သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ထားဝယ်မြို့သို့ မြန်မာနိူင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းမှ ရောင်းချမည့် စားအုန်းဆီများ ရောက်ရှိ

     ၂၀၂၅ခုနှစ်၊ ဇူလိုင်လ၊ ၁၃ ရက်နေ့၊ နံနက်(၉း၃၀) အချိန်တွင် ထားဝယ်မြို့၊ အိမ်ရှေ့ပြင်ရပ်ကွက်၊ ရေးလမ်းရှိ ရတနာဦးကားဂိတ် ယာဥ်ရပ်နားစခန်းသို့ မြန်မာနိူင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များ အသင်း၏ စီစဥ်မှုဖြင့် Kaung Hlyan New Asia Co,Ltd နှင့်Yadanarbon Global Network DistributionCo,Ltdတို့မှ တင်ပို့ရောင်းချသည့် စားအုန်းဆီ ၁ ပေပါလျှင် ၁၁၀ ပိဿာပါ စားအုန်းဆီ (၉၃)ပေပါကို ယာဥ်မောင်း ဦးမြင့်ဇော်သန်း ယာဉ်အမှတ် 7F-3777 (Nissan)မော်တော်ယာဥ်နှင့် တင်ဆောင်၍လည်းကောင်း၊ အလားတူ ယင်းနေ့ နံနက် (၁၀း၀၀)အချိန်တွင် Myanmar Oil Alliance Co,Ltdမှတင်ပို့ရောင်းချသည့် စားအုန်းဆီ (၇၅)ပေပါကို ယာဉ်မောင်းဦးရဲနိုင်ဦး ယာဉ်အမှတ် 2I-7044 Nissan  မော်တော်ယာဉ်ဖြင့် တင်ဆောင်၍လည်းကောင်း အသီးသီးရောက်ရှိလာရာ တိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး ဦးစိုးဦးနှင့် တာဝန်ရှိသူများက သွားရောက် စစ်ဆေးခဲ့ကြောင်း၊ ရောက်ရှိလာသော စားအုန်းဆီ စုစုပေါင်း(၁၆၈)ပေပါကို အဆိုပါ ကုမ္ပဏီ၏ လက်ကားအရောင်းကိုယ်စားလှယ် မှတစ်ဆင့် ထားဝယ်မြို့တွင်းရှိ အိုးလုပ်ရပ်ကွက်၊ နိဗ္ဗာန်လမ်းရှိ ဦးဘိုသစ်၏ ယမုံလှိုင် ကုန်စုံဆိုင်အပါအဝင် အထိုင်ရောင်းချနေသည့် လက်လီဆိုင် ၁၅ ဆိုင်တို့မှ သတ်မှတ်ရည်ညွှန်းစျေးအတိုင်း စားသုံးသူများအား ရောင်းချပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိ ပါသည်။

DOCA(တနင်္သာရီ)

မြိတ်မြို့သို့ MV ရွှေလက်ဝါးရေယာဉ်ဖြင့် ဆန်အိတ်များရောက်ရှိလာ

      မြိတ်ခရိုင်ဆန်ကုန်သည်များအသင်းသည် မြိတ်မြို့အတွက် လိုအပ်သောဆန်များအား (၂.၇.၂၀၂၅)ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ပုသိမ်မြို့နယ်မှဝယ်ယူ၍ MV ရွှေလက်ဝါးရေယာဉ်ဖြင့် ဆန်တန် (၃၀၀)၊ အိတ်ရေ (၆၀၀၀) သယ်ယူ၍ ၂၀၂၅ခုနှစ်၊ ဇူလိုင်လ(၁၁) ရက်နေ့တွင် မြိတ်မြို့ သို့ ရောက်ရှိလာခဲ့ကြောင်းသိရှိရပါသည်။ အဆိုပါရောက်ရှိလာသော ရေယာဉ် အား မြိတ်ခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ မြိတ်ခရိုင်အကောက်ခွန်ဦးစီးဌာန၊ မြိတ်ခရိုင်ကုန်သွယ်ရေး ဦးစီးဌာနနှင့် မြိတ်ခရိုင်ရဲတပ်ဖွဲ့တို့ဖြင့် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(တနင်္သာရီ)

ဆန်နှင့် လက်လီရောင်းချနေသောစားအုန်းဆီအရောင်းဆိုင်များသို့ ရှောင်တခင်ကွင်းဆင်းစစ်ဆေး

     ၂၀၂၅ခုနှစ်၊ ဇူလိုင်လ(၁၁)ရက်နေ့ ၊ နံနက်(၁၀း၀၀)အချိန်တွင် မြိတ်ခရိုင်ကုန်စျေးနှုန်း တည် ငြိမ်ရေးအဖွဲ့ဝင်များဖြစ်သော မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ စားသုံးသူရေးရာဦးစီးဌာန၊ အထူးစုံစမ်းစစ် ဆေးရေးဦးစီးဌာန၊ မြို့နယ် စည်ပင်သာယာ‌ရေးဦးစီးဌာန၊ ဗဟိုစာရင်းအင်းအဖွဲ့များဖြင့် မြိတ်မြို့ပေါ်ရှိ ဆန်နှင့်လက်လီ ရောင်းချနေသောစားအုန်းဆီအရောင်းဆိုင်များသို့သွားရောက်၍ ကုန်စျေးနှုန်းတည်ငြိမ်‌‌ရေးနှင့် သတ်မှတ်ထားသော စျေးနှုန်းများဖြင့်ရောင်းချမှုရှိ/မရှိ ရှောင်တခင်ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

    ဆန်နှင့်လက်လီ ရောင်းချနေသောစားအုန်းဆီအရောင်းဆိုင်များသို့ ကွင်းဆင်းစစ်ဆေးရာတွင် ရောင်းချနေသောစျေးနှုန်းများအားမေးမြန်းခြင်း၊အလေးချိန်မှန်ကန်စွာဖြင့်ရောင်းချနေမှုအားစစ်ဆေး ခြင်းနှင့် စျေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားခြင်များမရှိစေရေး၊ သတ်မှတ်ရည်ညွှန်းစျေးနှုန်းများအတိုင်း ရောင်းချစေရေး ပြောကြားခဲ့ကြောင်းသိရှိရပါသည်။

DOCA(တနင်္သာရီ)

မြိတ်မြို့၊ ရေပုန်းရပ်တွင် အခြေခံစားကုန်နှင့် စားအုန်းဆီများရောင်းချခဲ့

     တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့တွင် ပြည်သူများစျေးနှုန်းသက်သာစွာဖြင့်ဝယ်ယူနိုင်ရေး အတွက် မြိတ်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့အစီအစဉ်ဖြင့် ၂၀၂၅ခုနှစ်၊ ဇူလိုင်လ(၁၁)ရက်နေ့၊ နံနက် (၇း၀၀)အချိန်တွင် မြိတ်မြို့၊ ရေပုန်းရပ်ရှိ ဓမ္မာရုံ‌ရှေ့၌ အခြေခံစားကုန်များနှင့် စားအုန်းဆီများ ‌ရောင်းချခဲ့ကြောင်းသိရှိရပါသည်။အခြေခံစားကုန်များရောင်းချရာတွင် ဆန်၊ ဆီ၊ ကြက်ဥ၊ ချဉ်ပေါင် ရွက်၊ ဆား စသည်တို့ပါဝင်ပြီး ခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ် စည်ပင်သာယာရေးအဖွဲ့နှင့် မြို့နယ်သမဝါယမဦးစီးဌာနတို့မှ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရှိရပါ သည်။

DOCA(တနင်္သာရီ)

မြိတ်မြို့၊ မြစ်မရပ်ရှိ ဟိန်းကုန်မျိုးစုံရောင်းဝယ်ရေးအား ကွင်ဆင်းစစ်ဆေး

      မြိတ်ခရိုင်အစားအသောက်နှင့်ဆေးဝါးကြီးကြပ်ကွပ်ကဲ‌ရေးကော်မတီဝင်များဖြစ်သော စားသုံး သူရေးရာဦးစီးဌာနနှင့်အတူ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊  မြို့နယ် စည်ပင်သာယာရေးအဖွဲ့နှင့် မြို့နယ်ရဲတပ်ဖွဲ့တို့ပါဝင်သော အဖွဲ့များဖြင့် ၂၀၂၅ခုနှစ်၊ဇူလိုင်လ(၁၁) ရက်နေ့တွင် မြိတ်မြို့၊ မြစ်မရပ်ရှိ ဟိန်းကုန်မျိုးစုံရောင်းဝယ်ရေးအား တရားမဝင်ကုန်စည်နှင့် ဘေးအန္တရာယ်ရှိသော အစားအသောက်များ ရောင်းဝယ်မှုမရှိစေရေး ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

     ကွင်းဆင်းစစ်ဆေးရာတွင် Online ဖြင့်ရောင်းချပါက Online မှတ်ပုံတင်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ Online မှတ်ပုံတင်မထားပါကအရေးယူနိုင်ကြောင်း၊  ဘေးအန္တရာယ်ကင်းသော အစားအသောက်များရောင်းချရန်၊ တရားမဝင်ကုန်စည်များရောင်းချခြင်းမပြုရန်နှင့် ကုန်အညွှန်း အမှတ်အသားပါရှိသော ကုန်စည်များသာ ရောင်းချရန်ပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(တနင်္သာရီ)

ထားဝယ်မြို့၊ အောင်ဖြိုးပိုင် သောက်ရေသန့်စက်ရုံအား စျေးကွက်မရောက်မီစစ်ဆေးခြင်း

     ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၁၁ ရက်နေ့၊ နေ့လယ်  (၁၄း၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့မှ စစ်ဆေးရေးအရာရှိနှင့်ဝန်ထမ်းများသည် အစားအသောက် နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ အထွေထွေအုပ်ချုပ်‌ရေးဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့တို့နှင့်ပူးပေါင်း၍ ထားဝယ်မြို့၊ရေးလမ်း၊ဝဲကျွန်းထိန်လယ်ရပ်ရှိ အောင်ဖြိုးပိုင် သောက်ရေသန့် စက်ရုံအား စျေးကွက်မရောက်မီ စောင့်ကြည့်စစ်ဆေး ဆောင်ရွက်ခဲ့ပါသည်။

     အဆိုပါစျေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် စားသုံးသူပြည်သူများ‌ ဘေးအန္တရာယ်ကင်းရှင်း စွာဝယ်ယူသုံးစွဲနိုင်စေရေးအတွက် စျေးကွက်အတွင်းဖြန့်ဖြူးမရောင်းချမီ သောက်ရေသန့် အမျိုးမျိုးတွင် မြန်မာဘာသာနှင့်ဖြစ်စေ၊ အခြားဘာသာတစ်ခုခုနှင့်ဖြစ်စေ တွဲလျက်ဖော်ပြထားသော ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှန်ကန်စွာပါရှိမှုရှိ/မရှိ စစ်ဆေးခြင်း၊ သောက်ရေသန့်ထုတ်လုပ် ပုံအဆင့်ဆင့်၊ သောက်ရေသန့်များအားထုတ်လုပ်ရာတွင် သန့်ရှင်းသပ်ရပ်စွာ ထုတ်လုပ်နေမှုများ ရှိ/ မရှိ စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးတွင် ထားဝယ်ခရိုင်ဆန်စက်လုပ်ငန်းရှင်များအသင်း ဖွဲ့စည်းခြင်း

     ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၁၁ ရက်နေ့၊ နံနက် (၁၀း၀၀)နာရီအချိန်တွင် တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၊ အောက်ထပ်အစည်းအဝေးခန်းမတွင် စီးပွားရေးရာဝန်ကြီးဦးဆောင်၍ ထားဝယ်ခရိုင် ဆန်စက်လုပ်ငန်းရှင်များအသင်းဖွဲ့စည်းခြင်းအခမ်းအနားအား ကျင်းပပြုလုပ်ခဲ့ပါသည်။

    အခမ်းအနားတွင် ပထမပိုင်းအဖြစ် စီးပွားရေးရာဝန်ကြီးမှ အဖွင့်အမှာစကားပြောကြားခြင်း၊ စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးမှ ရှင်းလင်းဆွေးနွေးခြင်း၊ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန၊ တိုင်းဦးစီးမှူးမှ ဆန်စက်အခြေအနေများအား ရှင်းလင်းပြောကြားခြင်း၊ ခရိုင် စီမံအုပ်ချုပ်‌ရေးအဖွဲ့ဥက္ကဋ္ဌမှ ဆန်စပါးသယ်ယူ၊ ကြိတ်ခွဲကိစ္စရပ်များနှင့်ပတ်သက်၍ ရှင်းလင်းဆွေး နွေးခဲ့ကြပါသည်။

   ဒုတိယပိုင်းအဖြစ် တက်ရောက်လာသော ဆန်စက်ပိုင်ရှင်များမှ EC ၊ CEC များ ရွေးချယ်ခြင်း၊ ထားဝယ်ခရိုင်ဆန်စက်လုပ်ငန်းရှင်းများအသင်း CEC အား ကြေငြာခြင်း၊ ထားဝယ်ခရိုင်ဆန်စက်လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌမှ နှုတ်ခွန်းဆက်သခြင်းနှင့် ဆက်လက်ဆောင်ရွက်မည့်အစီအစဉ်များအား တင်ပြခြင်းနှင့် စီးပွားရေးရာဝန်ကြီးမှ နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကာ အခမ်းအနားအား နေ့လယ် (၁၂း၃၀) နာရီအချိန်တွင် ပြီးမြောက်ခဲ့‌ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

ထားဝယ်မြို့၊ အိုးလုပ်စျေးအတွင်းရှိ ကုန်စုံဆိုင်များအား စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

        ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၁၁ ရက်နေ့ ၊ နံနက် (၈:၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့မှ စစ်ဆေးရေးအရာရှိနှင့် ဝန်ထမ်းများသည် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီး ဌာန၊ စည်ပင်သာယာရေးအဖွဲ့တို့နှင့်အတူ ထားဝယ်မြို့၊ ပိန္နဲတောရပ်၊ အိုးလုပ်စျေးအတွင်းရှိ ကုန်စုံ ဆိုင်များအား စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်ခဲ့သည်။

          အဆိုပါစျေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် စားသုံးသူပြည်သူများ‌ဘေးအန္တရာယ် ကင်းရှင်း စွာ ဝယ်ယူသုံးစွဲနိုင်စေရေးအတွက် စျေးကွက်အတွင်း မြန်မာဘာသာနှင့်အခြားဘာသာ တစ်ခုခုနှင့် ဖြစ်စေ တွဲလျက်ဖော်ပြထားသော ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှန်ကန်စွာပါရှိသည့် စားသောက်ကုန်ပစ္စည်းများကိုသာ ရောင်းချရန်နှင့်သက်တမ်းလွန်စားသောက်ကုန်ပစ္စည်းများ ရောင်းချ နေမှု ရှိ/မရှိ စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

မြင်းခြံခရိုင်ရုံး၏ (၇/၂၀၂၅)ဒါဘာ ကျင်းပပြုလုပ်

   ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၈ ရက်နေ့၊နံနက်(၁၀:၀၀)နာရီအချိန်၌  စီးပွားရေးနှင့်ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မြင်းခြံခရိုင်ဦးစီးမှူးရုံးတွင် ကျင်းပပြုလုပ်သော (၇/၂၀၂၅) ဝန်ထမ်းထုဆန္ဒခံယူပွဲ(ဒါဘာ)သို့ စားသုံးသူရေးရာဦးစီးဌာန၊ မြင်းခြံခရိုင်ဦးစီးမှူး ဦးသန်းစိုး(လ/ထညွှန်ကြားရေးမှူး)၊ မြင်းခြံခရိုင်ရုံးဝန်ထမ်းများ၊ ခရိုင်အတွင်းမြို့နယ်များမှ ခရိုင်တာ ဝန်ခံ၊ မြို့နယ်တာဝန်ခံများနှင့် ဝန်ထမ်းများသည် Virtual စနစ်ဖြင့် တက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။  ဝန်ထမ်းထုဆန္ဒခံယူပွဲတွင် ခရိုင်ဦးစီးမှူးက ဝန်ထမ်းများအနေဖြင့် မိမိတို့၏ ကိုယ်ရေး အခက်အခဲများ၊ မိသားစုအခက်အခဲများနှင့် တာဝန်ထမ်းဆောင်ရာတွင် ကြုံတွေ့ရသည့်အခက်အခဲ များ၊ အဆင်မပြေမှုများကို ပွင့်ပွင့်လင်းလင်းတင်ပြကြရန်နှင့် ခရိုင်ဦးစီးမှူးအနေဖြင့် အတတ်နိုင် ဆုံးဖြေရှင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ခရိုင်အဆင့်ဖြင့် ဖြေရှင်းနိုင်ခြင်းမရှိပါက တိုင်းဒေ သကြီးအဆင့်သို့ တင်ပြဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ပြောကြားခဲ့ကြောင်း၊ စီမံရေးရာဌာနခွဲ တာဝန်ခံက (၆/၂၀၂၅) ဝန်ထမ်းထုဆန္ဒခံယူပွဲ ဆုံးဖြတ်ချက်များနှင့်ပတ်သက်၍ ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ဆွေးနွေးခဲ့ပြီး တက်ရောက်လာသော ဝန်ထမ်းတစ်ဦးချင်းမှ ဆန္ဒဖော်ထုတ်ခဲ့ကြ ကာ (၇/၂၀၂၅)ဝန်ထမ်းထုဆန္ဒခံယူပွဲ(ဒါဘာ)ကို (၁၁:၀၀)အချိန်တွင် အောင်မြင်စွာရုတ်သိမ်းခဲ့ ကြောင်း သိရှိရသည်။

DOCA(မန္တလေး)

စားအုန်းဆီလက်လီလက်ကားအရောင်းဆိုင်လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးပွဲ ကျင်းပခြင်း

    ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၇ ရက်နေ့၊ (၁၄:၀၀)နာရီအချိန်၌ စားသုံးသူရေးရာဦးစီးဌာန၊ မြင်းခြံ ခရိုင်ဦးစီးမှူးရုံးတွင် ခရိုင်ဦးစီးမှူး ဦးသန်းစိုးနှင့် မြင်းခြံမြို့နယ်အတွင်းရှိ စားသုံးဆီလက်လီ လက်ကား အရောင်းဆိုင်လုပ်ငန်းရှင်များ တွေ့ဆုံဆွေးနွေးပွဲအခမ်းအနား ကျင်းပခဲ့ကြောင်းသိရှိရ သည်။

          ခရိုင်ဦးစီးမှူးက ဆွေးနွေးပြောကြားရာတွင် စားအုန်းဆီလက်လီလက်ကားအရောင်းဆိုင် လုပ်ငန်းရှင်များအနေဖြင့် မိမိတို့ရောင်းချရမည့် စားအုန်းဆီများကို သတ်မှတ်ကာလအတွင်း သတ်မှတ်ပမာဏအတိုင်း အပြည့်အဝရောင်းချစေလိုကြောင်း၊ အိမ်ထောင်စုတစ်စုလျှင် အနည်းဆုံး စားအုန်းဆီ(၂)ပိဿာ ရောင်းချပေးရမည်ဖြစ်ပါကြောင်း၊ ရောင်းချသည့် လက်လီဆိုင်တိုင်းတွင် ရောင်းချမှုမှတ်တမ်းထားရှိရမည်ဖြစ်ပါကြောင်း၊ အများပြည်သူလက်ဝယ်သို့ အမှန်တကယ်ရောက်ရှိ ရေး ဝိုင်းဝန်းကူညီ ဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း၊ ရောင်းချသည့်ဈေးနှုန်း မှန်ကန်ရေး၊ ရောင်းချသည့်ဆီအရည်အသွေး မှန်ကန်ရေး၊ ရောင်းချသည့်အလေးချိန်အချင်အတွယ် မှန်ကန်ရေး၊ ရောင်းချရမည့်အရေအတွက် မှန်ကန်ရေးတို့ကို အထူးအလေးထားဆောင်ရွက်သွားရမည်ဖြစ်ပါ ကြောင်း၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် အများပြည်သူသို့ စားအုန်းဆီများရောင်းချနေမှု လုပ်ငန်းစဉ်တစ်လျှောက် လုပ်ထုံးလုပ်နည်း၊ ညွှန်ကြားချက်များနှင့်အညီ တိတိကျကျလုပ်ကိုင် ဆောင်ရွက်နိုင်စေရန် စဉ်ဆက်မပြတ် ကြပ်မတ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ လက်လီလက်ကား အရောင်းဆိုင်လုပ်ငန်းရှင်များအနေဖြင့် အခက်အခဲများရှိပါက တင်ပြရန်နှင့် တင်ပြလာပါက စည်းမျဉ်းစည်းကမ်း၊ လုပ်ထုံးလုပ်နည်း၊ ညွှန်ကြားချက်များနှင့်အညီ အစွမ်းကုန် ကူညီဖြေရှင်းဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ဆွေးနွေးပြောကြားခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာန၊ မြင်းခြံခရိုင်ဦးစီးမှူးနှင့် စားအုန်းဆီလက်လီလက်ကားအရောင်းဆိုင် လုပ်ငန်းရှင်များ တွေ့ဆုံဆွေး နွေးပွဲ အခမ်းအနားကို (၁၅:၀၀)နာရီအချိန်တွင် အောင်မြင်စွာ ရုပ်သိမ်းခဲ့ကြောင်း သိရှိရသည်။

DOCA(မန္တလေး)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ