ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

မုံရွာကြက်သွန်နီဈေးနှုန်းမြင့်တက်လျက်ရှိ

     စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်အတွင်း အခြေခံစားကုန် စားဖိုဆောင်သီးနှံတစ်မျိုးဖြစ်သည့် ကြက်သွန်နီများ ယခုတစ်ပတ်အတွင်း သိသိသာသာဈေးနှုန်းမြင့်တက်ပြီး အရောင်းအဝယ် ဖြစ်လျက် ရှိကြောင်းသိရသည်။ ယခုလက်ရှိအချိန်တွင် ကြက်သွန်နီ ပွဲရုံလက်ကားဈေး တစ်ပိဿာလျှင် (ကြီး/လတ်/သေး)ကျပ် ၃၂၀၀-၃၅၀၀-၃၈၀၀ နှုန်းတို့ရှိပြီး လက်လီဈေးမှာ ကြီး/ လတ်/ သေး တစ်ပိဿာလျှင် ကျပ် ၃၅၀၀-၃၈၀၀-၄၀၀၀ နှုန်းတို့ဖြင့်အရောင်းအဝယ်ဖြစ်လျက် ရှိကြောင်းသိရသည်။ ကြက်သွန်နီကို မုံရွာမြို့နယ်အတွင်းရှိ ကျွဲရဲ၊ မြေနဲ၊ ရွာတုံ၊ တောင်ပလူ ကျေးရွာများတွင် အများဆုံးစိုက်ပျိုးကြပြီး မုံရွာမြို့နယ်အနေဖြင့် တစ်နှစ်လျှင် ပျမ်းမျှ ဧက (၁၂၀၀၀)ခန့် စိုက်ပျိုး လျက်ရှိပြီးထွက်ရှိသော ကြက်သွန်နီများကို မန္တလေး၊ ရန်ကုန်မြို့များနှင့် မြို့တွင်းပွဲရုံများသို့ တင်ပို့ ရောင်းချကြကြောင်း သိရသည်။

DOCA(စစ်ကိုင်း)

ရွှေဘိုခရိုင်တွင် မိုး ဆီထွက်သီးနှံ စိုက်ပျိုးမှုနှင့်ဈေးနှုန်းဈေးကွက်အခြေအနေ

      မိမိတို့ဒေသအတွင်း စားသုံးဆီ ဖူလုံပိုလျှံနိုင်ရေးအတွက် ဆီထွက်သီးနှံများ တိုးချဲ့စိုက်ပျိုးသင့်ပြီး ပြည်တွင်းပဲ၊ နှမ်းဈေးကွက်တွင်လည်း ဆီထွက်သီးနှံများ ဈေးကောင်းရရှိနေ၍ လာမည့်ရာသီ တွင်လည်း ဈေးကွက်ကောင်းရနိုင်သဖြင့် ဆီထွက်သီးနှံများကိုတိုးချဲ့စိုက်ပျိုးရန်လို အပ်ပါသည်။

     ရွှေဘိုခရိုင်ရှိ မြို့နယ်များတွင် ၂၀၂၂-၂၀၂၃ခုနှစ် ဆီထွက်သီးနှံ(မိုး) (၂၀၁၇၆၅)ဧက စိုက်ပျိုးရန် လျာထားပြီး ဇွန်လဆန်းပိုင်းမှစတင်၍ စိုက်ပျိုးဆောင်ရွက်ခဲ့ရာ  ယနေ့အချိန်အထိ မြေပဲ (၁၅၉၁၂၉) ဧက၊ နှမ်း(မိုး) (၄၆၆၄၁)ဧက၊ နေကြာ (၆၁၁၂)ဧက စုစုပေါင်း (၂၁၁၈၈၂)ဧက စိုက်ပျိုးပြီးစီး ကြောင်း၊ အလားတူစွာ ၂၀၂၁-၂၀၂၂ခုနှစ် တွင်ဆီထွက်သီးနှံ(မိုး) (၁၉၈၀၁၉)ဧက စိုက်ပျိုးရန်လျာထားပြီး မြေပဲ(၁၅၂၁၀၈)ဧက၊ နှမ်း(မိုး) (၄၃၅၉၂)ဧကနှင့် နေကြာ( ၆၀၄၆)ဧက ဆီထွက်သီးနှံစုစုပေါင်း (၂၀၁၇၄၆)ဧက စိုက်ပျိုးခဲ့သဖြင့် ယခင်နှစ်နှင့် နှိုင်းယှဉ်ပါက ဆီထွက်သီးနှံ (၁၀၁၃၆)ဧက ပိုမိုစိုက်ပျိုးနိုင်ခဲ့ကြောင်း လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဌာနမှ သိရသည်။

        ယခုလအတွင်း  မိုးမြေပဲလှိုင်လှိုင်ပေါ်ချိန် ဖြစ်သည့်အပြင် ရွှေဘိုမြို့ရှိ  ပဲ၊နှမ်းကုန်စည်ဒိုင် အနေဖြင့်လည်း  ဩဂုတ်လ နောက်ဆုံးပတ်မှစ၍ မြေပဲဆံများ အဝင်များခဲ့ပြီး  မြေပဲဆံပေါ်ချိန် တစ်ပိဿာလျင် (၆၁၀၀)ကျပ်ခန့်ရှိကြောင်း၊ ယခုအပတ်တွင် မြေပဲဆံ တစ်ပိဿာလျှင်(၆၆၅၀)ကျပ် ဖြင့် တစ်ရက်လျင်(၉၀၀)တင်းခန့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရသည်။

DOCA(စစ်ကိုင်း)

ကသာမြို့တွင်း ခရမ်းချဉ်သီးဈေးနှုန်း မြင့်တက်လျက်ရှိ

   ကသာမြို့နယ်အတွင်းသို့ ခရမ်းချဉ်သီး ဝင်ရောက်မှုအနေဖြင့် ယခုတစ်ပတ်အတွင်း မန္တလေး၊ မုံရွာဘက်မှ ပိဿာ(၂၀)ပါ သေတ္တာအလုံး (၈၀)ခန့် ဝင်ရောက်ကြောင်း သိရှိရပါသည်။

   ကသာမြို့အတွင်း  လက်ရှိဖြစ်ပေါ်နေသော  ခရမ်းချဉ်သီးဈေးနှုန်းမှာ လက်လီ တစ်ပိဿာလျှင် (၂၉၀၀)ကျပ်၊ လက်ကားတစ်ပိဿာလျှင်(၃၂၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိပြီး ယခင်တစ်ပတ် ခရမ်းချဉ်သီးဈေးနှုန်းမှာ လက်ကားတစ်ပိဿာ(၂၅၀၀)ကျပ်ဖြစ်သည့်အတွက် ဈေးနှုန်းနှိုင်းယှဉ်ကြည့်ပါက ကျပ်(၇၀၀)ခန့်  မြင့်တက်လာကြောင်း သိရှိရသည်။

DOCA(စစ်ကိုင်း)

ကသာမြို့ ကြက်သွန်နီဈေးနှုန်း ဆက်လက် မြင့်တက်

    ကသာမြို့တွင်း ရောင်းချလျက်ရှိသော ကြက်သွန်နီဈေးနှုန်းမှာ ဩဂုတ်လနောက်ဆုံးပတ်တွင် လက်လီတစ်ပိဿာ ကျပ်(၃၈၀၀)ထိ မြင့်တက်သွားပြီး လက်ရှိ ကြက်သွန်နီဈေးနှုန်းမှာ လက်ကား တစ်ပိဿာလျှင် အကြီး၊ အသေးပေါ်မူတည်၍ ( ၃၇၀၀ မှ ၃၂၀၀)ကျပ်၊ လက်လီ တစ်ပိဿာလျှင် အကြီး (၄၀၀၀) ကျပ် ၊ အသေး (၃၅၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိကာ ကြက်သွန်နီဈေးနှုန်းမှာ ဆက်လက်မြင့်တက်လျက်ရှိကြောင်း သိရသည်။

    ကြက်သွန်နီဝင်ရောက်မှုအနေဖြင့် ယခုတစ်ပတ်အတွင်း မန္တလေး၊ မုံရွာဘက်မှ (၃၅)ပိဿာပါ အိတ်(၈၀)ခန့်နှင့် ခင်ဦး၊ ရေဦးဘက်မှ (၃၅)ပိဿာပါ အိတ်(၆၀)ခန့် ဝင်ရောက်ကြောင်း သိရသည်။

DOCA(စစ်ကိုင်း)

ငရုတ်သီးခြောက်ဈေးနှုန်း အနည်းငယ်မြှင့်တက်လျှက်ရှိ

      ကယားပြည်နယ်တွင် စားဖိုဆောင်သီးနှံတစ်မျိုးဖြစ်သည့် ငရုတ်သီးကို လွိုင်ကော်မြို့နယ် မှုံပြာကျေးရွာ ၊ လင်ဖုံလေးကျေးရွာ ၊ ဒီးမောဆိုမြို့နယ် ကုန်းသာကျေးရွာများမှ အများဆုံး စိုက်ပျိုး ကြပြီး   ယခုစက်တင်ဘာလတွင် ဈေးကွက်အတွင်းဖြစ်ပေါ်နေသော    ငရုတ်သီးခြောက်ဈေးနှုန်းမှာ   

တစ်ပိဿာလျှင်(၈၀၀၀)ကျပ် ယခင်ဩဂုတ်လတွင်ငရုတ်သီးခြောက်တစ်ပိဿာလျှင်(၇၇၀၀) ကျပ် ဈေးဖြင့်သာရှိခဲ့ပြီး ယခင်ဩဂုတ်နှင့်ယခုစက်တင်ဘာလနှိုင်းယှဉ်လျှင် ငရုတ်သီးခြောက်တစ်ပိဿာ ကို(၃၀၀)ကျပ်ခန့်မြှင့်တက်လာကြောင်း၊ ငရုတ်သီးခြောက်ရောင်းသူတစ်ဦးထံမှသိရပါသည်။

DOCA(ကယား)

 

ဈေးကွက်အတွင်းဖြစ်ပေါ်နေသော ခရမ်းချဉ်သီးဈေးနှုန်း

       စားဖိုဆောင်သီးနှံတစ်မျိုးဖြစ်သည့် ခရမ်းချဉ်သီးကို ကယားပြည်နယ်၊ မိုင်းလုံးရပ်ကွက်၊ မှုံပြာ ၊ လင်ဖုံလေး ကျေးရွာများမှ အများဆုံးစိုက်ပျိုးကြသော်လည်း ယခုနှစ်တွင် ဒေသအခြေအနေအရ စိုက်ပျိုးနိုင်မူ လျော့နည်းသောကြောင့် ဈေးကွက်လိုအပ်ချက်အရ ရှမ်းပြည်နယ်တောင်ပိုင်းအင်းလေးဒေသဘက် မှတင်းသွင်းရောင်းချလျက်ရှိကြောင်း ယခင်ဩဂုတ်လဒုတိယပတ်တွင် ဈေးကွက်အတွင်းခရမ်းချဉ် သီးဈေးနှုန်းမှာ တစ်ပိဿာလျှင်(၈၀၀)ကျပ်ဈေးဖြင့်သာရောင်းချလျက်ရှိပြီး ယခုစက်တင်ဘာလ ဒုတိယပတ်တွင်ခရမ်းချဉ်သီးဈေးနှုန်းမှာ တစ်ပိဿာလျင်(၁၅၀၀)ကျပ်ဈေးဖြင့် အရောင်းအဝယ်ဖြစ် လျက်ရှိပြီး ယခင်ဩဂုတ်လဒုတိယပတ်နှင့်စက်တင်ဘာလဒုတိယပတ်နှိုင်းယှဉ်လျှင် ခရမ်းချဉ်သီး တစ်ပိဿာလျှင်(၇၀၀)ကျပ်ခန့်မြှင့်တက်လာကြောင့်၊ ခရမ်းချဉ်သီးဈေးနှုန်းမြှင့်တက်လာရခြင်းမှာ စက်သုံးဈေးနှုန်းမြှင့်တက်လာ၍သယ်ယူစရိတ်မြှင့်တက်လာခြင်းဟု ခရမ်းချဉ်သီးရောင်းသူတစ်ဦး ထံမှသိရပါသည်။

DOCA(ကယား)

ညောင်လေးပင်မြို့နယ်၏ ဓာတ်မြေသြဇာနှင့် ပိုးသတ်ဆေး ဈေးနှုန်းဈေးကွက် အခြေအနေ

      ယခုတစ်ပတ်တွင် ညောင်လေးပင်မြို့နယ်၏    ဓာတ်မြေသြဇာနှင့် ပိုးသတ်ဆေး စျေးနှုန်းများအနေဖြင့်  ပင်သန်ပုလဲ ၅၀ kg (ဩဘာ) တစ်အိတ်လျှင် ၁၂၅၀၀၀ကျပ် ၊  အီမို ပိုကောင်းပုလဲ  50 kg တစ်အိတ်လျှင် ၁၁၀၀၀၀ ကျပ် ၊ ရွှေဖားစည် ဆေးပုလဲ တစ်အိတ်လျှင် ၁၀၀၀၀၀ကျပ် ၊ မာရသွန် 21 ပုလဲ ( ဩဘာ) ဓာတ်မြေသြဇာ 50kg  တစ်အိတ်လျှင် ၇၅၀၀၀ ကျပ်၊ မြင်းပျံ ပုလဲ (သြဘာ) 50kg  တစ်အိတ်လျှင် ၈၇၅၀၀ကျပ် ၊ ကောမတ်သြဘာ 50 kg တစ်အိတ်လျှင် ၈၀၀၀၀ကျပ် ၊ နဂါးမင်း ပင်တက်မွန် ( ဩဘာ )   50kg တစ်အိတ်လျှင် ၉၂၀၀၀ ကျပ်တို့ဖြင့် ယခင်အပတ်ကအတိုင်း ဈေးပြောင်းလဲမှုမရှိဘဲ အရောင်းအဝယ်ဖြစ်နေကြောင်း တွေ့ရှိရပြီး ယခုအပတ် ပိုးသတ်ဆးဈေးနှုန်းအနေဖြင့် ကွန်ပလီ (သြဘာ)  ၅၀ g တစ်ထုပ်လျှင် ၃၉၀၀၀ကျပ်၊ ပေါင်းကင်း (ဩဘာ) ၅၀ g တစ်ထုပ်လျှင် ၃၉၀၀၀ ကျပ် ၊ ထိုင်ဝါဗူး ၂၅၀ CC တစ်ဗူးလျှင် ၁၅၀၀၀ကျပ် ၊ ပီတာ  ၅၀၀ CC တစ်ဗူးလျှင် ၂၀၀၀၀ကျပ် ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။  

DOCA(ပဲခူး)

ညောင်လေးပင်နှင့် ဒိုက်ဦးမြို့နယ်၏ စပါး၊ ဆန်ဈေးနှုန်း ဈေးကွက်အခြေအနေ

     ညောင်လေးပင်မြို့နယ်၏ စပါးဈေးနှုန်းများအနေဖြင့် စက်တင်ဘာလ ပထမပတ်တွင် မိုးစပါး ပေါင် (၄၆) တင်း ၁၀၀ လျှင် ၁၁၂၀၀၀၀ကျပ် ဖြစ်ပြီး၊ ဆန် တစ်အိတ် ထိပ်စလျှင် ၄၆၀၀၀ ကျပ်၊  ဆန် အလတ်တစ်အိတ်လျှင်  ၄၅၀၀၀ကျပ်၊ ဆန်ကွဲကြီး တစ်အိတ် လျှင် ၃၅၀၀၀ကျပ် ၊ ဖွဲနု တစ်အိတ်လျှင် ၂၁၀၀၀ကျပ် ဖြင့် အရောင်း အဝယ်ဖြစ်လျှက်ရှိပါသည်။

    ထို့အတူ ဒိုက်ဦးမြို့နယ်အနေဖြင့် စက်တင်ဘာလ ပထမပတ်တွင်  နွေစပါး (ဆင်းသုခ) ပေါင် (၅၀) စပါး တင်း ၁၀၀ လျှင် ၁၂၅၀၀၀၀ ကျပ်၊ ဆန်တစ်အိတ်လျှင် ၄၅၀၀၀ ကျပ်၊ ဆန်ကွဲကြီး ၁ အိတ်လျှင် ၃၅၀၀၀ ကျပ်၊ ဆန်ကွဲသေး ၁ အိတ်လျှင် ၃၃၀၀၀ ကျပ်၊ ဖွဲနု ၁ အိတ်လျှင် ၂၀၀၀၀ ကျပ်ဖြင့် အရောင်းအဝယ် ဖြစ်လျှက်ရှိကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

တောင်ငူမြို့မှ တို့ဟူးသုပ်

      မြန်မာလူမျိုးအများစုသည် နံနက်ခင်း အဆာပြေအတွက် ထမင်းကြမ်းစာခြင်း အလ့အထ ရှိပါသည်။ ထိုသို့ ထမင်းကြမ်းစားရာတွင် တောင်ငူဒေသခံ အများစုမှာ တို့ဟူးသုပ်ကို ထမင်းကြမ်းနှင့် တွဲလျှက် နှစ်သက်စွာ စားသုံးလေ့ရှိကြပါသည်။

     တို့ဟူးသုပ်ပြုလုပ်ပုံမှာ ပဲမှုန့်အစိမ်း တစ်ဆလျှင် ရေနှစ်ဆ၊ ဆား၊ အရသာမှုန့်၊ နနွင်းမှုန့် သင့်တင့်အောင်ထည့်၍ ပဲမှုန့်များကြေအောင် နယ်ရပါသည်။ နယ်ပြီးလျှင် ကျိုမည့်အိုးထဲသို့ထည့်၍ မွှေပေးရပါသည်။ ပဲမှုန့်အနေအထား ပျစ်လာလျှင် နောက်ထပ် ၁၅ မိနစ်၊ ၂၀ မိနစ်ခန့်ထားပြီး မီးဖို ပေါ်မှချလျှင် အသင့်သုပ်စားနိုင်သော တို့ဟူးတုံးများ ရရှိပါပြီ။ တို့ဟူးသုပ်ရာတွင် ပါဝင်သောပစ္စည်း များမှာ ကြက်သွန်ဖြူဆီချက်၊ မန်ကျီးမှည့်အချဉ်ရည်နှင့် ကျိုချက်ထားသော ငံပြာရည်တို့ ပါဝင်ပါ သည်။ တို့ဟူးတုံးအား ပါးပါးလှီး၍ ဆီချက်၊ ရသာမှုန့်အနည်းငယ်၊ အချဉ်ရည်၊ အငံရည်နှင့် အစပ် ကြိုက်သူများ ငရုပ်သီးမှုန့်ထည့်၍နယ်ပြီး နံနံပင်၊ ဂေါ်ဖီထည့်လိုက်လျှင် ပြည့်စုံသော တို့ဟူးသုပ် (၁)ပွဲ ရပါပြီ။

     တောင်ငူမြို့၊ ရပ်ကွက်လမ်းဆုံတိုင်း လိုလိုတွင် တို့ဟူးသုပ်ဆိုင်များ ရှိပါသည်။ တောင်ငူ မြို့သူမြို့သားများအနေဖြင့် အခြားဒေသသို့ သွားရောက်ရာတွင် တို့ဟူးသုပ်ကို လွမ်းရသည်အထိ နှစ်ခြိုက်ကြပါသည်။ တို့ဟူးသုပ်တစ်ထုပ်လျှင် ၃၀၀ ကျပ်မှ ၅၀၀ ကျပ်အထိ ရောင်းချပေးလျှက်ရှိ ကြောင်း တောင်ငူမြို့ ကန်လမ်းရှိ တို့ဟူးသုပ်သည်တစ်ဦး၏ ပြောကြားချက်အရ သိရပါသည်။

DOCA(ပဲခူး)

 

“မိုးနှောင်းချည်မျှင်ရှည်ဝါများ အောင်မြင်စွာစိုက်ပျိုးပြီးစီး”

   မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်တွင် (မိုးနှောင်း) ချည်မျှင်ရှည်ဝါ ၂၀၂၂-၂၀၂၃ ခုနှစ်စိုက်ဧကစုစုပေါင်း(၁၄၈၇၀)ဧက စိုက်ပျိုးထားရှိပြီး ကျောက်ဆည်မြို့နယ်တွင် (၃၈၅၃)ဧက၊ စဉ့်ကိုင်မြို့နယ်တွင် (၅၅၄၆)ဧက၊ မြစ်သားမြို့နယ်တွင်(၄၅၅၉)ဧကနှင့် တံတားဦးမြို့နယ်တွင် (၉၁၂)ဧက စိုက်ပျိုးထားရှိကြောင်း သက်ဆိုင်ရာဌာန၏ ပြောကြားချက်အရသိရှိရပါသည်။ မြစ်သား မြို့နယ်တွင် (မိုးနှောင်း)ချည်မျှင်ရှည်ဝါများကို ဒိုင်း၊မြနဒီနှင့် နွားဘူးကြီးရွာများတွင် အများဆုံး စိုက်ပျိုးကြပါသည်။ (မိုးနှောင်း)ချည်မျှင်ရှည်ဝါများကို သြဂုတ်လဆန်းမှစ၍ စတင်စိုက်ပျိုးကြပြီး ၂၀၂၂-၂၀၂၃ ခုနှစ် ဒီဇင်ဘာလကုန်မှစ၍ စတင်ထွက်ရှိမှာဖြစ်ကြောင်း ဝါတစ်ဧကကုန်ကျစရိတ်မှာ (၃၀၀၀၀ဝိ/-)ကျော်ကုန်ကျစရိတ်ရှိပြီး ဝါစိုက်ပျိုးပြီး (၄၅)ရက်ကျော်အကြာတွင် စတင်၍ပိုးသတ် ဆေးများပက်ဖျန်းရကြောင်း၊ ဝါတစ်ဧကအထွက်နှုန်းအနေဖြင့် အထွက်နှုန်းကောင်းမွန်ပါက (၇၀၀) ပိသာ၊(၈၅၀)ပိဿာထွက်ရှိပြီး အထွက်နှုန်းလျော့နည်းပါက (၃၀၀)ပိဿာထွက်ရှိကြောင်းသိရှိရပါသည်။ ယခုလက်ရှိ မြစ်သားမြို့နယ်အနေဖြင့် ဝါစက်လုပ်ငန်းရှင်များမှ ဝါများကို ဝမ်းတွင်းနယ်မှ ဝယ်ယူနေကြောင်း၊ဝါတစ်ပိဿာလျှင် (၂၅၀ဝိ/-)ကျပ်မှ(၂၆၀ဝိ/-)ကျပ်ထိ ဈေးရှိပြီး ဝါဂွမ်းတစ်ပိဿာလျှင်(၆၄၀ဝိ/-)ကျပ်မှ(၆၃၀ဝိ/-)ကျပ်ရှိကြောင်းကွင်းဆင်းခဲ့သည့် ဝါစက်ပိုင်ရှင်တစ်ဦး၏ ပြောကြားချက်အရသိရှိရပါသည်။

DOCA(မန္တလေး)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း