ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

စက်သုံးဆီဈေးနှုန်းများ အနည်းငယ်ကျဆင်း

  မြန်မာနိုင်ငံစက်သုံးဆီ တင်သွင်း/သိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီမှ တိုင်းဒေသကြီး၊ ပြည်နယ်အလိုက် မြို့ကြီးများ၏ စက်သုံးဆီရည်ညွှန်းလက်ကားဈေးနှုန်းများအား နေ့စဉ် ထုတ်ပြန်ပေးလျက် ရှိပါသည်။

  ရွှေဘိုမြို့တွင် စက်သုံးဆီဆိုင် (၁၉)ဆိုင် ပုံမှန် ဖွင့်လှစ်ရောင်းချလျက်ရှိပြီး ၂၀၂၃ခုနှစ် ဇွန်လ နောက်ဆုံးပတ်တွင် စက်သုံးဆီဈေးနှုန်းများမှာ ဓါတ်ဆီ(92) တစ်လီတာလျှင် (၂၀၂၀)ကျပ်၊ ဓါတ်ဆီ(95)တစ်လီတာလျှင် (၂၁၁၅)ကျပ် ၊ ဒီဇယ်(ရိုးရိုး) တစ်လီတာလျှင် (၂၀၃၀)ကျပ်၊ ဒီဇယ်(ပရီမီယမ်)တစ်လီတာလျှင် (၂၁၁၀)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း သိရသည်။

 ယခုဇူလိုင်လ ပထမပတ်တွင် စက်သုံးဆီဈေးနှုန်းများမှာ ဓါတ်ဆီ(92) တစ်လီတာလျှင် (၁၉၇၀)ကျပ်၊ ဓါတ်ဆီ(95)တစ်လီတာလျှင် (၂၀၉၅)ကျပ် ၊ ဒီဇယ်(ရိုးရိုး) တစ်လီတာလျှင် (၂၀၂၀)ကျပ်၊ ဒီဇယ်(ပရီမီယမ်)တစ်လီတာလျှင် (၂၀၉၅)ကျပ်ဖြင့် ရောင်းချနေသောကြောင့် ယခင်အပတ်နှင့် နှိုင်းယှဉ်ပါက ဓါတ်ဆီ(92) တစ်လီတာလျှင် (၅၀)ကျပ်၊ ဓါတ်ဆီ(95)တစ်လီတာလျင် (၂၀)ကျပ် ၊ ဒီဇယ်(ရိုးရိုး) တစ်လီတာလျှင် (၁၀)ကျပ်၊ ဒီဇယ်(ပရီမီယမ်)တစ်လီတာလျှင် (၁၅)ကျပ်ဖြင့် ဈေးနှုန်းအသီးသီး ကျဆင်းလျက်ရှိကြောင်း စက်သုံးဆီဆိုင်များမှ သတင်းရရှိသည်။

DOCA(စစ်ကိုင်း)

 

မုံရွာမြို့ ဒေသထုတ်ကုန် မြေပဲဆားလှော်

     မြန်မာနိုင်ငံအတွင်းရှိ အချို့မြို့များတွင် မြို့နာမည်နှင့်အတူတွဲလျက် ထင်ရှားသည့် မြန်မာ့ရိုးရာအစားအစာများမှာ မန္တလေး ထိုးမုန့်၊ ပုသိမ် ဟာလဝါ၊ ပျဉ်းမနား မျှစ်ချဉ်၊ နေပြည်တော် နန်းစိန်ကိတ်၊ ကသာ ငါးကြီးချဉ်နှင့် ကောက်ညှင်းကျည်တောက်၊ စစ်ကိုင်း ခိုတောင်မုန့်တီ၊ မုံရွာ-မအူ မြေပဲဆားလှော် စသည့်ဖြင့် နာမည်ကျော်ကြားလျက်ရှိသည်။ ယင်းတို့အနက် မုံရွာမြို့နယ်၊ မအူကျေးရွာမှ မြေပဲဆားလှော် ထုတ်လုပ်မှုလုပ်ငန်းအကြောင်း တင်ပြလိုက်ပါသည်။

      မုံရွာမြို့နယ်၊ မအူကျေးရွာတွင် မြေပဲဆားလှော်လုပ်ငန်းရှင် ၁၀ဦးခန့်ရှိပြီး၊ တစ်ရက်လျှင် မြေပဲလုံးဆံတင်း ၃၀၀ခန့် လှော်ပြီး မြေပဲဆားလှော်ထုတ်လုပ်နိုင်ကြောင်းသိရသည်။ ကုန်ကြမ်းဖြစ်သော မြေပဲလုံးဆံကို မုံရွာကုန်စည်ဒိုင်နှင့် ကလေးခရိုင်၊ မင်းကင်းမြို့မှ ဝယ်ယူသည်။  မြေပဲဆားလှော်ပြုလုပ်ရန် ပထမဦးစွာ မြေပဲလုံးဆံကို အရွယ်ညီအောင်ဇကာချရွေး၍ ဖုန်သဲခဲများ ဖယ်ထုတ်သန့်စင်ရပါသည်။ ရွေးပြီးမြေပဲလုံးဆံများကို ရေနွေးပွက်ပွက်ဆူတွင် ထည့်ပြုတ်ကာ  အခွံရှုံ့လာပါက ဆယ်ယူပြီး အချိန်အနည်းငယ်နေပူလှန်းရသည်။ ထို့နောက် မြေပဲလုံးဆံ နှစ်ပြည်လျှင် ဆား ၇၅ကျပ်သားနှုန်းဖြင့် ဒယ်အိုးတွင် ဆားများကိုထည့်ပြီး မြေပဲများထည့်ကာ လှော်ရပါသည်။ အဆက်မပြတ် မွှေပေးရ၍ ယခင်က လူလုပ်အားဖြင့် ယောက်မကြီးများအသုံးပြုပြီး မွှေကြသော်လည်း ယခုစက်ဒလက်များဖြင့် မွှေကြသည်။ မြေပဲတစ်တင်းလှော်ပါက မြေပဲဆားလှော် တစ်တင်းခန့်ပြန်လည်ရရှိကြောင်း သိရှိရသည်။

   မြေပဲဆားလှော်လုပ်ငန်းအကြီး၊ အသေးအလိုက် မြေပဲဆားလှော်လုပ်ငန်းကို ရက်ခြားထုတ်လုပ်ကြောင်း၊ နေ့စားလုပ်သားများအဖြစ်  အမျိုးသမီး တစ်ဦးလျှင် ၅၀၀၀ကျပ်နှင့် အမျိုးသား တစ်ဦးလျှင် ကျပ်၁၀၀၀၀နှုန်းဖြင့် မအူကျေးရွာရှိ မြေပဲဆားလှော်လုပ်ငန်းများသည် လုပ်သားအင်အား   ၁၀၀ကျော်ကို အလုပ်အကိုင်အခွင့်အလမ်းများ ပေးထားနိုင်သည်။

    မြေပဲကို မြေပဲဆားလှော်၊ မြေပဲအပွကြော်၊ ကျောက်ခဲခေါ် မြေပဲကြက်ဥအဖြစ် အမျိုးမျိုး ထုတ်လုပ်ရောင်းချကြသည်။ မြေပဲအပွကြော်ကို သာဂူ၊ သကြား ဖြင့်ကပ်၍ ဆီဖြင့်ကြော်ခြင်းနှင့် မြေပဲကြက်ဥသည် ဂျုံမှုန့်၊ သကြားတို့ဖြင့် ကပ်၍ လှော်ခြင်းဖြစ်သည်။ ရောင်းဈေးနှုန်း များမှာ မြေပဲဆားလှော်တစ်ပြည်လျှင် ကျပ် ၆၅၀၀မှ ၇၅၀၀ကြား၊ မြေပဲအပွကြော် တစ်ပြည်လျှင်  ကျပ် ၂၅၀၀မှ ၂၇၀၀ကြား၊ မြေပဲကြက်ဥတစ်ပြည်လျှင် ကျပ် ၄၂၀၀မှ ၄၄၀၀ကြား  ဈေးနှုန်းအသီး သီးဖြင့် ရောင်းချကြသည်။ မုံရွာ-မန္တလေး ကားလမ်း  မအူကျေးရွာထိပ်တွင်  ဆိုင်ခန်း (၇)ဆိုင်ခန့် ဖွင့်လှစ်၍ရောင်းချခြင်း၊ မုံရွာမြို့ရှိ တန်ခိုးကြီးဘုရားများဖြစ်သော ဗောဓိတစ်ထောင်၊ မိုးညှင်း သမ္ဗုဒ္ဓေ၊ ကျောက္ကာရွှေဂူနီဘုရားများရှိ ဈေးဆိုင်ခန်းများနှင့် ‌ဈေးများတွင် ရောင်းချကြသည့်အပြင် တိုင်းတွင်း အခြားမြို့နယ်များ၊ ရန်ကုန်၊ မန္တလေး၊ မြစ်ကြီးနား၊ တောင်ကြီး၊ တာချီလိတ်စသည့် မြို့များသို့လည်း တင်ပို့ရောင်းချလျက်ရှိကြောင်း သိရသည်။

      မြေပဲတွင် ပါဝင်သော အာဟာရဓာတ်များမှာ ကယ်လိုရီ (၅၄၈)ဂရမ်၊ ပရိုတင်းဓာတ် (၂၃.၄) ဂရမ်၊ အဆီဓာတ်(၄၅.၃)ဂရမ်၊ ထုံးဓာတ်(၅၈)မီလီဂရမ်၊ သံဓာတ်(၂)မီလီဂရမ်၊ ဗီတာမင်ဘီဝမ်း(၁) မီလီဂရမ် တို့ဖြစ်သည်။ မြေပဲကို အဓိကအားဖြင့် စားသုံးဆီအဖြစ်ကြိတ်ခွဲထုတ်လုပ် စားသုံးကြသည်။ မြေပဲဆီသည် အဆင့်မြင့်လူကြိုက်များသည့် ဆီဖြစ်သည်။ မြေပဲကို ဟင်းသီးဟင်းရွက်ဆီအဖြစ် အဓိကအသုံးပြုရန် စိုက်ပျိုးကြသော်လည်း ကမ္ဘာ့ကုန်သွယ်ရေးတွင် အစားအစာသီးနှံ( Food Crop)အဖြစ် မြေပဲ၏အရေးပါမှုသည် နှစ်စဉ်တိုးတက်လျက်ရှိသည်။ မြေပဲဆံတွင် အစားချေဖျက်နိုင်သော ပရိုတိန်းဓာတ်ပါဝင်မှု များပြားသဖြင့်လည်းကောင်း၊ မြေပဲဆံ၏ ပြုပြင်ပြီးအရသာမှာ ထူးကဲမှုရှိ၍လည်းကောင်း ယခင်က သရေစာအစားအစာနှင့် စားသုံးဆီအဖြစ် သုံးစွဲကြသည်။ ယခုနောက်ပိုင်း မြေပဲစားသုံးခြင်းဖြင့် ကိုယ်ဝန်ဆောင်များအတွက် ကောင်းမွန်စေခြင်း၊ နှလုံးကျန်းမာရေးအတွက် အကျိုးရှိခြင်း၊ သည်းခြေကျောက်တည်ခြင်းကို ၂၅ရာခိုင်နှုန်းအထိ လျော့ကျစေနိုင်ခြင်း၊ ဦးနှောက်ကို သွေးစီးဆင်းလည်ပတ်မှု အားကောင်းစေခြင်း၊ စိတ်ဓာတ်ကျခြင်းကို တိုက်ဖျက်ပေးနိုင်ခြင်း၊ ဆီးချိုရောဂါကို လျော့ကျစေနိုင်ခြင်းစသည့် အကျိုးကျေးဇူးများကြောင့် မြေပဲဆံ (မြေပဲဆားလှော်)၊ မြေပဲအပွကြော်၊ ကြက်ဥမြေပဲတို့ကို စားသုံးသူများ နှစ်ခြိုက်စွာ ပိုမိုစားသုံးလာကြကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

 

ဇူလိုင်လ၊ ပထမအပတ်တွင်ဖြစ်ပေါ်နေသော ဆိပ်ဖြူကြက်သွန်နီ၏ ဈေးနှုန်းဈေးကွက်အခြေအနေ

   ဆိပ်ဖြူမြို့၊ ကြက်သွန်နီဈေးကွက်သို့ ၂၀၂၃ခုနှစ်၊ ဇူလိုင်လ(၁)ရက်နေ့မှ (၇)ရက်နေ့အထိ၊ ပထမအပတ်အတွင်း နေ့စဉ်ကုန်ချိန်ပိဿာ (၆)သောင်းခန့်၊ (၁)ပတ်အတွင်း စုစုပေါင်းပိဿာ(၄)သိန်းခန့်ဝင်ရောက်အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်းသိရှိရသည်။

   ဇူလိုင်လ၊ ပထမအပတ်အတွင်း ကြက်သွန်နီ(၁)ပိဿာဈေးနှုန်းမှာ အမြင့်ဈေး ထိပ်စ(ရှယ်) ကျပ်(၁၉၅၀)မှ ကျပ်(၁၈၅၀)၊ အလတ်စ ကျပ်(၁၈၀၀) မှ ကျပ်(၁၇၀၀)၊ အနိမ့်ဈေး ကျပ်(၁၆၀၀)မှ ကျပ်(၁၅၀၀)ဈေးနှုန်းအသီးသီးဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပါသည်။ ယခင်ဇွန်လ၊စတုတ္ထအပတ်တွင် ကြက်သွန်နီထိပ်စအမြင့်ဆုံးဈေးမှာ (၁)ပိဿာလျှင် ကျပ်(၁၉၅၀)မှ ကျပ်(၁၉၃၅)ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့၍ ယခုအပတ်တွင် ထိပ်စ(ရှယ်) ကျပ်(၈၅)၊ အလတ်စနှင့် အသေးစ ကျပ်(၅၀)ခန့်ဈေးနှုန်းကျဆင်းလာ၍ အရောင်းအဝယ်ဖြစ်ခဲ့ပါသည်။

  ဆိပ်ဖြူမြို့မှ ကြက်သွန်နီများကို ရန်ကုန်ဘုရင့်နောင်ပွဲရုံနှင့် ဧရာဝတီတိုင်းဒေသကြီး၊ မြဝတီဝယ်လက်မှတစ်ဆင့် ဗီယက်နမ်နိုင်ငံသို့ အများဆုံးကုန်စည်စီးဆင်းလျက်ရှိကြောင်း ကြက်သွန်နီဈေးကွက်မှသိရှိရသည်။ ယခုဇူလိုင်လ၊ ပထမအပတ်အတွင်း ကြက်သွန်နီစုစုပေါင်းပျမ်းမျှပိဿာ (၄)သိန်းခန့်၊ (၁၃၃၃၂)အိတ်၊ တန်ချိန်(၆၅၃)ခန့် ကုန်စည်စီးဆင်းခဲ့ကြောင်း ဈေးကွက်မှသိရှိရသည်။

     ဆိပ်ဖြူမြို့၊ ပတ္တမြားဈေးအတွင်းရှိ ဈေးတန်းများတွင် ကြက်သွန်နီ၏ အရွယ်အစားနှင့် အရည်အသွေးကိုလိုက်၍ (၁)ပိဿာလျှင် လက်လီဈေး ကျပ်(၂၃၀၀)မှ ကျပ်(၁၆၀၀)ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစလျက်ရှိကြောင်းသိရှိရပါသည်။  

DOCA(မကွေး)

ရွှေဘိုခရိုင်အတွင်း စပါး/ဆန် ဈေးနှုန်းများနှင့် စီးထွက်မှုအခြေအနေ

    ရွှေဘိုခရိုင်အတွင်းရှိ မြို့နယ်များ၌ ၂၀၂၃ခုနှစ်၊ဇူလိုင်လ (‌ပထမပတ်)တွင် စပါး/ဆန် ဈေးနှုန်းများ အနည်းငယ် မြင့်တက်နေပါသည်။ရွှေဘိုခရိုင်မှ အခြားတိုင်း ဒေသကြီးများသို့ ဆန်စီးထွက်မှုမှာ ဇွန်လ(နောက်ဆုံးပတ်)တွင်  ရန်ကုန်သို့ အိတ်ရေ ၁၄၀၀၀ ၊ မန္တလေးသို့ အိတ်ရေ ၂၀၃၇၀၊ နေပြည်တော်သို့ အိတ်ရေ ၆၀၀၀၊ ရှမ်း(တောင်)သို့ အိတ်ရေ ၄၀၀၀၊ ရှမ်း(မြောက်)သို့ အိတ်ရေ ၄၀၀၀၊ ပခုက္ကူသို့ အိတ်ရေ ၃၀၊ စုစုပေါင်း အိတ်ရေ ၄၈၄၀၀၊ တန်အားဖြင့် ၂၄၂၀တန် စီးထွက်ခဲ့ပါသည်။ယခုအပတ်တွင် ရွှေဘိုခရိုင်မှ အခြားတိုင်းဒေသ ကြီးများသို့ ဆန်စီးထွက်မှုမှာ ရန်ကုန်သို့ အိတ်ရေ ၁၆၀၀၀၊မန္တလေးသို့ အိတ်ရေ ၂၈၄၀၀၊ နေပြည်တော်သို့ အိတ်ရေ၇၀၀၀ ၊ရှမ်း(တောင်)သို့ အိတ်ရေ၄၅၀၀ ၊ ရှမ်း(မြောက်)သို့ အိတ်ရေ ၄၅၀၀၊ပခုက္ကူသို့ အိတ်ရေ ၆၀၀ ၊ စုစုပေါင်းအိတ်ရေ ၆၁၀၀၀၊ တန်အားဖြင့် ၃၀၅၀တန် စီးထွက်ခဲ့သည့်အတွက် ယခင်အပတ်နှင့် နှိုင်းယှဉ်လျှင် ယခုအပတ်အတွင်း အိတ်ရေ ၁၂၆၀၀၊ တန်အားဖြင့် ၆၃၀တန် ပို၍ စီးထွက်ခဲ့ပါသည်။

       ရွှေဘိုမြို့၏ ဇူလိုင်လ (ပထမပတ်)တွင် ဖြစ်ပေါ်နေသော စပါး/ဆန်  ဈေးနှုန်းများမှာ ရွှေဘိုပေါ်ဆန်းစပါး တင်း၁၀၀ လျှင် ကျပ် ၂၉၀၀၀၀၀၊ ရွှေဘိုပေါ်ဆန်း ဆန် ၂၄ပြည်ပါ တစ်အိတ်လျှင် ကျပ်၁၀၀၀၀၀ ၊ ဧရာမင်း စပါး  တင်း၁၀၀ လျှင် ကျပ် ၂၅၀၀၀၀၀၊ ဧရာမင်းဆန် ၂၄ပြည်ပါ တစ်အိတ်လျှင် ကျပ်၁၀၀၀၀၀နှင့် ၂၀၂၂-၂၀၂၃ခုနှစ်  ရွှေဝါထွန်း(နွေစပါး) တင်း၁၀၀ လျှင် ကျပ် ၁၅၅၀၀၀၀၊ ရွှေဝါထွန်းဆန် ၂၄ပြည်ပါ တစ်အိတ်လျှင် ကျပ် ၆၄၀၀၀ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

 

ရွှေဘိုမြို့တွင်ရောင်းချနေသော အခြေခံစားကုန်ဈေးနှုန်းအခြေအနေ

       စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများအပြင် အခြေခံစားကုန်ဈေးနှုန်းများကို အပတ်စဉ် တင်ပြလျက်ရှိပါသည်။

     ၂၀၂၃ခုနှစ်၊ ဇွန်လ (လကုန်ပတ်)တွင် ရွှေဘိုမြို့နယ်၏ အခြေခံစားကုန်ဈေးနှုန်းများမှာ  ရွှေဘိုပေါ်ဆန်းဆန်(၁)ပြည်လျှင် (၄၈၀ဝိ/-)ကျပ်နှင့် ဧရာမင်းဆန်(သစ်)(၁)ပြည်လျှင် (၄၈၀ဝိ/-) ကျပ်တို့ဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိပါသည်။ ကြက်သွန်နီ(သစ်) လက်လီဈေးမှာ (ကြီး) (၁)ပိဿာလျှင် (၂၀၀ဝိ/-)ကျပ်၊ (လတ်) (၁)ပိဿာလျှင် (၁၈၀ဝိ/-)ကျပ်နှင့် (သေး) (၁)ပိဿာလျှင် (၁၅၀ဝိ/-)တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ကြက်သွန်ဖြူလက်လီဈေးမှာ (ဗမာ)(၁)ပိဿာလျှင် (၈၀၀ဝိ/-)ကျပ်မှ (၉၀၀ဝိ/-)ကျပ်ထိ၊ ရှမ်းကြက်သွန်ဖြူ (၁)ပိဿာလျှင် (၇၀၀ဝိ/-)ကျပ် မှ (၈၀၀ဝိ/-)ကျပ်ထိ၊ (ကြူကုပ်) (၁)ပိဿာလျှင် (၆၀၀ဝိ/-)ကျပ်မှ (၇၀၀ဝိ/-)ကျပ်ထိ၊ ချင်း (၁)ပိဿာလျှင် (၇၀၀ဝိ/-)ကျပ်မှ (၁၀၀၀ဝိ/-)ကျပ်၊ ငရုတ်သီးခြောက် (၁)ပိဿာလျှင် အမျိုးအစားအလိုက် (၁၇၀၀ဝိ/-) ကျပ်မှ (၁၈၀၀ဝိ/-)ကျပ်ထိ၊ အာလူး (၁)ပိဿာလျှင် (၂၄၀ဝိ/-) ကျပ်မှ (၃၂၀ဝိ/-)ကျပ်ထိ နှင့် ခရမ်းချဉ်သီး (၁)ပိဿာလျှင် (၁၈၀ဝိ/-)ကျပ်တို့ဖြင့် အရောင်းအဝယ် ဖြစ်နေပါသည်။

      ကြက်ဥလက်လီဈေးနှုန်းမှာ (ကြီး) (၁)လုံးလျှင် (၃၀ဝိ/-)ကျပ်၊ (သေး) (၁)လုံးလျှင် (၂၅ဝိ/-) ကျပ်၊ ဘဲဥ(ကြီး) (၁)လုံးလျှင် (၃၀ဝိ/-)ကျပ်နှင့် (သေး) (၁)လုံးလျှင် (၂၅ဝိ/-)ကျပ်တို့ရှိပါသည်။

     ရွှေဘိုမြို့၏ အသားငါးဈေးနှုန်းများမှာ ကြက်သား (CP) (၁)ပိဿာလျှင်(၁၀၀၀ဝိ/-)ကျပ်မှ (၁၂၀၀ဝိ/-)ကျပ်ထိ၊ ကြက်သား (ဗမာ) (၁)ပိဿာလျှင် (၁၃၀၀ဝိ/-)ကျပ်မှ (၁၅၀၀ဝိ/-)ကျပ်ထိ၊ ဝက်သား (၁)ပိဿာလျှင် (၂၀၀၀ဝိ/-)ကျပ်မှ (၂၂၀၀ဝိ/-)ကျပ်ထိ၊ အမဲသား (၁)ပိဿာလျှင်(၁၆၀၀ဝိ/) ကျပ်၊ ငါးမြစ်ချင်း (၁)ပိဿာလျှင် (၇၅၀ဝိ/-)ကျပ်နှင့် ငါးကြင်း (၁)ပိဿာလျှင်  (၇၀၀ဝိ/-)ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်ကြောင်း သိရှိပါသည်။

      စားသုံးဆီဈေးနှုန်းများမှာ ပဲဆီသန့် (၁)ပိဿာလျှင် (၁၅၀၀ဝိ/-)ကျပ်၊ စားအုန်းဆီ (၁)ပိဿာလျှင် (၇၈၀ဝိ/-)ကျပ်နှင့် နှမ်းဆီ (၁)ပိဿာလျှင် (၁၅၀၀ဝိ/-)တို့ဖြင့် အရောင်းအဝယ်ဖြစ်ကြောင်း  သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

 

 

မုံရွာမြို့နယ်ရှိ ကွမ်းဈေးနှုန်းသိသိသာသာကျဆင်း

    စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်တွင် ကွမ်းကို မိမိတို့အိမ်ခြံဝင်းအတွင်း တစ်နိုင်တစ်ပိုင်အနေဖြင့်လည်းကောင်း၊ အပိုဝင်ငွေရရှိရန်အတွက်လည်းကောင်း စိုက်ပျိုးကြကြောင်း၊ ကွမ်းကို ဆောင်းစိုက်နှင့် မိုးစိုက်ဟူ၍ နှစ်မျိုး ခွဲစိုက်ပျိုးကြပြီး မိုးစိုက်သည် ပိုးကျလွယ်သည့်အတွက် အစိုက်နည်းပြီး ဆောင်းစိုက်ကိုသာ ပိုမိုစိုက်ပျိုးကြကြောင်း သိရသည်။

   မုံရွာမြို့နယ် ကွမ်းဈေးကွက်အနေဖြင့် ၂၀၂၃ခုနှစ်၊ဇွန်လ (ပထမအပတ်)တွင် ကွမ်းတစ်ပိဿာလျှင် ကျပ် (၇၀၀၀-၁၀၀၀၀) ဈေးရရှိခဲ့ကြောင်း၊ယခု ဇူလိုင်(ပထမအပတ်)တွင် အရည်အသွေးအပေါ် မူတည်ပြီး တစ်ပိဿာလျှင် ကျပ်(၂၀၀၀-၃၀၀၀)ဖြင့်သာ ရောင်းချရကြောင်း၊ မိုးဦးရာသီတွင် အထွက်နှုန်းပိုမိုများလာခြင်း၊ ဈေးကွက်အတွင်း ကုန်ဝင်ရောက်မှုများပြားခြင်းကြောင့် ဈေးနှုန်းသိသိသာသာကျဆင်းခြင်းဖြစ်ကြောင်း ကွမ်းစိုက်တောင်သူများထံမှ စုံစမ်းသိရှိရသည်။ 

DOCA(စစ်ကိုင်း)

     

ပခုက္ကူဘိလပ်‌မြေ၊ ဓာတ်မြေဩဇာနှင့် ပိုးသတ်ဆေးဈေးကွက်အခြေအနေ

  ပခုက္ကူမြို့၌ ၂၀၂၃ခုနှစ်၊ ဇူလိုင်လ၊ ပထမအပတ်တွင် ဘိလပ်မြေဈေးကွက်မှာ ယခင်လထက် ရောင်းအားအနည်းငယ်ကျဆင်းခဲ့ပြီး မိုးတွင်းကာလဖြစ်သောကြောင့် ဈေးအနည်းငယ်ကျဆင်းခဲ့ကာ  ကြံနှစ်ကောင်ဘိလပ်မြေတစ်အိတ်လျှင် ကျပ်(၈၆၀၀)၊ အယ်လဖာဘိလပ်မြေတစ်အိတ်လျှင် ကျပ်(၈၆၀၀)ဖြင့် အရောင်းအဝယ်ဖြစ်ကြောင်း သိရှိရပါသည်။

 စိုက်ပျိုးရာသီဖြစ်သောကြောင့်  ဓာတ်မြေဩဇာဈေးနှုန်းများမှာ  အသုံးအများဆုံးဖြစ်သောအာမိုယူရီးယား၊ ဩဘာယူရီးယား၊ ပုလဲရွှေတောင်အမျိုးအစားများမှာ ဈေးတက်လာသည်ကိုတွေ့ရပါသည်။ ယခု ဇူလိုင်လ၊ ပထမအပတ်တွင် အာမိုယူရီးယား(50)kgပါ တစ်အိတ်လျှင် ကျပ်(၉၅၀၀၀)၊ ဩဘာယူရီးယား (50)kgပါ တစ်အိတ်လျှင် ကျပ်(၁၀၀၀၀၀)၊ တရုတ်ပုလဲရွှေတောင်(50)kgပါ  တစ်အိတ်လျှင် ကျပ်(၉၅၀၀၀)အသီးသီးရှိခဲ့ပါသည်။ ပုံမှန်အရောင်းအဝယ်ဖြစ်သော ဓာတ်မြေဩဇာဈေးနှုန်းများမှာ ရွှေနဂါးယူရီးယား (50k)gပါ တစ်အိတ်လျှင် ကျပ်(၈၅၀၀၀)၊ တီစူပါသံကွင်း(50)kgပါ တစ်အိတ်လျှင် ကျပ်(၉၅၀၀၀၊) မြန်မာ့ဩဘာရွှေကောမက်(50)kgပါ တစ်အိတ်လျှင် ကျပ်(၁၂၀၀၀၀)၊ အာမိုကွန်ပေါင်း(50)kgပါ တစ်အိတ်လျှင် ကျပ်(၁၃၈၀၀၀)၊ ဩဘာကွန်ပေါင်း(50)kgပါ တစ်အိတ်လျှင် ကျပ်(၁၅၇၀၀၀)နှင့် ကောမက်ကွန်ပေါင်း ၁၅း၁၅း၁၅(50kg)ပါ တစ်အိတ်လျှင် ကျပ် (၁၃၂၀၀၀) တို့ဖြင့် အသီးသီးအရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။

 ပိုးသတ်ဆေးဈေးနှုန်းများအနေဖြင့် ဇွန်လ၊ ဒုတိယအပတ်ဈေးနှုန်းအတိုင်း ဇူလိုင်လ၊ ပထမအပတ်ထိ ဈေးငြိမ်နေပြီး အာမိုမက်နီဖော့(500)ccတစ်ဘူးလျှင် ကျပ်(၂၇၀၀၀)၊ အာမိုအီမာ(၁)လီတာဘူးတစ်ဘူးလျှင် ကျပ်(၄၃၅၀၀)၊ မင်းမဟော်စီအက်စ်(500)gပါ တစ်ထုပ်လျှင် ကျပ်(၂၀၀၀၀)၊ ဩဘာပို့စ်(၂၅၀)ccဘူးတစ်ဘူးလျှင် ကျပ်(၁၀၀၀၀)၊ ဩဘာအဆီဖိတ် (500)gပါ တစ်ထုပ်လျှင် ကျပ် (၂၀၀၀၀)၊ ဩဘာငှက်ကြီးတောင်(၁၀၀)ccတစ်ဘူးလျှင် ကျပ်(၁၆၀၀၀)၊ ဩဘာငှက်ကြီးတောင်(၂၅၀)ccတစ်ဘူးလျှင် ကျပ်(၃၇၅၀၀)၊ မင်းမဟော်ဖော်ယူဘိုး (500)ccတစ်ဘူးလျှင် ကျပ်(၂၇၀၀၀)၊ မင်းမဟော်ဖော်ယူဘိုး(250)ccတစ်ဘူးလျှင် ကျပ်(၁၄၅၀၀) အသီးသီးရှိပြီး ပိုးသတ်ဆေးများမှာ အရောင်းအဝယ်အနည်းငယ်ပါးလျက်ရှိကြောင်းသိရှိရပါသည်။

DOCA(မကွေး)

 

 

မုံရွာမြို့၊ ချင်းတွင်းရတနာဈေးအတွင်း ရောင်းချနေသော အခြေခံစားကုန်ဈေးနှုန်းများ အခြေအနေ

    စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ရှိ ဈေးများတွင် ယခုရက်သတ္တပတ်အတွင်း ‌ရွှေဘိုပေါ်ဆန်း (သစ်)(တစ်အိတ်)လျှင် ၉၆၀၀၀ကျပ်၊  ဧရာမင်း(ဆန်)(သစ်)(တစ်အိတ်)လျှင် ၉၆၀၀၀ ကျပ်၊ ဧည့်မထ ဆန်(သစ်)(တစ်အိတ်)လျှင် ၇၂၀၀၀ ကျပ်၊ ပဲဆီ(တစ်ပိဿာ)လျှင် ၁၃၄၅၀-၁၃၅၀၀ ကျပ်၊ နှမ်းဆီ (တစ်ပိဿာ)လျှင် ၁၂၀၀၀ ကျပ်၊ နေကြာဆီ(တစ်ပိဿာ)လျှင် ၁၂၀၀၀ကျပ်၊ စားအုန်းဆီ (တစ်ပိဿာ)လျှင် ၇၈၅၀-၇၉၀၀ကျပ်၊ ဆား(တစ်ပိဿာ)လျှင် ၇၀၀-၈၀၀ ကျပ်၊ ငရုတ်ခြောက် (တစ်ပိဿာ) ၁၈၀၀၀ မှ ၁၉၀၀၀ ကျပ်၊ ကြက်သွန်နီ(အသစ်) (တစ်ပိဿာ) ၂၀၀၀ မှ ၂၁၀၀ ကျပ်၊ ကြက်သွန်ဖြူ (ရှမ်းစ) (တစ်ပိဿာ) ၅၈၀၀ မှ ၆၀၀၀ ကျပ်၊ ကြက်သွန်ဖြူ (ကြူကုတ်) (တစ်ပိဿာ) ၇၈၀၀ မှ ၈၀၀၀ ကျပ်၊ အာလူး(တစ်ပိဿာ) ၂၀၀၀ မှ၂၂၀၀ ကျပ်၊ မန်ကျည်းသီးမှည့် (တစ်ပိဿာ) လျှင် ၃၈၀၀-၄၀၀၀ ကျပ်၊ နနွင်းတက် (တစ်ပိဿာ)လျှင် ၅၈၀၀-၆၀၀၀ ကျပ်၊ ခရမ်းချဉ်သီး (တစ်ပိဿာ) ၂၀၀၀ကျပ်၊ ဂေါ်ဖီထုပ်(တစ်ထုပ်)၁၅၀၀ကျပ်၊ ပဲသီး(ပဲထောင့်ရှည်)(တစ်စည်း) ၇၀၀ကျပ်၊ ကြက်သား (တစ်ပိဿာ) လျှင် ၁၀၀၀၀-၁၂၀၀၀ ကျပ်၊ ဝက်သား (တစ်ပိဿာ)လျှင် ၁၈၀၀၀-၂၀၀၀၀ ကျပ်၊ အမဲသား (တစ်ပိဿာ) လျှင်၁၆၀၀၀-၁၇၀၀၀ကျပ်၊ ဆိတ်သား(တစ်ပိဿာ)လျှင်၂၄၀၀၀-၂၆၀၀၀ကျပ်၊ ငါးမြစ်ချင်း(တစ်ပိဿာ) လျှင် ၇၅၀၀-၈၀၀၀ကျပ်၊ ကြက်ဥ (၁)လုံးလျှင် ၂၆၀ ကျပ်၊ ဘဲဥ (၁)လုံးလျှင် ၄၀၀ ကျပ်၊ ဖရဲသီး (ကျောက်စိမ်း) (၁)လုံးလျှင် ၁၅၀၀ မှ ၂၀၀၀ ကျပ်အတွင်း၊ ဖရဲသီး(၂၁၁) (၁)လုံးလျှင် ၃၅၀၀ ကျပ်၊ သခွားမွှေး(၁)လုံးလျှင် ၁၅၀၀မှ ၂၀၀၀ ကျပ်အတွင်း အသီသီးဈေးရှိကြောင်း သိရသည်။

  ယခင်ပတ်နှင့်နှိုင်းယှဉ်ပါက အခြေခံစားကုန်ဈေးနှုန်းများဖြစ်သော ကြက်သွန်နီဈေးနှုန်းများ ဈေးအနည်းငယ်အေးနေပြီး ခရမ်းချဉ်သီးဈေး အနည်းငယ်ဈေးတက်နေပါကြောင်း၊  စားအုန်းဆီဈေးနှုန်းများ ရည်ညွှန်းဈေးပေါ်မူတည်၍ ဈေးနှုန်းအပြောင်းအလဲရှိပါကြောင်း ချင်းတွင်းရတနာဈေးရှိ လက်လီလက်ကားရောင်းဝယ်ဖောက်ကား ရောင်းချနေသောကုန်သည်များထံမှ သိရှိရသည်။

DOCA(စစ်ကိုင်း)

     

 

 

မုံရွာကုန်စည်ဒိုင်၏ ပဲမျိုးစုံ၊ အစေ့ထုတ်ပြောင်း၊ မြေပဲသီးနှံနှင့် နှမ်းမျိုးစုံတို့၏ ဈေးနှုန်း ပြောင်းလဲမှု အခြေအနေ

     မုံရွာကုန်စည်ဒိုင်တွင် ပဲအမျိုးအစားအလိုက် ဈေးနှုန်းများမှာ ယခင်နှစ် ကာလတူဈေးထက် ယခုနှစ် ပဲမျိုးစုံ၊ အစေ့ထုတ်ပြောင်းနှင့် နှမ်းမျိုးစုံဈေးနှုန်းများ ဈေးပိုကောင်းလျက်ရှိပါကြောင်း မုံရွာကုန်စည်ဒိုင် ဈေးနှုန်းသတင်းများအရ သိရသည်။

မတ်ပဲ

          မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ် ဇူလိုင်လ၊ (ပထမ)ပတ်တွင် ပဲတစ်တင်းလျှင် ကျပ် ၅၄၀၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် ဇူလိုင်လ၊ (ပထမ)ပတ်တွင် ပဲတစ်တင်းလျှင် ကျပ် ၇၃၃၀၀ ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကာ တစ်တင်းလျှင် ကျပ် နှစ်သောင်းခန့် ပိုမိုခဲ့သည်။ တစ်ရက်လျှင် အိတ်ရေ ၂၀ မှ ၃၀ ခန့် အရောင်းအဝယ် ဖြစ်ကြောင်း သိရသည်။

ပဲစဉ်းငုံ

          မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ် ဇူလိုင်လ၊ (ပထမ)ပတ်တွင် ပဲတစ်တင်းလျှင် ကျပ် ၄၆၃၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် ဇူလိုင်လ၊ (ပထမ)ပတ်တွင် ပဲတစ်တင်းလျှင် ကျပ် ၁၀၁၆၀၀ ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကာ တစ်တင်း လျှင် ကျပ် ငါးသောင်းခွဲကျော် ပိုမိုခဲ့သည်။ တစ်ရက်လျှင် အိတ်ရေ ၂၀ မှ ၂၅ ခန့် အရောင်း အဝယ် ဖြစ်ကြောင်း သိရသည်။

ပဲတီစိမ်း

          မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ် ဇူလိုင်လ၊ (ပထမ)ပတ်တွင် ပဲတစ်တင်းလျှင် ကျပ် ၄၆၅၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် ဇူလိုင်လ၊ (ပထမ)ပတ်တွင် ပဲတစ်တင်းလျှင် ကျပ် ၅၆၅၀၀ ဖြင့် အရောင်းအဝယ် ဖြစ်ခဲ့ကာ တစ်တင်း လျှင် ကျပ် တစ်သောင်း ပိုမိုခဲ့သည်။ တစ်ရက်လျှင် အိတ်ရေ ၃၀ မှ ၃၅ ခန့် အရောင်းအဝယ်ဖြစ်ကြောင်း သိရသည်။

ကုလားပဲ

          မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ် ဇူလိုင်လ၊ (ပထမ)ပတ်တွင် ကုလားပဲဖြူလုံးကြီးတစ်တင်းလျှင် ကျပ် ၅၁၇၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် ဇူလိုင်လ၊ (ပထမ)ပတ်တွင် ပဲတစ်တင်းလျှင် ကျပ် ၈၆၀၀၀၊ 929  တစ်တင်းလျှင် ကျပ် ၄၈၅၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် ဇူလိုင်လ၊ (ပထမ)ပတ်တွင် ပဲတစ်တင်းလျှင် ကျပ် ၈၅၀၀၀၊ ထိုင်ဝမ် တစ်တင်းလျှင် ကျပ် ၄၇၅၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် ဇူလိုင်လ၊ (ပထမ)ပတ်တွင် ပဲတစ်တင်းလျှင် ကျပ် ၈၁၃၀၀ ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကာ တစ်တင်းလျှင် ကျပ်သုံးသောင်းခွဲကျော် ပိုမိုခဲ့သည်။ တစ်ရက်လျှင် အိတ်ရေ ၃၀ မှ ၅၀ ခန့် အရောင်းအဝယ် ဖြစ်ကြောင်း သိရသည်။

စွန်တာနီ/ပြာ

          မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ် ဇူလိုင်လ၊ (ပထမ)ပတ်တွင် ပဲတစ်တင်းလျှင် ကျပ် ၄၅၅၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် ဇူလိုင်လ၊ (ပထမ)ပတ်တွင် ပဲတစ်တင်းလျှင် ကျပ် ၆၃၃၀၀ ဖြင့် အရောင်းအဝယ် ဖြစ်ခဲ့ကာ တစ်တင်းလျှင် ကျပ်နှစ်သောင်းခန့် ပိုမိုခဲ့ပါသည်၊ တစ်ရက်လျှင် အိတ်ရေ ၂၀ မှ ၂၅ ခန့် အရောင်းအဝယ်ဖြစ်ကြောင်း သိရသည်

ထောပတ်ပဲ

          မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ် ဇူလိုင်လ၊ (ပထမ)ပတ်တွင် ပဲတစ်တင်းလျှင် ကျပ် ၄၃၅၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် ဇူလိုင်လ၊ (ပထမ)ပတ်တွင် ပဲတစ်တင်းလျှင် ကျပ် ၁၀၃၃၀၀ ဖြင့် အရောင်းအဝယ် ဖြစ်ခဲ့ကာ တစ်တင်းလျှင် ခြောက်သောင်းခန့် ပိုမိုခဲ့ပါသည်။ တစ်ရက်လျှင် အိတ်ရေ ၂၀ မှ ၂၅ ခန့် အရောင်း အဝယ်ဖြစ်ကြောင်း သိရသည်။

အစေ့ထုတ်ပြောင်း

          မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ် ဇူလိုင်လ၊ (ပထမ)ပတ်တွင် ပြောင်းတစ်တင်းလျှင် ကျပ် ၁၄၅၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် ဇူလိုင်လ၊ (ပထမ)ပတ်တွင် ပြောင်း တစ်တင်းလျှင် ကျပ် ၁၉၄၀၀ ဖြင့် အရောင်းအဝယ် ဖြစ်ခဲ့ကာ တစ်တင်းလျှင် ကျပ် ငါးထောင်ခန့် ပိုမိုခဲ့ပါသည်။ တစ်ရက်လျှင် အိတ်ရေ ၁၀ မှ ၂၀ ခန့် အရောင်းအဝယ်ဖြစ်ကြောင်း သိရသည်။

မြေပဲဆံသီးနှံ

          မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ် ဇူလိုင်လ၊ (ပထမ)ပတ်တွင် မြေပဲဆံနီ တစ်ပိဿာလျှင် ကျပ် ၄၅၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် ဇူလိုင်လ၊ (ပထမ)ပတ်တွင် တစ်ပိဿာလျှင် ကျပ် ၉၀၀၀၊ ယခင်နှစ် ဇူလိုင်လ၊ (ပထမ)ပတ်တွင် မြေပဲဆံဖြူ တစ်ပိဿာလျှင် ကျပ် ၄၅၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် ဇူလိုင်လ၊ (ပထမ)ပတ်တွင် တစ်ပိဿာလျှင် ကျပ် ၇၀၀၀၊ တစ်ပိဿာလျှင် ကျပ် နှစ်ထောင်ကျော်မှ လေးထောင်ကျော်အထိ ပိုမိုခဲ့သည်။ တစ်ရက်လျှင် အိတ်ရေ ၂၀ မှ ၂၅ ခန့် အရောင်းအဝယ်ဖြစ်ကြောင်း သိရသည်။

နှမ်းမျိုးစုံသီးနှံ

          မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ် ဇူလိုင်လ၊ (ပထမ)ပတ်တွင် နှမ်းနက် တစ်တင်းလျှင် ကျပ် ၇၅၀၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် ဇူလိုင်လ၊ (ပထမ)ပတ်တွင် တစ်တင်းလျှင် ကျပ် ၁၀၆၆၀၀၊ နှမ်းဖြူ တစ်တင်းလျှင် ကျပ် ၆၂၅၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် ဇူလိုင်လ၊ (ပထမ)ပတ်တွင် တစ်တင်းလျှင် ကျပ် ၁၁၇၀၀၀၊ နှမ်းညို တစ်တင်း လျှင် ကျပ် ၅၂၀၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် ဇူလိုင်လ၊ (ပထမ)ပတ်တွင် တစ်တင်းလျှင် ကျပ် ၉၈၃၀၀ ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကာ တစ်တင်းလျှင် ကျပ်သုံးသောင်းကျော်မှ ငါးသောင်းခွဲခန့်အထိ ပိုမိုခဲ့ပါသည်။ တစ်ရက်လျှင် အိတ်ရေ ၃၀ မှ ၄၀ ခန့် အရောင်းအဝယ်ဖြစ်ကြောင်း မုံရွာကုန်စည်ဒိုင် ဈေးနှုန်းများစာရင်းအရ သိရပါသည်။

DOCA(စစ်ကိုင်း)

 

 

မုံရွာခရိုင်အတွင်း စပါး/ဆန် ဈေးနှုန်းအခြေအနေ

     မုံရွာခရိုင်အတွင်းရှိ မြို့နယ်များ၌ ဇူလိုင်လ ပထမပတ်တွင် စပါးဈေးနှုန်းနှင့် ဆန်ဈေးနှုန်းများ မြင့်တက်လျက်ရှိပါကြောင်း သိရပါသည်။

    မုံရွာမြို့၏ ဇူလိုင်လ ပထမပတ်တွင် ဖြစ်ပေါ်နေသော စပါး/ဆန်း ဈေးနှုန်းများမှာ ဧရာမင်း စပါးတင် ၁၀၀ လျှင် ကျပ် ၂၅၀၀၀၀၀ မှ ၂၅၅၀၀၀၀၊ ဧရာမင်းဆန်  ၂၄ ပြည်ပါ တစ်အိတ်လျှင် ၉၇၀၀၀ မှ ၁၀၀၀၀၀ ထိ၊ မနောသုခစပါးတင် ၁၀၀ လျှင် ကျပ် ၁၈၀၀၀၀၀၊ မနောသုခဆန် ၂၄ ပြည်ပါ တစ်အိတ်လျှင် ကျပ် ၇၅၀၀၀၊ ပေါ်ဆန်းစပါးတင် ၁၀၀ လျှင် ကျပ် ၂၈၅၀၀၀၀၊ ပေါ်ဆန်းဆန် ၂၄ ပြည်ပါတစ်အိတ်လျှင် ကျပ် ၉၉၀၀၀ မှ ၁၀၅၀၀၀ ထိတို့ဖြင့် အရောင်းအဝယ်ဖြစ်ကြောင်း သိပါသည်။

    ယခင်လ ပထမအပတ် စပါး/ဆန်ဈေးနှုန်းများနှင့် ယခုလ ပထမအပတ် ဈေးနှုန်းများ နှိုင်းယှဉ်လျှင် ဧရာမင်းစပါးတင် ၁၀၀ လျှင် ၅၀၀၀၀ ကျပ် ၊ ဧရာမင်းဆန်  ၂၄ ပြည်ပါတစ်အိတ်လျှင် ၅၀၀၀ ကျပ် ၊ ပေါ်ဆန်းစပါးတင် ၁၀၀ လျှင် ၅၀၀၀၀ ကျပ် ၊ ပေါ်ဆန်းဆန် ၂၄ ပြည်ပါတစ်အိတ်လျှင် ၅၀၀၀  ကျပ် အသီးသီး ဈေးနှုန်းမြင့်တက်ကြောင်း‌ မုံရွာမြို့နေ ဆန်စက်ပိုင်တစ်ဦးထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း