တိုင်းဒေသကြီး/ပြည်နယ်များ၏ စပါးဆန်ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယနေ့ ကာလတူ နှိုင်းယှဉ်ပြုစုတင်ပြခြင်း
တိုင်းဒေသကြီး/ပြည်နယ်များ၏ စပါးဆန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယနေ့ ကာလတူ နှိုင်းယှဉ်ပြုစုတင်ပြအပ်ပါသည်။
တိုင်းဒေသကြီး/ပြည်နယ်များ၏ စပါးဆန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယနေ့ ကာလတူ နှိုင်းယှဉ်ပြုစုတင်ပြအပ်ပါသည်။
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံး၏ ရည်ညွှန်းပါစာလမ်းညွှန်ချက်အရ ဆန်စပါးဆိုင်ရာ အပတ်စဉ်လေ့လာသုံးသပ်ချက်(အကျဉ်းချုပ်) ၂၄/၂၀၂၃ အား သိရှိလမ်းညွှန်မှုပြုနိုင်ပါရန် တင်ပြအပ်ပါသည်။
၁၁.၇.၂၀၂၃ ရက်နေ့တွင် တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများအား အောက်ပါ .pdf တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်-
မွန်ပြည်နယ် မော်လမြိုင်မြို့ အေးသာယာဈေးတွင် ၂၀၂၃ခုနှစ်၊ဇူလိုင်လ ပထမပတ်အတွင်း ရောင်းချကုန်စည်နှင့် ဖြစ်ပေါ်လျက်ရှိသော ဈေးနှုန်းဖြင့် အရောင်းအဝယ် ဖြစ်နေမှုကို တွေ့ရှိရပါသည်။
ထိုအမယ်မျိုးစုံများမှာ ခရမ်းချဉ်သီး၊ ဂေါ်ဖီထုပ်၊ အာလူး၊ မုန်လာဥနီ၊ မုန်လာဥဖြူ၊ ရွှေဖရုံသီး၊ ဘူးသီး၊ သခွားသီး၊ ရုံးပလေသီး၊ ကြက်ဟင်းခါးသီး၊ ပဲထောင့်ရှည်၊ ကန်စွမ်းရွက်၊ ချဉ်ပေါင်ရွက်၊ မြင်းခွာရွက်၊ မုန်ညင်း၊ ခရမ်းသီး၊ သံပရာသီး၊ ပန်းသီး၊ ဒူးရင်းသီး၊ ကြက်မောက်သီး၊ မင်းဂွတ်သီး၊ ကျွဲကွက်သီး၊ ကန်စွမ်းဥ၊ ကြက်ခတ်မျှစ်၊ ဝါးဘိုးမျှစ်၊ ပဲလိမ်မြွေသီးတို့ကို ရောင်းချလျက်ရှိသည်။
ယင်းအမယ်မျိုးစုံများ၏ ဈေးနှုန်းအခြေအနေမှာ ခရမ်းချဉ်သီးတစ်ပိဿာလျှင် ကျပ် ၂၀၀၀၊ ဂေါ်ဖီထုပ် တစ်ထုပ်လျှင် ကျပ် ၁၅၀၀၊ အာလူးတစ်ပိဿာလျှင် (အသေး) ကျပ် ၂၂၀၀၊ (အကြီး)ကျပ် ၂၅၀၀၊ မုန်လာဥနီ တစ်ပိဿာလျှင် ကျပ် ၃၀၀၀၊ ရွှေဖရုံသီးတစ်လုံးလျှင် ကျပ် ၁၀၀၀၊ ဘူးသီး တစ်လုံးလျှင် ကျပ် ၅၀၀ မှ ၇၀၀အတွင်း၊ မုန်ညင်းတစ်ထုပ်လျှင် ကျပ် ၁၂၀၀၊ ရုံးပတီသီး တစ်ပိဿာလျှင် ကျပ်၂၀၀၀၊ ကြက်ဟင်းခါးသီးတစ်ပိဿာ ကျပ် ၂၀၀၀၊ ခရမ်းသီး တစ်ပိဿာလျှင် ကျပ်၂၃၀၀၊ ကန်စွမ်းရွက် တစ်စည်းလျှင် ကျပ် ၉၀မှ ၁၀၀အတွင်း၊ ချဉ်ပေါင်ရွက် တစ်စည်းလျှင် ကျပ် ၈၀မှ ၁၀၀အတွင်း၊ ပဲထောင့်ရှည် တစ်စည်း ကျပ် ၅၀၀(အသေး)၊ ပဲထောင့်ရှည်တစ်စည်း ကျပ် ၁၄၀၀(အကြီး) သံပရာသီး တစ်လုံးလျှင် ကျပ် ၅၀မှ ၁၅၀အတွင်း၊ ပန်းသီး တစ်လုံး ကျပ် ၅၀၀မှ ၁၅၀၀အတွင်း၊ မြင်းခွာရွက် တစ်စည်းကျပ် ၂၀၀၊ ဒူးရင်းသီးတစ်လုံး ကျပ် ၅၀၀၀မှ ၁၁၀၀၀အတွင်း၊ ကြက်မောက်သီးတစ်လုံး ကျပ် ၈၀မှ ၁၅၀အတွင်း၊ မင်းဂွတ်သီးတစ်လုံး ကျပ် ၁၅၀မှ ၂၅၀အတွင်း၊ ကျွဲကွက်သီးတစ်လုံး ကျပ် ၂၀၀၀မှ ကျပ် ၄၀၀၀အတွင်း၊ ကန်စွန်းဥ တစ်ပိဿာ ကျပ်၂၅၀၀မှ ကျပ်၃၀၀၀အတွင်း၊ ကြက်ခတ်မျှစ် တစ်စည်း ကျပ် ၄၀၀(အသေး) မှ ၆၀၀(အကြီး) အတွင်း ဝါးဘိုးမျှစ်တစ်ပိဿာ ကျပ် ၄၀၀၀၊ ပဲလိမ်မြွေသီး(ဗုံလုံသီး) တစ်လုံး ကျပ် ၅၀၀ မှ ကျပ်၇၀၀အတွင်း ဖြစ်ကြောင်း သိရသည်။
DOCA(မွန်)
မွန်ပြည်နယ် မော်လမြိုင်မြို့ရှိ ငါးဒိုင်ဈေး၌ ရောင်းချလျက်ရှိသော ငါးအမယ်များမှာ ငါးတန်၊ ငါးရွှေကြီး ၊ ငါးမြစ်ချင်း၊ ငါးသလောက်၊ ငါးပုဏ္ဏား၊ တီးလားပီးယား၊ ကင်းမွန်(အကြီး)၊ ကကတစ်၊ ငါးကွမ်းရှပ်၊ ငါးပုတ်သင်(ငါးပျက်)၊ ငါးကြင်းဖြူ၊ ပလာတူး၊ ငါးနှပ်၊ ငါးပုလွေ၊ ပုစွန်ပျော့(အကြီး)၊ ပုစွန်ပျော့(အသေး)၊ တို့အား ရောင်းချလျက်ရှိသည်။
ယင်းအမယ်မျိုးစုံများ၏ ဈေးနှုန်းအခြေအနေမှာ ငါးတန် တစ်ပိဿာလျှင် ကျပ် ၃၅၀၀၊ ငါးရွှေကြီး တစ်ပိဿာလျှင် ၁၂၀၀၀၊ ငါးမြစ်ချင်း တစ်ပိဿာလျှင် ကျပ် ၅၅၀၀ ၊ ငါးသလောက် တစ်ပိဿာလျှင် ကျပ် ၁၂၅၀၀၊ ငါးပုဏ္ဏား တစ်ပိဿာလျှင် ကျပ်၁၆၅၀၀ ၊ တီးလားပီးယား တစ်ပိဿာလျှင် ကျပ် ၈၀၀၀၊ ကင်းမွန်(အကြီး) တစ်ပိဿာလျှင် ကျပ် ၁၇၀၀၀၊ ကကတစ် တစ်ပိဿာလျှင် ကျပ် ၈၆၀၀၊ ငါးကွမ်းရှပ် တစ်ပိဿာလျှင် ၁၅၀၀၀၊ ငါးပုတ်သင်(ငါးပျက်) တစ်ပိဿာလျှင် ကျပ် ၈၂၀၀၊ ငါးကြင်းဖြူ တစ်ပိဿာလျှင် ကျပ် ၁၀၅၀၀၊ ပလာတူး တစ်ပိဿာလျှင် ၆၀၀၀၊ ငါးနှပ် တစ်ပိဿာလျင် ကျပ် ၅၀၀၀၊ ၊ ငါးပုလွေ တစ်ပိဿာလျှင် ကျပ် ၆၀၀၀ ၊ ရွှေငါး တစ်ပိဿာလျှင် ကျပ် ၄၀၀၀ ၊ ပုစွန်ပျော့(အကြီး) တစ်ပိဿာလျှင် ၁၇၆၀၀ ၊ ပုစွန်ပျော့(အသေး) တစ်ပိဿာလျှင် ကျပ် ၁၃၅၀၀ အတွင်း ဖြစ်ကြောင်း သိရသည်။
DOCA(မွန်)
ပခုက္ကူကုန်စည်ဒိုင်တွင် ၂၀၂၃ခုနှစ် ဇွန်လ(ဒုတိယ)ပတ်တွင် ဖြစ်ပေါ်ခဲ့သော ပဲစဉ်းငုံနီ ဈေးမှာ အမြင့်ဆုံးကျပ်(၁၀၄၅၀၀)ရှိခဲပြီး တတိယပတ်တွင် ကျပ်(၉၁၈၀၀) ကျဆင်းခဲ့သည်။ ယခု ဇူလိုင်(ပထမ)ပတ်တွင် ကျပ်(၁၀၀၀၀၀)ထိ ပြန်လည်မြင့်တက်လာခဲ့ပြီး တင်ပို့မှုအနေနှင့်လည်း ဇွန်လထက် အိတ်(၆၀၀)ပိုမိုတင်ပို့နိုင်ခဲ့ပါသည်။
ပဲတီစိမ်းကြီးမှာ ဈေးငြိမ်လျက်ရှိပြီး ဇွန်လ(ပထမ)ပတ်ကတည်းက ဖြစ်ခဲ့သော ဈေး ကျပ်(၄၇၀၀၀-၅၈၀၀၀)မှာ ယခုဇူလိုင်(ပထမ)ပတ်ထိ ယင်းဈေးအတိုင်းပင် အရောင်းအဝယ် ဖြစ်ပြီး အိတ်(၁၅၀၀)ခန့် တင်ပို့နိုင်ခဲ့သည်။
ဇွန်လ(ဒုတိယ)ပတ်တွင် ပဲယင်းနီ စတင်ဝင်ရောက်လာပြီး တစ်တင်းလျှင် ကျပ် (၇၄၃၀၀)မှ ယခုဇူလိုင်(ပထမ)ပတ်တွင်လည်း ကျပ်(၇၄၃၀၀)နှင့်ပင် အရောင်းအဝယ်ဖြစ်ပြီး အိတ်(၄၀၀)ခန့် တင်ပို့နိုင်ခဲ့သည်။
ကုလားပဲအုပ်စုအနေနှင့် ဇွန်လနောက်ဆုံးပတ်တွင် ကုလားပဲ(HL)တစ်တင်း ကျပ် (၈၈၀၀၀)၊ ကုလားပဲ V2 တစ်တင်း ကျပ်(၇၉၀၀၀)နှင့် အရောင်းအဝယ်ဖြစ်ခဲ့ပြီး ယခုဇူလိုင် (ပထမ)ပတ်တွင် ကုလားပဲ(929) တစ်တင်းလျှင် ကျပ်(၈၄၈၀၀)၊ ကုလားပဲ V2 တစ်တင်း ကျပ်(၈၅၆၀၀)နှင့် ဈေးအနည်းငယ်မြင့်တက်ခဲ့ပြီး ပုံမှန်တင်ပို့နေခဲ့ကြောင်း သိရှိရပါသည်။
ယခုဇူလိုင်(ပထမ)ပတ်တွင် ပဲဇီးကွက်၊စွန်တာနီပဲများ အရောင်းအဝယ်မဖြစ်သော်လည်း နှမ်း(ဖြူ)များ အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်၊ ဇွန်လ(နောက်ဆုံး)ပတ်တွင် တစ်တင်းလျှင် ကျပ်(၁၁၄၀၀၀)မှ ဇူလိုင်(ပထမ)ပတ်တွင် ကျပ်(၁၁၅၀၀၀)နှင့်အိတ် (၃၀၀)ခန့် တင်ပို့နိုင်ခဲ့သည်။
မန်ကျည်းတောင့်များလည်း ယခုအချိန်ထိ အရောင်းအဝယ်ဖြစ်လျက်ရှိရာ တစ်ပိဿာ ကျပ်(၈၄၀)နှင့် တစ်ပတ်လျှင် ပိဿာ(၂၀၀၀၀)ခန့်တင်ပို့နေရကြောင်း ကုန်စည်ဒိုင်မှ သိရှိရပါ သည်။
DOCA(မကွေး)
ပခုက္ကူခရိုင်၊ ပခုက္ကူမြို့မစည်ပင်သာယာဈေးတွင် ၂၀၂၃ခုနှစ်၊ ဇူလိုင်လ(ပထမပတ်)၌ ရှမ်းပြည်နယ်ဒေသမှထွက်ရှိသော ကြက်သွန်ဖြူ(ကြူကုတ်)၊ ကြက်သွန်ဖြူ(ဗမာ)နှင့် ချင်းတက်များမှာ ဈေးကောင်းရရှိနေပါသည်။ ကြက်သွန်ဖြူ(ဗမာ)ဒိုင်ပြတ်လက်ကားဈေးမှာ အရည်အသွေးပေါ်မူတည်၍ ထိပ်စတစ်ပိဿာလျှင် ကျပ် (၆၈၀၀)၊ အလတ်စတစ်ပိဿာလျှင် ကျပ် (၅၉၀၀)၊ အနိမ့်စတစ်ပိဿာလျှင် ကျပ် (၅၅၀၀) ဖြစ်ပြီး ကြက်သွန်ဖြူ(ရှမ်းစ)ထိပ်စတစ်ပိဿာလျှင် ကျပ် (၆၅၀၀)၊ အလတ်စတစ်ပိဿာလျှင် ကျပ် (၅၅၀၀)၊ အနိမ့်စတစ်ပိဿာလျှင် ကျပ် (၅၀၀၀) ချင်းတက်မှာ အရည်အသွေးပေါ်မူတည်၍ အနိမ့်စတစ်ပိဿာလျှင် ကျပ် (၆၅၀၀)၊ အလတ်စတစ်ပိဿာလျှင် ကျပ် (၇၀၀၀)၊ ထိပ်စတစ်ပိဿာလျှင် ကျပ် (၈၀၀၀) ဖြင့် ဥပုသ်နေ့မှလွဲ၍ နေ့စဉ် အရောင်းအဝယ်ဖြစ်နေပါသည်။
မြို့မစည်ပင်သာယာလက်လီဈေးမှာ ကြက်သွန်ဖြူ(ဗမာ)ထိပ်စတစ်ပိဿာလျှင် ကျပ် (၈၅၀၀)၊ အလတ်စတစ်ပိဿာလျှင် ကျပ် (၈၀၀၀)၊ အနိမ့်စတစ်ပိဿာလျှင် ကျပ် (၇၅၀၀)၊ ကြက်သွန်ဖြူ (ကြူကုတ်)ထိပ်စတစ်ပိဿာလျှင် ကျပ် (၈၅၀၀)၊ အလတ်စတစ်ပိဿာလျှင် ကျပ် (၇၅၀၀)၊ အနိမ့် တစ်ပိဿာလျှင် ကျပ် (၇၀၀၀)၊ ချင်းတက်မှာ အရည်အသွေးပေါ်မူတည်၍ အနိမ့်စတစ်ပိဿာလျှင် ကျပ် (၇၅၀၀)၊ အလတ်စတစ်ပိဿာလျှင် ကျပ် (၈၀၀၀)၊ ထိပ်စတစ်ပိဿာလျှင် ကျပ် (၉၀၀၀) ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း မြို့မစည်ပင်သာယာဈေးသည်များနှင့် ကုန်သည်များထံမှသိရှိရပါသည်။
DOCA(မကွေး)
၂၀၂၃ခုနှစ်၊ ဇွန်လ (စတုတ္တပတ်) တွင် ကြက်သွန်နီကုန်စည်ဒိုင်၌ ကြက်သွန်နီစိုက်ပျိုးရာဒေသများဖြစ်ကြသော ပေါက်၊ ဆိပ်ဖြူ၊ ရေပြာ၊ ကမ္မ၊ ရေစကြိုနှင့် ပခုက္ကူကျွန်းများမှ ဆောင်းစိုက်ပင်စိုက်များမှာ အရောင်းအဝယ်ဖြစ်လျက်ရှိသည့်အပြင် အခြားဒေသများဖြစ်သော ပုလဲ၊ မြင်းခြံမြို့ တောင်သာနယ်၊ ညောင်ဦးမှ ဆောင်းစိုက် (ပင်စိုက်) ကြက်သွန်နီများအပြင် ကြက်သွန်ဖြူများလည်းဝင်ရောက်လျက် အရောင်းအဝယ်ဖြစ်နေပါသည်။
ပခုက္ကူကြက်သွန်နီကုန်စည်ဒိုင်၏ ကြက်သွန်နီနှင့် ကြက်သွန်ဖြူဒိုင်ပြတ်ဈေးမှာ ပေါက်နယ် (ယောစ) ထိပ်စတစ်ပိဿာလျှင် ကျပ် (၁၉၅၀)၊ အလတ်စတစ်ပိဿာလျှင် ကျပ် (၁၆၅၀)၊ အနိမ့်စတစ်ပိဿာလျှင် ကျပ် (၁၂၅၀)၊ ပုလဲကြက်သွန်နီထိပ်စတစ်ပိဿာလျှင် ကျပ် (၁၈၇၅)၊ အလတ်စတစ်ပိဿာလျှင် ကျပ် (၁၇၅၀)၊ အနိမ့်စတစ်ပိဿာလျှင် ကျပ် (၁၅၀၀) ဖြင့် နေ့စဉ် ကုန်ချိန် (၅၀၀၀၀) မှ ကုန်ချိန် (၁၀၀၀၀၀) ကျော်အရောင်းအဝယ်ဖြစ်နေပြီး တင်ပို့မှုအနေဖြင့် ရန်ကုန်ဘုရင့်နောင်၊ တရုတ်နှင့် ဗီယက်နမ်နိုင်ငံများသို့လည်းတင်ပို့နေကြောင်း ကုန်သည်များထံမှ သိရှိရပါသည်။
DOCA(မကွေး)
ပခုက္ကူကုန်စည်ဒိုင်တွင် ပခုက္ကူဒေသမှစိုက်ပျိုးထွက်ရှိသော ပဲစဉ်းငုံနီ၊ ကုလားပဲ၊ မတ်ပဲ၊ ပဲယင်း၊ စွန်တာနီ၊ ပဲလွန်းပြာနှင့် အခြားပဲမျိုးစုံများအရောင်းအဝယ်ဖြစ်နေပါသည်။ ၂၀၂၃ခုနှစ်၊ ဇွန်လ(စတုတ္တပတ်)၏ ပဲဈေးနှုန်းများမှာ ပဲစဉ်းငုံနီတစ်တင်းလျှင် ကျပ် (၉၁၈၀၀- ၉၃၀၀၀- ၉၇၀၀၀)၊ ကုလားပဲဝါလုံးကြီး (929) တစ်တင်းလျှင် ကျပ် (၈၄၈၀၀)၊ ပဲတီစိမ်းကြီးမှာ အရည်အသွေးပေါ်မူတည်ပြီး တစ်တင်းလျှင် ကျပ် (၄၈၀၀၀-၅၇၀၀၀)၊ ပဲဇီးကွက်တစ်တင်းလျှင် ကျပ် (၄၉၁၀၀)၊ ပဲယင်းနီတစ်တင်းလျှင် ကျပ် (၇၄၃၀၀)၊ ပြောင်းဖူးစေ့ (CP) တစ်တင်းလျှင် ကျပ် (၂၀၂၀၀)၊ ထောပတ်ပဲဖြူတစ်တင်းလျှင် အရည်အသွေးအလိုက် ကျပ် (၈၂၀၀၀-၈၅၀၀၀)၊ နှမ်းဖြူတစ်တင်းလျှင် ကျပ် (၁၁၄၀၀၀) နှင့် မန်ကျည်းတောင့်တစ်ပိဿာလျှင် ကျပ် (၈၆၀) ဖြင့် ဥပုသ်နေ့မှလွဲ၍ နေ့စဉ် ကုန်စည်ဒိုင်တွင် အရောင်းအဝယ်ဖြစ်နေပါသည်။
ယခုတစ်ပတ်၏ အရောင်းအဝယ်ဖြစ်မှုအိတ်ရေမှာ ပဲစဉ်းငုံနီ (၁၅၀၀) အိတ်၊ ကုလားပဲဝါလုံးကြီး (929) (၃၀၀) အိတ်၊ ပဲတီစိမ်းကြီး (၁၈၀၀) အိတ်၊ ပဲဇီးကွက် (၂၅၀) အိတ်၊ ပဲယင်းနီ (၅၀၀) အိတ်၊ ပြောင်းဖူးစေ့ (CP) (၅၀၀) အိတ်၊ ထောပတ်ပဲဖြူ (၆၀၀) အိတ်နှင့် မန်ကျည်းတောင့် ကုန်ချိန် (၁၅၀၀၀) ကျော်အရောင်းအဝယ်ဖြစ်နေပြီး တင်ပို့မှုအနေဖြင့် မြန်မာပြည်အောက်ပိုင်းနှင့် ပြည်ပနိုင်ငံများသို့တင်ပို့နေကြောင်း ကုန်သည်များထံမှသိရှိရပါသည်။
DOCA(မကွေး)
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်အတွင်းရှိ ငပုတောမြို့နယ် ၊ မော်တင်စွန်း၊ ချောင်းသာ၊ ငွေဆောင်ပင်လယ်ကမ်းခြေဒေသဝန်းကျင် ကျေးရွာများသည် ရေထွက်ပစ္စည်းများ ထွက်ရှိပြီး ငပုတောမြို့နယ်အတွင်းရှိ ဟိုင်းကြီးကျွန်း၊ စံပြ၊ ခမောက်မှော်၊ ဇီးချိုင်၊ ကံချိုင်၊ ဒီးဒူးကုန်း၊ ဘုန်းတော်ပြည့်၊ ကျောက်ကလပ်ကျေးရွာများတွင် ငါးပိ၊ငါးခြောက်၊ ပုဇွန်ခြောက်ထွက်ရှိရာ အဓိက ဒေသများဖြစ်သောကြောင့် အများစုကြိုက်နှစ်သက်၍ စားသုံးရန်နှင့်လက်ဆောင်ပေးရန် ဧည့်ခရီးသွားများ ဝယ်ယူလျက်ရှိသော ပုဇွန်ခြောက်ဈေးကွက်မှာ (၁)ပိဿာလျှင် ကျပ် ၅၅၀၀ဝိ/- ဈေးမှ ၆၀၀၀ဝိ/- ၊ ၇၀၀၀ဝိ/-၊ ၇၅၀၀ဝိ/- ဈေးနှုန်းဖြင့် အကောင်အကြီးအသေးပေါ် မူတည်၍ ဈေးနှုန်းများ ကွာခြားမှုရှိပြီး ငါးပိ(၁)ပိဿာလျှင် ကျပ်၂၅၀ဝိ/- ကျပ်မှ ၁၅၀၀ဝိ/- ကျပ်ဈေးအတွင်း ငါးပိအမျိုးအစားပေါ် မူတည်၍ ဈေးနှုန်းကွာခြားမှုရှိကြောင်း ဈေးကွက်မှသိရသည်၊၊
မိုးတွင်းရောက်လျှင် ရာသီဥတုကြောင့် ငါးခြောက်ရောင်းဝယ်မှု အနည်းငယ်သာရှိပြီး ပုဇွန်ခြောက်ပြုလုပ်ရန် မိုးတွင်း၌နေလှမ်းရာတွင် အဆင်မပြေ၍ မီးဖိုတွင်ပြုတ်ပြီး ပုဇွန်ကင်သည့် စင်ပေါ်တွင် မီးဖြင့်အခြောက်ခံပြုလုပ်ရသဖြင့် အရည်အသွေးမကောင်းအထားမခံ၍ ဈေးနှုန်းမှာလည်း တည်ငြိမ်မှုမရှိပဲ ပွင့်လင်းရာသီ နိုဝင်ဘာ၊ ဒီဇင်ဘာလရောက်မှသာ အရည်အသွေးကောင်း ဈေးနှုန်းတည်ငြိမ်၍ အရောင်းအဝယ်သွက်မှုရှိကြောင်း ဈေးကွက်မှသိရသည်၊၊
DOCA(ဧရာဝတီ)