ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

တမူးနယ်စပ်ကုန်သွယ်ရေးစခန်း၏ ကုန်သွယ်မှုလုပ်ငန်းများ ဆောင်ရွက်နိုင်မှုအခြေအနေ

    တမူးနယ်စပ်ကုန်သွယ်ရေးစခန်းအနေဖြင့်  ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွက် ကုန်သွယ်မှုလျာထားချက်မှာပို့ကုန်ပမာဏ အမေရိကန်ဒေါ်လာသန်းပေါင်း(၁၄.၀၀၀)၊ သွင်းကုန်ပမာဏ အမေရိကန် ဒေါ်လာသန်းပေါင်း(၆.၅၀၀)၊  စုစုပေါင်း ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာသန်း (၂၀.၅၀၀) ဖြစ်ပါသည်။ တမူးနယ်စပ်ကုန်သွယ်ရေးစခန်းမှ အိန္ဒိယနိုင်ငံသို့  ကုန်သွယ်မှုအနေဖြင့် ၂၀၂၃ခုနှစ်၊ ဧပြီလမှ ဇွန်လအထိ ပို့ကုန်ပမာဏ အမေရိကန်ဒေါ်လာသန်း(၁.၆၆၄)၊ သွင်းကုန်ပမာဏ အမေရိ ကန်ဒေါ်လာသန်း (၀.၁၅၀)၊ စုစုပေါင်းကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာသန်း (၁.၈၁၄) ဆောင်ရွက်နိုင်ခဲ့သဖြင့် (၃)လတာ လျာထားချက်အပေါ်  (၃၉.၀၁)% သာ ဆောင်ရွက်နိုင်ခဲ့ကြောင်း တမူးနယ်စပ်ကုန်သွယ်ရေးစခန်း၏ စာရင်းများအရ သိရပါသည်။

   ပို့ကုန်အနေဖြင့် (၁၇.၆.၂၀၂၃ မှ ၂၃.၆.၂၀၂၃)ရက်နေ့အထိ နန့်ဖာလုံကုန်စုံ တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာသန်း(၀.၀၁၉)၊ စီးကရက် အရေအတွက်အားဖြင့် တန်(၆၉.၇၇၆)၊ တန်ဖိုးအား ဖြင့် အမေရိကန်ဒေါ်လာသန်း(၀.၁၄၉)၊ စုစုပေါင်းတန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာသန်း (၀.၁၆၈) တင်ပို့နိုင်ခဲ့ပါကြောင်း၊ (၂၄.၆.၂၀၂၃ မှ ၃၀.၆.၂၀၂၃)ရက်နေ့အထိ နန့်ဖာလုံကုန်စုံ တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာသန်း(၀.၀၆၃)၊ စီးကရက် အရေအတွက်အားဖြင့် တန်(၄၂.၂၀၀)၊ တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာသန်း(၀.၀၉၂)၊ စုစုပေါင်းတန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာသန်း (၀.၁၅၅) တင်ပို့နိုင်ခဲ့ပါကြောင်း၊ ပို့ကုန်အ‌နေဖြင့် ယခင်ပတ်ကထက် အမေရိကန်ဒေါ်လာသန်း(၀.၀၁၃) လျော့နည်းတင်ပို့နိုင်ခဲ့ပါပြီး သွင်းကုန်အနေဖြင့် ယခုအပတ်တွင် တင်သွင်းနိုင်ခဲ့ခြင်းမရှိကြောင်း တမူးနယ်စပ်ကုန်သွယ်ရေးစခန်းမှ လေ့လာသိရှိရပါသည်။

DOCA(စစ်ကိုင်း)

                            

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ဖြစ်ပေါ်နေသော စပါး/ဆန်ဈေးနှုန်းများနှင့် စီးထွက်မှုအခြေအနေ

    စစ်ကိုင်းတိုင်းဒေသကြီးသည် ဆန်ပိုဒေသများဖြစ်သော ကလေး၊ ကသာ၊ ကန့်ဘလူ၊ ရွှေဘိုနှင့် ရေဦးခရိုင်များမှ ‌ကသာနှင့် ကန့်ဘလူခရိုင်တို့တွင် စပါး/ဆန်ဈေး အနည်းငယ်တက်နေပြီး၊ ကျန်ခရိုင်များတွင် ဈေးနှုန်းတည်ငြိမ်နေပါကြောင်း သိရပါသည်။

     စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ၂၀၂၃ခုနှစ်၊ဇူလိုင်လ(ပထမ)ပတ်တွင် ဖြစ်ပေါ်နေသော စပါး/ဆန် ဈေးနှုန်း များမှာ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့နယ်မှ ရွှေဘိုပေါ်ဆန်း(စပါး)  တင်း ၁၀၀လျှင် ကျပ် ၂၉၀၀၀၀၀၊ ပေါ်ဆန်း (ဆန်) ၂၄ပြည်ပါ တစ်အိတ်လျှင် ၉၆၀၀၀ကျပ်၊ ဧရာမင်း(စပါး)တင်း ၁၀၀လျှင် ကျပ်၂၄၀၀၀၀၀၊  ဧရာမင်း (ဆန်)   ၂၄ ပြည်ပါ တစ်အိတ်လျှင် ၉၆၀၀၀ ကျပ်၊ နွေစပါး(၇၄၇)စပါးတင်း(၁၀၀)လျှင်ကျပ် ၁၄၅၀၀၀၀ ၊  နွေစပါး(၇၄၇)(ဆန်) ၂၄ပြည်ပါ တစ်အိတ်လျှင် ကျပ် ၅၈၀၀၀ ဖြင့် အရောင်းအဝယ် ဖြစ်နေကြောင်း သိရပါသည်။

     ရေဦးခရိုင်၊ ရေဦးမြို့နယ်မှ ပေါ်ဆန်း (စပါး)တင်း ၁၀၀လျှင် ကျပ် ၂၉၀၀၀၀၀၊ ပေါ်ဆန်း (ဆန်) တစ်အိတ် လျှင်ကျပ် ၉၅၀၀၀၊  ဧရာမင်း(စပါး) တင်း ၁၀၀ လျှင် ၂၄၀၀၀၀၀၊ ဧရာမင်း (ဆန်)၂၄ ပြည် ပါ တစ်အိတ်  ၉၃၀၀၀ ကျပ်များဖြင့် အရောင်းအဝယ် ဖြစ်နေကြောင်း သိရပါသည်။

      ကလေးခရိုင်၊ ကလေးမြို့နယ်မှ ဧည့်မထ(စပါး) တင်း၁၀၀ လျှင် ၁၉၀၀၀၀၀၊ ဧည့်မထ (ဆန်) ‌၂၄ပြည်ပါ တစ်အိတ်မှာ ကျပ် ၇၂၀၀၀၊ ငစိန်(စပါး)တင်း၁၀၀လျှင် ၁၈၀၀၀၀၀၊ ငစိန် (ဆန်)၂၄ပြည်ပါ တစ်အိတ်မှာ ၇၀၀၀၀၊ ဧရာမင်း(စပါး) တင်း ၁၀၀ လျှင် ကျပ် ၂၀၀၀၀၀၀၊ ဧရာမင်း(ဆန်)၂၄ပြည်ပါ တစ်အိတ်မှာ ကျပ် ၈၀၀၀၀၊ နွေစပါး(ဒေသမျိုး)(စပါး) တင်း ၁၀၀ လျှင် ကျပ် ၈၅၀၀၀၀၊ နွေစပါး (ဒေသ မျိုး)(ဆန်)၂၄ပြည်ပါ တစ်အိတ်မှာကျပ် ၈၀၀၀၀ ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရပါသည်။

     ကသာခရိုင်၊ အင်းတော်မြို့နယ်မှ မှော်ဘီ(၂)(စပါး) တင်း ၁၀၀ လျှင် ကျပ်၁၉၀၀၀၀၀၊ မှော်ဘီ(၂) ဆန် ၂၄ပြည် တစ်အိတ် လျှင် ကျပ် ၈၀၀၀၀၊ ဆင်းဧကရီ(၃)(စပါး)  တင်း၁၀၀ လျှင် ကျပ် ၁၆၅၀၀၀၀၊ ဆင်းဧကရီ-၃ ဆန် ၂၄ပြည်တစ်အိတ်မှာကျပ် ၇၂၀၀၀၊ ဧရာမင်း (စပါး)တင်း ၁၀၀လျှင် ကျပ် ၂၀၀၀၀၀၀၊ ဧရာမင်း(ဆန်) ၂၄ပြည် ဆန်တစ်အိတ်လျှင် ကျပ် ၉၃၀၀၀၊ နွေစပါး(ဆင်း-၃)(စပါး) တင်း ၁၀၀ လျှင် ကျပ် ၁၃၀၀၀၀၀၊ နွေစပါး (ဆင်း-၃)(ဆန်)၂၄ပြည်ပါ တစ်အိတ်မှာကျပ် ၆၅၀၀၀ ဖြင့် အရောင်းအဝယ် ဖြစ်နေ ကြောင်း သိရပါသည်။

    မုံရွာခရိုင်၊ မုံရွာမြို့တွင် ဧရာမင်း(စပါး)တင်း ၁၀၀ လျှင် ကျပ် ၂၄၀၀၀၀၀၊  ဧရာမင်း (ဆန်) ၂၄ပြည် တစ်အိတ်မှာ ကျပ် ၉၆၀၀၀၊ ပေါ်ဆန်း (စပါး) တင်း ၁၀၀ လျှင် ကျပ် ၂၈၀၀၀၀၀၊  ပေါ်ဆန်း (ဆန်)၂၄ပြည် တစ်အိတ်မှာ ကျပ် ၉၅၀၀၀၊ မနောသုခ(စပါး) တင်း ၁၀၀လျှင် ကျပ် ၁၈၀၀၀၀၀၊ မနောသုခ (ဆန်)၂၄ ပြည် တစ်အိတ်လျှင် ကျပ် ၇၅၀၀၀ ဖြင့် အရောင်းအဝယ် ဖြစ်နေကြောင်း သိရပါသည်။

    ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့တွင်  ဧရာမင်း(စပါး)တင်း ၁၀၀ လျှင် ကျပ် ၂၄၀၀၀၀၀၊  ဧရာမင်း (ဆန်)၂၄ပြည် တစ်အိတ်မှာ ကျပ် ၉၅၀၀၀၊ ပေါ်ဆန်း(စပါး) တင်း ၁၀၀လျှင် ကျပ် ၂၉၀၀၀၀၀၊ ပေါ်ဆန်း (ဆန်)၂၄ပြည်တစ်အိတ်လျှင် ကျပ် ၉၆၅၀၀၊ နွေစပါး ရွှေဝါထွန်း (စပါး)တင်း ၁၀၀ လျှင် ကျပ် ၁၅၀၀၀၀၀၊  ရွှေဝါထွန်း (ဆန်) ၂၄ပြည် တစ်အိတ်မှာ ကျပ် ၅၈၀၀၀ ဖြင့် အရောင်းအဝယ် ဖြစ်နေကြောင်း သိရပါသည်။

   စစ်ကိုင်းတိုင်းဒေသကြီးမှ ဇွန်လ(နောက်ဆုံး)ပတ်တွင် စစ်ကိုင်းတိုင်းဒေသကြီးမှ အခြားတိုင်းဒေ သကြီးများ သို့ ဆန်စီးထွက်မှုမှာ ရန်ကုန်သို့ အိတ်ရေ ၁၇၇၀၀၊ မန္တလေး သို့ အိတ်ရေ ၂၂၈၇၀၊ မကွေး သို့ အိတ်ရေ ၃၀၊ နေပြည်တော်သို့ အိတ်ရေ ၈၀၀၀၊ ရှမ်း (တောင်)သို့ အိတ်ရေ ၅၀၀၀၊ ရှမ်း(မြောက်) သို့အိတ်ရေ ၅၀၀၀၊ ကချင်သို့ အိတ်ရေ ၅၀၀၊ စုစုပေါင်း အိတ်ရေ (၅၉၁၀၀)အိတ်၊ တန်အားဖြင့် (၂၉၅၅) စီးထွက်ခဲ့ပြီး၊ ယခု ဇူလိုင်လ (ပထမ)ပတ်တွင် စစ်ကိုင်းတိုင်းဒေသကြီးမှ အခြားတိုင်းဒေသကြီးများသို့ ဆန်စီးထွက်မှုမှာ ရန်ကုန်သို့ အိတ်ရေ ၁၄၅၀၀၊ မန္တလေး သို့ အိတ်ရေ ၂၁၈၇၀၊ မကွေး သို့ အိတ်ရေ ၃၀၊ နေပြည်တော်သို့ အိတ်ရေ ၆၀၀၀၊ ရှမ်း (တောင်)သို့ အိတ်ရေ ၄၀၀၀၊ ရှမ်း(မြောက်)သို့အိတ်ရေ ၄၀၀၀၊ ကချင်သို့ အိတ်ရေ ၅၀၀၊ စုစုပေါင်း အိတ်ရေ (၅၀၉၀၀)အိတ်၊ တန်အားဖြင့် (၂၅၄၅) စီးထွက်ခဲ့သည့် အတွက် ယခင်ပတ်နှင့် နှိုင်းယှဉ်လျှင် ယခုပတ်တွင် အိတ်ရေ (၈၂၀၀) တန်အားဖြင့် (၄၁၀) လျော့နည်း စီးထွက်ခဲ့ပါကြောင်း သိရှိရပါသည်။     

DOCA(စစ်ကိုင်း)

တိုင်းဒေသကြီး/ပြည်နယ်များရှိ ကုန်စည်ဒိုင်များတွင် ဖြစ်ပေါ်နေသော မတ်ပဲ၊ ပဲတီစိမ်း နှင့် ပဲစဉ်းငုံတစ်တန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယခင်အပတ်၊ ယခင်နေ့၊ ကာလတူ ဈေးနှုန်းစာရင်း

    တိုင်းဒေသကြီး/ပြည်နယ်များရှိ ကုန်စည်ဒိုင်များတွင် ဖြစ်ပေါ်နေသော မတ်ပဲ၊ ပဲတီစိမ်း နှင့် ပဲစဉ်းငုံ တစ်တန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယခင်အပတ်၊ ယခင်နေ့၊ ကာလတူ ဈေးနှုန်းစာရင်းအား နှိုင်းယှဉ်ပြုစု တင်ပြအပ်ပါသည်။

တိုင်းဒေသကြီး/ပြည်နယ်များ၏ စပါးဆန်ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယနေ့ ကာလတူ နှိုင်းယှဉ်ပြုစုတင်ပြခြင်း

    တိုင်းဒေသကြီး/ပြည်နယ်များ၏ စပါးဆန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယနေ့ ကာလတူ နှိုင်းယှဉ်ပြုစုတင်ပြအပ်ပါသည်။

တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံး ပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများ( ၁၂.၇.၂၀၂၃ )

    ၁၂.၇.၂၀၂၃ ရက်နေ့တွင် တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများအား အောက်ပါ .pdf တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်-

ချောက်မြို့နယ်၌ ပြည်သူများကို သက်သာသောစျေးနှုန်းများဖြင့် အခြေခံစားသောက်ကုန်များ ရောင်းချ

 မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ်တွင် ပြည်သူများကို စျေးနှုန်းချိုသာစွာဖြင့် အခြေခံစားသောက်ကုန်များဝယ်ယူနိုင်ရန်ရည်ရွယ်၍ (၆-၇-၂၀၂၃) ရက်နေ့၊ နံနက် (၀၇:၀၀) နာရီအချိန်တွင် အမှတ် (၇) ရပ်ကွက်၊ မြို့နယ်အားကစားကွင်း၌ ချောက်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးလွင်နှင့် ဝန်ထမ်းများ၊ ဌာနဆိုင်ရာများက အခြေခံစားသောက်ကုန်များဖြစ်သည့် ဆန်၊ ဆီ၊ ကြက်ဥ၊ အမဲသား၊ ဝက်သားနှင့် ဟင်းသီးဟင်းရွက်များကို စျေးနှုန်းချိုသာစွာပြည်သူများ လက်ဝယ်အရောက် ဖြန့်ဖြူးရောင်းချပေးခဲ့ကြောင်း သိရပါသည်။

     အခြေခံစားသောက်ကုန်များဖြစ်သော ဆန် (၁) ပြည်လျှင် ကျပ် (၂၀၀၀)၊ စားအုန်းဆီ (၁) ပိဿာလျှင် ကျပ် (၆၀၀၀)၊ ကြက်ဥ (၅) လုံးလျှင် ကျပ် (၁၁၀၀)၊ အမဲသား (၁) ပိဿာလျှင် ကျပ် (၁၂၀၀၀)၊ ဝက်သား (၁) ပိဿာလျှင် ကျပ် (၁၄၀၀၀) တို့ဖြင့်ရောင်းချပေးခဲ့ရာ ဒေသခံပြည်သူ (၅၆၉) ဦးတို့က လွတ်လပ်စွာဝယ်ယူခဲ့ကြောင်းနှင့် ထိုသို့ရောင်းချပေးရာတွင် မြို့နယ်ဌာနဆိုင်ရာများနှင့်အတူ စားသုံးသူရေးရာဦးစီးဌာန၊ ချောက်မြို့နယ်တာဝန်ခံ ဒေါ်မြတ်မြတ်မိုးက ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(မကွေး)

မကွေးမြို့၊ ကန်သာစျေး၌ ဇူလိုင်လ၊ ပထမအပတ်အတွင်း ရောင်းချလျက်ရှိသော ကုန်စျေးနှုန်းအခြေအနေ

   မကွေးမြို့၊ ကန်သာဈေး၌ မကွေးမြို့နယ်၊ ချောင်းဖြူကျေးရွာ၊ မြင်းကင်းကျေးရွာ၊ မင်းဘူးမြို့နယ်(ကျောက်တန်းကျေးရွာ)၊ စလင်း(ဆင်ဖြူကျွန်း)၊ တောင်တွင်းကြီးနှင့် အောင်ပန်းဘက်တို့မှ ဟင်းသီးဟင်းရွက်များနှင့် သစ်သီးဝလံပန်းမန်များ အများဆုံးဝင်ရောက်ရောင်းချလျက်ရှိကြောင်း သိရပါသည်။

  ၂၀၂၃ခုနှစ်၊ ဇူလိုင်လ၊ ပထမအပတ်အတွင်း ရောင်းချနေသောကုန်စျေးနှုန်းများမှာ ခရမ်းချဉ်သီး(၁)ပိဿာလျှင် ကျပ်(၂၀၀၀)၊ ကြက်သွန်နီ(၁)ပိဿာလျှင် ကျပ်(၂၀၀၀-၂၅၀၀)၊ ကြက်သွန်ဖြူ(ဗမာ)(၁)ပိဿာလျှင် ကျပ်(၈၀၀၀)၊ ကြက်သွန်ဖြူ(ရှမ်း)(၁)ပိဿာလျှင် ကျပ်(၇၅၀၀-၈၀၀၀)၊ ငရုတ်သီးစိမ်း(၁)ပိဿာလျှင် ကျပ်(၈၀၀၀)၊ ငရုတ်သီးခြောက်(အရှည်)(၁)ပိဿာလျှစင် ကျပ်(၁၆၀၀၀)၊ ချဉ်ပေါင်ရွက် (၁)စည်းလျှင် ကျပ်(၅၀)၊ ကန်စွန်းရွက်(၁)စည်းလျှင် ကျပ်(၁၀၀)၊ ပန်းဂေါ်ဖီပွင့်(၁)ပွင့်လျှင် ကျပ်(၁၈၀၀)၊ ဂေါရခါးသီး(၁)လုံးလျှင် ကျပ်(၅၀၀)၊ ဘူးသီး(၁)လုံးလျှင် ကျပ်(၁၀၀၀-၁၅၀၀)၊ သခွားသီး(၁)လုံးလျှင် ကျပ် (၄၀၀)၊ ရုံးပတီသီး(၁၀)တောင့်လျှင် ကျပ်(၂၀၀)၊ ဘူးရွက်(၁)စည်းလျှင် ကျပ်(၂၀၀)၊ မုန်လာဥ(၁)စည်းလျှင် ကျပ်(၈၀၀)၊ ခဝဲသီး(၁)တောင့်လျှင် ကျပ်(၅၀၀)၊ ခရမ်းသီး(၁)ပိဿာလျှင် ကျပ်(၂၈၀၀)၊ ကြက်ဟင်းခါးသီး (၁)ပိဿာလျှင် ကျပ်(၂၅၀၀)၊ သံပရာသီး(၁၀)လုံးလျှင် ကျပ်(၅၀၀)၊ မုန်ညှင်းပွင့်(၂၅)ကျပ်သားလျှင် ကျပ်(၇၀၀)၊ ကြက်ဥ(၁၀)လုံးလျှင် ကျပ်(၂၀၀၀-၂၈၀၀)အတွင်း၊ အာလူး(၂၅)ကျပ်သားလျှင် ကျပ်(၈၀၀)၊ ချင်းတက် (၁)ပိဿာလျှင် ကျပ်(၈၀၀၀)၊ မြေပဲဆံ(၁)ပြည်လျှင် ကျပ်(၆၈၀၀)၊ ကုလားပဲခြမ်း(၁)ပြည်လျှင် ကျပ် (၇၆၀၀)တို့ဖြင့် အသီးသီးအရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း စျေးသည်များထံမှသိရှိရပါသည်။

DOCA(မကွေး)

 

မုံရွာမြို့၊ သီရိရတနာဈေးရှိ သစ်သီးဝလံဈေးနှုန်းများ အခြေအနေ

    မုံရွာမြို့ သီရိရတနာစျေးရှိ သစ်သီးဝလံများမှာ ရှမ်းပြည်နယ်၊ တောင်ကြီး၊ မြစ်ကြီးနား၊ သီပေါ၊  စစ်ကိုင်း၊ ပြင်ဦးလွင်နှင့် ဒေသတွင်းတို့မှ အသီးသီးဝင်ရောက်လျက်ရှိကြောင်း သိရပါသည်။

    ယခုဇူလိုင်လ ပထမအပတ်တွင် ရွှေလိမ္မော် (၁)ပိဿာလျှင် ကျပ်(၇၀၀၀မှ ၈၀၀၀)ကြား၊ ပျားလိမ္မော် (၁)ပိဿာလျှင် ကျပ်(၇၀၀၀မှ ၉၀၀၀)ကြား၊ လိမ္မော်(ရိုးရိုး) (၁)ပိဿာလျှင် ကျပ်(၅၀၀၀မှ ၇၀၀၀) ကြား၊ စတော်ဘယ်ရီ (၁)ပိဿာလျှင် ကျပ်(၇၅၀၀မှ ၈၅၀၀)ကြား၊  ပန်းသစ်တော် (၁)လုံး လျှင် ကျပ်(၁၀၀၀မှ ၁၅၀၀)ကြား၊ ပန်းသီး (၁)လုံးလျှင် ကျပ်(၇၀၀မှ ၁၅၀၀)ကြား၊ ထောပတ်သီး (၁)လုံးလျှင် ကျပ်(၇၀၀ မှ ၁၅၀၀)ကြား၊ ကျွဲကောသီး (၁)လုံးလျှင် ကျပ်(၁၀၀၀မှ ၁၅၀၀)ကြား၊ တယ်သီး (၁)လုံးလျှင် ကျပ်(၈၀၀မှ ၁၀၀၀)ကြား၊ သခွားမွှေး (၁)လုံးလျှင် ကျပ်(၁၅၀၀မှ ၃၅၀၀)ကြား၊ ဖရဲသီး(ကြီး) (၁)လုံးလျှင် ကျပ်(၂၀၀၀မှ ၃၅၀၀)ကြား၊ ဖရဲသီး(သေး) (၁)လုံးလျှင် ကျပ်(၁၀၀၀မှ ၂၅၀၀)ကြား၊ နာနတ်သီး (၁)လုံးလျှင် ကျပ်(၁၀၀၀မှ ၁၅၀၀)ကြား၊ နှင်းသီး (၁)ပိဿာလျှင် ကျပ်(၅၀၀၀မှ ၇၀၀၀)ကြား၊ နဂါးမောက်သီး (၁)လုံးလျှင် ကျပ်(၈၀၀မှ ၁၅၀၀)ကြား၊ ငှက်ပျောသီး ဖီးကြမ်း တစ်ဖီးလျှင် (၁၂၀၀)ကျပ်၊ ငှက်ပျောသီးမွှေး တစ်ဖီးလျှင် ကျပ်(၁၅၀၀မှ ၂၅၀၀)ကြား၊ စပျစ်သီး (၁)ပိဿာလျှင် ကျပ်(၈၀၀၀မှ ၁၂၀၀၀)ကြား ဈေးနှုန်းများဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

မုံရွာမြို့၊ ချင်းတွင်းရတနာဈေးတွင် ဖြစ်ပေါ်လျက်ရှိသော ရေထွက်ကုန်ပစ္စည်းဈေးနှုန်းဈေးကွက်

    မုံရွာမြို့၊ ချင်းတွင်းရတနာစျေး၌  ရောင်းချနေသော ပုဇွန်ခြောက်၊ ငါးခြောက်များမှာ ရန်ကုန်၊ မန္တလေး၊ ရခိုင်ပြည်နယ်ဘက်မှ ဝင်ရောက်ကြောင်းသိရပါသည်။ ပုဇွန်၊ ငါးခြောက်စျေးနှုန်းများမှာ ဝင်ရောက်သည့် ဒေသအ‌ပေါ် မူတည်၍လည်းကောင်း၊ အရည်အသွေးကိုလိုက်၍လည်းကောင်း ကွာခြားလျက်ရှိပါသည်။

   ၂၀၂၃ခုနှစ်၊ဇူလိုင်လ ပထမအပတ်တွင် ရောင်းချနေသော ဈေးနှုန်းများမှာ ပုဇွန်ခြောက် (၁)ပိဿာလျှင် ကျပ်(၆၅၀၀၀)မှ ကျပ်(၈၅၀၀၀)၊ ငါးရံ့ခြောက် (၁)ပိဿာလျှင် ကျပ်(၅၅၀၀၀မှ ၈၀၀၀၀)၊ ငါးပုတ်လုံးခြောက် (၁)ပိဿာလျှင် ကျပ်(၁၆၀၀၀မှ ၁၈၅၀၀)၊  ငါးပုတ်သင်(၁)ပိဿာလျှင် ကျပ်(၁၅၀၀၀မှ ၁၆၀၀၀) ၊ အာပြဲခြောက်(၁)ပိဿာလျှင် ကျပ်(၂၀၀၀၀မှ ၂၂၀၀၀)၊ ငါးကျည်း ခြောက်(၁)ပိဿာလျှင် ကျပ်(၃၅၀၀၀မှ ၄၅၀၀၀)၊ ငါးနီတူးခြောက် (၁)ပိဿာ လျှင် ကျပ်(၁၂၀၀၀ မှ ၁၄၀၀၀)၊ ငါးဖန့်ဝိုင်း(ငါးပိကောင်) (၁)ပိဿာလျှင် ကျပ်(၁၅၀၀၀မှ ၁၇၅၀၀) ရှိကြောင်း ချင်းတွင်းရတနာဈေးတွင်ရောင်းချနေသော ငါးခြောက်ကုန်သည်များထံမှ သိရပါသည်။

DOCA(စစ်ကိုင်း)

 

 

ဆူးပုပ်စိုက်ပျိုးခြင်းဖြင့် မိသားစုအပိုဝင်ငွေရရှိ

    စစ်ကိုင်းတိုင်းဒေသကြီး၊ ချင်းတွင်းမြစ်ရိုးကိုင်းမြေနုများပေါ်တွင် ညောင်ဖြူပင်၊ သစ်ဆိမ့်၊ ထနောင်းတော၊ နဂါးတွင်းကျေးရွာတို့မှ တောင်သူများသည် ဥယျာဉ်ခြံလုပ်ငန်းနှင့် ရာသီပေါ်သီးနှံစိုက်ပျိုးလျက်ရှိရာ ဆူးပုပ်စိုက်ပျိုးခြင်းမှ မိသားစုအပိုဝင်ငွေရရှိနေကြောင်း ဆူးပုပ်စိုက်တောင်သူများထံမှ သိရသည်။

   ဆူးပုပ်ကြီးအမျိုးအစားများမှာ ဆူးကျဲမျိုး၊ ဆူးလတ်မျိုး၊ ဆူးစိပ်မျိုးဟူ၍ (၃)မျိုးရှိသည်။ ခြံဝင်းကျယ်ကြီးများ၏ ခြံစည်းရိုးနှင့် မြေကွက်လွတ်များတွင် စိုက်ပျိုးကြပြီး ဆူးပုပ်မျိုးကိုင်းများကို ဩဂုတ်လ၊ စက်တင်ဘာလအတွင်းပြုလုပ်ကြပြီး တစ်လခန့်အကြာတွင် စိုက်ပျိုးရန်အနေထားဖြစ်ပြီး မြေထုတ်စည်းကိုင်းကိုဖြတ်ပြီး စိုက်ပျိုးကြသည်။ အညွန့်ခူးခြင်းကို (၁)ရက်ခူး (၅)ရက်အနားပေးစနစ်ဖြင့် ခူးကြသည်။ နွေရာသီတွင်အရွက်ကြသဖြင့် အထွက်နှုန်းနည်းပြီး ဆောင်းရာသီနှင့် မိုးရွာသီတွင် အများဆုံးခူးယူပြီး ရန်ကုန်၊ မန္တလေးသို့ ဆူးပုပ်အထုံး(အကြီး) တစ်စည်းလျှင် ကျပ် ၁၅၀၀-၂၅၀၀ နှုန်းဖြင့် တင်ပို့ရောင်းချလျက်ရှိကာ ဝင်ငွေကောင်းနေကြောင်းသိရသည်။ ယခုအခါ မိုးဦးရာသီချိန်ဖြစ်၍ ဆူးပုပ်အထွက်နှုန်းပိုမိုကာ ဆူးပုပ်အခက် ၇ ခက်ပါ တစ်စည်းလျှင် ကျပ်၂၀၀-၂၅၀ ဖြင့်လည်း ဖောက်သည်ပေးကာ ရောင်းချလျက်ရှိကြောင်း သိရသည်။

  “ဆောင်းတွင်ဘက်ဆို ဖောက်သည်ပေးရောင်းချကြတယ်၊ ဖောက်သည်မှာတဲ့အပေါ် မူတည်ပြီး အညွန့်တွေကို ကိုက်ဖြတ်ရောင်းရတယ်၊ ဆူးပုပ်စိုက်ပျိုးထားတာ ပုံမှန်ဝင်ငွေလည်းရ တွက်ချေလည်းကိုက်တယ်၊ ကိုင်းမြေပတ်လည်မှာလည်း ဆူးပုပ်ပင်တွေနဲ့ စည်းရိုးလုပ်ထားတာဆိုတော့ အပိုဝင်ငွေလည်းရတာပေါ့”ဟု မုံရွာမြို့နယ် ညောင်ဖြူပင်ကျေးရွာ ဆူးပုပ်စိုက်တောင်သူတစ်ဦးထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း