သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ထားဝယ်မြို့ပေါ်ရှိ ဆေးဆိုင်များအား စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

     ၂၀၂၄  ခုနှစ် ၊ သြဂုတ်လ ၂၈ ရက်နေ့ ၊  နံနက် (၀၉း၀၀)နာရီအချိန်တွင် တနင်္သာရီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးရုံးမှ စစ်ဆေးရေးအရာရှိနှင့် ဝန်ထမ်းများသည် မိတ်ဖက်ဌာနများဖြစ်ကြသော၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့တို့နှင့် ပူးပေါင်း၍ ထားဝယ်မြို့ပေါ်ရှိ ဆေးဆိုင်များအား စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်ခဲ့သည်။

    ထိုသို့ဆောင်ရွက်ရာတွင် စားသုံးသူပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၏ ထောက်ခံချက်များမပါရှိသည့် တရားမဝင်ဆေးဝါးများနှင့် သက်တမ်းကုန်လွန်သော ဆေးဝါးများနှင့်ဆေးပစ္စည်းများရောင်းချနေမှုရှိ/မရှိ စစ်ဆေးခြင်းနှင့် ဆေးစျေးနှုန်းများ၏ စျေးကွက်အခြေအနေများ မေးမြန်းစုံစမ်းခြင်းနှင့်အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရပါသည်။

DOCA(တနင်္သာရီ)

 

                                                 

ထားဝယ်မြို့ရှိ ဆန်အရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေးဆောင်ရွက်

    ၂၀၂၄ ခုနှစ်၊ သြဂုတ်လ ၂၉ ရက်နေ့၊ နေ့လယ်(၁၄း၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့တို့ပူးပေါင်း၍  ထားဝယ်မြို့၊ ညောင်ရမ်းရပ်၊ ဆန်းချီရပ်၊ ကမြောကင်းရပ်ရှိ ဆန်အရောင်းဆိုင်များအား စျေးကွက်စောင့်ကြည့် ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါသည်။

   အဆိုပါ ‌စျေးကွက်စောင့်ကြည့်ကွင်းဆင်း စစ်ဆေးရာတွင် သတ်မှတ်ထုတ်ပြန်ထားသည့် စည်းကမ်းချက်များနှင့်အညီ လိုက်နာဆောင်ရွက်ခြင်းရှိ/မရှိ၊ စျေးနှုန်းမြှင့်တင်ရောင်းချခြင်းနှင့် ပစ္စည်းပြတ်လပ်မှု ရှိ/မရှိ ၊ ဆန်အိတ်များ စနစ်တကျ သိုလှောင်ထားရှိမှုများ ဆောင်ရွက်ထားခြင်းနှင့် အရည်အသွေးပြည့်မှီခြင်း ရှိ/မရှိတို့အား စစ်ဆေးခြင်းဆောင်ရွက်ခဲ့ပါသည်။

DOCA(တနင်္သာရီ)

 

 

သာယာဝတီမြို့အတွင်းရှိ စားအုန်းဆီလက်လီလက်ကားရောင်းချသော ကုန်စုံဆိုင်များအားကွင်းဆင်းစစ်ဆေး

    စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်ဦးစီးမှူးရုံးရှိ ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲတာဝန်ခံ၊ စားသုံးသူရေးရာဌာနခွဲတာဝန်ခံ၊ သာယာဝတီမြို့နယ်တာဝန်ခံနှင့် တာဝန်ရှိသူတို့သည်  (၂၆.၈.၂၀၂၄) ရက်နေ့၊ နေ့လယ်(၁၃:၀၀)နာရီအချိန်တွင် သာယာဝတီမြို့အတွင်းရှိ စားအုန်းဆီ လက်လီ/ လက်ကားရောင်းချနေသော ကုန်စုံဆိုင်များအား သွားရောက်ကွင်းဆင်း စစ်ဆေးခြင်း ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။

    ကွင်းဆင်းစစ်ဆေးခြင်းများ ပြုလုပ်ဆောင်ရွက်ရာတွင် စားအုန်းဆီလက်လီ/ လက်ကား ရောင်းချလျက်ရှိသော လုပ်ငန်းရှင်များအနေဖြင့် သက်ဆိုင်ရာဌာနများမှ ထုတ်ပြန်ထားသည့် အမိန့်၊ ညွှန်ကြားချက်များနှင့် အညီ ရောင်းချဖြန့်ဖြူးကြရန်၊ အလေးချိန်ပြည့်ဝမှန်ကန်စွာရောင်းချရန်တို့ကို ရှင်းလင်းပြောကြားခဲ့၍ ခွဲတမ်းရရှိသည့်ဆိုင်များအနေဖြင့် ဈေးနှုန်းများကို အများမြင်သာသောနေရာများတွင် မြင်သာသည့်စာလုံးအရွယ်အစားများဖြင့် Vinyl ချိတ်ဆွဲထားရှိရန်၊ စားအုန်းဆီခွဲတမ်းများကို သတ်မှတ်စည်းမျဉ်းစည်းကမ်းများနှင့်အညီ စနစ်တကျဖြန့်ဖြူးရောင်းချရန်တို့ကို အသိပညာပေးပြောကြားခဲ့ပြီး စနစ်တကျရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်ရှိ အမှတ်(၃) အခြေခံပညာအလယ်တန်းကျောင်း (အထက-ခွဲ) ကျောင်းတွင် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်

    ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ စားသုံးသူရေးရာဌာနခွဲမှ လက်ထောက်ညွှန်ကြားရေးမှူးဦးကျော်စိုးရီနှင့် အဖွဲ့သည် (၂၈.၈.၂၀၂၄)ရက်နေ့ ၊ နံနက် (၁၀:၀၀)အချိန်တွင် ပုသိမ် မြို့နယ်၊ အမှတ်(၃)အခြေခံပညာအလယ်တန်းကျောင်း (အထက-ခွဲ)ကျောင်း၌ ကျောင်းအုပ်ဆရာမကြီး အပါအဝင် ဆရာ/ဆရာမ (၃၀)ဦး၊ ကျောင်းသား/သူ (၄၈၃)ဦး၊ စုစုပေါင်း (၅၁၃)ဦးအား စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ပါသည်။

   ဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ စားသုံးသူရေးရာဌာနခွဲမှ လက်ထောက်ညွှန်ကြား ရေးမှူး ဦးကျော်စိုးရီက မိတ်ဆက်စကားပြောကြားပြီး စားသုံးသူရေးရာဌာနခွဲ၏ မျှော်မှန်းချက်၊ ရည်မှန်းချက်၊ စားသုံးရန်မသင့်သော အစားအသောက်များအကြောင်း ရှင်းလင်းဟောပြောခဲ့ပါသည်။ ဆက်လက်၍ ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲမှ ဦးစီးမှူး ဒေါ်မိုးမိုးခိုင်က ထုတ်ကုန်လုံခြုံစိတ်ချရမှုဆိုင် ရာ သိကောင်းစရာများကို ဟောပြောခဲ့ပြီး၊ စားသုံးသူရေးရာဌာနခွဲမှ ဒု-ဦးစီးမှူး ဒေါ်စုသင်းအောင်က စားသုံးသူသတင်းလက်ခံဆောင်ရွက်ရေးစင်တာ(CICC)အကြောင်း သိကောင်းစရာများကို ဟောပြောခဲ့ပြီး လက်ကမ်းစာစောင်များအား ဖြန့်ဝေပေးခဲ့ပါသည်။ ထို့နောက် ကျောင်းအုပ်ဆရာမကြီးမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပြီး အခမ်းအနားကို အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့ပါသည်။ 

DOCA(ဧရာဝတီ)

ညောင်လေးပင်မြို့အတွင်းရှိ ဆန်ဆိုင်နှင့် ဆန်သိုလှောင်ရုံများအား ကွင်းဆင်းစစ်ဆေးခြင်းများဆောင်ရွက်

    စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်ဦးစီးမှူးရုံးရှိ ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲတာဝန်ခံ၊ စားသုံးသူရေးရာဌာနခွဲတာဝန်ခံနှင့် ဝန်ထမ်းများသည် ဌာနဆိုင်ရာ များနှင့်ပူးပေါင်း၍ (၂၆.၈.၂၀၂၄)ရက်နေ့ နေ့လယ်(၁၅:၀၀)နာရီတွင် ညောင်လေးပင်မြို့ပေါ်ရှိ လက်လီ/ လက်ကား ရောင်းချနေသောဆန်ဆိုင်များနှင့် ဆန်သိုလှောင်ရုံများသို့ သွားရောက်ကာ ကွင်းဆင်းစစ်ဆေးခြင်းများ  ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။

   အဆိုပါ ကွင်းဆင်းစစ်ဆေးရာတွင် လက်လီ/ လက်ကားရောင်းချနေသော ဆန်ဆိုင်များအနေဖြင့် ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် ဆန်များသိုလှောင်ထားခြင်း မပြုလုပ်ကြစေရန်၊ သတ်မှတ်ထားသည့် သင့်တင့်မျှတသောဈေးနှုန်းများဖြင့် ရောင်းချနိုင်ရန်နှင့် ဈေးနှုန်းများကို အများပြည်သူများ မြင်သာသောနေရာတွင် မြင်သာသည့်အရွယ်အစားနှင့် ‌ရေးသားဖော်ပြ၍ ရောင်းချရန်၊ လက်လီ/ လက်ကားရောင်းချနေသော ဆန်ဆိုင်များနှင့် ဆန်သိုလှောင်ရုံများအနေဖြင့် မြန်မာဆန်စပါးအွန်လိုင်း (Myanmar Rice Online) (MyRo)တွင် မှတ်ပုံတင်ထားခြင်းရှိ/ မရှိနှင့် မှတ်ပုံတင်ထားခြင်းမရှိပါက သက်ဆိုင်ရာမြို့နယ်အလိုက် စားသုံးသူရေးရာဦးစီးဌာနရုံးများနှင့် ချိတ်ဆက်၍ မှတ်ပုံတင်ခြင်း ဆောင်ရွက်နိုင်ရေးတို့ကို အသိပညာပေးဆွေးနွေးကာ အလေးချိန် ပြည့်ဝမှန်ကန်စွာ ရောင်းချခြင်းရှိ/ မရှိတို့ကို ကွင်းဆင်းစစ်ဆေးခြင်းများ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

အုတ်တွင်းမြို့အတွင်းရှိ စားအုန်းဆီလက်လီလက်ကားရောင်းချသော ကုန်စုံဆိုင်များအား ကွင်းဆင်းစစ်ဆေးများပြုလုပ်ဆောင်ရွက်ခြင်း

    ပဲခူးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ် တာဝန်ခံနှင့် ဝန်ထမ်းများသည်   (၂၆.၈.၂၀၂၄) ရက်နေ့၊ နံနက်(၁၁:၀၀)နာရီအချိန်တွင် အုတ်တွင်းမြို့မဈေးအတွင်းရှိ စားအုန်းဆီလက်လီ/ လက်ကားရောင်းချနေသော ကုန်စုံဆိုင်များအားသွားရောက်၍ ကွင်းဆင်းစစ်ဆေးခြင်းများ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။

    ကွင်းဆင်းစစ်ဆေးခြင်းများ ပြုလုပ်ဆောင်ရွက်ရာတွင် စားအုန်းဆီလက်လီ/ လက်ကားရောင်းချလျက်ရှိသော လုပ်ငန်းရှင်များအနေဖြင့် သက်ဆိုင်ရာဌာနများမှ ထုတ်ပြန်ထားသည့်အမိန့်၊ ညွှန်ကြားချက်များနှင့်အညီ ရောင်းချဖြန့်ဖြူးကြရန်၊ အလေးချိန်ပြည့်ဝမှန်ကန်စွာ ရောင်းချရန်တို့ကို ရှင်းလင်းပြောကြားခဲ့၍ စားအုန်းဆီခွဲတမ်းများကို သတ်မှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများနှင့်အညီ စနစ်တကျဖြန့်ဖြူးရောင်းချရန်၊ ခွဲတမ်းရရှိသည့်ဆိုင်များအနေဖြင့် ဈေးနှုန်းများကို အများမြင်သာသောနေရာများတွင် မြင်သာသည့်စာလုံးအရွယ်အစားများဖြင့် Vinylချိတ်ဆွဲထားရှိရန် အသိပညာပေးပြောကြားခဲ့၍ စားအုန်းဆီရောင်းချနေသော ကုန်စုံဆိုင်လုပ်ငန်းရှင်များအနေဖြင့် စားအုန်းဆီများအား အလေးချိန်ပြည့်ဝမှန်ကန်စွာ ရောင်းချလျက်ရှိကြောင်း စစ်ဆေးတွေ့ရှိရပါ သည်။

DOCA(ပဲခူး)

ပြည်တွင်းကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ငန်းရှင်နှင့်တွေ့ဆုံ၍ အသိပညာဆွေးနွေးပေး

    မကွေးတိုင်းဒေသကြီး၊  မင်းဘူးခရိုင်ဦးစီးမှူးသည် ပြည်တွင်းကဏ္ဍဖွံ့ဖြိုး တိုးတက်ရေးအတွက် ဒေသတွင်းရှိ အသေးစား၊ အငယ်စားနှင့်အလတ်စားစီပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက် စေရန် ရည်ရွယ်၍ (၂၆.၈.၂၀၂၄)ရက်နေ့၊ နေ့လယ်(၁၃:၀၀)နာရီအချိန်တွင် ပွင့်ဖြူမြို့နယ် စံပြကျေးရွာမှ “Ei Bakery” ကိတ်မုန့်မျိုးစုံ လုပ်ငန်းရှင် ဒေါ်အိဖြူနှင့်တွေ့ဆုံပြီး လုပ်ငန်းလည်ပတ်ဆောင်ရွက်မှုအခြေအနေများအား  မေးမြန်းခဲ့ကြောင်း သိရသည်။

     စားသုံးသူကာကွယ်ရေးဥပဒေအမှတ် (၂/၂၀၁၉) အခန်း(၁၈)တွင် ဖော်ပြပါရှိရမည့် ကုန်အညွှန်းအမှတ်အသားများနှင့် ပြည့်စုံစွာထုတ်လုပ်ရန်၊ လုပ်ငန်းရှင်များ လိုက်နာရမည့်တာဝန်နှင့် တားမြစ်ချက်များကို ဆွေးနွေးအသိပညာပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

ကျောင်းနေအရွယ်ကလေးများ ဘေးအန္တရာယ်ကင်းရှင်းစေရေး အသိပညာပေးဆွေးနွေး

    မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်တာဝန်ခံသည် စားသုံးသူအခွင့်အရေး ဦးစားပေးဆောင်ပုဒ်နှင့်အညီ စားသုံးသူအခွင့်အရေးများသိရှိပြီး တောင်းဆိုတတ်စေရေးနှင့် ကျောင်းနေအရွယ်ကလေးများ ဘေးအန္တရာယ်ကင်းရှင်းစွာ ဝယ်ယူစားသုံးတတ်စေရေး ရည်ရွယ်၍ ပွင့်ဖြူမြို့နယ် လက်ပနွယ်ကျေးရွာ အလယ်တန်းကျောင်း(ခွဲ)၌ (၂၃.၈.၂၀၂၄)ရက်နေ့၊ နေ့လယ်(၁၄:၀၀)နာရီ အချိန်တွင် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

    မြို့နယ်တာဝန်ခံက ဦးစီးဌာန၏ မျှော်မှန်းချက်များ၊ ရည်မှန်းချက်များ၊ ဌာနမှဆောင်ရွက်နေသည့် လုပ်ငန်းစဉ်များ၊ စားသုံးသူအခွင့်အရေးနှင့်တာဝန်များ ကုန်အညွှန်းအမှတ်အသားဆိုင်ရာ အချက်(၈)ချက်နှင့် ဓာတုဆိုးဆေး အန္တရာယ်အကြောင်းတို့ကို အသေးစိတ်ဟောပြောဆွေးနွေးခဲ့ပြီး စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေး လက်ကမ်းစာဆောင်များ ဖြန့်ဝေခဲ့ပါသည်။

DOCA(မကွေး)

ချောက်မြို့မဈေး၌ ပလတ်စတစ်လျော့ချရေးနှင့် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်

     မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့မဈေး၌ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ပြည်သူများ ပလတ်စတစ်အိတ်လျော့နည်းသုံးစွဲ‌စေရန် ရည်ရွယ်၍ အပတ်စဉ် တနင်္လာနေ့တိုင်း ကြွပ်ကြွပ်အိပ်များမသုံးစွဲရေးနေ့ သတ်မှတ်ပြီး အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ (၂၆.၈.၂၀၂၄)ရက်နေ့၊ နံနက်(၀၉:၀၀)နာရီအချိန်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတို့ပူးပေါင်း၍ ပလတ်စတစ်အိတ်ဖြင့် ထုတ်ပိုးရောင်းချခြင်းမရှိစေရေးနှင့် ပလတ်စတစ်အိတ်အစား အင်ဖတ်၊ ငှက်ပျောဖက်၊ သတင်းစာစက္ကူတို့ဖြင့် အစားထိုးထုတ်ပိုးသုံးစွဲစေရေး အသိပညာပေးခြင်း၊ ကုန်အညွှန်းအမှတ်အသားပြည့်စုံသော ပစ္စည်းများရောင်းချစေခြင်းနှင့် အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

   ဈေးကွက်အတွင်းရှိ ကုန်စည်များတွင် စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဆိုင်ရာ အချက်များနှင့် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ်(၂/၂၀၁၉)ပါ သတ်မှတ်ချက်များနှင့် ပြည့်စုံစွာပါဝင်မှုရှိ/မရှိ ဈေးကွက်စောင့် ကြည့်စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

စားသုံးဆီ စားသုံးမှုများပြားပါက ကျန်းမားရေးကို ထိခိုက်နိုင်ကြောင်းနှင့် စားအုန်းဆီ၏ ဘေးထွက်ဆိုးကျိုးများအား Talk Show ကျင်းပ

   မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးမြို့နယ်တာဝန်ခံသည် (၂၃.၈.၂၀၂၄) ရက်နေ့၊ နေ့လယ် (၁၄:၀၀)နာရီအချိန်တွင် မကွေးမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေ ပြုဗဟိုဌာန (Community Centre)ခန်းမ၌ စားသုံးသူအသိပညာပေး Talk Show အစီအစဉ်ကျင်းပခဲ့ကြောင်း သိရသည်။

      မြို့နယ်တာဝန်ခံက စားသုံးသူရေးရာဦးစီးဌာန၏ ဆောင်ပုဒ်(Motto)၊ မျှော်မှန်းချက် (Vision)နှင့် ရည်မှန်းချက်(Mission)များနှင့် စားသုံးသူများအနေဖြင့် စားသုံးဆီစားသုံးမှုများပြားပါက ကျန်းမာရေးကို ထိခိုက်နိုင်ကြောင်းနှင့် စားအုန်းဆီ၏ ဘေးထွက်ဆိုးကျိုးများအား အကျယ်တဝင့် ရှင်းလင်းဆွေးနွေးခဲ့ပြီး ပြည့်ဝဆီ(Saturated Fat)၊ မပြည့်ဝဆီ(Unsaturated Fat) နှင့် အသွင်ပြောင်းဆီ (Trans Fat) တို့အား ခွဲခြားသိရှိပြီး ကျန်းမာသော လူပတ်ဝန်းကျင်တစ်ခုဖြစ်လာစေရေး Talk Show ကျင်းပခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

 

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ