသို့ ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် မုံရွာမြို့၊ မြဝတီရပ်ကွက်၊ သီတာလမ်းထောင့်ရှိ ဦးရန်ကျော်အောင်သည်  ဖောင်းပြင်စတိုးမုံရွာ Online Sales မှတ်ပုံတင်ရာတွင် ထည့်သွင်း လျှောက်ထားသည့် အချက်များ (၁၈) ချက်နှင့် မြေပြင်တွင်သွားရောက် စစ်ဆေးသည့်အချက်အလက် များ ကိုက်ညီမှုရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ပြီး စီးပွားရေးလုပ်ငန်းရှင်၏ လိုက်နာရမည့် တာဝန်များအကြောင်း အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (စစ်ကိုင်း)

စားသောက်ဆိုင်များအား ကွင်းဆင်းစစ်ဆေး

     စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ကသာခရိုင်ဦးစီး မှူးရုံး အနေဖြင့် ပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းသော အစားအသောက်များ ဝယ်ယူနိုင်ရန်အတွက် ၂၀၂၅-ခုနှစ် မေလ(၂၈) ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာနမှ ဒုတိယခရိုင်ဦးစီးမှူး ဦးကြည်နိုင်ဦးမှ ဦးဆောင်၍ အစားအသောက် ဝန်ဆောင်မှုပေးသည့် လုပ်ငန်းများဖြစ်သည့် စားသောက်ဆိုင်များသို့ ပူးပေါင်းဌာနများဖြစ်သည့် ခရိုင်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ဝင်များဖြင့် ကွင်းဆင်းစစ်ဆေးခြင်းအား ဆောင်ရွက်ခဲ့ပါသည်။

    ထိုသို့စစ်ဆေးရာတွင် အစားအသောက်ချက်ပြုတ်သူများ၊ အစားအသောက်ဝန်ဆောင်မှု ပေးသူ များ၏ ကျန်းမာရေး၊ သန့်ရှင်းသပ်ရပ်မှု၊ အစားအသောက်ချက်ပြုတ်ရာနေရာများ သန့်ရှင်းမှု ရှိ/မရှိနှင့် ဟင်းသီးဟင်းရွက်၊ အသား/ငါး စသည်တို့ လတ်ဆတ်မှုရှိ/မရှိ စသည်များအား စစ်ဆေးခဲ့ပါသည်။ ဆက်လက်၍ ဆိုင်ရှင်များအား အစားအသောက်ရောင်းချရာတွင် အဓိက သန့်ရှင်းသပ်ရပ်မှုရှိစေရေးမှာ အဓိကကျသည့်အတွက် သန့်ရှင်းကောင်းမွန်သော စားသောက်ဆိုင်ဖြစ်အောင် ဂရုစိုက်ကြရန်နှင့် အစား အသောက်များ၏ အရွယ်အစားအလိုက် ဈေးနှုန်းများကိုလည်း သိသာထင်ရှားစွာဖော်ပြထားရှိရေး၊ စားသုံးသူအခွင့်အရေး အပြည့်အဝရရှိစေရေး ဆွေးနွေးမှာကြားခြင်းများ ဆောင်ရွက်ခဲ့ပြီး လက်ကမ်း စာစောင်များဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (စစ်ကိုင်း)

ကုန်အညွှန်းအမှတ်အသား ကိုက်ညီမှု ရှိ/မရှိ ဈေးကွက်စောင့်ကြည့်

     စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် ပြည်သူ များ ဘေးအန္တရာယ်ကင်းရှင်းသော ကုန်စည်များ သုံးစွဲနိုင်ရန်ရည်ရွယ်၍ ဈေးကွက်စောင့်ကြည့်စစ်ဆေး ခြင်းလုပ်ငန်းအား လစဉ်ဆောင်ရွက်လျက်ရှိရာ ၂၀၂၅-ခုနှစ် ဇူလိုင်လ(၁၀)ရက်နေ့တွင် ကသာခရိုင်ဦးစီး မှူးရုံးမှ စစ်ဆေးရေးမှူး ဦးကြည်နိုင်ဦးသည် ကသာမြို့ပေါ်တွင် ဖွင့်လှစ်ရောင်းချလျက်ရှိသည့် ကုန်မျိုးစုံ ရောင်းချလျက်ရှိသည့် ကုန်စုံဆိုင်(၁)ဆိုင်အား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါသည်။

    ထိုသို့စစ်ဆေးရာတွင် ကုန်စုံဆိုင်တွင် ရောင်းချလျက်ရှိသည့် အသင့်ဖျော် ကော်ဖီ/ လက်ဖက်ရည် ထုတ် အမျိုးမျိုး၊ အသင့်စားအစားအစာအမျိုးမျိုး၊ အချိုရည်အမျိုးမျိုးနှင့် သွားတိုက်ဆေး စသည့် လူသုံး ကုန်ပစ္စည်းများတွင် စားသုံးသူကာကွယ်ရေး ဥပဒေ(၂၀၁၉)ပါ ကုန်စည်အလိုက်မဖြစ်မနေ ထည့်သွင်း ဖော်ပြရမည့်အချက်များ ပြည့်စုံမှန်ကန်မှုရှိ/မရှိနှင့် ကုန်စည်များတွင် သက်ဆိုင်ရာဌာနများ၏ ထောက်ခံ ချက်များ ပါဝင်မှု ရှိ/မရှိ စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပြီး ရောင်းချသူဆိုင်ရှင်အား ကုန်အညွှန်း အမှတ် အသားနှင့် သက်ဆိုင်ရာ ဌာနထောက်ခံချက်ပြည့်စုံစွာ ပါဝင်ခြင်းမရှိသော ကုန်စည်များမှာ စားသုံးသူ များအား ဘေးအန္တရာယ်ဖြစ်စေနိုင်သည့်အတွက် ရောင်းချခြင်းမပြုရန်နှင့် မြန်မာနိုင်ငံအစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန(FDA)မှ စားသုံးရန်မသင့်ဟု တရားဝင်ထုတ်ပြန်ထားသော စားသောက်ကုန်များ၊ သက်တမ်းလွန်စားသောက်ကုန်များကိုလည်း ရောင်းချခြင်းမပြုရန် မှာကြားခဲ့ပြီး ကုန်အညွှန်း အမှတ်အသားဆိုင်ရာ အချက်များအား ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (စစ်ကိုင်း)

 

ငလျင်ဘေးဒဏ်သင့် စစ်ကိုင်းမြို့အတွင်း ပြည်သူများသို့ ဈေးကားများဖြင့် ဆန်၊ ဆီ၊ ကြက်သွန်နီ၊ အသားတု၊ ဟင်းသီးဟင်ရွက်နှင့် ကုန်မျိုးစုံအား သက်သာသော ဈေးနှုန်းဖြင့် (၇၈)ရက်မြောက်နေ့အဖြစ် လှည့်လည်ရောင်းချပေးလျက်ရှိ

     စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး၏ ကြီးကြပ်မှုဖြင့် မုံရွာမြို့ရှိ ဆန်/ဆီကုန်သည်များက ငလျင်ဘေးဒဏ်သင့် စစ်ကိုင်းမြို့ရှိ ပြည်သူများသို့ ဆန်၊ ဆီ၊ ကြက်သွန်နီ၊ အသားတု၊ ဟင်းသီးဟင်းရွက်နှင့် ကုန်မျိုးစုံအားသက်သာသောဈေးနှုန်းဖြင့်(၇၈)ရက်မြောက်နေ့ အဖြစ် ရောင်းချပေးလျက်ရှိပါသည်။

     ၂၀၂၅ ခုနှစ်၊ မတ်လ ၃၁ ရက်နေ့မှ ဇူလိုင်လ ၁၁ ရက်နေ့အထိ 6S / 3038၊ 8A/ 8484၊ 4S/ 2246၊ 7N/ 9803 ဈေးကား(၄) စီးဖြင့် နံနက်ပိုင်း တွင်(၁) ကြိမ်၊ မွန်းလွဲပိုင်းတွင် (၁)ကြိမ် ရောင်းချပေးခဲ့ရာ ယနေ့ ၁၁.၇.၂၀၂၅ ရက်နေ့တွင် ဆန် (၂၄) ပြည်၊ ဆီ (၇၅)ပိဿာ၊ ဆား(၃)ပိဿာ၊ ကုလားပဲ(၁၁)ဘူး၊ ငါးပိ(၂)ပိဿာ၊ ငါးခြောက် (၁)ပိဿာ၊ ပုဇွန်ခြောက်(၃၀) ကျပ်သား၊ ကြက်ဥ (၇၅)လုံး၊ ဘဲဥ(၂၅)လုံး၊ ကြက်သွန်နီ (၅) ပိဿာနှင့် အသားတု(၁)ပိဿာတို့ကို ရောင်းချပေးခဲ့ပြီး  ယနေ့အထိ ရောင်းချမှုများမှာ ဆန်(၁၀၄၉၇)ပြည်၊ ဆီ (၈၅၁၈) ပိဿာ ၊ ဆား(၂၅၄) ပိဿာ၊ ကုလားပဲ(၈၇၈)ဘူး၊ ငါးပိ(၁၁၅)ပိဿာ၊ ငါးခြောက် (၇၁)ပိဿာ၊ ပုဇွန်ခြောက်(၂၂)ပိဿာ (၂၀) ကျပ်သား၊ ကြက်သွန်နီ (၈၆၃) ပိဿာ၊ အသားတု( ၉၄) ပိဿာ၊ ကြက်ဥ (၉၆၁၁) လုံး၊ ဘဲဥ (၁၄၁၄)လုံး တို့နှင့် ရေသန့် ၁ လီတာဘူး (၂၀၀) ကဒ်တို့ကို ဖြစ်ကြောင်း သိရသည်။

     ယနေ့ရောင်းချရာတွင်ငလျင်ဘေးဒဏ်သင့် ပြည်သူများရှိသည့်စစ်ကိုင်းမြို့ရှိ ‌ဇေယျာတိုးချဲ့ ရပ်ကွက် (၇)လမ်းတွင်  သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (စစ်ကိုင်း)

                                                              

 

ကုန်အညွှန်းအမှတ်အသားများအား ဖော်ပြရာတွင် မှန်/မမှန် ကွင်းဆင်းစစ်ဆေးခြင်း ဈေးကွက်မရောက်မီ

      စားသုံးသူရေးရာဦးစီးဌာန ၊ မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံး၊ ခရိုင်ဦးစီးမှူး ဦးဇော်မင်းနှင့်ဝန်ထမ်းများသည်  ၂၀၂၅ ခုနှစ် ဇူလိုင်လ ၈ ရက်နေ့တွင် မိတ္ထီလာမြို့နယ်၊ ဈေးအရှေ့ပြင်ရပ်ကွက်ရှိ “ဘွန်သီးတိုက်” မုန့်လုပ်ငန်းအား လုပ်ငန်းလုပ်ကိုင်ရာတွင် ကုန်အညွှန်း အမှတ်အသားများဖော်ပြခြင်းနှင့် ဈေးကွက်အတွင်းဖြန့်ဖြူးရောင်းချရာတွင် ကုန်အညွှန်းအမှတ် အသားများကိုက်ညီမှုရှိ/မရှိအား ဈေးကွက်မရောက်မီကွင်းဆင်းစစ်ဆေးရာတွင် စားသုံးသူရေးရာဦးစီး ဌာနမှ ဝန်ထမ်းများ၊ စစ်ဆေးရာတွင် ပူးပေါင်းပါဝင်ခဲ့သည့်ဌာနများနှင့်အတူ ကွင်းဆင်းစစ်ဆေးခဲ့ပြီး၊ စီးပွားရေးလုပ်ငန်းရှင် များအား ပစ္စည်းများ၏ ထုတ်ပိုးမှုအပြင်အဆင်ပေါ်တွင် စားသုံးသူကာကွယ်ရေး ဥပဒေပါ အခန်း (၁၈) ၌ပါရှိသည့် ကုန်အညွှန်းအမှတ်အသားများ ပြည်စုံစွာပါရှိစေရန်နှင့်ထုပ်ပိုးသည့် ကုန်ပစ္စည်းများအား သန့်ရှင်းသပ်ရပ်စေရန်နှင့် ဈေးကွက်အတွင်းတင်ပို့ရောင်းချရာတွင် ကုန်အညွှန်း အမှတ်အသားများ ပြည့်စုံစွာပါရှိသည့် ပစ္စည်းများကိုရောင်းချပါရန် အသိပညာပေးဟောပြောခဲ့ပါသည်။

DOCA(မန္တလေး)

မိတ္ထီလာမြို့နယ်ရှိ အထူးထိမ်းချုပ်ဆေးဝါးများလက်လီ‌ရောင်းချခွင့်လိုင်စင် လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံးအား ကွင်းဆင်းစစ်ဆေး

          စားသုံးသူရေးရာဦးစီးဌာန ၊ မိတ္ထီလာခရိုင်၊ ခရိုင်ဦးစီးမှူးရုံးအနေဖြင့် ခရိုင်ဦးစီးမှူး၏လမ်းညွှန်မှု ဖြင့် ၂၀၂၅ ခုနှစ် ၊ ဇူလိုင်လ ၈ ရက်နေ့ (၁၀၀၀)အချိန်တွင် မိတ္ထီလာမြို့ပေါ်တွင် ကောင်းသွယ်ပုဂ္ဂလိက ဆေးရုံများနှင့်တွဲလျက်ဖွင့်လှစ်ထားရှိသော ဆေးဆိုင်သို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး အစား အသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ ပြည်သူ့ ကျန်းမာရေး ဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့နှင့်ပူးပေါင်း၍ ကွင်းဆင်းစစ်ဆေးရာတွင်အဖွဲ့ဝင်အဖြစ် လိုက်ပါ ဆောင်ရွက်ခဲ့ပါသည်။

          စစ်ဆေးခဲ့သော အဆိုပါဆေးရုံမှာ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၌ အထူး ထိန်းချုပ်ဆေးဝါးများ၊ သာမန်ထိန်းချုပ်ဆေးဝါး လက်လီရောင်းချခွင့်လိုင်စင်(အသစ်)လျောက်ထားလာသည့် ဆေးရုံဖြစ်ကြောင်းသိရသည်။ စစ်ဆေးရာ၌ ဆေးဆိုင်အတွင်း အထူးထိန်းချုပ်ဆေးဝါးများရောင်းချမှု မှတ်တမ်းများ၊ ဆေးဝါးထားသိုမှု၊ ဖြန့်ဖြူးရောင်းချမှုနည်းစနစ်များ သတ်မှတ်ချက်များနှင့် ကိုက်ညီမှုရှိ/ မရှိကို စစ်ဆေးခဲ့ကြောင်းသိရသည်။

DOCA(မန္တလေး)

“မိတ္ထီလာခရိုင်အတွင်းရှိ အသင့်စားမုန့်အမျိုးမျိုးနှင့်စပ်လျဉ်း၍ဈေးကွက်စောင့်ကြည့်စစ်‌ဆေးခြင်း”

    စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် အထွေထွအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့်ပူးပေါင်း၍  ၂၀၂၅ ခုနှစ် ဇူလိုင်လ (၇) ရက်နေ့  နံနက် (၁၁း၀၀)အချိန် မိတ္ထီလာမြို့နယ်ရှိ စတိုးဆိုင်များ၊  Super Market များအတွင်း ရောင်းချလျှက်ရှိသော အရန်သင့်နှင့်အသင့်စားမုန့်အမျိုးမျိုးအား ဈေးကွက် စောင့်ကြည့်စစ်ဆေးခြင်းကို ဆောင်ရွက်ခဲ့ကြပါသည်။           

    ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ဈေးကွက်တွင် ရောင်းချနေသော အသင့်စားမုန့်အမျိုးမျိုးတွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြခြင်း ရှိ/မရှိ၊ သက်ဆိုင်ရာဌာနများမှ ကန့်သတ်တားမြစ်ထား သည့်မုန့်များ ရောင်းချခြင်း ရှိ/မရှိနှင့်  စားသုံးသူဘေးအန္တရာယ်ဖြစ်စေနိုင်သော မုန့်များရောင်းချခြင်း ရှိ/မရှိတို့အား စစ်ဆေးခဲ့ပြီး၊ ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ထားသည့် ဥပဒေနှင့်အညီ လိုက်နာဆောင်ရွက်ကြရန် ပြောကြားခဲ့ပြီး စျေးကွက်အတွင်းရောင်းချနေသော ကုန်စည်များတွင် ကုန်အညွှန်အမှတ်အသားပြည့်စုံစွာ ဖော်ပြဆောင်ရွက်မှု ရှိ/မရှိအား ဌာနမှ စျေးကွက်စောင့်ကြည့် စစ်ဆေးခြင်းများကို နေ့စဉ်ကွင်းဆင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြထားခြင်းမရှိသော ကုန်ပစ္စည်းများအား ‌ရောင်းချခြင်းမပြုကြရန် ပြောကြားခဲ့ပြီး၊ သတ်မှတ်စံချိန်စံနှုန်းနှင့်ကိုက်ညီ၍ သက်ဆိုင်ရာဌာနများမှ ခွင့်ပြုထားသောသော ကုန်အညွှန်းအမှတ် အသားပြည့်စုံစွာဖော်ပြထားသော အသင့်စားမုန့်များကိုသာ ဈေးကွက်အတွင်း ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

ဟင်းခတ်အမွှေးအကြိုင်များတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံမှုရှိ/မရှိ ကွင်းဆင်းစစ်ဆေး

   စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံး၊ ခရိုင် ဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် ဒု-ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် စည်ပင်သာယာရေးအဖွဲ့နှင့်ပူးပေါင်း၍ ဝမ်းတွင်းမြို့နယ်အတွင်းရှိ မြို့မစျေးများအတွင်းသို့ ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ (၆) ရက်နေ့တွင် ဟင်းလျာ များချက်ပြုတ်ရာတွင် အရောင်၊ အနံ၊ အရသာအတွက် အသုံးပြုသော ပစ္စည်းများအား စစ်ဆေးခဲ့ပါ သည်။

    ထိုသို့စစ်ဆေးရာတွင် FDA ထောက်ခံချက်များ ပြည့်စုံစွာပါဝင်မှု ရှိ/မရှိနှင့် ပါဝင်ပစ္စည်းများ ပြည့်စုံစွာဖော်ပြထားခြင်း ရှိ/မရှိ၊ သက်တမ်းကုန်ဆုံးရက်နှင့် ထုတ်လုပ်သည့်ရက်စွဲများ ဖော်ပြထားရှိ မှု အခြေအနေ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြထားခြင်း ရှိ/မရှိ၊ အလေးချိန်အချိန်တွယ်နှင့် ဓါတ်မတည့်ကြောင်း ဖော်ပြချက်များ ပါဝင်မှုရှိ/မရှိတို့ကို ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရသည်။

DOCA(မန္တလေး)

မိတ္ထီလာမြို့နယ်တွင် MyRO တွင် ဆန်စပါးသိုလှောင်ရုံမှတ်ပုံတင်ခြင်းအကြောင်း သိကောင်းစရာအသိပညာပေး Talk Show ကျင်းပ

   မန္တလေးတိုင်း‌ဒေသကြီး၊မိတ္ထီလာခရိုင်၊စားသုံးသူရေးရာဦးစီးဌာန၊ခရိုင်ဦးစီးမှူး၏လမ်းညွှန်မှုဖြင့်မိတ္ထီလာမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်သွယ်ရေးဦးစီးဌာနနှင့်ပူးပေါင်း၍  MyRO တွင် ဆန်စပါး သိုလှောင်ရုံမှတ်ပုံတင်ခြင်းအကြောင်း သိကောင်းစရာအသိပညာပေး Talk Show ၂၀၂၅ခုနှစ် ၊ ဇူလိုင်လ ၇ ရက်နေ့ နေ့လည်(၁၀၀၀)နာရီချိန်တွင် ဆောင်ရွက်ခဲ့ပါသည်။

      အဆိုပါ ဟောပြောပွဲတွင် မိတ္ထီလာမြို့နယ်တာဝန်ခံ ဒေါ်စိမ်းစိမ်းထွေးမှ MyRO တွင် ဆန်စပါးသိုလှောင်ရုံ မှတ်ပုံတင်ဆောင်ရွက်ခြင်းနှင့် ဆောင်ရွက်ရသည့် ရည်ရွယ်ချက်များ၊ MyRO  တွင် ဆန်စပါးသိုလှောင်ရုံ မှတ်ပုံတင်ခြင်းလုပ်ငန်းကို ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလမှ စတင်ဆောင်ရွက် ခဲ့ကြောင်း၊ MyRO တွင် ဆန်စပါးသိုလှောင်ရုံမှတ်ပုံတင်လျှင် Online စနစ်ဖြင့် မှတ်ပုံတင်ဆာင်ရွက် ရမည်ဖြစ်ကြောင်း၊ ဆန်တန်ချိန် (၂၅) တန်နှင့်အထက် (သို့) စပါးတန်ချိန် (၂၅၀၀) နှင့်အထက် သိုလှောင်ရုံတစ်မျိုးမျိုး ပိုင်ဆိုင်သူများအနေနှင့် www.myro.com.mm တွင် မှတ်ပုံတင်ဆောင်ရွက် ရမည်ဖြစ်ကြောင်း၊ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ (၂၃) ရက်နေ့ နောက်ပိုင်းတွင် ဆန်တန်ချိန် (၂၅) တန်နှင့်အထက် စပါးတင်း (၂၅၀၀) နှင့်အထက် သိုလှောင်သည့် မည်သည့်လုပ်ငန်းရှင်မဆို MyRO တွင် ဆန်စပါးသိုလှောင်ရုံကို မှတ်ပုံမတင်ထားလျှင် အမိန့်ကြောငြာစာအမှတ် (၈၂/၂၀၂၄) အရ စီမံခန့်ခွဲမှု ဆိုင်ရာ ချမှတ်ခံရမည်ဖြစ်ကြောင်းနှင့် ပြစ်ဒဏ်များအကြောင်း ဆွေးနွေးခဲ့ပြီး (၁၀း၃၀) အချိန်တွင် ဆွေးနွေးပွဲ ပြီးမြောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

သာစည်မြို့နယ်၌ ငလျင်ဒဏ်ခံစားခဲ့ရသည့် ပြည်သူများအတွက် ဆန်ရိက္ခာ တစ်လစာ ထောက်ပံ့ ပေးအပ်ပွဲ ကျင်းပပြုလုပ်

    စားသုံးသူရေးရာဦးစီးဌာန၊ မိတ္ထီလာခရိုင်ဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် သာစည်မြို့နယ်တာဝန်ခံ မှ သာစည်မြို့နယ်ရှိ ငလျင်ဒဏ်ခံစားခဲ့ရသော ပြည်သူများအတွက် ရရှိသည့် ဆန်ရိက္ခာ တစ်လစာ အား ၅-၇-၂၀၂၅ ရက်နေ့တွင် မြို့နယ်ထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့ လွှဲပြောင်းအပ်နှံခဲ့ရာ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှဦးဆောင်၍ သာစည်မြို့နယ်ရှိ ငလျင်ဒဏ်ခံစားခဲ့ရသည့် ပြည်သူများ အတွက် ဆန်ရိက္ခာ တစ်လစာ ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားအား မြို့နယ်အထွေထွေအုပ်ချုပ် ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ၆-၇-၂၀၂၅ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ် သဘာဝဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ့မှုကော်မတီဝင်များ၊ ဌာနဆိုင်ရာများ ၊ ရပ်ကွက်/ကျေးရွာ ဥက္ကဌများ တက်ရောက်ခဲ့ကြောင်း၊ ငလျင်ဒဏ်ခံစားခဲ့ရသည့် ရပ်ကွက်/ကျေးရွာအုပ်စု ၄၃ စုရှိ ပြည်သူ (၁၉၄၀)ဦး တို့အား ဆန်ရိက္ခာ တစ်လစာထောက်ပံ့ပေးအပ်ခြင်းကို ဆောင်ရွက်ခဲ့ကြောင်း သိရှိရ ပါသည်။

DOCA(မန္တလေး)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ