ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

တောင်ငူမြို့တွင် ဆောင်းရာသီပေါ်ဆီးသီးနှင့် ဟင်းသီးဟင်းရွက်ဈေးနှုန်း

              တောင်ငူမြို့တွင် ဆောင်းရာသီတွင် ပေါ်လေ့ရှိသော ဆီးသီးမှာ အချိုအစိမ်းအဝိုင်းသီး တစ်ပြည်လျှင် ၁၀၀၀ ကျပ်မှ ၁၂၀၀ ကျပ်အထိ၊ အချိုဆီးတော်သီး တစ်ပြည်လျှင် ၁၅၀၀ ကျပ်မှ ၁၇၀၀ ကျပ်၊ တောဆီးသီး(ဆီးပဲလှော်) တစ်ပြည်လျှင် ၈၀၀ ကျပ်မှ ၉၀၀ ကျပ်အထိ ရှိပါသည်။

              မုန်လာဥ ၅ လုံးပါအတွဲ တစ်တွဲလျှင် အသေး - ၂၀၀ ကျပ်၊ အလတ် - ၃၅၀ ကျပ်နှင့် အကြီး - ၅၀၀ ကျပ်အသီးသီးရှိပါသည်။ ပဲတောင့်ရှည်မှာ အတောင့် ၅၀ ပါ အစည်းတစ်စည်းလျှင် ၁၀၀၀ ကျပ်‌ ဈေးရှိ ကြောင်း သိရှိရပါသည်။

              ပန်းဂေါ်ဖီ(ဂေါ်ဖီပန်းပွင့်)မှာ ဒေသထွက်အသေး တစ်ပွင့်လျှင် ၂၅၀ ကျပ်၊ အလတ် တစ်ပွင့်လျှင် ၃၅၀ ကျပ်နှင့် အကြီး တစ်ပွင့်လျှင် ၅၀၀ ကျပ်အသီးသီးရှိကြောင်း တောင်ငူမြို့ ကုန်စိမ်းဈေးရှိ ဟင်းသီးဟင်းရွက်ရောင်းချသူများထံမှ သိရှိရပါသည်။

DOCA(ပဲခူး)

အုတ်တွင်းမြို့နယ် ခပေါင်းဆည်မှ ရေလွတ်ပေး၍ နွေစပါးများစိုက်ပျိုး

             တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်၌ နွေစပါးစိုက်တောင်သူများ စိုက်ပျိုးရေရရှိရေးနှင့် နွေစပါးအထွက်နှုန်းတိုးစေရေးအတွက် ဒီဇင်ဘာလ ၁၅ ရက်နေ့မှစ၍ ခပေါင်းဆည်မှ ရေများစတင် လွှတ်ပေးလျက်ရှိပါသည်။

            အုတ်တွင်းမြို့နယ်အနေဖြင့် ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်တွင် နွေစပါး ၂၈၆၆၂ ဧက စိုက်ပျိုး နိုင်ခဲ့ပြီး ယခု ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် နွေစပါး ၂၉၁၂၁ ဧက စိုက်ပျိုးနိုင်ရန်အတွက်  လျာထား ဆောင်ရွက်လျက်ရှိပါသည်။ လျာထားချက်အတိုင်း စိုက်ပျိုးနိုင်ပါက အုတ်တွင်းမြို့နယ်တွင် နွေစပါး တင်း ၂၃ သိန်းခန့် ထွက်ရှိနိုင်မည် ဖြစ်ပါသည်။

             နွေစပါးစိုက်လယ်မြေများသို့ ဆည်ရေအပြည့်အဝရရှိရေးအတွက် ဆည်မှရေများစတင် လွှတ်ပေးမှုအခြေအနေနှင့် ရေဝေမြောင်းများသို့ ရေများရောက်ရှိစေရေးတို့ကို ဆည်မြောင်းနှင့်ရေ အသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း အုတ်တွင်းမြို့နယ် စိုက်ပျိုးရေး ဦးစီးဌာန၏ ပြောကြားချက်အရ သိရှိရပါသည်။

DOCA(ပဲခူး)

တောင်ငူမြို့ အခြေခံစားသောက်ကုန်ဈေးနှုန်းများ

              တောင်ငူမြို့တွင် ယခုအပတ်အတွင်း ဗျော့ထွန်း(ဆန်သစ်) တစ်ပြည်လျှင် ၁၈၀၀ ကျပ်၊ တစ်အိတ်လျှင် ၄၀၀၀၀ ကျပ်၊ ဗျော့ထွန်း(ဆန်ဟောင်း) တစ်ပြည်လျှင် ၂၂၀၀ ကျပ်၊ တစ်အိတ်လျှင် ၅၂၀၀၀ ကျပ်၊ ဒေသပေါ်ဆန်း(ငကျွဲ) တစ်ပြည်လျှင် ၂၈၀၀ ကျပ်၊ တစ်အိတ်လျှင် ၆၇၀၀၀ ကျပ် ဈေးအသီးသီးဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။

              ကြက်သွန်နီ(အဟောင်း) အသေး တစ်ပိဿာလျှင် ၃၂၀၀ ကျပ်မှ ၃၅၀၀ ကျပ်၊ အလတ် တစ်ပိဿာလျှင် ၄၂၀၀ ကျပ်မှ ၄၅၀၀ ကျပ်နှင့် အကြီးတစ်ပိဿာလျှင် ၅၀၀၀ ကျပ်၊ ကြက်သွန်နီ (အသစ်) အသေး တစ်ပိဿာလျှင် ၂၇၀၀ ကျပ်မှ ၃၀၀၀ ကျပ်အထိ၊ အလတ် တစ်ပိဿာလျှင် ၃၆၀၀ ကျပ်မှ ၄၀၀၀ ကျပ်အထိနှင့် အကြီး တစ်ပိဿာလျှင် ၄၃၀၀ ကျပ်မှ ၄၅၀၀ ကျပ်ဖြင့် အရောင်း အဝယ်ဖြစ်လျက်ရှိပါသည်။

              အာလူးတစ်ပိဿာလျှင် အသေး ၂၂၀၀ ကျပ်မှ ၂၅၀၀ ကျပ်အထိ၊ အလတ် ၂၆၀၀ ကျပ်မှ ၂၈၀၀ ကျပ်အထိနှင့် အကြီး ၃၂၀၀ ကျပ်မှ ၃၆၀၀ ကျပ်အထိ ရှိပြီး ကြက်သွန်ဖြူ တစ်ပိဿာ လျှင် အသေး ၃၄၀၀ ကျပ်မှ ၃၈၀၀ ကျပ်အထိ၊ အလတ် ၄၀၀၀ ကျပ်မှ ၄၂၀၀ ကျပ် အထိနှင့် အကြီး ၄၅၀၀ ကျပ်မှ ၄၈၀၀ ကျပ်အထိ ရှိကြောင်း သိရှိရပါသည်။

              ချင်းတက်မှာ တစ်ပိဿာလျှင် ၂၅၀၀ ကျပ်၊ အိုင်အိုဒင်းဆား တစ်ပိဿာလျှင် ၈၀၀ ကျပ်၊ ဆားကြမ်း တစ်ပိဿာလျှင် ၄၀၀ ကျပ်နှင့် မန်ကျီးမှည့် တစ်ပိဿာလျှင် ၄၀၀၀ ကျပ်မှ ၄၂၀၀ ကျပ် အထိရှိကြောင်း တောင်ငူမြို့ရှိ ကုန်စုံဆိုင်များထံမှ သိရှိရပါသည်။

DOCA(ပဲခူး)

အမြတ်ရရှိနေသော တောင်ငူဒေသမှ ကြံစိုက်တောင်သူများ  

              တောင်ငူခရိုင် ၊ တောင်ငူမြို့နယ်တွင် ကြံစိုက်ဧက ၃၃၈၂ ဧကရှိကြောင်း သက်ဆိုင်ရာဌာန ၏ စာရင်းဇယားများအရ သိရှိရပါသဖြင့် တောင်ငူမြို့နယ်သည် စပါး၊ ပဲပြီးလျှင် ကြံကို တတိယအများဆုံး စိုက်ပျိုးသည့် မြို့နယ်ဖြစ်ပါသည်။ အချို့သော တောင်သူများမှာ ယခင်နှစ်က စိုက်ပျိုးထားသည့် လမိုင်းခင်းများ ဖြစ်ကြပါသည်။

              တောင်ငူမြို့နယ်မှ ထွက်သော ကြံအများစုကို အနီးဆုံးသကြားစက်ဖြစ်သည့် အုတ်တွင်း မြို့နယ် ဗောဓိကုန်းသကြားစက်သို့ရောင်းချကြပါသည်။ သကြားစက်မှ ကြံစတင်ဝယ်ယူသည့်နေ့ကစ၍ နေ့စဉ်ကြံများကို ခုတ်ကြပါသည်။ သကြားစက်ရုံမှ ကွင်းထဲအရောက် ကားများလွှတ်၍ ဝယ်ယူပေး ပါသည်။ ကြံတစ်တန်လျှင် ၆၇၀၀၀၀ ကျပ် ဝယ်ယူပါသည်။

              ကြံခုတ်ရာသီတွင် လုပ်သားများလည်း ဝင်ငွေရကြပါသည်။ ကြံခုတ်တစ်ရက်အတွက် လုပ်သားခ ၆၀၀၀ ကျပ် ရရှိကြောင်း၊ လုပ်သား လေးယောက် တစ်အုပ်စုဖွဲ့၍ ကြံကားတစ်စီးတင်လျှင် ၂၄၀၀၀ ကျပ် ရရှိကြောင်း သိရှိရပါသည်။

              လမိုင်းခင်းများသည် တစ်ဧကလျှင် ၁၈ တန်မှ ၂၀ တန်အထိ ထွက်ရှိကြောင်း၊ အခင်းသစ် မြေကောင်းသည့်နေရာ၊ သွင်းအားစုထည့်သွင်းနိုင်သည့် နေရာများတွင် တစ်ဧကလျှင် ၂၇ တန်မှ ၃၀ တန်အထိ ထွက်ရှိကြောင်း သိရှိရပါသည်။

              ယခင်နှစ်က ကြံတစ်တန်လျှင် ၄၅၀၀၀ ကျပ်သာရရှိကြောင်း၊ ယခုနှစ်တွင် ကြံတစ်တန် လျှင် ၆၇၀၀၀ ကျပ်ရရှိကြောင်း၊ စက်သုံးဆီဈေး၊ သွင်းအားစု၊ မျိုးဈေးတက်လာသော်လည်း ကြံဈေးလည်း မြင့်သည့်အတွက် အကျိုးအမြတ်ရရှိကြောင်း၊ တစ်ဧက ကြံတန် ၂၀ ထွက်ရှိသူအတွက် ဝင်ငွေ ၁၃၄၀၀၀၀ ကျပ် ရရှိပြီး စိုက်ပျိုးစရိတ်ကုန်ကျငွေ ၆၂၀၀၀၀ ကျပ် နုတ်လျှင် အကျိုးအမြတ် ၇၂၀၀၀၀ ကျပ်ရရှိကြောင်း၊ တစ်ဧက အထွက်နှုန်းပိုသည့် တောင်သူများ အကျိုးအမြတ်ပိုရကြောင်း၊ ခင်းသစ် စိုက်ပျိုးသူများအနေဖြင့်  စိုက်ပျိုးစရိတ် ပိုသော်လည်း အထွက်နှုန်းလည်း ပိုပါကြောင်း ဒိုးအင်းကျေး ရွာမှ ကြံစိုက်တောင်သူ တစ်ဦး၏ ပြောကြားချက်အရ သိရှိရပါသည်။

DOCA(ပဲခူး)

မော်လမြိုင်မြို့ အေးသာယာဈေး၌ အရောင်းအဝယ်ဖြစ်ပေါ်နေသော ကုန်ဈေးနှုန်းအခြေအနေ

          မွန်ပြည်နယ် မော်လမြိုင်မြို့ရှိ  အေးသာယာဈေး၌ မွန်ပြည်နယ်အတွင်း နေရာဒေသစုံ အသီးသီးမှထွက်ရှိသည့် ရာသီကုန်စည်များအား အဓိကကုန်စိမ်းများကိုရောင်းချလျက်ရှိရာ  လက်လီ ဈေး၊ လက်ကားဈေးနှုန်းများဖြင့်  အရောင်းအဝယ်ဖြစ်ပေါ်မှုအား တွေ့ရှိရပါသည်။ အေးသာယာဈေးသည် ညနေ(၃း၀၀)နာရီမှ (၇း၀၀)နာရီထိ ညဈေးအဖြစ်လည်း ဈေးဝယ်သူ ဈေးရောင်းသူ စည်ကားသည့် အချိန်လည်းဖြစ်ပါသည်။

             အေးသာယာဈေး၌ ရောင်းချလျက်ရှိသော ကုန်စိမ်းများမှာ ဂေါ်ဖီထုပ်၊ ပန်းဂေါ်ဖီ၊ အာလူး၊ မုန်လာဥနီ၊ ခရမ်းချဉ်သီး၊ မုန်ညင်းသီးနှံများ၊ ဘူးသီး၊ ရွှေဖရုံသီး၊ ပဲသီး၊ ရုံးပတီသီး၊ ခရမ်းသီး၊ ငရုပ်သီးစိမ်း၊ သံပရာသီး၊ ရှောက်သီး၊ ချဉ်ပေါင်ရွက်၊ ကန်စွန်းရွက်၊ ကန်စွန်းဥ၊ လိမ္မော်သီး၊ ပန်းသီး၊ ပန်းသစ်တော်သီး၊ ထောပတ်သီး၊ နာနတ်သီး၊ ဖရဲသီး၊ ဖရဲသခွားသီး၊ ငှက်ပျော်သီးအမယ်စုံနှင့် ဘုရားပန်းမျိုးစုံတို့အား ရောင်းချလျက် ရှိပါသည်။

            ယင်းအမယ်မျိုးစုံများမှ ဈေးနှုန်းအခြေအနေများမှာ ခရမ်းချဉ်သီးတစ်ပိဿာလျှင် ကျပ် ၂၀၀၀၊ ဂေါ်ဖီထုပ် တစ်ထုပ်လျှင် ကျပ် ၁၀၀၀၊ အာလူးတစ်ပိဿာလျှင် ကျပ် ၃၀၀၀၊ မုန်လာဥနီ တစ်ပိဿာလျှင် ကျပ် ၃၀၀၀၊ ရွှေဖရုံသီးတစ်လုံးလျှင်ကျပ် ၁၀၀၀၊ ဘူးသီးတစ်လုံးလျှင် ကျပ် ၅၀၀ မှ ၇၀၀အတွင်း၊ မုန်ညင်းတစ်ထုပ်လျှင် ကျပ် ၁၂၀၀၊ ရုံးပတီသီး တစ်ပိဿာလျှင် ကျပ်၂၀၀၀၊ ကန်စွမ်းရွက် တစ်စည်းလျှင် ကျပ် ၆၀မှ ၇၀အတွင်း၊ ချဉ်ပေါင်ရွက် တစ်စည်းလျှင် ကျပ် ၆၀မှ ၈၀အတွင်း၊ ခရမ်းသီး တစ်ပိဿာလျှင် ကျပ်၂၀၀၀၊ သံပရာသီး တစ်လုံးလျှင် ကျပ် ၁၀၀မှ ၂၅၀အတွင်း၊ လိမ္မော်သီး တစ်ကီလိုလျှင် ကျပ် ၂၅၀၀မှ ၄၀၀၀အတွင်း ဖြစ်ကြောင်း သိရသည်။

DOCA(မွန်)

 

ပြည်ဒေသ၏ ပန်းဂေါ်ဖီစိမ်းဈေးကွက်

           ပြည်မြို့နယ်တွင် ပန်းဂေါ်ဖီစိမ်းများကို ပန်းဂေါ်ဖီ အဖြူကဲ့သို့  စက်တင်ဘာလနှင့် ဒီဇင်ဘာ လတို့တွင် စိုက်ပျိုးပြီး ဆောင်းရာသီ ရိုးရိုးပန်းဂေါ်ဖီများပေါ်ချိန်တွင် ထွက်ပေါ်ကြပါသည်။ အေး၍ ခြောက်သွေ့သောဒေသများတွင် ပန်းဂေါ်ဖီအစိမ်းကို အပင်သက်တမ်း (၁၁)လခန့်အထိ ကြာမြင့်သည်ဟု သိရှိရပါသည်။ ပန်းဂေါ်ဖီစိမ်းစိုက်ပျိုးသည့် နေရာများမှာ အောင်ဆန်းပြည်သာယာဘက်ရှိ ဥယျာဉ် ခြံမြေများတွင် စိုက်ပျိုးကြပါသည်။ သဲဆန်သော နုန်းမြေများတွင်စိုက်ပျိုးနိုင်ပြီး တစ်ဧကလျှင် မျိုးစေ့အနေဖြင့် ပေါင်ဝက်ခန့်လိုအပ်သည်ဟု သိရှိရပါသည်။ ပန်းဂေါ်ဖီစိမ်းကို စိုက်ပျိုးပြီး ၂လခွဲ ၃လအကြာတွင် စတင်ခုတ်ယူနိုင်ပြီး အချိန်မီမခုတ်ပါက ပန်းပွင့်မှာ အရောင် ပြောင်းသွားသည်ဟု သိရှိရပါသည်။ ပန်းဂေါ်ဖီအစိမ်း တစ်ဧကလျှင် မျိုးအလိုက်ကွာခြားပြီး မျိုးကောင်းလျှင်ကောင်းသလို တစ်ဧကလျှင် ပျမ်းမျှ ၅-၆တန် ခန့်ထွက်ရှိသည်ဟု သိရှိရပါသည်။

            ပန်းဂေါ်ဖီစိမ်း ဈေးနှုန်းဈေးကွက်အနေဖြင့် ယခုအချိန်တွင်ဈေးကောင်းရနေပြီး ပန်းပွင့်ကြီး တစ်ပွင့်လျှင် ၈၀၀-၉၀၀ကျပ်၊ အပွင့်သေးလျှင် ၄၀၀-၅၀၀ကျပ် အထိရောင်းချကြောင်း သိရှိရပါသည်။ ပြည်ဒေသတွင် စိုက်ပျိုးသော ပန်းဂေါ်ဖီစိမ်းမှာ ဒေသတွင်းသာစားသုံးပြီး နယ်သို့တင်ပို့ ရောင်းချခြင်းမရှိကြောင်း သိရှိရပါသည်။ ပန်းဂေါ်ဖီစိမ်းမှာ ပန်းဂေါ်ဖီ အဖြူထက်နူးညံ့၍ စားသုံးသူများ အကြိုက်တွေ့သလို ကျန်းမားရေးအရပါ ဗီတာမင် K ဓါတ်ပါဝင်မှုများပြီး နှလုံးသွေး ကြောကျင်း ရောဂါ၊ သားအိမ်ကင်ဆာနှင့် ရင်သားကင်ဆာတို့ကိုပျောက်ကင်းကြောင်း သိရှိရပါသည်။ ပန်းဂေါ်ဖီ အစိမ်းမှာ ပန်းဂေါ်ဖီ အဖြူထက် ဈေးကောင်းပြီး လူကြိုက်များသဖြင့် ပိုမိုတိုးချဲ့စိုက်လျှင် စိုက်ပျိုးသူ အဖို့ ပိုမို အကျိုးအမြတ်ဖြစ်ထွန်းမည်ဖြစ်ကြောင်း လေ့လာသုံးသပ်တင်ပြလိုက်ရပါသည်။

DOCA(ပဲခူး)

အစာလည်းဆေး ၊ ဆေးလည်းအစာဖြစ်သည့် အသုံးဝင်သော  ဒန့်ဒလွန်သီးဈေးကွက်

           ဒန့်ဒလွန်ပင်ကို အိမ်ခြံဝန်းများ၌ စားသုံးပင်အဖြစ် တစ်ပင်နှစ်ပင်ခန့် ကျေးရွာများရှိ အိမ်တိုင်းလိုလိုတွင် စိုက်ပျိုးထားရှိကြောင်း တွေ့ရှိရပါသည်။ ဒန့်ဒလွန်ပင်စိုက်ပျိုးရာတွင် အကိုင်း ကို ဖြတ်၍လည်းကောင်း၊ အစေ့ကို ၎င်းနည်း(၂)နည်းဖြင့် စိုက်ပျိုးကြပါသည်။ စီးပွားဖြစ်စိုက်ပျိုးမည်ဆိုပါက တစ်ပင်နှင့်တစ်ပင် ပေ(၂၀)ခန့်ခြားပြီး စိုက်ပျိုးရပါသည်။

              ဒန့်ဒလွန်ပင်သည် အမြစ်တွယ်သော အမျိုးအစားဖြစ်ပြီး၊ အမြင့်မှာ (၁၀)မီတာ ခန့်မြင့် ပါသည်။ အကိုင်းအခက်များမှာ ဆက်သည့်သဘောရှိ၍ ကျိုးလွယ်သည့် အပင်မျိုးဖြစ်ပါသည်။ ဇွန်၊ ဇူလိုင် နှင့် ဩဂုတ်လများတွင် စိုက်ပျိုးပြီး စိုက်ပျိုးပုံမှာ ဒန့်ဒလွန်အကိုင်းများကို အရှည် ၁မီတာ၊ ၂မီတာလောက်ဖြတ်တောက်ပြီး စိုက်ပျိုးကြပါသည်။ စတင်စိုက်ပျိုးပြီး(၂)နှစ်သားအရွယ်တွင် အသီး အနည်းငယ်သီးလာပါသည်။ အပင် ၄-၅နှစ်သားတွင် အသီးများလှိုင်လှိုင်သီးလာပါသည်။ အကိုင်း များဖြတ်၍ စိုက်ပျိုးခြင်းထက် အစေ့ချ၍စိုက်ပျိုးလျှင် သီးနှုန်းပိုများကြောင်း သိရှိရပါသည်။

             ဒန့်ဒလွန်ပင် တစ်ပင်လုံးသည် ပစ်စရာမရှိအောင်ကို အဖိုးတန်လှပါသည်။ ဒန့်ဒလွန် အရွက်တွင် ပိုတက်ဆီယမ်၊ သံဓါတ်၊ ပရိုတင်းဓါတ်နှင့် ဗီတာမင်စီဓါတ်များ ပါရှိသည့်အတွက် ဒန့်ဒလွန် အရွက်ကို ဟင်းရည်အဖြစ်ချက်၍သောက်လျှင် သွေးတိုးရောဂါများအတွက် အသင့်တော်ဆုံး ဖြစ်ပါသည်။ ဒန့်ဒလွန်အသီးမှာ အစိမ်းရောင်ရှိသောရှည်လျားသည့် အရွယ်အစားရှိပြီး ဒန့်ဒလွန် အသီးနု များကို ကုလားပဲဟင်းထဲတွင်ထည့်၍ သီးစုံဟင်း၊ ငါးခြောက်နှင့် ခရမ်းချဉ်သီးတို့ဖြင့်ရော၍ အရည် သောက်ဟင်းတစ်ခွက်အဖြစ်ချက်စားစား၊ ငါးနှင့်ရောနှော၍ ချက်စားစား အဆင်ပြေပြီး ရာသီစာ အဖြစ် အလွန်စားကောင်းသည့် သီးနှံတစ်မျိုးဖြစ်ပါသည်။ ထို့အပြင် ဒန့်ဒလွန် အပွင့်များကိုလည်း တချို့ဒေသများတွင် ကြော်ချက်စားရကြောင်း သိရှိရပြီး အပွင့်၏အရသာမှာ မှိုဟင်း၏ အရသာ နှင့်ဆင်တူပါသည်။ ဒန့်ဒလွန်အပွင့်များတွင် ကယ်စီယမ်ဓါတ်၊ သံဓါတ်၊ ဗီတာမင်အေ၊ ဗီတာမင်ဘီ၊ ဗီတာမင်စီနှင့် ပရိုတင်းဓါတ်များပါဝင်ကြောင်း သိရှိရပါသည်။ ဒန့်ဒလွန်ပင်တစ်ပင်လုံး၏ အသီး၊ အပွင့်၊ အခေါက်၊ အမြစ်တို့သည် ရိုးရာတိုင်းရင်းဆေးအဖြစ် တော်တော်များများတွင် အသုံးဝင်ကြောင်း သိရှိရပါသည်။

              ယခုအချိန်တွင် ပြည်ဈေးကွက်တွင်း၌ ဒန့်ဒလွန်သီးများရောင်းချနေပြီး ဒန့်ဒလွန်သီး တစ်တောင့်လျှင် ၂၀၀-၂၅၀ကျပ်နှုန်းဖြင့် ၅တောင့်ပါတစ်စည်းလျှင် ၁၀၀၀ကျပ်နှုန်းဖြင့် မှော်ဇာ ကျေးရွာ၊ တီတွဒ် ကျေးရွာနှင့် ဇီးအုပ်ကျေးရွာများမှ ပြည်မြို့ရှိ စည်ပင်သာယာဈေးများသို့ လာရောက် ရောင်းချကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

 ညောင်လေးပင်ခရိုင် ဓာတ်မြေသြဇာ ဈေးနှုန်းဈေးကွက်

          ယခုတစ်ပတ်တွင် ညောင်လေးပင်ခရိုင်၏   ဓာတ်မြေသြဇာ စျေးနှုန်းများ အနေဖြင့်  ယူရီးယား အာမို ၅၀ kg တစ်အိတ်လျှင် ၁၁၀၀၀၀ကျပ် ၊ ယူရီးယား သြဘာ ၅၀ kg တစ်အိတ်လျှင် ၁၁၀၀၀၀ကျပ် ၊  ယူရီးယား ရွှေနဂါး ၅၀ kg တစ်အိတ်လျှင် ၁၁၀၀၀၀ကျပ် ၊  တီစူပါ (သံကွင်း) တရုတ် 50 kg တစ်အိတ်လျှင် ၁၃၀၀၀၀ ကျပ် ၊ ရွှေကောမတ် မြန်မာ့သြဘာ ၅၀ kg တစ်အိတ်လျှင် ၁၂၅၀၀၀ကျပ် ၊  ပိုတက် ဂျာမနီ ၅၀ kg တစ်အိတ်လျှင် ၁၅၅၀၀၀ကျပ် ၊ ကွန်ပေါင်း အာမို ၅၀ kg တစ်အိတ်လျှင် ၁၂၅၀၀၀ကျပ် ၊ ကွန်ပေါင်း သြဘာ ၅၀ kg တစ်အိတ်လျှင် ၁၃၀၀၀၀ကျပ် ၊ ကွန်ပေါင်း ၁၅ : ၁၅ : ၁၅ ကောမတ် ၅၀ kg တစ်အိတ်လျှင် ၁၃၅၀၀၀ကျပ် ၊ အာမို  ၁၆ : ၁၆ : ၁၆ တရုတ် ၅၀ kg တစ်အိတ်လျှင် ၁၄၅၀၀၀ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။  

          ယခင်အပတ်ဈေးနှုန်းနှင့် ယခုတစ်ပတ် ဈေးနှုန်း နှိုင်းယှဉ်ကြည့်ပါက ယခုတစ်ပတ်တွင် ယူရီးယား အာမို ၅၀ kg တစ်အိတ်လျှင်      ၅၀၀၀ ကျပ် ၊   ယူရီးယား သြဘာ ၅၀ kg တစ်အိတ်လျှင် ၅၀၀၀ကျပ်  ၊ ယူရီးယား ရွှေနဂါး ၅၀ kg တစ်အိတ်လျှင် ၁၀၀၀၀ကျပ် ကျဆင်းသွားခဲ့ပြီး တီစူပါ (သံကွင်း) တရုတ် 50 kg တစ်အိတ်လျှင် ၅၀၀၀ကျပ် မြင့်တက်သွားကြောင်း သိရှိရပါသည်။ ထို့အပြင် ရွှေကောမတ် မြန်မာ့သြဘာ ၅၀ kg တစ်အိတ်လျှင် ၂၅၀၀၀ကျပ် ၊ ပိုတက် ဂျာမနီ ၅၀ kg တစ်အိတ်လျှင် ၃၀၀၀ကျပ် ၊ ကွန်ပေါင်း အာမို ၅၀ kg တစ်အိတ်လျှင် ၁၅၀၀၀ကျပ် ၊ ကွန်ပေါင်း သြဘာ ၅၀ kg တစ်အိတ်လျှင် ၂၀၀၀၀ကျပ် ၊ ကွန်ပေါင်း ၁၅ : ၁၅ : ၁၅ ကော်မတ် ၅၀ kg တစ်အိတ်လျှင် ၂၀၀၀၀ကျပ် ၊ အာမို  ၁၆ : ၁၆ : ၁၆ တရုတ် ၅၀ kg တစ်အိတ်လျှင် ၁၅၀၀၀ကျပ် အသီးသီးကျဆင်းသွားကြောင်း သိရှိရပါသည်။          

DOCA(ပဲခူး)

ပဲခူးတိုင်းဒေသကြီးတွင် သက်သာသောနှုန်းထားဖြင့် စားသုံးဆီများ လှည့်လည်ရောင်းချ

        ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ပဲခူးခရိုင်နှင့် ပြည်ခရိုင်အတွင်းမှ အခြေခံလူတန်းစားများကို စားသုံးဆီများကို သက်သာသော နှုန်းထားဖြင့် ဝယ်ယူရရှိနိုင်ရေးအတွက် ပဲခူးတိုင်းဒေသကြီး စားသုံးသူ ရေးရာဦးစီးဌာနနှင့် ပဲခူးခရိုင် ဆီကုန်သည်များအသင်း ၊ ပြည်ခရိုင် ဆီကုန်သည်များအသင်း တို့ပူးပေါင်း၍ ရည်ညွှန်းဈေးပေါ်အခြေခံကာ (၂၃.၁၂.၂၀၂၂ )ရက်နေ့တွင် ဈေးကားဖြင့် ရောင်းချ ပေးခဲ့ကြောင်း သိရှိရပါသည်။

        ပဲခူးခရိုင်တွင် ကလျာဏီရပ်ကွက် ၊ ဟံသာဝတီရပ်ကွက်တို့အား (၂၃.၁၂.၂၀၂၂)ရက်နေ့၏ ရည်ညွှန်းဈေးပေါ်အခြေခံ၍ ၁ပိဿာလျှင် (၄၇၀ဝိ-/)ကျပ်ဖြင့် ပိဿာချိန် ၁၃၂၀အား ရောင်းချပေးခဲ့ပြီး ပြည်ခရိုင်မှ ဂန္ဓာမာ စက်မှုဇုန် ၊ ကြက်တင်းတောင် နှင့် သင်္ဘောဆိပ်လမ်းတို့ကို ရည်ညွှန်းဈေးပေါ် အခြေခံ၍ ၁ပိဿာလျှင်(၄၈၅ဝိ-/) ကျပ်ဖြင့် ပိဿာချိန် ၁၉၈၀ကို ရောင်းချပေးခဲ့ကြောင်း သိရှိရပါသည် ။ အဆိုပါ စားသုံးဆီများအား သက်သာသော နှုန်းထားဖြင့် လှည့်လည်ရောင်းချခြင်းကို ဈေးကား (၇) စီးဖြင့် လှည့်လည်၍ ရောင်းချပေးခဲ့ကြောင်း သိရှိရပါသည် ။        

DOCA(ပဲခူး)

ရွှေဘိုမြို့တွင်ရောင်းချနေသော အခြေခံစားကုန်များ၏ ဈေးနှုန်းအခြေအနေ

          ၂၀၂၂ခုနှစ် ဒီဇင်ဘာလ တတိယပတ်အတွင်း ရွှေဘိုမြို့နယ်တွင် အခြေခံစားကုန်များဖြစ်သော ရွှေဘိုပေါ်ဆန်းဆန်(ဟောင်း) တစ်ပြည်လျှင် ၃၇၀၀ကျပ်၊ ဧရာမင်းဆန်(ဟောင်း) တစ်ပြည်လျှင် ၂၈၀၀ကျပ်၊ရွှေဘိုပေါ်ဆန်းဆန်(သစ်) တစ်ပြည်လျှင် ၂၄၀၀ကျပ်၊ ဧရာမင်းဆန်(သစ်) တစ်ပြည်လျှင် ၁၉၀၀ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိသည်။ကြက်သွန်နီ လက်လီဈေးမှာ (ကြီး)တစ်ပိဿာလျှင် ၅၂၀၀ကျပ်၊ (လတ်) တစ်ပိဿာလျှင် ၄၈၀၀ကျပ်၊ (သေး)တစ်ပိဿာလျှင် ၃၇၀၀ကျပ်နှုန်းဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိသည်။ ကြက်သွန်ဖြူလက်လီဈေးမှာ (ဗမာ)တစ်ပိဿာလျှင် ၃၅၀၀ကျပ်မှ ၄၀၀၀ကျပ်ထိ၊ ရှမ်း ကြက်သွန်ဖြူ တစ်ပိဿာလျှင် ၄၅၀၀ကျပ်မှ ၅၀၀၀ကျပ်ထိ ၊ (ကြူကုပ်) တစ်ပိဿာလျှင် ၅၀၀၀ကျပ်မှ ၆၀၀၀ကျပ်ထိ၊ ချင်းတစ်ပိဿာလျှင် ၁၃၀၀ကျပ်မှ ၁၅၀၀ကျပ်ထိ ၊ ငရုတ်သီးခြောက် အမျိုးအစားအလိုက် ၁၇၀၀၀ကျပ်မှ ၁၈၀၀၀ကျပ်ထိ အာလူး တစ်ပိဿာလျှင် ၁၈၀၀ကျပ်မှ ၂၆၀၀ကျပ်ထိ ၊ခရမ်းချဉ်သီး တစ်ပိဿာလျှင် ၁၂၀၀ကျပ်ဖြင့် အရောင်းအဝယ် ဖြစ်နေပါသည်။

       ကြက်ဥ လက်လီဈေးနှုန်းမှာ (ကြီး)တစ်လုံးလျှင် ၂၅၀ကျပ်၊ (သေး) တစ်လုံးလျှင် ၂၀၀ကျပ် ၊ ဘဲဥ (ကြီး) တစ်လုံးလျှင် (၃၀၀)ကျပ်၊ (သေး)တစ်လုံးလျှင် (၂၅၀)ကျပ်ရှိသည်။ ရွှေဘိုမြို့၏ အသား/ငါး ဈေးနှုန်းများမှာ ကြက်သား(CP)  တစ်ပိဿာလျှင် ၉၀၀၀ကျပ်မှ ၁၀၀၀၀ကျပ်ထိ၊ကြက်သား (ဗမာ)တစ်ပိဿာလျှင် ၁၀၀၀၀ ကျပ်မှ ၁၃၀၀၀ကျပ်ထိ၊  ဝက်သား တစ်ပိဿာလျှင် ၁၄၀၀၀ကျပ်မှ ၁၈၀၀၀ကျပ်ထိ၊ အမဲသားတစ်ပိဿာလျှင် ၁၄၀၀၀ကျပ်မှ ၁၆၀၀၀ကျပ်ထိ၊  ငါးမြစ်ချင်း တစ်ပိဿာလျှင် ၇၀၀၀ကျပ်၊ ငါးကြင်း တစ်ပိဿာလျှင် ၆၀၀၀ကျပ်ဖြင့် ရောင်းဝယ်နေကြောင်း သိရသည်။

        စားသုံးဆီ ဈေးနှုန်းများမှာ ပဲဆီသန့် တစ်ပိဿာလျှင် ၈၅၀၀ကျပ်မှ ၉၀၀၀ကျပ်ထိ၊  စားအုန်းဆီ တစ်ပိဿာလျှင် ၅၄၀၀ကျပ်နှင့် နှမ်းဆီ တစ်ပိဿာလျှင် ၉၀၀၀ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရသည်။

DOCA(စစ်ကိုင်း)

 

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း