သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ဖျာပုံတမံ-အ.ထ.က ကျောင်းတွင် ကျောင်းသား/သူများအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြော

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးမင်းဇော်နှင့် ဝန်ထမ်းတို့သည် ၂၀၂၅ ခုနှစ်၊ဇွန်လ (၂၃) ရက်နေ့ ၊ နံနက် (၁၀:၀၀)နာရီအချိန်တွင် ဖျာပုံတမံ-အ.ထ.က ကျောင်းတွင် ကျောင်းသား/သူများအား စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောပွဲ ပြုလုပ် ခဲ့ပါသည်။ အဆိုပါ ဟောပြောပွဲတွင် ဖျာပုံမြို့နယ်တာဝန်ခံမှ စားသုံးသူကာကွယ်ရေးဥပဒေများထဲမှ စားသုံးသူ၏ အခွင့်အရေးနှင့် တာဝန်များ ၊ ကုန်စည် ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ အာမခံပေးထားမှု အပေါ် စားသုံးသူက တောင်းဆိုနိုင်သည့် အခွင့်အရေးများ၊ ကုန် အညွှန်းအမှတ်အသားဆိုင်ရာ ဖော်ပြချက်များ အကြောင်း၊ ကုန်စည်ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ စားသုံးသူများ နစ်နာမှုရှိလာပါက အရေးဆိုတိုင်ကြားနိုင်သည့် စင်တာများဖွင့်လှစ်ထားရှိကြောင်းနှင့် ဆက်သွယ်မေးမြန်းတိုင်ကြားနိုင် ကြောင်း၊ ဟောပြောခဲ့ပြီး အခမ်းအနားသို့ ဆရာ/ဆရာမနှင့် ကျောင်းသား/သူ စုစုပေါင်း (၁၄၂) ဦး တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။ DOCA(ဧရာဝတီ)

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် Talk Show ပြုလုပ်

ဖျာပုံခရိုင်စားသုံးသူရေးရာဦးစီးဌာန ဦးစီးမှူး ဒေါ်ကေသွယ်ဝင်းသည် ၂၀၂၅ ခုနှစ်၊ ဇွန်လ (၂၃) ရက်နေ့၊နံနက်(၁၀:၀၀) နာရီအချိန်တွင် ဖျာပုံမြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ စားသုံးသူကာကွယ်ရေး အသိပညာပေး Talk Show ကျင်းပပြုလုပ်ခဲ့ ပါသည်။ စားသုံးသူရေးရာဦးစီးဌာန ဦးစီးမှူး ဒေါ်ကေသွယ်ဝင်းက စားသုံးသူကာကွယ်ရေး နှင့် ပက်သက်၍ စားသုံးသူ၏ အခွင့်အရေးနှင့် တာဝန်များ၊ စားသုံးသူများ လုံခြုံစိတ်ချရမှု ရှိစေရေးအတွက် ကုန်စည်နှင့် ဝန်ဆောင်မှုများ ဝယ်ယူခြင်းမပြုမီ သတိပြုဆောင်ရွက်ရမည့်အချက်များ၊ စားသုံးသူ ကာကွယ် ရေးဥပဒေ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့် စပ်လျဉ်း၍ စားသုံးသူ များ ရွေးချယ်ဝယ်ယူခွင့် နှင့်၊ဈေးကွက်အတွင်း ရောင်းချနေသော ကုန်စည်များတွင် မြန်မာဘာသာဖြင့် ဖြစ်စေ၊ အခြားဘာသာတစ်ခုထက်ပို၍ ဖြစ်စေ ဖော်ပြထားသော ကုန်စည်များကို ရွေးချယ်ဝယ်ယူ စားသုံးကြရန်နှင့် စားသုံးသူများ နစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်လာပါက တိုင်ကြားနိုင်သည့် စင်တာများ ဖွင့်လှစ်ထားရှိ ကြောင်း၊ Call Center 1535 သို့ ဆက်သွယ်တိုင်ကြားနိုင်ကြောင်း အသိပညာပေး Talk Show ပြုလုပ်ခဲ့ဟုသတင်းရရှိပါသည်။ DOCA(ဧရာဝတီ)

ဧရာဝတီတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာနမှ ရုံးချုပ်တွင် ကျင်းပပြုလုပ်သော ဝန်ထမ်းထုဆန္ဒဖော်ထုတ်ပွဲသို့ တက်ရောက်

ဇွန်လ ၂၆ ရက်နေ့ စားသုံးသူရေးရာဦးစီးဌာန ရုံးအမှတ် (၃) နေပြည်တော်တွင် ညွှန်ကြားရေးမှူးချုပ် ဦးခင်မောင်လှိုင် ဦးဆောင်ကျင်းပပြုလုပ်သည့် ဝန်ထမ်းထုဆန္ဒဖော်ထုတ်ပွဲကို ဧရာဝတီ တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တိုင်းဒေသကြီးဦးစီးမှူး၊ ဒုတိယညွှန်ကြားရေးမှူး၊ ဌာနခွဲတာဝန်ခံများ နှင့် အမှုထမ်းများ Virtual ဖြင့် တက်ရောက်ခဲ့ပါသည်၊၊ အစည်းအဝေးတွင် ဒုတိယညွှန်ကြားရေးမှူးချုပ်မှ အဖွင့်မှာစကားပြောကြားရာတွင် ဝန်ထမ်းထု ဆန္ဒဖော်ထုတ်ပွဲကို လစဉ်ကျင်းပဆောင်ရွက် လျက်ရှိရာ ဝန်ထမ်းရေးရာကိစ္စရပ်များကို အချိန်နှင့် တပြေးညီ တင်ပြပေးစေလိုကြောင်း အဖွင့်အမှာစကားပြောကြားခဲ့ပြီး ၊ စီမံရေးရာ ဌာနခွဲတာဝန်ခံ ဒုတိယညွှန်ကြားရေးမှူး ဦးသက်နိုင်မှ ယခင်လ အစည်းအဝေးဆုံးဖြတ်ချက်အပေါ် ဆောင်ရွက်ပြီးစီးမှုနှင့် ယခုလ၏ အကြိုတင်ပြချက်များကိုရှင်းလင်းပြောကြားခဲ့ပါသည်၊၊ တိုင်းဒေသကြီး/ပြည်နယ်ဦးစီးမှူးများမှ အလှည့်ကျ မိမိတို့လုပ်ငန်းဆောင်ရွက်နေမှုနှင့် ရုံးအသုံးအဆောင်လိုအပ်ချက်များတင်ပြခဲ့ပြီး တင်ပြမှုအပေါ် ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးနေဆန်းမှ ဆွေးနွေးပြောကြားပြီး အစည်းအဝေးကို နေ့လည် (၁၄:၃၀) တွင် ရုတ်သိမ်းခဲ့ကြောင်း သတင်း ရရှိပါသည်၊၊ DOCA (ဧရာဝတီ)

ကော့မှူးမြိုနယ်ရှိ ပျံကျဈေးဆိုင်များ ဈေးရောင်းချနေမှုအခြေအနေကွင်းဆင်းစစ်ဆေး

“ ဒလမြို့နယ်ဈေးကွက်အတွင်း Signal သွားတိုက်ဆေး(၁၅၀)ဂရမ်အတုများ ဖြန့်ဖြူးရောင်းချနေခြင်း ရှိ/မရှိကွင်းဆင်းစစ်ဆေး”

“ တွံတေးမြို့နယ်ဈေးကွက်အတွင်း Signal သွားတိုက်ဆေးအတုများဖြန့်ဖြူးရောင်းချနေခြင်း ရှိ/မရှိကွင်းဆင်းစစ်ဆေး”

“ပြည်တော်သာရပ်ကွက်အခြေခံပညာမူလတန်းကျောင်းရှေ့တွင် ဈေးရောင်းချသူများနှင့် တွေ့ဆုံလုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ”

“ကော့မှူးမြို့နယ် ဈေးကွက်အတွင်း ဆန်ဖြန့်ဖြူးရောင်းချနေမှုအခြေအနေ ကွင်းဆင်းစစ်ဆေးခြင်း”

“ကွမ်းခြံကုန်းမြို့နယ်ဈေးကွက်အတွင်း Signal သွားတိုက်ဆေးအတုများ ရောင်းချခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်း ”

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ