သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ကယားပြည်နယ်၏ အဓိကလယ်ယာထွက်ကုန်များဖြစ်သည့် စပါး၊ ပြောင်း၊ သီးနှံများဈေးကွက် ဈေးနှုန်းရရှိရေးညှိနှိုင်းဆွေးနွေးပွဲပြုလုပ်

       ကယားပြည်နယ်၏ အဓိကလယ်ယာထွက်ကုန်များဖြစ်သည့် စပါး၊ ပြောင်း၊သီးနှံများ ဈေးကွက်ဈေးနှုန်းရရှိရေး ညိှဆွေးနွေးခြင်းကို ၂၀၂၀ခုနှစ်၊ ဇန်နဝါရီလ(၃၁)ရက်နေ့ နံနက် (၁၀:၀၀) နာရီတွင် ကယားပြည်နယ် အစိုးရအဖွဲ့ရုံးအစည်းအဝေးခန်းမ၌ ပြုလုပ်ရာ ကယားပြည်နယ် လမ်းပန်းဆက်သွယ်ရေးနှင့်လျှပ်စစ်ဝန်ကြီးဌာနဝန်ကြီး ဉီးခင်မောင်ဖြူ ၊ လယ်ယာထွက်ကုန်စီမံခန့်ခွဲရေးအဖွဲ့အတွင်းရေးမှူး စားသုံးသူရေးရာဉီးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဉီးအောင်မောင်း၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ပဲပြောင်း၊ နှမ်းအသင်း CEC၊ စီးပွားရေး လုပ်ငန်းရှင်များ၊အသင်းအဖွဲ့များနှင့်တောင်သူများ တက်ရောက်ခဲ့ကြပါသည်။

    ရှေးဦးစွာ ကယားပြည်နယ်လမ်းပန်းဆက်သွယ်ရေးနှင့် လျှပ်စစ်ဝန်ကြီးဌာန ဝန်ကြီး ဉီးခင်မောင်ဖြူ က အဖွင့်အမှာစကား ပြောကြားရာတွင် စိုက်ပျိုးသီးနှံများ ဖြစ်ထွန်းအောင်မြင်ပြီး ဈေးကွက်ဈေးနှုန်း ရရှိမှသာ ဒေသခံတောင်သူများ ဖွံ့ဖြိုးတိုးတက်မှာဖြစ်ကြောင်း ဒေသခံတောင်သူတွေ အကျိုးအမြတ်များရရှိရေး အတတ်နိုင်ဆုံး ဆောင်ရွက်ဖို့ဟာလည်း အစိုးရအဖွဲ့၏ တာဝန်ဖြစ်သည့် အတွက် ပြည်နယ်ဝန်ကြီးချုပ်က နိုင်ငံတော်သမ္မတထံ တင်ပြခဲ့ခြင်းဖြစ်ကြောင်း၊ လယ်ယာထွက်ကုန်စီမံခန့်ခွဲရေးအဖွဲ့နှင့် ပြည်နယ်အစိုးရအဖွဲ့၏ ကိုယ်စားလှယ်များ ဆွေးနွေးပွဲမှတဆင့် ပြည်နယ်၏ သီးနှံများဈေးကွက်ဈေးနှုန်းရရှိဖို့ လုပ်ငန်းစဉ်တွေ ရရှိလိမ့်မည်ဟု ယုံကြည်ပါကြောင်း၊ သီးနှံများဈေးကွက်ဈေးနှုန်းရရှိရန် ဝိုင်းဝန်းအကြံပြု ဆွေးနွေးပေးစေလိုကြောင်း ပြောကြားခဲ့ပါသည်။

    ဆက်လက်၍ လယ်ယာထွက်ကုန်စီမံခန့်ခွဲရေးအဖွဲ့အတွင်းရေးမှူး စားသုံးသူရေးရာဉီးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဉီးအောင်မောင်းက တွေ့ဆုံဆွေးနွေးပွဲပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များ၊ ဆောင်ရွက်သွားမည့် အစီအမံများနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားခဲ့ပြီးနောက် မြန်မာနိုင်ငံ ပဲ၊ ပြောင်း၊ နှမ်းအသင်း CEC ​ဒေါက်တာ မြင့်ဉီး၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ အသင်းအဖွဲ့များနှင့်တောင်သူများက ဆက်လက် ဆောင်ရွက်သွားမည့်လုပ်ငန်းများကို အသီးသီးဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

ကယားပြည်နယ်

စားသုံးသူရေးရာဦးစီးဌာန

ကချင်ပြည်နယ်စားသုံးသူရေးရာကော်မတီ(၁/၂၀၂၀)အစည်းအဝေးကျင်းပ

           ကချင်ပြည်နယ်စားသုံးသူရေးရာကော်မတီ (၁/၂၀၂၀) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ကချင်ပြည်နယ်အစိုးရအဖွဲ့ရုံး၊ မြစ်ကြီးနားစီးပွားဖွံ့ဖြိုးရေးစက်မှုဇုန် ကော်မတီ အစည်းအဝေးခန်းမ၌ ၂၇-၁-၂၀၂၀ ရက်နေ့၊ နံနက် ၁၀:၀၀ အချိန်တွင် ကျင်းပဆောင်ရွက်ခဲ့ရာ ကချင်ပြည်နယ် စားသုံးသူရေးရာကော်မတီဝင်များနှင့် ကချင်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများ တက်ရောက်ခဲ့ကြသည်။

          အစည်းအဝေးတွင် ကချင်ပြည်နယ်စားသုံးသူရေးရာကော်မတီ ဉက္ကဌ၊ ကချင်ပြည်နယ် ဘဏ္ဍာ၊ အခွန်၊ စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဦးဝေလင်းက အဖွင့်အမှာစကားပြောကြားခဲ့ရာတွင် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်က အမိန့်ကြော်ငြာစာအမှတ် ၂/၂၀၁၉ အရ ကချင်ပြည်နယ်စားသုံးသူရေးရာကော်မတီကို အဖွဲ့ဝင်(၉)ဦးဖြင့် ဖွဲ့စည်းထားပြီးဖြစ်သည့်အတွက် ပထမဆုံးအကြိမ်ကော်မတီဝင်အချင်းချင်း တွေ့ဆုံသည့်အခမ်းအနားဖြစ်ကြောင်း၊ ကော်မတီဝင်များ အနေဖြင့် ၂၀၁၉ခုနှစ် စားသုံးသူကာကွယ်ရေးဉပဒေပါကော်မတီ၏ လုပ်ပိုင်ခွင့်နှင့် လုပ်ငန်းတာဝန်များ ကို ကျေကျေညက်ညက်သိရှိအောင်လေ့လာကြရန် လိုအပ်ပါကြောင်း၊ ကချင်ပြည်နယ်စားသုံးသူရေးရာ ကော်မတီ၏ လုပ်ငန်းတာဝန်များသည် ကြီးမားပြီး စားသုံးသူကာကွယ်ရေးလုပ်ငန်းများကို ထိထိရောက်ရောက် ကာကွယ်ဆောင်ရွက်နိုင်ရန်အတွက် ကော်မတီ၏ ရှေ့ဆက်လက် ဆောင်ရွက် မည့်နည်းလမ်း၊ အစီအမံများကို ဝိုင်းဝန်းစဉ်းစားပြီး ဖြေရှင်းရမည့်ကိစ္စများကိုလည်း ကော်မတီဝင် အချင်းချင်း ပေါင်းစပ်ညှိနိုင်းဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း ဆွေးနွေးပြောကြားခဲ့ပါသည်။

         ဆက်လက်၍ ကချင်ပြည်နယ် စားသုံးသူရေးရာကော်မတီ အတွင်းရေးမှူး ၊ ကချင်ပြည်နယ် စားသုံးသူရေးရာဦးစီးဌာန ၊ ပြည်နယ်ဦးစီးမှူး ဦးဖေသန်းဝင်းက  ၂၀၁၉ ခုနှစ် စားသုံးသူကာကွယ်ရေး ဥပဒေပါ စားသုံးသူရေးရာကော်မတီဖွဲ့စည်းခြင်း၊ စားသုံးသူရေးရာကော်မတီ၏ လုပ်ပိုင်ခွင့်နှင့် လုပ်ငန်းတာဝန်များ၊ စားသုံးသူရေးရာကော်မတီ၏ စီမံခန့်ခွဲရေး နည်းလမ်းအရ အရေးယူခြင်း ၊  ပုဒ်မ ၆၂ ပါ တားမြစ်ချက်နှင့်ပြစ်မှုပြစ်ဒဏ်များ၊ ကြော်ငြာနှင့် စပ်လျဉ်း၍ တားမြစ်ချက်နှင့် ပြစ်မှုပြစ်ဒဏ်များ ၊ အရောင်းမြှင့်တင်ခြင်းနှင့်စပ်လျဉ်း၍ တားမြစ်ချက်နှင့်ပြစ်မှုပြစ်ဒဏ်များ၊ ထင်ယောင်ထင်မှားဖြစ်စေခြင်းနှင့်ပြစ်မှုပြစ်ဒဏ်များ၊ လိမ်လည်လှည့်ဖြားခြင်းနှင့်ပြစ်မှုပြစ်ဒဏ်များ၊  ပုဒ်မ ၆၇ ပါ  တားမြစ်ချက်နှင့်ပြစ်မှုပြစ်ဒဏ်များ၊ ပုဒ်မ ၆၈ ပါ တားမြစ်ချက်နှင့် ပြစ်မှုပြစ်ဒဏ်များ၊ အယူခံဝင်ခြင်း နှင့် အထွေထွေအပိုင်းများကို ရှင်းလင်းတင်ပြခဲ့ပါသည်။

        ထို့နောက် တက်ရောက်လာသူများက စားသုံးသူကာကွယ်ရေးဉပဒေပြဌာန်းချက်ပါ စားသုံးသူရေးရာကော်မတီ၏ လုပ်ငန်းတာဝန်များ၊ ပြစ်မှုပြစ်ဒဏ်များ၊ စားသုံးသူကာကွယ်ရေးလုပ်ငန်း များကို ထိထိရောက်ရောက်ဆောင်ရွက်ရန်အတွက် ကချင်ပြည်နယ်စားသုံးသူရေးရာကော်မတီ အနေဖြင့် ရှေ့ဆက်လက်ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ အပြန်အလှန်ဆွေးနွေးခဲ့ကြပါသည်။

ကချင်ပြည်နယ်
စားသုံးသူရေးရာဦးစီးဌာန

ရန်ကုန်တိုင်းဒေသကြီး စားသုံးသူရေးရာကော်မတီ (၁/၂၀၂၀) ကြိမ်မြောက် အစည်းအဝေးကျင်းပခြင်း

           ရန်ကုန်တိုင်းဒေသကြီး၊ စားသုံးသူရေးရာကော်မတီ (၁/၂၀၂၀) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ ၂၈ ရက်နေ့၊ နံနက် ၁၀:၃၀ ချိန်၌ ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ(က-၁၀၁)တွင် ကျင်းပပြုလုပ်ခဲ့ရာ ရန်ကုန်တိုင်း ဒေသကြီး စားသုံးသူရေးရာကော်မတီဥက္ကဌ၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဝန်ကြီး ဦးမြင့်သောင်း၊ ဒုတိယဥက္ကဌ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဝန်ကြီးဗိုလ်မှူးကြီးအောင်စိုးမိုးနှင့် ကော်မတီဝင်များ၊ စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး ဦးစီးမှူးရုံးမှတာဝန်ရှိသူများ၊ ခရိုင်ဦးစီးမှူးများ စုစုပေါင်း (၁၉) ဦးတက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

          အဆိုပါ အစည်းအဝေးတွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီးဌာန၊ ဝန်ကြီးဦးမြင့်သောင်းက ကော်မတီကို ကျစ်ကျစ် လစ်လစ်နှင့် ဆောင်ရွက်သွားမှာဖြစ်ပြီး စားသုံးသူတိုင်ကြားမှုများနှင့်ပတ်သက်၍ လိုအပ်လျှင် စုံစမ်းစစ်ဆေးမှုများ ဆောင်ရွက်နိုင်ရန်အတွက် သက်ဆိုင်ရာဌာနများ ပါဝင်သည့် စုံစမ်းစစ်ဆေးရေးအဖွဲ့များ ဖွဲ့စည်းဆောင်ရွက်သွားမှာ ဖြစ်ကြောင်း၊ ဒုတိယဥက္ကဌ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဝန်ကြီးဗိုလ်မှူးကြီးအောင်စိုးမိုးက စားသုံးသူကိစ္စရပ်များကို အခွင့်အာဏာရှိသည့် ကော်မတီများ၊ အဖွဲ့အစည်းများမှ ဆောင်ရွက်ပေးရန်လိုသကဲ့သို့ အထူးသဖြင့် အခြေခံလူတန်းစားများကို ကာကွယ်ပေးရန် လုပ်ဆောင်သင့်ကြောင်း ပြောကြားခဲ့ပါသည်။

          ထို့နောက် ကော်မတီ အတွင်းရေးမှူး၊ စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူး ဦးကျော်ကျော်လွင် က၂၀၁၉ခုနှစ်၊ မတ်လ ၁၅ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော်ဥပဒေ အမှတ်(၉) ဖြင့် ပြဌာန်းထုတ်ပြန်ခဲ့သည့် စားသုံးသူကာကွယ်ရေးဥပဒေနှင့်အညီ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေး ကော်မရှင်မှ ရန်ကုန်တိုင်းဒေသကြီး စားသုံးသူရေးရာကော်မတီကို ဖွဲ့စည်းပေးခဲ့မှု၊ ကော်မတီ၏ လုပ်ပိုင်ခွင့်နှင့် လုပ်ငန်းတာဝန်များ၊ ဌာနမှ စားသုံးသူအသိပညာပေး ဆောင်ရွက်ခဲ့မှုများ၊ ထုတ်ကုန်လုံခြုံ စိတ်ချရမှု ရှိစေရေးအတွက် ဆက်စပ်ဌာနများနှင့်ပူးပေါင်း၍ ကွင်းဆင်းအသိပညာပေးစစ်ဆေး ဆောင်ရွက်ခဲ့မှုများ၊ စားသုံးသူတိုင်ကြားမှုများအပေါ် ဖြေရှင်းဆောင်ရွက်ပေးခဲ့မှုများနှင့် ကော်မတီမှ ဆုံးဖြတ် လမ်းညွှန်ပေးရန် ကိစ္စရပ်များကို ဆွေးနွေးတင်ပြခဲ့ပါသည်။

          ဆက်လက်၍ တက်ရောက်လာကြသည့် ရန်ကုန်တိုင်းဒေသကြီး စားသုံးသူရေးရာ ကော်မတီအဖွဲ့ဝင်များက ရန်ကုန်တိုင်းဒေသကြီးအတွင်း စားသုံးသူရေးရာကိစ္စရပ်များကို အောင်မြင် စွာဆောင်ရွက်နိုင်ရေး၊ စားသုံးသူတိုင်ကြားမှုများကို သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ညှိနှိုင်း ပေါင်းစပ်၍ အားလုံးကို လွှမ်းခြုံစွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးတို့ကို အသေးစိတ် ညှိနှိုင်းဆွေးနွေး ခဲ့ကြပါသည်။        

ရန်ကုန်တိုင်းဒေသကြီး
စားသုံးသူရေးရာဦးစီးဌာန

ရေဖြူမြို့နယ်ရှိ အခြေခံပညာကျောင်းများတွင် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲများ ကျင်းပပြုလုပ်

      ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ ၂၄ ရက်နေ့တွင် တနင်္သာရီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ တိုင်း ဒေသကြီးဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် ရေဖြူမြို့နယ်ရှိ အ.မ.က(ပုလဲကူ)နှင့် အ.မ.က(ကညင်ကောက်) ကျောင်းများတွင် စားသုံးသူကာကွယ်ရေး အသိညာပေးဟောပြောပွဲများ ကျင်းပပြုလုပ်ခဲ့ပါသည်။

  အဆိုပါဟောပြောပွဲများတွင် စားသုံးသူရေးရာဦးစီးဌာန၊တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများက စားသုံးသူများ၏ အခွင့်အရေးနှင့်တာဝန်များ၊ စားသုံးသူများ နစ်နာဆုံးရှုံးမှုရှိလျှင် တိုင်ကြားနိုင်ကြောင်းနှင့်ဖြေရှင်းဆောင်ရွက်ပေးခဲ့မှုများကိုလည်းကောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်း နှင့်စပ်လျဉ်း၍ သတ်မှတ်ချက်များအား လည်းကောင်း၊ ကုန်စည်နှင့် ဝန်ဆောင်မှုများအား ဝယ်ယူသုံးစွဲရာတွင် ထုတ်လုပ်သည့်ရက်စွဲ၊ ကုန်ဆုံးသည့်ရက်စွဲ၊ ထောက်ခံချက်၊ နေရပ်လိပ်စာ အပြည့်အစုံကိုကြည့်ပြီး ဝယ်ယူစားသုံးတတ်စေရေး၊ ပိုးသတ်ဆေးများ/တာရှည်ခံဆေးများ/ဓာတု ဆိုးဆေးများ အသုံးပြုထားသော အစားအသောက်များအား စားသုံးခြင်းကြောင့်ဖြစ်ပေါ်နိုင်သော ဘေးထွက်ဆိုးကျိုးများအကြောင်းကိုလည်းကောင်း အသိပညာပေးဆွေးနွေးပြောကြားခဲ့ပါသည်။ အဆိုပါဟောပြောပွဲသို့ ဆရာ/ဆရာမ၊ ကျောင်းသား/သူ၊ ကျောင်းသားမိဘများ စုစုပေါင်း(၁၄၈)ဦး တက်ရောက်ခဲ့ကြပါသည်။

တနင်္သာရီတိုင်းဒေသကြီး
စားသုံးသူရေးရာဦးစီးဌာန

ထားဝယ်မြို့နယ်၊ မေတ္တာမြို့ပေါ်ရှိ ကုန်စုံဆိုင်များတွင် အသိပညာပေးဟောပြောဆွေးနွေး

         ဇန်နဝါရီ ၂၁ ရက်နေ့တွင် တနင်္သာရီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ တိုင်း ဒေသကြီးဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် တိုင်းဒေသကြီးအစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်ရဲတပ်ဖွဲ့တို့နှင့် ပူးပေါင်း၍ ထားဝယ်မြို့နယ်၊ မေတ္တာမြို့ပေါ်ရှိ ကုန်စုံဆိုင်များတွင် အများပြည်သူ စားသုံး/သုံးစွဲရန် မသင့်သောအစားအသောက်များ၊ သုံးစွဲရန်မသင့်သော အလှကုန်များနှင့် ဘေးဥပဒ်အန္တရာယ်ဖြစ်စေ နိုင်သော ဆေးဝါးများ၊ သုံးစွဲရန်မသင့်ကြေငြာထားသော တရားမဝင်၊ လိုင်စင်မဲ့၊ သက်တမ်းကုန် ဆေးဝါးများ ရောင်းချမှုရှိ/မရှိ ရှောင်တခင် ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

          ထို့သို့ကွင်းဆင်းစစ်ဆေးရာတွင် အများပြည်သူသုံးစွဲရန်မသင့်ကြော်ငြာထားသော ကုန်စည် များကို တွေ့ရှိမှုမရှိကြောင်းနှင့် ရောင်းချသူဆိုင်ရှင်များအား စားသုံးသူကာကွယ်ရေးဥပဒေပါပြဋ္ဌာန်း ချက်များနှင့်ပတ်သက်၍ အသိပညာပေးဆွေးနွေးခဲ့ပြီး လက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။

တနင်္သာရီတိုင်းဒေသကြီး
စားသုံးသူရေးရာဦးစီးဌာန

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး တာချီလိတ်ဒေသအတွင်း ကုန်သွယ်မှုလုပ်ငန်းများ စစ်ဆေး/လမ်းညွှန်မှာကြား

    စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးသည် (၂၅-၁-၂၀၂၀) ရက်နေ့တွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း)တာချီလိတ်မြို့နယ်သို့ရောက်ရှိလာခဲ့ရာ ပြည်ထောင်စုဝန်ကြီး နှင့်အတူ ကုန်သွယ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် ဌာန တာဝန်ရှိသူများ၊ မြန်မာနိုင်ငံသားများဘဏ် ဒါရိုက်တာအဖွဲ့ ဥက္ကဌနှင့်အဖွဲ့ဝင်များ လိုက်ပါလာကြပြီး နေလည် (၁၂:၄၅)နာရီအချိန်တွင် တာချီလိတ်မြို့သို့ ရောက်ရှိခဲ့ကြပါသည်။ တဆက်တည်းမှာပင် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် တာချီလိတ်မြို့ ဖန်မင်ကျေးရွာအုပ်စု၊ဟာကြားမနူးကျေးရွာရှိ ဦးကျဟေး၏ ဘက်စုံစိုက်ပျိုးမွေးမြူရေးခြံသို့ သွားရောက်ကြည့်ရှု့စစ်ဆေးပြီး ပျားလိမ္မော်စိုက်ပျိုးထုတ်လုပ်မှုနှင့် စျေးကွက် တင်ပို့မှုအခြေအနေများ၊ မွေးမြူရေးလုပ်ငန်း ဆောင်ရွက်မှုနှင့်ဆက်စပ်၍ ဒေသနေပြည်သူများ အလုပ်အကိုင်ဖန်တီးပေးနိုင်မှုများကို ကြည့်ရှု့စစ်ဆေးပြီး လုပ်ငန်းရှင်၏ ကုန်သွယ်မှုဖြေလျော့ပေးရေး တင်ပြချက်များအပေါ် လိုအပ်ချက်များကို လမ်းညွှန်မှာကြားခဲ့ပါသည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် တာချီလိတ်မြို့ရွှေတြိဂံဒေသနှင့် မဲခေါင်မြစ်ကြောင်းရှိ ဝမ်ပုံဆိပ်ကမ်းသို့သွားရောက်ခဲ့ရာ ကုန်သွယ်ရေးဦးစီးဌာနနှင့် ဒေသဆိုင်ရာအဖွဲ့အစည်းများမှ တာဝန်ရှိ သူများကနယ်မြေအခြေအနေများ၊ ကုန်သွယ်မှုပြုနိုင်မည့်အချက်များ၊ နယ်စပ်ဖြတ်ကျော် စီးပွားရေး အရကူးလူးဆက်ဆံမှုအခြေအနေများကို ပြည်ထောင်စုဝန်ကြီး၏ မေးမြန်းချက်များအပေါ် ရှင်းလင်း တင်ပြကြပါသည်။

          (၂၆-၁-၂၀၂၀)ရက်နေ့ နံနက်ပိုင်းတွင် ကျိုင်းလပ်ကုန်သွယ်ရေးစခန်းနှင့် မြန်မာ-လာအို ချစ် ကြည်ရေးတံတားသို့ သွားရောက်ကြည့်ရှု့စစ်ဆေးခဲ့ပြီး ကုန်သွယ်မှုအခြေအနေများကို တာဝန်ရှိသူ များမှ ရှင်းလင်းတင်ပြချက်များကို လုပ်ငန်းလမ်းညွှန်မှုများပြုခဲ့ပါသည်။ ထိုနောက် ပြည်ထောင်စု ဝန်ကြီးနှင့်အဖွဲ့သည် ကျိုင်းလပ်မြို့ ဝမ်ကျင်းဘုန်းတော်ကြီးကျောင်း ဓမ္မာရုံ၌ စီးပွားရေးအခက်အခဲ များ ဖြေရှင်းပေးနိုင်ရေး ဒေသခံပြည်သူလူထုနှင့် တွေ့ဆုံပွဲပြုလုပ်ခဲ့ရာ၌လည်း ဒေသထွက်ကုန်များ အခွန်လျော့ပေါ့ပေးရေး၊ ကြက်၊ ဘဲ တင်ပို့ခွင့်ပြုရေးနှင့် စိုက်ပျိုးမြေများ ငှားရမ်းစိုက်ပျိုးခွင့်ပြုရန် ဒေသခံပြည်သူများမှတင်ပြကြသည့်အတွက် သက်ဆိုင်ရာဌာန တာဝန်ရှိသူများမှပြန်လည်ရှင်းလင်း ဖြေကြားခြင်းနှင့် ပြည်ထောင်စုဝန်ကြီးမှ ဖြည့်စွက်ရှင်းလင်းမှာကြားခဲ့ပါသည်။ နေ့လည်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် တာချီလိတ်မြို့သို့ ပြန်လည်ထွက်ခွာလာခဲ့ပြီး မယ်ယန်း ကုန်သွယ်ရေးစခန်း၌ ဌာနဆိုင်ရာ (OSS) အဖွဲ့ဝင်များ၊ ကုန်သည်အသင်းအဖွဲ့များဖြင့်တွေ့ဆုံခဲ့ရာ စခန်းတာဝန်ခံမှ ကုန်သွယ်မှုအခြေအနေများကိုတင်ပြပြီး ကုန်သည်အသင်းအဖွဲ့များ၏ တင်ပြချက် များအပေါ် ညွှန်ကြားရေးမှုချုပ်နှင့် ဌာနတာဝန်ရှိသူများမှ ပြန်လည်ရှင်လင်းဖြေကြားပေးခဲ့ကြကာ ပြည်ထောင်စုဝန်ကြီးမှ ဒေသထွက်ကုန်များတိုးမြှင့်တင်ပို့နိုင်ရေး ရော်ဘာနှင့်အခြားသီးနှံများ စျေးကွက်ဝင်  စိုက်ပျိုးထုတ်လုပ်ရေးနှင့်  ရော်ဘာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး    နည်းပညာအကူအညီရယူ ဆောင်ရွက်သွားရမည့်ကိစ္စရပ်များ၊ နယ်စပ်ဒေသတွင်ဖြစ်ပေါ်နေသည့် ကုန်သွယ်မှုအခြေအနေများ ကိုရှင်းလင်း၍ နယ်စပ်စခန်းများ ဖွင့်လှစ်ရခြင်းအကြောင်းရင်း၊ တရားမဝင်မှောင်ခိုလုပ်ငန်းများ ဖြစ်ပေါ်ရခြင်းအကြောင်းအရင်းနှင့် လျော့နည်းပပျောက်အောင် ဆောင်ရွက်ရမည့်နည်းလမ်းများကို အသေးစိတ်ရှင်းလင်းပြောကြားကာ ဌာနဆိုင်ရာများ၊ (OSS) အဖွဲ့ဝင်များမှ ညှိနှိုင်းပူးပေါင်း ဆောင်ရွက်ပေးရန် လမ်းညွှန်မှာကြားခဲ့ပါသည်။

      ထိုနောက် တာချီလိတ်မြို့ရှိ တင်မြင့်ရီ သစ်အချောထည်ထုတ်လုပ်သည့်စက်ရုံ၏ လုပ်ငန်းဆောင်ရွက်မှုများကိုသွားရောက်ကြည့်ရှု့စစ်ဆေး၍ ကုန်သွယ်မှုအခက်အခဲများကို ဌာနများမှ ညှိနှိုင်းပေါင်းစပ်ပေးရန်လမ်းညွှန်မှာကြားခဲ့ပြီး (၂၇-၁-၂၀၂၀)ရက်နေ့ နံနက်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီး နှင့်အဖွဲ့သည် တာချီလိတ်မြို့၊ဆန်ဆိုင်း(ခ)ရပ်ကွက်၊ဗိုလ်ချုပ်လမ်းပေါ်ရှိ မြန်မာနိုင်ငံသားများဘဏ်လိမီတက်မှ (၄၆)ခုမြောက်(MCB)ဘဏ်ခွဲအား တက်ရောက်ဖွင့်လှစ်ပေးခဲ့ပြီး တာချီလိတ်မြို့ မြန်မာ-ထိုင်း ချစ်ကြည်ရေးတံတားအမှတ်(၁)၊(၂)တို့ကို လှည့်လည်ကြည့်ရှု့စစ်ဆေးရာ ကုန်စည်စီးဆင်းမှု အခြေအနေများ၊ လူဝင်/လူထွက်ကိစ္စရပ်များကို ဌာနဆိုင်ရာတာဝန်ရှိသူများမှ ရှင်းလင်းတင်ပြခဲ့ကြပါသည်။

ရှမ်းပြည်နယ်(ကျိုင်းတုံ)
စားသုံးသူရေးရာဦးစီးဌာန

သထုံမြို့နယ် မြို့မစျေးအတွင်းရှိ အစားအသောက်/ဆေးဝါး/အလှကုန်ပစ္စည်းဆိုင်များအား FDA ကော်မတီ၀င် ဦးစီးဌာနများနှင့်ပူးပေါင်း၍ စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

       ၂၁.၁.၂၀၂၀ရက်နေ့ တွင် သထုံမြို့နယ် မြို့မစျေးအတွင်းရှိ အစားအသောက်/ဆေးဝါး/အလှကုန် ပစ္စည်းဆိုင်များအား FDA ကော်မတီ၀င် ဦးစီးဌာနများနှင့်ပူးပေါင်း၍ စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။ သံသယ ရှိသော အစားအစာများအား FDA မှ Mobile Laboratory ဖြင့် ဓါတ်ခွဲစမ်းသပ် စစ်ဆေးခဲ့ပါသည်။

မော်လမြိုင်ကုန်စည်ဒိုင်ဖွင့်ပွဲအခမ်းအနား ကျင်းပ

       ၂၁.၁.၂၀၂၀ ရက်နေ့ နံနက် ၀၉:၃၀ အချိန်တွင် မွန်ပြည်နယ်၊ မော်လမြိုင်မြို့ ကုန်စည်ဒိုင်ခန်းမ၌ မော်လမြိုင်ကုန်စည်ဒိုင်ဖွင့်ပွဲအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါအခမ်းအနားသို့ မွန်ပြည်နယ်၊ ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာ ဝန်ထမ်းများ၊ မော်လမြိုင်ကုန်စည်ဒိုင် အလုပ်အမှုဆောင်ကော်မတီများ၊ National Enlightenment Institute မှတာဝန်ရှိသူများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြပါသည်။ မော်လမြိုင်ကုန်စည်ဒိုင်ဖွင့်ပွဲတွင် ဒေသထွက်ကုန် ပြခန်းများ  ဖွင့်လှစ်ပြသခဲ့ရာ ပြခန်းကြည့်ရှုသူများအား ဒေသထွက်ကုန်ပစ္စည်းများ လက်ဆောင်ပေးခြင်း၊ ဗလာမပါကံစမ်းမဲဖောက်ပေးခြင်းများဖြင့် စည်ကားသိုက်မြိုက်စွာကျင်းပခဲ့ကြောင်း သိရှိရပါသည်။

မကွေးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် မုန့်ထုတ်လုပ်သူလုပ်ငန်းရှင်များသို့ စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့် စပ်လျဉ်း၍ အသိပေးဆွေးနွေး

         ၂၃.၁.၂၀၂၀ ရက်နေ့တွင် မကွေးတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာန အစည်းအဝေးခန်းမ၌ မုန့်ထုတ်လုပ်သူလုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့် စပ်လျဉ်း၍ အသိပေးဆွေးနွေးခဲ့ပါသည်။ အဆိုပါ ဆွေးနွေးပွဲတွင်    ၂၀၁၉ ခုနှစ်၊ မတ်လ (၁၅) ရက်နေ့၌ အတည်ပြုပြဌာန်းခဲ့သည့် စားသုံးသူကာကွယ်ရေးဥပဒေပါ အခန်း(၁၈) ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ ၂၀၂၀ ခုနှစ်၊ မတ်လ(၁၆) ရက်နေ့မှစ၍ ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်တော့မည်ဖြစ်သဖြင့် စီးပွားရေးလုပ်ငန်းရှင်များ သိရှိလိုက်နာနိုင်စေရန် ရည်ရွယ်၍ မုန့်ထုတ်လုပ်သူ လုပ်ငန်းရှင်များအား ဖိတ်ကြားပြီး လုပ်ငန်းရှင်များ၊ အသင်းအဖွဲ့များနှင့် တွေ့ဆုံဆွေးနွေးခြင်းများ ဆောင်ရွက်လျက်ရှိရာ မကွေးတိုင်း မုန့်ထုတ်လုပ်သူ လုပ်ငန်းရှင်များ လက်လီရောင်းချသူများအသင်းမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။

            ရှေးဦးစွာ စားသုံးသူရေးရာဦးစီးဌာနမှာ စားသုံးသူတို့၏ အခွင့်အရေးနှင့် အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်နိုင်ရန်သာမက စီးပွားရေးလုပ်ငန်းရှင်များကိုလည်း ကုန်စည်နှင့်ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်သည့်အခါ ပိုမိုအဆင်ပြေအောင် ကူညီဆောင်ရွက်ပေးသည့် ဌာနတစ်ခုလည်း ဖြစ်ပါကြောင်း၊ ပြည်တွင်းရှိ လုပ်ငန်းရှင်များအနေဖြင့် အရည်အသွေးပြည့်မီသည့် ကုန်စည်များ ထုတ်လုပ်ပြီး နိုင်ငံခြားသို့ တင်ပို့နိုင်သည်အထိ ကြိုးစားဆောင်ရွက်ရမှာဖြစ်ကြောင်း၊ မိမိတို့ဌာန အနေဖြင့် ၂၀၁၆ ခုနှစ်မှ စတင်ဖွဲ့စည်းခဲ့ပြီး စားသုံးသူကာကွယ်ရေးလုပ်ငန်းများကို ရပ်ကွက်/ ကျေးရွာများ၊ စာသင်ကျောင်းများ၊ တပ်ရင်းတပ်ဖွဲ့များ၊ ဈေးများတွင် အသိပညာပေးမှုများ ဆောင်ရွက်လျက်ရှိပါကြောင်း၊ စားသုံးသူပြည်သူများမှ စားသုံးသူအခွင့်အရေးများကို သိရှိနားလည်ပြီး စီးပွားရေးလုပ်ငန်းရှင်များဘက်မှလည်း မိမိတို့၏ လုပ်ငန်းတာဝန်များ၊ တားမြစ်ချက်များကို သိရှိနားလည်ထားရန် လိုအပ်ကြောင်းဆွေးနွေးခဲ့ပါသည်။

            ထို့နောက် တာဝန်ရှိသူတစ်ဦးမှ စားသုံးသူကာကွယ်ရေးဥပဒေနှင့် စပ်လျဉ်း၍ စားသုံးသူကာကွယ်ရေး ဥပဒေအကြောင်း၊ ၎င်းတို့ အနက်မှ အခန်း(၁၈)ပါ ပြဌာန်းချက်များသည် တစ်နှစ်ပြည့်မြောက်ပြီးသည့် နေ့ရက်မှစ၍ စတင် အာဏာတည်မည်ဖြစ်ကြောင်း၊ ကျန်အခန်းများမှာ ဥပဒေထုတ်ပြန်သည့် နေ့ရက်တွင် စတင်အာဏာတည်ပါကြောင်း ဆွေးနွေးခဲ့ပြီး ဥပဒေကို အကောင်အထည်ဖော်မည့် အဖွဲ့အစည်းနှင့် ပုဂ္ဂိုလ်များ၊ စားသုံးသူကာကွယ်ရေးဥပဒေအရ စီးပွားရေးလုပ်ငန်းရှင်များနှင့် တိုက်ရိုက်သက်ဆိုင်သည့် အခန်းကဏ္ဍများ၊ စားသုံးသူအခွင့်အရေး(၈)ချက်၊ ကုန်စည်နှင့်စပ်လျဉ်း၍အာမခံချက်ပေးခြင်း၊ ကုန်အညွှန်း အမှတ်အသား ဖော်ပြခြင်း၊ တားမြစ်ချက်နှင့် ပြစ်မှုပြစ်ဒဏ်များအကြောင်းကို အသေးစိတ် ရှင်းလင်း ဆွေးနွေးခဲ့ပါသည်။

            ဆက်လက်၍ တက်ရောက်လာသည့် လုပ်ငန်းရှင်များမှ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့် စပ်လျဉ်း၍ သိလိုသည်များ မေးမြန်းမှုအပေါ် ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ပြီး အခမ်းအနားကို အောင်မြင်စွာ ရုတ်သိမ်းခဲ့ပါကြောင်း သတင်းရရှိပါသည်။

စန္ဒာစိုးလွင် (မကွေး)

စားသုံးသူကာကွယ်ရေးဆိုင်ရာအသိပညာပေးဟောပြောခြင်း

       ၂၀.၁.၂၀၂၀ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီးစားသုံးသူရေးရာဦးစီးဌာနမှဒုခရိုင်ဦးစီးမှူး၊ မြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းများသည် ပဲခူးမြို့နယ် တောင်ပို့တရာကျေးရွာ အမက လွန်ကျောင်းနှင့် ဘူးလယ်အင်းကျေးရွာ အမက လွန်ကျောင်းသို့ သွားရောက်၍ ဆရာ/မ (၁၇) ဉီး၊ ကျောင်းသား/သူ (၃၅၈) ဦး၊ ကျောင်းသားမိဘ (၁၁၅) ဦးကိုစားသုံးသူကာကွယ်ပေးရေးဆိုင်ရာ အသိပညာပေး ဟောပြောခဲ့ပါသည်။

          အဆိုပါဟောပြောပွဲတွင် ဒုခရိုင်ဦးစီးမှူး က စားသုံးသူကာကွယ်ပေးရေးဆိုင်ရာ ဥပဒေနှင့် သိကောင်းစရာများကိုဟောပြောခဲ့ပြီး၊ မြို့နယ်တာဝန်ခံ က ကုန်စည်ဝန်ဆောင်နှင့် ပတ်သက်၍ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး၊ အစားအသောက်ဘေးအန္တရယ် ကင်းရှင်းရေးနှင့် နစ်နာဆုံးရှုံးမှုများ မဖြစ်ပေါ်ရေးအတွက်အသိပညာပေး ဟောပြောခဲ့ပြီးလက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သတင်းရ ရှိပါသည်။

ရဲဘုန်း(စ.သ.သ)
ပဲခူးတိုင်းရုံး၊စားသုံးသူရေးရာဦးစီးဌာန

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ