ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ပခုက္ကူဒေသထွက် မြန်မာ့ရိုးရာအစားအစာဖြစ်သော နှမ်းဖတ်ချဉ်

   စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ဦးစီးမှူး ဒေါ်စန်းမြင့်ရီသည် တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်မှုနှင့် ပခုက္ကူခရိုင်ဦးစီးမှူး၏ ကြီးကြပ်ကွပ်ကဲမှုတို့နှင့်အတူ ပြည်တွင်းထုတ်ကုန်ကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဒေသတွင်းထုတ်ကုန်လုပ်ငန်းတစ်ခုဖြစ်သည့် နှမ်းဖတ်ချဉ်ထုတ်လုပ်ရောင်းချသောလုပ်ငန်းရှင်နှင့် (၁၀-၇-၂၀၂၃) ရက်နေ့၊ နံနက် (၁၀း၀၀) နာရီအချိန်တွင် သွားရောက်တွေ့ဆုံခြင်းများဆောင်ရွက်ခဲ့ပါသည်။

    ပခုက္ကူဒေသသည် ဒေသတွင်းအသေးစားလုပ်ငန်းများ၊ စားသောက်ကုန်ထုတ်လုပ်မှုလုပ်ငန်းများကို ပိုမိုများပြားစွာလုပ်ကိုင်နိုင်မှုကြောင့် ဒေသတွင်းစီးပွားရေးကောင်းမွန်သော ဒေသတစ်ခုဖြစ်ပါသည်။ ဒေသတွင်းထုတ်ကုန်များစွာရှိသည့်အနက် ပခုက္ကူဒေသထွက် မြန်မာ့ရိုးရာအစားအစာတွင် နှမ်းဖတ်ချဉ်လည်းအပါအဝင်ဖြစ်သည်။ ပခုက္ကူလက်ဆောင်ဟုပြောလိုက်သည်နှင့်တစ်ပြိုင်နက် နှမ်းဖတ်ချဉ်သည် မပါလျှင်မဖြစ်သောအစားအစာတစ်ခုဖြစ်ပါသည်။

      လုပ်ငန်းရှင်၏ပြောကြားချက်အရ နှမ်းဖတ်ချဉ်ထုတ်လုပ်သည့်လုပ်ငန်းကို ယခုအချိန်မှ လုပ်ကိုင်ခြင်းမဟုတ်ဘဲ ဘိုးဘွားစဉ်ဆက် လက်ဆင့်ကမ်းလုပ်ကိုင်လာခဲ့ကြပြီး မိသားစုဝင်များဖြင့်သာ တစ်နိုင်တစ်ပိုင်ထုတ်လုပ်ရောင်းချကြောင်းသိရှိရပါသည်။ နှမ်းဖတ်ချဉ်ဟုဆိုသော်လည်း အမှန်မှာ ပဲကိုကြိတ်၍ ထွက်လာသောပဲဖတ်များကိုသာ အချဉ်ပြုလုပ်ကြောင်း၊ နှမ်းဖတ်မှာ အနည်းငယ်မဲ၍ ပဲဖတ်မှာ ဖြူဖွေးပြီး အရောင်အဆင်းလှသောကြောင့် ပဲဖတ်နှင့်သာ ထုတ်လုပ်ကြောင်းသိရှိရပါသည်။

     ကုန်ကြမ်းဖြစ်သော ပဲခွေဖတ် (ဆုံခွေဖတ်) များကို ပခုက္ကူမြို့ပေါ်ရှိ ဆီစက်ကြီးများမှ တစ်ပိဿာလျှင် ကျပ် (၃၁၀၀-၃၂၀၀) ဈေးဖြင့်ဝယ်ယူရကြောင်း၊ တစ်နေ့လျှင် တစ်ခွေကို (၃) ပိဿာ၊ (၃) ပိဿာနှင့် (၅၀)ကျပ်သားအချိန်ရှိသော ပဲဖတ်ခွေ (၁၆) ခွေကုန်ကြောင်း၊ ပဲဖတ်တွင်လည်း မြေပဲဆံအကြီးကိုကြိတ်၍ရသော ပဲဖတ်သည် အချဉ်ပြုလုပ်ရာတွင် အရောင်ပြောင်းသောကြောင့် မြေပဲဆံအသေးကိုကြိတ်သော ကြိတ်ဖတ်များကိုသာအသုံးပြုကြောင်း သိရပါသည်။

     မြေပဲဖတ် (ဆုံခွေဖတ်) များ၏အလေးချိန်ကိုမူတည်၍ ရေကိုသင့်တော်သည့်နှုန်းအတိုင်းထည့်ပြီး ဆားအနည်းငယ်ထည့်၍ ကြေမွနေအောင်မွှေကာ နေလှန်းရကြောင်း၊ စိုထိုင်းမှုရှိသေးလျှင် အထွက်နည်း၍ ခြောက်သွေ့အောင်နေလှန်းမှသာ အရောင်လှ၍ အထွက်ကောင်းသောကြောင့် (၂) ရက်၊ (၃) ရက်အထိနေလှန်းရကြောင်း၊ ဆန်ဆေးရေနှင့်ရောစပ်ရသောပဲဖတ်ချဉ်သည် ပုပ်သိုးလွယ်၊ မှိုတက်လွယ်သောကြောင့် လုပ်ငန်းရှင်အနေဖြင့် ရေနှင့်သာရောစပ်၍ ထုတ်လုပ်ကြောင်းသိရှိရပါသည်။

    မြေပဲဖတ်တစ်ခွေစိမ်လျှင် ပဲဖတ်ချဉ် (နှမ်းဖတ်ချဉ်) (၅) ပိဿာမှ (၆) ပိဿာအထိထွက်ရှိပြီး တစ်ပိသာလျှင် ရောင်းဈေးမှာ ကျပ် (၃၂၀၀) ရှိသောကြောင့် အမြတ်အစွန်းများစွာရရှိကြောင်း၊ ရောင်းအားအနေဖြင့် တစ်နေ့လျှင် ပိဿာ (၁၀) မှ (၅၀) အထိရှိပြီး ဒေသတွင်းစားသုံးမှုရှိသည့်အပြင် ရန်ကုန်၊ မန္တလေး၊ မုံရွာမြို့များအထိရောင်းချရကြောင်းသိရှိရပါသည်။

    မိသားစုတစ်နိုင်တစ်ပိုင်လုပ်ငန်းဖြစ်သော်လည်း တွင်ကျယ်စွာထုတ်လုပ်နိုင်သောကြောင့် ပြည်တွင်းကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူပြုလျက်ရှိကြောင်း တင်ပြလိုက်ရပါသည်။

DOCA(မကွေး)

 

ပခုက္ကူမြို့တွင် အရောင်းအဝယ်ဖြစ်နေသောဆန်ဈေးနှုန်းများ

    ပခုက္ကူဒေသသည် စပါးစိုက်ဧကနည်းပြီး စားသုံးဆန်ဖူလုံမှုမရှိသောကြောင့် တခြားတိုင်းဒေသကြီးများနှင့် မြို့နယ်များမှ ဆန်တင်သွင်းရပါသည်။ ဧရာဝတီတိုင်းဒေသကြီးဖြစ်သော ပုသိမ်၊ မြောင်းမြ၊ မြန်အောင်မြို့များမှ ရေကြောင်းလမ်းဖြင့်လည်းကောင်း၊ ရွှေဘို၊ ဆင်ဖြူကျွန်း၊ စလင်းဒေသများမှ ကုန်းလမ်းကြောင်းဖြင့်လည်းကောင်း နေ့စဉ်ဝင်ရောက်လျက်ရှိပါသည်။

   ပခုက္ကူဒေသတွင် ဆန်များကိုမှာယူစားသုံးရပြီး သယ်ယူပို့ဆောင်စရိတ်မြင့်တက်လာခြင်းကြောင့် ဆန်ဈေးနှုန်းများလည်း အနည်းငယ်မြင့်တက်လာသည်ကိုတွေ့ရပါသည်။ ၂၀၂၃ခုနှစ်၊ ဇူလိုင် (ဒုတိယပတ်) တွင် အရောင်းအဝယ်ဖြစ်နေသောဆန်ဈေးနှုန်းများမှာ အများစားသုံးသောဆန်ဖြစ်သည့် မြောင်းမြဧရာပဒေသာမှာ တစ်အိတ်လျှင် ကျပ် (၉၅၀၀၀)၊ စလင်း၊ ရှောက်တောဘက်တို့မှလာသော ဧရာပဒေသာထူးရှယ်တစ်အိတ်လျှင် ကျပ် (၁၀၂၀၀၀)၊ ဧည့်မထဆန်မျိုးဖြစ်သော ချန်ဧရာတစ်အိတ်လျှင် ကျပ် (၈၅၀၀၀)၊ အောင်သုခတစ်အိတ်လျှင် ကျပ် (၇၉၀၀၀)၊ လိပ်မလေးတစ်အိတ်လျှင် ကျပ် (၈၂၀၀၀)၊ မနောသုခအဟောင်းတစ်အိတ်လျှင် ကျပ် (၇၉၀၀၀)၊ မနောသုခအသစ်တစ်အိတ်လျှင် ကျပ် (၆၄၀၀၀-၆၆၀၀၀)၊ ဝန်ကြီးပဒေသာတစ်အိတ်လျှင် ကျပ် (၁၀၅၀၀၀)၊ ဧရာမင်းတစ်အိတ်လျှင် ကျပ် (၁၀၅၀၀၀)၊ ဆလတ်ကြီး (မိုး) တစ်အိတ်လျှင် ကျပ် (၅၅၀၀၀)၊ ဆလတ်ကြီး (နွေ) တစ်အိတ်လျှင် ကျပ် (၅၃၀၀၀) အသီးသီးဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။

    ပေါ်ဆန်းမွှေးမှာ ဒုတိယအများဆုံးစားသုံးသောဆန်ဖြစ်ပြီး ဇူလိုင် (ဒုတိယပတ်) တွင် ဇွန်လ၊ နောက်ဆုံးအပတ်ဈေးအတိုင်း ဈေးငြိမ်နေသည်ကိုတွေ့ရှိရပါသည်။ မြောင်းမြဒေသမှလာသော ပေါ်ဆန်းမွှေးမှာ တစ်အိတ်လျှင် ကျပ် (၉၅၀၀၀-၁၀၀၀၀၀) ရှိပြီး ရွှေဘိုမှလာသော ပေါ်ဆန်းမွှေးမှာ တစ်အိတ်လျှင် ကျပ် (၁၁၅၀၀၀) နှင့် အရောင်းအဝယ်ဖြစ်နေကြောင်းသိရှိရပါသည်။

DOCA(မကွေး)

 

“ကျောက်တန်းငါးခြောက်အကြောင်း သိကောင်းစရာ”

    ရန်ကုန်တိုင်းဒေသကြီး၊  ကျောက်တန်းမြို့နယ်အတွင်းရှိ ကျေးရွာများအနက် မီးပြစံပြကျေးရွာသည် ငါးခြောက်လုပ်ငန်းလုပ်ကိုင်ခြင်းဖြင့် အောင်မြင်လျက်ရှိသည်မှာ ယနေ့အချိန်ထိဖြစ်သည်။ ကျောက်တန်းမြို့မှထွက်ရှိသည့် ငါးခြောက်၏လူသိများလှပုံမှာ ကျောက်တန်းမြို့ဟုပြောလိုက်သည်နှင့် ကျောက်တန်းငါးခြောက်ကိုပြေးမြင်မိသကဲ့သို့ ကျောက်တန်းငါးခြောက်ဟုပြောလိုက်သည်နှင့် မသိသူမရှိလောက်အောင် လူသိများလှပေသည်။

    ကျောက်တန်းမြို့နယ်၊ မီးပြစံပြကျေးရွာမှ အဓိကဒေသထွက်ကုန်များဖြစ်သည့် ငါးခြောက်အမျိုးအစားများမှာ ငါးပြေမခြောက်၊ ငါးကတ်သာခြောက်၊ ငါးရောင်ခြောက်၊ ငါးနှပ်ခြောက်၊ ငါးပုတ်ခြောက်၊ ငါးပုတ်သင်ခြောက် (ခ) နတ်ကတော်ခြောက်ဟူ၍ (၆) မျိုးရှိကြောင်း ငါးခြောက်လုပ်ငန်းလုပ်ကိုင်သူများထံမှ သိရှိရပါသည်။

    အဆိုပါ ငါးခြောက်များကို ကျောက်တန်းမြို့နယ်အတွင်း၌သာရောင်းချကြောင်းနှင့် ကျောက်တန်းမြို့ရှိ ရေလည်ဘုရားသို့ ဘုရားဖူးလာရောက်သည့် ရပ်ဝေးရပ်နီးမှ ဘုရားဖူးဧည့်သည်များကလည်း ဝယ်ယူအားပေးလျက်ရှိကြောင်း၊ ဈေးနှုန်းများအနေဖြင့် ငါးပြေမခြောက်တစ်ပိဿာလျှင် (၂၇၀၀ဝိ/-) ကျပ်၊ ငါးကတ်သာခြောက်တစ်ပိဿာလျှင် (၄၀၀၀ဝိ/-) ကျပ်၊ ငါးရောင်ခြောက်တစ်ပိဿာလျှင် (၃၅၀၀ဝိ/-) ကျပ်၊ ငါးနှပ်ခြောက်တစ်ပိဿာလျှင် (၁၀၀၀ဝိ/-) ကျပ်ဖြင့်ရောင်းချကြောင်းသိရှိရပြီး ငါးခြောက်ဈေးကွက်အနေဖြင့် နွေရာသီအချိန်တွင် ရောင်းအားကောင်းပြီး မိုးရာသီအချိန်၌ ရောင်းအားပါးကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)

“သိမ်ဖြူဈေးတွင်ဖြစ်ပေါ်နေသော ကြက်သွန်ဖြူ/နီလက်ကားဈေး”

  ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ သိမ်ဖြူဈေးကြီးအတွင်းသို့ ကား၊ ရထားတို့ဖြင့် ဘုရင့်နောင်ကုန်စည်ဒိုင်နှင့် ရှမ်းပြည်နယ်တို့မှ ကြက်သွန်ဖြူ/နီများမှာ နေ့စဉ် ဝင်ရောက်လျက်ရှိပြီး လက်လီလက်ကားပြန်လည်ရောင်းချလျက်ရှိရာ (၂၉-၆-၂၀၂၃) ရက်နေ့မှ (၅-၇-၂၀၂၃) ရက်နေ့အထိ ကြက်သွန်နီ (ဆိပ်ဖြူ) အဝင် (၃၂၈၅၀) ပိဿာနှင့် ကြက်သွန်ဖြူ (ကြူကုတ်) (၉၀၅၀) ပိဿာဝင်ရောက်ခဲ့ပြီး ကြက်သွန်နီ (ဆိပ်ဖြူ) လက်ကားဈေးမှာ ၁ပိဿာလျှင် ၁၈၀၀ကျပ်မှ ၂၃၀၀ကျပ်အထိဖြစ်၍ ကြက်သွန်ဖြူ (ကြူကုတ်) လက်ကားဈေးမှာ ၁ပိဿာလျှင် ၆၈၀၀ကျပ်မှ ၇၃၀၀ကျပ်အထိဖြင့်လည်းကောင်း၊ (၆-၇-၂၀၂၃) ရက်နေ့မှ (၁၂-၇-၂၀၂၃) ရက်နေ့အထိ ကြက်သွန်နီ (ဆိပ်ဖြူ) အဝင် (၃၄၂၀၀) ပိဿာနှင့် ကြက်သွန်ဖြူ (ကြူကုတ်) (၉၉၀၀) ပိဿာဝင်ရောက်ခဲ့ပြီး ကြက်သွန်နီ (ဆိပ်ဖြူ) လက်ကားဈေးမှာ ၁ပိဿာလျှင် ၁၈၀၀ကျပ်မှ ၂၂၀၀ ကျပ်ထိဖြစ်၍ ကြက်သွန်ဖြူ (ကြူကုတ်) လက်ကားဈေးမှာ ၁ပိဿာလျှင် ၆၄၀၀ကျပ်မှ ၈၀၀၀ကျပ်အထိရှိခဲ့ပြီး ကြက်သွန်နီဈေးနှုန်းမှာ တည်ငြိမ်လျက်ရှိပြီး ကြက်သွန်ဖြူဈေးနှုန်းမှာ အနည်းငယ်မြင့်တက်လျက်ရှိကြောင်း ဈေးတာဝန်ခံရုံးမှသတင်းရရှိပါသည်။

DOCA(ရန်ကုန်)

 

သီရိမင်္ဂလာဈေးရှိ သစ်သီးဝလံဈေးနှုန်းများ

   ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်၊ သီရိမင်္ဂလာဈေးတွင် ဇူလိုင်လ (၆) ရက်နေ့မှ ဇူလိုင်လ (၁၁) ရက်နေ့အထိဖြစ်ပေါ်ခဲ့သော သစ်သီးဝလံဈေးနှုန်းများမှာ မော်လမြိုင်မှ ကျွဲကောသီးအလုံးကြီးတစ်လုံးလျှင် ကျပ်၄၀၀၀၊ အလုံးလတ်တစ်လုံးလျှင် ကျပ်၃၀၀၀၊ အလုံးသေးတစ်လုံးလျှင် ကျပ်၂၅၀၀၊ ဝမ်းတွင်းမှ ဖရဲသီး (211) အလုံးကြီးတစ်လုံးလျှင် ကျပ်၃၅၀၀၊ အလုံးလတ်တစ်လုံးလျှင် ကျပ်၃၀၀၀၊ အလုံးသေးတစ်လုံးလျှင် ကျပ်၂၅၀၀၊ ပုပ္ပါးမှ မာလကာသီးအလုံးကြီးတစ်လုံးလျှင် ကျပ်၃၀၀၊ အလုံးလတ်တစ်လုံးလျှင် ကျပ် ၂၀၀၊ အလုံးသေးတစ်လုံးလျှင် ကျပ်၁၅၀၊ ရေးမှ မင်းဂွတ်သီးအလုံးကြီး (၃၀၀) ပါတစ်ခြင်းလျှင် ကျပ်၃၀၀၀၀၊ အလုံးသေးတစ်ခြင်းလျှင် ကျပ်၂၀၀၀၀၊ ရေးမှ ဒူးရင်းသီးအလုံးကြီးတစ်လုံးလျှင် ကျပ်၅၀၀၀၊ အလုံးလတ်တစ်လုံးလျှင် ကျပ်၄၀၀၀၊ အလုံးသေးတစ်လုံးလျှင် ကျပ်၃၀၀၀၊ ပြင်ဦးလွင်မှ နဂါးမောက်သီးအလုံးကြီး (၁၇) လုံးပါ တစ်ဖာလျှင် ကျပ်၁၅၀၀၀၊ အလုံးလတ်တစ်ဖာလျှင် ကျပ်၁၀၀၀၀၊ အလုံးသေးတစ်ဖာလျှင် ကျပ်၇၀၀၀၊ တိုက်ကြီးမှ ပိန္နဲသီး (ကိုင်းဆက်) အလုံးကြီးတစ်လုံးလျှင် ကျပ်၁၀၀၀၀၊ အလုံးလတ်တစ်လုံးလျှင် ကျပ်၅၀၀၀၊ အလုံးသေးတစ်လုံးလျှင် ကျပ်၃၀၀၀၊ သီပေါမှ နာနတ်သီးအလုံးကြီးတစ်လုံးလျှင် ကျပ်၇၀၀၊ အလုံးလတ်တစ်လုံးလျှင် ကျပ်၅၀၀၊ အလုံးသေးတစ်လုံးလျှင် ကျပ်၄၀၀၊ မအူပင်မှ သရက်သီး (မချစ်စု) အလုံးကြီးတစ်လုံးလျှင် ကျပ်၅၀၀၊ အလုံးလတ်တစ်လုံးလျှင် ကျပ်၄၀၀၊ အလုံးသေးတစ်လုံးလျှင်  ကျပ်၃၀၀၊ မန္တလေးမှ သရက်သီး (ရင်ကွဲ) အလုံးကြီးတစ်လုံးလျှင် ကျပ်၅၀၀၊ အလုံးလတ်တစ်လုံးလျှင် ကျပ်၄၀၀၊ အလုံးသေးတစ်လုံးလျှင်  ကျပ်၃၀၀၊ ကလောမှ ပန်းသီးအလုံးကြီးစက္ကူပုံးတစ်ပုံးလျှင် ကျပ်၃၅၀၀၀၊ အလုံးသေးတစ်ပုံးလျှင် ကျပ်၂၈၀၀၀၊ မန္တလေးမှ သင်္ဘောသီးအလုံးကြီးတစ်လုံးလျှင် ကျပ်၂၅၀၀၊ အလုံးသေးတစ်လုံးလျှင် ကျပ်၁၅၀၀ဈေးတို့ရှိကြောင်း သီရိမင်္ဂလာဈေးရှိ မြန်မာနိုင်ငံသစ်သီးဝလံပန်းမန်ဟင်းသီးဟင်းရွက်စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း(MFVP)မှသိရှိရပါသည်။

DOCA(ရန်ကုန်)

                         

တိုင်းဒေသကြီး/ပြည်နယ်များ၏ စပါးဆန်ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယနေ့ ကာလတူ နှိုင်းယှဉ်ပြုစုတင်ပြခြင်း

    တိုင်းဒေသကြီး/ပြည်နယ်များ၏ စပါးဆန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယနေ့ ကာလတူ နှိုင်းယှဉ်ပြုစုတင်ပြအပ်ပါသည်။

တိုင်းဒေသကြီး/ပြည်နယ်များရှိ ကုန်စည်ဒိုင်များတွင် ဖြစ်ပေါ်နေသော မတ်ပဲ၊ ပဲတီစိမ်း နှင့် ပဲစဉ်းငုံတစ်တန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယခင်အပတ်၊ ယခင်နေ့၊ ကာလတူ ဈေးနှုန်းစာရင်း

    တိုင်းဒေသကြီး/ပြည်နယ်များရှိ ကုန်စည်ဒိုင်များတွင် ဖြစ်ပေါ်နေသော မတ်ပဲ၊ ပဲတီစိမ်းနှင့် ပဲစဉ်းငုံ တစ်တန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယခင်အပတ်၊ ယခင်နေ့၊ ကာလတူ ဈေးနှုန်းစာရင်းအား နှိုင်းယှဉ်ပြုစု တင်ပြအပ်ပါသည်။

တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံး ပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများ( ၁၇.၇.၂၀၂၃ )

    ၁၇.၇.၂၀၂၃ ရက်နေ့တွင် တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများအား အောက်ပါ .pdf တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်-

မုံရွာမြို့တွင်ရောင်းချနေသော အခြေခံစားကုန်များ၏ ဈေးနှုန်းအခြေအနေ

      ၂၀၂၃ ခုနှစ် ဇူလိုင်လ ဒုတိယအပတ်အတွင်း မုံရွာမြို့နယ်အတွင်း အခြေခံစားကုန်များဖြစ်သော ရွှေဘိုပေါ်ဆန်းဆန်တစ်ပြည် (၄၃၀၀) ကျပ်၊ ဧရာမင်းဆန်တစ်ပြည် (၄၁၀၀)  ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ စားအုန်းဆီ တစ်ပိဿာလျှင် (၇၅၀၀) ကျပ်၊ မြေပဲဆီ တစ်ပိဿာလျှင် (၁၃၅၀၀)ကျပ်၊ နှမ်းဆီ တစ်ပိဿာလျှင် (၁၂၀၀၀) ကျပ်တို့ဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိပါသည်။ ကြက်သွန်နီ လက်လီတစ်ပိဿာလျှင် (၂၀၀၀) ကျပ်မှ (၂၂၀၀) ကျပ်ထိ၊ ကြက်သွန်ဖြူ လက်လီ (ဗမာ) တစ်ပိဿာလျှင် (၇၅၀၀) ကျပ်မှ (၈၀၀၀) ကျပ်ထိ၊ ကြက်သွန်ဖြူ (ရှမ်း) တစ်ပိဿာလျှင် (၇၀၀၀) ကျပ်မှ (၇၅၀၀) ကျပ်ထိ၊ ကြက်သွန်ဖြူ(ကြူကုတ်) တစ်ပိဿာ လျှင် (၈၀၀၀)ကျပ်မှ (၈၅၀၀) ကျပ်ထိ၊ ချင်းတက် တစ်ပိဿာလျှင် (၇၅၀၀) ကျပ်မှ (၈၀၀၀) ကျပ်ထိ၊ ငရုတ်ခြောက်အမျိုးအစားအလိုက်  (၁၄၀၀၀)  ကျပ် မှ (၁၅၀၀၀) ကျပ်ထိ၊ အာလူး တစ်ပိဿာလျှင် (၂၉၀၀) ကျပ် မှ (၃၀၀၀) ကျပ်ထိ၊ ခရမ်းချဉ်သီး တစ်ပိဿာလျှင် (၂၄၀၀) ကျပ်မှ (၂၅၀၀)ကျပ် တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက် ရှိပါသည်။

     ကြက်ဥလက်လီဈေးနှုန်းမှကြီး တစ်လုံး (၃၀၀) ကျပ်၊ သေးတစ်လုံး (၂၅၀) ကျပ်၊ ဘဲဥ(ကြီး) တစ်လုံး (၄၀၀) ကျပ်၊ သေးတစ်လုံး (၃၅၀) ကျပ်ရှိသည်။ မုံရွာမြို့၏ သား/ ငါးဈေးနှုန်းမှ ကြက်သား (CP) တစ်ပိဿာလျှင် ( ၁၂၀၀၀) ကျပ်မှ  (၁၃၀၀၀) ကျပ်ထိ ၊ ကြက်သား (ဗမာ) တစ်ပိဿာလျှင် (၁၄၀၀၀) ကျပ်၊ ဝက်သား တစ်ပိဿာလျှင် (၁၉၀၀၀) ကျပ်မှ (၂၀၀၀၀) ကျပ်ထိ၊ အမဲသား တစ်ပိဿာလျှင် (၁၈၀၀၀) ကျပ်မှ (၁၉၀၀၀)ကျပ်ထိ၊ ငါးမြစ်ချင်း တစ်ပိဿာလျှင် (၈၀၀၀) ကျပ်၊ ငါးကြင်း တစ်ပိဿာလျှင် (၁၀၀၀၀) ကျပ် တို့ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရပါသည်။

    ဇူလိုင်လ ဒုတိယအပတ်အတွင်း အခြေခံစားကုန်ဈေးနှုန်းများနှင့် ယခင်အပတ်ဈေးနှုန်းများ နှိုင်းယှဉ်လျှင် စားအုန်းဆီ တစ်ပိဿာလျှင်(၄၀၀)ကျပ်၊ ခရမ်းချဉ်သီး တစ်ပိဿာလျှင် (၃၀၀) ကျပ်၊ အာလူး တစ်ပိဿာလျှင် (၃၀၀) ကျပ် ဈေးတက်လျက်ရှိပြီး ကျန်အခြားအခြေခံ စားကုန်ဈေးနှုန်းများ ကွာဟမှုမရှိကြောင်း မုံရွာမြို့နေ ဈေးရောင်းချသူများထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

 

 

မုံရွာမြို့တွင် လှိုင်လှိုင်ဝင်နေသော နာနတ်သီးဈေးကွက်

      မုံရွာမြို့ရှိ သစ်သီးပွဲရုံများနှင့် သစ်သီးဆိုင်များတွင် ဇူလိုင်လ ပထမအပတ်မှစ၍ နာနတ်သီးကားများ အဝင်များလာပြီး အရောင်းသွက်လျက်ရှိကြောင်း သိရှိရပါသည်။ ရှမ်းပြည်နယ် မြောက်ပိုင်း၊ ကျောက်မဲ၊ သီပေါနယ်များမှ တစ်ရက်လျှင် နာနတ်သီးကား(၅)စီးခန့် ဝင်ရောက်လျက်ရှိပြီး ကားတစ်စီးတွင် နာနတ်သီးအလုံး (၁၀၀၀၀)မှ (၁၅၀၀၀)ထိ သယ်ဆောင်နိုင်ပါသည်။ နာနတ်သီး တစ်လုံးလျှင် (၇၀၀)ကျပ်မှ (၂၀၀၀)ကျပ် ဈေးနှုန်းများဖြင့် ရောင်းဝယ်လျက်ရှိကြောင်း၊ နာနတ်သီးများကို နေ့စဉ်အဝင်ရှိသလို လက်လီလက်ကား‌ဈေးကွက်တွင်လည်း ရောင်းအားကောင်းလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း