ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ရွှေဘိုမြို့တွင်ရောင်းချနေသော အခြေခံစားကုန်များ၏ ဈေးနှုန်းအခြေအနေ

      ၂၀၂၂ခုနှစ် စက်တင်ဘာလ ပထမဆုံးပတ်အတွင်း ရွှေဘိုမြို့နယ်တွင် အခြေခံစားကုန်များဖြစ်သော ရွှေဘိုပေါ်ဆန်းဆန် တစ်ပြည်လျှင် ၃၆၀၀ကျပ်၊ ဧရာမင်းဆန် တစ်ပြည်လျှင် ၂၈၀၀ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိသည်။ကြက်သွန်နီ လက်လီဈေးမှာ (ကြီး)တစ်ပိဿာလျှင် ၄၀၀၀ကျပ်၊ (လတ်)တစ်ပိဿာလျှင် ၃၇၀၀ကျပ်၊ (သေး)တစ်ပိဿာလျှင် ၃၂၀၀ကျပ်နှုန်းဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိသည်။ ကြက်သွန်ဖြူလက်လီဈေးမှာ (ဗမာ)တစ်ပိဿာလျှင် ၅၀၀၀ကျပ်မှ ၆၀၀၀ကျပ်ထိ၊ ရှမ်း ကြက်သွန်ဖြူ တစ်ပိဿာလျှင် ၄၀၀၀ကျပ်မှ ၅၅၀၀ကျပ်ထိ ၊ (ကြူကုပ်) တစ်ပိဿာလျှင် ၄၅၀၀ကျပ်မှ ၆၀၀၀ကျပ်ထိ၊ ချင်းတစ်ပိဿာလျှင် ၁၃၀၀ကျပ်မှ ၁၅၀၀ကျပ်ထိ ၊ ငရုတ်သီးခြောက် အမျိုးအစားအလိုက် ၁၈၀၀၀ကျပ်မှ ၂၀၀၀၀ကျပ်ထိ အာလူး တစ်ပိဿာလျှင် ၁၈၀၀ကျပ်မှ ၂၆၀၀ကျပ်ထိ ၊ခရမ်းချဉ်သီး တစ်ပိဿာ ၂၄၀၀ကျပ်ဖြင့် အရောင်းအဝယ် ဖြစ်နေပါသည်။

     ကြက်ဥ လက်လီဈေးနှုန်းမှာ (ကြီး)တစ်လုံးလျှင် ၂၅၀ကျပ်၊ (သေး) တစ်လုံးလျှင် ၂၀၀ကျပ် ၊ ဘဲဥ (ကြီး) တစ်လုံးလျှင် (၃၀၀)ကျပ်၊ (သေး)တစ်လုံး (၂၅၀)ကျပ်ရှိသည်။ ရွှေဘိုမြို့၏ အသား/ငါး ဈေးနှုန်းများမှာ ကြက်သား(CP)  တစ်ပိဿာလျှင် ၇၅၀၀ကျပ်မှ ၈၅၀၀ကျပ်ထိ၊ကြက်သား (ဗမာ)တစ်ပိဿာလျှင် ၁၀၀၀၀ ကျပ်မှ ၁၃၀၀၀ကျပ်ထိ၊  ဝက်သား တစ်ပိဿာလျှင် ၁၄၀၀၀ကျပ်မှ ၁၈၀၀၀ကျပ်ထိ၊ အမဲသားတစ်ပိဿာလျှင် ၁၄၀၀၀ကျပ်မှ ၁၆၀၀၀ကျပ်ထိ၊  ငါးမြစ်ချင်း တစ်ပိဿာ ၆၀၀၀ကျပ်၊ ငါးကြင်း တစ်ပိဿာလျှင် ၅၅၀၀ကျပ်ဖြင့် ရောင်းဝယ်နေကြောင်း သိရသည်။

     စားသုံးဆီ ဈေးနှုန်းများမှာ ပဲဆီသန့် တစ်ပိဿာလျှင် ၁၃၀၀၀ကျပ်မှ ၁၅၀၀၀ကျပ်ထိ၊  စားအုန်းဆီ တစ်ပိဿာလျှင် ၉၅၀၀ကျပ်နှင့် နှမ်းဆီ တစ်ပိဿာလျှင် ၁၅၀၀၀ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရသည်။

DOCA(စစ်ကိုင်း)                                                                                                                              

         

မုံရွာမြို့နယ်အတွင်း ပဲမျိုးစုံဈေးနှုန်းနှင့် ဈေကွက်အခြေအနေ

     စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ရှိ မုံရွာကုန်စည်ဒိုင်အဖွဲ့ဝင်များအနေဖြင့် မေလ လဆန်းပိုင်းမှ စတင်၍ ကုန်စည်ဒိုင် စတင်ပြန်လည် လည်ပတ်ခဲ့ကြောင်း သိရပါသည်။ စက်တင်ဘာလ ပထမပတ်တွင်  ဖြစ်ပေါ်နေသောပဲဈေးနှုန်းများမှာ ပဲတီစိမ်း(ကြီး)တစ်တင်းလျှင် ကျပ်၅၅၀၀၀၊ ပဲစဉ်းငုံတစ်တင်းလျှင် ကျပ် ၆၅၈၀၀၊ မတ်ပဲ တစ်တင်းလျှင် ကျပ် ၆၅၀၀၀၊ ကုလားပဲ ထိုင်ဝမ် တစ်တင်းလျှင် ကျပ် ၆၄၀၀၀၊ ကုလားပဲ 929 တစ်တင်းလျှင် ကျပ် ၆၅၀၀၀၊ ကုလားပဲ V2 တစ်တင်းလျှင် ကျပ် ၇၀၀၀၀၊ ကုလားပဲ V3,7 တစ်တင်းလျှင် ကျပ် ၇၃၃၀၀ ဈေးနှုန်းများဖြင့် အရောင်းအဝယ် ဖြစ်နေကြောင်း သိရပါသည်။

    ဂျုံဖြူသန့်တစ်တင်း ကျပ် ၆၆၆၀၀၊ ဂျုံအထွက်တိုးတစ်တင်း ကျပ် ၆၃၃၀၀၊  ပဲကြီး(သစ်) တစ်တင်း ကျပ် ၈၀၀၀၀၊ ပဲနီ လုံးရိုးရိုး တစ်တင်းလျှင် ကျပ် ၅၀၀၀၀၊ ပဲနီလုံးကြား တစ်တင်းလျှင် ကျပ် ၅၆၀၀၀၊  ပဲပုတ်စေ့ (ဗမာ) တစ်တင်းလျှင် ကျပ် ၈၈၀၀၀၊ ပဲပုတ်စေ့ (ရှမ်း) တစ်တင်းလျှင် ကျပ် ၅၅၀၀၀၊ ထောပတ် ပဲ တစ်တင်းလျှင် ကျပ် ၆၀၀၀၀၊  မြေထောက်ပဲ တစ်တင်းလျှင် ကျပ် ၉၀၀၀၀၊ ပုဂံပဲ တစ်တင်းလျှင် ကျပ် ၇၀၀၀၀၊ ပဲလွန်းဖြူ တစ်တင်းလျှင် ကျပ် ၅၃၀၀၀၊ ပဲလွန်းပြာ တစ်တင်းလျှင် ကျပ် ၄၃၀၀၀၊ အစေ့ထုတ်ပြောင်း(CP) တစ်တင်းလျှင် ကျပ် ၁၈၀၀၀၊ ပြောင်းနီ တစ်တင်းလျှင် ကျပ် ၁၈၆၀၀၊ ပြောင်းဖြူ တစ်တင်းလျှင် ကျပ် ၁၉၃၀၀၊ ဆီထွက် သီးနှံများဖြစ်သော နှမ်းသီးနှံ ပေါက်ဈေးနှုန်းများ မှာ နှမ်းညို တစ်တင်းလျှင် ကျပ် ၈၅၀၀၀၊ နှမ်းနက် တစ်တင်းလျှင် ကျပ် ၁၀၆၀၀၀၊ နှမ်းဖြူ တစ်တင်းလျှင် ကျပ် ၁၁၈၀၀၀၊ နေကြာစေ့ တစ်တင်းလျှင် ကျပ် ၃၃၇၅၀၊ မြေပဲလုံးဆံနီ တစ်ပိဿာလျှင် ကျပ်၆၈၀၀၊ မြေပဲလုံး ဆံဖြူ တစ်ပိဿာလျှင် ကျပ် ၇၁၀၀၊ ပဲဖတ်တစ်ပိဿာလျှင် ကျပ်၃၁၀၀၊ နှမ်းဖတ် တစ်ပိဿာလျှင် ကျပ် ၂၀၀၀၊ နေကြာဖတ် တစ်ပိဿာလျှင် ကျပ် ၁၅၅၀ ဈေးနှုန်းအသီးသီးဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရပါသည်။

     ယခုအပတ်ဈေးနှုန်းများမှာ ယခင်အပတ်နှင့် နှိုင်းယှဉ်လျှင် သီးနှံများအားလုံး ဈေးအနည်းငယ်တက်နေကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)                                                                 

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ဖြစ်ပေါ်နေသော စပါး/ဆန်ဈေးနှုန်းများနှင့် စီးထွက်မှုအခြေအနေ

     စစ်ကိုင်းတိုင်းဒေသကြီးသည် စက်တင်ဘာလ(ပထမ)ပတ်၌ စပါး/ဆန်ဈေးနှုန်းများမှာ ဆန်ပိုဒေ သများဖြစ်သော ရွှေဘိုခရိုင်တွင် ဈေးအနည်းငယ်တက်နေပြီး၊ ကလေးခရိုင်နှင့် မုံရွာ ခရိုင်တို့တွင် စပါး/ ဆန်ဈေး အနည်းငယ်ကျနေပြီး၊ ကျန်ခရိုင်များတွင် ဈေးအေးနေပါသည်။

    စစ်ကိုင်းတိုင်းဒေသကြီးအတွင်း စက်တင်ဘာလ(ပထမ)ပတ်တွင် ဖြစ်ပေါ်နေသော စပါး/ဆန်ဈေး နှုန်းများမှာ ရွှေဘိုခရိုင်တွင် ရွှေဘိုပေါ်ဆန်း(စပါး) တင်း၁၀၀လျှင် ကျပ်(၂၃၀၀၀၀၀)၊ ပေါ်ဆန်း (ဆန်)၂၄ ပြည်ပါ တစ်အိတ်လျှင်ကျပ်  ၈၅၀၀၀၊ ဧရာမင်း(စပါး)တင်း ၁၀၀လျှင် ၁၃၅၀၀၀၀၊ ဧရာမင်း(ဆန်) ၂၄ ပြည်ပါ တစ်အိတ် ကျပ် ၆၂၀၀၀၊ ရေဦးမြို့မှ ပေါ်ဆန်း (စပါး) တင်း ၁၀၀လျှင် ကျပ် ၂၃၀၀၀၀၀၊ ပေါ်ဆန်း (ဆန်) တစ်အိတ်လျှင်ကျပ် ၈၀၀၀၀၊  ဧရာမင်း (စပါး) တင်း၁၀၀ လျှင် ၁၃၀၀၀၀၀၊ ဧရာမင်း (ဆန်)၂၄ ပြည် ပါ တစ်အိတ်  ၅၈၀၀၀ ကျပ်များဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရပါသည်။

   ကလေးခရိုင်၊ ကလေးမြို့နယ်မှ ဧည့်မထ(စပါး) တင်း၁၀၀ လျှင် ၁၀၅၀၀၀၀၊ ဧည့်မထ(ဆန်)‌ ၂၄ ပြည်ပါ တစ်အိတ်မှာ ကျပ် ၄၄၀၀၀၊ ငစိန်(စပါး) တင်း ၁၀၀ လျှင် ၉၅၀၀၀၀ ၊ ငစိန်(ဆန်)၂၄ပြည်ပါ တစ် အိတ်မှာ ၄၀၀၀၀၊ ဧရာမင်း (စပါး)တင်း ၁၀၀ လျှင် ကျပ် ၁၃၅၀၀၀၀၊ ဧရာမင်း(ဆန်)၂၄ပြည်ပါ တစ်အိတ် မှာကျပ် ၅၅၀၀၀ ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရပါသည်။

     ကသာခရိုင်၊ အင်းတော်မြို့နယ်မှ မှော်ဘီ(၂)(စပါး) တင်း ၁၀၀လျှင် ကျပ်၁၀၀၀၀၀၀၊ မှော်ဘီ(၂) ဆန် ၂၄ပြည် တစ်အိတ် လျှင် ကျပ် ၄၈၀၀၀၊ ဆင်းဧကရီ(၃)(စပါး) တင်း၁၀၀လျှင် ကျပ် ၉၀၀၀၀၀၊ ဆင်းဧကရီ-၃ဆန် ၂၄ပြည်တစ်အိတ်မှာကျပ် ၄၃၀၀၀၊ ဧရာမင်း (စပါး) တင်း ၁၀၀လျှင် ကျပ် ၁၅၀၀၀၀၀၊ ဧရာမင်းဆန် ၂၄ ပြည်ဆန်တစ်အိတ်လျှင် ကျပ် ၆၂၀၀၀ ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရပါသည်။

    မုံရွာခရိုင်၊ မုံရွာမြို့တွင် ဧရာမင်း(စပါး)တင်း ၁၀၀ လျှင် ကျပ် ၁၄၀၀၀၀၀၊  ဧရာမင်း(ဆန်) ၂၄ပြည် တစ်အိတ်မှာ ကျပ် ၆၃၀၀၀၊ ပေါ်ဆန်း(စပါး) တင်း ၁၀၀လျှင် ကျပ် ၂၀၀၀၀၀၀၊ ပေါ်ဆန်း(ဆန်) ၂၄ပြည် တစ်အိတ်လျှင် ကျပ် ၈၀၀၀၀၊ မနောသုခ (စပါး)တင်း ၁၀၀လျှင် ကျပ် ၁၁၀၀၀၀၀၊ မနောသုခ(ဆန်) ၂၄ ပြည် တစ်အိတ်လျှင် ကျပ်၄၅၀၀၀ ဖြင့် အရောင်းအဝယ် ဖြစ်နေကြောင်း သိရပါသည်။

    ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့တွင် ဧရာမင်း(စပါး)တင်း ၁၀၀ လျှင် ကျပ် ၁၄၀၀၀၀၀၊  ဧရာမင်း (ဆန်)၂၄ပြည် တစ်အိတ်မှာ ကျပ် ၆၅၀၀၀၊ ပေါ်ဆန်း(စပါး) တင်း ၁၀၀လျှင် ကျပ် ၂၃၀၀၀၀၀၊ ပေါ်ဆန်း (ဆန်) ၂၄ပြည် တစ်အိတ်လျှင် ကျပ် ၈၅၀၀၀၊ နွေ(စပါး) တင်း ၁၀၀လျှင် ကျပ် ၁၀၀၀၀၀၀၊ နွေ (ဆန်) ၂၄ ပြည် တစ်အိတ်လျှင် ကျပ် ၄၀၀၀၀ဖြင့် အရောင်းအဝယ် ဖြစ်နေကြောင်း သိရပါသည်။

    စစ်ကိုင်းတိုင်းဒေသကြီးမှ အခြားတိုင်းဒေသကြီးများသို့ ဆန်စီးထွက်မှုမှာ ဩဂုတ်လ(နောက်ဆုံး) ပတ်တွင် စစ်ကိုင်းတိုင်းဒေသ ကြီးမှ အခြား တိုင်းဒေသကြီးများသို့ ဆန်စီးထွက်မှုမှာ ရန်ကုန်သို့ အိတ်ရေ ၄၇၅၀၀၊ မန္တလေးသို့ အိတ်ရေ ၆၆၂၀၀၊ မကွေးသို့ အိတ်ရေ ၁၀၀၀၊ နေပြည်တော်သို့ အိတ်ရေ ၁၃၀၀၀၊ ရှမ်း (တောင်)သို့ အိတ်ရေ ၁၁၀၀၀၊ ရှမ်း (မြောက်)သို့အိတ်ရေ ၁၀၅၀၀၊ စုစုပေါင်းအိတ်ရေ (၁၄၉၂၀၀) အိတ်၊ တန်အားဖြင့်(၇၄၆၀) စီးထွက်ခဲ့ပြီး၊ ယခု စက်တင်ဘာလ(ပထမ)ပတ်တွင် စစ်ကိုင်းတိုင်းဒေသကြီးမှ အခြားတိုင်းဒေသကြီးများသို့ ဆန်စီးထွက်မှုမှာ ရန်ကုန်သို့ အိတ်ရေ ၄၆၀၀၀၊ မန္တလေးသို့ အိတ်ရေ ၆၁၈၀၀၊ မကွေး သို့ အိတ်ရေ ၁၀၀၀၊ နေပြည်တော်သို့ အိတ်ရေ ၁၁၀၀၀၊ ရှမ်း (တောင်)သို့ အိတ်ရေ ၉၀၀၀၊ ရှမ်း (မြောက်)သို့အိတ်ရေ ၁၀၀၀၀၊ စုစုပေါင်းအိတ်ရေ (၁၃၈၈၀၀)အိတ်၊ တန်အားဖြင့်(၆၉၄၀) စီးထွက်ခဲ့သည့်အတွက် ယခင်ပတ်နှင့် နှိုင်းယှဉ်လျှင် ယခုပတ်တွင် အိတ်ရေ (၁၀၄၀၀) တန်အားဖြင့် (၅၂၀) လျော့နည်းစီးထွက်ခဲ့ပါကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)                                                                 

                  

ရွှေဘိုခရိုင်အတွင်း စပါး/ဆန် ဈေးနှုန်းများနှင့် စီးထွက်မှုအခြေအနေ

    ရွှေဘိုခရိုင်အတွင်းရှိ မြို့နယ်များ၌ စက်တင်ဘာလ ‌ပထမဆုံးပတ်တွင် စပါး /ဆန် ဈေးနှုန်းမှာ အနည်းငယ်မြင့်တက်နေပါသည်။ ရွှေဘိုခရိုင်မှ အခြားတိုင်းဒေသကြီးများသို့ ဆန်စီးထွက်မှုမှာ ဩဂုတ်လ နောက်ဆုံးပတ်တွင် ရန်ကုန်သို့ အိတ်ရေ ၄၆၀၀၀ ၊ မန္တလေးသို့ အိတ်ရေ၅၈၀၀၀၊ နေပြည်တော်သို့ အိတ်ရေ ၁၁၀၀၀၊ ရှမ်း(တောင်)သို့ အိတ်ရေ ၉၀၀၀၊ ရှမ်း(မြောက်)သို့ အိတ်ရေ ၁၀၀၀၀၊ ပခုက္ကူသို့ အိတ်ရေ ၁၀၀၀၊ စုစုပေါင်းအိတ်ရေ ၁၃၅၀၀၀၊ တန်အားဖြင့် ၆၇၅၀တန် စီးထွက်ခဲ့ပါသည်။ယခုအပတ်တွင် ရွှေဘိုခရိုင်မှ အခြား တိုင်းဒေသကြီးများသို့ ဆန်စီးထွက်မှုမှာ ရန်ကုန်သို့ အိတ်ရေ ၄၀၀၀၀၊ မန္တလေးသို့ အိတ်ရေ ၅၂၀၀၀၊ နေပြည်တော်သို့ အိတ်ရေ၁၂၀၀၀ ၊ ရှမ်း(တောင်)သို့ အိတ်ရေ၉၅၀၀ ၊ ရှမ်း(မြောက်)သို့ အိတ်ရေ ၉၅၀၀၊ပခုက္ကူသို့ အိတ်ရေ ၁၀၀၀ ၊ စုစုပေါင်းအိတ်ရေ ၁၂၄၀၀၀ ၊ တန်အားဖြင့် ၆၂၀၀တန် စီးထွက်ခဲ့သည့်အတွက် ယခင်အပတ်နှင့် နှိုင်းယှဉ်လျင် ယခုအပတ်အတွင်း အိတ်ရေ ၁၁၀၀၀၊ တန်အားဖြင့် ၅၅၀တန် လျော့၍ စီးထွက်ခဲ့ပါသည်။

      ရွှေဘိုမြို့၏ စက်တင်ဘာလ ပထမဆုံးပတ်တွင် ဖြစ်ပေါ်နေသော စပါး/ဆန်  ဈေးနှုန်းများမှာ ရွှေဘိုပေါ်ဆန်းစပါး တင်း၁၀၀လျှင် ကျပ်၂၃၀၀၀၀၀၊ ရွှေဘိုပေါ်ဆန်း ဆန်၂၄ပြည်ပါ တစ်အိတ်လျှင် ကျပ်၈၅၀၀၀၊ ဧရာမင်းစပါး တင်း၁၀၀လျှင် ကျပ်၁၄၀၀၀၀၀၊ ဧရာမင်းဆန် ၂၄ပြည်ပါ တစ်အိတ်လျှင် ကျပ် ၆၅၀၀၀၊ ၂၀၂၁-၂၀၂၂ခုနှစ်ထွက် နွေစပါး ရွှေဝါထွန်းစပါး တင်း၁၀၀ လျှင် ကျပ် ၁၁၀၀၀၀၀၊ ‌ရွှေဝါထွန်းဆန် ၂၄ပြည်ပါ တစ်အိတ်လျှင် ကျပ် ၄၂၀၀၀ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

မော်လမြိုင်ဘိလပ်မြေ၊ ဓါတ်မြေဩဇာနှင့် ပိုးသတ်ဆေးဈေးကွက်

      မော်လမြိုင်မြို့၌ ယခုစက်တင်ဘာလဒုတိယအပတ်တွင် ဘိလပ်မြေဈေးကွက်မှာ အရောင်းအဝယ်ပုံမှန်ရှိနေပြီး ဈေးနှုန်းတည်ငြိမ်နေကြောင်းသိရှိရပါသည်။ ဈေးကွက်ထဲအရောင်းအဝယ်ဖြစ်နေ သောဈေးမှာ ကြံ့နှစ်ကောင်(အနီ) ကျပ် ၉၆၀၀၊ ဆင်(ထိုင်း) ကျပ် ၁၄၅၀၀၊ ကြံ့တံဆိပ်(အပြာ) ကျပ် ၉၃၀၀ ဖြင့် အရောင်းအဝယ်ဖြစ်နေပြီး၊ မော်လမြိုင်မြို့၌ ဓါတ်မြေဩဇာနှင့် ပိုးသတ်ဆေးမှာ သယ်ယူခနှုန်းထားမြင့်မားလာမှုကြောင့် ဈေးနှုန်းအနည်းငယ်မြင့်တက်လာပြီး  အရောင်းအဝယ် အေးနေ ကြောင်းသိရှိရသည်။

     အရောင်းအဝယ်ဖြစ်နေသောဈေးမှာ ယခင်အပတ်တွင် ကွန်ပေါင်း (မြန်မာ့ဩဘာ ရွှေကောမက်) ၁၅:၁၅:၁၅ 50kg ပါတစ်အိတ်မှာ ကျပ် ၁၅၃၄၀၀၊ကွန်ပေါင်း ၂၀:၁၂:၁၂ 50kg ပါတစ်အိတ်မှာ ကျပ် ၁၅၇၀၀၀၊ ကွန်ပေါင်း(Thai Grow How) ၁၅:၁၅:၁၅ 50kg ပါတစ်အိတ်မှာ ကျပ် ၁၄၈၀၀၀၊ ပုလဲ(အသေး) ၄၆%  မြန်မာ (MPE) 50kg ပါတစ်အိတ် မှာ ကျပ် ၇၈၀၀၀၊ ပုလဲ(အကြီး) ၄၆% ထိုင်း(မြင်းပျံ) 50kg ပါတစ်အိတ်မှာ ကျပ် ၁၂၀၀၀၀၊ မာလာမြိုင်ဆိုက်ပါ၁၀%(100cc)ပုလင်း ကျပ် ၃၁၀၀၊ မာလာမြိုင်ဆိုက်ပါ၁၀%(500cc)ပုလင်း ကျပ်၁၂၀၀၀ ရှိခဲ့ပြီး ယခုပတ်တွင် ကွန်ပေါင်း (မြန်မာ့ဩဘာ ရွှေကောမက်) ၁၅:၁၅:၁၅ 50kg ပါတစ်အိတ်မှာ ကျပ် ၁၆၃၀၀၀၊ကွန်ပေါင်း ၂၀:၁၂:၁၂ 50kg ပါတစ်အိတ်မှာ ကျပ် ၁၆၃၀၀၀၊ ကွန်ပေါင်း(Thai Grow How) ၁၅:၁၅:၁၅ 50kg ပါတစ်အိတ်မှာ ကျပ် ၁၅၂၀၀၀၊ ပုလဲ(အသေး) ၄၆%  မြန်မာ (MPE) 50kg ပါတစ်အိတ် မှာ ကျပ် ၈၀၀၀၀၊ ပုလဲ(အကြီး) ၄၆% ထိုင်း(မြင်းပျံ) 50kg ပါတစ်အိတ်မှာ ကျပ် ၁၂၃၀၀၀၊ မာလာမြိုင်ဆိုက်ပါ၁၀%(100cc)ပုလင်း ကျပ် ၃၁၀၀၊ မာလာမြိုင်ဆိုက်ပါ၁၀%(500cc)ပုလင်း ကျပ်၁၂၅၀၀ ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရှိရသည်။

DOCA(မွန်)

 

 

မွန်ပြည်နယ်မိုးစပါးစိုက်ပျိုးပြီးစီးမှုအခြေအနေ

     မွန်ပြည်နယ်တွင် ၂၀၂၂-၂၀၂၃ ခုနှစ်တွင် မိုးစပါးစိုက်ပျိုးပြီးစီးနေကြပြီးဖြစ်ပါသည်။ မိုးစပါးများစိုက်ပျိုးကြရာတွင် ယခင်နှစ်က (၆၁၈၃၇၆) ဧကစိုက်ပျိုးခဲ့ပြီး ယခုနှစ်တွင် (၆၅၉၆၅၈) ဧက စိုက်ပျိုးနိုင်ခဲ့ရာ ယခင်နှစ်ထက် (၄၁၂၈၂) ဧက ပိုမိုစိုက်ပျိုးနိုင်ကြောင်း သိရှိရပါသည်။ စိုက်ပျိုးသည့် မျိုးများမှာ ဆင်းသွယ်လတ်၊ ဆင်းသုခ၊ မနောသုခ၊ သီးထပ်ရင်၊ ဧည့်မထ(ကောင်း)၊ မှော်ဘီ-၂၊ ကျော်ဇေယျ၊ ဧရာမင်း၊ ရွှေဝါထွန်း၊ ရွှေတဆုပ်မျိုးများကို အဓိကထား စိုက်ပျိုးကြကြောင်း သိရှိရပါသည်။

     ယခုအချိန်တွင် စပါးဈေးမှာ ပေါ်ဆန်း တင်း(၁၀၀) လျှင် ကျပ် (၁၁) သိန်း၊ ဧည့်မထစပါးမှာ တင်း (၁၀၀) လျှင် (၈) သိန်း ကျပ် ဈေးနှုန်းရှိကြောင်း သိရှိရပါသည်။

DOCA(မွန်)

ဆိပ်ဖြူ ကြက်သွန်နီ ဩဂုတ်လ(စတုတ္ထ)ပတ်အတွင်း ဈေးနှုန်းဈေးကွက်နှင့်စီးဆင်းမှု အခြေအနေ

     ဆိပ်ဖြူမြို့ ကြက်သွန်နီ အရောင်းအဝယ်ဖြစ်လျက်ရှိသော ကုန်စည်ဒိုင်သို့ ဩဂုတ်လ (စတုတ္ထ)ပတ်အတွင်း ကြက်သွန်နီပင်စိုက်အသစ်များ ဆိပ်ဖြူမြို့နယ်ဒေသတွင်း နေရာအနှံ့အပြားမှ နေ့စဉ်ဝင်ရောက်လျက် ရှိပါသည်။ တစ်ရက်လျှင်ပျမ်းမျှ ကြက်သွန်နီကုန်ချိန်ပိဿာ(၂)သောင်းခန့် (၁)ပတ်အတွင်း စုစုပေါင်းပိဿာ(၁)သိန်းခွဲခန့် ကုန်စည်ဒိုင်သို့ ဝင်ရောက်လျက်ရှိပြီး  မြို့ပေါ်ရှိ ကြက်သွန်ကုန်သည် သိုလှောင်ရုံများတွင် ကြက်သွန်နီပိဿာ ပျမ်းမျှ(၁)ပတ်အတွင်း ကုန်ချိန် (၄)သိန်းခွဲခန့် ဝင်ရောက်အရောင်းအဝယ်ဖြစ်ကြောင်း၊ ဩဂုတ်လ(၂၂)ရက်မှ(၃၁)ရက်ထိ ကုန်စည်ဒိုင်နှင့်သိုလှောင်ရုံများ အရောင်းအဝယ်ဖြစ်မှု စုစုပေါင်းမှာ ကြက်သွန်နီ ပိဿာ(၆)သိန်းခန့်ရှိကြောင်း မြို့ပေါ်ရှိကုန်စည်ဒိုင် အသင်းဝင် ကုန်သည်ပွဲစား(၁)ဦးထံမှ သိရှိရသည်။

    ဈေးနှုန်းဈေးကွက်အနေဖြင့် ဩဂုတ်(စတုတ္ထ)ပတ်အတွင်း ကြက်သွန်နီ(၁)ပိဿာ ထိပ်စ အမြင့်ဆုံးဈေးနှုန်းမှာ (၃၁၀၀)ကျပ် မှ (၂၅၀၀)ကျပ်ထိ ဈေးနှုန်းဖြစ်ခဲ့ပြီး အနိမ့်စအမြင့်ဆုံးဈေးနှုန်း မှာ (၂၅၀၀)ကျပ် မှ (၂၀၀၀)ကျပ်ထိ ဈေးနှုန်းများဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း၊ သီးနှံအရည် အသွေးများ မတူညီခြင်းကြောင့် ဈေးနှုန်းများကွာခြားကြောင်း၊ ယခင်(၁)ပတ် ကြက်သွန်နီအမြင့်ဆုံး ဈေးနှုန်းမှာ (၂၅၀၀)ကျပ် ဈေးနှုန်းဖြင့်အရောင်းအဝယ်ဖြစ်ခဲ့ပြီး ယခု(၁)ပတ်အမြင့်ဆုံးဈေးမှာ (၃၁၀၀)ကျပ် ဈေးနှုန်းဖြင့် အရောင်းအဝယ်ဖြစ်၍ ယခင်(၁)ပတ်ထက် (၆၀၀)ကျပ်ခန့် ဈေးနှုန်းမြင့် သွားကြောင်း၊ အနိမ့်စ အမြင့်ဆုံးဈေးနှုန်းမှာ ယခင်(၁)ပတ်က(၁၇၀၀)ကျပ်၊ ယခု(၁)ပတ်(၂၅၀၀) ကျပ် ဈေးနှုန်းဖြစ်၍ ယခင်(၁)ပတ်ထက် (၈၀၀)ကျပ်ခန့် ဈေးနှုန်းမြင့်သွားကြောင်း၊ ယခု(၁)ပတ် အတွင်း ဈေးနှုန်းသိသိသာသာ မြင့်တက်သွားကြောင်း၊ ရန်ကုန်ဘုရင့်နောင်ပွဲရုံသို့ တင်ပို့မှုနည်းပြီး ပြည်ပဝယ်လက်မြဝတီမြို့သို့ ကုန်ချိန်အများဆုံးတင်ပို့လျက်ရှိကြောင်း သိရှိရသည်။ ဆိပ်ဖြူ ကြက်သွန်နီ ဈေးကွက်အတွင်း ဩဂုတ်လ(စတုတ္ထ)ပတ်တွင် ကြက်သွန်နီဈေးနှုန်းမြင့်တက်နေပြီး (၁)ပိဿာ ကျပ်(၃၁၀၀)အထိ မြင့်တက်လာကြောင်း ကုန်သည်များထံမှ သိရှိရသည်။ ကြက်သွန်နီ ဈေးကွက်အတွင်းတွင် ဩဂုတ်လ(ပထမ)ပတ်တွင် (၁)ပိဿာကျပ်(၁၇၅၀)၊ (ဒုတိယ)ပတ်တွင် (၁)ပိဿာကျပ်(၂၀၀၀)၊ (တတိယ)ပတ်တွင် (၁)ပိဿာကျပ်(၂၅၀၀)၊ (စတုတ္ထ)ပတ်တွင် (၁)ပိဿာ ကျပ်(၃၁၀၀) အမြင့်ဆုံးဈေးဖြင့် နေ့စဉ်ဈေးနှုန်းမြင့်တက်၍ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရသည်။

   ဆိပ်ဖြူမြို့တွင် ကြက်သွန်နီအသစ်(၁)ပိဿာလျှင် လက်လီဈေးနှုန်းအနေဖြင့် ထိပ်စ(ရှယ်) ကျပ်(၂၉၀၀/၂၈၀၀)၊ လတ်(ကြီး) ကျပ်(၂၃၀၀/၂၂၀၀)၊ လတ်(သေး) ကျပ်(၂၁၀၀/၂၀၀၀)၊ အသေးစ (၁၉၀၀)ဈေးနှုန်းများဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ကုန်စည်စီးဆင်းမှုအနေဖြင့် ဩဂုတ် လ(စတုတ္ထ)ပတ်အတွင်း ဆိပ်ဖြူမြို့မှရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင်ပွဲရုံ၊ ဧရာဝတီတိုင်းဒေသ ကြီး ပုသိမ်မြို့နှင့် မြဝတီ၊ မော်လမြိုင်မြို့များသို့ (၆/၁၂/၂၄)ဘီး မော်တော်ယာဉ်များဖြင့် ကြက်သွန် နီပျှမ်းမျှ(၆)သိန်း၊ တန်ချိန်(၃)သောင်းခွဲခန့်  ကုန်စည်စီးဆင်းခဲ့ကြောင်း သိရှိရပါသည်။ ဆိပ်ဖြူမြို့မှ ပြည်ပဝယ်လက် မြဝတီမြို့သို့ ကုန်ချိန်အများဆုံး တင်ပို့ဖြန့်ဖြူးလျက်ရှိကြောင်း ကုန်စည်ဒိုင်ဈေး ကွက်မှ သိရှိရပါသည်။

DOCA(မကွေး)

အောင်လံကုန်စည်ဒိုင်၏ သီးနှံရောင်းဝယ်ဖြစ်မှု အခြေအနေ

 ‌   အောင်လံကုန်စည်ဒိုင်တွင် နှမ်းဈေးကွက်အနေဖြင့် ယခင်အပတ်(၁.၉.၂၀၂၂)နှင့် ယခုအပတ် (၇.၉.၂၀၂၂)ရက်နေ့အတွင်း နှမ်းဖြူ (၄၅)ပိဿာတစ်အိတ်လျှင် ယခင်အပတ် (၂၃၅၀၀ဝိ/-)ယခု အပတ်(၂၅၀၀၀ဝိ/-)ဖြစ်၍ (၁၅၀၀ဝိ/-)ဈေးမြင့်တက်ခဲ့ပြီး၊ နှမ်းနီ ယခင်အပတ် (၂၃၅၀၀ဝိ/-)ယခုအပတ် (၂၄၅၀၀ဝိ/-)ဖြစ်၍ (၁၀၀၀ဝိ/-)ဈေးမြင့်တက်ခဲ့ပြီး၊နှမ်းနက်(စမုံ) ယခင်အပတ် (၂၇၅၀၀ဝိ/-)ယခုအပတ် (၂၈၀၀၀ဝိ/-)ဖြစ်၍ (၅၀၀ဝိ/-)ဈေးမြင့်တက်ခဲ့ပြီး၊ နှမ်းပြာ ယခင်အပတ်(၂၃၀၀၀ဝိ/-)ယခုအပတ်(၂၄၅၀၀ဝိ/-) ဖြစ်၍ (၁၅၀၀ဝိ/-)အသီးသီးဈေးမြင့်တက်ခဲ့ ကြောင်း သိရှိရပါသည်။

     ပဲမျိုးစုံစျေးကွက်တွင် ဘိုကိတ်ပြာ(၂၀)ပိဿာတစ်တင်းလျှင် ယခင်အပတ်(၄၁၀၀ဝိ/-) ယခုအပတ် (၄၁၀၀ဝိ/-) ဖြစ်၍ ဈေးနှုန်းပြောင်းလဲမှုမရှိသော်လည်း ပဲစဉ်းငုံနီ ယခင်အပတ် (၆၆၀၀ဝိ/-) ယခုအပတ် (၆၅၀၀ဝိ/-) ဖြစ်၍ (၁၀၀ဝိ/-) ဈေးလျော့နည်းပြီး ပဲတီစိမ်း ယခင်အပတ် (၅၀၀၀ဝိ/-) ယခုအပတ် (၅၁၀၀ဝိ/-) ဖြစ်၍ (၁၀၀ဝိ/-) ဈေးမြင့်တက်ခဲ့ပြီး၊ မတ်ပဲမှာ ယခင်အပတ်(၆၂၀၀ဝိ/-) ယခုအပတ် (၆၄၀၀ဝိ/-) ဖြစ်၍ (၂၀၀ဝိ/-) ဈေးမြင့်တက်ခဲ့ပြီး၊ ပဲကြီး ယခင်အပတ်(၇၈၀၀ဝိ/-) ယခု အပတ်(၈၀၀၀ဝိ/-) ဖြစ်၍(၂၀၀ဝိ/-) ဈေးမြင့်တက်ခဲ့ပြီး၊ ကုလားပဲ(HL) ယခင်အပတ်(၆၆၀၀ဝိ/-) ယခုအပတ် (၆၇၀၀ဝိ/-) ဖြစ်၍ (၁၀၀ဝိ/-) ဈေးမြင့်တက်ခဲ့ပြီး၊ ကုလားပဲ(မြကြေး) ယခင်အပတ်((၆၅၀၀ဝိ/-) ယခုအပတ် (၆၆၀၀ဝိ/-) ဖြစ်၍ (၁၀၀ဝိ/-) ဈေးမြင့်၊ မြေပဲလုံးဆံ(နီ)တစ်ပိဿာလျှင် ယခင်အပတ်(၆၂၀ဝိ/-)ယခု အပတ် (၆၄၀ဝိ/-) ဖြစ်၍ (၂၀ဝိ/-) ဈေးမြင့်တက်ခဲ့ပြီး၊ မြေပဲလုံးဆံ(ဖြူ) ယခင်အပတ်(၆၂၀ဝိ/-)ယခုအပတ် (၆၃၀ဝိ/-) ဖြစ်၍ (၁၀ဝိ/-) ဈေးမြင့်တက်ခဲ့ပြီး၊ မြေပဲတောင့်(စို) တစ်တင်း ယခင် အပတ်(၂၄၀၀ဝိ/-) ယခုအပတ် (၂၅၀၀ဝိ/-) ဖြစ်၍ (၁၀၀ဝိ/-) အသီးသီးဈေးနှုန်းများ မြင့်တက်ခဲ့ပြီး  အရောင်းအဝယ် ပမာဏအနေဖြင့် နှမ်းဖြူ(၁၁၀)အိတ်၊ နှမ်းနီ(၂၃၀)အိတ်၊ နှမ်းပြာ(၁၂၅၀)အိတ်၊ နှမ်းနက် (စမုံ)(၁၃၅၀၀) အိတ်၊ ပဲတီစိမ်း(၄၀၀)အိတ်၊ ပဲစဉ်းငုံနီ(၃၈၀)အိတ်၊ မတ်ပဲ(၂၇၀)အိတ်၊ ကုလားပဲ(HL) (၁၁၀၀)အိတ်၊ ကုလားပဲ(မြကြေး) (၉၀၀)အိတ်၊ ဘိုကိတ်ပြာ (၃၇၀)အိတ်၊ ပဲကြီး(၅၅၀)အိတ်၊ မြေပဲလုံးဆံ (ဖြူ)(၂၂၀၀)အိတ်၊ မြေပဲလုံး ဆံ(နီ) (၁၃၀၀)အိတ်၊ မြေပဲတောင့်(အစို)(၅၀၀၀)တင်းတို့ အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

 

 

သရက်မြို့ပေါ်ရှိ ဝါးရုံမှို ဈေးကွက်အခြေအနေ

    မြန်မာလူမျိုးတို့အတွက် ထမင်းမြိန်စေပြီး ကျန်းမာရေးအတွက်အထောက်အကူပြုသည့် ဝါရုံမှိုများကို ဝါခေါင်၊ တော်သလင်းလများတွင် နှစ်စဉ်ပေါက်ရောက်လျက်ရှိပါသည်။ ဝါးရုံတော အတွင်းမှ ဝါးငုတ်အဟောင်း၊ အဆွေးများတွင် ပေါက်ရောက်လျက်ရှိရာ ဝါးရုံမှိုများကို အခြောက်လှန်းခြင်း၊ မှိုချဉ်ထည့်စားသုံးခြင်း၊ ဟင်းချက်စားသုံးခြင်းဟူ၍ အမျိုးမျိုးပြုလုပ်၍ ရောင်းဝယ် ဖောက်ကား စားသုံးလျက်ရှိကြပါသည်။

    သရက်မြို့နယ်ပတ်ဝန်းကျင်ကျေးရွာများမှ သရက်မြို့မဈေး၊ ဗိုလ်ချုပ်ဈေးနှင့် အခွန်လွတ် ဈေးများသို့ မိုးရာသီ ရာသီစာသီးနှံဖြစ်သော ဝါးရုံမှိုများ လာရောက်ရောင်းချလျက်ရှိရာ ပေါ်ဦး ပေါ်စတွင်  ဝါးရုံမှိုတစ်ဆယ်သား (၁၅၀ဝိ/-)နှုန်းဖြင့် ရောင်းချရပါကြောင်း၊ ယခုအခါဝါးရုံမှိုများ ပေါများစွာပေါက်လာသည့်အတွက် ဝါရုံမှိုနှစ်ဆယ့်ငါးကျပ်သားလျှင်(၁၅၀ဝိ/-)၊ ဝါးရုံမှိုနုတ်သီးများကို နှစ်ဆယ့်ငါးကျပ်သားလျှင်(၂၅၀ဝိ/-)နှုန်းဖြင့် ရောင်းချပါကြောင်း မှိုရောင်းချသူ တစ်ဦးထံမှ သိရှိရပါသည်။

DOCA(မကွေး)

တနင်္သာရီတိုင်း ဓါတ်မြေသြဇာ၊ ပိုးသတ်ဆေးနှင့် ဘိလပ်မြေစျေးမြင့်တက်

     တနင်္သာရီတိုင်းဒေသကြီးအတွင်း စက်တင်ဘာလတွင် ဓါတ်မြေသြဇာစျေးကွက်မှာ အရောင်းအဝယ်ပုံမှန်ရှိပြီး စျေးကွက်တွင် လူသုံးများသည့် တံဆိပ်များနှင့် စျေးနှုန်းများမှာ သံကွင်း (Yuntianhua)မှာ ၅၀ကီလိုဂရမ် တစ်အိတ်လျှင် ကျပ် ၁၁၈၅ဝဝိ၊ သရဖူ(ထိုင်းနိုင်ငံ)တစ်အိတ်လျှင်  ကျပ် ၁၂၅၀ဝဝ/-၊ Vedagro (ဗီယက်နမ်) တစ်အိတ်လျှင် ကျပ် ၈၆၅ဝဝ/-၊ ၁၈:၄:၅ (သရဖူ)တစ်အိတ်လျှင် ကျပ် ၁၀ဝဝဝဝ/-၊ ၁၅ပတ်လည်(အာမို)တစ်အိတ်လျှင် ကျပ် ၁၅၀၀၀၀/-၊  တနင်္သာရီတိုင်းဒေသကြီးတွင် ပိုးသတ်ဆေးစျေးနှုန်းများမှာ ဒါနာဒင် ၁၀၀စီစီ တစ်ဘူးလျှင် ကျပ် ၆၂၀၀၊ မာလာမြိုင်ဖန့်ဆို ၁၀၀စီစီ တစ်ဘူးလျှင် ကျပ် ၄၀၀၀၊ သန်ဒါး(မြန်မာသြဘာ) ၁၀စီစီ တစ်ဘူးလျှင် ကျပ် ၁၉၀၀၊ ဒိုဇာ(မြန်မာသြဘာ) ၁၀စီစီ တစ်ဘူးလျှင် ကျပ် ၁၅၀၀/-ဖြင့် အရောင်း အဝယ်ဖြစ် နေကြောင်းစုံစမ်းသိရှိရပါသည်။

      စက်တင်ဘာလ ပထမအပတ်တွင် ဘိလပ်မြေစျေးနှုန်းမှာ မြင့်တက်လျက်ရှိပြီး ဆင်နီ(ထိုင်း) တစ်အိတ်လျှင် ကျပ် ၁၅၈၀၀၊ ကြံ့(၂)ကောင်တံဆိပ် ကျပ် ၁၀၇၀၀၊ apache တံဆိပ် ကျပ် ၁၁၅၀၀ ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်များမှ စုံစမ်းသိရှိရပါသည်။

      ဓါတ်မြေသြဇာ၊ ပိုးသတ်ဆေးနှင့်  ဘိလပ်မြေစျေးနှုန်းများမှာ ယခင်အပတ်နှင့် နှိုင်းယှဉ်လျှင် စျေးနှုန်းများမြင့်တက်လျက်ရှိပြီး အရောင်းအဝယ်မှာပုံမှန်ရှိနေကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း