ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ပဲခူးခရမ်းချဉ်သီးဝယ်လိုအားကြောင့်စျေးကောင်းရနေ

             ပဲခူးတိုင်း‌ဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်ဒေသထွက်ခရမ်းချဉ်သီး စံချိန်တင် စျေးကောင်း ရရှိသော်လည်း အထွက်နှုန်း နည်းပါးချိန် ရောက်လာပြီဖြစ်ကြောင်း ဒေသခံများထံမှ သိရှိရပါသည်။

              ခရမ်းချဉ်ကို မြေတစ်ဧကလျှင်၁၀၀ဂရမ်နှုန်း ပျိူးထောင်ရန်အပင်အ‌ရေအတွက် (၈၀၀၀)မှ (၁၀၀၀၀)ထိဝင်အောင်စိုက်ပျိုးနိုင်ကြောင်း၊ ရာသီဉတုအေးသောကြောင့် ပိုးမွှားကျ‌ရောက်မှုနည်းပြီး တောင်သူများအတွက် အထွက်နှုန်းတိုးကာ ဝင်ငွေကောင်းစေကြောင်း သိရှိခဲ့ရပါသည်။ ယခုအခါ စိုက်ပျိုးသူ ဦးရေနည်းပါးသော်လည်း စားသုံးသူဦးရေ များပြားသောကြောင့် ခရမ်းချဉ်စျေးနှုန်းမှာ အလွန် ကောင်းလျှက်ရှိကြောင်း၊ ခရမ်းချဉ် အပင်တစ်ပင်လျှင် (၄)ပိဿာ မှ (၆)ပိဿာအထိ ထွက်နှုန်း ရှိကြောင်း၊ စျေးနှုန်းအနေဖြင့် ယခင်ကခရမ်းချဉ်သီးတစ်ပိဿာလျှင် (၁၀၀၀-၁၅၀၀)ကျပ်ထိသာ ရှိသော်လည်း ယခုအခါဒီဇင်ဘာလအတွင်း ခရမ်းချဉ်သီး တစ်ပိဿာလျှင်(၂၈၀၀-၃၅၀၀)ကျပ်အထိစျေးနှုန်းမြင့်တက်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)   

ပဲခူးငှက်ပျောဈေးနှုန်း/ဈေးကွက်ပြန်လည်ကောင်းမွန်လာ

      ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့၌ ကိုဗစ်ကာလအတွင်း ငှက်ပျောဈေးကွက် အနည်းငယ် အေးစက်နေခဲ့ပြီး ယခုအခါ ပြန်လည်ကောင်းမွန်လာနေပြီဖြစ်သည်။ ကိုဗစ်ကာလအတွင်း လမ်းပန်း ဆက်သွယ်ရေးအခက်အခဲများ၊ အလှူပွဲ၊ မင်္ဂလာပွဲများနှင့် ပွဲလမ်းသဘင်များနည်းပါးခြင်းကြောင့် ငှက်ပျောသီး ဈေးနှုန်း ကျဆင်းခြင်း၊ အရောင်းအဝယ်အေးစက်ခြင်းများ ဖြစ်ပေါ်ခဲ့ကြောင်း ပဲခူးမြို့၊ ညောင်ဝိုင်း၊ ဈေးကြီးတွင် ငှက်ပျောသီးရောင်းဝယ်သူ ကုန်သည်တစ်ဦးကပြောကြားခဲ့ပါသည်။

         ယခင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေသည့်ကာလအတွင်း ဖီးကြမ်းတစ်ဖီး(၁၈၀၀-၂၀၀၀)ကျပ်၊ သီးမွှေးတစ်ဖီး(၁၅၀၀-၁၈၀၀)ကျပ်၊ ရခိုင်တစ်ဖီး(၇၀၀-၈၀၀)ကျပ်အသီးသီးဖြစ်ပေါ်ခဲ့ရာမှ ယခုအခါ၊ နိုဝင်ဘာလ မှစတင်၍ အလှူပွဲ၊ မင်္ဂလာပွဲများ၊ ရိုးရာနတ်တင်ခြင်းများကြောင့် သီးမွှေးငှက်ပျောနှင့် ရခိုင်ငှက်ပျောများ အရောင်းအဝယ်သွက်လျက်ရှိရာ သီးမွှေးတစ်ဖီး(၂၀၀၀-၂၅၀၀)ကျပ်၊ ရခိုင်တစ်ဖီး (၉၀၀-၁၀၀၀)ကျပ်အထိ ရောက်ရှိခဲ့ပြီး ဈေးနှုန်း/ဈေးကွက် ပြန်လည်ကောင်းမွန် လာကြောင်း သိရှိရပါသည်။

        ယခု ဒီဇင်ဘာလ အတွင်း အအေးဓာတ်ပိုကဲလာခြင်းကြောင့် ငှက်ပျောသီးစားသုံးနှုန်း ကျဆင်းကာ အရောင်းအဝယ် ဈေးကွက်အနည်းငယ် အေးသော်လည်း ငှက်ပျောသီးဈေးနှုန်းမှာ ကောင်းမွန်လျက်ရှိကြောင်း သတင်းရရှိပါသည်။

DOCA(ပဲခူး)

ကျိုင်းတုံမြို့၌ ရာသီပေါ်သီးနှံ ချင်းဈေးကွက်

     ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ ကျိုင်းတုံမြို့၌ ချင်းများ ရာသီပေါ်ထွက်ရှိ သော်လည်း ကုန်စည်ဒိုင်မရှိ၍  မြို့မဈေးကြီးတွင်သာ ကျပန်းစနစ်ဖြင့် အရောင်းအဝယ်ပြုလုပ်နေ ကြောင်းနှင့် ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်အုပ်စုများဖြစ်သော လွိုင်မွေအုပ်စု၊ ကတ်ထိုက်အုပ်စုနှင့် ပင်းတောက်အုပ်စုများတွင် ချင်းကို မိုးဥတုနှင့်ဆောင်းဥတု တစ်နှစ်လျှင် နှစ်ကြိမ်ကျ အများဆုံး စိုက်ပျိုးလျှက်ရှိကြောင်းနှင့် ကျိုင်းတုံမြို့နယ်မှ ပိုလျှံသောချင်းများကို မိုင်းခတ်မြို့နှင့် မိုင်းလားမြို့သို့ တင်ပို့ရောင်းချလျှက်ရှိကြောင်း ကုန်သည်တစ်ဦးထံမှ သိရှိရပါသည်။ ယခင်အောက်တိုဘာလတွင် ချင်းတစ်ပိဿာလျှင် လက်ကား (၂၅၀၀/-)ကျပ်နှင့် လက်လီ(၃၀၀၀/-)ကျပ် ယခု နိုဝင်ဘာလတွင် ချင်းတစ်ပိဿာလျှင် လက်ကား(၂၀၀၀/-)ကျပ်နှင့် လက်လီ(၂၅၀၀/-)ကျပ်ဖြင့် ရောင်းဝယ်ဖောက် ကားမှုရှိပြီး ယခင်လနှင့် ယခုလ ဈေးနှုန်းနှိုင်းယှဉ်ပါ ဈေးနှုန်းအနည်းငယ်ကျဆင်းသွားကြောင်း လေ့လာသိရှိရပါသည်။

မိုင်းယောင်းမြို့တွင် ရော်ဘာအစေးခြစ်လုပ်ငန်းလုပ်ကိုင်ခြင်းဖြင့် ဝင်ငွေတိုး

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်၏ ဒေသခံအများစုသည် တောတောင်ရေမြေသဘာဝကောင်းမွန်၍ ရာသီသီးနှံအလိုက် စိုက်ပျိုးရေးအဆင်ပြေသောကြောင့် လယ်ယာနှင့် ရော်ဘာစိုက်ပျိုးခြင်းကို အဓိကထားလုပ်ကိုင်ကြသည်။ ဘဏ္ဍာနှစ် ၂၀၂၀-၂၀၂၁ခုနှစ် တွင် မိုင်းယောင်းမြို့ရှိ ရော်ဘာစိုက်ဧက (၁၇၈၆၇)ဧကခန့်ရှိပြီး ရိတ်ဧက(၅၂၀၄)ဧက အစေးခြစ်၍ (၂၇၃၀၅၅၆)ပေါင်ထွက်ရှိကြောင်း သိရှိရပါသည်။ နှစ်စဉ် ဧပြီလ (တတိယပတ်)မှ နိုဝင်ဘာလကုန် အထိ ရော်ဘာအစေးခြစ်ခြင်းကိုလုပ်ကိုင်ပြီး ကျန်(၄)လအတွင်း နှစ်ရှည်ပင်များ ဖြစ်သည့်အလျှေက် ပေါင်းရှင်းပေးခြင်းနှင့် သဘာဝမြေဩဇာ(နွားချေး၊ ဝက်ချေး) စသည်များထည့်ပေးခြင်းတို့ကို လုပ်ဆောင်ပေးရပါသည်။ ရော်ဘာစေးကို တစ်ကီလိုလျှင် (၇၀၀)ကျပ်မှ (၈၅၀)ကျပ်အထိ ရရှိကြောင်းနှင့် အလုပ်သမား(၁၀)ဦးခန့်ဖြင့် လုပ်ကိုင်လျှက်ရှိပြီး တရုတ်နိုင်ငံသို့ အများဆုံးတင်ပို့ လျှက်ရှိကြောင်း သိရှိရသောကြောင့် ရော်ဘာစေးခြစ်လုပ်ငန်းဖြင့် တောင်သူများ တဖက်တလမ်းမှ ဝင်ငွေတိုးပွားလျှက်ရှိပါကြောင်း သတင်းရရှိပါသည်။
စားသုံးသူရေးရာဦးစီးဌာန
ရှမ်းပြည်နယ်

လွိုင်ကော် စပါးဈေးအနည်းငယ်ကျသော်လည်း ဆန် ဈေးနှုန်းတည်ငြိမ်နေ

         လွိုင်ကော်မြို့အတွင်း လက်ရှိဖြစ်ပေါ်နေသော (မိုး) စပါးဈေးနှုန်းမှာအနည်းငယ်ကျဆင်း လျက်ရှိပါသည်။ နိုဝင်ဘာလ ဒုတိယပတ်တွင် ဧည့်မထ စပါး ၄၆ ပေါင် တင်း (၁၀၀) လျှင် (၇၄၁,၂၄၀)ကျပ်ဖြစ်၍ ဒီဇင်ဘာလ ဒုတိယပတ်တွင် ဧည့်မထ စပါး ၄၆ ပေါင်တင်း (၁၀၀) လျှင် (၇၀၂,၉၀၀) ကျပ်သို့ ဈေးနှုန်းကျဆင်းလာပြီး ယခင်လနှင့် ယခုလ နှိုင်းယှဉ်မည်ဆိုလျှင် (၃၈,၃၄၀) ကျပ် ကွာဟလျက်ရှိပြီး ပြည်နယ်အတွင်းမှာလည်း အရောင်းအဝယ်အေးနေကြောင်း၊  စပါး ဈေးနှုန်း အနည်းငယ်ကျဆင်းရခြင်းမှာ ပြည်တွင်းတွင် (မန္တလေး၊ မူဆယ်)ဘက်မှ ဆန်ဝယ်ယူမှုလျော့နည်းခြင်းကြောင့်ဖြစ်ကြောင်း  စက်ပိုင်ရှင်တစ်ဦးထံမှသိရပါသည်။

         ဧည့်မထဆန် ဈေးနှုန်းမှာ နိုဝင်ဘာလ ဒုတိယပတ်တွင် ဆန် တစ်အိတ်လျှင် (၃၇,၀၀၀)ကျပ်ဖြစ်ပြီး၊ ဒီဇင်ဘာလ ဒုတိယပတ် တွင်လည်း ဆန်တစ်အိတ်လျှင် (၃၇၀၀၀)ကျပ်ဖြင့်သာ ရောင်းချလျက်ရှိကြောင်း၊ ဒေသဆန်ဧည့်မထကို မန္တလေးမြို့သို့ အများဆုံး တင်ပို့ရာ ယခုကာလတွင် Covid-19 အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါနှင့် ပတ်သက်၍ တင်ပို့မှု လျော့နည်းနေခြင်းကြောင့် ဆန်ဈေးနှုန်းမှာလည်း ဆက်လက်တည်ငြိမ်လျက်ရှိကြောင်း သိရှိရပါသည်။

စားသုံးသူရေးရာဦးစီးဌာန(ကယားပြည်နယ်)

မော်လမြိုင် ဘိလပ်မြေနှင့်ဓါတ်မြေဩဇာဈေးကွက်

          မော်လမြိုင်မြို့၌ ယခုအပါတ်တွင် ဘိလပ်မြေဈေးကွက်မှာ အရောင်းအဝယ်ပုံမှန်ရှိပြီး ဈေးတည်ငြိမ် နေကြောင်းသိရသည်။ ဈေးကွက်ထဲအရောင်းအဝယ်ပုံမှန်ဖြစ်နေတဲ့ ဈေးမှာ ကြံ့နှစ်ကောင် (အနီ) ၇၃၀၀ကျပ်၊ ဆင်(ထိုင်း) ၇၆၀၀ ကျပ် ၊ ကြံ့တံဆိပ်(အဝါ) ၆၇၀၀ ကျပ် ဖြင့် အရောင်းအဝယ် ဖြစ်နေပြီး၊ မော်လမြိုင်မြို့၌ ဓါတ်မြေဩဇာမှာ  ဈေးအနည်းငယ်မြင့်တက်ပြီး အရောင်းအဝယ် ပုံမှန်ရှိကြောင်းသိရှိရသည်။ အရောင်းအဝယ်ဖြစ်နေသောဈေးမှာ ယခင်အပါတ်တွင် ကွန်ပေါင်း (မြန်မာ့ဩဘာ ရွှေကောမက်) ၁၅:၁၅:၁၅ မှာ ၇၅၄၀၀ ကျပ် ၊ ကွန်ပေါင်း ၂၀:၁၂:၁၂ မှာ ၇၂၂၀၀ကျပ်၊ ကွန်ပေါင်း(Thai Grow How) ၁၅:၁၅:၁၅ မှာ ၇၅၀၀၀ ကျပ် ၊ ပုလဲ(အသေး)၄၆%  မြန်မာ (MPE)  မှာ ၄၈၀၀၀ ကျပ် ၊ ပုလဲ (အသေး) ၄၆%  တရုတ် (ရွှေတောင်) ၅၈၀၀၀ ကျပ် ၊ ပုလဲ(အကြီး)၄၆% ထိုင်း(မြင်းပျံ) ၆၈၀၀၀ ကျပ် ၊ တီစူပါ တရုတ် (သံကွင်း) ၄၀၅၀၀ ကျပ်ရှိခဲ့ပြီး ယခုတစ်ပတ်တွင် ကွန်ပေါင်း (မြန်မာ့ဩဘာရွှေကောမက်)၁၅:၁၅:၁၅မှာ ၇၅၅၀၀ ကျပ် ၊ ကွန်ပေါင်း ၂၀:၁၂:၁၂ မှာ ၇၃၈၀၀ ကျပ်၊ ကွန်ပေါင်း(Thai Grow How)၁၅:၁၅:၁၅မှာ ၇၈၀၀၀ ကျပ် ၊ ပုလဲ(အသေး)၄၆%  မြန်မာ (MPE) မှာ ၄၅၀၀၀ ကျပ် ၊ ပုလဲ (အသေး)၄၆%  တရုတ်(ရွှေေတောင်) ၅၈၀၀၀ ကျပ် ၊ ပုလဲ(အကြီး)၄၆% ထိုင်း(မြင်းပျံ) ၇၂၅၀၀ ကျပ် ၊ တီစူပါ တရုတ် (သံကွင်း) ၄၂၀၀၀ ကျပ် ဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်းသိရှိရပါသည်။

စားသုံးသူရေးရာဦးစီးဌာန(မွန်ပြည်နယ်)

မကွေးမြို့၌ ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ (၈)ရက်နေ့မှ (၁၃)ရက်အထိ ရောင်းချနေသော ကုန်ဈေးနှုန်းများ

မကွေးမြို့၌ ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ (၈)ရက်နေ့မှ (၁၃)ရက်နေ့အထိ ကောက်ယူရရှိသော ဈေးနှုန်းစာရင်းများမှာ လက်လီရောင်းချမှုအနေဖြင့် ပေါ်ဆန်းဆန်(ရွှေဘို) တစ်ပြည်လျှင်(၂၆၀ဝိ/-)၊ ပေါ်ဆန်းဆန်(ဖျာပုံ) တစ်ပြည် လျှင်(၂၀၀ဝိ/-)၊ ဧည့်မထဆန် တစ်ပြည်လျှင်(၁၄၅ဝိ/-)၊ ရောင်းချလျှက်ရှိပြီး စားသုံးဆီများအနေဖြင့် ပဲဆီ တစ်ပိဿာ(၆၅၀ဝိ/-)၊ နှမ်းဆီတစ်ပိဿာ(၇၀၀ဝိ/-)၊ စားအုန်းဆီတစ်ပိဿာ (၄၆၀ဝိ/-)၊ စားဖိုဆောင်သုံးအနေဖြင့် ငရုပ်သီးခြောက်အရှည် တစ်ပိသာ(၃၉၀ဝိ/-)၊ ငရုပ်သီးခြောက်အပု တစ်ပိဿာ(၅၀၀ဝိ/-)၊ ကြက် သွန်နီ တစ်ပိဿာ(၈၀ဝိ/-)၊ ကြက်သွန်ဖြူ(ရှမ်း/ဗမာ) တစ်ပိဿာ(၅၀၀ဝိ/-)၊ ကြက်သွန်ဖြူ(ကြူကုတ်) တစ်ပိဿာ(၅၀၀ဝိ/-)၊ နနွင်းတက်တစ်ပိဿာ(၃၅၀ဝိ/-)၊ ဂျင်း တစ်ပိဿာ (၂၆၀ဝိ/-)၊ ဆားတစ်ပိဿာ (၅၀ဝိ/-)၊ မန်ကျည်းသီးမှည့် တစ်ပိဿာ(၃၈၀ဝိ/-)၊ မြေပဲဆံ တစ်ပိဿာ (၃၂၀ဝိ/-)၊ ကုလားပဲခြမ်းတစ်ပိဿာ(၃၅၀ဝိ/-)၊ အားလူးတစ်ပိဿာ(၂၀၀ဝိ/-)၊ သကြား တစ်ပိဿာ (၂၂၀ဝိ/-)၊ အသား/ငါးအနေဖြင့် စီပီကြက်တစ်ပိဿာ(၆၀၀ဝိ/-)၊ ဗမာကြက်တစ်ပိဿာ(၁၄၀၀ဝိ/-)၊ ဝက် သားတစ်ပိဿာ(၁၄၀၀ဝိ/-)၊ အမဲသားတစ်ပိဿာ(၁၆၀၀ဝိ/-)၊ ဆိတ်သားတစ်ပိဿာ(၂၀၀၀ဝိ/-)၊ ငါးမြစ်ချင်းတစ်ပိဿာ(၄၅၀ဝိ/-)၊ ကန်စွမ်းရွက်တစ်စီး(၁၀ဝိ/-)၊ ပဲတောင့်ရှည်တစ်စီး(၂၀ဝိ/-)၊ ခရမ်းချဉ်းသီး တစ်ပိဿာ(၃၀၀ဝိ/-)၊ ဂေါ်ဖီထုတ်တစ်ထုပ်(၆၀ဝိ/-)၊ ပန်းဂေါ်ဖီတစ်ပွင့်(၇၀ဝိ/-)၊ ဘဲဥတစ်လုံး(၁၈ဝိ/-)၊ ကြက်ဥတစ်လုံး(၁၆ဝိ/-)၊ စက်သုံးဆီ အနေဖြင့် ဓါတ်ဆီတစ်ဂါလံ(၅၉၈၅/-)၊ ဒီဇယ်ဆီတစ်ဂါလံ(၅၈၉၅/-)၊ ၁၆ပဲရည် ရွှေတစ်ကျပ်သား (၁၇၈၇၀၀ဝိ/-)၊ ၁၅ပဲရည်ရွှေ တစ်ကျပ်သားလျှင် (၁၆၈၀၀၀ဝိ/-)၊ ၁၄ပဲရည်ရွှေ တစ်ကျပ်သားလျှင် (၁၆၆၀၀၀ဝိ/-)ရောင်းချလျှက်ရှိပြီး ဒီဇင်ဘာလပထမပတ်ဈေးနှုန်းနှင့်နှိုင်းယှဉ်ချက်အရ ကြက်သွန်ဖြူ (ကြူ/ကုတ်)တစ်ပိဿာလျှင် (၂၀ဝိ/-)ကျပ်၊ ခရမ်းချဉ်သီးတစ်ပိဿာလျှင်(၂၀ဝိ/-) ဈေးနှုန်း အနည်းငယ်မြင့်တက်လျှက်ရှိပြီး ခရမ်းချဉ်သီးဈေးနှုန်းမြင့်တက်ရခြင်းမှာ ပြီးခဲ့သည့်စက်တင်ဘာလ အတွင်း က မိုးရွာသွန်းမှုများပြားသည့်အတွက် ခရမ်းချဉ်ပင်များမှာ အပွင့်အကြွေများသွားသည့်အတွက် အထွက်နှုန်း ကျဆင်းခြင်းကြောင့်လည်းကောင်း၊ တောင်သူများသည် ခရမ်းချဉ်သီးစိုက်ဧကများကို လျော့ချ စိုက်ပျိုး ခဲ့ခြင်းကြောင့်လည်းကောင်း၊ သွင်းအားစုဈေးများသည် နှစ်ဆထိမြင့်တက်နေသောကြောင့်လည်းကောင်း၊ ဈေးနှုန်းများမြင့်တက်ရခြင်းဖြစ်ပါသည်။ စက်သုံးဆီအနေဖြင့် ဓါတ်ဆီတစ်ဂါလံ (၉ဝိ/-)၊ ဒီဇယ်တစ်ဂါလံ (၉ဝိ/-)နှုန်းဖြင့် ဈေးအနည်းငယ်မြင့်တက်လျှက်ရှိပြီး ၁၆ ပဲရည်ရွှေတစ်ကျပ်သားလျှင် (၂၀၀၀ဝိ/-)၊ ၁၅ ပဲရည်ရွှေတစ်ကျပ်သားလျှင် (၁၇၀၀ဝိ/-)၊ ၁၄ ပဲရည်ရွှေတစ်ကျပ်သားလျှင် (၁၇၀၀ဝိ/-)နှုန်းဖြင့် ဈေးနှုန်းများ အနည်းငယ်မြင့်တက်လျှက်ရှိပြီး ဒေါ်လာဈေးအတက်အကျပေါ်မူတည်၍ ပြောင်းလဲလျက်ရှိပါသည်။
စားဖိုဆောင်သီးနှံများကို မကွေးမြို့တစ်မြို့လုံးသို့ လက်လီ/ကား ဖြန့်ဝေပေးနေသည့် အရောင်းဆိုင်ကြီးဖြစ်သော ဦးစံကြည်ပွဲရုံ၊ ဦးထွန်းလှမောင် ပွဲရုံတို့မှလည်းကောင်း၊ အသားငါးဈေးနှုန်းများကို မကွေးမြို့ပေါ်ရှိ စည်ပင်သာယာဈေးများမှ လည်းကောင်း၊ ရွှေဈေးနှုန်းများကို ခေတ်ဆန်းရွှေဆိုင်မှ လည်းကောင်း၊ ဓါတ်ဆီ/ ဒီဇယ်ဆီဈေးနှုန်းများကို မကွေးမြို့ပေါ်ရှိ ဆယ်စုသစ်၊ Denko ဆီအရောင်း ဆိုင်များမှလည်းကောင်း၊ ဆန်ဈေးနှုန်းများကို မကွေး ကုန်စည်ဒိုင်မှလည်းကောင်း၊ စားသုံးဆီဈေးနှုန်းများကို မကွေးမြို့ပေါ် စည်ပင်သာယာဈေးများရှိ ဆီအရောင်း ဆိုင်များ၊ ဆီကုန်သည်ကြီးများအသင်းနှင့် ဆီစက်လုပ်ငန်းရှင်များ အသင်းတို့မှလည်းကောင်း နေ့စဉ်ကောက်ယူလျှက်ရှိပြီး ကိုဗစ်-၁၉ကာလအတွင်း စီးပွားရေးလုပ်ငန်းရှင်များဘက်မှ ဈေးနှုန်းမြှင့်တင်ရောင်းချမှုမရှိစေရေး၊ စားသုံးသူပြည်သူများအနေဖြင့်လည်း ဈေးနှုန်းမှန်ကန်စွာဖြင့် ဝယ်ယူစားသုံးနိုင်ရေးရည်ရွယ်၍ မကွေးတိုင်း ဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနမှ နေ့စဉ်ကုန်ဈေးနှုန်းစာရင်းများ ကောက်ယူလျက်ရှိကြောင်း သတင်းရရှိပါသည်။
စားသုံးသူရေးရာဦးစီးဌာန(မကွေးတိုင်းဒေသကြီး)

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ အောင်ပန်းမြို့၏ အောက်တိုဘာလအတွင်း ကုန်စည်စီးဆင်းမှုနှင့် ဈေးကွက်အခြေအနေ

ရှမ်းပြည်နယ်(တောင်ပိုင်း)မှ ထွက်ရှိသော ဟင်းသီးဟင်းရွက်၏ (၇၀)ရာခိုင်နှုန်းကို မြန်မာ တစ်နိုင်ငံလုံးတွင် ဖြန့်ဖြူးရောင်းချလျက်ရှိရာ အောက်တိုဘာလအတွင်းတွင် ရန်ကုန်၊ မန္တလေး၊ မော်လမြိုင်၊ နေပြည်တော်၊ ပြည် ၊ သာစည်၊ ပဲခူး၊ မုံရွာ၊ စစ်တွေ ၊ တပ်ကုန်း မြို့များသို့ ပြောင်း တစ်ပိဿာလျှင် အမြင့်ဆုံးလက်ကားဈေး (၆၅၀)ကျပ် (၁၃၇၁)တန်၊ ကြက်သွန်ဖြူ တစ်ပိဿာလျှင် (၂၈၀၀)ကျပ်ဖြင့် (၁၁၃၇)တန်၊ အာလူး တစ်ပိဿာလျှင် အမြင့်ဆုံးဈေး(၂၈၀၀)ကျပ်ဖြင့် (၂၅၆၀)တန်၊ ဂေါ်ဖီထုပ် တစ်ပိဿာလျှင် အမြင့်ဆုံးဈေး(၃၃၀)ကျပ်(၂၄၉၄)တန်၊ ပန်းမုံလာ တစ်ပိဿာလျှင် အမြင့်ဆုံးဈေး(၄၅၀)ကျပ်ဖြင့် (၈၄၅)တန်၊ ချင်း တစ်ပိဿာလျှင် အမြင့်ဆုံးဈေး(၅၅၀)ကျပ်ဖြင့် (၆၄၀)တန်၊ နနွင်း တစ်ပိဿာလျှင် အမြင့်ဆုံးဈေး(၂၅၀၀)ကျပ်ဖြင့် (၂၄၃)တန်၊ ချင်းခြောက် တစ်ပိဿာလျှင် အမြင့်ဆုံးဈေး(၂၂၀၀)ကျပ်ဖြင့် (၂၉၂)တန်၊ ရွှေပဲ တစ်ပိဿာလျှင် အမြင့်ဆုံးဈေး(၄၅၀၀)ကျပ်ဖြင့် (၃၂၇)တန်၊ မုန်ညှင်းဖြူ တစ်ပိဿာလျှင် အမြင့်ဆုံးဈေး(၁၂၀၀)ကျပ်ဖြင့် (၆၄၀)တန်၊ ခရမ်းသီး တစ်ပိဿာလျှင် အမြင့်ဆုံးဈေး(၇၅၀)ကျပ်ဖြင့် (၄၆၇)တန်၊ ခရမ်းချဉ်သီး တစ်ပိဿာလျှင် အမြင့်ဆုံးဈေး(၇၀၀) ကျပ်ဖြင့် (၃၀၂)တန်၊ မုန်လာဥနီ တစ်ပိဿာလျှင် အမြင့်ဆုံးဈေး(၈၀၀)ကျပ်ဖြင့် (၄၅၁)တန် အရောင်းအဝယ်ဖြစ်ခဲ့ပါသည်။
အောက်တိုဘာလအတွင်း ပြောင်းသီးနှံမှာ ပြောင်းသစ်ပေါ်ချိန်ဖြစ်သည့်အတွက် ဈေးကွက်သို့ ဝင်ရောက်မှုများပြီး ဈေးအနည်းငယ်ကျဆင်းခဲ့ပြီး အာလူးသီးနှံမှာ ယခုနှစ်တွင် သွင်းအားစုဈေးနှုန်းများ မြှင့်တက်လာခြင်း၊ စိုက်ပျိုးမှုနည်းပါးလာခြင်းနှင့် ပစ္စည်းပြတ်လပ်သည့် အခြေအနေတို့ကြောင့် ဈေးနှုန်းများဆက်တိုက်မြှင့်တက်ခဲ့ပါသည်။ အခြားသီးနှံများမှာ ပုံမှန်အတိုင်း အရောင်းအဝယ်ဖြစ်ခဲ့ပါသည်။ ကုန်စည်စီးဆင်းမှုအနေနဲ့ကတော့ ကုန်စုံကားကြီး၊ ကားငယ်များဖြင့် နေ့စဉ် ဒေသစုံသို့ စီးဆင်းခဲ့ကြောင်း အောင်ပန်းဈေးကွက်မှ သတင်းရရှိခဲ့ပါသည်။
စားသုံးသူရေးရာဦးစီးဌာန(ရှမ်းပြည်နယ်)

တာချီလိတ်ကုန်သွယ်ရေးစခန်းနှင့် ကျိုင်းတုံ ပို့ကုန်/သွင်းကုန်ရုံး၏ အောက်တိုဘာလအတွင်း ကုန်သွယ်မှု အခြေအနေ

တာချီလိတ်ကုန်သွယ်ရေးစခန်းနှင့် ကျိုင်းတုံ ပို့ကုန်/သွင်းကုန်ရုံး၏ ၂၀၂၁ခုနှစ် အောက်တိုဘာလအတွင်း ကုန်သွယ်မှုအနေဖြင့် တာချီလိတ်နယ်စပ်(မယ်ယန်း) ကုန်သွယ်ရေးစခန်းမှတဆင့် ကြက်သွန်ဖြူ၊ လက်ဖက်ခြောက်၊ တံမြက်စည်း၊ ကော်ဖီစေ့၊ ထောပတ်သီး၊ နှမ်းမည်းစေ့၊ ဆန်၊ ကြက်သွန်နီ၊ ဘူးခွံ၊ ပလက်စတစ်ပုလင်း၊ ကတ်ထူပြား၊ ပျဉ်ပြား၊ ကျွန်းသစ်များ၊ သစ်ခွဲသားများ၊ ဒီဇယ်ဆီ၊ မော်တာဓာတ်ဆီ၊ ဘိလပ်မြေ၊ အဝတ်လျှော်ဆပ်ပြာမှုန့်၊ အချိုမှုန့်၊ မီးအုတ်၊ နေကြာစေ့၊ သံချောင်း၊ Tolite Tissue paper ၊ ပဲပုတ်၊ Activated Carbon ၊ ကွန်ကရစ်သွပ်မိုး၊ကြွေထည်ပစ္စည်း၊ ဖိုင်ဘာဘုတ်ပြား၊ သန့်စင်ပြီးပဲပုပ်ဆီ၊ Two Wheels ထွန်စက်၊ ကွန်ကရစ်တိုင် စသည့်ပစ္စည်းများ တင်သွင်းခဲ့ပါသည်။ ကျိုင်းတုံမြို့မှ သွင်းကုန်များအနေဖြင့် ဆီစိမ်စက္ကူ၊ သစ်တော်သီး၊ ပန်းသီး၊ ရေမြှုပ်၊ ဘက်ထရီ၊ LED video wall နှင့် ဆက်စပ်ပစ္စည်းများ၊ ကောဖတ်ပြား၊ မီးဖိုချောင်သုံး အလေးချိန်စက်၊ ကလေးဝတ်အနွေးဦးထုပ်၊ Monosodium Glutamate ပါဝင်သော အစားအစာများ၊ PVC တံခါး၊ မှန်ချပ်၊ PVC ပိုက်၊ အောက်ဆီဂျင်စက်အစုံ စသည့်ပစ္စည်းများဖြစ်ပြီး နှမ်းမည်းစေ့ တန် (၆၀) အား တင်ပို့နိုင်ခဲပါသည်။
၂၀၂၁ခုနှစ် အောက်တိုဘာလအတွင်း ကျိုင်းတုံ ပို့ကုန်/သွင်းကုန်ရုံးနှင့် တာချီလိတ်ကုန်သွယ်ရေးစခန်း(မယ်ယန်း) ပို့ကုန်/သွင်းကုန်ရုံးတို့၏ ကုန်သွယ်မှုပမာဏသည် ယခင်လထက် လျော့နည်းခဲ့ကြောင်း တာချီလိတ်ကုန်သွယ်ရေးစခန်းမှ သတင်းရရှိပါသည်။
စားသုံးသူရေးရာဦးစီးဌာန(ရှမ်းပြည်နယ်)

နယ်စပ်ကုန်သွယ်ရေးစခန်း မူဆယ်(၁၀၅)မိုင်၏ ဇွန်လ၊ ပထမပတ် ကုန်သွယ်မှုအခြေအနေ

          စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် ကုန်သွယ်မှုဖြင့် တိုင်းပြည်စီးပွားရေးဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်လျက်ရှိသည့်အားလျော်စွာ ပို့ကုန်ပမာဏတိုးမြှင့်တင်ပို့နိုင်ရေးနှင့် ပို့ကုန်အမယ်သစ်များ ရှာဖွေတင်ပို့နိုင်ရေးတို့ကို ဆောင်ရွက်လျက်ရှိပါသည်။ နယ်စပ်ကုန်သွယ်ရေးပိုင်းတွင် ရှမ်းပြည်နယ်အနေဖြင့် ရှမ်းပြည်နယ်(မြောက်ပိုင်း) မူဆယ်(၁၀၅)မိုင်နှင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း)တာချီလိတ်နယ်စပ်တို့တွင် ကုန်သွယ်မှုများစွာ လုပ်ဆောင်လျက်ရှိရာ ရှမ်းပြည်နယ်(မြောက်ပိုင်း)နယ်စပ် ကုန်သွယ်ရေးစခန်း မူဆယ်(၁၀၅)မိုင်၏ ဇွန်လပထမပတ်အတွင်း ကုန်သွယ်မှုအခြေအနေများမှာ ဖရဲသီး တစ်ပိဿာလျှင် အနိမ့်ဆုံးဈေး ၄၀၅ ကျပ်မှ အမြင့်ဆုံးဈေး ၂၀၂၄၅ ကျပ်ဖြင့် တန်ချိန်ပေါင်း (၆၈၉၄)တန် ကိုလည်းကောင်း၊ သရက်သီး တစ်ပိဿာလျှင် ၄၀၅ ကျပ်မှ ၂၂၂၇ ကျပ်ဖြင့် တန်ချိန်ပေါင်း (၂၆၄၃) တန် ကိုလည်းကောင်း၊ ဆန် တစ်တင်းလျှင် ၁၉၄၀၇ ကျပ်မှ ၁၉၇၄၅ ကျပ်ဖြင့် တန်ချိန်ပေါင်း (၆၉)တန်ကိုလည်းကောင်း၊ ပဲတီစိမ်းတစ်တင်းလျှင် ၃၄၁၀၉ကျပ်မှ ၃၆၇၃၄ကျပ်ဖြင့် တန်ချိန်ပေါင်း (၆၈၄၁.၂) တန် ကိုလည်းကောင်း၊ ဆန်ကွဲတစ်တင်းလျှင် ၁၄၅၁၈ ကျပ်မှ ၁၉၉၁၄ကျပ်ဖြင့် တန်ချိန်ပေါင်း (၄၂၅၆.၅)တန် တင်ပို့နိုင်ခဲ့ပါသည်။   

          မြေပဲဆံတစ်တင်းလျှင် ၃၆၈၃၃ကျပ်မှ ၄၀၅၁၈ကျပ်ဖြင့် (၁၀၃၈.၅)တန်ကိုလည်းကောင်း ပဲယင်းတစ်တင်း လျှင် ၂၃၆၁၇ကျပ်မှ ၂၂၆၂၄၂ကျပ်ဖြင့် (၅၀၈.၅)တန်ကိုလည်းကောင်း၊ ပဲကြီးတစ်တင်းလျှင် ၂၄၈၅၅ကျပ်မှ ၂၆၈၇၉ ကျပ်ဖြင့် (၃၃)တန်ကိုလည်းကောင်း၊ သကြားတစ်ပိဿာ ၁၄၁၇ကျပ်မှ ၁၄၂၉ကျပ်ဖြင့် (၆၈.၅)တန်ကိုလည်းကောင်း၊ မတ်ပဲတစ်တင်းလျှင် ၃၄၁၀၉ကျပ်မှ ၃၆၇၃၄ကျပ်ဖြင့် (၃၂)တန်ကိုလည်းကောင်း၊ ပဲပုပ်စေ့တစ်တင်းလျှင် ၂၁၈၄၃ကျပ်မှ ၂၃၈၂၃ကျပ်ဖြင့် (၁၃၄)တန်ကိုလည်းကောင်း၊ ကြက်သွန်နီ တစ်ပိဿာ ၅၈၈ ကျပ်မှ ၇၀၀ကျပ်ဖြင့် (၂၃၀၉.၄)တန်ကိုလည်းကောင်း၊ နှမ်းတစ်တင်းလျှင် ၄၅၄၄၂ကျပ်မှ ၄၇၂၃၀ကျပ်ဖြင့် (၁၀၈၀.၁)တန်ကိုလည်းကောင်း၊ ပဲနီကြားတစ်တင်းလျှင် ၂၀၉၉၂ကျပ်မှ ၂၆၂၄၂ကျပ်ဖြင့် (၁၇၅)တန်ကို လည်းကောင်း တင်ပို့နိုင်ခဲ့ပါသည်။ ထောပတ်ပဲတစ်တင်းလျှင် ၂၈၈၆၀ကျပ်မှ ၃၄၁၀၉ကျပ်ဖြင့် (၆၇)တန်ကို လည်းကောင်း၊ ပဲလွန်းဖြူတစ်တင်းလျှင် ၂၀၉၉၂ကျပ်မှ ၂၃၆၁၇ကျပ်ဖြင့် (၁၃၇)တန်ကိုလည်းကောင်း၊ ပဲတီစိမ်းခြမ်းတစ်တင်းလျှင် ၄၉၈၅၁ကျပ်မှ ၅၅၁၀၁ကျပ်ဖြင့် အသီးသီးတင်ပို့နိုင်ခဲ့ပြီး ယခုတစ်ပတ်မှာ ကျွဲ၊ နွား၊ ဆိတ်များကိုတော့ တိရစ္ဆာန် ကျန်းမာရေးစခန်း(AQC)တွင် ယာယီထိန်းသိမ်းထားရှိနေတာဖြစ်လို့ အရောင်းအဝယ် မရှိဘဲ မူဆယ်မြို့တွင်းရှိ ဆိတ်ခြံ(၇)ခြံတွင် ဆိတ်လက်ကျန်အနေဖြင့် (၆၃၅၀)ကောင်ရှိနေကြောင်း သတင်းရရှိပါတယ်။

ရှမ်းပြည်နယ်(DOCA)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း