သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ပျဥ်းမနားမြို့နယ်၊ အခြေခံပညာအလယ်တန်းကျောင်း၊ မင်္ဂလာဇေယျုံတွင် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခြင်း

    ပြည်ထောင်စုနယ်မြေ၊ စားသုံးသူရေးရာဦးစီးဌာန၊ နေပြည်တော်ခရိုင်ဦးစီးမှူးရုံးအနေဖြင့် ၂၀၂၂ခုနှစ်၊ စက်တင်ဘာလ ပထမပတ်တွင် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို        (၇-၉-၂၀၂၂) ရက်နေ့တွင် ပျဥ်းမနားမြို့နယ်၊ အခြေခံပညာအလယ်တန်းကျောင်း၊ မင်္ဂလာဇေယျုံ၌ နံနက် (၁၀း၀၀)နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ ပထမဦးစွာ ကျောင်းအုပ်ဆရာမကြီးမှ အဖွင့်အမှာ စကားပြောကြားပြီး စားသုံးသူရေးရာဦးစီးဌာန၊ နေပြည်တော်ခရိုင်ဦးစီးမှူးရုံးမှ  ဦးမြင့်နိုင်၊ ဦးစီးမှူးက စားသုံးသူများနစ်နာဆုံးရှုံးမှုများနှင့် ပတ်သက်၍ စားသုံးသူရေးရာဦးစီးဌာနတွင် တိုင်ကြားနိုင်သော ဖုန်းနံပါတ်များ၊ Call Center ဖုန်းနံပါတ်နှင့် Website လိပ်စာတို့ကို အသိပေးပြောကြားခဲ့ပြီး ဦးစိန်ဝင်း၊ ဒု-ကြီးကြပ်ရေးမှူးက စားသုံးသူကာကွယ်‌ရေး ဥပဒေပေါ်ပေါက်လာပုံ၊ ဥပဒေတွင် ပါဝင်သော စားသုံးသူအဓိပ္ပာယ်နှင့် စားသုံးသူအခွင့်အရေး၊ တာဝန်များအကြောင်း၊ ဖြေရှင်းဆောင်ရွက်ပြီးစီးခဲ့သော တိုင်ကြားမှုများ အကြောင်းတို့ကို ရှင်းလင်း ပြောကြားခဲ့ပါသည်။ ထို့နောက် တက်ရောက်လာကြသော ကျောင်းသား/သူ၊ ဆရာ/ဆရာမများအနေဖြင့် သိလိုသည်များကို ဆွေးနွေးမေးမြန်းနိုင်ပါကြောင်း ဖိတ်ခေါ်ခဲ့ရာ ဆွေးနွေးမေးမြန်းခြင်းမရှိပါသဖြင့် ဟောပြောပွဲအား (၁၁း၀၀)နာရီ အချိန်တွင် ပြီးဆုံးခဲ့ပြီး ကျောင်းသား/သူ စုစုပေါင်း (၁၁၀)ဦးခန့် တက်ရောက် ကြောင်း သတင်း ရရှိပါသည်။

DOCA(ပြည်ထောင်စုနယ်မြေ)

 

အထူးဈေးနှုန်းဖြင့်စားသုံးဆီများ ဆက်လက်ရောင်းချပေးနေမှုများ

    Diamond Dragon Co;ltd မှ ကိုယ်စားလှယ်ဆီလုပ်ငန်းရှင် ဒေါ်နီလာထွေးမှ ဝန်ကြီးဌာနများ၊ ဦးစီးဌာနများနှင့် အစိုးရအဖွဲ့ရုံးများသို့ စားသုံးဆီများကို သက်သာသောဈေးနှုန်းဖြင့် စားသုံးဆီများကို တစ်ပိဿာလျှင် (၅၅၀၀) ကျပ်နှုန်းဖြင့်ဈေးကားနှင့် လှည့်လည်ရောင်းချပေးလျက် ရှိရာ (၅-၉-၂၀၂၂) ရက်နေ့တွင် ဥတ္တရသီရိမြို့နယ်ရှိ မြန်မာနိုင်ငံတော်ဗဟိုဘဏ်တွင် ဆီပိဿာချိန် (၁၃၀၀)ကိုလည်းကောင်း၊ အမျိုးသားမှတ်တမ်းများမော်ကွန်းတိုက်တွင် ဆီပိဿာချိန် (၂၇၆)ပိဿာ ကိုလည်းကောင်း၊ လူမှုဖူလုံရေးအဖွဲ့တွင် ဆီပိဿာချိန် (၉၀၀)ကိုလည်းကောင်း၊ ပုဗ္ဗသီရိနှင့် ဇဝနဒီပရပ်ကွက်တို့တွင် ဆီပိဿာချိန် (၁၃၀၀)ပိဿာကိုလည်းကောင်း ရောင်းချပေးခဲ့ကြောင်း သိရှိရပါတယ်။

      ဆက်လက်၍ (၆-၉-၂၀၂၂) ရက်နေ့မှာတော့ Diamond Dragon Co;ltd မှ ကိုယ်စားလှယ်ဆီလုပ်ငန်းရှင် ဒေါ်နီလာထွေးမှ မြန်မာ့အလင်းသတင်းစာတိုက်၊ နေပြည်တော် သတင်းစာတိုက်တို့တွင်ဆီပိဿာချိန်  (၁၄၀၀)ကိုလည်းကောင်း၊ ပျဉ်းမနားမြို့နယ်တွင် ဆီလုပ်ငန်းရှင် ဦးကိုလေးမှ ဦးမင်းဒင်ကျေးရွာတွင်ဆီပိဿာချိန် (၆၆၀)ကိုလည်းကောင်း ၊ ဦးခင်မောင်မြင့်မှ အုတ်ကျင်းကျေးရွာတွင် ဆီပိဿာချိန် (၆၆၀)ကိုလည်းကောင်း အသီးသီးရောင်းချပေးခဲ့ကြောင်း သတင်းရရှိပါတယ်။

DOCA(ပြည်ထောင်စုနယ်မြေ)

 

ပျဥ်းမနားမြို့နယ်၊ အမှတ်(၄) အခြေခံပညာအထက်တန်းကျောင်းတွင် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခြင်း

  ပြည်ထောင်စုနယ်မြေ၊ စားသုံးသူရေးရာဦးစီးဌာန၊ နေပြည်တော်ခရိုင်ဦးစီးမှူးရုံးအနေဖြင့် ၂၀၂၂ခုနှစ်၊ စက်တင်ဘာလ ပထမပတ်တွင် စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲကို (၆-၉-၂၀၂၂) ရက်နေ့တွင် ပျဥ်းမနားမြို့နယ်၊ အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်း၌ နံနက် (၁၀း၀၀)နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ ပထမဦးစွာ ကျောင်းအုပ်ဆရာမကြီးမှ အဖွင့်အမှာ စကားပြောကြားပြီး စားသုံးသူရေးရာဦးစီးဌာန၊ နေပြည်တော်ခရိုင်ဦးစီးမှူးရုံးမှ  ဦးမြင့်နိုင်၊ ဦးစီးမှူးက စားသုံးသူများနစ်နာဆုံးရှုံးမှုများနှင့် ပတ်သက်၍ စားသုံးသူရေးရာဦးစီးဌာနတွင် တိုင်ကြားနိုင်သော ဖုန်းနံပါတ်များ၊ Call Center ဖုန်းနံပါတ်နှင့် Website လိပ်စာတို့ကို အသိပေးပြောကြားခဲ့ပြီး ဦးစိန်ဝင်း၊ ဒု-ကြီးကြပ်ရေးမှူးက စားသုံးသူကာကွယ်‌ရေး ဥပဒေပေါ်ပေါက်လာပုံ၊ ဥပဒေတွင် ပါဝင်သော စားသုံးသူအဓိပ္ပာယ်နှင့် စားသုံးသူအခွင့်အရေး၊ တာဝန်များအကြောင်း၊ ဖြေရှင်းဆောင်ရွက်ပြီးစီး ခဲ့သော တိုင်ကြားမှုများ အကြောင်းတို့ကို ရှင်းလင်း ပြောကြားခဲ့ပါသည်။ ထို့နောက်တက်ရောက်လာကြသော ကျောင်းသား/သူ၊ ဆရာ/ဆရာမများ အနေဖြင့် သိလိုသည်များကို ဆွေးနွေးမေးမြန်းနိုင်ပါကြောင်း ဖိတ်ခေါ်ခဲ့ရာ ဆွေးနွေးမေးမြန်းခြင်းမရှိပါသဖြင့် ဟောပြောပွဲအား (၁၁း၀၀)နာရီ အချိန်တွင် ပြီးဆုံးခဲ့ပြီး ကျောင်းသား/သူ စုစုပေါင်း (၁၁၀)ဦးခန့် တက်ရောက်ကြောင်း သတင်း ရရှိပါသည်။

DOCA(ပြည်ထောင်စုနယ်မြေ)

မကွေးတိုင်းဒေသကြီးတွင် တိုင်းဒေသကြီးစားသုံးသူရေးရာ ကော်မတီအစည်းအဝေး (၃/၂၀၂၂)ကျင်းပ

   စားသုံးသူကာကွယ်ရေးလုပ်ငန်းများကို ပိုမိုထိရောက်စွာဆောင်ရွက်နိုင်ရန်နှင့် စားသုံးသူနှင့် စီးပွားရေးလုပ်ငန်းရှင်တို့ကြား အငြင်းပွားမှုများကို စေ့စပ်ညှိနှိုင်းဆောင်ရွက်ပေးနိုင်ရန် ရည်ရွယ်၍ တိုင်းဒေသကြီးစားသုံးသူရေးရာကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး(၃/၂၀၂၂) ကို ၂၀၂၂ ခုနှစ်၊ ဩဂုတ်လ (၃၀)ရက်နေ့ နံနက် (၁၀:၀၀) နာရီအချိန်တွင် မကွေးတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ပါသည်။

    အစည်းအဝေးတွင် မကွေးတိုင်းဒေသကြီး စားသုံးသူရေးရာကော်မတီဥက္ကဌ တိုင်းဒေသကြီး အစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီးမှ အဖွင့်အမှာစကားပြောကြားပြီး အတွင်းရေးမှူး တိုင်းဒေသကြီးဦးစီးမှူး ဦးမြင့်ဝင်းမှ စားသုံးသူကာကွယ်ရေးဥပဒေပါအချက်အလက်များ၊ စားသုံးသူကာကွယ်ရေးဆိုင်ရာ လုပ်ငန်းဆောင်ရွက်မှု အခြေအနေများကို Power Point များဖြင့် အသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့ပြီး (၂/၂၀၂၂) အစည်းအဝေးဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ခဲ့မှုအခြေအနေများအား ရှင်းလင်း ဆွေးနွေးခဲ့ပါသည်။ ထို့နောက် စားသုံးသူရေးရာဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်အေးမဉ္ဇူခိုင်မှ  အမှာစာ များကိုဖတ်ကြားကာ တက်ရောက်လာသည့် ကော်မတီအဖွဲ့ဝင်များမှ အမှာစာများအပေါ် လိုအပ်သည်များ ဝိုင်းဝန်းအကြံပြုဆွေးနွေးခဲ့ကြပြီး အစည်းအဝေးဆုံးဖြတ်ချက်များကို ချမှတ်ခဲ့ကြပါသည်။ ထို့နောက် စီးပွားရေးရာဝန်ကြီးမှ နိဂုံးချုပ်စကားပြောကြားကာ  အစည်းအဝေးကို နံနက် (၁၁: ၃၀)နာရီ အချိန်တွင် ရုတ်သိမ်းခဲ့ပါသည်။

    အဆိုပါအစည်းအဝေးသို့ တိုင်းဒေသကြီးစားသုံးသူရေးရာကော်မတီအဖွဲ့ဝင်များ၊ ဖိတ်ကြားထားသည့် ခရိုင်ဦးစီးမှူးများ၊ ဌာနခွဲတာဝန်ခံများ စုစုပေါင်း (၁၄)ဦးတက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။

DOCA(မကွေး)

 

 

လားရှိုးမြို့နယ်အတွင်း ဆေးခြောက်ထည့်သွင်းပြုလုပ်ထားသော ဆေးဝါးနှင့်စားသောက်ကုန်များ ရောင်းချနေခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေး

      ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့အတွင်း မူးယစ်ဆေးဝါးအန္တရာယ်ကာကွယ်ရေးဆိုင်ရာလုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရန်အတွက်  မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဦးဆောင်သည့် စားသုံးသူရေးရာဦးစီးဌာနနှင့် အဖွဲ့ဝင်ဌာန(၆)ခုပါဝင်သော မူးယစ်ဆေးဝါးအန္တရာယ်ကာကွယ်ရေးဆိုင်ရာ ကွင်းဆင်းစိစစ်ရေးအဖွဲ့အား ၂၀၂၂ခုနှစ်၊ ဩဂုတ်လ (၁၉)ရက်နေ့တွင် ဖွဲ့စည်းခဲ့ပါသည်။ အဆိုပါစိစစ်ရေးအဖွဲ့သည် ၂၀၂၂ခုနှစ်၊ စက်တင်ဘာလ (၁)ရက်နေ့တွင် လားရှိုးမြို့အတွင်းရှိ တက္ကသိုလ်ကျောင်းများဖြစ်ကြသည့် လားရှိုးတက္ကသိုလ်၊ နည်းပညာတက္ကသိုလ်၊ ကွန်ပျူတာတက္ကသိုလ်နှင့် ပညာရေးဒီဂရီကောလိပ်ကျောင်းများ အနီးဝန်းကျင်တစ်လျှောက် ဖွင့်လှစ်ထားသော ဆေးပစ္စည်းအရောင်းဆိုင်များ၊ စတိုးဆိုင်များ၊ စားသောက်ဆိုင်များအား သွားရောက်၍ ဆေးခြောက်နှင့် ဆက်စပ်ပစ္စည်းများ ထည့်သွင်းထုတ်လုပ်ထားသော စားသောက်ကုန်များ ရောင်းချနေခြင်း ရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြကြောင်းနှင့် ၎င်းစားသောက်ကုန်များအား ရောင်းချခြင်းမပြုလုပ်ရန် အသိပညာပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရှမ်း)

သံတွဲမြို့ ငကျော်တောင် အ.ထ.က(ခွဲ) ကျောင်းတွင် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေး ဟောပြောခြင်း

     ရခိုင်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ သံတွဲခရိုင်ဦးစီးမှူး ဦးဝင်နိုင်(ဦးစီးအရာရှိ)နှင့် ဝန်ထမ်းများသည် သံတွဲခရိုင်အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA)နှင့်ပူးပေါင်းပြီး (၅-၉-၂၀၂၂)ရက်နေ့ နေ့(၂:၀၀)နာရီအချိန်တွင် သံတွဲမြို့ ငကျော်တောင် အ.ထ.က(ခွဲ)ကျောင်း တွင် ကျောင်းသား/သူများအား စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောခဲ့ပါသည်။

    အဆိုပါဟောပြောပွဲအခမ်းအနားတွင် ကျောင်းအုပ်ဆရာမကြီးဒေါ်မိမိဝင်းက အဖွင့်အမှာ စကားပြောကြားပြီး စားသုံးသူရေးရာဦးစီးဌာန သံတွဲခရိုင်ဦးစီးမှူး ဦးဝင်းနိုင်မှ စားသုံးသူကာကွယ်ရေးဉပဒေ(၂၀၁၉) ပြဌာန်းချက်ပါ စားသုံးသူအခွင့်အရေး(၈)ချက်၊ အခန်း(၁၈)ပုဒ်မ(၄၁)အရ ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြခြင်းနှင့်ပတ်သက်၍ စီးပွားရေးလုပ်ငန်းရှင်များ၏ တာဝန်များအားလည်းကောင်း၊ စားသုံးသူများအနေဖြင့် ကုန်စည်များဝယ်ယူသုံးစွဲရာတွင် ကုန်အညွှန်းအမှတ်အသား ဖော်ပြပါရှိမှုအား အလေးထားသတိပြုသင့်ကြောင်းနှင့် စားသုံးသူများ နစ်နာဆုံးရှုံးမှုဖြစ်ပေါ်ပါက တိုင်ကြားနိုင်သည့်နည်းလမ်းများအား အသိပညာပေးဟောပြောခဲ့ပြီး ဆက်လက်၍ သံတွဲခရိုင်အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA)မှ ဒေါက်တာရဲမင်းသိန်း (ဦးစီးအရာရှိ)က (FDA)ဌာနအကြောင်းသိကောင်းစရာများနှင့် အစားအသောက်ဆေးဝါးနှင့် အလှကုန်ပစ္စည်းများအား စားသုံးသူအန္တရာယ်ကင်းရှင်းစေရေးအတွက် ဓါတ်ခွဲစစ်ဆေးဆောင်ရွက် နေမှုများအားလည်းကောင်း ရှင်းလင်းပြောကြားခြင်းနှင့် ဒေါ်ရဝတီဦး(ဒု-ဦးစီးမှူး)က စားသုံးသူ အန္တရာယ်ဖြစ်စေနိုင်သော ကြာရှည်အထားခံ ဆေးဝါးအသုံးပြုမှုအန္တရာယ်၊ ဓါတုဆိုးဆေးအန္တရာယ်၊ ဆေးသကြားအသုံးပြုမှုအန္တရာယ်အကြောင်းတို့အား ရှင်းလင်းပြောကြားပြီး အသိပညာပေး ဟောပြောပွဲသို့ ကျောင်းသား/သူ (၂၀၀)ဦးခန့် တက်ရောက်ခဲ့ကြပြီး လက်ကမ်းစာစောင်များ ဖြန့်‌ဝေ ပေးခြင်းအား ဆောင်ရွက်ခဲ့ပါကြောင်း သိရှိရပါသည်။

DOCA(ရခိုင်)

 

မော်တော်ကား ဝါယာရိန်း၊ ဒိုင်နမို၊ မော်တာပြုပြင်ရေး စီးပွားရေးလုပ်ငန်းရှင်နှင့်တွေ့ဆုံဆွေးနွေး

      ကချင်ပြည်နယ်၊စားသုံးသူရေးရာဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးရုံးမှ ဦးကျော်မိုးလွင်(ဌာနခွဲစာရေး)သည် ၆.၉.၂၀၂၂ ရက်နေ့တွင် မိုးညှင်းမြို့ပေါ်ရှိမော်တော်ကားဝါယာရိန်း၊ဒိုင်နမို၊မော်တာပြုပြင်ရေးစီးပွားရေးလုပ်ငန်းရှင်များနှင့် မိုးညှင်းခရိုင်ဦးစီးရုံး၌ တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

     တွေ့ဆုံဆွေးနွေးရာတွင်  ဦးကျော်မိုးလွင် (ဌာနခွဲစာရေး) က  စားသုံးသူကာကွယ်ရေးဥပဒေ၏ အဓိပ္ပါယ်ဖော်ပြချက်များမှ စီးပွားရေးလုပ်ငန်းရှင်ဆိုသည်မှာ ကုန်စည်ကို ထုတ်လုပ်ခြင်း၊ ဖြန့်ဖြူးခြင်း၊ သိုလှောင်ခြင်း၊ သယ်ယူပို့ဆောင်ခြင်း၊ ရောင်းချခြင်း၊ ပြုပြင်ထုတ်လုပ်ခြင်း၊ ပြည်ပသို့တင်ပို့ခြင်း၊ ပြည်တွင်းသို့တင်သွင်းခြင်း၊ ပြန်လည်ရောင်းချခြင်းကိုဖြစ်စေ၊ ထောက်ပံ့ပေးခြင်းကိုဖြစ်စေ၊ ဝန်ဆောင်မှု ပေးခြင်းကိုဖြစ်စေ၊ကြော်ငြာလုပ်ငန်းလုပ်ကိုင်ခြင်းကိုဖြစ်စေတစ်ဦးချင်းသော်လည်းကောင်း၊အဖွဲ့အစည်း နှင့်သော်လည်းကောင်း ဆောင်ရွက်သူကိုဆိုလိုခြင်းဖြစ်ကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ ဖြစ်သည့် ကုန်စည်သို့မဟုတ်ဝန်ဆောင်မှု၏ အာမခံချက်၊ သတ်မှတ်ချက်များနှင့်စပ်လျဉ်း၍ ရိုးရှင်းမှန် ကန်သော သတင်းအချက်အလက်များပေးခြင်း၊ စားသုံးသူကို ခွဲခြားမှုမရှိဘဲ ဖြောင့်မတ်မှန်ကန်စွာ ဆက်ဆံခြင်း၊ စီးပွားရေးလုပ်ငန်းလုပ်ကိုင်ရာတွင် စီးပွားရေးကျင့်ဝတ်၊  စည်းကမ်းနှင့်အညီဖြောင့်မတ်မှန်ကန်စွာဆောင်ရွက်ခြင်း၊ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ ထပ်မံပေးချေရမည့် တန်ဖိုး ကို စားသုံးသူက ဝယ်ယူအသုံးမပြုမီသိရှိစေရန် အတိအလင်းဖော်ပြပေးခြင်း၊ ဝန်ဆောင်မှုအပိုင်းတွင် မိမိဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ အချက်အလက်များကို စားသုံးသူသိရှိစေရန် ကြိုတင်အသိပေးခြင်း၊ စားသုံးသူ၏လိုအပ်ချက်နှင့်ကိုက်ညီမှုရှိခြင်း၊ အာမခံထားသောအချိန်ကာလအတွင်းပြီးမြောက်အောင် ဆောင်ရွက်ပေးခြင်း၊ စားသုံးသူနှင့်သဘောတူညီထားသည့် ဝန်ဆောင်မှုတန်ဖိုးအတိုင်း ပေးအပ်စေခြင်း တို့ကို ရှင်းလင်းဆွေးနွေးခဲ့ပြီး စားသုံးသူကာကွယ်ရေးဆိုင်ရာ လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ပါ သည်။

DOCA( ကချင်)

 

လားရှိုးမြို့ တရုတ်လမုန့်များအရောင်းအဝယ်ကောင်း

        ယခုအချိန်ကာလသည် တရုတ်လူမျိုးများ၏ နှစ်စဉ်နှစ်တိုင်းအမြဲလိုလို ကျင်းပလေ့ရှိသည့် တရုတ်မုန့်စားပွဲတော်အချိန်ခါရောက်ရှိလာတော့မည်ဖြစ်သောကြောင့် ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့ပေါ်ရှိ ဆိုင်အတော်များများတွင် တရုတ်လမုန့်များကို မြိုင်မြိုင်ရောင်းချနေကြောင်း တွေ့ရှိရပါသည်။ အဆိုပါလမုန့် များကိုမူ လမုန့်စားပွဲတော်နှင့် တရုတ်နှစ်သစ်ကူးပွဲတော်အချိန်ခါတွင် တစ်နှစ်မှနှစ်ကြိမ်သာ လမုန့်များကို ပြုလုပ်ရောင်းချကြသောကြောင့် လမုန့်များသည် ဈေးကောင်းရရှိပြီး အရောင်းအဝယ်ကောင်းလျက်ရှိသည်။ လမုန့်များကိုမူ အသားနှင့် အချိုဟူ၍နှစ်မျိုးထုတ်လုပ်ပြီး အချိုကို ပဲနီ၊ မြေပဲ၊ ပဲဖြူ စသည်ဖြင့် အမျိုးအစား များ ထုတ်လုပ်ထားကြောင်းတွေ့ရှိရပါသည်။ လမုန့်များကို လားရှိုးမြို့တွင်းသာမက ဟိုပန်၊ လောက်ကိုင်၊ တန့်ယန်း၊ ပန်ဆန်း၊ မိုင်းရှူး၊ မန်းလေး၊ ရန်ကုန်နှင့် အခြားသော အော်ဒါမှာယူသည့် မြို့များသို့လည်း တင်ပို့ရောင်းချကြောင်း သိရှိရပါသည်။ ဈေးနှုန်းများမှာ မုန့်အမျိုးအစားနှင့် မုန့်ပါဝင်မှုအရေအတွက် အပေါ် မူတည်၍ ဈေးနှုန်းများမှာ ၉၀၀ဝိ/-ကျပ်မှ ၆၀၀၀ဝိ/-ကျပ်အထိရှိကြောင်းသိရှိရပါသည်။

DOCA(ရှမ်း)

 

“ရာဇာ” လ္ဘက်/ပဲကြော်လုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေး

       စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မုံရွာခရိုင်ဦးစီးမှူးရုံးမှ  ဝန်ထမ်း(၂)ဦးတို့သည်  စက်တင်ဘာလ ၅ ရက်နေ့ နံနက် ၁၀ နာရီအချိန်တွင် မုံရွာမြို့၊ အေးသာယာရပ်ကွက်ရှိ “ရာဇာ” လ္ဘက်/ ပဲကြော်လုပ်ငန်းရှင်နှင့်တွေ့ဆုံ၍ စားသုံးသူကာကွယ်ရေးဥပဒေ(၂၀၁၉)၊ အခန်း(၁၈)အရ ကုန်အညွှန်း အမှတ်အသားဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့်ပတ်သက်၍ စီးပွားရေးလုပ်ငန်းရှင်များ သိရှိလိုက်နာ ဆောင်ရွက်နိုင်စေရန်အတွက် အသိပညာပေးဆွေးနွေးခဲ့ပါသည်။

   ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူအခွင့်အရေးနှင့် တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်း၊ ပြစ်မှု ပြစ်ဒဏ်များ၊ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် ပတ်သက်၍ ပုဒ်မ ၄၁။ (ခ) နှင့်(ဆ) တို့တွင်ဖော်ပြထားသည့် ကုန်စည်၏ အမျိုးအမည်၊ အရွယ် အစား၊ အရေအတွက်နှင့် အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ သုံးစွဲပုံနည်းလမ်း၊ ကျန်းမာ‌ ရေးဆိုင်ရာ ဘေးထွက်ဆိုးကျိုး သို့မဟုတ် ဓာတ်မတည့်ကြောင်းဖော်ပြချက်နှင့် ကြိုတင်သတိပေး ချက်တို့ကို မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု သို့မဟုတ် တစ်ခု ထက်ပို၍ တွဲလျက်ဖြစ်စေ ရေးသားဖော်ပြရမည်ဖြစ်ကြောင်း အသိပညာပေးဆွေးနွေးခဲ့ပါသည်။

    မိမိတို့လုပ်ငန်းအနေဖြင့် လုပ်သားအင်အား (၅၀) ဦးဖြင့် လုပ်ငန်းများဆောင်ရွက်ကြောင်း၊ လုပ်သားခများမှာ အနိမ့်ဆုံးလုပ်အားခတစ်နေ့လျှင်(၅၀၀၀)ကျပ်နှင့် အမြင့်ဆုံးလုပ်အားခ(၆၅၀၀) ကျပ်များရှိကြောင်း၊ တစ်ရက်လျှင် ပျမ်းမျှဆီသုံးဆွဲမှုသည်ပမာဏ ပေပါ(၁၀)လုံးရှိကြောင်း၊ တစ်ရက်လျှင်ပျမ်းမျှထုတ်ကုန် ပိဿာမှာ (၁၅၀၀) ပိဿာထွက်ရှိကြောင်း၊ လ္ဘက်ကုန်ကြမ်းကို ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် တောင်ပိုင်းတို့မှ ဝယ်ယူကြောင်း၊ လ္ဘက်ကုန်ကြမ်း (၃၀) ပိဿာ တစ်အိတ်လျှင် အနိမ့်ဈေး(၁၂၀၀၀၀)မှ အမြင့်ဆုံးဈေး (၁၈၀၀၀၀) အထိရှိကြောင်း၊ ကုန်ချောလ္ဘက် များကို  မုံရွာမြို့နယ်အတွင်းနှင့် အရာတော်မြို့နယ်များသို့သာ ဖြန့်ဖြူးရောင်းချကြောင်း သိရှိရပါ သည်။

DOCA(စစ်ကိုင်း)

ကလေးဝမြို့၊ အ.ထ.ကကျောင်းတွင် စားသုံးသူအသိပညာပေး ဟောပြောပွဲကျင်းပခြင်း

      စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဉီးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးဝမြို့နယ်အနေဖြင့် စက်တင်ဘာလ ( ၅ ) ရက်နေ့ နံနက်(၁၀:၀၀)နာရီအချိန်တွင် ကလေးဝမြို့ ( အ.ထ.က  )  ကျောင်း၌ ဆရာ/ဆရာမ ( ၁၂ ) ဉီးနှင့် ကျောင်းသား/ ကျောင်းသူ ( ၄၀၀ ) ဦး၊ စုစုပေါင်း( ၄၁၂ )ဦး အား စားသုံးသူအခွင့်အရေးများအကြောင်း အသိပညာဟောပြောပွဲကို ကျင်းပပြုလုပ်ခဲ့ပါသည်။

   အဆိုပါဟောပြောပွဲ၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ လျှပ်စစ်ဦးစီးဌာနများပါဝင်ပြီး ကျောင်းအုပ်ဆရာမကြီး ဒေါ်သဉ္ဇာထွန်းမှ ဦးစွာပထမ  အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ ဆက်လက်၍ ကလေးဝ မြို့နယ်တာဝန်ခံ ဦးကျော်ကျော်မိုးမှ စားသုံးသူအခွင့်အရေး သိကောင်းစရာများအကြောင်းကို လည်းကောင်း၊  ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနှ ဦးစီးအရာရှိ ဦးဇော်ဝင်းထွန်းမှ လူငယ်နှင့်စာပေ သိကောင်းစရာများအကြောင်းကိုလည်းကောင်း၊ လျှပ်စစ်ဦးစီးဌာန ဦးအောင်နိုင်ဝင်း မြို့နယ်ဦးစီးမှူးမှ လျှပ်စစ်သုံးစွဲမှုနှင့် သိမှတ်စရာအဖြာဖြာကိုလည်းကောင်း၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ဦးရာဇာဝင်း မြို့နယ်ဦးစီးမှူးမှ ထိန်းသိမ်းစောင့်ရှောက်ရမည့် ဇီဝမျိုးကွဲများအကြောင်းကို အသိပညာပေးဟောပြောခဲ့ပြီးအခမ်းအနားကို (၁၁:၀၀)နာရီအချိန်တွင် ပြီးမြောက်ခဲ့ပါကြောင်း သတင်းရရှိရပါသည်။

DOCA(စစ်ကိုင်း)

 

         

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ