ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

မော်လမြိုင်မြို့တွင် ဖြစ်ပေါ်နေသော အခြေခံစားကုန်ဈေးနှုန်းများ

      မော်လမြိုင်မြို့၏ ဇူလိုင်လ တတိယပတ်တွင် ဖြစ်ပေါ်နေသော အခြေခံစားကုန်ဈေးနှုန်း များမှာ ပေါ်ဆန်း (စပါး) တင်း (၁၀၀) လျှင် (၈၃၀၀၀၀) ကျပ်၊ ပေါ်ဆန်း (ဆန်) ၂၄ ပြည်ပါ တစ်အိတ်လျှင် (၃၆၀၀၀) ကျပ်၊ ဧည့်မထ (စပါး) တင်း (၁၀၀) (၅၃၀၀၀၀) ကျပ်၊ ဧည့်မထ (ဆန်) ၂၄ ပြည်ပါ တစ်အိတ် (၂၇၀၀၀) ကျပ်၊ စားအုန်းဆီ တစ်ပိဿာ (၂၀၀၀) ကျပ်၊ မြေပဲဆီ တစ်ပိဿာ (၈၀၀၀) ကျပ်၊ ကြက်သွန်နီ တစ်ပိဿာ (၈၀၀) ကျပ်၊ ကြက်သွန်ဖြူ (ရှမ်း) တစ်ပိဿာ (၄၀၀၀) ကျပ်၊ ကြက်သွန်ဖြူ (ကြူဂုတ်) တစ်ပိဿာ (၂၅၀၀) ကျပ်၊ မန်ကျည်းမှည့် တစ်ပိဿာ (၄၀၀၀) ကျပ်၊ ငရုတ်ခြောက် တစ်ပိဿာ (၆၀၀၀) ကျပ် ၊ ပဲနီလေး (မြန်မာ) တစ်ပိဿာ (၆၀၀၀) ကျပ်၊ ကုလားပဲခြမ်း တစ်ပိဿာ (၃၀၀၀) ကျပ်၊ မြေပဲဆံ တစ်ပိဿာ (၃၀၀၀) ကျပ်၊ မွေးမြူရေးကြက်သားတစ်ပိဿာ (၈၀၀၀) ကျပ်၊ ဝက်သား တစ်ပိဿာ (၁၀၀၀၀) ကျပ်၊ ဆိတ်သားတစ်ပိဿာ (၂၅၀၀၀) ကျပ်၊ အမဲသားတစ်ပိဿာ (၁၂၀၀၀) ကျပ်၊ ငါးကြင်း တစ်ပိဿာ (၉၅၀၀) ကျပ်၊ ငါးမြစ်ချင်း တစ်ပိဿာ (၆၀၀၀) ကျပ်၊ ကြက်ဥ/ဘဲဥ တစ်လုံးလျှင် (၁၅၀/၂၂၀) ကျပ်၊ ရာဘာ RSS 3 တစ်ပေါင်လျှင် (၆၅၀) ကျပ်၊ ရွှေ ၁၆’ (၁၂၈၀၀၀၀) ကျပ်၊ ရွှေ ၁၅’ (၁၁၆၀၀၀၀) ကျပ်၊ ရွှေ ၁၄’ (၁၀၈၀၀၀၀) ကျပ်၊ ဓာတ်ဆီ တစ်ဂါလံ (၃၀၁၅) ကျပ်၊ ဒီဇယ် တစ်ဂါလံ (၂၇၄၅) ကျပ် ဖြစ်ပေါ်လျှက်ရှိကြောင်း သိရှိရသည်။

မွန်ပြည်နယ်

စားသုံးသူရေးရာဌာန

သထုံမြို့၏ စပါး၊ ဆန် ဈေးနှုန်းနှင့် စီးဝင်စီးထွက်မှု အခြေအနေ

        ဇွန်လ တတိယပတ်အတွင်း သထုံမြို့၏ ၄၆ ပေါင်ကိုက် စပါးတင်း ၁၀၀ ဈေးနှုန်းမှာ ဧည့်မထ ကျပ် (၆၄၀၀၀၀)၊ ပေါ်ဆန်း ကျပ် (၉၃၀၀၀၀) ဖြစ်ပြီး ၂၄ ပြည်ပါ ဆန်တစ်အိတ် ဈေးနှုန်းမှာ ဧည့်မထ ကျပ် (၂၄၅၀၀) နှင့် ပေါ်ဆန်း ကျပ် (၃၅၀၀၀) ဖြစ်ရာ ယခင် COVID-19 ကာလမတိုင်မီ မတ်လ ပထမပတ်နှင့် နှိုင်းယှဉ်လျှင် ဧည့်မထစပါးဈေးနှုန်းမှာ ကျပ် (၈၀၀၀၀) ခန့်၊ ပေါ်ဆန်းစပါးဈေးမှာ (၁၀၀၀၀၀) ကျပ်ခန့် ဈေးနှုန်းမြင့်တက်ပြီး ဆန်ဈေးနှုန်းမှာ ဧည့်မထ ကျပ် (၂၅၀၀) ခန့်၊ ပေါ်ဆန်း ကျပ် (၅၅၀၀) ခန့် ဈေးနှုန်းမြင့်တက်ကြောင်း သိရှိရသည်။

          စီးဝင်/စီးထွက်မှု အခြေအနေမှာ အခြားတိုင်းဒေသကြီးများမှ ဆန်ဝင်ရောက်မှုမှာ တစ်နေ့လျှင် ပေါ်ဆန်းဆန်အိတ် (၃၀၀) ခန့်ရှိပြီး သထုံမှ ဘားအံသို့ ဧည့်မထဆန်အိတ် (၄၀၀) ခန့် ထွက်ရှိကြောင်း သိရှိရပါသည်။

မွန်ပြည်နယ်

စားသုံးသူရေးရာဦးစီးဌာန

မွန်ပြည်နယ် ရော်ဘာစိုက်ပျိုးထုတ်လုပ်သူများအသင်း လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

       မွန်ပြည်နယ်အတွင်းရှိ ရော်ဘာစိုက်ပျိုးထုတ်လုပ်သူများအား မြန်မာ့သြဘာကုမ္ပဏီမှ (၄)လဆိုင်းစနစ်ဖြင့် မြေသြဇာများရောင်းချဖြန့်ဖြူးနိုင်ရေးညှိနှိုင်းအစည်းအဝေးကို မွန်ပြည်နယ် စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးရုံး အစည်းအဝေးခန်းမ၌ (၅.၆.၂၀၂၀)ရက်နေ့ နေ့လည်(၁၃:၀၀)နာရီ အချိန်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးသို့ စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးခင်အောင်သွင်၊ မော်လမြိုင်ကုန်စည်ဒိုင် ဥက္ကဌ ဦးအောင်မျိုးဦး၊ မွန်ပြည်နယ်ရော်ဘာ စိုက်ပျိုးထုတ်လုပ်သူများအသင်း ဒု-ဥက္ကဌ(၂) ဦးဘုန်းမြင့်၊ တွဲဖက်အတွင်းရေးမှူး(၁) ဦးသက်ဦး၊ မော်လမြိုင်နည်းပညာတက္ကသိုလ်မှ ရွှေဇီဝမြေသြဇာ ထုတ်လုပ်ရေးတာဝန်ခံ ဒေါက်တာခင်ဆွေအေး၊ (NEI)မှ အုပ်ချုပ်မှုဒါရိုက်တာ ဒေါ်ရည်မွန်ဆုနှင့် ရော်ဘာစိုက်ပျိုးထုတ်လုပ်သူအသင်း၏ မြို့နယ်အမှုဆောင်များတက်ရောက်ခဲ့ကြပါသည်။

       ဆွေးနွေးပွဲ၌ ဒု-ဥက္ကဌ(၂) ဦးဘုန်းမြင့်က မြေသြဇာများကို ၂၀၂၀ဇူလိုင်လကုန်တွင် ရောင်းချပေးမည်ဖြစ်ပြီး (သြဂုတ်လ၊စက်တင်ဘာလ၊အောက်တိုဘာလ၊နိုဝင်ဘာလ)(၄)လဆိုင်း ပြီး၂၀၂၀နိုဝင်ဘာလကုန်မှ ငွေပြန်လည်ပေးဆပ်ရမှုအား အတိုးမဲ့ဖြင့် ကုန်စည်ဒိုင်မှတာဝန်ခံ ဆောင်ရွက်၍  ရော်ဘာအပင်ကြီးတွင်ထည့်သည့် (၁၃:၁၉:၂၀)တစ်အိတ်လျှင်(၃၃၇၀၀)ကျပ်၊ ရော်ဘာအပင်သေးတွင်ထည့်သည့် (၁၆:၁၀:၅)တစ်အိတ်လျှင် (၂၂၂၀၀)ကျပ်၊ အသုံးပြုများသည့် (၁၅:၁၅:၁၅)တစ်အိတ်လျှင် (၄၁၆၀၀)ကျပ်တို့ဖြင့် ဖြန့်ဖြူးရောင်းချပေးမည့်အခြေအနေများကို ရှင်းလင်းဆွေးနွေးခဲ့ပြီး ဆက်လက်၍ မော်လမြိုင်နည်းပညာတက္ကသိုလ်မှ ရွှေဇီဝမြေသြဇာ ထုတ်လုပ်ရေးတာဝန်ခံ ဒေါက်တာခင်ဆွေအေးမှလည်း အနုဇီဝဆေးရည်နှင့် ဆေးမှုန့်များ အကြောင်းရှင်းလင်းဆွေးနွေးခဲ့ပြီး ပြည်နယ်ဦးစီးမှူးမှ လိုအပ်သည်များကိုဖြည့်စွက် အကြံပြုပေးခဲ့ကြောင်း သတင်းရရှိပါသည်။

မွန်ပြည်နယ်

စားသုံးသူရေးရာဦးစီးဌာန

စျေးပြန်ကောင်းလာသည့် ရှမ်းအစေ့ထုတ်ပြောင်း

       ရှမ်းပြည်နယ်(တောင်ပိုင်း)မှာတော့ ၂ဝ၁၉/၂ဝ၂ဝခုနှစ်ထွက် မိုးအစေ့ထုတ်ပြောင်းများပေါ်ခါစက တစ်ပိသာကို ငွေကျပ် ၂၂ဝမှ ၂၅ဝရှိခဲ့ပေမယ်လို့ မေလဆန်းမှာတော့ ပြောင်းစျေး တဖြည်းဖြည်း စျေးပြန်ကောင်းလာခဲ့ရာမှ ယခုဇွန်လဆန်းမှာတော့ ငွေကျပ် ၄၇ဝမှ ၄၉ဝကျပ်ထိရှိလာခဲ့ပါတယ်။ ပြောင်းစိုက်တောင်သူတွေရဲ့လက်ထဲမှာတော့ ပြောင်းဖူးစေ့လက်ကျန်မရှိသလောက်နည်းသွားပြီး၊ကုန်သည် တွေရဲ့လက်ထဲမှာတော့ စုစုပေါင်းပြောင်းဖူးစေ့ပိုလှျံမှုရဲ့ လေးပုံတစ်ပုံလောက်တော့ ကျန်ရှိနေပါသေးတယ်။ ယခင်နှစ်ကာလတူနဲ့ပြောင်းစျေးနှုန်းကို နှိုင်းယှဉ်မယ်ဆိုရင်တော့ ယခင်နှစ်ကပြောင်း တစ်ပိသာငွေကျပ် ၃၅ဝမှ ၃၆ဝထိသာရှိခဲ့ပါတယ်။ ပြောင်းပေါ်ခါစတုန်းက ဒေသတွင်းအခြောက်ခံ စက်ရုံများ၊ တောင်လေးလုံးရှိ မြနဒီပြောင်းအခြောက်ခံစက်ရုံ၊ အေးသာယာမြို့ရှိဃဏ  အခြောက်ခံ စက်ရုံများမှာ CP ကုမ္ပဏီနှင့် တက်ချောင် အစာစပ်စက်ရုံများမှ ပြောင်းဖူးစေ့တွေကို မန္တလေးမြို့နှင့် ရန်ကုန်မြို့ရှိ အစာစပ်စက်ရုံများ၊ ဒေသတွင်းရှိမွေးမြူရေးလုပ်ငန်းများမှ ပြောင်းဖူးစေ့ကို ဝယ်ယူ ကြပါတယ်။ ပြည်ပတင်ပို့မှုအနေဖြင့် မူဆယ်နယ်စပ် ကုန်သွယ်ရေးစခန်းမှ တရုတ်နိုင်ငံသို့ Quota စနစ်ဖြင့်ရောင်းချခဲ့ကြပြီး၊ ကရင်ပြည်နယ်မြဝတီနယ်စပ် ကုန်သွယ်ရေးစခန်းနှင့် ရှမ်းပြည်နယ် အရှေ့ပိုင်း တာချီလိတ်မြို့နယ်(မယ်ယန်း)ကုန်သွယ်ရေးစခန်းများမှ ထိုင်းနိုင်ငံသို့လည်းကောင်း၊ ပင်လယ်ရေကြောင်းမှလည်း ပြည်ပနိုင်ငံများသို့တင်ပို့ခဲ့တယ်လို့ ပြောင်းစျေးကွက်ကတဆင့်သိရပါတယ်။

ရှမ်းပြည်နယ်(တောင်ကြီး)

စားသုံးသူရေးရာဦးစီးဌာန

သထုံမြို့၏ စပါး၊ ဆန်ဈေးနှုန်းနှင့် စီးဝင်စီးထွက်မှုအခြေအနေ

          ၂၀၂၀ ပြည့်နှစ် မတ်လ နောက်ဆုံးပတ်အတွင်း သထုံမြို့၏ ၄၆ ပေါင်ကိုက် စပါးတင်း ၁၀၀ ဈေးနှုန်းမှာ ဧည့်မထ ကျပ် (၅၆၀၀၀၀)၊ ပေါ်ဆန်း ကျပ် (၈၃၀၀၀၀) ဖြစ်ပြီး ၂၄ ပြည်ပါ ဆန်တစ်အိတ်ဈေးနှုန်းမှာ ဧည့်မထ ကျပ် (၂၂၀၀၀) နှင့် ပေါ်ဆန်း ကျပ် (၂၉၅၀၀) ဖြစ်ရာ မတ်လ ပထမ ပတ်နှင့် နှိုင်းယှဉ်လျှင် ဧည့်မထစပါးဈေးမှာ ကျပ် (၁၀၀၀၀) ခန့်၊ ပေါ်ဆန်းစပါးဈေးမှာ ကျပ် (၇၀၀၀၀) ခန့် ဈေးနှုန်း မြင့်တက်ပြီး ဆန်ဈေးနှုန်းမှာ ဧည့်မထ ကျပ် (၅၀၀) ခန့်၊ ပေါ်ဆန်း ကျပ် (၂၀၀၀) ခန့် ဈေးနှုန်း မြင့်တက်ကြောင်း သိရှိရသည်။

          စီးဝင်/စီးထွက်မှုအခြေအနေမှာ ရွှေဘို၊ ပဲခူး၊ ဧရာဝတီတိုင်းတို့မှ ဆန်ဝင်ရောက်မှုမှာ တစ်နေ့လျှင် အိတ် (၆၀၀/၇၀၀) ခန့်ရှိပြီး သထုံမှ ဘားအံသို့ တစ်နေ့လျှင် အိတ် (၂၅၀/၃၀၀) ခန့် ထွက်ရှိရာ ဆန်ဝင်ရောက်မှုမှာ ယခင်အပတ်များထက် အိတ် (၁၀၀) ခန့် လျော့နည်းသွားကြောင်း သိရှိရပါသည်။

မွန်ပြည်နယ်

စားသုံးသူရေးရာဦးစီးဌာန

သထုံမြို့နယ်အတွင်း စားသုံးရုံသာမက အခြားမြို့နယ်များသို့ပါ တင်ပို့ရောင်းချလျှက်ရှိသည့် သထုံဒူးရင်း

        သထုံမြို့နယ်၌ မျိုးကောင်းသည့် ကိုင်းကူးဒူးရင်းများကို မြို့နယ်အတွင်းရှိ ကျိုက္ကော်၊ နောင်ဘို၊ နောင်ကုလား စသည့် ကျေးရွာ ဥယျာဉ်ခြံမြေများတွင် စိုက်ပျိုးလျှက်ရှိကြောင်း သိရှိရသည်။ ဒူးရင်းသီးများသည် မိုးရာသီဝါဆိုလပတ်ဝန်းကျင်တွင် လှိုင်လှိုင်ပေါ်ပြီး ယခုအချိန်တွင် သထုံမြို့မဈေးတွင် ဒူးရင်းသီးတစ်လုံးလျှင် (၃၀၀၀) ကျပ်မှ (၁၅၀၀၀) ကျပ်တန်အထိ အရွယ် အစားအလိုက် ဈေးနှုန်းအမျိုးမျိုးရှိကြကြောင်း၊ တစ်ရက်လျှင် အလုံးရေ (၁၀၀) မှ (၁၅၀) ထိ ဒေသတွင်း စားသုံးသူများသို့ ရောင်းချလျှက်ရှိပြီး ယခင်နှစ်ဈေးနှုန်းများကဲ့သို့ပင် ယခုပေါ်ဦပေါ်စရာသီတွင် တစ်ကီလို (၄၀၀၀) ကျပ်နှုန်းရှိကြောင်းသိရှိရပြီး ရန်ကုန်မြို့ဘက်မှလည်း မှာယူကြ၍ တင်ပို့နေရကြောင်း သထုံမြို့မဈေးရှိ ဒေါ်စိန်မြင့် သစ်သီးဆိုင်မှ ပြောပြချက်အရ သိရှိရ ပါသည်။

မွန်ပြည်နယ်

စားသုံးသူရေးရာဦးစီးဌာန

လွိုင်ကော်တွင်စက်သုံးဆီဈေးနှုန်းကျဆင်းလျက်ရှိ

    ကယားပြည်နယ်၊ လွိုင်ကော်မြို့အတွင်း စက်သုံးဆီဈေးနှုန်းမှာ ဖေဖော်ဝါရီလ (၁၉) ရက် နေ့တွင် ဓါတ်ဆီ(ရိုးရိုး)တစ်ဂါလံလျှင်(၃၇၆၀)ကျပ်၊ ဒီဇယ်(ရိုးရိုး)တစ်ဂါလံလျှင် (၃၈၆၀) ကျပ် ဖြင့်ရောင်းချလျှက်ရှိပြီး၊ မတ် လ(၁၉)ရက်နေ့တွင် ဓါတ်ဆီ(ရိုးရိုး) တစ်ဂါလံလျှင် (၂၇၀၀) ကျပ်၊ ဒီဇယ် (ရိုးရိုး) တစ်ဂါလံလျှင်(၂၉၀၀)ကျပ်ဖြင့်ရောင်းချလျှက်ရှိရာ ယခင်လနှင့်ယခုလ နှိုင်းယှဉ် မည်ဆိုလျှင်ဓါတ်ဆီ(ရိုးရိုး)(၁၀၆၀)ကျပ်၊ ဒီဇယ်(ရိုးရိုး)(၉၆၀)ကျပ် ဈေးနှုန်း ကျဆင်းလျှက်ရှိ ကြောင်း ပြည်နယ်အတွင်းရှိ တော်ဝင်စက်သုံးဆီဆိုင်များမှ သိရှိရပါသည်။

ကယားပြည်နယ်

စားသုံးသူရေးရာဦးစီးဌာန

ကယားပြည်နယ်မှ ထိုင်းနိုင်ငံသို့ ကုန်စည်များတင်ပို့မှုနှင့်တင်သွင်းမှုအခြေအနေများ

၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီလ ၇ ရက်နေ့အတွင်း မယ်စဲ့နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းဖြစ်သော ကယားပြည်နယ်၊ လွိုင်ကော်မြို့မှ ထိုင်းနိုင်ငံ၊ မယ်ဟောင်ဆောင်သို့ ကုန်ပစ္စည်းတင်ပို့မှုမှာ အမေရိကန်ဒေါ်လာ ၂၄၈၄၀ တန်ဖိုးရှိ ငရုတ်သီးခြောက် ၈ ဒဿမ ၉၈ တန် တင်ပို့နိုင်ခဲ့ပြီး ထိုင်းနိုင်ငံ၊ မယ်ဟောင်ဆောင်ဘက်မှ တဆင့်ပြန်လည်တင်သွင်းမှုများမှာ အမေရိကန်ဒေါ် လာ ၁၂၀၀၀ တန်ဖိုးရှိ ဟင်းချိုမှုန့် ၉ ဒဿမ ၉၈ တန်သွင်းလာပါကြောင်း မယ်စဲ့နယ်စပ်ကုန် သွယ်ရေးစခန်းစာရင်းများအရ သိရှိရပါသည်။

ကယားပြည်နယ်
စားသုံးသူရေးရာဦးစီးဌာန

လွိုင်ကော် စပါး ဈေးနှုန်း အနည်းငယ်ကျဆင်းပြီး ဆန် ဈေးနှုန်း တည်ငြိမ်နေ

      လွိုင်ကော်မြို့၌ ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီလ ပထမပတ်တွင် စပါးဈေးနှုန်းမှာ ဧည့်မထ စပါး ၄၆ ပေါင် တင်း(၁၀၀)လျှင် ငွေကျပ် ၇၅၄၀၀၀/- ဖြစ်ပြီး တတိယပတ်တွင် ၇၄၁၅၀၀/- ကျပ် သို့ ကျဆင်းသွားပြီး ပြည်နယ်အတွင်း အရောင်းအဝယ် အေးနေကြောင်း စက်ပိုင်ရှင်တစ်ဦးထံမှ သိရှိရပါသည်။ ဧည့်မထ(ဒေသ) ရွှေရင်အေး(၁) ဆန်ဈေးနှုန်း မှာဖေဖော်ဝါရီလပထမပတ်တွင် တစ်အိတ်လျှင် ( ၃၅၀၀၀ )ကျပ်၊ တစ်ပြည်လျှင် (၁၆၀၀)ကျပ် ဖြစ်ပြီး ယနေ့ထိဆန်ဈေးနှုန်း တည်ငြိမ်နေကြောင်း သိရပါသည်။

ကယားပြည်နယ်

စားသုံးသူရေးရာဦးစီးဌာန

လွိုင်ကော်မြို့တွင် ကြက်သွန်(နီ/ဖြူ) ဈေးနှုန်းအနည်းငယ်ကျဆင်း

         ကယားပြည်နယ်အတွင်း ၂၀၂၀ ပြည့်နှစ် ဖော်ဖော်ဝါရီလ ပထမပတ်တွင်  ကြက်သွန်နီ တစ်ပိဿာလျှင် ၂၂၀၀ (ကျပ်) မှ တတိယပတ်တွင် ၂၀၀၀ (ကျပ်) ကျဆင်းသွားကြောင်း၊ ကြက်သွန်(ဖြူ) တစ်ပိဿာလျှင် ဖေဖော်ဝါရီ ပထမပတ်၌ ၅၀၀၀ (ကျပ်) မှ တတိယပတ်တွင်  (၄၅၀၀)ကျပ် ကျဆင်းသွားကြောင်းနှင့်  ကြက်သွန်ဈေးနှုန်းကျဆင်းရခြင်းမှာ ပြည်နယ်အတွင်း ကြက်သွန်(နီ/ဖြူ) အသစ်များ အနည်းငယ်ပေါ်သောကြောင့်ဖြစ်ကြောင်း ကုန်သည်တစ်ဦး ထံမှသိရှိရပါသည်။

ကယားပြည်နယ်
စားသုံးသူရေးရာဦးစီးဌာန

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း