ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ပခုက္ကူမြို့မဈေးကြီးအတွင်း ရောင်းချလျက်ရှိသော အခြေခံစားကုန်များ၏ ဈေးနှုန်းအခြေအနေ

           မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့နယ်ရှိ မြို့မစည်ပင်ဈေးနှင့် ပန်းခြံဈေးတို့တွင် ဒေသတွင်းမြစ်ခြေ၊ ကမ္မမြို့နယ်များမှထွက်ကုန်များအပြင် ပခုက္ကူမြို့နယ်အတွင်းရှိ ကျွန်းများ၊ ရှမ်းပြည်(သီပေါ/အင်းလေး)ထွက်ကုန်များ၊ ကျောက်ပန်းတောင်းနှင့် ပုပ္ပါးနယ်များမှ ထွက်ကုန်များဖြင့် ရောင်းဝယ်ဖောက်ကားလျက်ရှိသော ဈေးဖြစ်ပါသည်။

     အဆိုပါဈေးတွင် ဇန်နဝါရီလ(၁၇)ရက်မှ(၂၃)ရက်နေ့ထိ အရောင်းအဝယ်ဖြစ်နေသည့် ဈေးနှုန်းများမှာ စားဖိုဆောင်သီးနှံများဖြစ်သော ငရုတ်သီးခြောက်(ရှည်) (၁)ပိဿာလျှင် ကျပ်(၁၇၀၀၀/ ၁၈၀၀၀)၊ ငရုတ်သီးခြောက်(ပု) (၁)ပိဿာလျှင် ကျပ်(၂၀၀၀၀)၊ ကြက်သွန်နီ(၁)ပိဿာလျှင် ကျပ် (၂၂၀၀ မှ ၂၅၀၀)၊ ကြက်သွန်ဖြူ ရှမ်းစ(၁)ပိဿာလျှင် ကျပ်(၆၀၀၀ မှ ၇၀၀၀)၊ ကြက်သွန်ဖြူ (ကြူကုတ်) (၁)ပိဿာလျှင် ကျပ်(၄၅၀၀ မှ ၅၀၀၀)၊ ဂျင်းတက် (၁)ပိဿာလျှင် ကျပ်(၁၇၀၀ မှ ၁၈၀၀)၊ ဆား (၁)ပိဿာလျှင် ကျပ်(၅၀၀ မှ ၅၅၀)၊ မန်းကျည်းမှည့်အစေ့လွှတ် (၁)ပိဿာလျှင် ကျပ် (၄၀၀၀ မှ ၄၅၀၀)၊ မြေပဲဆံ(အသစ်) (၁)ပြည်လျှင် ကျပ်(၆၀၀၀ မှ ၆၅၀၀)၊ ကုလားပဲခြမ်း (၁)ပြည် လျှင် ကျပ်(၅၅၀၀ မှ ၅၆၀၀)၊ အာလူး (၁)ပိဿာလျှင် ကျပ်(၂၄၀၀ မှ ၂၅၀၀)၊ ဂေါ်ဖီထုပ်(၁)ထုပ် လျှင် ကျပ်(၈၀၀ မှ  ၁၀၀၀)၊ ပန်းမုန်လာ (၁)ပွင့်လျှင် ကျပ်(၅၀၀ မှ ၁၀၀၀)၊ ခရမ်းချဉ်သီး(၁)ပိဿာလျှင် ကျပ်(၂၀၀၀ မှ ၂၂၀၀)၊ ပဲတောင့်ရှည် (၁)ပိဿာလျှင် ကျပ်(၁၈၀၀ မှ ၂၀၀၀)၊ ပဲရာဇာ/ပဲနီလေး (၁)ပြည်လျှင် ကျပ်(၈၅၀၀ မှ ၉၀၀၀) ဈေးနှုန်းများဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(မကွေး)

 

         

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နောင်ချိုမြို့နယ်အတွင်းရှိ အစေ့ထုတ်ပြောင်းများ၏ ဈေးကွက် အခြေအနေ

      ရှမ်းပြည်နယ်(မြောက်ပိုင်း)အတွင်း အစေ့ထုတ်ပြောင်းမှာ အဓိကစိုက်ပျိုးလျက်ရှိသည့် သီးနှံတစ်မျိုးဖြစ်ပါသည်။ နောင်ချိုမြို့နယ်အတွင်းရှိ အများဆုံးစိုက်ပျိုးသည့် အစေ့ထုတ်ပြောင်းမျိုးမှာ CP-808 နှင့် CP-621 တို့ဖြစ်ကြောင်း သိရှိရပြီး မျိုး ၅ Kg တစ်ထုတ်လျှင် ဈေးနှုန်းကျပ် (၇၀၀၀၀ မှ ၇၅၀၀၀ ကြား)ပေါက်ဈေးရှိပြီး တစ်ထုတ်လျှင် တစ်ဧကနှုန်းစိုက်ပျိုးရကြောင်း သိရှိရပါသည်။ အစေ့ထုတ်ပြောင်းတစ်ဧကလျှင် မျိုး၊ သွင်းအားစုနှင့် ပွဲရုံထိအရောက် ကုန်ကျ စရိတ်ခန့်မှန်း ကျပ် (၅၅၀၀၀၀/-)ခန့် ကုန်ကျပြီး တစ်ဧကလျှင် ပြောင်းအထွက်နှုန်း ပိသာ (၁၀၀၀ မှ ၁၅၀၀)ကြား ထွက်ရှိကြောင်းသိရှိရပါသည်။  နောင်ချိုမြို့နယ်ရှိ အစေ့ထုတ်ပြောင်း စိုက်ပျိုးသည့် တောင်သူများမှာ ယခုနှစ်တွင် မျိုးနှင့်သွင်းအားစုများ ဈေးနှုန်းမြင့်တက်၍ စိုက်ပျိုးစရိတ်မှာ ယခင်နှစ်ထက် ပိုမိုမြင့်တက်ခဲ့သော်လည်း ပြောင်းတစ်ပိသာလျှင် ကျပ်( ၉၅၀ မှ ၁၀၀၀ )ကြား ဈေးရရှိခဲ့သည့်အတွက် တောင်သူများ တွက်ချေကိုက်မှုရှိကြောင်း သိရှိရပါသည်။

DOCA(ရှမ်း)

ကျိုင်းတုံမြို့ရှိ အခြေခံစားသောက်ကုန်များ၏ ဈေးနှုန်းအခြေအနေ

       ၂၀၂၃ ခုနှစ် ဇန်နဝါရီလ စတုတ္ထပတ်အတွင်း ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့ရှိ အခြေခံစားသောက်ကုန်များဖြစ်သော ရွှေဘိုပေါ်ဆန်မွှေး(သိင်္ဂီ) တစ်ပြည် ၄၅၀၀ကျပ်၊ ဧည့်မထဆန်တစ်ပြည် ၂၅၀၀ကျပ်ဖြင့် ရောင်းဝယ်လျက်ရှိပါသည်။ စားဖိုဆောင်စားသောက်ကုန်များအနေဖြင့် ကြက်သွန်နီတစ်ပိဿာ ၃၅၀၀ကျပ်၊ ကြက်သွန်ဖြူ(ကြူကုတ်) တစ်ပိဿာ ၅၀၀၀ကျပ်၊ (ရှမ်းစ)တစ်ပိဿာ ၆၈၀၀ကျပ်၊ ငရုတ်သီးခြောက်(ရှည်)တစ်ပိဿာ ၂၀၀၀၀ကျပ်၊ ခရမ်းချဉ်သီး တစ်ပိဿာ ၃၀၀၀ကျပ်၊ အာလူးတစ်ပိဿာ ၃၀၀၀ကျပ်၊ မန်ကျည်းသီးမှည့် တစ်ပိဿာ ၂၅၀၀ကျပ်နှင့် ချင်း တစ်ပိဿာ ၁၈၀၀ကျပ် စသဖြင့် ရောင်းဝယ်လျက်ရှိပါသည်။

      ကျိုင်းတုံမြို့တွင် ဇန်နဝါရီလ စတုတ္ထပတ်၌ စားသုံးဆီဈေးနှုန်းများအနေဖြင့် စားအုန်းဆီ တစ်ပိဿာ ၆၅၀၀ကျပ်နှင့် ပဲဆီ(ရိုးရိုး) တစ်ပိဿာ ၁၆၀၀၀ကျပ်၊ ကြက်ဥဈေးမှာ တစ်လုံး ၂၃၀ကျပ်နှင့် ဘဲဥ တစ်လုံး ၃၂၀ကျပ်ဖြင့် ရောင်းဝယ်လျက်ရှိပါသည်။ အသား/ငါးဈေးနှုန်းများမှာ ကြက်သား(CP) တစ်ပိဿာ ၁၀၀၀၀ကျပ်၊ ဝက်သား တစ်ပိဿာ ၂၀၀၀၀ကျပ်၊ အမဲသား တစ်ပိဿာ ၂၂၀၀၀ကျပ်၊ ငါးကြင်း တစ်ပိဿာ ၉၀၀၀ကျပ်၊ ငါးမြစ်ချင်း တစ်ပိဿာ ၈၅၀၀ကျပ် ဈေးနှုန်းများဖြင့် ရောင်းဝယ်လျက်ရှိကြောင်း သိရှိရပါသည်။

       ကျိုင်းတုံမြို့ အခြေခံစားသောက်ကုန်ဈေးနှုန်းများသည် ယခင် ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ စတုတ္ထပတ်နှင့် နှိုင်းယှဉ်ပါက ရွှေဘိုပေါ်ဆန်မွှေး(သိင်္ဂီ)၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ(ရှမ်းစ)နှင့် ခရမ်းချဉ်သီးတို့မှာ ဈေးနှုန်းအနည်းငယ်မြင့်တက်လာပြီး ကျန်အခြေခံစားသောက်ကုန်ဈေးနှုန်းများမှာ တည်ငြိမ်လျက်ရှိပါသည်။

DOCA(ရှမ်း)

 

မကွေးမြို့၊ မြို့မစျေး၌ ရောင်းချလျက်ရှိသော ကုန်စျေးနှုန်း အခြေအနေ

           မကွေးမြို့၊ မြို့မစျေး၌မကွေးမြို့နယ် ချောင်းဖြူကျေးရွာ၊ မြင်းကင်းကျေးရွာ၊ မင်းဘူးမြို့နယ်(ကျောက်တန်းကျေးရွာ)၊ စလင်း(ဆင်ဖြူကျွန်း)၊ တောင်တွင်းကြီးနှင့် အောင်ပန်းတို့မှ ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံပန်းမန်များ အများဆုံး ဝင်ရောက်လျက်ရှိကြောင်း သိရပါသည်။

          ဇန်နဝါရီလ(တတိယ)ပတ်အတွင်း ရောင်းချလျက်ရှိသော ဈေးနှုန်းများမှာ ခရမ်းချဉ်းသီး (၁)ပိဿာလျှင် ကျပ်(၂၀၀၀မှ ၂၄၀၀)၊ဂေါ်ဖီထုပ်(၁)ထုပ်လျှင် ကျပ်(၈၀၀မှ ၁၀၀၀)၊ ပန်းဂေါ်ဖီ (၁)ထုပ်လျှင် ကျပ်(၇၀၀ မှ ၁၀၀၀)၊ အာလူး(၁)ပိဿာလျှင် ကျပ်(၂၃၀၀ မှ ၂၅၀၀)၊ မုန်ညှင်းရွက် (၁)စီးလျှင် ကျပ်(၃၀၀)၊ ချဉ်ပေါင်ရွက်(၁)စီးလျှင် ကျပ်(၂၀၀)၊ ကန်စွန်းရွက် (၁)စီးလျှင် ကျပ်(၁၀၀)၊ ခရမ်းသီး(၁)ပိဿာလျှင် ကျပ် (၁၆၀၀)၊ ဆလပ်ရွက်(၁)စီးလျှင် ကျပ်(၁၅၀)၊ ဆား(၁)ပိဿာလျှင် ကျပ်(၅၀၀ မှ ၁၀၀၀)၊ ချင်း(၁)ပိဿာလျှင် ကျပ်(၂၅၀၀ မှ ၂၈၀၀)၊ ကြက်သွန်နီ(၁)ပိဿာလျှင် ကျပ် (၂၉၀၀မှ ၃၂၀၀)၊ ကြက်သွန်ဖြူ(ရှမ်း) (၁)ပိဿာလျှင် ကျပ်(၃၆၀၀မှ ၄၀၀၀)၊ ပဲဆီ(၁)ပိဿာလျှင် ကျပ်(၉၅၀၀ မှ ၁၀၀၀၀)၊ နှမ်းဆီ(၁)ပိဿာလျှင် ကျပ်(၁၀၀၀၀မှ ၁၀၅၀၀)၊ စားအုန်းဆီ (၁)ပိဿာ လျှင် ကျပ်(၆၀၅၀ မှ ၆၂၀၀)၊ ပေါ်ဆန်းမွှေး (၁)ပြည်လျှင် ကျပ်(၄၁၅၀ မှ ၄၂၅၀)၊ ဧည့်မထ(၁)ပြည်လျှင် ကျပ်(၂၁၀၀ မှ ၂၃၀၀) စျေးနှုန်းများဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း လေ့လာသိရှိရပါသည်။

DOCA(မကွေး)

 

မကွေးမြို့၊ ကန်သာစျေး၌ ရောင်းချလျက်ရှိသော ကုန်စျေးနှုန်း အခြေအနေ

       မကွေးမြို့ရှိ ကန်သာစျေး၌ ၂၀၂၃ ခုနှစ် ဇန်နဝါရီလ တတိယအပတ်အတွင်း ပုံမှန်ရောင်းချနေသော ကြက်သား၊ ဝက်သား၊ ဆိတ်သား၊ အမဲသားများအပြင်  ရန်ကုန်မြို့မှငါးမျိုးစုံ၊ ရေချိုပုဇွန်၊ ငါးမြစ်ချင်းကြီး၊ ကြက်ဥနှင့် ရခိုင်ပြည်နယ်၊ စစ်တွေမြို့နှင့် အမ်းမြို့တို့မှ ငပိ၊ ငါးခြောက်များ  ဝင်ရောက်လျက်ရှိပြီး ဒေသအလိုက် ပစ္စည်းအမျိုးအစားအလိုက် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ၂၀၂၃ခုနှစ် ဇန်နဝါရီလဆန်းမှစ၍ ဈေးအနည်းငယ်မြင့်တက်လျက်ရှိကြောင်း သိရှိရပါသည်။

          ဇန်နဝါရီလ(တတိယ)ပတ်အတွင်း ဝင်ရောက်ရောင်းချလျှက်ရှိသော စျေးနှုန်းများမှာ ဒေသကြက်သား (၁)ပိဿာလျှင် ကျပ်(၁၄၀၀၀မှ ၁၅၀၀၀)အတွင်း၊ မွေးမြူရေး ကြက်သား (၁)ပိဿာလျှင် ကျပ်(၁၀၀၀၀မှ ၁၂၀၀၀)အတွင်း၊ ဝက်သား (၁)ပိဿာလျှင် ကျပ်(၁၄၀၀၀မှ ၁၆၀၀၀)အတွင်း၊ အမဲသား (၁)ပိဿာလျှင် ကျပ်(၁၄၀၀၀မှ ၁၈၀၀၀)အတွင်း၊ ဆိတ်သား (၁)ပိဿာလျှင် (၂၀၀၀၀ မှ ၂၄၀၀၀) အတွင်း၊ ငါးကြင်း (၁)ပိဿာလျှင် (၁၄၀၀၀မှ ၁၈၀၀၀)အတွင်း၊ မြစ်ငါးမြင်း (၁)ပိဿာလျှင် ကျပ် (၂၅၀၀၀မှ ၃၂၀၀၀)အတွင်း၊ ငါးမြစ်ချင်း (၁)ပိဿာလျှင် ကျပ်(၈၀၀၀မှ ၁၀၀၀၀)အတွင်း၊ ငါးသလောက် (၁)ပိဿာလျှင်  ကျပ်(၂၅၀၀၀ မှ ၂၈၀၀၀)အတွင်း၊ ငါးခူ (၁)ပိဿာလျှင် ကျပ်(၈၀၀၀ မှ ၁၆၀၀၀)အတွင်း၊ ငါးရံ့ (၁)ပိဿာလျှင် ကျပ်(၁၀၀၀၀မှ ၁၆၀၀၀)အတွင်း၊ ငါးတန် (၁)ပိဿာလျှင် ကျပ်(၁၂၀၀၀မှ ၁၆၀၀၀)အတွင်း၊ ငါးဘတ် (၁)ပိဿာလျှင် ကျပ်(၁၆၀၀၀မှ ၁၈၀၀၀)အတွင်း၊ ငါးဖယ် (၁)ပိဿာလျှင် ကျပ်(၁၂၀၀၀မှ ၁၅၀၀၀)အတွင်း၊ ရေချိုပုဇွန် (လတ်) (၁)ပိဿာလျှင် ကျပ်(၃၂၀၀၀ မှ ၃၅၀၀၀)အတွင်း၊ ရေငန်ပုဇွန်(လတ်) (၁)ပိဿာလျှင် ကျပ်(၂၂၀၀၀ မှ ၄၀၀၀၀)အတွင်း၊ ကြက်ဥ (၁)လုံးလျှင် ကျပ်(၂၁၀ မှ ၂၃၀)အတွင်း၊ ဘဲဥ (၁)လုံးလျှင် ကျပ်(၂၈၀ မှ ၃၀၀)အတွင်း၊ ငပိ (၁) ပိဿာလျှင် ကျပ်(၅၀၀၀မှ ၈၀၀၀)အတွင်း၊  အာဗြဲခြောက် (၁)ပိဿာလျှင် ကျပ်( ၂၅၀၀၀မှ ၃၀၀၀၀) အတွင်း၊ ငါးရံ့ခြောက် (၁)ပိဿာလျှင် ကျပ်(၃၆၀၀၀မှ ၄၅၀၀၀)အတွင်း၊ ငါးတံခွန်ခြောက် (၁) ပိဿာလျှင် ကျပ်(၁၅၀၀၀မှ ၁၈၀၀၀)အတွင်း၊ ငါးနီတူခြောက် (၁)ပိဿာလျှင် ကျပ်(၁၃၀၀၀မှ ၁၆၀၀၀)အတွင်း၊ ပုဇွန်ခြောက် (၁)ပိဿာလျှင် ကျပ်(၄၀၀၀၀ မှ ၅၀၀၀၀)အတွင်း အသီးသီးရောင်းချလျက်ရှိကြောင်းနှင့် ယခင်နှစ်ကာလတူထက် ငပိ၊ ငါးခြောက်ဈေးမှာ ကျပ်(၄၀၀၀မှ ၅၀၀၀)ထိ မြင့်တက်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(မကွေး)

 

 ရှမ်းပြည်နယ်(အရှေ့ပိုင်း)၏ ဇန်နဝါရီလ စတုတ္ထအပတ် ဘိလပ်မြေနှင့် ဓာတ်မြေဩဇာဈေးနှုန်းအခြေအနေ

       ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ စတုတ္ထအပတ်တွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့ ဈေးကွက်ရှိ ဘိလပ်မြေဈေးနှုန်းများမှာ ကျားတံဆိပ် (40)kg တစ်အိတ်လျှင် (၁၄၄၀၀)ကျပ်၊ ဆင်တံဆိပ် (50)kg တစ်အိတ်လျှင် (၁၅၈၀၀)ကျပ် ၊ စိန်တံဆိပ် (50)kg တစ်အိတ်လျှင် (၁၅၇၀၀)ကျပ် ဖြစ်ပါသည်။ တာချီလိတ်မြို့ရှိ ဘိလပ်မြေဈေးနှုန်းများမှာ ကျားတံဆိပ် (40)kg တစ်အိတ်လျှင် (၁၄၂၀၀) ကျပ်၊ ဆင်တံဆိပ် (50)kg တစ်အိတ်လျှင် (၁၅၀၀၀)ကျပ်၊ စိန်တံဆိပ် (50)kg တစ်အိတ်လျှင် (၁၅၀၀၀)ကျပ် ဖြစ်ပါသည်။

         ကျိုင်းတုံမြို့ရှိ ဇန်နဝါရီလ စတုတ္ထအပတ် ဓာတ်မြေဩဇာဈေးနှုန်းများမှာ ပုလဲ (MEP) (50)kg တစ်အိတ်လျှင် (၉၇၀၀၀)ကျပ်၊ တီဆူပါ (လေဆာ) (50)kg တစ်အိတ်လျှင် (၁၉၀၀၀) ကျပ်၊ တီဆူပါ (may) (50)kg တစ်အိတ်လျှင် (၁၉၀၀၀)ကျပ်၊ ချာန (သုံးမျိုးစပ်) (50)kg တစ်အိတ်လျှင် (၁၄၂၀၀၀)ကျပ် ဖြစ်ပါသည်။ တာချီလိတ်မြို့အတွင်းရှိ ဓာတ်မြေဩဇာဈေးနှုန်းများမှာ ပုလဲ (၄၆%) (50)kg တစ်အိတ်လျှင် (၁၄၂၀၀၀)ကျပ်၊ ကွန်ပေါင်း (၁၅ပတ်လည်) (50)kg တစ်အိတ်လျှင် (၁၃၃၀၀၀)ကျပ်၊ ကွန်ပေါင်း (50)kg တစ်အိတ်လျှင် (၁၃၃၀၀၀)ကျပ် ဖြစ်ပါသည်။

        ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့အတွင်းရှိ ဘိလပ်မြေဈေးနှုန်းများမှာ ယခင် ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ စတုတ္ထအပတ်ထက် ဈေးနှုန်းအနည်းငယ်မြင့်တက်လျက်ရှိပြီး၊ ဓာတ်မြေဩဇာဈေးနှုန်း များမှာ တည်ငြိမ်လျက်ရှိပါသည်။ တာချီလိတ်မြို့အတွင်းရှိ ဘိလပ်မြေဈေးနှုန်းနှင့် ဓာတ်မြေဩဇာ ဈေးနှုန်းများမှာ ယခင် ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ စတုတ္ထအပတ်ထက် ဈေးနှုန်းအနည်းငယ်မြင့်တက် လျက်ရှိပါကြောင်း သိရှိရပါသည်။

DOCA(ရှမ်း)

တနင်္သာရီတိုင်းဒေသကြီး ရော်ဘာစျေးမြင့်တက်လျက်ရှိ

          တနင်္သာရီတိုင်းဒေသကြီးသည် ရော်ဘာ၊  ကွမ်းသီးများကို အဓိကထား စိုက်ပျိုးလျက်ရှိသည့် တိုင်းဒေသကြီးဖြစ်ပါသည်။ ရော်ဘာစိုက်ပျိုးသည့်ဧရိယာမှာ (၃၄၉၁၂၁)ဧက၊ အစေးလှီး ဧရိယာမှာ (၁၉၃၂၇၅)ဧက၊ အထွက်နှုန်းမှာ (၄၉၉.၉၉)ပေါင် ရှိပြီး တစ်နှစ်စာပျှမ်းမျှအထွက်တန်မှာ (၄၃၈၃၄) မက်ထရစ်တန်ရှိကြောင်း သိရှိရသည်။

          မှိုင်းခံရော်ဘာတွင်  RSS-1၊ RSS-2၊ RSS-3၊ RSS-4၊ RSS-5 ဟူ၍ အဆင့်သတ်မှတ်ချက် (၅ ) မျိုး ရှိပါသည်။ ယခုလက်ရှိ တနင်္သာရီတိုင်းဒေသကြီးအတွင်းတွင် RSS-3 နှင့် RSS-5 ( ၂ ) မျိုးသာ အဓိက အရောင်းအဝယ်ဖြစ်လျက်ရှိသည်။

          ယခုအပတ်   ရော်ဘာစျေးနှုန်းမှာ RSS-3 တစ်ပေါင်လျှင် ကျပ် ၁၃၅၀ နှုန်း၊ RSS-5 တစ်ပေါင်လျှင် ကျပ် ၁၂၅ဝ နှုန်း ပေါက်ဈေး ရှိပြီး RSS-3 သည် RSS-5 ထက် အပြစ်အနာ ဆာကင်းသောကြောင့် ဈေးကောင်းပိုရလျက်ရှိကြောင်း သိရှိရပါသည်။ တနင်္သာရီတိုင်းဒေသကြီး ထားဝယ်တွင် ရာဘာစျေးနှုန်းအနေဖြင့် တောင်သူများ တွက်ခြေကိုက်လျက်ရှိသောကြောင့် ရာဘာ အစေးခြစ်လုပ်ငန်းများ လုပ်ကိုင်လျက်ရှိပြီး ယခင်အပတ်နှင့်နှိုင်းယှဉ်ပါက စျေးနှုန်းမြင့်တက်လျက်ရှိ၍ ရော်ဘာကို ကော့သောင်းနှင့် ထိုင်းဖက်သို့ အများဆုံး တင်ပို့လျက်ရှိကြောင်း သိရှိရပြီး ယခုအခါသယ်ယူပို့ဆောင်ခ ထားဝယ်မှကော့သောင်းသို့ (ကားခ) တစ်တန်လျှင် (၁၈၀၀၀၀−၂၀၀၀၀၀)နှုန်းရှိကြောင်း စုံစမ်းသိရှိရသည်။

DOCA(တနင်္သာရီ)

 

တနင်္သာရီတိုင်းဒေသကြီး ကွမ်းသီး‌‌စျေး

           တနင်္သာရီတိုင်းဒေသကြီးသည် ကွမ်းသီးပင်များကို အများဆုံးစိုက်ပျိုးသော တိုင်းဒေသကြီး ဖြစ်ပါသည်၊၊ ကွမ်းသီးတွင် ကွမ်းသီးအလုံးစျေးနှင့် ကွမ်းသီးခွဲခြမ်းစျေးဟူ၍ စျေးနှုန်း (၂)မျိုး ရှိပါသည်။တနင်္သာရီတိုင်းဒေသကြီးတွင် ကွမ်းသီးအလုံး တစ်ပိဿာလျှင် (၄၀၀ဝိ/-)နှုန်းရှိပြီး ကွမ်းသီးခွဲခြမ်း တစ်ပိဿာလျှင် (၄၀၀ဝိ/-)နှုန်း ပေါက်ဈေးရှိကြောင်း သိရှိရပြီး၊ရန်ကုန်တိုင်းဒေသကြီးတွင် ကွမ်းသီးခွဲခြမ်း တစ်ပိဿာလျှင်(၄၄၀ဝိ/-)နှုန်းပေါက်စျေးရှိကြောင်းသိရှိရပါသည်။

          ယခုအချိန်သည် ကွမ်းသီး အများဆုံးထွက်ရှိနေပြီး ကွမ်းသီးလုပ်ငန်းများ ပုံမှန်လုပ်ကိုင်လျက်ရှိရာ ယခင်အပတ်နှင့် ယခုအပတ်စျေးနှုန်း နှိုင်းယှဉ်ရာ ဈေးနှုန်းအနည်းငယ်ကျဆင်းလျှက်ရှိ ကြောင်း သိရှိရပါသည်၊၊ ကွမ်းသီးများကို တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များ၊ ကျေးရွာများမှ ထွက်ရှိသော ဒေသထွက် ကွမ်းသီးများကို ရန်ကုန်မြို့သို့ တင်ပို့လျက်ရှိရာ ၂၀၂၂ ခုနှစ် ဇန်နဝါရီလ(၂၅)ရက်နေ့ထိ ၁၁၇၂၁၇၃၂/- ပိဿာတင်ပို့ခဲ့ရာ ထားဝယ်မှ ရန်ကုန်သို့ သယ်ယူပို့ဆောင်ခ တစ်ပိဿာလျှင် (၁၀ဝိ/-)နှုန်းရှိကြောင်း ကုန်သည်တစ်ဦးထံမှ သိရှိရပါသည်။

DOCA(တနင်္သာရီ)

တနင်္သာရီတိုင်းဒေသကြီး ပုဇွန်ခြောက်စျေးကွက်

      တနင်္သာရီတိုင်းဒေသကြီးသည် ရေလုပ်ငန်းများလုပ်ကိုင်ခြင်းဖြင့် အများဆုံး အသက်မွေးဝမ်းကျောင်းပြုသည့်တိုင်းဒေသကြီးဖြစ်ပါသည်။ မြန်မာ့ဟင်းလျာများချက်ရာတွင် အသုံးတည့်လှပြီး ရိုးရာလက်ဖက်သုပ်များစားသုံးရာတွင်လည်း မပါမဖြစ်သော အိမ်ရှင်မများအကြိုက် ပုဇွန်ခြောက်များကို ထားဝယ်၊ မြိတ်ကျွန်းစုနှင့် ပုလောမြို့တို့တွင် အများအပြားထွက်ရှိပါသည်။ ပုဇွန်ခြောက် ပြုလုပ်ပုံ အမျိုးအစား အကြမ်းဖျင်း(၂)မျိုးရှိပါသည်။ ပထမတစ်မျိုးမှာ ပုဇွန်ကို နေပူလှန်း အခြောက်ခံပြီး ဒုတိယတစ်မျိုးမှာ ပုဇွန်ကိုပြုတ်၍ ပုဇွန်ကင်သည့် စင်(ဖို)ပေါ်တင်ပြီး မီးငွေ့ရိုက်ကာ အခြောက်ခံပြုလုပ်ရပါသည်။

      နွေဦးကာလဆိုလျှင် ပုဇွန်ခြောက်စျေးမှာ ပုံမှန်စျေးနှုန်းသာဖြစ်ပြီး မိုးတွင်းကာလဆိုလျှင်  ပုဇွန်လှန်းရန်ခက်ခဲသောကြောင့် စျေးနှုန်းအနည်းငယ်ပိုပေး၍ ဝယ်ယူရကြောင်း သိရှိရပါသည်။ လတ်တလော ထားဝယ်မြို့တွင် ဖြစ်ပေါ်နေသောစျေးနှုန်းမှာ ရေချို(ရှယ်)တစ်ပိဿာလျှင် ၅၀၀၀၀ ကျပ်၊ ရေချို(အလတ်စား) တစ်ပိဿာလျှင်၄၂၀၀၀ကျပ်၊ ရိုးရိုးပုံမှန်တစ်ပိဿာလျှင် (၃၆၀၀၀ − ၃၇၀၀၀) နှုန်း ဖြစ်နေကြောင်း စုံစမ်းသိရှိရပါသည်။

DOCA(တနင်္သာရီ)

မလှိုင် ပဲစဉ်းငုံ သီးနှံစျေးကွက်

    မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ မလှိုင်မြို့နယ်တွင် ပဲစဉ်းငုံသီးနှံကို အဓိကထား စိုက်ပျိုးလျက်ရှိပြီး၊ ယခုနှစ်တွင် ယခင်နှစ်ထက် စိုက်ဧကမလျော့သော်လည်း ရာသီဥတုအရ အထွက်နှုန်းလျော့နည်းကြောင်း ပဲစဉ်းငုံစိုက် တောင်သူများထံမှ သိရှိရပါသည်။ စျေးနှုန်းအနေဖြင့် စတင်ထွက်ပေါ်ချိန် ဒီဇင်ဘာလ ဒုတိယပတ်တွင် တစ်တင်းလျှင် (၆၀၀၀၀) ကျပ် ဝန်ကျင်းထိရှိပြီး၊ ယခု ဇန်နဝါရီ တတိယတစ်ပတ်တွင် တစ်တင်းလျှင် (၅၆၀၀၀) ကျပ်ဝန်းကျင်ဖြင့် အရောင်းအဝယ်ရှိလျက် မြို့ပေါ်ပွဲရုံများတွင် အဝင်ဖြိုင်လျက်ရှိပါသည်။ ပဲစဉ်းငုံနီကို ရန်ကုန်တင်ပို့ရောင်းချသလို၊ လှောင်လက်ပွဲစားအချို့ကလည်း တက်စျေးမျှော်၍ လှောင်လျက်ရှိကြောင်း ပွဲစားကြီးများထံမှ သိရှိရပါသည်။

DOCA(မန္တလေး)

 

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း