ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ရွှေဘိုမြို့တွင်ရောင်းချနေသော အခြေခံစားကုန်များ၏ ဈေးနှုန်းအခြေအနေ

     ၂၀၂၃ခုနှစ် ဇူလိုင်လ ပထမပတ်အတွင်း ရွှေဘိုမြို့နယ်တွင် အခြေခံစားကုန်များဖြစ်သော ရွှေဘိုပေါ်ဆန်းဆန်တစ်ပြည် ၄၈၀၀ကျပ်၊ ဧရာမင်းဆန် တစ်ပြည် ၄၈၀၀ကျပ်ဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိသည်။ကြက်သွန်နီ(သစ်) လက်လီဈေးမှာ (ကြီး) တစ်ပိဿာ ၂၀၀၀ကျပ်၊ (လတ်) တစ်ပိဿာ ၁၈၀၀ကျပ်၊ (သေး)တစ်ပိဿာ ၁၅၀၀ကျပ်နှုန်းဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိသည်။ ကြက်သွန်ဖြူလက်လီဈေးမှာ (ဗမာ)တစ်ပိဿာလျှင် ၈၀၀၀ကျပ်မှ ၉၀၀၀ကျပ်ထိ၊ ရှမ်း ကြက်သွန်ဖြူ တစ်ပိဿာ ၇၀၀၀ကျပ်မှ ၈၀၀၀ကျပ်ထိ ၊ (ကြူကုပ်) တစ်ပိဿာ ၆၀၀၀ကျပ်မှ ၇၀၀၀ကျပ်ထိ၊ ချင်းတစ်ပိဿာ ၈၀၀၀ကျပ်မှ ၁၀၀၀၀ကျပ်ထိ ၊ ငရုတ်သီးခြောက် အမျိုးအစားအလိုက် ၁၇၀၀၀ကျပ် မှ ၁၈၀၀၀ကျပ်ထိ အာလူး တစ်ပိဿာ ၂၈၀၀ကျပ်မှ ၃၆၀၀ကျပ်ထိ ၊ခရမ်းချဉ်သီး တစ်ပိဿာ ၁၇၀၀ကျပ်ဖြင့် အရောင်းအဝယ် ဖြစ်နေပါသည်။

      ကြက်ဥ လက်လီဈေးနှုန်းမှာ (ကြီး)တစ်လုံး ၃၀၀ကျပ်၊ (သေး) တစ်လုံး ၂၅၀ကျပ် ၊ ဘဲဥ (ကြီး) တစ်လုံး (၃၀၀)ကျပ်၊ (သေး)တစ်လုံး (၂၅၀)ကျပ်ရှိသည်။ ရွှေဘိုမြို့၏ အသား/ငါး ဈေးနှုန်းများမှာ ကြက်သား(CP)  တစ်ပိဿာ ၁၀၀၀၀ကျပ်မှ ၁၂၀၀၀ကျပ်ထိ၊ကြက်သား (ဗမာ)တစ်ပိဿာ ၁၃၀၀၀ ကျပ်မှ ၁၅၀၀၀ကျပ်ထိ၊  ဝက်သား တစ်ပိဿာ ၂၀၀၀၀ကျပ်မှ ၂၂၀၀၀ကျပ်ထိ၊ အမဲသား တစ်ပိဿာ ၁၄၀၀၀ကျပ်မှ ၁၆၀၀၀ကျပ်ထိ၊  ငါးမြစ်ချင်း တစ်ပိဿာ ၇၅၀၀ကျပ်၊ ငါးကြင်း တစ်ပိဿာ ၇၀၀၀ကျပ်ဖြင့် ရောင်းဝယ်နေကြောင်း သိရသည်။

      စားသုံးဆီ ဈေးနှုန်းများမှာ ပဲဆီသန့် တစ်ပိဿာလျှင် ၁၅၀၀၀ကျပ်၊  စားအုန်းဆီ တစ်ပိဿာလျှင် ၇၅၀၀ကျပ်နှင့် နှမ်းဆီ တစ်ပိဿာလျှင် ၁၅၀၀၀ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရသည်။

DOCA(စစ်ကိုင်း)

 

ကန့်ဘလူမြို့၏ ဇူလိုင်လ၊ ပထမပတ်တွင်ဖြစ်ပေါ်လျက်ရှိသော ငါးဈေးနှုန်းများ

  စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ကန့်ဘလူမြို့နယ်တာဝန်ခံရုံးအနေဖြင့် “ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးနှင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများဖြင့် နိုင်ငံ့စီးပွားရေးဖွံ့ဖြိုးတိုးတက်ရန်”ဆိုသည့် ဌာန၏ မျှော်မှန်းချက်တာဝန်ကိုလည်း အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ကန့်ဘလူမြို့၊ မြို့မစည်ပင်သာယာဈေးတွင် ငါးမျိုးစုံ ရောင်းချလျက်ရှိပြီး ၂၀၂၃ခုနှစ်၊ဇူလိုင်လ ပထမပတ်အတွင်း ဖြစ်ပေါ်နေသောငါးလက်လီဈေးနှုန်းများမှာ ငါးရံ့အကောင်လိုက် တစ်ပိဿာလျှင် (၁၀၀၀၀)ကျပ်၊ တီလားဗီးယားအကောင်သေး တစ်ပိဿာ လျှင် (၄၀၀၀)ကျပ်၊ တီလားဗီးယားအကောင်လတ် တစ်ပိဿာလျှင်(၅၀၀၀)ကျပ်၊ တီလားဗီးယား အကောင်ကြီး တစ်ပိဿာလျှင် (၆၅၀၀)ကျပ်၊ ငါးကြင်းတစ်ပိဿာလျှင် (၈၀၀၀)ကျပ်၊ ငါးဖယ် တစ်ပိဿာလျှင် (၈၀၀၀)ကျပ်၊ ငါးမုတ် တစ်ပိဿာလျှင် (၆၅၀၀)ကျပ်၊ ငါးမြင်း တစ်ပိဿာလျှင် (၆၅၀၀)ကျပ်၊ ငါးဘတ်  တစ်ပိဿာလျှင် (၁၇၀၀၀)ကျပ်၊ ငါးဂျောင်း တစ်ပိဿာလျှင် (၁၀၀၀၀) ကျပ်၊ ငါးအုံတုံ  တစ်ပိဿာလျှင် (၁၀၀၀၀)ကျပ်၊ ငါးအုံတုံခုတ်သား တစ်ပိဿာလျှင်  (၁၆၀၀၀) ကျပ်၊ ငါးမြင်းခုတ်သားတစ်ပိဿာလျှင် (၁၀၀၀၀)ကျပ်၊ ငါးကြင်းခုတ်သား တစ်ပိဿာလျှင် (၁၄၀၀၀)ကျပ်၊ ငါးဖယ်ခြစ် တစ်ပိဿာလျှင် (၂၀၀၀၀)ကျပ်၊ ပုစွန်ဆိတ် တစ်ပိဿာလျှင် (၁၀၀၀၀) ကျပ်နှင့် ပုစွန်ထုပ်တစ်ပိဿာလျှင် (၃၅၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။

      ငါးဈေးနှုန်းများကို ယခင်လနောက်ဆုံးအပတ်နှင့်နှိုင်းယှဉ်ပါက ငါးအုံတုံ တစ်ပိဿာလျှင် (၂၀၀၀)ကျပ်နှင့် ငါးဘတ် တစ်ပိဿာလျှင် (၁၀၀၀)ကျပ်ဈေးနှုန်းမြင့်တက်ပြီး  ငါးကြင်း တစ်ပိဿာလျှင် (၁၀၀၀)ကျပ် ဈေးနှုန်းကျဆင်းကာ အခြားငါးဈေးနှုန်းများမှာ ပုံမှန်အတိုင်း အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း မြို့မစည်ပင်သာယာဈေးအတွင်းရှိငါးဒိုင်များမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

မြို့မစည်ပင်သာယာဈေးရှိ သစ်သီးဝလံဈေးနှုန်းများ

     ကန့်ဘလူမြို့၊ မြို့မစည်ပင်သာယာဈေးအတွင်းရောင်းချနေသော သစ်သီးဝလံများမှာ ကန့်ဘလူမြို့နယ်၊ ကျွန်းလှမြို့နယ်၊ မြစ်ကြီးနားမြို့နှင့် မန္တလေးမြို့ရှိသစ်သီးပွဲရုံများမှ အသီးသီး ဝင်ရောက်လျက်ရှိသည်။

   ၂၀၂၃ခုနှစ်၊ဇူလိုင်လ၊ ပထမပတ်တွင် ဖြစ်ပေါ်လျက်ရှိသော သစ်သီးဝလံဈေးနှုန်းများမှာ ပန်းသီး(အကြွပ်) ရိုးရိုး(၁)လုံးလျှင် (၇၀၀ )ကျပ်၊ ပန်းသီး(အကြွပ်) ပိုက်စွပ်(၁)လုံးလျှင် (၁၅၀၀ မှ ၂၀၀၀)ကျပ်၊  စပျစ်သီး (အလုံးသေး) (၁)ပိဿာလျှင် (၁၂၀၀၀)ကျပ်၊ စပျစ်သီး (အလုံးကြီး) (၁) ပိဿာလျှင် (၁၄၀၀၀)ကျပ်၊ ပန်းသစ်တော်သီး (၁)လုံးလျှင် (၃၀၀၀)ကျပ်၊  ဖီးကြမ်းငှက်ပျောသီး (၁)ဖီးလျှင် (၁၀၀၀)ကျပ်၊ ခွန်စိမ်း ရိုးရိုး(၁)ဖီးလျှင် (၁၀၀၀ မှ ၁၂၀၀)ကျပ်၊ မြစ်ကြီးနားမှထွက်ရှိသော ခွန်စိမ်းငှက်ပျောသီး (၁)ဖီးလျှင် (၁၅၀၀ မှ ၂၀၀၀)ကျပ်၊ ဖရဲသီး (၁)လုံးလျှင် (၂၅၀၀ မှ ၃၀၀၀)ကျပ်၊ မင်းကွတ်သီး  (၁)လုံးလျှင် (၂၀၀ မှ ၃၀၀)ကျပ်၊ ၊ ပတ္တမြားငမောက်သရက်သီး (၁) လုံးလျှင် (၅၀၀)ကျပ်၊ နာနတ်သီး (၁)လုံးလျှင် (၁၀၀၀)ကျပ်၊ လိမ္မော်သီး (၁)ပိဿာလျှင် (၁၂၀၀၀)ကျပ် ၊နဂါးမောက်သီး (၁)လုံးလျှင် (၅၀၀ မှ ၈၀၀)ကျပ်၊ သခွားမွှေး (၁)လုံးလျှင် (၃၀၀၀) ကျပ်၊ နှင်းသီး (၁)ပိဿာလျှင် (၁၂၀၀၀)ကျပ်ဖြင့် အသီးသီး အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း မြို့မစည်ပင်သာယာဈေးအတွင်း ရောင်းချသောသစ်သီးဆိုင်များမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

 

ပဲတီစိမ်းဈေးနှုန်း အနည်းငယ်ကျပြီး အရောင်းအဝယ်ဖြစ်လျက်ရှိ

    စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးအနေဖြင့် ကုန်စည်ဒိုင်များ၏ သီးနှံဈေးနှုန်းများနှင့် အရောင်းအဝယ်ဖြစ်မှု တင်း/တန်စာရင်းတို့ကို အပတ်စဉ်၊ လစဉ်တင်ပြလျက်ရှိရာ ဇူလိုင်လ(ပထမပတ်)အတွင်း အရောင်းအဝယ်ဖြစ်သည့် သီးနှံနှင့်ဈေးနှုန်းအခြေအနေများကို ရွှေဘိုမြို့ ပဲ၊ နှမ်းကုန်စည်ဒိုင်ရှိ တာဝန်ရှိသူများနှင့် ဆက်သွယ်မေးမြန်းခဲ့ရာ ပဲတီစိမ်းမှာ ဧပြီလ(တတိယပတ်)မှစတင်၍ ရွှေဘိုဈေးကွက်သို့ စတင်ဝင်ရောက်ခဲ့ပြီး ဇူလိုင်လ(ပထမပတ်)ထိဝင်ရောက်လျက်ရှိကြောင်း၊ ဇူလိုင်လ(ပထမပတ်)တွင် အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းမှာ ပဲတီစိမ်း တစ်တင်းလျှင်(၅၃၃၀ဝိ/-)ကျပ် ပေါက်ဈေးရှိပြီး အရောင်းအဝယ်ဖြစ်မှုမှာ (၂၀၀၀)တင်း/ (၆၅)တန်ဖြစ်ကြောင်း၊ ပဲတီစိမ်းမှာ ယခင်နှစ်ကာလတူ၌ အရောင်းအဝယ်ဖြစ်မှုမရှိကြောင်း၊ ဇွန်လ(လကုန်ပတ်)နှင့် အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းနှိုင်းယှဉ်ပါက လကုန်ပတ်၌ ပဲတီစိမ်း တစ်တင်းလျှင် (၅၄၀၀ဝိ/-)ကျပ် ပေါက်ဈေးရှိခဲ့သဖြင့် ဇူလိုင်လ ပထမပတ်၌ ဇွန်လ(လကုန်ပတ်)အောက် ပဲတီစိမ်း တစ်တင်းလျှင် (၇၀ဝိ/-)ကျပ် ဈေးလျော့နည်းခဲ့ပြီး ဝင်ရောက်သမျှ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ယခုနှစ်တွင် တောင်သူနှင့်ကုန်သည်များ၏ လက်ဝယ်တွင် သိုလှောင်မှုနည်းပါးနိုင်သဖြင့် လက်ကျန်လည်းနည်းနိုင်ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

 

 

နွေနှမ်းဈေးနှုန်း ဆက်လက်ကျဆင်း

    စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးအနေဖြင့် ကုန်စည်ဒိုင်များ၏ သီးနှံဈေးနှုန်းများနှင့် အရောင်းအဝယ်ဖြစ်မှု တင်း/တန်စာရင်းတို့ကို အပတ်စဉ်၊ လစဉ်တင်ပြလျက်ရှိရာ ၂၀၂၃ခုနှစ်၊ဇူလိုင်လ(ပထမပတ်)အတွင်း အရောင်းအဝယ်ဖြစ်သည့်သီးနှံနှင့် ဈေးနှုန်းအခြေအနေများကို ရွှေဘိုမြို့ ပဲ၊ နှမ်းကုန်စည်ဒိုင်ရှိ တာဝန်ရှိသူများနှင့် ဆက်သွယ်မေးမြန်းခဲ့ရာ နွေနှမ်းမှာ မေလ(စတုတ္ထပတ်)မှစတင်၍ ရွှေဘိုဈေးကွက်သို့ စတင်ဝင်ရောက်လာပြီး ဇူလိုင်လ(ပထမပတ်)အထိ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ဇူလိုင်လ၊ ပထမပတ်တွင် အရောင်းအဝယ်ဖြစ်သည့်ဈေးနှုန်းမှာ နှမ်းနက် တစ်တင်းလျှင် (၁၀၃၃၀ဝိ/-)ကျပ် ပေါက်ဈေးရှိပြီး အရောင်းအဝယ်ဖြစ်မှုမှာ (၁၈၀၀)တင်း/(၄၄)တန်ဖြစ်ကြောင်း၊ ယခင်နှစ်ကာလတူ၌ နှမ်းနက်များ အရောင်းအဝယ်ဖြစ်ခြင်း မရှိကြောင်း၊ ဇွန်လ(လကုန်ပတ်)နှင့် အရောင်းအဝယ်ဖြစ်သည့်ဈေးနှုန်း နှိုင်းယှဉ်ပါက ဇွန်လ(လကုန်ပတ်)၌ နှမ်းနက် တစ်တင်းလျှင် (၁၁၂၀၀ဝိ/-)ကျပ် ပေါက်ဈေးရှိခဲ့သဖြင့် ဇူလိုင်လ( ပထမပတ်)တွင် ဇွန်လ(နောက်ဆုံးပတ်)အောက် နှမ်းနက် တစ်တင်းလျှင် (၈၇၀ဝိ/-)ကျပ် ဈေးလျော့နည်းခဲ့ပြီး  ဝင်ရောက်သမျှ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

မုံရွာမြို့တွင်ရောင်းချနေသော အခြေခံစားကုန်များ၏ ဈေးနှုန်းအခြေအနေ

     ၂၀၂၃ ခုနှစ် ဇူလိုင်လ (ပထမအပတ်)အတွင်း မုံရွာမြို့နယ်အတွင်း အခြေခံစားကုန်များဖြစ်သော ရွှေဘိုပေါ်ဆန်းဆန်တစ်ပြည် (၄၃၀၀) ကျပ်၊ ဧရာမင်းဆန်တစ်ပြည် (၄၁၀၀)  ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ စားအုန်းဆီ တစ်ပိဿာလျှင် (၇၁၀၀) ကျပ်၊ မြေပဲဆီ တစ်ပိဿာလျှင် (၁၃၅၀၀)ကျပ်၊ နှမ်းဆီ တစ်ပိဿာလျှင် (၁၂၀၀၀) ကျပ်တို့ဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိပါသည်။ ကြက်သွန်နီ လက်လီတစ်ပိဿာလျှင် (၂၀၀၀) ကျပ်မှ (၂၂၀၀) ကျပ်ထိ၊ ကြက်သွန်ဖြူ လက်လီ (ဗမာ) တစ်ပိဿာလျှင် (၇၅၀၀) ကျပ်မှ (၈၀၀၀) ကျပ်ထိ၊ ကြက်သွန်ဖြူ (ရှမ်း) တစ်ပိဿာ လျှင် (၇၀၀၀) ကျပ်မှ (၇၅၀၀) ကျပ်ထိ၊ ကြက်သွန်ဖြူ(ကြူကုတ်) တစ်ပိဿာ လျှင် (၈၀၀၀)ကျပ်မှ (၈၅၀၀) ကျပ်ထိ၊ ချင်းတက် တစ်ပိဿာလျှင် (၆၅၀၀) ကျပ်မှ (၇၀၀၀) ကျပ်ထိ၊ ငရုတ်ခြောက်အမျိုးအစားအလိုက်  (၁၄၀၀၀)  ကျပ် မှ (၁၅၀၀၀) ကျပ်ထိ၊ အာလူး တစ်ပိဿာလျှင် (၂၇၀၀) ကျပ် မှ (၂၈၀၀) ကျပ်ထိ၊ ခရမ်းချဉ်သီး တစ်ပိဿာလျှင် (၂၀၀၀) ကျပ်မှ (၂၂၀၀)ကျပ် တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။

      ကြက်ဥလက်လီဈေးနှုန်းမှ ကြီး တစ်လုံး (၃၀၀) ကျပ်၊ သေးတစ်လုံး (၂၅၀) ကျပ်၊ ဘဲဥ(ကြီး) တစ်လုံး (၄၀၀) ကျပ်၊ သေးတစ်လုံး (၃၅၀) ကျပ်ရှိသည်။ မုံရွာမြို့၏ သား/ ငါးဈေးနှုန်းမှ ကြက်သား (CP) တစ်ပိဿာလျှင် ( ၁၂၀၀၀) ကျပ်မှ  (၁၃၀၀၀) ကျပ်ထိ ၊ ကြက်သား (ဗမာ) တစ်ပိဿာလျှင် (၁၄၀၀၀) ကျပ်၊ ဝက်သား တစ်ပိဿာလျှင် (၁၉၀၀၀) ကျပ်မှ (၂၀၀၀၀) ကျပ်ထိ၊ အမဲသား တစ်ပိဿာလျှင် (၁၈၀၀၀) ကျပ်မှ (၁၉၀၀၀)ကျပ်ထိ၊ ငါးမြစ်ချင်း တစ်ပိဿာလျှင် (၈၀၀၀) ကျပ်၊ ငါးကြင်း တစ်ပိဿာလျှင် (၁၀၀၀၀) ကျပ် တို့ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရပါသည်။

  ဇူလိုင်လ ပထမအပတ်အတွင်း အခြေခံစားကုန်ဈေးနှုန်းများနှင့် ယခင်အပတ်ဈေးနှုန်းများကို နှိုင်းယှဉ်လျှင် စားအုန်းဆီ တစ်ပိဿာလျှင်(၇၀၀)ကျပ်၊ ခရမ်းချဉ်သီး တစ်ပိဿာလျှင် (၂၀၀) ကျပ်၊ ကြက်သား(CP) တစ်ပိဿာလျှင်(၁၀၀)ကျပ် ဈေးမြင့်တက်လျက်ရှိပြီး ကျန်အခြားအခြေခံစားကုန်ဈေးနှုန်းများနှင့် ကွာဟမှုမရှိကြောင်း မုံရွာမြို့နေဈေးရောင်းချသူများထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

 

တောင်ငူမြို့တွင် မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းက စားသုံးဆီများကို သက်သာသောနှုန်းထားဖြင့် ရောင်းချပေး

 တောင်ငူမြို့ရှိ အခြေခံလူတန်းစားများ စားအုန်းဆီများကို သက်သာသောနှုန်းထားဖြင့် ဝယ်ယူရရှိနိုင်ရေးအတွက် ပဲခူးခရိုင်ဆီကုန်သည်များအသင်းမှ ဆီအရောင်းဈေးကားသည် တောင်ငူမြို့သို့ လာရောက်ရောင်းချပေးလျက်ရှိရာ ယခုအပတ်တွင်လည်း ၎င်းဈေးကားသည် စာအုန်းဆီတစ်ပိဿာလျှင် ၅၀၀၀ကျပ်နှုန်းဖြင့် အခြေခံလူတန်းစားများနေထိုင်ရာရပ်ကွက်များနှင့် ဌာနဆိုင်ရာဝန်ထမ်းများကို ၁၁၀၀ပိဿာရောင်းချပေးခဲ့ပါသည်။

     ဇူလိုင်လ ၄ရက်နေ့တွင် တောင်ငူမြို့၊ အမှတ်(၂၂)ရပ်ကွက်ရှိ ဝက်ကုန်းဈေးရှေ့၌လည်းကောင်း၊ ဇူလိုင်လ ၅ရက်နေ့တွင် အမှတ်(၁၄)ရပ်ကွက်ရှိ မြစည်းခုံဘုရားရှေ့၌လည်းကောင်း၊ အဆိုပါရက်များတွင် အခြေခံပညာကျောင်းများမှ ဆရာ၊ ဆရာမများ၊  မြို့နယ်စာရင်းရုံး၊ စီမံကိန်း ရေးဆွဲရေးဦးစီးဌာနတို့မှ ဝန်ထမ်းမိသားစုများကိုလည်းကောင်း တစ်ပိဿာ ၅၀၀၀ကျပ်နှုန်းဖြင့် လူတစ်ဦးလျှင် တစ်ပိဿာနှုန်း စားအုန်းဆီပိဿာ ၁၁၀၀ရောင်းချပေးခဲ့ပါသည်။

  ပဲခူးခရိုင်မှ ဆီဈေးကားသည် ၅၀ကျပ်သားဝင်ဘူးများဖြင့် လာရောက်ရောင်းချခြင်းဖြစ်ကြောင်း၊ ၎င်းဆီဈေးကားသည် ယခင်လတွင် တောင်ငူမြို့သို့ လေးကြိမ်လာရောက်၍ စားအုန်းဆီပိဿာ ၄၄၀၀ကိုရောင်းချပေးခဲ့ပြီးဖြစ်ကြောင်းနှင့် ဈေးနှုန်းမှာ စားသုံးဆီတင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်မှုကော်မတီက ထုတ်ပြန်ထားသည့် ရည်ညွှန်းဈေးအပေါ်အခြေခံ၍ အပြောင်းအလဲရှိကြောင်းသိရပါသည်။

DOCA(ပဲခူး)

ရေတာရှည်မြို့တွင် ကိုယ်တိုင်စိုက်ပျိုး/မွေးမြူထုတ်လုပ်သူများအတွက် တိုက်ရိုက်အရောင်းဆိုင်များဖွင့်လှစ်ရောင်းချ

  တောင်ငူခရိုင်၊ ရေတာရှည်မြို့ရှိ အခြေခံလူတန်းစားများ အခြေခံစားကုန်များကို သက်သာသောနှုန်းထားဖြင့်ဝယ်ယူနိုင်ရေးအတွက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် ကိုယ်တိုင်စိုက်ပျိုး/မွေးမြူထုတ်လုပ်သူများအတွက် တိုက်ရိုက်အရောင်းဆိုင်များကို ရေတာရှည်မြို့၊ စည်ပင်သာယာဈေးကြီး၏ အနောက်ဘက်ရှိ လမ်းမပေါ်တွင် ၂၀၂၃ခုနှစ်၊ ဇွန်လ ၂၁ရက်နေ့မှစတင်၍ ဖွင့်လှစ်ရောင်းချခဲ့ပါသည်။

   ဇူလိုင်လ ၄ရက်နေ့တွင် ရောင်းချသောဈေးနှုန်းများမှာ ဆန်တစ်ပြည်လျှင် ၂၅၀၀ကျပ်၊ ကြက်ဥ ၁၀လုံးလျှင် ၂၃၀၀ကျပ်၊ အမဲသားတစ်ပိဿာလျှင် ၁၀၀၀၀ကျပ်၊ ဝက်သားတစ်ပိဿာလျှင် ၁၂၀၀၀ကျပ်၊ ကြက်သားတစ်ပိဿာလျှင် ၁၀၀၀၀ကျပ်နှင့် ငါးတစ်ပိဿာလျှင် ၆၀၀၀ကျပ်တို့ဖြင့် မည်သူမဆို လွတ်လပ်စွာဝယ်ယူနိုင်ပါသည်။

  ရေတာရှည်မြို့၊ ဆန်စက်ပိုင်ရှင်များနှင့် မွေးမြူရေးလုပ်ငန်းရှင်များက သင့်တင့်သောဈေးနှုန်းများဖြင့် တိုက်ရိုက်ရောင်းချရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ ရေတာရှည်မြို့နယ်တာဝန်ခံ ဦးဇော်ဇော်ထွေးနှင့် သက်ဆိုင်ရာဌာနဆိုင်ရာများမှ တာဝန်ရှိသူများက ကြီးကြပ်ဆောင်ရွက်ပေးပြီး လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးခဲ့ကြောင်းသိရပါသည်။

DOCA(ပဲခူး)

 

တောင်ငူမြို့တွင် ပြင်ဦးလွင်မှ ပန်းထိမ်ငိုပန်းများဝင်ရောက်နေ

   တောင်ငူမြို့တွင် ပြင်ဦးလွင်ဒေသမှ ပန်းထိမ်ငိုပန်းများဝင်ရောက်လာပြီဖြစ်ပါသည်။ တောင်ငူမြို့၊ ညောင်ပင်ဈေးရှိ ဘုရားပန်းဆိုင်များတွင် ယခုအချိန်တွင် အခြားဘုရားပန်းများနှင့်အတူ ပန်းထိမ်ငိုပန်းများကိုလည်းရောင်းချလျက်ရှိပါသည်။

  ၂၀၂၃ခုနှစ်၊ ဇူလိုင်လ၊ ပထမအပတ်တွင် ဝင်ရောက်လာသောပန်းများမှာ စတင်ပွင့်သည့်ကာလဖြစ်သဖြင့် အပွင့်ကြီးပါသည်။ ကာလကြာလာလျှင် အပွင့်များသေးသွားကြောင်းသိရပါသည်။ ၁၀ပွင့်ပါ ပန်းထိမ်ငိုပန်းတစ်စည်းလျှင် ကျပ် ၂၀၀၀ ကျပ်ဖြင့်ရောင်းချပါသည်။

     တောင်ငူမြို့နယ်၊ ဝတီးကျေးရွာတွင် ပန်းထိမ်ငိုပန်းများစိုက်ပျိုးသော်လည်း ယခုကာလတွင် အပွင့်ပွင့်ခြင်းမရှိသေးပါ။ ပန်းထိမ်ငိုပန်းများမှာ တာရှည်ခံသဖြင့် ရောင်းအားကောင်းကြောင်းသိရပါသည်။

DOCA(ပဲခူး)

တောင်ငူမြို့ရှိ ကြက်ဥ၊ ဘဲဥဈေးနှုန်းများ

  တောင်ငူခရိုင်အတွင်း မြို့နယ်များတွင် တစ်နိုင်တစ်ပိုင် ကြက်၊ ဘဲမွေးမြူရေးလုပ်ငန်းများ၊ စီးပွားဖြစ်ဥစားကြက်မွေးမြူရေးခြံများ၊ ဘဲမွေးမြူရေးခြံများရှိရာ မွေးမြူရေးလုပ်ငန်းရှင်များက  ကြက်ဥ၊ ဘဲဥများကို  ကြက်ဥဒိုင်များသို့ လာရောက်ရောင်းချကြပါသည်။

  တောင်ငူမြို့ရှိ MK ကြက်ဥ၊ ဘဲဥအရောင်းဆိုင်သည် မွေးမြူရေးလုပ်ငန်းများက လာရောက်ရောင်းချသည့်ကြက်ဥများကိုဝယ်ယူပြီး ဈေးနှုန်းအသီးသီးဖြင့် ကြက်ဥအရောင်းဆိုင်များသို့ ပြန်လည်ဖြန့်ဖြူးရောင်းချလျက်ရှိရာ သင့်တင့်သည့်ဈေးနှုန်းတို့ဖြင့် အခြေခံလူတန်းစားများထံ တစ်ဆင့်ပြန်လည်ရောင်းချပေးလျက်ရှိပါသည်။

   ကြက်ဥများကို အလုံးသေးတစ်လုံးလျှင် ၂၄၀ကျပ်၊ အလုံးလတ်တစ်လုံးလျှင် ၂၄၅ကျပ်နှင့် အလုံးကြီးတစ်လုံးလျှင် ၂၅၀ကျပ်၊ ဘဲဥများကို အလုံးသေးတစ်လုံးလျှင် ၂၇၀ကျပ်၊ အလုံးကြီးတစ်လုံးလျှင် ၃၀၀ကျပ်၊ ဆေးဘဲဥတစ်လုံးလျှင် ၄၀၀ကျပ်ဖြင့်ရောင်းချလျက်ရှိကြောင်း သိရှိ ရပါသည်။

DOCA(ပဲခူး)

             

                  

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း