ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

မိတ္ထီလာမြို့တွင်ရောင်းချနေသော အခြေခံစားကုန်ဈေးနှုန်းများ

    ၂၀၂၃ခုနှစ်၊ ဇူလိုင်လ၊ ပထမအပတ်အတွင်း မိတ္ထီလာမြို့နယ်တွင် အခြေခံစားသောက်ကုန်များဖြစ်သော စိုက်ပျိုးရေးထွက်ကုန်များဖြစ်သည့် ရွှေဘိုပေါ်ဆန်းအသစ်တစ်ပြည်လျှင် ၄၅၀၀ကျပ်နှင့် အဟောင်းတစ်ပြည်လျှင် ၅၀၀၀ကျပ်၊ ဧည့်မထတစ်ပြည်လျှင် ၃၂၀၀ကျပ်နှင့် ငစိန်တစ်ပြည်လျှင် ၂၆၀၀ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ စားအုန်းဆီတစ်ပိဿာလျှင် ၇၂၀၀ကျပ်၊ မြေပဲဆီတစ်ပိသာလျှင် ၁၄၀၀၀ကျပ်၊ နှမ်းဆီတစ်ပိဿာလျှင် ၁၄၀၀၀ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိသည်။ ကြက်သွန်နီလက်လီတစ်ပိဿာလျှင် ၂၂၀၀ကျပ်၊ ကြက်သွန်ဖြူတစ်ပိဿာလျှင် ၆၀၀၀ကျပ်၊ ချင်းတက်တစ်ပိဿာလျှင် ၆၅၀၀ကျပ်၊ ငရုတ်သီးခြောက်တစ်ပိဿာလျှင် အမျိုးအစားအလိုက် ၁၇၀၀၀ကျပ်မှ ၂၀၀၀၀ကျပ်အထိ၊ အာလူးတစ်ပိဿာလျှင် ၂၈၀၀ကျပ်၊ ခရမ်းချဉ်သီးတစ်ပိဿာလျှင် ၁၅၀၀ကျပ်နှင့် ကန်စွန်းရွက်၊ ချဉ်ပေါင်ရွက်၊ မုန်ညှင်းရွက်၊ ဆလပ်ရွက်တစ်စည်းစီလျှင် ၂၀၀ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။

  မွေးမြူရေးထွက်ကုန်များဖြစ်သော ကြက်ဥလက်လီဈေးနှုန်းမှာ အကြီးတစ်လုံးလျှင် ၂၈၀ကျပ်၊ အသေးတစ်လုံးလျှင် ၂၂၀ကျပ်၊ ဘဲဥကြီးတစ်လုံးလျှင် ၃၅၀ကျပ်၊အသေးတစ်လုံးလျှင် ၃၀၀ကျပ်ရှိသည်။ မိတ္ထီလာမြို့၏ အသားငါးဈေးနှုန်းနှင့် ငါးခြောက်ဈေးနှုန်းများမှာ ကြက်သား (ဒေသကြက်) တစ်ပိဿာလျှင် ၁၈၀၀၀ကျပ်၊ ကြက်သား (CP) တစ်ပိဿာလျှင် ၁၀၀၀၀ကျပ်၊ ဝက်သားတစ်ပိဿာလျှင် ၂၀၀၀၀ကျပ်၊ အမဲသားတစ်ပိဿာလျှင် ၂၀၀၀၀ကျပ်၊ ငါးကြင်းတစ်ပိဿာလျှင် ၁၂၀၀၀ကျပ်၊ ငါးမြင်းတစ်ပိဿာလျှင် ၁၆၀၀၀ကျပ်၊ ငါးမြစ်ချင်းတစ်ပိဿာလျှင် ၈၀၀၀ကျပ်၊ ငါးတန်တစ်ပိဿာလျှင် ၁၀၀၀၀ကျပ်၊ ငါးခူတစ်ပိဿာလျှင် ၁၀၀၀၀ကျပ်၊ ငါးရံ့တစ်ပိဿာလျှင် ၁၂၀၀၀ကျပ်၊ ငါးဘတ်တစ်ပိဿာလျှင် ၁၂၀၀၀ကျပ်၊ ငါးဖယ်တစ်ပိဿာလျှင် ၁၁၀၀၀ကျပ်၊ ငါးခြောက်လက်လီဈေးနှုန်းမှာ အာဗြဲခြောက်တစ်ပိဿာလျှင် ၂၃၀၀၀ကျပ်၊ ငါးရံ့ခြောက်တစ်ပိဿာလျှင် ၅၀၀၀၀ကျပ်၊ ငါးတံခွန်ခြောက်တစ်ပိဿာလျှင် ၁၆၀၀၀ကျပ်၊ ငါးနီတူခြောက်တစ်ပိဿာလျှင် ၁၂၀၀၀ကျပ်၊ ငါးရောင်ခြောက်တစ်ပိဿာလျှင် ၃၂၀၀၀ကျပ်၊ ပုစွန်ခြောက်တစ်ပိဿာလျှင် ၄၃၀၀၀ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်နေကြကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

                  

စပါး/ဆန်စျေးနှုန်းများမြင့်တက်လျက်ရှိ

    မိတ္ထီလာခရိုင်အတွင်း စပါးကို မိတ္ထီလာ၊ ဝမ်းတွင်း၊ မလှိုင်၊ သာစည်(၄) မြို့နယ်လုံးတွင် စိုက်ပျိုးကြပြီး မနောသုခစပါးနှင့် ဧရာပဒေသာစပါးကို အဓိကစိုက်ပျိုးကြပါသည်။ ၂၀၂၃ခုနှစ်၊ ဇူလိုင်လ၊ လဆန်းပိုင်းတွင် စျေးကွက်ဖြစ်ပေါ်နေသော စပါး/ဆန်စျေးနှုန်းများမှာ မနောသုခစပါးတင်း (၁၀၀) လျှင် ၂၄၀၀၀၀၀ကျပ်၊ ဧရာပဒေသာစပါးတင်း (၁၀၀) လျှင် ၂၇၀၀၀၀၀ကျပ်နှင့် မနောသုခ (ဟောင်း) ဆန်တစ်အိတ်လျှင် ၈၅၀၀၀ကျပ်၊ ဧရာပဒေသာဆန်အဟောင်းတစ်အိတ်လျှင် ၉၅၀၀၀ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ယခင်နှစ်တွင် မနောသုခစပါးတင်း (၁၀၀) လျှင် ၁၀၀၀၀၀၀ကျပ်၊ ဧရာပဒေသာစပါးတင်း (၁၀၀) လျှင် ၁၃၀၀၀၀၀ကျပ်နှင့် မနောသုခဆန်တစ်အိတ်လျှင် ၃၅၀၀၀ကျပ်၊ ဧရာပဒေသာ (ဟောင်း) တစ်အိတ်လျှင် (၄၅၀၀၀) ကျပ်သာရှိခဲ့ပြီး ယခင်နှစ်နှင့်ယခုနှစ်ကာလတူဈေးနှုန်းတို့ကိုနှိုင်းယှဉ်လျှင် စပါး/ဆန်စျေးများမြင့်တက်လာကြောင်း၊ စျေးနှုန်းမြင့်တက်လာရခြင်းမှာ တောင်သူ၊ ကုန်သည်များထံတွင် စပါး/ဆန်လက်ကျန်များအနည်းငယ်သာရှိခြင်းကြောင့်ဖြစ်သည်ဟု စပါး၊ ဆန်ကုန်သည်တစ်ဦးထံမှ သိရှိရပါသည်။

DOCA(မန္တလေး)

မိတ္ထီလာဒေသထွက် ကုန်စျေးနှုန်းအခြေအနေ

   မိတ္ထီလာစျေးကွက်အတွင်း ၂၀၂၃ခုနှစ်၊ ဇူလိုင်လ၊ ပထမအပတ်တွင်ဖြစ်ပေါ်နေသော အခြေခံစားကုန်များအနက် ရွှေဘိုပေါ်ဆန်းမှာ တစ်အိတ်လျှင် ၁၀၅၀၀၀ကျပ်ဖြင့်လည်းကောင်း၊ မဂျမ်းတောဆန်မှာ တစ်အိတ်လျှင် ၈၅၀၀၀ကျပ်ဖြင့်လည်းကောင်းစျေးငြိမ်နေပြီး ‌ဒေသတွင်းစားသုံးမှုများသော မနောသုခဆန်မှာ တစ်အိတ်လျှင် ယခင်အပတ်တွင် ၇၅၀၀၀ကျပ်ရှိခဲ့ရာမှ ယခုအပတ်တွင် ၈၀၀၀၀ကျပ်အထိစျေးမြင့်လာခဲ့ပါသည်။ မန္တလေးတိုင်းဒေသကြီးအနေနှင့် နွေစပါးမှာ စိုက်ပျိုးချိန်နောက်ကျသကဲ့သို့ ထွက်ရှိမှုတွင်လည်း နောက်ကျလေ့ရှိပါသည်။ ဒေသတွင်းရှိသောသီးနှံများအနက် မန်ကျည်းသီးမှည့်မှာ ပြည်ပဝယ်လိုအားရှိသော သီးနှံဖြစ်ပါသည်။ မန်ကျည်းသီးမှည့်ကို ဖေဖော်ဝါရီလနှင့် မတ်လများတွင်ခူးဆွတ်ကာ စျေးကွက်သို့တင်ပို့ခြင်း၊ သိုလှောင်ခြင်းများပြုလုပ်ကြပါသည်။ မန်ကျည်းသီးမှည့်ပေါ်စအချိန်တွင် ပုံမှန်အားဖြင့် တစ်ပိဿာလျှင် ၃၀၀၀ကျပ်ရှိခဲ့ပြီး သီးနှံလှိုင်ချိန်တွင် ၂၅၀၀ကျပ်ရှိ၍ စျေးနှုန်းကျဆင်းသွားကာ ယခုလက်ရှိပေါက်စျေးတွင်မူ တစ်ပိဿာလျှင် ၁၆၀၀ကျပ်မှ ၁၇၀၀ကျပ်အထိသာရှိကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

ကရင်ပြည်နယ်တွင် ရာဘာဈေးနှုန်းအနည်းငယ်မြင့်တက်

  ပွင့်လင်းရာသီ ရာဘာအစေးခြစ်ကာလကုန်ဆုံးပြီးနောက် ရာဘာစိုက်ပျိုးတောင်သူများအနေဖြင့် မြေပြုပြင်ခြင်း၊ ခြံရှင်း/ခြုံခုတ်နှင့် အပင်ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်နေစဉ် ကာလအတွင်း  ကရင်ပြည်နယ်အတွင်း ရာဘာထွက်ရှိမှုနှုန်းလျော့ကျခဲ့ပြီး  RSS 3 ရာဘာ ၁ပေါင်လျှင် ၁၅၀၀ ကျပ်ထိ လက်ရှိဈေးကွက်ပေါက်ဈေး ဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။

     ယမန်နှစ်က ကရင်ပြည်နယ်ဒေသထွက် RSS 3 ရာဘာ တစ်ပေါင်လျှင် ရာသီပိတ်ဈေး ၁၂၁၀ ရှိခဲ့ရာမှ ယခုနှစ်တွင် တစ်ပေါင်လျှင် ရာသီ၁၅၀၀ ကျပ်ထိ ဈေးနှုန်းဈေးကွက်ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

DOCA(ကရင်)

ကြက်သွန်ဖြူ(ရှမ်းစ/ဒေသစ)ဈေးနှုန်းမြင့်တက်လျက်ရှိ

 စားဖိုဆောင်သုံးစားသောက်ကုန်အနေဖြင့် ကြက်သွန်ဖြူသည် မရှိမဖြစ်လိုအပ်လှပါသည်။ နေ့စဉ် ချက်ပြုတ်စားသောက်ရာ ဟင်းလျာများတွင်လည်း မြန်မာလူမျိုးများသည် ကြက်သွန်ဖြူကို အခွံနွှာ၍သော်လည်းကောင်း၊ ငရုတ်ဆုံတွင် ထည့်ထောင်း၍သော်လည်းကောင်း ချက်ပြုတ်၍ စားသောက်ကြပါသည်။ ကြက်သွန်ဖြူကို ရှမ်းပြည်နယ်(တောင်ပိုင်း)တွင် ကြက်သွန်ဖြူစိုက်ဧက ၃၀,၀၀၀နီးပါးစိုက်ပျိုးကြပြီး တောင်ကြီး၊ ပင်လောင်း၊ ဟိုပုံးမြို့နယ်များတွင် အဓိကစိုက်ပျိုးကြကာ ကျန်မြို့နယ်များတွင်လည်း အနည်းငယ်စီစိုက်ပျိုးကြပါသည်။ကယားပြည်နယ်တွင် ယခုဇူလိုင်လ၊ ပထမအပတ်အတွင်း ဈေးကွက်တွင်ဖြစ်ပေါ်နေသော ကြက်သွန်ဖြူ(ရှမ်းစ/ဒေသစ)တစ်ပိဿာလျှင် (၇၀၀၀) ကျပ်၊ ယခင်ဇွန်လ၊ စတုတ္တအပတ်တွင် (၆၀၀၀) ကျပ်ခန့်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ယခင်ဇွန်လ၊ စတုတ္တအပတ်နှင့် ယခုဇူလိုင်လ၊ ပထမအပတ်ဈေးနှုန်းတို့ကိုနှိုင်းယှဉ်လျှင် (၁၀၀၀) ခန့်ဈေးနှုန်းမြင့်တက်လျက်ရှိပါသည်။ ဈေးနှုန်းမြင့်တက်လာရခြင်းမှာ ဒေသတွင်းစိုက်ပျိုးမှုနည်းပါးခြင်းကြောင့် အခြားဒေသမှ ဝယ်ယူရောင်းချရသည့်အတွက် သယ်ယူစရိတ်အနည်းငယ်မြင့်တက်လာကာ ဈေးတက်လာခြင်းဖြစ်သည်ဟု နောင်ယားဈေးအတွင်းရှိ ကြက်သွန်ဖြူရောင်းချနေသူတစ်ဦးထံမှသိရှိရပါသည်။

DOCA(ကယား)

 

ဈေးနှုန်းတည်ငြိမ်လျက်ရှိသော ကုလားပဲဝါ

  ကုလားပဲစိုက်ပျိုးထွက်ရှိမှုတွင် အိန္နိယ၊ ပါကစ္စတန်၊ တူရကီ၊ အီသီယိုးပီးယားနိုင်ငံတို့ပြီးလျှင် မြန်မာသည် ပဥ္စမမြောက် ကုလားပဲစိုက်ဧကအများဆုံးနိုင်ငံဖြစ်သည်။ ကုလားပဲသည် ကမ္ဘာတွင် တတိယအရေးကြီးသော ပဲတစ်မျိုးဖြစ်သည်။ ကုလားပဲကို မြန်မာနိုင်ငံတွင် စစ်ကိုင်းတိုင်း၊ ပဲခူးတိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်း၊ ဧရာဝတီတိုင်းတို့တွင် ဆောင်းသီးနှံအဖြစ် အောက်တိုဘာနှင့် နိုဝင်ဘာလတွင်စိုက်ပျိုးကြပြီး ဇန်နဝါရီနှင့် ဧပြီလတွင်ရိတ်သိမ်းကြပါသည်။ အခြားပြည်နယ်နှင့် တိုင်းများတွင်လည်း အနည်းငယ်စိုက်ပျိုးကြပါသည်။ ကယားပြည်နယ်တွင် ကုလားပဲကို   ဒီးမော့ဆိုခရိုင်နှင့် မိုင်းလုံး၊ မထောခူ၊ မှုံပြာကျေးရွာများတွင် စိုက်ပျိုးကြပါသည်။အခြားစားဖိုဆောင်သီးနှံများမှာ အနည်းငယ်စီဈေးနှုန်းမြင့်တက်လျက်ရှိသော်လည်း ကုလားပဲဝါဈေးနှုန်းမှာ တည်ငြိမ်လျက်ရှိပါသည်။ ကယားပြည်နယ်တွင် ယခင်ဇွန်လ၊စတုတ္ထအပတ်နှင့် ယခုဇူလိုင်လ၊ ပထမအပတ်တို့အတွင်း ကုလားပဲဝါတစ်ပိဿာလျှင် (၆၄၀၀) ကျပ်ဖြင့် တည်ငြိမ်စွာအရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း နောင်ယားဈေးအတွင်းရှိ ဈေးသည်တစ်ဦးထံမှသိရှိရပါသည်။

DOCA(ကယား)

လွိုင်ကော်မြို့အတွင်း ဓာတ်ဆီဈေးနှုန်းကျဆင်းလျက်ရှိပြီး ဒီဇယ်ဈေးနှုန်းမြင့်တက်

  ကယားပြည်နယ်၊ လွိုင်ကော်မြို့တွင် စက်သုံးဆီအရောင်းဆိုင်(၁၄)ဆိုင်ဖွင့်လှစ်ရောင်းချလျက်ရှိပြီး စက်သုံးဆီလက်လီဈေးနှုန်းများမှာ ယခုဇူလိုင်လ၊ ပထမပတ်အတွင်း ဓာတ်ဆီ(92)တစ်လီတာလျှင် (၂၀၃၀) ကျပ်၊ ဓာတ်ဆီ(95)တစ်လီတာလျှင် (၂၁၄၀) ကျပ်၊ ဒီဇယ်(ရိုးရိုး) တစ်လီတာလျှင် (၂၀၈၅) ကျပ်၊ ဒီဇယ်(ပရီမီယမ်)တစ်လီတာလျှင် (၂၁၆၅)ကျပ်တို့ဖြင့် ရောင်းချလျက်ရှိပြီး ယခင်ဇွန်လ၊ နောက်ဆုံးအပတ်အတွင်း ဓာတ်ဆီ(92)တစ်လီတာလျှင် (၂၀၅၀) ကျပ်၊ ဓာတ်ဆီ(95)တစ်လီတာလျှင် (၂၁၄၅) ကျပ်၊ ဒီဇယ်(ရိုးရိုး)တစ်လီတာလျှင် (၂၀၄၅) ကျပ်၊ ဒီဇယ်(ပရီမီယမ်)တစ်လီတာလျှင် (၂၁၂၅)  ကျပ်တို့ဖြင့် ရောင်းချလျက်ရှိပါသည်။

    ယခင်ဇွန်လ၊ နောက်ဆုံးအပတ်နှင့် ယခုဇူလိုင်လ၊ ပထမအပတ်စက်သုံးဆီဈေးနှုန်းတို့ကို နှိုင်းယှဉ်ကြည့်လျှင် ဓာတ်ဆီ(92)တစ်လီတာလျှင် (၂၀) ကျပ်၊  ဓာတ်ဆီ(95)တစ်လီတာလျှင် (၅) ကျပ်ခန့်ကျဆင်းလျက်ရှိပြီး ဒီဇယ်(ရိုးရိုး)တစ်လီတာလျှင် (၄၀) ကျပ်၊ ဒီဇယ်(ပရီမီယမ်)တစ်လီတာလျှင် (၄၀) ကျပ်ခန့်မြင့်တက်လာကြောင်း စက်သုံးဆီအရောင်းဆိုင်တစ်ဆိုင်မှသိရှိရပါသည်။

DOCA(ကယား)

 

မြင့်တက်လာသော ခရမ်းချဉ်သီးဈေးနှုန်း

   မြန်မာလူမျိုးတို့၏ ဟင်းလျာတိုင်းတွင် ခရမ်းချဉ်သီးသည် ဟင်းအနှစ်ပြုလုပ်ရာ၌ အသုံးများသော စားဖိုဆောင်သီးနှံတစ်မျိုးဖြစ်ပါသည်။ ဟင်းလျာအမျိုးမျိုးတွင် ချက်နည်းအမျိုးမျိုးဖြင့် ချက်ပြုတ်စားသောက်၍ရသည့်အပြင် ခရမ်းချဉ်သီးတွင် ဗီတာမင်အမျိုးမျိုး၊ ကယ်လ်ဆီယမ်နှင့် Lycopene ကြွယ်ဝစွာပါဝင်သောကြောင့် ကျန်းမာရေးအတွက်လည်း အထူးကောင်းမွန်သော သီးနှံတစ်မျိုးဖြစ်ပါသည်။

   ခရမ်းချဉ်သီးကို ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်ရှိ ကျေးရွာများတွင်လည်းစိုက်ပျိုးရောင်းချကြသည့်အပြင် အခြားဒေသများမှလည်း မှာယူရောင်းချလျက်ရှိပါသည်။

  ၂၀၂၃ခုနှစ်၊ ဇူလိုင်လ၊ ပထမအပတ်တွင် ဈေးကွက်အတွင်းဖြစ်ပေါ်နေသော ခရမ်းချဉ်သီးဈေးနှုန်းမှာ တစ်ပိဿာလျှင် (၁၅၀၀) ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ယခင်ဇွန်လ၊ ပထမအပတ်တွင် ခရမ်းချဉ်သီးဈေးနှုန်းမှာ တစ်ပိဿာလျှင် (၁၀၀၀) ကျပ်ဖြင့်ရောင်းချခဲ့ရာ ယခင်လ၊ ပထမအပတ်နှင့် ယခုလ၊ ပထမအပတ်ဈေးနှုန်းတို့ကိုနှိုင်းယှဉ်ကြည့်လျှင် ခရမ်းချဉ်သီးတစ်ပိဿာလျှင် (၅၀၀) ကျပ်ခန့်မြင့်တက်လာကြောင်း နောင်ယားဈေးရှိ ခရမ်းချဉ်သီးရောင်းချနေသော ဈေးသည်တစ်ဦးထံမှသိရပါသည်။

DOCA(ကယား)

တိုင်းဒေသကြီး/ပြည်နယ်များရှိ ကုန်စည်ဒိုင်များတွင် ဖြစ်ပေါ်နေသော မတ်ပဲ၊ ပဲတီစိမ်း နှင့် ပဲစဉ်းငုံတစ်တန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယခင်အပတ်၊ ယခင်နေ့၊ ကာလတူ ဈေးနှုန်းစာရင်း

  တိုင်းဒေသကြီး/ပြည်နယ်များရှိ ကုန်စည်ဒိုင်များတွင် ဖြစ်ပေါ်နေသော မတ်ပဲ၊ ပဲတီစိမ်းနှင့် ပဲစဉ်းငုံ တစ်တန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယခင်အပတ်၊ ယခင်နေ့၊ ကာလတူ ဈေးနှုန်းစာရင်းအား နှိုင်းယှဉ်ပြုစု တင်ပြအပ်ပါသည်။

အာလူးဈေးနှုန်းကျဆင်းလျက်ရှိ

  အာလူးသည် လူကြိုက်များ၊ လူသုံးများသော စားဖိုဆောင်သီးနှံတစ်မျိုးဖြစ်ပါသည်။ နည်းမျိုးစုံဖြင့် ချက်ပြုတ်သုံးစွဲနိုင်ပြီး အာဟာရများစွာပါဝင်ပါသည်။ အာလူးကို လွိုင်ကော်မြို့နယ်ရှိ ကုန်းသာကျေးရွာနှင့် လင်ဖုံလေးကျေးရွာတို့တွင် အများဆုံးစိုက်ပျိုးလျက်ရှိပါသည်။

  ယခုအခါ ဒေသထွက်အာလူးများမှာ ဈေးကွက်အတွင်း အနည်းငယ်သာဝင်ရောက်နိုင်ပြီး အများဆုံးရောင်းချနေသောအာလူးများကို ရှမ်းပြည်နယ်တောင်းပိုင်းရှိ ပင်လောင်း၊ အောင်ပန်း၊ ကလောနှင့် နောင်တရားမြို့တို့မှ အများဆုံးမှာယူတင်သွင်းရောင်းချလျက်ရှိပါသည်။

    ယခုဇူလိုင်လ၊ ပထမအပတ်တွင် ဈေးကွက်အတွင်းဖြစ်ပေါ်နေသော အာလူးဈေးနှုန်းမှာ တစ်ပိဿာလျှင် (၃၀၀၀) ကျပ်ဖြင့်ရောင်းချလျက်ရှိပြီး ယခင်ဇွန်လ၊ နောက်ဆုံးအပတ်တွင် အာလူးဈေးနှုန်းမှာ တစ်ပိဿာလျှင် (၃၅၀၀) ကျပ်ဖြင့်ရောင်းချခဲ့ကြောင်း၊ ဇူလိုင်လ၊ ပထမအပတ်နှင့် ဇွန်လ၊ နောက်ဆုံးအပတ်ဈေးနှုန်းနှိုင်းယှဉ်ကြည့်လျှင် (၅၀၀) ကျပ်ခန့်tm;vl;ကျဆင်းသွားကြောင်း နောင်ယားဈေးရှိ အာလူးရောင်းချသူတစ်ဦးထံမှသိရပါသည်။

DOCA(ကယား)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း