ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

အောင်လံကုန်စည်ဒိုင်၏ သီးနှံရောင်းဝယ်ဖြစ်မှု အခြေအနေ

 ‌  အောင်လံကုန်စည်ဒိုင်တွင် နှမ်းဈေးကွက်အနေဖြင့် ယခင်အပတ်(၈.၉.၂၀၂၂)နှင့် ယခုအပတ် (၁၄.၉.၂၀၂၂)ရက်နေ့အတွင်း နှမ်းဖြူ (၄၅)ပိဿာတစ်အိတ်လျှင် ယခင်အပတ် (၂၅၀၀၀ဝိ/-) ယခုအပတ်(၂၈၀၀၀ဝိ/-)ဖြစ်၍ (၃၀၀၀ဝိ/-)ဈေးမြင့်၊ နှမ်းနီ ယခင်အပတ် (၂၄၅၀၀ဝိ/-)ယခုအပတ် (၂၅၀၀၀ဝိ/-)ဖြစ်၍ (၅၀၀ဝိ/-)ဈေးမြင့်၊နှမ်းနက်(စမုံ) ယခင်အပတ် (၂၈၀၀၀ဝိ/-)ယခုအပတ် (၂၉၀၀၀ဝိ/-)ဖြစ်၍ (၁၀၀၀ဝိ/-)ဈေးမြင့်၊ နှမ်းပြာယခင်အပတ်(၂၄၅၀၀ဝိ/-) ယခုအပတ် (၂၅၀၀၀ဝိ/-)ဖြစ်၍ (၅၀၀ဝိ /-) အသီးသီးဈေးနှုန်းမြင့်ခဲ့ကြောင်း သိရှိရပါသည်။

   ပဲမျိုးစုံစျေးကွက်တွင် ပဲတီစိမ်း (၂၀)ပိဿာတစ်တင်းလျှင် ယခင်အပတ်(၅၁၀၀ဝိ/-) ယခုအပတ် (၅၁၀၀ဝိ/-)  ၊ကုလားပဲ(HL) ယခင်အပတ်(၆၇၀၀ဝိ/-) ယခုအပတ် (၆၇၀၀ဝိ/-) ၊ ကုလားပဲ(မြကြေး) ယခင်အပတ်(၆၆၀၀ဝိ/-) ယခုအပတ် (၆၆၀၀ဝိ/-) တို့မှာဈေးနှုန်း ပြောင်းလဲ မှုမရှိဘဲ မတ်ပဲ ယခင်အပတ်(၆၄၀၀ဝိ/-) ယခုအပတ် (၆၅၀၀ဝိ/-) ဖြစ်၍ (၁၀၀ဝိ/-) ဈေးမြင့်တက်ခဲ့ပြီး၊ ပဲကြီး ယခင်အပတ်(၈၀၀၀ဝိ/-) ယခုအပတ်(၈၃၀၀ဝိ/-) ဖြစ်၍(၃၀၀ဝိ/-) ဈေးမြင့်ခဲ့ပါသည်။ ပဲစဉ်းငုံနီ ယခင်အပတ်(၆၅၀၀ဝိ/-)ယခုအပတ်(၆၄၀၀ဝိ/-) ဖြစ်၍ (၁၀၀ဝိ/-) ဈေးလျော့နည်းခဲ့ပြီး၊ မြေပဲလုံးဆံ(ဖြူ) တစ်ပိဿာလျှင် ယခင်အပတ်(၆၃၀ဝိ/-) ယခုအပတ် (၆၀၀ဝိ/-) ဖြစ်၍ (၃၀ဝိ/-) ဈေးလျော့နည်းခဲ့ပြီး၊ မြေပဲလုံးဆံ(နီ) ယခင်အပတ်(၆၄၀ဝိ/-)ယခုအပတ် (၆၁၀ဝိ/-) ဖြစ်၍ (၃၀ဝိ/-) ဈေးလျော့နည်းခဲ့ပြီး၊ မြေပဲတောင့်(စို) တစ်တင်း ယခင် အပတ်(၂၅၀၀ဝိ/-) ယခုအပတ် (၂၃၀၀ဝိ/-) ဖြစ်၍ (၂၀၀ဝိ/-) အသီးသီးဈေးနှုန်းများလျော့နည်းခဲ့ပြီး  အရောင်းအဝယ် ပမာဏအနေဖြင့် နှမ်းဖြူ(၃၈၀)အိတ်၊ နှမ်းနီ(၄၃၀)အိတ်၊ နှမ်းပြာ(၁၂၀၀)အိတ်၊ နှမ်းနက်(စမုံ) (၁၅၀၀၀) အိတ်၊ ပဲတီစိမ်း(၄၇၀၀)အိတ်၊ ပဲစဉ်းငုံနီ(၁၃၀၀)အိတ်၊ မတ်ပဲ(၉၀၀)အိတ်၊ ကုလားပဲ(HL) (၁၅၅၀)အိတ်၊ ကုလားပဲ(မြကြေး) (၉၀၀)အိတ်၊ ပဲကြီး(၈၀၀)အိတ်၊ မြေပဲလုံးဆံ (ဖြူ)(၃၀၀၀)အိတ်၊ မြေပဲလုံးဆံ(နီ) (၂၂၀၀)အိတ် နှင့်မြေပဲတောင့်(အစို)(၆၀၀၀)တင်းတို့ အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရှိရပါသည်။

DOCA( မကွေး)

 

 

တောင်တွင်းကြီးမြို့ ကုန်စည်ဒိုင်တွင် နှမ်းစျေးကွက်ထပ်မံမြင့်တက်လာ

    မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးကုန်စည်ဒိုင်နှင့် ပွဲရုံများတွင် နှမ်းမျိုးစုံဝင်ရောက်ကာ အရောင်းအဝယ်ဖြစ်လျက်ပါရှိသည်။ တောင်တွင်းကြီးကုန်စည်ဒိုင်၌ (၁.၈.၂၀၂၂)မှ (၈.၉.၂၀၂၂) ရက်အတွင်း စမုံနှမ်းနက် (၁)တင်း (၁၅)ပိဿာလျှင်(၉၅၀၀၀)ကျပ်၊ ရိုးရိုးနှမ်းပြာ(၁)တင်း (၁၅)ပိဿာလျှင် (၈၂၀၀၀)ကျပ်၊ နှမ်းနီ (၁)တင်း (၁၅)ပိဿာလျှင် (၈၅၀၀၀)ကျပ် နှင့် ယခုအပတ် (၁၂.၉.၂၀၂၂)ရက်နေ့တွင် စမုံနှမ်းနက် (၁)တင်း (၁၅)ပိဿာလျှင် (၁၀၁၀၀၀)ကျပ်၊ ရိုးရိုးနှမ်းပြာ(၁)တင်း (၁၅)ပိဿာလျှင် (၈၃၀၀၀) ကျပ်၊ နှမ်းနီ(၁)တင်း (၁၅)ပိဿာလျှင်(၈၆၀၀၀)ကျပ်စျေးဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရပါသည်။

    ယခင်အပတ်နှင့် နှိုင်းယှဉ်ပါက ယခုအပတ်တွင် စမုံနှမ်းနက် (၁)တင်းလျှင်(၆၀၀၀)ကျပ်၊ ရိုးရိုး နှမ်းပြာ(၁)တင်းလျှင် (၁၀၀၀)ကျပ်၊ နှမ်းနီ(၁)တင်းလျှင် (၁၀၀၀)ကျပ် ‌စျေးမြင့်တက်လျှက်ရှိပြီး တစ်ရက်လျှင် နှမ်းမျိုးစုံ (၁)တင်းခွဲ အိတ်(၁၆၀၀)ခန့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ကုန်စည်ဒိုင် သတင်းအရ သိရှိရပါသည်။

DOCA( မကွေး)

“စျေးကောင်းရနေသော တောထန်းမြစ်”

       မိတ္ထီလာခရိုင်၊ဝမ်းတွင်းမြို့ရှိ ကျေးရွာတချို့တွင် သဘာဝပေါက်ပင်ကထွက်ရှိသော တောထန်းမြစ် တစ်ပိဿာလျှင် ကျပ် ၁၀၀၀၀ စျေးရရှိနေကြာင်း ဒေသခံများမှ သိရပါသည်။

       သြဂုတ်လ နောက်ဆုံးအပတ်ကစပီး တူးဖော်ရောင်းချနေသော ဒေသခံတွေကို တောထန်းမြစ် အစိုတစ်ပိဿာလျှင် ကျပ် (၇၀၀၀) ဝန်းကျင် ပေးပြီး အခြောက်တစ်ပိဿာလျှင် ကျပ် ၂၀၀၀၀ အထိစျေးကောင်းပေးဝယ်နေသည်ဟု သိရသည်။

      တောထန်းမြစ်တူးသူများမှာ အခြေခံလူတန်းစားများပါဝင်ပြီး တစ်ဦးလျှင် တစ်ရက် ၄ ပိဿာခန့် တူးနိုင်ကြောင်း ဒေသခံများ၃ထံမှ သိရပါသည်။ တောထန်းမြစ်ကို တရုတ်နိုင်ငံမှ ဆေးဝါးဖော်စပ်သောနေရာတွင် အသုံးပြု၍ လက်ရှိ မန္တလေးစျေးကွက်အတွင်းသို့ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းတို့မှ တင်ပို့ကြသည်ဟု သိရပါသည်။ တောထန်းမြစ်သည် လက်ရှိ‌ဒေသခံများအတွက် လက်တလော အလုပ်လဲရငွေလဲရ ဝင်ငွေရစေသော အပင်ဖြစ်ကြောင်း တင်ပြလိုက်ပါသည်။

DOCA(မန္တလေး)        

 

 

“ငရုတ်(စို/ခြောက်) စျေးကွက်အခြေအနေ”

       မိတ္ထီလာခရိုင်အတွင်း ငရုတ်စိုကိုဒေသတွင်းစားသုံးရန် အဓိကစိုက်ပျိုးပြီး ပိုလျှံမှုကို အခြားဒေသများသို့ အနည်းငယ်သာတင်ပို့မှုရှိပါသည်။ငရုတ်စိုကို ခရိုင်အတွင်းမိုးစိုက်အနေနှင့် မိတ္ထီလာမြို့နယ်တွင်  (၂၅၀၀) ဧကကျော် စိုက်ပျိုးကာ တစ်ဧကအထွက်နှုန်း (၄၇၅) ပိဿာကျော် ထွက်ရှိပါသည်။

      ယခုနှစ်တွင် ငရုတ်ခြောက်စျေးမြင့်တက်နေခြင်းကြောင့် ဒေသတွင်း စားသုံးသူများက ငရုတ် အခြောက်အစား ငရုတ်အစိုကို စားသုံးမှုများလာရာ ငရုတ်စိုစျေးမှာလည်း မြင့်တက်လာပါသည်။ ဇူလိုင်၊ သြဂုတ်လများမှစ၍ စျေးနှုန်းမြင့်တက်လာရာ ငရုတ်စို (၁) ပိဿာလျှင် (၂၅၀၀ိ/-၃၀၀၀ိ/-)ထိ မြင့်တက်လာပါသည်။

       ငရုတ်အစိုစျေးကွက်မှာ ဒေသတွင်းသာမက မြဝတီ၊ တရုန်စျေးကွက်များကပါ အဝယ်ရှိကြောင်း သိရသည်။ ယခုအခါ ငရုတ်အစိုကို အစိမ်းထက်အမှည့်ကိုပါ ပိုမိုအဝယ်လိုက်လာခြင်းကြောင့် ဒေသတွင်း ငရုတ်ခြောက်များ စျေးကွက်သို့ စတင်ဝင်ရောက်လာခြင်းကြောင့် ငရုတ်စိုအစိမ်းစျေးမှာ တစ်ပိဿာ (၁၄၀၀ိ/-၁၅၀၀ိ/-) ဖြစ်လာပါသည်။ ငရုတ်စို (အမှည့်)မှာ မြဝတီ၊ တရုတ်နယ်စပ်လမ်းများအပြင် ဒေသတွင်းအခြောက်ခံ စက်ရှိသူများက အဝယ်ရှိသဖြင့် တစ်ပိဿာ (၄၅၀၀ိ/-၅၀၀၀ိ/-) ရှိကြောင်း သိရပါသည်။ ငရုတ်ခြောက်စျေးမှာ တောင်သူရောင်းစျေး တစ်ပိဿာ (၁၅၀၀၀ိ/-၁၆၀၀၀ိ/-) စျေးရှိကြောင်း စျေးကွက်မှ သိရသည်။

DOCA(မန္တလေး)        

 

 

ရွှေဘိုမြို့တွင် သက်သာသောဈေးနှုန်းဖြင့် အခြေခံစားသောက်ကုန်များရောင်းချပေးလျက်ရှိ

   စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့၌ စားသုံးသူပြည်သူများ လူမှုဘဝစားသောက်ရေးတွင် အထောက်အကူဖြစ်စေရန်နှင့် အခြေခံစားသောက်ကုန်များကို ဈေးနှုန်းချိုသာစွာဖြင့် ဝယ်ယူနိုင်စေရန် ရည်ရွယ်၍ ဈေးနှုန်းချိုသာစွာဖြင့် အခြေခံစားသောက်ကုန်များ ရောင်းချပေးခြင်းကို  စက်တင်ဘာလ (၁၀)ရက်နေ့၊  နေ့လယ်(၁၅)နာရီအချိန်တွင် ရွှေဘိုမြို့၊ အမှတ်(၁)ရပ်ကွက်ရှိ ဘူတာရုံတွင် စစ်ကိုင်းတိုင်း ဒေသကြီး၊ အစိုးရအဖွဲ့၏ လမ်းညွှန်မှုနှင့်အညီ ရွှေဘိုခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် ရွှေဘိုမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌနှင့် ရောင်းချရေးအဖွဲ့ဝင်များ မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဝန်ထမ်းများပူးပေါင်၍ စားသုံးသူပြည်သူများ လက်ဝယ်အရောက် ရောင်းချပေးခဲ့ပါသည်။

     ရောင်းချရာ၌ စားသုံးသူပြည်သူတစ်ဦးလျှင် ဆန်(၁)ပြည်၊ ကြက်ဥ(၅)လုံး၊ စားအုန်းဆီ တစ်ဆယ်သား၊ ကြက်သွန်နီ(၂၅)ကျပ်သား၊ အားလူး(၂၅)ကျပ်သားတို့ကို (၃၅၀၀)ကျပ်ဖြင့် ရပ်ကွက်နေ ပြည်သူ(၄၀၀)ဦးတို့ကို ရောင်းချပေးခဲ့ကြောင်း၊  ဆက်လက်၍လည်း ရွှေဘိုမြို့ပေါ်ရှိ ရပ်ကွက်(၁၀)ခုတွင် ရပ်ကွက်အလိုက် တစ်ပတ်လျှင် နှစ်ရက်ရောင်းချပေးသွားမည်ဖြစ်ကြောင်း၊ ထိုသို့ရောင်းချရာတွင် Covid-19ရောဂါ ကာကွယ်ရေးဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီဖြစ်စေရေး Maskများ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူများ၊ ရောင်းချရေး အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဌနှင့် အဖွဲ့ဝင်များ၊ တာဝန်ရှိသူများက ဝယ်ယူနေသည်များကို အဆင်ပြေစေရန် ကြီးကြပ်ကူညီဆောင်ရွက်ပေးခဲ့ကြောင်းနှင့် စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုမြို့နယ်တာဝန်ခံမှလည်း ရောင်ချရေးအဖွဲ့ဝင်အဖြစ် ပါဝင်ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ရွှေဘိုခရိုင်အတွင်း စပါး/ဆန် ဈေးနှုန်းများနှင့် စီးထွက်မှုအခြေအနေ

          ရွှေဘိုခရိုင်အတွင်းရှိ မြို့နယ်များ၌ စက်တင်ဘာလ ‌ဒုတိယပတ်တွင် စပါး /ဆန် ဈေးနှုန်းမှာ တည်ငြိမ်နေပါသည်။ ရွှေဘိုခရိုင်မှ အခြားတိုင်းဒေသကြီးများသို့ ဆန်စီးထွက်မှုမှာ စက်တင်ဘာလ ပထမပတ်တွင် ရန်ကုန်သို့ အိတ်ရေ ၄၀၀၀၀ ၊ မန္တလေးသို့ အိတ်ရေ၅၂၀၀၀၊ နေပြည်တော်သို့ အိတ်ရေ ၁၂၀၀၀၊ ရှမ်း(တောင်)သို့ အိတ်ရေ ၉၅၀၀၊ ရှမ်း(မြောက်)သို့ အိတ်ရေ ၉၅၀၀၊ ပခုက္ကူသို့ အိတ်ရေ ၁၀၀၀၊ စုစုပေါင်းအိတ်ရေ ၁၂၄၀၀၀၊ တန်အားဖြင့် ၆၂၀၀တန် စီးထွက်ခဲ့ပါသည်။ယခုအပတ်တွင် ရွှေဘိုခရိုင်မှ အခြား တိုင်းဒေသ ကြီးများသို့ ဆန်စီးထွက်မှုမှာ ရန်ကုန်သို့ အိတ်ရေ ၄၁၀၀၀၊ မန္တလေးသို့ အိတ်ရေ ၅၂၄၀၀၊ နေပြည်တော်သို့ အိတ်ရေ၁၄၀၀၀ ၊ ရှမ်း(တောင်)သို့ အိတ်ရေ၁၀၀၀၀ ၊ ရှမ်း(မြောက်)သို့ အိတ်ရေ ၁၀၀၀၀၊ပခုက္ကူသို့ အိတ်ရေ ၁၀၀၀ ၊ စုစုပေါင်းအိတ်ရေ ၁၂၈၄၀၀ ၊ တန်အားဖြင့် ၆၄၂၀တန် စီးထွက်ခဲ့သည့် အတွက် ယခင်အပတ်နှင့် နှိုင်းယှဉ်လျင် ယခုအပတ်အတွင်း အိတ်ရေ ၄၄၀၀၊ တန်အားဖြင့် ၂၂၀တန် ပို၍ စီးထွက်ခဲ့ပါသည်။

          ရွှေဘိုမြို့၏ စက်တင်ဘာလ ဒုတိယပတ်တွင် ဖြစ်ပေါ်နေသော စပါး/ဆန်  ဈေးနှုန်း များမှာ ရွှေဘိုပေါ်ဆန်းစပါး တင်း၁၀၀လျင် ကျပ်၂၃၀၀၀၀၀၊ ရွှေဘိုပေါ်ဆန်း ဆန်၂၄ပြည်ပါ တစ်အိတ်လျင် ကျပ်၈၅၀၀၀၊ ဧရာမင်းစပါး တင်း၁၀၀လျင် ကျပ်၁၄၀၀၀၀၀၊ ဧရာမင်းဆန် ၂၄ပြည်ပါတစ်အိတ်လျင် ကျပ် ၆၅၀၀၀၊ ၂၀၂၁-၂၀၂၂ခုနှစ်ထွက် နွေစပါး ရွှေဝါထွန်းစပါး တင်း၁၀၀လျင် ကျပ် ၁၁၀၀၀၀၀၊ ‌ရွှေဝါထွန်းဆန် ၂၄ပြည်ပါ တစ်အိတ်လျင် ကျပ် ၄၃၀၀၀ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ရွှေဘိုမြို့တွင်ရောင်းချနေသော အခြေခံစားကုန်များ၏ ဈေးနှုန်းအခြေအနေ

     ၂၀၂၂ခုနှစ် စက်တင်ဘာလ ဒုတိယပတ်အတွင်း ရွှေဘိုမြို့နယ်တွင် အခြေခံစားကုန်များဖြစ်သော ရွှေဘိုပေါ်ဆန်းဆန် တစ်ပြည် ၃၆၀၀ကျပ်၊ ဧရာမင်းဆန် တစ်ပြည် ၂၈၀၀ကျပ်ဖြင့် အရောင်း အဝယ်ဖြစ်လျက်ရှိသည်။ကြက်သွန်နီ လက်လီဈေးမှာ (ကြီး)တစ်ပိဿာ ၄၀၀၀ကျပ်၊ (လတ်)တစ်ပိဿာ ၃၇၀၀ကျပ်၊ (သေး)တစ်ပိဿာ ၃၂၀၀ကျပ်နှုန်းဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိသည်။ ကြက်သွန်ဖြူလက်လီဈေးမှာ (ဗမာ)တစ်ပိဿာလျင် ၅၀၀၀ကျပ်မှ ၆၀၀၀ကျပ်ထိ၊ ရှမ်း ကြက်သွန်ဖြူ တစ်ပိဿာ ၄၀၀၀ကျပ်မှ ၅၅၀၀ကျပ်ထိ ၊ (ကြူကုပ်) တစ်ပိဿာ ၄၅၀၀ကျပ်မှ ၆၀၀၀ကျပ်ထိ၊ ချင်းတစ်ပိဿာ ၁၃၀၀ကျပ်မှ ၁၅၀၀ကျပ်ထိ ၊ ငရုတ်သီးခြောက် အမျိုးအစားအလိုက် ၁၈၀၀၀ကျပ်မှ ၂၀၀၀၀ကျပ်ထိ အာလူး တစ်ပိဿာ ၁၈၀၀ကျပ်မှ ၂၆၀၀ကျပ်ထိ ၊ခရမ်းချဉ်သီး တစ်ပိဿာ ၂၆၀၀ကျပ်ဖြင့် အရောင်းအဝယ် ဖြစ်နေပါသည်။

    ကြက်ဥ လက်လီဈေးနှုန်းမှာ (ကြီး)တစ်လုံး ၂၅၀ကျပ်၊ (သေး) တစ်လုံး ၂၀၀ကျပ် ၊ ဘဲဥ (ကြီး) တစ်လုံး (၃၀၀)ကျပ်၊ (သေး)တစ်လုံး (၂၅၀)ကျပ်ရှိသည်။ ရွှေဘိုမြို့၏ အသား/ငါး ဈေးနှုန်းများမှာ ကြက်သား(CP)  တစ်ပိဿာ ၇၅၀၀ကျပ်မှ ၈၅၀၀ကျပ်ထိ၊ကြက်သား (ဗမာ)တစ်ပိဿာ ၁၀၀၀၀ ကျပ်မှ ၁၃၀၀၀ကျပ်ထိ၊  ဝက်သား တစ်ပိဿာ ၁၄၀၀၀ကျပ်မှ ၁၈၀၀၀ကျပ်ထိ၊ အမဲသားတစ်ပိဿာ ၁၄၀၀၀ကျပ်မှ ၁၆၀၀၀ကျပ်ထိ၊  ငါးမြစ်ချင်း တစ်ပိဿာ ၆၀၀၀ကျပ်၊ ငါးကြင်း တစ်ပိဿာ ၅၅၀၀ကျပ်ဖြင့် ရောင်းဝယ်နေကြောင်း သိရသည်။

    စားသုံးဆီ ဈေးနှုန်းများမှာ ပဲဆီသန့် တစ်ပိဿာလျင် ၁၁၀၀၀ကျပ်မှ ၁၃၀၀၀ကျပ်ထိ၊  စားအုန်းဆီ တစ်ပိဿာလျင် ၈၅၀၀ကျပ်နှင့် နှမ်းဆီ တစ်ပိဿာလျင် ၁၃၀၀၀ကျပ်ဖြင့် အရောင်း အဝယ် ဖြစ်နေကြောင်း သိရသည်။

DOCA(စစ်ကိုင်း)

         

 မုံရွာမြို့နယ်အတွင်း ပဲမျိုးစုံဈေးနှုန်းနှင့် ဈေကွက်အခြေအနေ

   စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ရှိ မုံရွာကုန်စည်ဒိုင်အဖွဲ့ဝင်များအနေဖြင့် မေလ လဆန်းပိုင်းမှ စတင်၍ ကုန်စည်ဒိုင် စတင်ပြန်လည် လည်ပတ်ခဲ့ကြောင်း သိရပါသည်။ စက်တင်ဘာလ ဒုတိယပတ်တွင်  ဖြစ်ပေါ်နေသောပဲဈေးနှုန်းများမှာ ပဲတီစိမ်း(ကြီး)တစ်တင်းကျပ်၅၀၀၀၀၊ ပဲစဉ်းငုံတစ်တင်းကျပ် ၆၄၀၀၀၊ မတ်ပဲ တစ်တင်းကျပ် ၆၃၅၀၀၊ ကုလားပဲ ထိုင်ဝမ် တစ်တင်း ကျပ် ၆၂၅၀၀၊ ကုလားပဲ 929 တစ်တင်းကျပ် ၆၄၀၀၀၊ ကုလားပဲ V2 တစ်တင်းကျပ် ၆၈၀၀၀၊ ကုလားပဲ V3,7 တစ်တင်းကျပ် ၇၀၀၀၀-၇၀၅၀၀ ဈေးနှုန်းများဖြင့် အရောင်းအဝယ် ဖြစ်နေကြောင်း သိရပါသည်။

     ဂျုံဖြူသန့်တစ်တင်း ကျပ် ၆၇၀၀၀၊ ပဲကြီး(သစ်) တစ်တင်း ကျပ် ၇၉၀၀၀-၈၂၀၀၀၊ ပဲနီ လုံးရိုးရိုး တစ်တင်း ကျပ် ၅၀၀၀၀၊ ပဲနီလုံးကြား တစ်တင်းကျပ် ၅၄၀၀၀၊  ပဲပုတ်စေ့ (ဗမာ) တစ်တင်း ကျပ် ၈၈၀၀၀၊ ပဲပုတ်စေ့ (ရှမ်း) တစ်တင်း ကျပ် ၅၅၀၀၀၊ ထောပတ် ပဲ တစ်တင်းကျပ် ၅၂၀၀၀-၅၄၀၀၀၊  မြေထောက်ပဲ တစ်တင်း ကျပ် ၇၀၀၀၀-၇၅၀၀၀-၈၅၀၀၀၊ ပုဂံပဲ တစ်တင်းကျပ် ၆၇၀၀၀-၇၀၀၀၀၊ ပဲလွန်းဖြူ တစ်တင်း ကျပ် ၄၅၀၀၀-၅၀၀၀၀၊ ပဲလွန်းပြာ တစ်တင်း ကျပ် ၄၁၀၀၀-၄၃၀၀၀၊ အစေ့ထုတ်ပြောင်း(CP) တစ် တင်း ကျပ် ၁၇၈၀၀၊ ပြောင်းနီ တစ်တင်း ကျပ် ၁၇၅၀၀၊ ပြောင်းဖြူ တစ်တင်းကျပ် ၁၈၀၀၀-၁၈၅၀၀၊ ဆီထွက် သီးနှံများဖြစ်သော နှမ်းသီးနှံ ပေါက်ဈေးနှုန်းများ မှာ နှမ်းညို တစ်တင်းကျပ် ၈၂၀၀၀-၈၄၀၀၀၊ နှမ်းနက် တစ်တင်း ကျပ် ၇၂၀၀၀-၈၅၀၀၀-၉၅၀၀၀၊ နှမ်းဖြူ တစ်တင်း ကျပ် ၈၃၀၀၀-၉၀၀၀၀-၉၅၀၀၀၊ နေကြာစေ့ တစ်တင်း ကျပ် ၃၆၀၀၀-၄၀၅၀၀၊ မြေပဲလုံးဆံနီ တစ်ပိဿာ ကျပ်၆၁၅၀၊ မြေပဲလုံး ဆံဖြူ တစ် ပိဿာကျပ် ၅၈၀၀-၆၀၀၀၊ ပဲဖတ်တစ်ပိဿာ ကျပ်၃၁၇၅-၃၂၀၀၊ နှမ်းဖတ် တစ်ပိဿာ ကျပ် ၂၀၀၀-၂၁၀၀၊ နေကြာဖတ် တစ်ပိဿာကျပ် ၁၆၅၀ ဈေးနှုန်းအသီးသီးဖြင့် အရောင်းအဝယ် ဖြစ်နေကြောင်း သိရပါသည်။

    ယခုအပတ်ဈေးနှုန်းများမှာ ယခင်အပတ်နှင့် နှိုင်းယှဉ်လျှင် သီးနှံများအားလုံး ဈေး အနည်းငယ် အေးနေပြီး၊ တိရိစ္ဆာန်အစားအစာဖြစ်သော ပဲဖတ်ဈေးနှုန်းများ အနည်းငယ်ဈေးတက်လျက်ရှိပါကြောင်း  သိရှိရပါသည်။

DOCA(စစ်ကိုင်း)       

 

မုံရွာမြို့၊ ချင်းတွင်းရတနာဈေးအတွင်း ရောင်းချနေသော အခြေခံစားကုန်ဈေးနှုန်းများ အခြေအနေ

      စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ရှိ ဈေးများတွင် ယခုရက်သတ္တပတ်အတွင်း ရွှေဘိုပေါ်ဆန်း ဆန်(တစ်အိတ်)လျှင် ၈၅၀၀၀ ကျပ် ၊ ဧရာမင်းဆန်(တစ်အိတ်)လျှင်  ၆၃၀၀၀-၆၄၈၀၀ ကျပ်၊ ငစိန်ဆန် (တစ်အိတ်)လျှင် ၃၉၀၀၀-၄၀၀၀၀ ကျပ် ၊  ပဲဆီ(တစ်ပိဿာ)လျှင် ၁၁၄၅၀-၁၁၅၀၀ ကျပ်၊ နှမ်းဆီ (တစ်ပိဿာ)လျှင် ၁၁၀၀၀ကျပ်၊ နေကြာဆီ(တစ်ပိဿာ)လျှင်၁၂၀၀၀ကျပ်၊ စားအုန်းဆီ(တစ်ပိဿာ) လျှင် ၈၁၅၀-၈၂၀၀ ကျပ်၊ ဆား(တစ်ပိဿာ)လျှင် ၇၀၀-၈၀၀ ကျပ်၊ ငရုတ်ခြောက် (တစ်ပိဿာ) ၁၇၀၀၀ မှ ၁၈၀၀၀ ကျပ်၊ ကြက်သွန်နီ (တစ်ပိဿာ) ၃၈၀၀ မှ ၄၀၀၀ ကျပ်၊ ကြက်သွန်ဖြူ(ရှမ်းစ) (တစ်ပိဿာ) ၄၃၀၀ မှ ၄၅၀၀ ကျပ်၊ ကြက်သွန်ဖြူ(ကြူကုတ်) (တစ်ပိဿာ) ၅၅၀၀ မှ ၆၀၀၀ ကျပ်၊ အားလူး (တစ်ပိဿာ) ၂၂၀၀ မှ ၂၄၀၀ ကျပ်၊ မန်ကျည်းသီးမှည့်(တစ်ပိဿာ)လျှင် ၃၅၀၀-၄၀၀၀ ကျပ်၊ နနွင်းတက်(တစ်ပိဿာ)လျှင် ၅၃၀၀-၅၅၀၀ကျပ်၊ ခရမ်းချဉ်သီး (တစ်ပိဿာ) ၂၇၀၀ ကျပ်၊ ဂေါ်ဖီထုတ် (တစ်ထုတ်)၁၅၀၀ကျပ်၊ ပဲသီး (ပဲထောင့်ရှည်) (တစ်စီး) ၅၀၀ ကျပ်၊ ကြက်သား(တစ်ပိဿာ)လျှင် ၇၅၀၀-၈၅၀၀ ကျပ်၊ ဝက်သား(တစ်ပိဿာ)လျှင် ၁၃၀၀၀-၁၄၀၀၀ ကျပ်၊ အမဲသား(တစ်ပိဿာ)လျှင် ၁၆၀၀၀-၁၈၀၀၀ကျပ်၊ ဆိတ်သား(တစ်ပိဿာ)လျှင် ၂၅၀၀၀-၂၇၀၀၀ ကျပ်၊ ငါးမြစ်ချင်း (တစ်ပိဿာ) လျှင် ၆၅၀၀-၇၀၀၀ ကျပ်၊ ကြက်ဥ(၁)လုံးလျှင် ၂၀၀ ကျပ်၊ ဘဲဥ(၁)လုံးလျှင် ၂၅၀ ကျပ်၊ နံနတ်သီး (၁) လုံးလျှင် ၅၀၀-၇၀၀ ကျပ်၊ ဖရဲသီး(ကျောက်စိမ်း) (၁)လုံးလျှင် ၁၀၀၀ မှ ၁၁၀၀ ကျပ် အတွင်း အသီသီး ဈေးရှိကြောင်း သိရသည်။

     ယခင်ပတ်နှင့်နှိုင်းယှဉ်ပါက ကြက်သွန်နီနှင့် ခရမ်းချဉ်သီးဈေးနှုန်းများ အနည်းငယ်တက်နေပြီး၊ ယခုအချိန်တွင် မိုးမြေပဲများစတင်ထွက်ပေါ် နေပြီဖြစ်သောကြောင့် ဆီဈေးနှုန်းများ အနည်းငယ်ကျနေပြီး၊ ကျန်ဈေးနှုန်းများ ဈေးအေးနေပါကြောင်း ချင်းတွင်းရတနာဈေးရှိ လက်လီလက်ကား ရောင်း ဝယ်ဖောက်ကား ရောင်းချနေသော ကုန်သည်များထံမှ သိရှိရသည်။   

DOCA(စစ်ကိုင်း)       

 

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ဖြစ်ပေါ်နေသော စပါး/ဆန်ဈေးနှုန်းများနှင့် စီးထွက်မှုအခြေအနေ

      စစ်ကိုင်းတိုင်းဒေသကြီးသည် စက်တင်ဘာလ(ဒုတိယ)ပတ်၌ စပါး/ဆန်ဈေးနှုန်းများမှာ ဆန်ပိုဒေသများဖြစ်သော ရွှေဘိုခရိုင်တွင် ဧရာမင်းစပါး/ဆန်ဈေးအနည်းငယ်တက်နေပြီး၊ မုံရွာခရိုင်တွင် မနောသုခ စပါး/ဆန်ဈေး အနည်းငယ်ကျနေပြီး၊ ကန့်ဘလူခရိုင်တွင် စပါး/ဆန် ဈေးနှုန်းများကျဆင်းနေပါကြောင်းနှင့် ကျန်ခရိုင်များတွင် ဈေးအေးနေပါသည်။

     စစ်ကိုင်းတိုင်းဒေသကြီးအတွင်း စက်တင်ဘာလ(ဒုတိယ)ပတ်တွင် ဖြစ်ပေါ်နေသော စပါး/ဆန် ဈေးနှုန်းများမှာ ရွှေဘိုခရိုင်တွင် ရွှေဘိုပေါ်ဆန်း(စပါး) တင်း၁၀၀လျှင် ကျပ်(၂၃၀၀၀၀၀)၊ ပေါ်ဆန်း (ဆန်) ၂၄  ပြည်ပါ တစ်အိတ်လျှင်ကျပ်  ၈၅၀၀၀၊ ဧရာမင်း(စပါး)တင်း ၁၀၀လျှင် ၁၄၀၀၀၀၀၊ ဧရာမင်း(ဆန်) ၂၄ ပြည်ပါ တစ်အိတ် ကျပ် ၆၅၀၀၀၊ ရေဦးမြို့မှ ပေါ်ဆန်း (စပါး) တင်း ၁၀၀လျှင် ကျပ် ၂၃၀၀၀၀၀၊ ပေါ်ဆန်း (ဆန်) တစ်အိတ်လျှင်ကျပ် ၈၀၀၀၀၊  ဧရာမင်း (စပါး) တင်း၁၀၀ လျှင် ၁၃၀၀၀၀၀၊ ဧရာမင်း (ဆန်)၂၄ ပြည် ပါ တစ်အိတ်  ၅၈၀၀၀ ကျပ်များဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရပါသည်။

   ကလေးခရိုင်၊ ကလေးမြို့နယ်မှ ဧည့်မထ(စပါး) တင်း၁၀၀ လျှင် ၁၀၅၀၀၀၀၊ ဧည့်မထ(ဆန်)‌ ၂၄ ပြည်ပါ တစ်အိတ်မှာ ကျပ် ၄၄၀၀၀၊ ငစိန်(စပါး) တင်း ၁၀၀ လျှင် ၉၅၀၀၀၀ ၊ ငစိန်(ဆန်)၂၄ပြည်ပါ တစ် အိတ်မှာ ၄၀၀၀၀၊ ဧရာမင်း (စပါး)တင်း ၁၀၀ လျှင် ကျပ် ၁၃၅၀၀၀၀၊ ဧရာမင်း(ဆန်)၂၄ပြည်ပါ တစ်အိတ် မှာကျပ် ၅၅၀၀၀ ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရပါသည်။

      ကသာခရိုင်၊ အင်းတော်မြို့နယ်မှ မှော်ဘီ(၂)(စပါး) တင်း ၁၀၀လျှင် ကျပ်၁၀၀၀၀၀၀၊ မှော်ဘီ(၂) ဆန် ၂၄ပြည် တစ်အိတ် လျှင် ကျပ် ၄၈၀၀၀၊ ဆင်းဧကရီ(၃)(စပါး) တင်း၁၀၀ လျှင် ကျပ် ၉၀၀၀၀၀၊ ဆင်းဧကရီ-၃ဆန် ၂၄ပြည်တစ်အိတ်မှာကျပ် ၄၃၀၀၀၊ ဧရာမင်း (စပါး) တင်း ၁၀၀ လျှင် ကျပ် ၁၅၀၀၀၀၀၊ ဧရာမင်းဆန် ၂၄ ပြည်ဆန်တစ်အိတ်လျှင် ကျပ် ၆၂၀၀၀ ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရပါသည်။

      မုံရွာခရိုင်၊ မုံရွာမြို့တွင် ဧရာမင်း(စပါး)တင်း ၁၀၀ လျှင် ကျပ် ၁၄၀၀၀၀၀၊  ဧရာမင်း(ဆန်) ၂၄ပြည် တစ်အိတ်မှာ ကျပ် ၆၃၀၀၀၊ ပေါ်ဆန်း(စပါး) တင်း ၁၀၀လျှင် ကျပ် ၂၃၀၀၀၀၀၊ ပေါ်ဆန်း(ဆန်) ၂၄ပြည် တစ်အိတ်လျှင် ကျပ် ၈၅၀၀၀၊ မနောသုခ (စပါး)တင်း ၁၀၀လျှင် ကျပ် ၁၀၀၀၀၀၀၊ မနောသုခ(ဆန်) ၂၄ ပြည် တစ်အိတ်လျှင် ကျပ်၄၀၀၀၀ ဖြင့် အရောင်းအဝယ် ဖြစ်နေကြောင်း သိရပါသည်။

      ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့တွင် ဧရာမင်း(စပါး)တင်း ၁၀၀ လျှင် ကျပ် ၁၄၀၀၀၀၀၊  ဧရာမင်း (ဆန်)၂၄ပြည် တစ်အိတ်မှာ ကျပ် ၅၈၀၀၀၊ ပေါ်ဆန်း(စပါး) တင်း ၁၀၀လျှင် ကျပ် ၂၂၅၀၀၀၀၊ ပေါ်ဆန်း (ဆန်) ၂၄ပြည် တစ်အိတ်လျှင် ကျပ် ၇၅၀၀၀၊ နွေ(စပါး) တင်း ၁၀၀လျှင် ကျပ် ၉၇၀၀၀၀၊ နွေ (ဆန်) ၂၄ ပြည် တစ်အိတ်လျှင် ကျပ် ၄၀၀၀၀ ဖြင့် အရောင်းအဝယ် ဖြစ်နေကြောင်း သိရပါသည်။

      စစ်ကိုင်းတိုင်းဒေသကြီးမှ အခြားတိုင်းဒေသကြီးများသို့ ဆန်စီးထွက်မှုမှာ စက်တင်ဘာလ(ပထမ) ပတ်တွင် စစ်ကိုင်းတိုင်းဒေသကြီး မှ အခြားတိုင်းဒေသကြီးများသို့ ဆန်စီးထွက်မှုမှာ ရန်ကုန်သို့ အိတ်ရေ ၄၆၀၀၀၊ မန္တလေးသို့ အိတ်ရေ ၆၁၈၀၀၊ မကွေး သို့ အိတ်ရေ ၁၀၀၀၊ နေပြည်တော်သို့ အိတ်ရေ ၁၁၀၀၀၊ ရှမ်း (တောင်)သို့ အိတ်ရေ ၉၀၀၀၊ ရှမ်း (မြောက်)သို့အိတ်ရေ ၁၀၀၀၀၊ စုစုပေါင်းအိတ်ရေ (၁၃၈၈၀၀) အိတ်၊ တန်အားဖြင့်(၆၉၄၀) စီးထွက်ခဲ့ပြီး၊ ယခု စက်တင်ဘာလ(ဒုတိယ)ပတ်တွင် စစ်ကိုင်းတိုင်းဒေသ ကြီးမှ အခြားတိုင်းဒေသကြီးများသို့ ဆန်စီးထွက်မှုမှာ ရန်ကုန်သို့ အိတ်ရေ ၄၀၀၀၀၊ မန္တလေးသို့ အိတ်ရေ ၅၈၀၀၀၊ မကွေး သို့ အိတ်ရေ ၁၀၀၀၊ နေပြည်တော်သို့ အိတ်ရေ ၁၂၀၀၀၊ ရှမ်း (တောင်)သို့ အိတ်ရေ ၉၅၀၀၊ ရှမ်း (မြောက်)သို့အိတ်ရေ ၉၅၀၀၊ စုစုပေါင်းအိတ်ရေ (၁၃၀၀၀၀)အိတ်၊ တန်အားဖြင့်(၆၅၀၀) စီးထွက်ခဲ့သည့် အတွက် ယခင်ပတ်နှင့် နှိုင်းယှဉ်လျှင် ယခုပတ်တွင် အိတ်ရေ (၈၈၀၀) တန်အားဖြင့် (၄၄၀) လျော့နည်း စီးထွက်ခဲ့ပါကြောင်း သိရှိရပါသည်။  

DOCA(စစ်ကိုင်း)       

 

                                               

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း