ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၏ ဓာတ်မြေဩဇာနှင့်ဘိလပ်မြေဈေးနှုန်းအခြေအနေ

      ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့ ဈေးကွက်တွင် နိုဝင်ဘာလ ဒုတိယပတ်၌ ဓာတ်မြေဩဇာ ဈေးနှုန်းများမှာ ပုလဲ(MEP) (50)kg တစ်အိတ်လျှင်(၉၇၀၀၀)ကျပ်၊ တီဆူပါ(လေဆာ) (50)kg တစ်အိတ်လျှင်(၁၉၀၀၀)ကျပ်၊ ယူရီယား(မြင်းပျံ) (50)kg တစ်အိတ်လျှင် (၈၇၀၀၀)ကျပ်၊ တီဆူပါ (may) (50)kg တစ်အိတ်လျှင် (၁၉၀၀၀)ကျပ်၊ ချာန(သုံးမျိုးစပ်) (50)kg တစ်အိတ်လျှင် (၁၄၂၀၀၀)ကျပ် ဖြစ်ပါသည်။ တာချီလိတ်မြို့အတွင်းရှိ ဓာတ်မြေဩဇာ ဈေးနှုန်း များမှာ ပုလဲ(၄၆%) (50)kg တစ်အိတ်လျှင် (၁၃၁၄၀၀)ကျပ်၊ ပုလဲ(၁၅ပတ်လည်) တစ်အိတ်လျှင် (၁၂၃၅၀၀)ကျပ်၊ ကွန်ပေါင်း (50)kg တစ်အိတ်လျှင် (၁၂၃၅၀၀)ကျပ် ဖြစ်ပါသည်။

    ကျိုင်းတုံမြို့အတွင်းရှိ နိုဝင်ဘာလ ဒုတိယအပတ်  ဘိလပ်မြေဈေးနှုန်းများအနေဖြင့် ကျား တံဆိပ် (40)kg တစ်အိတ်လျှင် (၁၃၅၀၀)ကျပ်၊ ဆင်တံဆိပ် (50)kg တစ်အိတ်လျှင် (၁၄၅၀၀)ကျပ်၊ စိန်တံဆိပ် (50)kg တစ်အိတ်လျှင် (၁၄၅၀၀)ကျပ် ဖြစ်ပါသည်။ တာချီလိတ်မြို့အတွင်းရှိ ဘိလပ်မြေ ဈေးနှုန်းများမှာ ကျားတံဆိပ် (40)kg တစ်အိတ်လျှင် (၁၀၃၀၀)ကျပ်၊ ဆင်တံဆိပ် (50)kg တစ်အိတ် လျှင် (၁၁၁၀၀)ကျပ်၊ စိန်တံဆိပ် (50)kg တစ်အိတ်လျှင် (၁၁၁၀၀)ကျပ် ဖြစ်ပါသည်။

     ရှမ်းပြည်နယ်(အရှေ့ပိုင်း)တွင် ဓာတ်မြေဩဇာဈေးနှုန်းများမှာ ယခင်အောက်တိုဘာလ ဒုတိယပတ်ထက် အနည်းငယ် ကျဆင်းပြီး၊ ပုလဲ(၁၅ပတ်လည်) တစ်မျိုးသာလျှင် ဈေးနှုန်း အနည်းငယ် မြင့်တက်လျက်ရှိပါသည်။ ဘိလပ်မြေဈေးနှုန်းများမှာလည်း ယခင်လဒုတိယပတ်ထက် အနည်းငယ်မြင့်တက်လျက်ရှိသည်ကို သိရှိရပါသည်။

DOCA(ရှမ်း)

 

ကျိုင်းတုံမြို့ရှိ အခြေခံစားသောက်ကုန်များ၏ ဈေးနှုန်းအခြေအနေ

         ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ဒုတိယပတ်အတွင်း ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့ရှိ အခြေခံစားသောက်ကုန်များဖြစ်သော ရွှေဘိုပေါ်ဆန်းမွှေး(သိင်္ဂီ) တစ်ပြည် ၄၅၀၀ကျပ်၊ ဧည့်မထဆန် တစ်ပြည် ၂၃၀၀ကျပ်ဖြင့် ရောင်းဝယ်လျက်ရှိပါသည်။ စားဖိုဆောင်စားသောက်ကုန်များအနေဖြင့် ကြက်သွန်နီ တစ်ပိဿာ ၅၀၀၀ကျပ်၊ ကြက်သွန်ဖြူ(ကြူကုတ်) တစ်ပိဿာ ၆၀၀၀ကျပ်၊ (ရှမ်းစ)တစ်ပိဿာ ၆၀၀၀ကျပ်၊ ငရုတ်သီးခြောက် (ရှည်)တစ်ပိဿာ ၂၀၀၀၀ကျပ်၊ ခရမ်းချဉ်သီး တစ်ပိဿာ ၃၀၀၀ကျပ်၊ အာလူး တစ်ပိဿာ ၃၀၀၀ကျပ်၊ မန်ကျည်းသီးမှည့် တစ်ပိဿာ ၄၀၀၀ကျပ်၊ ချင်း တစ်ပိဿာ ၂၅၀၀ကျပ် စသဖြင့် ရောင်းဝယ်လျက်ရှိပါသည်။

      ကျိုင်းတုံမြို့တွင် နိုဝင်ဘာလ ဒုတိယပတ်၌ စားသုံးဆီဈေးနှုန်းများအနေဖြင့် စားအုန်းဆီ တစ်ပိဿာ ၈၀၀၀ကျပ်နှင့် ပဲဆီ(ရိုးရိုး) တစ်ပိဿာ ၁၃၅၀၀ကျပ်၊ ကြက်ဥဈေးမှာ တစ်လုံး ၂၃၀ကျပ်နှင့် ဘဲဥ တစ်လုံး ၃၀၀ကျပ်ဖြင့် ရောင်းဝယ်လျက်ရှိပါသည်။အသား/ငါးဈေးနှုန်းများမှာ ကြက်သား(CP) တစ်ပိဿာ ၁၀၀၀၀ကျပ်၊ ဝက်သား တစ်ပိဿာ ၂၀၀၀၀ကျပ်၊ အမဲသား တစ်ပိဿာ ၂၂၀၀၀ကျပ်၊  ငါးကြင်း တစ်ပိဿာ ၈၅၀၀ကျပ်၊ ငါးမြစ်ချင်း တစ်ပိဿာ ၈၀၀၀ကျပ် ဈေးနှုန်းများဖြင့် ရောင်းဝယ်လျက်ရှိကြောင်း သိရှိရပါသည်။

       ကျိုင်းတုံမြို့ရှိ အခြေခံစားသောက်ကုန်ဈေးနှုန်းများသည် ယခင်အောက်တိုဘာ ဒုတိယပတ်နှင့် နှိုင်းယှဉ်ပါက ဧည့်မထဆန်၊ ကြက်သွန်နီနှင့် ချင်းတို့မှာ ဈေးနှုန်းအနည်းငယ်မြင့်တက်ပြီး စားအုန်းဆီဈေးနှုန်းမှာ အနည်းငယ်ကျဆင်း၍ ကျန်အခြေခံစားသောက်ကုန်ဈေးနှုန်းများမှာ တည်ငြိမ်လျက်ရှိပါသည်။

DOCA(ရှမ်း)

 

မုံရွာမြို့၊ ချင်းတွင်းရတနာဈေးအတွင်း ရောင်းချနေသော အခြေခံစားကုန်ဈေးနှုန်းများ အခြေအနေ

           စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ရှိ ဈေးများတွင် ယခုရက်သတ္တပတ်အတွင်း ရွှေဘိုပေါ်ဆန်း ဆန်(တစ်အိတ်)လျှင် ၈၅၀၀၀ကျပ်၊ ဧရာမင်းဆန်(တစ်အိတ်)လျှင် ၆၅၀၀၀ကျပ်၊ ငစိန်ဆန် (တစ်အိတ်) လျှင် ၄၀၀၀၀-၄၁၀၀၀ ကျပ်၊  ပဲဆီ(တစ်ပိဿာ)လျှင် ၉၄၅၀-၉၅၀၀ ကျပ်၊ နှမ်းဆီ (တစ်ပိဿာ)လျှင် ၉၅၀၀ကျပ်၊ နေကြာဆီ(တစ်ပိဿာ)လျှင်၁၁၀၀၀ကျပ်၊ စားအုန်းဆီ(တစ်ပိဿာ) လျှင် ၆၅၅၀-၆၆၀၀ ကျပ်၊ ဆား(တစ်ပိဿာ)လျှင် ၇၀၀-၈၀၀ ကျပ်၊ ငရုတ်ခြောက် (တစ်ပိဿာ) ၁၈၀၀၀ မှ ၂၀၀၀၀ ကျပ်၊ ကြက်သွန်နီ (တစ်ပိဿာ) ၄၀၀၀ မှ ၄၂၀၀ ကျပ်၊ ကြက်သွန်ဖြူ(ရှမ်းစ) (တစ်ပိဿာ) ၃၃၀၀ မှ ၃၅၀၀ ကျပ်၊ ကြက်သွန်ဖြူ(ကြူကုတ်) (တစ်ပိဿာ) ၅၈၀၀ မှ ၆၀၀၀ ကျပ်၊ အားလူး (တစ်ပိဿာ) ၂၄၀၀ မှ ၂၆၀၀ ကျပ်၊ မန်ကျည်းသီးမှည့်(တစ်ပိဿာ)လျှင် ၄၀၀၀-၄၃၀၀ ကျပ်၊ နနွင်းတက်(တစ်ပိဿာ)လျှင် ၅၀၀၀-၅၂၀၀ကျပ်၊ ခရမ်းချဉ်သီး (တစ်ပိဿာ) ၂၈၀၀ ကျပ်၊ ဂေါ်ဖီထုတ် (တစ်ထုတ်)၂၀၀၀ကျပ်၊ ပဲသီး (ပဲထောင့်ရှည်) (တစ်စီး) ၅၀၀ ကျပ်၊ ကြက်သား(တစ်ပိဿာ)လျှင် ၁၀၀၀၀-၁၂၀၀၀ ကျပ်၊ ဝက်သား(တစ်ပိဿာ)လျှင် ၁၅၀၀၀-၁၆၀၀၀ ကျပ်၊ အမဲသား(တစ်ပိဿာ)လျှင် ၁၆၀၀၀-၁၇၀၀၀ကျပ်၊ ဆိတ်သား(တစ်ပိဿာ)လျှင် ၂၄၀၀၀-၂၆၀၀၀ ကျပ်၊ ငါးမြစ်ချင်း (တစ်ပိဿာ) လျှင် ၇၅၀၀-၈၀၀၀ကျပ်၊ ကြက်ဥ(၁)လုံးလျှင် ၂၅၀ ကျပ်၊ ဘဲဥ(၁)လုံးလျှင် ၃၀၀ ကျပ်၊ ဖရဲသီး (ကျောက်စိမ်း) (၁)လုံးလျှင် ၁၂၀၀ မှ ၁၅၀၀ ကျပ်အတွင်း အသီသီး ဈေးရှိကြောင်း သိရသည်။

          ယခင်ပတ်နှင့်နှိုင်းယှဉ်ပါက ငစိန်ဆန်ဈေးနှုန်း အနည်းငယ်ကျဆင်းနေပြီး၊ ကြက်သွန်နီ၊ ကြက် သွန်ဖြူ၊ မန်ကျည်းသီးမှည့်နှင့် အာလူးဈေးနှုန်းများ အနည်းငယ်တက်နေပြီး၊ ကျန်သီးနှံဈေးနှုန်းများ ဈေးအေးနေပါသည်။  ယခုအချိန်တွင် မိုးမြေပဲများစတင်ထွက်ပေါ်နေပြီဖြစ်သောကြောင့် မြေပဲဆီနှင့် စားအုန်းဆီ ဈေးနှုန်းများ ဈေးအေးနေပါကြောင်း ချင်းတွင်းရတနာဈေးရှိ လက်လီလက်ကား ရောင်း ဝယ်ဖောက်ကား ရောင်းချနေသော ကုန်သည်များထံမှ သိရှိရသည်။       

DOCA(စစ်ကိုင်း)

မုံရွာကုန်စည်ဒိုင်၏ ပဲမျိုးစုံ၊ အစေ့ထုတ်ပြောင်းနှင့် နှမ်းမျိုးစုံတို့၏ ဈေးနှုန်းပြောင်းလဲမှု အခြေအနေ

          မုံရွာကုန်စည်ဒိုင်တွင် ပဲအမျိုးအစားအလိုက် ဈေးနှုန်းများမှာ ယခင်နှစ် ကာလတူဈေးထက် ယခု နှစ် ပဲမျိုးစုံ၊ အစေ့ထုတ်ပြောင်းနှင့် နှမ်းမျိုးစုံဈေးနှုန်းများ ဈေးပိုကောင်းလျက်ရှိသည်။

မတ်ပဲ

          မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ် နိုဝင်ဘာလတွင် ပဲတစ်တင်းလျှင် ကျပ် ၄၅၀၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် နိုဝင်ဘာလ ဒုတိယပတ်တွင် ပဲတစ်တင်းလျှင် ကျပ် ၅၈၀၀၀ ဖြင့် အရောင်းအဝယ် ဖြစ်ခဲ့ကာ တစ်တင်း လျှင် ကျပ် တစ်သောင်းခွဲခန့် ပိုမိုခဲ့သည်။ တစ်ရက်လျှင် အိတ်ရေ ၁၀၀မှ ၁၅၀ ခန့် အရောင်းအဝယ် ဖြစ်ကြောင်း သိရသည်။

ပဲစဉ်းငုံ

          မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ် နိုဝင်ဘာလတွင် ပဲတစ်တင်းလျှင် ကျပ် ၄၃၀၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် နိုဝင်ဘာလ ဒုတိယပတ်တွင် ပဲတစ်တင်းလျှင် ကျပ် ၅၉၀၀၀ ဖြင့် အရောင်းအဝယ် ဖြစ်ခဲ့ကာ တစ်တင်း လျှင် ကျပ် တစ်သောင်းခွဲကျော် ပိုမိုခဲ့သည်။ တစ်ရက်လျှင် အိတ်ရေ ၁၀၀မှ ၂၀၀ ခန့် အရောင်းအဝယ် ဖြစ်ကြောင်း သိရသည်။

ပဲတီစိမ်း

          မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ် နိုဝင်ဘာလတွင် ပဲတစ်တင်းလျှင် ကျပ် ၄၀၀၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် နိုဝင်ဘာလ ဒုတိယပတ်တွင် ပဲတစ်တင်းလျှင် ကျပ် ၄၃၀၀၀ ဖြင့် အရောင်းအဝယ် ဖြစ်ခဲ့ကာ တစ်တင်း လျှင် ကျပ်သုံးထောင် ပိုမိုခဲ့သည်။ တစ်ရက်လျှင် အိတ်ရေ ၁၀၀မှ ၂၀၀ ခန့် အရောင်းအဝယ် ဖြစ်ကြောင်း သိရသည်။

ကုလားပဲ

          မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ် နိုဝင်ဘာလတွင် ပဲတစ်တင်းလျှင် ကျပ် ၄၁၀၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် နိုဝင်ဘာလ ဒုတိယပတ်တွင် ပဲတစ်တင်းလျှင် ကျပ် ၅၉၀၀၀ ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကာ တစ်တင်း လျှင် ကျပ်နှစ်သောင်းခန့် ပိုမိုခဲ့သည်။ တစ်ရက်လျှင် အိတ်ရေ ၂၅၀မှ ၃၅၀ ခန့် အရောင်းအဝယ်ဖြစ် ကြောင်း သိရသည်။

စွန်တာနီ/ပြာ

          မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ် နိုဝင်ဘာလတွင် ပဲတစ်တင်းလျှင် ကျပ် ၄၀၀၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် နိုဝင်ဘာလ ဒုတိယပတ်တွင် ပဲတစ်တင်းလျှင် ကျပ် ၄၅၀၀၀ ဖြင့် အရောင်းအဝယ် ဖြစ်ခဲ့ကာ တစ်တင်း လျှင် ကျပ်ငါးထောင် ပိုမိုခဲ့သည်။ တစ်ရက်လျှင် အိတ်ရေ ၅၀မှ ၁၀၀ ခန့် အရောင်းအဝယ်ဖြစ်ကြောင်း သိရသည်။

ထောပတ်ပဲ

          မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ် နိုဝင် ဘာလတွင် ပဲတစ်တင်းလျှင် ကျပ် ၄၁၆၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် နိုဝင်ဘာလ ဒုတိယပတ်တွင် ပဲတစ်တင်းလျှင် ကျပ် ၄၅၀၀၀ ဖြင့် အရောင်းအဝယ် ဖြစ်ခဲ့ကာ တစ်တင်း လျှင် ကျပ်သုံးထောင်ကျော် ပိုမိုခဲ့ပါသည်။ တစ်ရက်လျှင် အိတ်ရေ ၅၀မှ ၁၀၀ ခန့် အရောင်းအဝယ် ဖြစ်ကြောင်းသိရသည်။

အစေ့ထုတ်ပြောင်း

          မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ် နိုဝင်ဘာလတွင် ပြောင်းတစ်တင်းလျှင် ကျပ် ၁၀၆၀၀ ဖြစ်ခဲ့ပြီး ယခု နှစ် နိုဝင်ဘာလ ဒုတိယပတ်တွင် ပြောင်း တစ်တင်းလျှင် ကျပ် ၁၉၂၀၀ ဖြင့် အရောင်းအဝယ် ဖြစ်ခဲ့ကာ တစ်တင်းလျှင် ကျပ်ကိုးထောင်ခန့် ပိုမိုခဲ့သည်။ တစ်ရက်လျှင် အိတ်ရေ ၅၀မှ ၇၀ ခန့် အရောင်းအဝယ် ဖြစ်ကြောင်း သိရသည်။

နှမ်းမျိုးစုံသီးနှံ

          မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ် နိုဝင်ဘာလတွင် နှမ်းနက် တစ်တင်းလျှင် ကျပ် ၇၁၆၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် နိုဝင်ဘာလ ဒုတိယပတ်တွင် နှမ်းနက် တစ်တင်းလျှင် ကျပ် ၈၅၀၀၀၊ နှမ်းဖြူ တစ်တင်းလျှင် ကျပ် ၄၈၃၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် နိုဝင်ဘာလ ဒုတိယပတ်တွင် နှမ်းဖြူ တစ်တင်းလျှင် ကျပ် ၈၄၀၀၀၊ နှမ်းညို တစ်တင်းလျှင် ကျပ် ၄၀၀၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် နိုဝင်ဘာလ ဒုတိယပတ်တွင် နှမ်းညို တစ်တင်းလျှင် ကျပ် ၇၄၀၀၀ ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကာ တစ်တင်းလျှင် ကျပ်တစ်သောင်းခွဲခန့်မှ သုံးသောင်းခွဲကျော်အထိ ပိုမိုခဲ့သည်။ တစ်ရက်လျှင် အိတ်ရေ ၁၅၀မှ ၂၀၀ ခန့် အရောင်းအဝယ်ဖြစ်ကြောင်း သိရသည်။

DOCA(စစ်ကိုင်း)

ရွှေဘိုမြို့၏ ပျားလိမ္မော်ဈေးနှုန်းနှင့် အရောင်းအဝယ်ဖြစ်မှုအခြေအနေ

    စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့ စည်ပင်သာယာဈေးကြီးအတွင်းနှင့် ဈေးကြီးအနီး ပတ်ဝန်းကျင်တွင် ရာသီအလိုက်သစ်သီးမျိုးစုံရောင်းချသည့်ဆိုင်ပေါင်း (၂၅)ဆိုင်ခန့်ရှိပြီး ဆယ့်နှစ်ရာသီ ပတ်လုံး ဥပုဒ်နေ့နှင့်နေ့ထူးနေ့မြတ်များမှလွှဲ၍ ကျန်သောနေ့များတွင် ဈေးကြီးအတွင်းရောင်းချပါက နေ့စဉ် နံနက်(၀၆:၃၀)နာရီအချိန်မှစတင်၍ ညနေ(၁၆:၃၀)နာရီအချိန်ထိရောင်းချနိုင်ပြီး ဈေးကြီး အပြင်ဘက်တွင် ရောင်းချသည့်ဆိုင်များအနေဖြင့် နံနက်(၀၅:၀၀)နာရီအချိန်စတင်၍မှ ညနေ (၁၇:၃၀)နာရီ အချိန်ထိ ရောင်းချကြကြောင်း သိရှိရပါသည်။

     ယခုအချိန်တွင် ရွှေဘိုမြို့ရှိ သစ်သီးရောင်းချသူများအနေဖြင့် ပျားလိမ္မော်သီး၊ နဂါးမောက်သီး၊ စပျစ်သီး၊ ပန်းသစ်တော်သီး၊ တယ်သီး၊ ဆေးပန်းသီး၊ လိမ္မော်သီးနှင့် ကမ္ပလာသီးများ ရောင်းချလျက်ရှိသည်ကို တွေ့ရှိရပါသည်။ ရွှေဘိုမြို့တွင်ရောင်းချလျက်ရှိသည့် ပျားလိမ္မော် သီးများကို မန္တလေးမြို့မှတစ်ဆင့်မှာယူရောင်းချပြီး ပျားလိမ္မော်သီးများသည် ယခုကာလ၌ အခြားသစ်သီးများထက် ရောင်းချရသည့် အချိန်ကာလ များသောသစ်သီးဖြစ်ကြောင်း၊ ပျားလိမ္မော်တစ်ခြင်းလျှင် (၁၀)ပိဿာ ပါရှိကြောင်း၊ ရွှေဘိုမြို့သည် ရွှေဘိုခရိုင်အတွင်းရှိ မြို့နယ်များအပြင် ကန့်ဘလူခရိုင်အတွင်းရှိ မြို့နယ်များမှ စိုက်ပျိုးထုတ်လုပ်သည့် သီးနှံများရောင်းချခြင်း၊ မိမိအိမ်အတွက် လိုအပ်သောပစ္စည်းများ လာရောက်ဝယ်ယူခြင်းနှင့် တစ်ဆင့် ပြန်လည်ရောင်းချရန်ဝယ်ယူခြင်းများ ဆောင်ရွက်လျက်ရှိပြီး ဈေးကွက်အချက်အချာကျသည့် မြို့တစ်မြို့ဖြစ်သော်လည်း ယခုလိုရာသီတွင် ဈေးသည်တစ်ဦးအနေဖြင့် ယခင်နှစ်များက တစ်ရက်လျှင် (၁၀)ခြင်းခန့် ရောင်းကုန်သော်လည်း ယခုနှစ်တွင် (၁)ခြင်းခန့်သာ ရောင်းရပြီး အရောင်းအဝယ် အေးကြောင်း၊ တစ်ပိဿာ လျှင် လက်လီ(၁၁၀၀ဝိ/-)နှင့် လက်ကား(၉၀၀ဝိ/-) ကျပ်ဖြင့် ရောင်းချလျှက်ရှိကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

 

မင်းဘူးမြို့မဈေးအတွင်းရှိစားဖိုဆောင်သီးနှံများ၏ ဈေးနှုန်းဈေးကွက်အခြေအနေ

      အောက်တိုဘာလစတုတ္ထပတ်တွင် မင်းဘူးမြို့နယ်အတွင်းရောင်းချလျက်ရှိသော ကြက်သွန်နီ မှာ(၁)ပိဿာလျှင် ကျပ်(၄၀၀၀)ဖြစ်ပြီး နိုဝင်ဘာလ ပထမပတ်တွင် ကြက်သွန်နီ(၁)ပိဿာလျှင် ကျပ် (၄၃၀၀)ဖြစ်၍ ဈေးအနည်းအငယ်တက်လာကြောင်း ကြက်သွန်နီမှာ အသစ်မပေါ်သေးမီ သိုလှောင်လက်ကျန်လျော့နည်းလာသည့်အတွက် ဈေးမြင့်တက်ခြင်းဖြစ်ကြောင်းသိရှိရပါသည်။

          စားဖိုဆောင်သီးနှံများဖြစ်သည့် ကြက်သွန်ဖြူ (ကြူကုတ်) ၁ပိဿာလျှင်ကျပ် (၄၅၀၀)၊ ကြက်သွန်ဖြူ (ဗမာ)၁ပိဿာလျှင်ကျပ်(၄၀၀၀)၊ အာလူး၁ပိဿာလျှင် ကျပ်(၂၅၀၀)၊ ငရုတ်ခြောက်ရှည် ၁ပိဿာလျှင်ကျပ်(၁၆၀၀၀)၊ မန်ကျည်းသီးမှည့် ၁ပိဿာလျှင်ကျပ်(၄၂၀၀)ဖြစ်ပြီး ဈေးငြိမ်လျှက် ရှိကြောင်း သိရှိ ရပါသည်။

          စားသုံးဆီများမှာလည်း နှမ်းဆီ ၁ပိဿာလျှင် ကျပ်(၉၀၀၀)၊ ပဲဆီ  ၁ပိဿာလျှင် ကျပ်(၉၀၀၀)၊ စားအုန်းဆီ ၁ပိဿာလျှင်ကျပ်(၆၅၀၀)ဖြစ်ပြီး စက်တင်ဘာလထက် ၁ပိဿာ ကျပ်(၁၀၀၀ မှ ၁၅၀၀) ဈေးကျကြောင်း၊ စားအုန်းဆီ ဈေးကျသည့်အတွက် ပဲဆီ၊ နှမ်းဆီ ဈေးလည်း ကျဆင်းသွားခြင်းဖြစ်ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

 

      

မင်းဘူးမြို့ပေါ်တွင်ဖြစ်ပေါ်လျက်ရှိသော ရေထွက်ကုန်ပစ္စည်းဈေးနှုန်းဈေးကွက်

           မင်းဘူးမြို့မဈေးကြီးအတွင်း ရောင်းချလျက်ရှိသော ရေထွက်ကုန်ပစ္စည်းများမှာ နိုဝင်ဘာလ ပထမပတ်တွင် ငါးကြင်းဖြူခြောက်(1)ပိဿာလျှင် ကျပ်14000၊ အာဗြဲခြောက်အကြီး၊ အလတ်၊ အသေး နှင့် ဆားအပေါ့အငန်ပေါ်မူတည်၍ (1)ပိဿာလျှင် ကျပ်(32000-28000-22000) ဖြစ်ကြောင်း၊ ငါးနီတူးခြောက် (1)ပိဿာလျှင် ကျပ်(12000)၊ ပုဇွန်ခြောက် (1)ပိဿာလျှင် ကျပ်(35000မှ60000) ထိရှိကြောင်း၊ ပုဇွန်ခြောက်သည် ဆားအပေါ့အငန်ပေါ်မူတည်၍ ဈေးနှုန်းကွာခြားရခြင်း ဖြစ်ကြောင်း သိရှိရပါသည်။

           ပုဇွန်ခြောက်များကို ရခိုင်ပြည်မှလည်းကောင်း၊ ငါးခြောက်များကို ရန်ကုန်ဘုရင့်နောင်ပွဲရုံ နှင့် ရခိုင်ပြည်နယ်တို့မှလည်းကောင်း ဝယ်ယူရောင်း ချလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(မကွေး)

                                                                          

 

‌ ဈေးကွက်ဝင် ပွင့်ဖြူဒေသထွက် ကောက်ညှင်းဆန်

        မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်ရှိ ကျေးရွာများသည် လယ်ယာမြေများတွင် ရာသီအလိုက် စပါး၊ ပဲအမျိုးမျိုးနှင့် ဆီထွက်သီးနှံများစိုက်ပျိုးကြပြီး မြန်မာနိုင်ငံအနှံ စားသုံးမှုများ၍ ဈေးကွက်အခိုင်အမာရှိသော ကောက်ညှင်းစပါးကို တစ်နိုင်တစ်ပိုင် စိုက်ပျိုးကြကြောင်း သိရှိရပါသည်။ ပွင့်ဖြူဒေသတွင် ကောက်ညှင်းမျိုးများစွာရှိသည့်အနက်မှ ကောက်ညှင်းဖြူ(နတ်ပြည်မွှေး)ကို အဓိကထား စိုက်ပျိုးကြကြောင်း ကောက်ညှင်းဖြူကို ကောက်ညှင်းပေါင်း၊ ဆီထမင်း၊ ကောက်ညှင်းဖြင့်ပြုလုပ်ရသော မုန့်အမျိုးမျိုးနှင့် ထိုးမုန့်ပြုလုပ်ရန် အဓိကအသုံးပြုကြကြောင်း သိရပါသည်။

       ကောက်ညှင်းစပါးစိုက်ပျိုးရာတွင် လယ်မြေများကို ထွန်းယက်ပြီး ပျိုးပင်များကို ကောက်စိုက် စိုက်ပျိုးနည်းနှင့် တိုက်ရိုက်မျိုးစေ့ချစိုက်ပျိုးနည်းဟူ၍ နှစ်မျိုးစိုက်ပျိုးကြကြောင်း၊ တိုက်ရိုက်စိုက်ပျိုး နည်းသည် အချိန်ကုန်သက်သာ၍ ကုန်ကျစရိတ် သက်သာကြောင်း ထွက်နှုန်းမှာ ပုံမှန်ထွက်နှုန်း အတိုင်းဖြစ်ကြောင်း၊ ကောက်ညှင်းစပါးကို ဇူလိုင်လတွင် စတင်စိုက်ပျိုးပြီး နိုဝင်ဘာလကုန်တွင် ရိတ်သိမ်းရကြောင်း သိရပါသည်။ ကောက်ညှင်းစပါးကို ပွင့်ဖြူမြို့နယ် စံပြကျေးရွာ၊ ကံသာကြီးကျေးရွာ၊ လယ်ဖီလာကျေးရွာ၊ ကန်ဆွယ်ကျေးရွာနှင့် ကျွန်းပင်စင်ကျေးရွာများတွင် စိုက်ပျိုးကြကြောင်း ကောက်ညှင်းစပါးမျိုးကို ငဖဲမြို့နယ်မှ ဝယ်ယူစိုက်ပျိုးကြကြောင်း၊ တောင်သူအများစုမှာလယ်မြေ (၁၀) ဧကတွင် ကောက်ညှင်း ဒဿမငါးဧကခန့် စိုက်ပျိုးကြကြောင်း၊ မိသားစုစားသုံးရန် ကောက်ညှင်းဆန်များ ကို မိတ်ဆွေများသို့ လက်ဆောက်ပေးအဖြစ် စိုက်ပျိုးကြကြောင်း၊ မိုးကောင်းလျှင် ပို၍အထွက်နှုန်း ကောင်းကြောင်း ဒဿမငါးဧကတွင် တင်း(၄၅ မှ ၅၀)ခန့်ထွက်ရှိသည့်အတွက် တစ်ဧက တင်း(၉၀ မှ ၁၀၀)ထိ ထွက်နှုန်းရှိကြောင်း သိရှိရပါသည်။

        ကောက်ညှင်းစပါးကိုကြိတ်၍ ကောက်ညှင်းဆန်အဖြစ် (၁)ပြည်လျှင် ကျပ်(၃၄၀၀)ဖြင့်ရောင်းချ ရကြောင်း၊ ပွင့်ဖြူဒေသမှ ကောက်ညှင်းဆန်များကို ဒေသတွင်း စားသုံးရုံသာမက ပိုလျှံသောကောက်ညှင်းဆန်များကို မင်းဘူး၊ မကွေး၊ ရေနံချောင်း၊ ချောက်မြို့များသို့ တင်ပို့ရောင်းချကြောင်း ကောက်ညှင်းစိုက်တောင်သူ ဦးယုလွင်ထံမှ သိရှိရပါသည်။

DOCA(မကွေး)

 

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ဖြစ်ပေါ်နေသော စပါး/ဆန်ဈေးနှုန်းများနှင့် စီးထွက်မှုအခြေအနေ

        စစ်ကိုင်းတိုင်းဒေသကြီးသည် ဆန်ပိုဒေသများဖြစ်သော ကသာခရိုင်တွင် မိုးစပါးများ အနည်းငယ် စတင်ထွက်ပေါ်နေပြီဖြစ်သည့်အတွက် ဆန်/စပါးဈေး အနည်းငယ်ကျနေပြီး၊ ကျန်ခရိုင်များတွင် နိုဝင် ဘာလ(ဒုတိယ)ပတ်၌ ဈေးအေးနေခဲ့ပါသည်။

       စစ်ကိုင်းတိုင်းဒေသကြီးအတွင်း နိုဝင်ဘာလ(ဒုတိယ)ပတ်တွင် ဖြစ်ပေါ်နေသော စပါး/ ဆန်ဈေး နှုန်းများမှာ ရွှေဘိုခရိုင်တွင် ရွှေဘိုပေါ်ဆန်း(စပါး) တင်း၁၀၀လျှင် ကျပ်(၂၄၀၀၀၀၀)၊ ပေါ်ဆန်း (ဆန်) ၂၄  ပြည်ပါ တစ်အိတ်လျှင်ကျပ်  ၈၅၀၀၀၊ ဧရာမင်း(စပါး)တင်း ၁၀၀လျှင် ၁၄၅၀၀၀၀၊ ဧရာမင်း(ဆန်) ၂၄ ပြည်ပါ တစ်အိတ် ကျပ် ၆၅၀၀၀၊ ရေဦးမြို့မှ ပေါ်ဆန်း (စပါး) တင်း ၁၀၀လျှင် ကျပ် ၂၃၀၀၀၀၀၊ ပေါ်ဆန်း (ဆန်) တစ်အိတ်လျှင်ကျပ် ၈၀၀၀၀၊  ဧရာမင်း (စပါး) တင်း၁၀၀ လျှင် ၁၃၀၀၀၀၀၊ ဧရာမင်း (ဆန်)၂၄ ပြည် ပါ တစ်အိတ်  ၅၈၀၀၀ ကျပ်များဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရပါသည်။

        ကလေးခရိုင်၊ ကလေးမြို့နယ်မှ ဧည့်မထ(စပါး) တင်း၁၀၀ လျှင် ၁၀၅၀၀၀၀၊ ဧည့်မထ(ဆန်)‌ ၂၄ ပြည်ပါ တစ်အိတ်မှာ ကျပ် ၄၄၀၀၀၊ ငစိန်(စပါး) တင်း ၁၀၀ လျှင် ၉၅၀၀၀၀ ၊ ငစိန်(ဆန်)၂၄ပြည်ပါ တစ် အိတ်မှာ ၄၀၀၀၀၊ ဧရာမင်း (စပါး)တင်း ၁၀၀ လျှင် ကျပ် ၁၃၅၀၀၀၀၊ ဧရာမင်း(ဆန်)၂၄ပြည်ပါ တစ်အိတ် မှာကျပ် ၅၅၀၀၀ ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရပါသည်။

        ကသာခရိုင်၊ အင်းတော်မြို့နယ်မှ မှော်ဘီ(၂)(စပါး) တင်း ၁၀၀လျှင် ကျပ်၉၅၀၀၀၀၊ မှော်ဘီ(၂) ဆန် ၂၄ပြည် တစ်အိတ် လျှင် ကျပ် ၄၀၀၀၀၊ ဆင်းဧကရီ(၃)(စပါး) တင်း၁၀၀ လျှင် ကျပ် ၈၅၀၀၀၀၊ ဆင်းဧကရီ-၃ဆန် ၂၄ပြည်တစ်အိတ်မှာကျပ် ၃၆၀၀၀၊ ဧရာမင်း (စပါး) တင်း ၁၀၀ လျှင် ကျပ် ၁၂၀၀၀၀၀၊ ဧရာမင်းဆန် ၂၄ ပြည်ဆန်တစ်အိတ်လျှင် ကျပ် ၅၅၀၀၀ ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရပါသည်။

     မုံရွာခရိုင်၊ မုံရွာမြို့တွင် ဧရာမင်း(စပါး)တင်း ၁၀၀ လျှင် ကျပ် ၁၃၅၀၀၀၀၊  ဧရာမင်း(ဆန်) ၂၄ပြည် တစ်အိတ်မှာ ကျပ် ၆၀၀၀၀၊ ပေါ်ဆန်း(စပါး) တင်း ၁၀၀လျှင် ကျပ် ၂၂၀၀၀၀၀၊ ပေါ်ဆန်း(ဆန်) ၂၄ပြည် တစ်အိတ်လျှင် ကျပ် ၉၀၀၀၀၊ မနောသုခ (စပါး)တင်း ၁၀၀လျှင် ကျပ် ၁၂၀၀၀၀၀၊ မနောသုခ(ဆန်) ၂၄ ပြည် တစ်အိတ်လျှင် ကျပ်၄၆၀၀၀ ဖြင့် အရောင်းအဝယ် ဖြစ်နေကြောင်း သိရပါသည်။

ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့တွင် ဧရာမင်း(စပါး)တင်း ၁၀၀ လျှင် ကျပ် ၁၂၀၀၀၀၀၊  ဧရာမင်း (ဆန်)၂၄ပြည် တစ်အိတ်မှာ ကျပ် ၆၅၀၀၀၊ ပေါ်ဆန်း(စပါး) တင်း ၁၀၀လျှင် ကျပ် ၂၀၀၀၀၀၀၊ ပေါ်ဆန်း (ဆန်) ၂၄ပြည် တစ်အိတ်လျှင် ကျပ် ၆၅၀၀၀ ဖြင့် အရောင်းအဝယ် ဖြစ်နေကြောင်း သိရပါသည်။

စစ်ကိုင်းတိုင်းဒေသကြီးမှ အခြားတိုင်းဒေသကြီးများသို့ ဆန်စီးထွက်မှုမှာ နိုဝင်ဘာလ(ပထမ) ပတ်တွင် စစ်ကိုင်း တိုင်းဒေသကြီးမှ အခြားတိုင်းဒေသကြီးများသို့ ဆန်စီးထွက်မှုမှာ ရန်ကုန်သို့ အိတ်ရေ ၃၇၀၀၀၊ မန္တလေး သို့ အိတ်ရေ ၅၁၆၀၀၊ မကွေး သို့ အိတ်ရေ ၁၀၀၀၊ နေပြည်တော်သို့ အိတ်ရေ ၁၂၀၀၀၊ ရှမ်း (တောင်)သို့ အိတ်ရေ ၉၅၀၀၊ ရှမ်း (မြောက်)သို့အိတ်ရေ ၉၅၀၀၊ စုစုပေါင်းအိတ်ရေ (၁၂၀၆၀၀)အိတ်၊ တန်အားဖြင့် (၆၀၃၀)စီးထွက်ခဲ့ပြီး၊ ယခု နိုဝင်ဘာလ(ဒုတိယ)ပတ်တွင် စစ်ကိုင်းတိုင်းဒေသကြီးမှ အခြား တိုင်းဒေသကြီးများသို့ ဆန်စီးထွက်မှုမှာ ရန်ကုန်သို့ အိတ်ရေ ၃၃၀၀၀၊ မန္တလေး သို့ အိတ်ရေ ၄၇၄၀၀၊ မကွေး သို့ အိတ်ရေ ၁၀၀၀၊ နေပြည်တော်သို့ အိတ်ရေ ၉၅၀၀၊ ရှမ်း (တောင်)သို့ အိတ်ရေ ၈၅၀၀၊ ရှမ်း (မြောက်)သို့အိတ်ရေ ၈၅၀၀၊ စုစုပေါင်းအိတ်ရေ (၁၀၇၉၀၀)အိတ်၊ တန်အားဖြင့် (၅၃၉၅) စီးထွက်ခဲ့သည့် အတွက် ယခင်ပတ်နှင့် နှိုင်းယှဉ်လျှင် ယခုပတ်တွင် အိတ်ရေ (၁၂၇၀၀) တန်အားဖြင့် (၆၃၅) လျော့နည်း စီးထွက်ခဲ့ပါကြောင်း သိရှိရပါသည်။  

DOCA(စစ်ကိုင်း)

         

နေပြည်တော်ကောင်စီနယ်မြေအတွင်း ရောင်းချလျက်ရှိသော အခြေခံစားကုန်များ၏ ဈေးနှုန်းအခြေအနေ

        ၂၀၂၂ခုနှစ်၊ နိုဝင်ဘာ ဒုတိယပတ်အတွင်း နေပြည်‌တော်ကောင်စီနယ်မြေတွင် အခြေခံစားကုန်များဖြစ်သော ရွှေဘိုပေါ်ဆန်း တစ်ပြည် ၃၈၅၀ကျပ်၊ ဧည့်မထ တစ်ပြည် ၂၄၀၀ကျပ်၊ မနောသုခ တစ်ပြည် ၁၉၀၀ကျပ်နှုန်းဖြင့် အ‌ရောင်းအဝယ် ဖြစ်လျက်ရှိပါသည်။ ကြက်သွန်နီ လက်လီဈေးမှာ (ကြီး)တစ်ပိဿာ ၃၈၀၀ကျပ်၊ (လတ်)တစ်ပိဿာ ၃၆၀၀ကျပ်၊ (သေး)တစ်ပိဿာ ၃၀၀၀ကျပ်နှုန်းဖြင့် ‌အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ကြက်သွန်ဖြူ လက်လီဈေးမှာ (ကြူကုတ်) တစ်ပိဿာ ၄၂၅၀ကျပ်မှ ၅၅၀၀ကျပ်ထိ၊ (ရှမ်း)တစ်ပိဿာ ၃၆၀၀ကျပ်မှ ၄၂၀၀ကျပ်ထိ၊ ငရုတ်သီးခြောက်လက်လီဈေးမှာ (အရှည်) တစ်ပိဿာ ၁၂၅၀၀ကျပ်မှ ၁၆၅၀၀ကျပ်ထိ၊ (အပု)တစ်ပိဿာ ၁၄၅၀၀ကျပ်မှ ၁၈၅၀၀ကျပ်ထိ၊ အာလူးလက်လီဈေးမှာ ၂၄၅၀ကျပ်မှ ၃၀၀၀ကျပ်ထိ၊ ခရမ်းချဥ်သီး တစ်ပိဿာ ၁၅၀၀ကျပ်မှ ၂၄၀၀ကျပ်ထိ အရောင်းအဝယ် ဖြစ်လျက်ရှိပါသည်။

         ကြက်ဥ လက်လီဈေးမှာ  တစ်လုံး ၁၈၅ကျပ်မှ ၂၂၀ကျပ်ထိ ဖြစ်ပါသည်။ နေပြည်တော် ကောင်စီနယ်မြေ၏ အသား/ငါး ဈေးနှုန်းများမှာ ကြက်သား(CP) တစ်ပိဿာ ၉၀၀၀ကျပ်မှ ၁၂၀၀၀ ကျပ်ထိ၊ ကြက်သား(ဗမာ) တစ်ပိဿာ ၁၁၀၀၀ကျပ်မှ ၁၄၀၀၀ကျပ်ထိ၊ ဝက်သား တစ်ပိဿာ ၁၁၅၀၀ကျပ်မှ ၁၄၀၀၀ကျပ်ထိ၊ အမဲသား တစ်ပိဿာ ၁၂၅၀၀ကျပ်မှ ၁၄၀၀၀ကျပ်ထိ၊ ငါးမြစ်ချင်း တစ်ပိဿာ ၅၁၀၀ကျပ်မှ ၈၂၀၀ထိ၊ ငါးကြင်း တစ်ပိဿာ ၉၅၀၀ကျပ်မှ ၁၄၅၀၀ကျပ်ထိ ရောင်းဝယ် နေကြောင်း သိရသည်။

         စားသုံးဆီ ဈေးနှုန်များမှာ ပဲဆီ တစ်ပိဿာလျှင် ၁၃၀၀၀ကျပ်၊ စားအုန်းဆီ တစ်ပိဿာလျှင် ၆၅၀၀ကျပ်နှင့် နှမ်းဆီ တစ်ပိဿာလျှင် ၁၁၀၀၀ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရသည်။  

DOCA(ပြည်ထောင်စုနယ်မြေ)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း