ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ကျောက်ပန်းတောင်းမြို့နယ်၏ နှမ်းစိုက်ပျိုးထွက်ရှိမှု၊ ဈေးနှုန်းဈေးကွက်နှင့် တောင်သူအကျိုးအမြတ်ရရှိမှု အခြေအနေ

  မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့နယ်တွင် ဆီထွက်သီးနှံဖြစ်သည့် နှမ်းကို မိုးနှမ်း၊ နွေနှမ်း၊ ဆောင်းနှမ်းဟူ၍ စိုက်ပျိုးလေ့ရှိရာ မိုးနှမ်းကိုအဓိကထားစိုက်ပျိုးကြပါသည်။ ကျောက်ပန်းဒေသအနေဖြင့် တောင်သူအများစုမှာ နှမ်းသီးနှံကို ပဲစင်းငုံသီးနှံနှင့်ရော၍ ကြားညှပ်စိုက်ပျိုးမှုမှာ ပိုမိုများပြားပါသည်။ ၂၀၂၂-၂၀၂၃ ခုနှစ်တွင် မိုးနှမ်းစိုက်ပျိုးမှုမှာ(၁၂၉၇၀၃) ဧကစိုက်ပျိုးခဲ့ပြီး တစ်ဧကပျမ်းမျှအထွက်နှုန်းအနေဖြင့်(၃.၉၄)တင်းနှုန်းဖြင့် တင်းပေါင်း(၅၁၁၀၃၀) တင်း ထွက်ရှိခဲ့ပြီး၊ ဆောင်းနှမ်းစိုက်ဧကမှာ(၁၇၄)ဧက စိုက်ပျိုးနိုင်ခဲ့ပြီး တစ်ဧကပျမ်းမျှအထွက်နှုန်းမှာ(၄.၆၉)တင်းနှုန်းဖြင့် အထွက်တင်းပေါင်း(၈၁၆)တင်း ထွက်ရှိခဲ့ကြောင်း သိရှိရပါသည်။ နွေနှမ်းများလည်း စိုက်ပျိုးပြီးဖြစ်ရာ(၁၈၉၇)ဧက စိုက်ပျိုးပြီးကြောင်း သိရှိရပါသည်။ ၂၀၂၃-၂၀၂၄ ခုနှစ်အတွက် မိုးနှမ်းကိုစိုက်ပျိုးရန်လျာထားမှုအနေဖြင့် (၁၂၁၁၅၁)ဧက လျာထားမှုရှိပြီး၊ ဇွန်လကုန်အထိစိုက်ပျိုး ပြီးစီးမှုမှာ(၁၃၃၆၀၂)ဧက စိုက်ပျိုးနိုင်ခဲ့ပြီးဖြစ်ပါသည်။ မိုးနှမ်းကို နှစ်စဉ်ဇွန်လမိုးဦးကျချိန်တွင် စတင်စိုက်ပျိုးကြပြီး ဩဂုတ်လ ပထမပတ်တွင် စတင်၍ လှိုင်လှိုင်ပေါ်မည်ဖြစ်ပါသည်။ နွေနှမ်းကို မတ်လနှင့်ဧပြီလတို့တွင် စိုက်ပျိုးကြပြီး ဇွန်လနှင့်ဇူလိုင်လများတွင် ထွက်ပေါ်လေ့ရှိကြောင်း သိရှိရပါသည်။

  အရောင်းအဝယ်ဖြစ်ပေါ်ခဲ့သောဈေးနှုန်းများမှာ ၂၀၂၂ခုနှစ်တွင် နှမ်းနီတစ်တင်းလျှင် (၃၇၀၀၀၊၃၈၀၀၀)ကျပ်ဝန်းကျင်၊ နှမ်းဖြူတစ်တင်းလျှင်(၄၅၀၀၀)ကျပ်ဖြင့် ဈေးဖွင့်ရောင်းဝယ်ခဲ့ပြီး ဧပြီလတွင် နှမ်းနီတစ်တင်းလျှင်(၅၀၀၀၀)ကျပ်ဝန်းကျင်၊ နှမ်းဖြူတစ်တင်းလျှင်(၅၃၀၀၀)ကျပ် ဝန်းကျင်ဖြင့် အရောင်းအဝယ်ရှိခဲ့ကြောင်း သိရှိရပါသည်။ ၂၀၂၃ ခုနှစ်တွင် နှမ်းနီတစ်တင်းလျှင် (၆၈၀၀၀၊၇၀၀၀၀)ကျပ်ဝန်းကျင်၊ နှမ်းဖြူတစ်တင်းလျှင်(၉၀၀၀၀)ကျပ်ဝန်းကျင်များဖြင့် ဈေးဖွင့်အရောင်းအဝယ်ပြုလုပ်ခဲ့ပြီး ယခုချိန်တွင် နှမ်းနီတစ်တင်း(၈၅၀၀၀)ကျပ်၊ နှမ်းဖြူတစ်တင်းလျှင် (၁၁၄၀၀၀)ကျပ်ဝန်းကျင်သို့ ဈေးနှုန်းများမြင့်တက်၍ အရောင်းအဝယ်ဖြစ်ပေါ်လျက်ရှိပါသည်။

       ကျောက်ပန်းတောင်းမြို့နယ်တွင် မိုးနှမ်းစိုက်ဧက တစ်ဧကလျှင်ကုန်ကျစရိတ်အနေဖြင့် (၃၈၃၀၀၀)ကျပ်ဝန်းကျင် ကျသင့်ပြီး၊ တစ်ဧကပျမ်းမျှအထွက်နှုန်းမှာ (၆.၃၀)တင်းနှုန်းခန့်ထွက်ရှိ ကြောင်းသိရှိရပါသည်။ နှမ်းပေါ်ချိန်ရောင်းဈေးအနေဖြင့် တစ်တင်းလျှင်(၆၈၀၀၀)ကျပ်ဝန်းကျင်ဖြင့် ရောင်းချခဲ့ရ၍ တစ်ဧကဝင်ငွေမှာ(၄၂၈၄၀၀)ကျပ်ခန့်ရရှိပြီး တစ်ဧကတောင်သူအကျိုးအမြတ်မှာ (၄၅၄၀၀)ကျပ်ရရှိပါသည်။ ဒေသထွက်နှမ်းများကို မြို့ပေါ်ရှိ ပွဲရုံများ၊ ဆီစက်များသို့ လာရောက်ရောင်းချကြသလို တစ်ချို့တောင်သူများမှာ မိမိတို့ဝမ်းစာအတွက်ဆီကြိတ်ခွဲသိုလှောင်ပြီး သုံးစွဲမှုများလည်း များပြားလာပါသည်။ တောင်သူအကျိုးအမြတ်ရရှိသော ဆီထွက်သီးနှံဖြစ်သည့် နှမ်းသီးနှံကို ပိုမိုစိုက်ပျိုးပြီး ပြင်ပသို့ရောင်းချခြင်းမပြုပဲ ပြည်တွင်း၌သုံးစွဲခြင်း၊ ဆီကြိတ်ခွဲရောင်းချခြင်းများ ပြုလုပ်ပါက ဒေသတွင်းဆီစားသုံးမှု ဖူလုံလာခြင်း၊ ကျန်းမာရေးနှင့် ညီညွတ်သောဆီများ စားသုံးရခြင်း၊ တိရစ္ဆာန်အစားအစာများပေါများလာပြီး မွေးမြူရေးလုပ်ငန်းများ တိုးတက်လာနိုင်ခြင်း၊ ဒေသတွင်းလုပ်သားများ အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိလာစေနိုင်ခြင်း စသည့်အကျိုးကျေးဇူးများ ရရှိစေလာသည့်အတွက် ဆီထွက်သီးနှံဖြစ်သည့် နှမ်းသီးနှံကို ပိုမိုစိုက်ပျိုးသင့်ပါကြောင်း လေ့လာသိရှိရပါသည်။

DOCA(မန္တလေး)

မကွေးမြို့၊ မြို့မစျေး၌ ဇူလိုင်လ(ဒုတိယအပတ်)အတွင်းဖြစ်ပေါ်လျက်ရှိသော ကုန်စျေးနှုန်းအခြေအနေ

    မကွေးမြို့၊ မြို့မစျေး၌ မြို့ပေါ်ရှိစျေးသည်များနှင့် ပတ်ဝန်းကျင်ကျေးရွာများဖြစ်သော ချောင်းဖြူကျေးရွာ၊ မြင်းကင်းကျေးရွာ၊ မကျီးကန်ကျေးရွာ၊ ဆားတိုင်ကန်ကျေးရွာတို့မှ လာရောက်ရောင်းဝယ်ဖောက်ကားလျက်ရှိပါသည်။

    ၂၀၂၃ခုနှစ်၊ ဇူလိုင်လ(ဒုတိယအပတ်)အတွင်း မကွေးမြို့၊ မြို့မစျေး၌ ရောင်းချလျက်ရှိသောစျေးနှုန်းများမှာ ခရမ်းချဉ်သီး(၁)ပိဿာလျှင် ကျပ်(၂၅၀၀)၊ ခရမ်းသီး(၁)ပိဿာလျှင် ကျပ်(၁၈၀၀)၊ ကြက်သွန်နီ(၁)ပိဿာလျှင် ကျပ်(၂၃၀၀)၊ ကြက်သွန်ဖြူ(ရှမ်း)(၁)ပိဿာလျှင် ကျပ်(၈၀၀၀)၊ ကြက်သွန်ဖြူ(ဗမာ)(၁)ပိဿာလျှင် ကျပ်(၈၀၀၀)၊ အာလူး(၁)ပိဿာလျှင် ကျပ်(၃၀၀၀)၊ ငရုတ်သီး(ကျောက်စိမ်း) (၁)ပိဿာလျှင် ကျပ်(၆၀၀၀)၊ ငရုတ်သီးစိမ်း(မိုးမျှော်)(၁)ပိဿာလျှင် ကျပ်(၄၀၀၀)၊ မြေပဲ(၁)ပြည်လျှင် ကျပ်(၈၀၀၀)၊ ကုလားပဲခြမ်း(၁)ပြည်လျှင် ကျပ်(၈၀၀၀)၊ ဘူးသီး(၁)လုံးလျှင် ကျပ်(၁၅၀၀)မှ ကျပ်(၂၀၀၀)အတွင်း၊ ပန်းဂေါ်ဖီပွင့်(၁)ပွင့်လျှင် ကျပ်(၁၅၀၀)မှ ကျပ်(၂၀၀၀)အတွင်း၊ ဂေါ်ဖီ(၁)ထုပ်လျှင် ကျပ်(၁၇၀၀)မှ ကျပ်(၂၀၀၀)အတွင်း၊ ကြက်ဥ(၁)လုံးလျှင် ကျပ်(၂၈၀)မှ ကျပ်(၃၀၀)အတွင်း၊ ဘဲဥ ၁)လုံးလျှင် ကျပ်(၃၀၀)မှ ကျပ်(၃၅၀)အတွင်း၊ မျှစ်ချဉ်(၁)ပိဿာလျှင် ကျပ်(၄၈၀၀)၊ ကြက်သား(CP)(၁)ပိဿာလျှင် ကျပ်(၁၅၀၀၀)၊ ကြက်သား(ဗမာ)(၁)ပိဿာလျှင် ကျပ်(၁၈၀၀၀)၊ ဆိတ်သား(၁)ပိဿာလျှင် ကျပ်(၁၈၀၀၀)၊ အမဲသား(၁)ပိဿာလျှင် ကျပ်(၁၇၀၀၀)၊ ဝက်သား(၁)ပိဿာလျှင် ကျပ်(၁၈၀၀၀)တို့ဖြင့် အသီးသီးအရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း စျေးသည်များထံမှသိရှိရပါသည်။

DOCA(မကွေး)

မိတ္ထီလာစျေးကွက်အတွင်း အခြေခံစားကုန်စျေးနှုန်းများ

     ၂၀၂၃ ခုနှစ် ဇူလိုင်လ ဒုတိယပတ်အတွင်း မိတ္ထီလာမြို့နယ် စျေးကွက်ရှိ အခြေခံစားကုန်စျေးနှုန်းများမှာ ရွှေဘိုပေါ်ဆန်း ဆန်တစ်အိတ်လျှင် (၁၀၅၀၀၀) ကျပ်၊ မဂျမ်းတော ဆန်တစ်အိတ်လျှင် (၈၅၀၀၀) ကျပ်၊ မနောသုခ ဆန်တစ်အိတ်လျှင် (၈၀၀၀၀) ကျပ်၊ ပဲဆီ၊ နှမ်းဆီတို့မှာ တစ်ပိဿာလျှင် (၁၄၀၀၀) ကျပ်၊ စာအုန်းဆီ တစ်ပိဿာလျှင် (၈၀၀၀) ကျပ်၊ ကြက်သွန်နီအလတ်တစ်ပိဿာလျှင် (၂၂၀၀) ကျပ်၊ ကြက်သွန်ဖြူ (ကြူကုတ်) တစ်ပိဿာလျှင် (၇၅၀၀) ကျပ်၊ အာလူး (လတ်) တစ်ပိဿာ လျှင် (၂၈၀၀) ကျပ်၊ ဂျင်း တစ်ပိဿာ (၆၀၀၀) ကျပ်၊ ကြက်ဥ တစ်လုံး (၂၆၀ မှ ၃၀၀) ကျပ်၊ ဘဲဥတစ် လုံးလျှင် (၃၅၀) ကျပ်၊ ခရမ်းချဉ်သီး တစ်ပိဿာလျှင် (၂၀၀၀) ကျပ်၊ ဂေါ်ဖီထုပ် တစ်ထုပ်လျှင် (၆၀၀မှ ၇၀၀) ကျပ်၊ ကြက်သား တစ်ပိဿာလျှင် (၁၂၀၀၀) ကျပ်၊ ဝက်သား တစ်ပိဿာလျှင် (၂၀၀၀၀) ကျပ်၊ အမဲသား တစ်ပိဿာလျှင် (၁၆၀၀၀) ကျပ်၊ ငါးမြစ်ချင်း တစ်ပိဿာလျှင် (၈၀၀၀) ကျပ် စျေးရှိပါသည်။ ယခင်ဇွန်လ ဒုတိယပတ်နှင့် နှိုင်းယှဉ်ပါက ဆန်စျေးနှုန်းများတွင် စားသုံးမှုများသော မနောသုခ၊ မဂျမ်း တောဆန်‌စျေးများ အနည်းငယ်မြင့်တက်လာပြီး စာသုံးဆီစျေးများ အတက်၊ အကျများစွာပြောင်းလဲမှု မရှိကြောင်းသိရသည်။ ကုန်ခြောက်စျေး အတော်များများစျေးငြိမ်နေပြီး၊ ကုန်စိမ်းစျေးများတွင် ခရမ်းချဉ်သီးစျေးမြင့်လာကာ အသားငါးစျေးနှုန်းမျာတွင် ကြက်ဥနှင့်ကြက်သားစျေးမြင့်လာကြောင်း စျေးကွက်မှ သိရသည်။

DOCA(မန္တလေး)

 

 

 

 

“ မိတ္ထီလာ ကုန်စည်ဒိုင်၌ဖြစ်ပေါ်နေသော သီးနှံစျေးနှုန်းများ”

    ဇူလိုင်လ ဒုတိယပတ်အတွင်း မိတ္ထီလာကုန်စည်ဒိုင်၌ ဖြစ်ပေါ်နေသော သီးနှံစျေးနှုန်းအခြေအနေများမှာ နှမ်းဆီ တစ်ပိဿာလျှင် (၁၃၅၀၀-၁၄၀၀၀) ကျပ်၊ မြေပဲဆီ တစ်ပိဿာလျှင် (၁၃၅၀၀-၁၄၀၀၀)ကျပ် နေကြာဆီ တစ်ပိဿာလျှင် (၁၂၅၀၀-၁၃၀၀၀) ကျပ်၊ စားအုန်းဆီ တစ်ပိဿာလျှင် (၈၀၀၀)ကျပ်၊ နှမ်းဖတ် တစ်ပိဿာလျှင် (၂၇၀၀) ကျပ်၊ ပဲဖတ် တစ်ပိဿာလျှင် (၃၁၀၀) ကျပ်၊ နေကြာဖတ် တစ်ပိဿာလျှင် (၁၉၀၀-၁၉၅၀) ကျပ်၊ ကုလားပဲ (V2)  တစ်တင်းလျှင် (၈၀၀၀၀-၈၁၀၀၀)ကျပ်၊ နှမ်းညို တစ်တင်း လျှင် (၈၂၀၀၀) ကျပ်၊ နှမ်းဖြူ တစ်တင်းလျှင်(၁၀၀၀၀၀)ကျပ်၊ နေကြာစေ့ တစ်ပိသာလျှင် (၄၀၀၀) ကျပ် ၊ မန်ကျည်းတောင့် တစ်ပိဿာလျှင် (၈၅၀) ကျပ်၊ ပဲတီစိမ်း  တစ်တင်းလျှင် (၅၅၀၀၀-၅၇၀၀၀) ကျပ်၊ ငရုတ် တစ်ပိသာလျှင် (၁၃၀၀၀ - ၁၃၅၀၀) ကျပ်၊ ကြက်သွန်နီ တစ်ပိဿာလျှင် (၁၉၀၀ - ၂၀၀၀) ကျပ်နှုန်းများဖြင့် အသီးသီးရောင်းဝယ်ဖောက်ကားလျက်ရှိပြီး ယခင်လဒုတိယပတ်နှင့် နှိုင်းယှဉ်ကြည့်လျှင်  စားအုန်းဆီစျေးနှုန်းမှာ တစ်ပိဿာလျှင် (၁၆၂၈) ကျပ်ခန့် မြင့်တက်လျက်ရှိပြီး၊ နှမ်းညိုစျေးနှုန်းမှာ တစ်တင်းလျှင် (၈၀၀၀) ကျပ်ခန့်၊ ကုလားပဲ (V2) တစ်တင်းလျှင် (၈၀၀၀) ကျပ်ခန့် သိသိသာသာ ကျဆင်းလာကြောင်းနှင့် ကျန်သီးနှံစျေးနှုန်းများ တည်ငြိမ်လျက်ရှိကြောင်း သိရပါသည်။

DOCA(မန္တလေး)

မကွေးမြို့၊ ရန်ပယ်စျေး၌ ရောင်းချလျက်ရှိသော စားဖိုဆောင်သုံးသီးနှံများ၏ ဈေးနှုန်းအခြေအနေ

   မကွေးမြို့၊ ရန်ပယ်ဈေး၌ ရောင်းချနေသောစားဖိုဆောင်သုံးသီးနှံများမှာ ရှမ်းပြည်နယ်၊ ပြင်ဦးလွင်၊ အောင်ပန်းမြို့နှင့် မကွေးမြို့နယ်၊မကျီးကန်ရွာ၊ ဆားတိုင်ကန်ရွာ၊ သန်တောကုန်းရွာနှင့် ပထိုးစမ်းကျေးရွာတို့မှ အများဆုံးဝင်ရောက်ရောင်းဝယ်ဖောက်ကားလျက်ရှိပါသည်။

  ၂၀၂၃ခုနှစ်၊ ဇူလိုင်လ (ဒုတိယပတ်) အတွင်း ရန်ပယ်စျေး၌ရောင်းချနေသော စားဖိုဆောင်သုံးသီးနှံစျေးနှုန်းများမှာ ကန်စွန်းရွက်(၁)စည်းလျှင် ကျပ်(၅၀)၊ ချဉ်ပေါင်ရွက်(၁)စည်းလျှင် ကျပ်(၁၀၀)၊ ရုံးပတီသီး(၁)ပိဿာလျှင် ကျပ်(၂၀၀၀)၊ နံနံပင် (၁) ပိဿာလျှင် ကျပ်(၅၀၀၀)၊ မုန်လာဥနီ(၁)ပိဿာလျှင် ကျပ်(၄၅၀၀)၊ ကြက်ဟင်းခါးသီး(၁)ပိဿာလျှင် ကျပ်(၂၀၀၀)၊ ပန်းဂေါ်ဖီပွင့်(၁)ပွင့်လျှင် ကျပ်(၁၂၀၀)၊ မျှစ်(၁)ပိဿာလျှင် ကျပ်(၆၀၀၀)၊ မျှစ်ချဉ်(၁)ပိဿာလျှင် ကျပ်(၄၄၀၀)၊ ပဲပင်ပေါက်(၁)ပိဿာလျှင် ကျပ်(၁၂၀၀၀)၊ ပဲသီး(၁)ပိဿာလျှင် ကျပ်(၂၀၀၀)၊‌ ဂေါ်ဖီထုပ်(၁)ထုပ်လျှင် ကျပ်(၁၅၀၀)၊ ကင်ပွန်းချဉ် (၁)ပိဿာလျှင် ကျပ်(၄၀၀၀)၊ မုန်လာဥဖြူ(၁)စည်းလျှင် ကျပ်(၅၀၀)၊ ခရမ်းချဉ်သီး(၁)ပိဿာလျှင် ကျပ်(၁၅၀၀)၊ အာလူး(၁)ပိဿာလျှင် ကျပ်(၂၅၀၀)မှ ကျပ်(၃၂၀၀)အတွင်း၊ ငရုတ်သီးစိမ်း(၁)ပိဿာလျှင် ကျပ်(၆၀၀၀)၊ ငရုတ်သီးခြောက်(၁)ပိဿာလျှင် ကျပ်(၁၆၀၀၀)၊ ကုလားပဲ(၁)ပြည်လျှင် ကျပ်(၇၇၀၀)၊ ကြက်သွန်ဖြူ(ဗမာ)(၁)ပိဿာလျှင် ကျပ်(၈၀၀၀)၊ ကြက်သွန်ဖြူ(ရှမ်း)(၁)ပိဿာလျှင် ကျပ်(၈၈၀၀)၊ ချင်းတက်(၁)ပိဿာလျှင် ကျပ်(၈၀၀၀)၊ နနွင်းတက်(၁)ပိဿာလျှင် ကျပ်(၆၀၀၀)၊ ကြက်သွန်နီ (၁) ပိဿာလျှင် ကျပ်(၂၃၀၀)၊ ဆား(အကြမ်း)(၁)ပိဿာလျှင် ကျပ်(၅၀၀)၊ ဆား(အချော)(၁)ပိဿာလျှင် ကျပ်(၁၃၀၀)၊ နနွင်းမှုန့်(၁)ပိဿာလျှင် ကျပ်(၃၂၀၀)၊ အရောင်တင်မှုန့်(၁)ပိဿာလျှင် ကျပ်(၃၂၀၀)၊ ငရုတ်သီးခြောက်(အကြမ်း)မှုန့်(၁)ပိဿာလျှင် ကျပ်(၂၀၀၀၀)၊ ငါးပိ(၁)ပိဿာလျှင် ကျပ်(၈၀၀၀)မှ ကျပ်(၁၀၀၀၀)အတွင်း၊ ခရမ်းသီး(၁)ပိဿာလျှင် ကျပ်(၁၅၀၀)၊ ကြက်ဥ(၁)လုံးလျှင် ကျပ်(၂၆၀)မှ ကျပ်(၂၈၀)၊ ဘဲဥ(၁)လုံးလျှင် ကျပ်(၃၅၀)မှ ကျပ်(၃၈၀)၊ သကြား(၁)ပိဿာလျှင် ကျပ်(၃၅၀၀)တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(မကွေး)

ပန်းတိမ်မနိုင် (ခေါ်) ပန်းတိမ်ငိုပန်း

   ပန်းအလှ၌ ပန်းတိမ်ဆရာလက်မှိုင်ချရသည်အထိ တင်စားခေါ်ဆိုသောပန်းတိမ်ငိုပန်းသည် သုံးရာသီရှိသောမြန်မာ့ရေမြေတွင် မိုးတွင်းကာလ၌ပွင့်တက်သည့် ပန်းတစ်မျိုးဖြစ်သည်။ ပန်းတိမ်ငိုမျိုးတွင် တစ်ထပ်ပန်းတိမ်ငို၊ နှစ်ထပ်ပန်းတိမ်ငို၊ သုံးထပ်ပန်းတိမ်ငို (ခေါ်) ဆင်စွယ်ဟူ၍သုံးမျိုးရှိသည်။ မျိုးကွဲပေါင်းများစွာရှိပြီး ပန်း၏အရောင်မှာ အပန်းရောင်၊ ခရမ်းရောင်နှင့် အဖြူရောင်တို့ရှိကြသည်။ ဖေဖော်ဝါရီလတွင် ဥများကိုတူးဖော်ကာစိုက်ပျိုးကြသည်။ အပင်အမြင့်သည် ၁၈လက်မမှ ၂၄လက်မအထိရှိပြီး အရွက်များမှာ အမြဲစိမ်းစိုနေသည်။ ပန်းတိမ်ငိုပန်းကို အအေးပိုင်းဒေသများတွင် အများဆုံးစိုက်ပျိုးကြပါသည်။ ပန်းတိမ်ငိုပန်းကို ရှမ်းပြည်နယ်၊ ရွာငံနှင့် ပင်းတယမြို့နယ်တို့တွင် အများဆုံးစိုက်ပျိုးကြသည်။ ယခုအခါ အပူပိုင်းဒေသများတွင်လည်း စတင်စိုက်ပျိုးကြပါသည်။ အပူရှိန်မြင့်မားသည့်ဒေသများတွင် ပန်းတိမ်ငိုပန်းကိုစိုက်ပျိုးနိုင်ရန် အမိုးအကာပြုလုပ်၍ စိုက်ပျိုးကြသည်။ ဆူကာသီး (ခေါ်) ဂေါ်ရခါးသီးစင်၊ ဗူးစင် စသည့်အရိပ်ရသောစင်များအောက်တွင်လည်း စိုက်ပျိုးနိုင်ပါသည်။ ပန်းတိမ်ငိုပန်းပင်သည် ရေကြိုက်နှစ်သက်သော်လည်း ရေဝပ်သည့်ဒဏ်ကိုမခံနိုင်ကြောင်း သိရပါသည်။ ပန်းတိမ်ငိုပန်းသည် ဘုရားပန်းအဖြစ်သာမက အခမ်းအနားများတွင်လည်း တန်ဖိုးထားသော အလှဆင်သည့်ပန်းတစ်မျိုးဖြစ်သဖြင့် ပန်းစိုက်သူတို့အတွက် တွက်ခြေကိုက်သောပန်းတစ်မျိုးဖြစ်ပါသည်။ ယနေ့ဒေသပေါက်ဈေးအနေဖြင့် ပန်းတိမ်ငိုပန်း (အဖြူရောင်) (၁၀) ပင်ပါ (၁)စည်းလျှင် ၁၅၀၀ကျပ်နှုန်းရှိပြီး ပန်းတိမ်ငိုပန်း (ခရမ်းရောင်) (၁၀) ပင်ပါ (၁) စည်းလျှင် ၂၅၀၀ကျပ်နှုန်းနှင့် ပန်းတိမ်ငိုပန်း (အပန်းရောင်) (၁၀) ပင်ပါ (၁)စည်းလျှင် ၃၅၀၀ကျပ်နှုန်းတို့ဖြင့်ရောင်းချလျက်ရှိပါကြောင်း ဈေးကွက်မှသိရှိရပါသည်။

DOCA(ရှမ်း)

 

နမ့်ဆန်မြို့နယ်၏ လက်ဖက်ဈေးအခြေအနေ

    ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ နမ့်ဆန်မြို့နယ်တွင် လက်ဖက်များကိုအဓိကစိုက်ပျိုးလျက်ရှိပြီး လက်ဖက်စို၊ လက်ဖက်ခြောက်လုပ်ငန်းများကိုလည်း လုပ်ကိုင်လျက်ရှိကြောင်းသိရှိရပါသည်။ လက်ဖက်လုပ်ငန်းနှင့်ပတ်သက်ပြီး လေ့လာချက်အရ သင်္ကြန်မတိုင်မီတွင် ဈေးနှုန်းများအနည်းငယ်ကွာခြားမှုရှိကြောင်း သိရှိရပါသည်။

    သင်္ကြန်မတိုင်မီ လက်ဖက်ဈေးနှုန်းများသည် ရွက်စိမ်း (၁) ပိဿာလျှင် (၂၅၀၀) ကျပ်မှ (၃၀၀၀) ကျပ်ကြားဈေးရှိခဲ့သော်လည်း သင်္ကြန်ပြီးနောက်ပိုင်းမှ ယနေ့အထိ (၁၈၀၀) ကျပ်မှ (၂၅၀၀) ကျပ်အထိဈေးရှိကြောင်း၊ လက်ဖက်စိုဈေးနှုန်းမှာ ပြောင်းလဲခြင်းမရှိဘဲ (၁) ပိဿာလျှင် (၃၀၀၀) ကျပ်ရှိကြောင်းသိရှိရပါသည်။

  လက်ဖက်ဈေးနှုန်းမှာ သင်္ကြန်မတိုင်မီတွင် အရောင်းအဝယ်ရှိခဲ့သော်လည်း သင်္ကြန်ပြီးသည့်နောက်ပိုင်း၌ မိုးရွာသည့်အတွက် အရောင်းအဝယ်နည်းပါးမှုရှိကြောင်း၊ လက်ဖက်ခြောက် (၁) ပိဿာလျှင် (၁၀၀၀၀) ကျပ်တိတိဈေးရှိကြောင်း လေ့လာသိရှိရပါသည်။

DOCA(ရှမ်း)

မြေပဲဈေးနှုန်းဈေးကွက်

   မြေပဲကို အပူပိုင်း၊ သမပိုင်းနှင့် သမပိုင်းရာသီဥတုရှိသောနေရာများတွင် စိုက်ပျိုးကြပါသည်။ မြေပဲကို မိုးရာသီနှင့် ဆောင်းရာသီဟူသော နှစ်ရာသီလုံးတွင် စိုက်ပျိုးကြပြီး အထက်မြန်မာပြည်ဘက်၌ မြေပဲသီးသန့် (သို့) ပဲစဉ်းငုံ၊ နှမ်းတို့နှင့် သီးညှပ်စိုက်ပျိုးကြပြီး အောက်မြန်မာပြည်ဘက်တွင်မူ စပါးသီးထပ်အဖြစ် စိုက်ပျိုးကြပါသည်။ မြေပဲမှာ ဆီထွက်သီးနှံများထဲတွင် မရှိမဖြစ်လိုအပ်သည့် သီးနှံဖြစ်ပါသည်။ စားသုံးဆီအပြင် မုန့်ပဲသားရေစာများတွင်လည်း ထည့်သွင်းအသုံးပြုနိုင်သောကြောင့် ဈေးကွက်ဝင်သီးနှံတစ်မျိုးဖြစ်သည့်အပြင် စားသုံးဆီအတွက် အဓိကသီးနှံလည်းဖြစ်ပါသည်။ နိုင်ငံတော်၏ဘဏ္ဍာကိုလည်း တစ်ဖက်တစ်လမ်းမှ အထောက်အကူဖြစ်စေသည့်သီးနှံဖြစ်ပါသည်။ မြေပဲကို ရှမ်းပြည်နယ်(တောင်ပိုင်း)တွင် ဆီဆိုင်၊ ဆိုက်ခေါင်၊ မိုင်းရှူး စသည့်မြို့နယ်များတွင် အများဆုံးစိုက်ပျိုးကြပါသည်။ မြေပဲကို မိုးဦး၌ မေလနှင့်ဇွန်လ၊ မိုးလယ်၌ ဩဂုတ်လ၊ မိုးနှောင်းတွင် အောက်တိုဘာလနှင့် နိုဝင်ဘာလများတွင် စိုက်ပျိုးကြပါသည်။ ထို့ပြင် မြေပဲတွင် ရှမ်းမြေပဲနှင့် ဗမာမြေပဲဟူ၍နှစ်မျိုးရှိရာ ဗမာမြေပဲမှာ ရှမ်းမြေပဲထက်ပို၍ကောင်းမွန်ပြီး ဆီထွက်နှုန်းမှာလည်း ပိုမိုကောင်းမွန်သည်ဟုသိရပါသည်။ မြေပဲတစ်ပိဿာကို ဆီကြိတ်လျှင် ဆီ (၃၀/၄၀) ကျပ်သားခန့် ထွက်ရှိပြီး မြေပဲဆံတစ်တင်းကို ဆီကြိတ်လျှင် (၂) ပိဿာခန့်ထွက်သည့်အတွက် မြေပဲတစ်ဧကလျှင် ဆီ (၇၂) ပိဿာခန့်ထွက်ရှိမည်ဖြစ်ပါသည်။ ယခုအချိန်တွင် မြေပဲများစတင်ထွက်ပေါ်နေပြီဖြစ်ရာ ဈေးကွက်ထဲဝင်ရောက်လျက်ရှိပြီး လက်ရှိမြေပဲပေါက်ဈေးမှာ မြေပဲ(အတောင့်)‌နှစ်တင်းခွဲဝင် အိတ်တစ်အိတ်လျှင် (၆၀၀၀ဝိ/-) ကျပ်ခန့်ဈေးရှိပြီး မြေပဲဆံတစ်ပိဿာလျှင် (၈၀၀ဝိ/-) ကျပ်နှင့် မြေပဲဆီဈေးမှာ မြေပဲဆီရိုးရိုးတစ်ပိဿာလျှင် (၉၅၀ဝိ/-) ကျပ်၊ ဆီအသန့်တစ်ပိဿာလျှင် (၁၅၀၀ဝိ/- ၁၆၀၀ဝိ/-) ကျပ်ခန့်တို့ရှိသည်ဟု သိရှိရပါသည်။

DOCA(ရှမ်း)

နတ်တလင်းခရိုင်အတွင်း နွေစပါးများရိတ်သိမ်းနေ

   ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်အတွင်းရှိ မြို့နယ်များတွင် ဒေသတွင်းနှင့် ပြည်တွင်းစားသုံးမှုဖူလုံရေး၊ ဆန်စပါးဈေးနှုန်းတည်ငြိမ်ရေးနှင့် ပိုလျှံသည်များကို ပြည်ပသို့တင်ပို့နိုင်ရေးအတွက် မိုးစပါး၊ နွေစပါးများစိုက်ပျိုးထုတ်လုပ်လျက်ရှိရာ နတ်တလင်းခရိုင်အတွင်း (၂၀၂၂-၂၀၂၃) ဘဏ္ဍာနှစ်၌ မိုးစပါးလျာထားဧက (၃၁၄၄၆၃) ကို လျာထားချက်ပြည့်မီအောင်စိုက်ပျိုးနိုင်ခဲ့ကြောင်းနှင့် နွေစပါးလျာထားဧက (၅၈၂၇၂) ကို ကျော်လွန်အောင်စိုက်ပျိုးနိုင်ခဲ့ကြောင်းသိရပါသည်။

   ယခုအခါ နွေစပါးများကို ရိတ်ခြွေနေပြီး နတ်တလင်းခရိုင်အတွင်း ဇူလိုင်လ၊ ပထမပတ်အထိ (၃၈၉၄) ဧကကျော်ရိတ်သိမ်းပြီးစီးကြောင်း၊ ယခုဇူလိုင်လ၊ ပထမပတ်အတွင်း နွေစပါးတင်း (၁၀၀) ကို (၄၆) ပေါင်ဖြင့် ကွင်း‌ပေါက်ဈေး (၁၂) သိန်းကျပ်ပေါက်ဈေးရှိပြီး နွေဆန်တစ်အိတ်လျှင် (၅၁၀၀၀) ကျပ်နှုန်းရှိပါကြောင်းနှင့် စပါးများကို ကုန်သည်များက ကွင်းထဲအရောက် လာရောက်ဝယ်ယူမှုများရှိနေကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံး ပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများ( ၁၆.၇.၂၀၂၃ )

     ၁၆.၇.၂၀၂၃ ရက်နေ့တွင် တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများအား အောက်ပါ .pdf တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်-

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း