သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ဆိပ်ဖြူမြို့နယ်၌ ကျောင်းနေအရွယ်ကလေးများ အစားအစာရွေးချယ်တတ်စေရေး အသိပညာပေး

    မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ဆိပ်ဖြူမြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းသည် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်ပူးပေါင်း၍ "စားသုံးသူအခွင့်အရေးဦးစားပေး" ဟူသော ဆောင်ပုဒ်နှင့်အညီ စားသုံးသူအခွင့်အရေးများသိရှိပြီး ရယူတောင်းဆိုတတ်စေရေးနှင့် ကုန်စည် (သို့မဟုတ်) ဝန်ဆောင်မှုကို ဝယ်ယူအသုံးပြုရာတွင် နစ်နာဆုံးရှုံးမှုမရှိစေရေးနှင့် ကျောင်းနေအရွယ်ကလေးများ ဘေးအန္တရာယ်ကင်းရှင်းစွာစားသုံးတတ်စေရေးရည်ရွယ်၍ (၂၀-၈-၂၀၂၄)ရက်နေ့၊ နံနက်(၀၉:၃၀)နာရီအချိန်တွင် ဆိပ်ဖြူမြို့၊ အခြေခံပညာမူလတန်းကျောင်း၌ စားသုံးသူကာကွယ်ရေးအသိပညာများဟောပြောဆွေးနွေးခဲ့ကြောင်းသိရသည်။

       ပထမဦးစွာ မြို့နယ်တာဝန်ခံက ဌာနသမိုင်းကြောင်း၊ ဦးစီးဌာန၏ ရည်မှန်းချက်၊ မျှော်မှန်းချက်များ၊ လက်ရှိဆောင်ရွက်နေသည့် လုပ်ငန်းတာဝန်များနှင့် စားသုံးသူကာကွယ်ရေးဥပဒေပါ ရည်ရွယ်ချက်များ၊ ကုန်အညွှန်းအမှတ်အသားဆိုင်ရာအချက်များအကြောင်းကိုလည်းကောင်း၊ စားသုံးသူရေးရာဌာနခွဲမှ ဝန်ထမ်းက စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ ကုန်စည်နှင့်ဝန်ဆောင်မှုများ ရွေးချယ်ဝယ်ယူရာတွင် သတိပြုရမည့်အချက်များ၊ စားသုံးသူနစ်နာဆုံးရှုံးမှုများဖြစ်ပေါ်လာပါက တိုင်ကြားနိုင်သည့်နည်းလမ်း၊ နေရာနှင့် တိုင်ကြားနိုင်သူများအကြောင်းကိုလည်းကောင်း၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဌာန၊ ဦးစီးအရာရှိက မူးယစ်ဆေးဝါးအန္တရာယ်အကြောင်းသိကောင်းစရာနှင့် စာဖတ်ခြင်းအကျိုးကျေးဇူးများကို အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

         

               

တောင်ညွန့်ဈေးအတွင်း စားသုံးဆီ(ဘူးသွင်း)ဆီ အမျိုးမျိုးရောင်းချသည့်ဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်း

       ၂၀၂၄ခုနှစ်၊ ဩဂုတ်လ ၂၁ရက်နေ့တွင်  ဒေါ်အေးအေးမော်နှင့် ဝန်ထမ်း(၂) ဦးသည် မင်္ဂလာတောင်ညွန့်မြို့နယ်၊ တောင်ညွန့်ဈေးအတွင်း စားသုံးဆီအမျိုးမျိုးရောင်းချသည့် ဆိုင်(၈)ဆိုင် များအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

     ရန်ကုန်တိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ အရှ့ပိုင်းခရိုင်ဦးစီးမှူးရုံးအနေဖြင့် ကုန်စည်နှင့်ဝန်ဆောင်မှုများ ဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်း၍ မြေပြင်ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိရာ ဈေးကွက်အတွင်း ရောင်းချနေသည့် ဘူးသွင်းစားသုံးဆီများကို စစ်ဆေးရာတွင် ကုန်အညွှန်အမှတ်အသားများကို ညွှန်ကြားချက်နှင့်အညီ ဖော်ပြထားသည်ကို စိစစ်တွေ့ရှိရသဖြင့် လုပ်ငန်းရှင်များအနေဖြင့် တရားမဝင်တင်သွင်းလာသော စားသုံးဆီများကို ရောင်းချခြင်းမပြုလုပ်ရန် ပြောကြားခဲ့ပြီး ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာ အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

သင်္ဃန်းကျွန်းမြို့နယ်ရှိ သစ်ခွဆေးဆိုင်အား သွားရောက်စစ်ဆေးခြင်း

    ပြည်ထောင်စုဝန်ကြီး၏ လမ်းညွှန်မှာကြားချက်အရ ရန်ကုန်တိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးဦးလှစိုးနှင့် ဝန်ထမ်းများသည် ၂၁.၅.၂၀၂၄ ရက်နေ့၊ နေ့လယ် (၁၃:၃၀) နာရီတွင်  သင်္ဃန်းကျွန်းမြို့နယ်၊ သစ်ခွဆေးဆိုင်အား စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။

    ထိုသို့စစ်ဆေးရာတွင် ဆေးဆိုင်တွင် ဆေးနှင့်ဆေးပစ္စည်းအမျိုးပေါင်း(၂၀၀)မျိုးကျော်ရှိသည့်အနက် သွေးကျဆေး၊ သွေးကျဲဆေး၊ အကိုက်ခဲပျောက်ဆေး၊ နှာစေးပျောက်ဆေး၊ ဆီးချိုဆေး၊ လေဆေး၊ အားဆေး၊ ပိုးသတ်ဆေး၊ ဓာတ်ဆားထုပ်စသည့်တို့မှာ အများဆုံးရောင်းရကြောင်း၊ ပစ္စည်းပြတ်လပ်မှုမရှိ၊ ဖြစ်သင့်ဖြစ်ထိုက်သည့်‌ ဈေးနှုန်းဖြင့် သာရောင်းချပေးနေပါကြောင်း ဆိုင်တာဝန်ခံထံမှ ဖြေကြားပေးခဲ့ကြောင်း သတင်းရရှိပါ သည်။

DOCA(ရန်ကုန်)

ဗိုလ်တထောင်မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံး၌ စားအုန်းဆီလက်လီ/ လက်ကားဖြန့်ဖြူးရောင်းချသည့် လုပ်ငန်းရှင်များနှင့်တွေ့ဆုံဆွေးနွေးခြင်း

    စားသုံးသူရေးရာဦးစီးဌာန၊ အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးရှိ ဒေါ်အေးအေးနွယ်(ဦးစီးအရာရှိ) သည် ၁၉.၈.၂၀၂၄ ရက်နေ့တွင် ဗိုလ်တထောင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံး၌ သက်ဆိုင်ရာဌာနများပါဝင်သော မြေပြင်ကွင်းဆင်းစစ်ဆေးရေးအဖွဲ့နှင့် ပူးပေါင်း၍ စားအုန်းဆီလက်လီ/ လက်ကားဖြန့်ဖြူးရောင်းချသည့် လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

    ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် စားအုန်းဆီဖြန့်ဖြူးရောင်းချသည့် လုပ်ငန်းရှင်များအနေဖြင့် စားအုန်းဆီများကို ဖြန့်ဖြူးရောင်းချရာတွင် မိမိမြို့နယ်အတွက်ရရှိသော ဆီခွဲတမ်းများကို လူဦးရေ အမျိုးအစားအလိုက် အချိုးကျခွဲဝေခြင်းနှင့် ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းမပြုကြရန်၊ သင့်တင့်မျှတသည့် ဈေးနှုန်းဖြင့်သာ ရောင်းချကြရန်၊ ရပ်ကွက်/ဈေး နေရာအနှံ့ရောက်ရှိအောင် ဖြန့်ဖြူးပေးရန်၊ ဈေးနှုန်းမြှင့်တင်ရန်ရည်ရွယ်၍ သိုလှောင်ခြင်းမပြုလုပ်ရန်တို့ကို ဆွေးနွေးခဲ့ပြီး စားအုန်းဆီဈေးနှုန်းများကို အဆမတန် ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းများ ပြုလုပ်သည်ကို တွေ့ရှိပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမှာ ဖြစ်ကြောင်း ဆွေးနွေးခဲ့သည်။

DOCA(ရန်ကုန်)

 

တာမွေမြို့နယ်အတွင်းရှိ ဆေးဆိုင်များတွင် တိုင်းရင်းဆေးအမျိုးမျိုးအား ကွင်းဆင်းစစ်ဆေးခြင်း

    စားသုံးသူရေးရာဦးစီးဌာန၊ အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်းများသည် (၂၀-၈-၂၀၂၄) ရက်နေ့၊ နေ့လယ်(၁၃:၀၀)နာရီအချိန်တွင် တိုင်းရင်းဆေးအမျိုးမျိုးအား ကွင်းဆင်းစစ်ဆေးမှုများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

     ထိုသို့ ဆောင်ရွက်ရာတွင် တာမွေမြို့နယ်၊ ကျိုက္ကဆံလမ်းမပေါ်ရှိ Life Plus၊ သိဒ္ဓိစုံ၊ ရွှေအိုး ဆေးဆိုင်ရှိ တိုင်းရင်းဆေးအမျိုးမျိုးဖြစ်သော ဝါယောအဓိက၊ မှန်ချို၊ ဧကမ္ဘာ၊ ဉီးအံ့၊ ရှမ်းပျိုမယ်သွေးဆေး၊ ဂြိုလ်ထု ဝမ်းနှုတ်ဆေး၊ ရွှေ(ခရမ်းဦးချစ်)နှလုံးအားဆေး၊ မဟာဖြေဆေး၊ ဆန္ဒမွန်၊ ထက်လင်းရင်လူးဆေး၊ မိဂသီ / ထွန်းရွှေဝါဒါဏ်ကြေလိမ်းဆေး၊ အစရှိသောဆေးများတွင် ကုန်အညွှန်းအမှတ်အသား ပြဌာန်းခြင်းဆိုင်ရာ ဖော်ပြရမည့်အချက်များ ပြည့်စုံစွာပါရှိသည်ကို တွေ့ရှိရပြီး စားသုံးသူအများစုမှာ မြန်မာတိုင်းရင်းဆေးဝါးများကို သုံးစွဲကြကြောင်း၊ ရွှေအိုးဆေးဆိုင်တာဝန်ခံက ပြောကြားခဲ့ရာ ခရိုင်ဦးစီးမှူးမှ ကုန်အညွှန်းအမှတ်အသား ပြည့်စုံသော တိုင်းရင်းဆေးဝါးများကိုသာရောင်းချပေးရန်နှင့် စပ်ဆေးများရောင်း ချခြင်းမပြုရန် အသိပညာပေး ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

မိုင်းယောင်းမြို့ရှိ စားသုံးဆီအရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်း

    ၂၀၂၄ခုနှစ်၊ ဩဂုတ်လ(၂၁)ရက်နေ့၊ နံနက် (၁၀ꓽ၀၀)နာရီအချိန်တွင် ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယပြည်နယ်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူးနှင့် မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးဌာန၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ ပြည်တွင်းအခွန်ဦးစီးဌာနတို့ပူးပေါင်း၍ မိုင်းယောင်းမြို့၊ မြို့ပေါ်ရှိကုန်စုံဆိုင်များတွင် ရောင်းချနေသော စားသုံးဆီများအား ကုန်အညွှန်းအမှတ်အသားနှင့်ပတ်သက်၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများဆောင်ရွက်ခဲ့ပါသည်။

        ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများဆောင်ရွက်ရာတွင် မိုင်းယောင်းမြို့၊ မြို့ပေါ်ရှိကုန်စုံဆိုင်များ၌ ရောင်းချနေသော စားသုံးဆီများတွင် ကုန်အညွှန်းအမှတ်အသားများပြည့်စုံစွာဖော်ပြထားသည်ကို စစ်ဆေးတွေ့ရှိရပါသည်။ ထို့နောက် စစ်ဆေးရေးမှူးနှင့် ဌာနဆိုင်ရာဝန်ထမ်းများသည် စားသုံးဆီအရောင်းဆိုင်ရှင်များအား ကုန်အညွှန်းအမှတ်အသားနှင့် ပြည့်စုံသော စားသောက်ကုန်များကိုသာဖြန့်ဖြူးရောင်းချကြရန်၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ တားမြစ်ထားသော ကုန်စည်များကိုရောင်းချခြင်းမပြုကြရန်နှင့် စားသုံးသူကာကွယ်ရေးဥပဒေ အခန်း (၁၈)ပါ “ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်း”နှင့် အခန်း(၁၀)ပါ “စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ”ကို သိရှိလိုက်နာဆောင်ရွက်စေရန် အသိပညာပေးဆွေးနွေးခြင်းများဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(ရှမ်း)

 

တာချီလိတ်ခရိုင်၊ တာလေမြို့ပေါ်ရှိ စားသောက်ကုန်အရောင်းဆိုင်များတွင် ရောင်းချနေသော စားသုံးဆီများအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

       စားသုံးသူရေးရာဦးစီးဌာန၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်တာဝန်ခံရုံးမှ စစ်ဆေးရေးမှူးနှင့်ဝန်ထမ်းများသည် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေး ဌာနမှ ဝန်ထမ်းများနှင့်ပူးပေါင်း၍ ၂၀၂၄ခုနှစ်၊ ဩဂုတ်လ(၂၀)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် တာချီလိတ်ခရိုင်၊ တာလေမြို့ပေါ်ရှိ စားသောက်ကုန်အရောင်းဆိုင်များ၌ ရောင်းချနေသော စားသုံးဆီများအား ကုန်အညွှန်းအမှတ်အသားနှင့်စပ်လျဉ်း၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများဆောင်ရွက်ခဲ့ပါသည်။

       ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် တာလေမြို့အတွင်းရှိ စားသောက်ကုန်အရောင်းဆိုင်များ၌ ရောင်းချ‌နေသော စားသုံးဆီများသည် ကုန်အညွှန်းအမှတ်အသားနှင့်စပ်လျဉ်း၍ ဖော်ပြရန်သတ်မှတ်ထားသော အချက်အလက်များအား ပြည့်စုံစွာဖော်ပြထားသည်ကိုစစ်ဆေးတွေ့ရှိရပါသည်။ ထို့နောက် စစ်ဆေးရေးမှူးနှင့် ဌာနဆိုင်ရာဝန်ထမ်းများသည် စားသောက်ကုန်အရောင်းဆိုင်ရှင်များအား စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)ပါ “ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်း” နှင့် အခန်း(၁၀)ပါ “စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ”ကို လိုက်နာဆောင်ရွက်ရန်ဆွေးနွေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(ရှမ်း)

ကျိုင်းတုံမြို့ရှိ စားသုံးဆီအရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်း

    ၂၀၂၄ခုနှစ်၊ ဩဂုတ်လ(၂၁)ရက်နေ့၊ နံနက် (၁၀ꓽ၀၀)နာရီအချိန်တွင် ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယပြည်နယ်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူးနှင့် ဝန်ထမ်း များသည် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးဌာနတို့နှင့်ပူးပေါင်း၍ ကျိုင်းတုံမြို့၊ မြို့မဈေးကြီးအပြင်ဘက်ရှိ ကုန်စုံဆိုင်များတွင် ရောင်းချနေသော စားသုံးဆီများအား ကုန်အညွှန်းအမှတ်အသားနှင့်ပတ်သက်၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများဆောင်ရွက်ခဲ့ပါသည်။

       ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများဆောင်ရွက်ရာတွင် မြို့မဈေးကြီးအပြင်ဘက်ရှိ ကုန်စုံဆိုင်များ၌ ရောင်းချနေသောစားသုံးဆီများတွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာဖော်ပြထားသည်ကိုစစ်ဆေးတွေ့ရှိရပါသည်။ ထို့နောက် စစ်ဆေးရေးမှူးနှင့် ဌာနဆိုင်ရာဝန်ထမ်းများသည် စားသုံးဆီအရောင်းဆိုင်ရှင်များအား ကုန်အညွှန်းအမှတ်အသားနှင့် ပြည့်စုံသော စားသောက်ကုန်များကိုသာဖြန့်ဖြူးရောင်းချကြရန်၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှတားမြစ်ထားသော ကုန်စည်များကိုရောင်းချခြင်းမပြုကြရန်နှင့် စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)ပါ“ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်း”နှင့် အခန်း(၁၀)ပါ “စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ”ကိုသိရှိလိုက်နာဆောင်ရွက်စေရန် အသိပညာပေးဆွေးနွေးခြင်းများဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(ရှမ်း)

 

 

စားသုံးဆီအရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်း

     ၂၀၂၄ခုနှစ်၊ ဩဂုတ်လ(၁၉)ရက်နေ့၊ နံနက် (၁၀ꓽ၀၀) နာရီအချိန်တွင် ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယပြည်နယ်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူးနှင့် ဝန်ထမ်းများသည် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးဌာနတို့နှင့်ပူးပေါင်း၍ ကျိုင်းတုံမြို့၊ မြို့မဈေးကြီးအပြင်ဘက်ရှိ ကုန်စုံဆိုင်များတွင် ရောင်းချနေသော စားသုံးဆီများအား ကုန်အညွှန်းအမှတ်အသားနှင့်ပတ်သက်၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများဆောင်ရွက်ခဲ့ပါသည်။

       ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများဆောင်ရွက်ရာတွင် မြို့မဈေးကြီးအပြင်ဘက်ရှိ ကုန်စုံဆိုင်များ၌ ရောင်းချနေသောစားသုံးဆီများတွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာဖော်ပြထားသည်ကိုစစ်ဆေးတွေ့ရှိရပါသည်။ ထို့နောက် စစ်ဆေးရေးမှူးနှင့် ဌာနဆိုင်ရာဝန်ထမ်းများသည် စားသုံးဆီအရောင်းဆိုင်ရှင်များအား ကုန်အညွှန်းအမှတ်အသားနှင့်ပြည့်စုံသော စားသောက်ကုန်များကိုသာဖြန့်ဖြူးရောင်းချကြရန်၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှတားမြစ်ထားသော ကုန်စည်များကိုရောင်းချခြင်းမပြုကြရန်နှင့် စားသုံးသူကာကွယ်ရေးဥပဒေ အခန်း (၁၈)ပါ “ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်း”နှင့် အခန်း(၁၀)ပါ “စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ”ကိုသိရှိလိုက်နာဆောင်ရွက်စေရန် အသိပညာပေးဆွေးနွေးခြင်းများဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(ရှမ်း)

 

ပေါင်းတည်မြို့နယ်အတွင်းရှိ ဆန်ဆိုင်များအား ကွင်းဆင်းစိစစ်

       နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်အတွင်းရှိ မြို့ပေါ်ရပ်ကွက်များတွင် ရောင်းချနေသောဆန်ဆိုင်များအား စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးနိုင်ဝင်းသိန်းနှင့်အတူ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်မီးသတ်တပ်ဖွဲ့တို့ပူးပေါင်းအဖွဲ့သည် ပေါင်းတည်မြို့နယ်အတွင်း ဆန်ဈေးနှုန်းတည်ငြိမ်ရေးအတွက် (၁၉-၈-၂၀၂၄)ရက်နေ့၊ နေ့လယ်(၁၄:၀၀)နာရီအချိန်တွင်  ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

     ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် အင်းမဆန်တစ်အိတ်လျှင် (၈၀၀၀၀)ကျပ်၊ တစ်ပြည်လျှင် (၃၆၀၀)ကျပ်၊ ငွေတိုးဆန်တစ်အိတ်လျှင် (၈၇၀၀၀)ကျပ်၊ တစ်ပြည်လျှင် (၃၈၀၀)ကျပ်၊ တောင်ပျံတစ်အိတ်လျှင် (၁၅၀၀၀၀)ကျပ်၊ တစ်ပြည်လျှင် (၆၅၀၀)ကျပ်၊ အင်းလယ်ဆန်တစ်အိတ်လျှင် (၇၈၀၀၀)ကျပ်၊ တစ်ပြည်လျှင် (၃၄၀၀)ကျပ်တို့ဖြင့် ပုံမှန်အရောင်းအဝယ်ဖြစ်လျက်ရှိသည်ဟု စုံစမ်းသိရှိရပါသည်။

ပဲခူး)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ