သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ကော့မှူးမြို့နယ်အတွင်းရှိ ဆေးဆိုင်များတွင် ရောင်းချလျက်ရှိသော တိုင်းရင်းဆေးအမျိုးမျိုးတို့တွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာ ဖော်ပြပါရှိခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေး

    ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်အတွင်းရှိ ဆေးဆိုင်များတွင် ရောင်းချလျက်ရှိသော တိုင်းရင်းဆေးအမျိုးမျိုးတို့တွင် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာ ပြည့်စုံစွာ ဖော်ပြပါရှိခြင်းရှိ/မရှိကို ဩဂုတ်လ ၁၂ ရက်နေ့၊နံနက်(၁၀:၀၀) နာရီခွဲအချိန်တွင် ပူးပေါင်းအဖွဲ့ဖြင့် ဈေးကွက်အတွင်း ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

    ထိုသို့ ဈေးကွက်အတွင်း ကွင်းဆင်းစစ်ဆေးခဲ့ရာတွင်မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ မြို့မဈေးတာဝန်ခံ၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံတို့ ပူးပေါင်းအဖွဲ့သည် ရန်ကုန်တောင်ပိုင်းခရိုင်၊ စားသုံးသူရေးရာဦးစီးမှူးရုံး၏ ညွှန်ကြားချက်အရ စားသုံးသူပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစေရေးနှင့် ထုတ်ကုန်များ လုံခြုံစိတ်ချရမှု ရှိစေရေးတို့အတွက် ကော့မှူးမြို့နယ် စည်ပင်သာယာမြို့မဈေးအတွင်း/အပြင်ရှိ ဆေးဆိုင်များတွင် ဖြန့်ဖြူးရောင်းချလျက်ရှိသော တိုင်းရင်းဆေးဝါးများတွင် မြန်မာနိုင်ငံ တိုင်းရင်းဆေးဝါးဦးစီးဌာနမှ ခွင့်ပြုချက်မှတ်ပုံတင်အမှတ်နှင့် စားသုံးသူရေးရာဦးစီးဌာနမှ သတ်မှတ်ထားသော ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာ ကုန်စည်(င)ဆေးဝါးနှင့် ဖြည့်စွက်အစာများဖြစ်သော တိုင်းရင်းဆေးအမျိုးမျိုးတို့တွင် အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်၊ အသားတင်ပမာဏ၊ သုံးစွဲပုံနည်းလမ်း၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ ဘေးထွက်ဆိုးကျိုး၊ ကြိုတင်သတိပေးချက်တို့အား ပြည့်စုံစွာ ဖော်ပြထားခြင်းရှိ/မရှိ ဈေးကွက်အတွင်း ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

DOCA(ရန်ကုန်)

 

ဒလမြို့နယ်အတွင်းရှိ ဆေးဆိုင်များ၌ တိုင်းရင်းဆေးအမျိုးမျိုးတွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာ ဖော်ပြနိုင်ခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေး

      ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ်အတွင်းရှိ ဆေးဆိုင်များတွင်‌ ရောင်းချလျက်ရှိသော တိုင်းရင်းဆေးအမျိုးမျိုးတို့တွင် ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းဆိုင်ရာ ပြည့်စုံစွာ ဖော်ပြပါရှိခြင်း ရှိ/မရှိကို ဩဂုတ်လ ၁၂ ရက်နေ့သည်၊နံနက် (၁၀:၀၀) နာရီခွဲအချိန်တွင် ပူးပေါင်းအဖွဲ့ဖြင့် ဈေးကွက်အတွင်း ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

    ထိုသို့ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် ဒလမြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဈေးတာဝန်ခံနှင့် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံတို့မှ ဒလမြို့နယ်၊ ရပ်ကွက်များအတွင်းရှိ ဆေးဆိုင် များတွင် ဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချလျက်ရှိသော တိုင်းရင်းဆေးအမျိုးမျိုးတို့တွင် စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းစေရေးနှင့် ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေးတို့အတွက် မြန်မာနိုင်ငံတိုင်းရင်းဆေးဦးစီးဌာနမှ ခွင့်ပြုချက်မှတ်ပုံတင်အမှတ်နှင့် စားသုံးသူရေးရာဦးစီးဌာနမှ ထုတ်ပြန်ထားသော တိုင်းရင်းဆေးအမျိုးမျိုးတို့တွင် မဖြစ်မနေဖော်ပြပါရှိရမည့် သတ်မှတ်ထားသော ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာအချက်များပြည့်စုံစွာ ဖော်ပြပါရှိခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

DOCA(ရန်ကုန်)

ကော့မှူးမြို့နယ်၌ စားအုန်းဆီဖြန့်ဖြူးခြင်းလုပ်ငန်းစဉ်များနှင့်ပတ်သက်၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

     ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင် ကော့မှူးမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးခန်းမ၌ ဩဂုတ်လ ၂၀ ရက်နေ့၊နံနက် (၁၀:၀၀)နာရီခွဲအချိန်တွင် စားအုန်းဆီဖြန့်ဖြူးခြင်းလုပ်ငန်းများနှင့် ပတ်သက်၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပခဲ့ကြောင်း သိရသည်။

     အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ကော့မှူးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဥက္ကဌက ကော့မှူးမြို့နယ်အတွင်းရှိ လူဦးရေ စုစုပေါင်း ၁၃၅၀၉၂ ဦးအား စားအုန်းဆီ လူတစ်ဦး တစ်ရက်စာနှုန်းအား ၂.၂၅ ကျပ်သားဖြင့် တွက်ချက်၍ တစ်မြို့နယ်လုံးအတိုင်းအတာအနေဖြင့် စားအုန်းဆီခွဲတမ်းများကို ယခုအချိန်တွင် ပြည့်မီအောင်ရရှိထားပြီး ဖြစ်သလို ကော့မှူးမြို့နယ် တွင် လက်လီ/လက်ကား ထုတ်ယူဖြန့်ဖြူးရောင်းချခွင့်ရရှိထားသည့် အီကိုဟာမိုနီနှင့် ဇမ္ဗူကံထွန်းကုမ္ပဏီများမှ စားအုန်းဆီကိုယ်စားလှယ် ဦးသိန်းထွဋ်၊ ဒေါ်ခင်ပြုံးဝေ၊ ဦးဇော်လတ်စိုး (ကိုယ်စား) ဒေါ်ဥမ္မာမျိုး တို့အနေဖြင့် ကော့မှူးမြို့နယ်အတွင်း စားအုန်းဆီ သယ်ယူ/ဖြန့်ဖြူး ရောင်းချပေးနေသည့် ဆီကိုယ်စားလှယ်စာရင်းနှင့် တစ်ပတ်စာရရှိသည့် ဆီပေပါစာရင်း ဖြန့်ဖြူး ရောင်းချပေးနေသည့် လူဦးရေတို့အား စနစ်တကျ မှတ်တမ်းထားရှိရန်နှင့် စားအုန်းဆီ ကိုယ်စားလှယ်များအနေဖြင့် ရရှိသည့် တစ်ပတ်စာ စားအုန်းဆီခွဲတမ်းများအား လက်ကျန်မထားဘဲ စားသုံးသူပြည်သူများသို့ ဖြန့်ဖြူးရောင်းချပေးကြရန်တို့အား ဆွေးနွေးပြောကြားခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီး တွံတေးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၁)က ကော့မှူးမြို့နယ်တွင် စားအုန်းဆီ ခွဲတမ်းများအား စားသုံးသူပြည်သူများအတွက် အပြည့်အဝခွဲတမ်းများ လုံလောက် အောင်ရရှိထားသော်လည်း စားအုန်းဆီဝယ်ယူရရှိမှု အခက်အခဲများရှိနေကြောင်း ကျေးရွာအချို့မှ အုပ်ချုပ်ရေးမှူးများ၏ တင်ပြလာမှုများ ရှိလာသဖြင့် စားအုန်းဆီကိုယ်စားလှယ်များအနေဖြင့် ရပ်ကွက်ကျေးရွာများရှိ လူဦးရေ စုစုပေါင်းအား လူတစ်ဦး ၂.၂၅ ကျပ်သားဖြင့် ဆီခွဲတမ်းအား တွက်ချက်၍ ရပ်ကွက်၊ ကျေးရွာအုပ်စုများရှိ နေ့စဉ် စားသုံးဆီဖြန့်ဖြူး ရောင်းချပေးသည့် ဆီကိုယ်စားလှယ်(သို့မဟုတ်) ကုန်ခြောက်ဆိုင်တို့ကို စားအုန်းဆီ သက်မှတ်ခွဲတမ်းများအား ဖြန့်ဖြူးရောင်းချပေးကြရန် ပြောကြားခဲ့ကြောင်း သိရသည်။

DOCA(ရန်ကုန်)

ထားဝယ်မြို့ ကမ်းနားပျံကျစျေးအား စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

    ၂၀၂၄ ခုနှစ်၊ သြဂုတ်လ ၂၇ ရက်နေ့၊ နံနက်(၀၈း၀၀)အချိန်တွင် တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ စစ်ဆေးရေးအရာရှိနှင့် ဝန်ထမ်းများသည် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ ကမ်းနားပျံကျစျေးအတွင်းရှိ ကုန်ပစ္စည်းမျိုးစုံအရောင်းဆိုင်များအား သက်ဆိုင်ရာဌာနများဖြစ်သည့် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့တို့နှင့် အတူစျေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါ သည်။

    ထိုသို့ဆောင်ရွက်ရာတွင် စျေးအတွင်းရောင်းချနေသော ဦးစားပေးကုန်စည်(၁၀)မျိုးမှ အသင့်စားခေါက်ဆွဲနှင့်ကြာဇံများအား စာသုံးသူပြည်သူများ ဘေးအန္တရာယ် ကင်းရှင်းစေရေးအတွက် သက်ဆိုင်ရာဌာနဆိုင်ရာများ၏ ထောက်ခံချက်များပါရှိမှု ရှိ/မရှိ၊ သက်တမ်းလွန်နှင့် စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသားများပါရှိမှု ရှိ/မရှိ စစ်ဆေးခြင်းနှင့် စားသုံးဆီအမှတ်တံဆိပ်အမျိုးမျိုးတွင် သတ်မှတ်ချက်များနှင့်အညီ ရောင်းချနေမှုများရှိ/မရှိ  စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

ဘီးလင်းမြို့နယ်၊ နှင်းပုလဲကျေးရွာရှိ အ.မ.က နှင်းပုလဲ (မြောက်)ကျောင်း၌ စားသုံးသူအသိပညာပေး ဟောပြောပွဲကျင်းပ

     ၂၃.၈.၂၀၂၄ ရက်နေ့တွင် ဘီးလင်းမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ် တာဝန်ခံရုံးမှ ဝန်ထမ်းများသည် ဘီးလင်းမြို့နယ် နှင်းပုလဲကျေးရွာရှိ အ.မ.ကနှင်းပုလဲ (မြောက်) အခြေခံပညာမူလတန်းကျောင်းတွင် စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောဆွေးနွေးပွဲ ကျင်းပခဲ့ပြုလုပ်ခဲ့သည်။

   အဆိုပါ ဟောပြောဆွေးနွးပွဲတွင် ကျောင်းအုပ်ဆရာမကြီး ဒေါ်လှိုင်လှိုင်အေးမှ အဖွင့်အမှာစကားပြောကြား၍ ဘီးလင်းမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ် တာဝန်ခံရုံးမှ မြို့နယ်တာဝန်ခံ ဒေါ်ဇင်ဖြူဝင်း(ဦးစီးမှူး)က စားသုံးသူရေးရာဦးစီးဌာန၏ ရည်မှန်းချက်၊ မျှော်မှန်းချက်များ၊ စားသုံးသူအကာအကွယ်ပေးရေး ဥပဒေပါ ပြဌာန်းချက်များ ဖြစ်သည့် ကုန်ညွှန်းအမှတ်အသား ပြည့်စုံမှသာလျှင် စိတ်ချယုံကြည်စွာ ကုန်စည်နှင့် ဝန်ဆောင်မှုများအား ရွေးချယ်ဝယ်ယူသုံးစွဲတတ်စေရန် သတိပြုရမည့် အချက်များကို ဟောပြောဆွေးနွေးပြီးနောက် သထုံခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံး၊ ဒုတိယဦးစီးမှူး ဦးစည်သူက စားသုံးသူတိုင်းရယူခွင့်ရှိသော စားသုံးသူအခွင့်အရေး(၈)ချက်၊ လိုက်နာရမည့်တာဝန် (၄) ရပ်တို့ကိုဟောပြောဆွေးနွေး၍ စားသုံးသူများ နစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်လာပါက ဖြေရှင်းဆောင်ရွက်နိုင်မှု နည်းလမ်းများကိုလည်း ဟောပြောဆွေးနွေး ခဲ့သည်။ အဆိုပါ အသိပညာပေးဟောပြောပွဲသို့ ကျောင်းအုပ်ဆရာမကြီး ဒေါ်လှိုင်လှိုင်အေးနှင့် ဆရာ/ဆရာမ (၆) ဦး၊ ကျောင်းသား/ ကျောင်းသူ (၇၈) ဦးတို့တက်ရောက်၍ ဌာနမှ လက်ကမ်းစာစောင်များ ဖြန့်ဝေ​ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(မွန်)

 

မုဒုံမြို့နယ်တွင် တရားမဝင်ဆေးဝါး ရောင်းချနေခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေး

    ၂၆.၈.၂၀၂၄ ရက်နေ့တွင် မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မုဒုံမြို့နယ်ရှိ ဆေးဝါးရောင်းချသည့် ဆေးဆိုင်များတွင် မြန်မာနိုင်ငံ ဆေးဝါးမှတ်ပုံတင်မရှိသည့် Abhayrab Injection တရားမဝင်ဆေးဝါး ရောင်းချနေခြင်း ရှိ/မရှိကို ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

   ထိုသို့ စစ်ဆေးရာတွင် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်း၍ တရားမဝင်ဆေးဝါးပစ္စည်းမျာဖြစ်သော"Abhayrab Injection" ရောင်းချခြင်း ရှိ/မရှိတို့ကို စစ်ဆေးခဲ့ရာ အဆိုပါဆေးဝါးဆိုင်များတွင် တရားမဝင်ဆေးဝါးများ ရောင်းချခြင်းမရှိကြောင်းနှင့် ဆေးဆိုင်ပိုင်ရှင်များအား တရားမဝင် ဆေးဝါးများ ရောင်းချခြင်းမပြုရန် အသိပညာပေးခဲ့ပြီး ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မွန်)

မအူပင်မြို့နယ်တွင် လှေထိုးစပါး စိုက်ပျိုးထွက်ရှိမှုနှင့် ရောင်းဝယ်မှုအခြေအနေအား ကွင်းဆင်းဆောင်ရွက်

    ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင် ကျုံစုတ်ကျေးရွာ လှေဆိပ်တွင် လှေထိုးစပါး စိုက်ပျိုးထွက်ရှိနေသဖြင့် မအူပင်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနမှ၊ ခရိုင်ဦးစီးမှူး၊ ဒုခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် (၂၅.၈.၂၀၂၄)ရက်နေ့၊ နံနက်(၀၉:၃၀)နာရီအချိန်က သွားရောက်ကွင်းဆင်းလေ့လာခဲ့ကြသည်။

     ကွင်းဆင်းလေ့လာရာတွင် လှေထိုးစပါးကို မအူပင်မြို့နယ် ကျုံစုပ်၊ ကညင်ဝ၊ ကနူး၊ ပဲခိုစု၊ အလန်းကြီးစသည့် ကျေးရွာများမှ တောင်သူလယ်သမားများသည် မေလဆန်းပိုင်တွင် စတင်စိုက်ပျိုးကြပြီး စိုက်ပျိုးသော စပါးမျိုးများမှာ GW-11၊ ဆင်းသုခ၊ မင်းဧရာ၊ ရက် ၉၀၊ 912နှင့် စဖိုသာ စပါးမျိုးများ စိုက်ပျိုးကြောင်း လေ့လာသိရှိရသည်။ မိုးတွင်းကာလ ရေတောထဲတွင်ရိတ်သိမ်းရသောကြောင့် လှေထိုးစပါးဟုခေါ်တွင်ပြီး လှေထိုးစပါးများ ဇူလိုင်လဆန်းပိုင်းတွင် စတင်စိုက်ပျိုးပြီး ဇူလိုင်လလယ်လောက်တွင် တစ်နေ့လျှင် စပါးတင်း၅၀၀၀ ခန့် ထွက်ပေါ်ရောင်းချနေရကြောင်း၊ ဩဂုတ်လနှင့် စက်တင်ဘာ ယခုရက်ပိုင်းတွင် တစ်နေ့လျှင် စပါးတင်း (၁၀၀၀၀)ခန့် ထွက်ရှိရောင်းချနေကြောင်း၊ ဈေးကွက်အနေဖြင့် မအူပင်မှ စက်ပိုင်များသာမက ပုသိမ်၊ ညောင်တုန်း၊ ဓနုဖြူ၊ ရေကြည်၊နှင့် ကျိုတ်လတ်မြို့နယ်များရှိ ဆန်စက်ပိုင်ရှင်များမှ လာရောက်ဝယ်ယူလျက်ရှိကြောင်း သိရှိရပါသည်။

     ၂၅.၈.၂၀၂၄ နေ့တွင် လှေထိုး၊ စပါးတင်း(၁၀၀)လျှင် (၁၂၅၀၀၀၀) တစ်ဆယ့်နှစ်သိန်း ငါးသောင်းခန့်ဖြင့် အရောင်းအဝယ်ဖြစ်နေပြီး ရက်(၉၀)စပါးးတင်း (၁၀၀)လျှင် (၁၃)သိန်းဖြင့် အရောင်းအဝယ် တွင်ကျယ်လျက်ရှိ ကြောင်း ပွဲစား ဦးစိုးနိုင်ထံမှ သိရှိရပါသည်၊

DOCA(ဧရာဝတီ)

 

 

 

 

မြောင်းမြခရိုင် မော်ကျွန်းမြို့နယ်၊ စားသုံးသူပြည်သူများအား အသိပညာပေး Talk Show ပြုလုပ်

     ဧရာဝတီတိုင်းဒေသကြီး၊       စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင် မော်ကျွန်းမြို့နယ် တာဝန်ခံ ဦးမင်းဇော်လတ်သည် (၂၃.၈.၂၀၂၄)ရက်နေ့၊နေ့လယ် (၁၅:၀၀)နာရီအချိန်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနတို့နှင့် ပူးပေါင်းကာ စားသုံးသူပြည်သူများအား မော်ကျွန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၊ Community Centre ခန်းမတွင် စားသုံးသူအသိပညာပေး  Talk  Show  ပြုလုပ်ခဲ့ပါသည်။

     ထိုသို့ပြောဆွေးနွေးရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးမှ  စားသုံးသူ အသိပညာပေး Talk Show ပြုလုပ်ရခြင်း၏ရည်ရွယ်ချက်အားရှင်းလင်းပြောကြားပြီး၊ စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံမှ ဌာန၏မျှော်မှန်းချက်၊ ရည်မှန်းချက်များအား ရှင်းလင်းပြောကြားခဲ့ပြီး၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ ပါပြဌာန်းချက်များမှ အခန်း(၉)ပါ စားသုံးသူ၏အခွင့်အရေးနှင့် တာဝန်များ၊ ဥပဒေအခန်း(၁၀)ပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များနှင့် ဥပဒေအခန်း(၂၃)ပါ တားမြစ်ချက်များ၊ ဥပဒေ အခန်း(၂၄)ပါ ပြစ်မှုပြစ်ဒဏ်များ၊ အခန်း(၁၁)ပါ ဥပဒေအခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ မည်သည့်စီးပွားရေးလုပ်ငန်းရှင်မဆို ပုဒ်မ-၄၁ ပုဒ်မခွဲ(ခ)နှင့် (ဆ)တို့ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် မြန်မာဘာသာဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု(သို့) တစ်ခုထက်ပို၍တွဲလျက်ဖြစ်စေ၊ ရေးသားဖော်ပြရမည်ဖြစ်ပြီး၊ ကုန်စည်အမျိုးအစား အလိုက်သတ်မှတ်ထားသည့် ဥပဒေများ နှင့်အညီလိုက်နာဆောင်ရွက်ကြရန် ဥပဒေတားမြစ်ချက်များအား လိုက်နာဆောင်ရွက်မှုမရှိပါက ပြစ်မှုပြစ်ဒဏ်များအတိုင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ Online Shop  မှတ်ပုံတင်လျှောက်ထားခြင်းနင့် ပတ်သက်၍ ထုတ်ပြန်ထားသော ဥပဒေများအား အသေးစိတ်ရှင်းလင်းဆွေးနွေးပြောကြားခဲ့ပါသည်၊ Online Shop  မှတ်ပုံတင်ခြင်းလျှောက်ထားရာတွင် အသေးစိတ်သိလိုပါက www.eComreg.gov.mm မှတဆင့် မှတ်ပုံတင်လျှောက် ထားနိုင်ကြောင်း  စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ဥပဒေပါအချက်အလက်များသိရှိလိုပါက မြို့နယ် စားသုံးသူတာဝန်ခံရုံးတွင်လည်းကောင်း၊ စားသုံးသူရေးရာဦးစီးဌာနရုံးချုပ်၏ www.doca. gov.mm web site တွင် ဝင်ရောက်လေ့လာနိုင်ပါကြောင်း၊ စားသုံးသူများနစ်နာမှုရှိလာပါက စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှု လက်ခံဆောင်ရွက်ရေးစင်တာ CICC သို့ လူကိုယ်တိုင်ဖြစ်စေ၊ တယ်လီဖုန်းဖြင့်ဖြစ်စေ တိုင်ကြားနိုင်ကြောင်း အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

ဖျာပုံမြို့၊ ချောင်းတွင်းကျေးရွာရှိ “ဓနဝတီ” ဆန်စက်နှင့် “ဓနဧရာ” ဆန်စက်များသို့ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေးနှင့် MSMEs လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ကွင်းဆင်းစစ်ဆေး

     ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးထွေးသိမ်းနှင့် မြို့နယ်တာဝန်ခံ ဦးမင်းဇော်တို့သည် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့တို့နှင့်ပူးပေါင်း၍ ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ (၂၃) ရက်နေ့၊ နံနက် (၁၁:၀၀) နာရီအချိန်တွင် ဖျာပုံမြို့၊ ချောင်းတွင်းကျေးရွာရှိ “ဓနဝတီ”ဆန်စက်နှင့် “ဓနဧရာ” ဆန်စက်များသို့ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေးနှင့် MSMEs လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ကွင်းဆင်းစစ်ဆေးခဲ့ကြပါသည်။

     ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ခရိုင်ဦးစီးမှူး ဦးထွေးသိမ်းက ဆန်စပါး ဈေးနှုန်းဈေးကွက် အခြေအနေများ တည်ငြိမ်မှု ရှိ/မရှိ ၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေးနှင့် MSMEs လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ခေတ်မီ စက်ကိရိယာများ တပ်ဆင်ထားရှိမှု အခြေအနေ၊ ဆန်စက်လည်ပတ်ရာမှ ထွက်ရှိလာသော စွန့်ပစ်ပစ္စည်းများ စနစ်တကျ စွန့်ပစ်ထားရှိမှု အခြေအနေတို့ကို ကွင်းဆင်းစစ်ဆေးခဲ့ကြပြီး ခေတ်မီစက်ကြီးများနှင့် လည်ပတ်ရခြင်းကြောင့် ထုတ်ကုန်များ ပိုမိုထုတ်လုပ်နိုင်ပြီး အလုပ်သမားမိသားစုဝင်များ၏ စားဝတ်နေရေး အဆင်ပြေနိုင်မည်ဖြစ်ကြောင်း ကွင်းဆင်းစစ်ဆေးခဲ့မှုအပေါ်  သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

လေးမျက်နှာမြို့နယ် မြို့ပေါ်ရပ်ကွက်ရှိ စတိုးဆိုင်များတွင်အသင့်သောက် အချိုရည်အမျိူးမျိုးအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

      စားသုံးသူရေးရာဦးစီးဌာန၊ လေးမျက်နှာမြို့နယ်တာဝန်ခံသည် (၂၁.၈.၂၀၂၄) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် လေးမျက်နှာမြို့နယ်၊ အမှတ်(၄)ရပ်ကွက်နှင့် အမှတ်(၅)ရပ်ကွက်အတွင်းရှိ စတိုးဆိုင်များတွင်ရောင်းချသောအသင့်သောက်အချိုရည်အမျိုးမျိုးအား ဈေးကွက်စောင့်ကြည့်စစ်ဆေး ခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

      ထိုသို့ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် စားသုံးသူမိဘပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစေရန်အတွက် ဈေးကွက်အတွင်း ရောင်းချနေသော ကုန်စည်များပေါ်တွင် ကုန်စည်အမျိုးအစားကိုလိုက်၍ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှန်ကန်စွာဖော်ပြခြင်းရှိ/မရှိတို့ကို စစ်ဆေးခဲ့ပြီး၊ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်မှ ထုတ်ပြန်ကြော်ငြာထားသော ညွှန်ကြားချက်အမှတ်(၂/၂၀၁၉)နှင့်အညီ မြန်မာဘာသာဖြင့်ပြည်စုံစွာဖော်ပြထားသော ကုန်စည်များကိုသာ ရောင်းချရန်နှင့် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် သက်ဆိုင်ရာဌာနမှ ထုတ်ပြန်ထားသော သတ်မှတ်စံချိန်/စံညွှန်းများနှင့်ကိုက်ညီသော အချိုရည်များကိုသာ ရောင်းချရန်၊ ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက်ပေးရာတွင် စားသုံးသူများစိတ်ကျေနပ်မှုရှိစေရေးနှင့် သတ်မှတ်အရည်အသွေး ပြည့်မီသောကုန်စည်များကိုသာ ရောင်းချရန်၊ စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များအကြောင်း၊ တားမြစ်ချက်များ နှင့်ပြစ်မှု ပြစ်ဒဏ်များအကြောင်း စသည်တို့ကို အသိပညာပေးပြောကြားခဲ့ပြီး၊ စတိုးဆိုင်(၅)ဆိုင်အား ဈေးကွက် စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ